← Chapters

သွေးသောက်ညီအစ်ကို

Vol. 39 Ch. 539

သွေးသောက်ညီအစ်ကို

Vol. 39 Ch. 539

တန်ခိုးရှင်သစ်ခုတ်သမားက ကျားနတ်မင်းကြောင့် မျက်နှာသာရသွားသော်လည်း ကျဲ့ဟွလီမှာတော့ ကျားဂုတ်ပေါ် တက်ခွထားရသကဲ့သို့ ဘေးကြပ်နံကြပ် ဖြစ်နေ၏။

ကျဲ့ဟွလီ၏နဖူးမှ ချွေးများထွက်လာပြီး သူ့ညာလက်သူ ကြည့်လိုက်သည်။ လော့ဝူရွှမ်က ညာလက် ပြတ်နေသည့်အတွက် ဘယ်လက်ဖြင့် ဓားမကိုင်သည်။ သို့ဖြစ်၍ လော့ဝူရွှမ်၏ ဓားမသိုင်းက ဘယ်သန် ဖြစ်သည်။

ကျဲ့ဟွလီအနေဖြင့် လော့ဝူရွှမ်၏ ဓားမကွက်များကို ဟာကွက်မရှိ ထုတ်ဖော်ချင်လျှင် သူ့ညာလက်အား ဖြတ်ပစ်ရလိမ့်မည်။

ကျဲ့ဟွလီ ခံပြင်းမှုများဖြင့် ဒေါသထွက်လာ၏။

ချင်မူနှင့် သိုင်းကွက်တစ်ကွက်မှ မဖယ်လှယ်ရသေးခင် လက်တစ်ဖက် ဖြတ်ပစ်ရမည်တဲ့လား... မည်သူက ဖြတ်ချင်မည်နည်း။ မည်သူက သည်းခံနိုင်မည်နည်း။

သို့‌သော် ညာလက်ကို မဖြတ်လျှင် သူ၏ဓားမသိုင်းကွက်များက သူ့ဆရာလော့ဝူရွှမ်လောက် ပြီးပြည့်စုံမည်မဟုတ်ပေ။ ချင်မူ့ရှေ့မှောက်တွင် မပြီးပြည့်စုံသော ဓားမသိုင်းကိုလည်း သူ ထုတ်ဖော်မပြလို။

“စိတ်အခြေအနေက မင်းထင်သလို အစွမ်းအစတွေအပေါ် သက်ရောက်မှုမရှိဘူး”

ရုတ်တရက် အသံတစ်သံက အနောက်မှ ထွက်လာပြီး ဒွိဟဖြစ်နေသော ကျဲ့ဟွလီကို ထိတ်လန့်သွားစေသည်။

ချင်မူ မျက်ခုံးပင့်၍ ရောက်လာသောလူငယ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ဓားပျံများကို ထုရိုက်ရာတွင်သာ အာရုံရှိခဲ့သောကြောင့် ကျန်းရီကို မသိပေ။

သွေးများက ထိုလူငယ့်တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေသော်လည်း သူ့သွေးလား၊ ပြိုင်ဘက်၏သွေးလား ပြောရခက်သည်။ သို့သော် ကြည့်ရသရွေ့ သူ့ဒဏ်ရာများက ပေါ့ပေါ့သေးသေး မဟုတ်လောက်ပေ။

သူသည် ဓားနှင့် မွှန်း၍ ရေနွေးဖြင့် လောင်းချခံထားရသော ငါးတစ်ကောင်သဖွယ် ဖြစ်နေ၏။ ဒဏ်ရာအလွန်ပြင်းထန်‌သော်လည်း သူ၏တိုက်ခိုက်လိုစိတ်က ပြင်းထန်အားကောင်းနေမြဲ ဖြစ်ပြီး သူ၏အရှိန်အဝါက သိပ်သည်းနေ၏။ သူ လမ်းလျှောက်လာသောအခါ အလောင်းပုပ်အနံ့က ချင်မူ့နှာခေါင်းဝထဲသို့ တိုးဝင်လာသည်။ ထိုသူကား အလောင်းပင်လယ်တစ်စင်းကို ခေါ်ဆောင်လာခဲ့သည့်အလား ထင်ရ၏။

ကျန်းရီ၏အကြည့်က ကျဲ့ဟွလီအပေါ်မှ ခွာကာ ချင်မူ့အပေါ် ရောက်လာသည်။ “စိတ်အခြေအနေက လူတစ်ယောက်ရဲ့ စွမ်းရည်မဟုတ်ဘူး... စွမ်းရည်တွေဆိုတာ ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကနေ မွေးဖွားလာတာ... စိတ်အခြေအနေအနေနဲ့ စွမ်းရည်တွေအပေါ် သိပ်မလွှမ်းမိုးနိုင်ဘူး... ဘေးလူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ရတယ်... ကျဲ့ဟွလီ၊ မင်း သူ့ထောင်ချောက်ထဲ ကျသွားတာပဲ... ပြန်ထွက်မလာတော့ဘူးလား”

ကျဲ့ဟွလီ၏မျက်လုံးများ လင်းလက်သွားပြီး အသက်ရှူသံလည်း တည်ငြိမ်သွားသည်။

ကျန်းရီသည် သူ၏ ရှားပါးသော မိတ်ဆွေကောင်းများအနက်မှ တစ်ယောက်ဖြစ်ပြီး နှစ်ယောက်သား မကြာခဏ ပညာချင်းဖလှယ်ဖူးသည်။ တစ်အူထုံဆင်း ညီအစ်ကိုများပမာ ရင်းနှီးချစ်ခင်ကြသည့်အပြင် သေအတူ၊ ရှင်မကွာ အတူရှိရန် သွေးသစ္စာကျိန်ဆိုထားကြ၏။ စစ်မြေပြင်တွင် ကျန်းရီက သူ့အသက်ကို ကယ်ခဲ့ဖူးသလို၊ သူလည်း ကျန်းရီ၏အသက်ကို ကယ်ခဲ့ဖူးသည်။

“စွမ်းရည်တွေအပေါ် သက်ရောက်မှုအရှိဆုံးကတော့ ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေပဲ... ကျဲ့ဟွလီ၊ ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ မင်းရဲ့ ရုပ်ခန္ဓာနှစ်ခုလုံးက သူ့ထက် သာတယ်... မင်းရဲ့ မူလဝိညာဉ်ကလည်း ငါ့ထက် သာတယ်... ဒါကြောင့် မင်းက သူ့ထက် ပိုပြီး သန်မာအားကောင်းတယ်

“မင်းက ကောင်းကင်ဓားမလော့ဝူရွှမ်ဆီကနေ ဓားမသိုင်း သင်ယူထားခဲ့သလို အစစ်အမှန်မိစ္ဆာ ဖုရွေ့လော်ရဲ့ မိစ္ဆာကျင့်စဉ်ကိုလည်း လေ့လာထားပြီးပြီ... နယ်ပယ်နှစ်ခုလုံးမှာ ကျွမ်းကျင်နေမှတော့ မင်းရဲ့လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက အားနည်းနိုင်ပါ့ဦးမလား... သူက အစစ်အမှန်နတ်ဘုရားရုပ်ခန္ဓာကိုတောင် မပိုင်ဆိုင်ထားဘူး... သူ့အစွမ်းအစတွေက မင့်ထက် ဘယ်လိုလုပ် မြင့်မားနိုင်မှာလဲ”

ကျဲ့ဟွလီ ယုံကြည်ချက် ပြန်ရှိလာပြီး စိတ်ငြိမ်သွားသည်။ သူက ပြုံးလျက် ပြောလိုက်၏။ “တစ်ခါတလေမှာ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ဆရာကောင်း လိုအပ်သလို၊ ကူညီတတ်တဲ့ မိတ်ဆွေကောင်းကိုလည်း လိုအပ်တယ်... ကျန်းရီ၊ မင်းက ငါ့ရဲ့ မိတ်ဆွေကောင်းပါ”

ကျန်းရီစကားကို နား‌ထောင်ပြီးနောက် ကျဲ့ဟွလီ၏ စိတ်အခြေအနေသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။

ကျဲ့ဟွလီသည် အစစ်အမှန်နတ်ဘုရားငယ်အဆင့် ရုပ်ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို ပိုင်ဆိုင်သွားသည့်အချိန်တွင် အစွမ်းအစများစွာ တိုးတက်လာခဲ့၏။ သူ၏ဓားမသိုင်းက လမ်းစဉ်ကို ရှာမတွေ့သေးသော်လည်း အစွမ်းအစချင်းယှဉ်လျှင် သဲစားပွဲကမ္ဘာထဲရှိ မည်သူ့ကိုမှ သူ မကြောက်ပေ။

သူ၏အားသာချက်က ချင်မူ့ထက် သန်မာသော အစစ်အမှန်နတ်ဘုရားငယ်ရုပ်ခန္ဓာ ဖြစ်သည်။ အစစ်အမှန်နတ်ဘုရားငယ်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အလျောက် အမြန်နှုန်း၊ ခွန်အား၊ တုံ့ပြန်နိုင်မှုနှင့် စွမ်းအားတို့တွင် တစ်ပန်းသာထား၏။

ဒုတိယအားသာချက်က အစစ်အမှန်နတ်ဘုရားငယ်တစ်ပါးသဖွယ် သန်မာအားကောင်းသော သူ၏မူလဝိညာဉ် ဖြစ်သည်။ ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် မူလဝိညာဉ်၏ စွမ်းအားအလုံးစုံ မထုတ်လွှတ်နိုင်သော်လည်း သုံးတတ်လျှင် အသာစီးမှုရယူနိုင်သည်။

ကျဲ့ဟွလီတွင် လော့ဝူရွှမ်နှင့် ဖုရွေ့လော်ဟူ၍ ဆရာနှစ်ယောက်ရှိသည်။ ဖုရွေ့လော်က ဝဇိရဟု အဓိပ္ပါယ်ရသော မိစ္ဆာစာလုံးတစ်လုံးဖြစ်သည်။ ဖုရွေ့‌လော်၏ မူလဝိညာဉ်က အတိုင်းထက်အလွန် သန်မာအားကောင်းသည့်အတွက် နောက်အဆင့်တက်နိုင်မည့် နည်းလမ်းတချို့အား သူ သင်ယူခဲ့ရ၏။

ထိုအချက်များအပေါ် အခြေခံ၍ ချင်မူက သူ့အတွက် ပြိုင်ဘက်မဟုတ်ကြောင်း ယုံကြည်ချက်ရှိလာသည်။

တတိယအားသာချက်က သူ၏ဓားမသိုင်းနှင့် မိစ္ဆာဓားမဖြစ်သည်။ သူ၏ဓားမသိုင်းမှာ သူ့ဆရာလော့ဝူရွှမ် နှစ်ပေါင်းလေးသောင်းနီးပါး အားသွန်ခွန်စိုက် အဆင့်မြှင့်တင်ထားခဲ့‌သော ဓားမသိုင်းဖြစ်သလို၊ မိစ္ဆာဓားမမှာလည်း လော့ဝူရွှမ်ကိုယ်တိုင် သူ့အတွက် သွန်းလုပ်ပေးထားသော ဝိညာဉ်လက်နက် ဖြစ်၏။

အားနည်းချက်မှာတော့ စိတ်အခြေအနေ ဖြစ်သော်လည်း သူ၏အစွမ်းအစများအပေါ် သက်ရောက်မှုမရှိပေ။

သူ၏စိတ်အခြေအနေက ချင်မူ၏စိတ်အခြေအနေအောက် နိမ့်ကျသော်လည်း သူတို့နှစ်ယောက်ကြား အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်မည်မဟုတ်ပေ။

ကျန်းရီက ပြုံးပြသည်။ “မင်းရဲ့အစွမ်းအစတွေက ငါ့ထက်တောင် သာပါတယ်.... သူ့ထောင်ချောက်ထဲ မတော်တဆ ဝင်သွားလို့သာ သူ့စကားကို နားယောင်သွားတာ”

ကျဲ့ဟွလီလည်း ပြုံးလိုက်သည်။ ယခုလိုမိတ်ဆွေကောင်းတစ်ယောက် ရှိနေမှတော့ သူ မည်သည့်အရာကို ထပ်မံတောင်းဆိုရ‌တော့မည်နည်း။

သွေးသောက်ညီအစ်ကိုတစ်ယောက်နှင့်တင် လုံလောက်ချေပြီ။

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ကျဲ့ဟွလီကြောင့် အခက်တွေ့နေပြီဖြစ်သော်လည်း ယခုတွင် ကျန်းရီပင် ရောက်လာခဲ့ရာ သူ့အတွက် အနိုင်ရနိုင်ခြေ နည်းသွား၏။

ရုတ်တရက် အဝေး၌ စန်းဟွာ၏ခေါင်းလေး ပေါ်လာပြီး ကျစ်ဆံမြီးလေးနှစ်ချောင်း လှုပ်ခတ်နေသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် သူ့ကို လက်ဝှေ့ယမ်းပြ၏။ “ခြွေလှေ့တဲ့ ကောင်လေး... မပူနဲ့... ငါ ရှိတယ်... အဲဒီမှာ ငါတို့ပဲ ရှိတာလား.... အစ်မတော်ယွီဟယ်၊ အစ်ကိုတော်ရွှီယောင်နဲ့ အစ်ကိုတော်ဟွမ်ယွဲ့တို့ရော သူတို့ တိုက်ပွဲကျသွားပြီလား”

သူမ စကားပြောလိုက်သည်နှင့် ယွီဟယ်က ကူကယ်ရာမဲ့နေသောအမူအရာဖြင့် လမ်းလျှောက်ထွက်လာသည်။ ရွှီယောင်လည်း မှုန်မှုန်ကုပ်ကုပ်ဖြင့် နောက်မှလိုက်လာ၏။

“အစ်မတော်ယွီဟယ်... အစ်ကိုတော်ရွှီယောင်တို့ပါလား... ဘာလို့တောင်ထဲမှာ ပုန်းနေကြတာလဲ... ကျွန်မတို့မှာ လူလေးယောက် ရှိတယ်လေ... သူတို့နှစ်ယောက်ကို ရှင်းပစ်ဖို့ လုံလောက်တယ်... အစ်ကိုတော်ဟွမ်ယွဲ့ရော ... သူလည်း အစ်မတော်တို့နဲ့အတူ ပုန်းနေတာလား”

ယွီဟယ်၏အမူအရာမှာ ပို၍ကူကယ်ရာမဲ့သွားသလို၊ ရွှီယောင်လည်း ပိုမိုမှုန်ကုပ်သွားသည်။

သူတို့နှစ်ယောက်သည် မှောင်ရိပ်ခို၍ ကျန်းရီနှင့် ကျဲ့ဟွလီကို အလစ်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း ဤမိန်းကလေး လှမ်းခေါ်လိုက်သည်နှင့် မတတ်သာဘဲ ထွက်လာရတော့သည်။ ထွက်မလာလျှင်လည်း ငကြောက်များ ဖြစ်သွားလိမ့်မည်။

“ငါ မင်းတို့နှစ်ယောက်ကို တွေ့ထားတာ ကြာပါပြီ.... မင်းတို့က အသတ်အဖြတ်စိတ်ဆန္ဒတွေကိုမှ မဖုံးနိုင်တာလေ... ဟွမ်ယွဲ့ကတော့ ငါ့ဓားမကြောင့် သေသွားပြီ” ကျဲ့ဟွလီက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောလိုက်၏။

“ညီမလေးစန်းဟွာ... ငါတို့ အခုလေးတင် မောင်လေးဟွမ်ယွဲ့ရဲ့ အလောင်းကို မြင်ခဲ့ရတယ်... ကျန်တဲ့လူတွေလည်း သေသွားကြပြီ... ငါတို့ပဲ ကျန်တာ... သူတို့က ကောင်းကင်နတ်ဆိုးတွေနဲ့ တိုက်ခိုက်ပြီး သူရဲကောင်းဆန်ဆန် သေသွားကြတာပါ... အသေခံပြီး တိုက်ခိုက်ပေးသွားလို့ ငါတို့ အခုလို အင်အားအသာစီး ရထားတာပဲ” ယွီဟယ်က ပြောလိုက်သည်။

ယွီဟယ်မှာ နတ်ဘုရားစန်းယဲ့၏ သမီးငယ်အကြောင်း တွေးရင်း မချင့်မရဲ ဖြစ်နေသည်။ စန်းဟွာက သူတို့ပုန်းနေသော နေရာကို ပြောလိုက်သဖြင့် သူတို့အစီအစဉ်အားလုံး သဲထဲရေသွန်ဖြစ်သွား၏။

ထို့အပြင် ရန်သူထက် အင်အားများသော်လည်း အသုံးမဝင်ပေ။

စန်းဟွာသည် အစွမ်းအစနိမ့်ကျသဖြင့် နတ်ဘုရားနှိမ်စေတီ၏ စမ်းသပ်မှုကိုပင် မအောင်မြင်ခဲ့ပေ။ အစစ်အမှန်နတ်ဘုရားငယ်အထုံပါရမီ မရှိလျှင် အသုံးမကျသောလူသာ ဖြစ်သည်။ စန်းဟွာ ပုန်းနေပြီးမှ တိုက်ပွဲကွင်းပြင်ထဲ ဝင်လာခြင်းဖြစ်ကြောင်း ယွီဟယ်အနေဖြင့် အသေအချာ ပြောနိုင်သည်။ ရိုးသားဖြူစင်သော ဤကောင်မလေးမှာ ရန်သူတစ်ယောက်နှင့်မှ မဆုံခဲ့သောကြောင့် ယခုအချိန်အထိ အသက်ရှင်နေသေးခြင်း ဖြစ်လိမ့်မည်။

ချင်မူကလည်း ပန်းပဲထုရန်သာ သိ၏။ သဲစားပွဲကမ္ဘာထဲသို့ ဝင်မလာခင်ကတည်းက ဓားများကို သဲကြီးမဲကြီး ထုနေခဲ့ပြီး မည်သူနှင့်မှ စကားမပြောခဲ့သလို၊ ရန်သူကိုလည်း မလေ့လာခဲ့ပေ။

ချင်မူ ယခုအချိန်အထိ အသက်ရှင်နေသည့် အကြောင်းရင်းကလည်း စန်းဟွာနည်းတူ ကံကောင်း၍သာ ဖြစ်နိုင်သည်။ သူ့ကို သတ်ရန် ရောက်လာခဲ့သော ကောင်းကင်နတ်ဆိုးများကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လူငယ်ပညာရှင်များက ကြားဖြတ်သတ်ခဲ့လိမ့်မည်။ သူတို့အားလုံး အသေခံ တိုက်ခိုက်ခဲ့ပေးသောကြောင့်သာ ဤပန်းပဲဆရာလေး အသက်ရှင်နေသေးခြင်းဖြစ်မည်။

ယွီဟယ် တွေးနေမိသည်။ ချင်မူနှင့် စန်းဟွာရှိနေသော်လည်း အကူအညီမရသည်နှင့် မခြားနားပင်။ ကျဲ့ဟွလီနှင့် ကျန်းရီကို အနိုင်ယူရန် ရွှီယောင်ကိုသာ အားကိုးရလိမ့်မည်။

‘ဒီငတုံးနှစ်ယောက် ပြဿနာမရှာပါစေနဲ့လို့ပဲ ဆုတောင်းရမယ်...’ သူမတစ်ယောက်တည်း တိတ်တဆိတ် တွေးလိုက်၏။

သူမနှင့် ရွှီယောင်နှစ်ယောက်တည်းဆိုလျှင် ကျဲ့ဟွလီနှင့် ကျန်းရီကို အနိုင်ယူရန် ယုံကြည်ချက်မရှိပေ။

ရွှီယောင်က မျက်မှောင်ကြုတ်လျက် ချင်မူ့ကို ကြည့်လိုက်သည်။ “ခြွေလှေ့တဲ့ နောင်တော်ချင်၊ ပန်းပဲမထုတော့ဘူးလား”

ချင်မူ သူတို့နှစ်ယောက်ကို ပြုံးပြသည့်အခါ ယွီဟယ်၏အပြုံး ပျောက်ကွယ်သွားသည်။ ရွှီယောင်ကလည်း မမြင်ချင်ယောင်ဆောင်နေ၏။ အခြားတစ်ဖက်တွင် စန်းဟွာက စိတ်လှုပ်ရှားစွာ ပြေးလာပြီး မေးလိုက်သည်။ “နင့်ဓားတွေ ပြီးပြီလား”

ချင်မူက ခေါင်းညိတ်၍ သူမအား နွေးထွေးစွာ ပြုံးပြလိုက်သည်။ “ပြီးသွားပြီ”

သူမမျက်ဝန်းလေးများ ဝင်းလက်သွား၏။ “စွမ်းအားက ဘယ်လိုနေလဲ”

“စောစောက ကျဲ့ဟွလီက သူ့ဆရာရဲ့ ဓားမသိုင်းကို ကစားပြမယ်ဆိုလို့ ငါ့ဓားတွေကို မစမ်းကြည့်ရသေးဘူး... စွမ်းအား ဘယ်လိုနေလဲ မသိသေးဘူး”

နှစ်ယောက်သား ဓားများကို မည်သို့စမ်းကြည့်သင့်ကြောင်း တီးတိုးတီးတိုး ပြောနေကြသည်။ ယွီဟယ်က အကြီးမားဆုံးရန်သူများကို ရင်ဆိုင်နေရမှန်း သိသဖြင့် သူတိုပြောနေသည်ကို နားမ‌ထောင်ဘဲ စိတ်တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားလိုက်သည်။

သူမအကြည့်က ကျန်းရီနှင့် ကျဲ့ဟွလီအပေါ် ကျရောက်သွားပြီး သူမ ခပ်တိုးတိုး ပြောလိုက်၏။ “မောင်လေးရွှီယောင်၊ နင် ကျန်းရီကို ရှင်း၊ ငါက ကျဲ့ဟွလီကို ရင်ဆိုင်မယ်... သူ့ကို မရှင်းပစ်နိုင်ပေမယ့် ကျန်းရီက ဒဏ်ရာရထားတာဆိုတော့ နင် သူ့ကို မြန်မြန်ရှင်းပစ်ပြီး ငါ့ကို လာကူပေး”

ရွှီယောင်က အသက်ပြင်းပြင်း ရှူကာ အလေးအနက် ပြောလိုက်သည်။ “အစ်မတော်၊ မပူနဲ့ ကျန်းရီကို ကျွန်တော့်တာဝန်ထား”

ကျဲ့ဟွလီ၏အကြည့်များ လှုပ်ခတ်သွားပြီး သူက ခပ်တိုးတိုး ပြောသည်။ “ကျန်းရီ၊ မင်း အားနည်းတဲ့လူကို ရွေးမလား... အားကောင်းတဲ့လူကို ရွေးမလား”

“အားနည်းတဲ့လူကို အသုံးချပြီး အားကောင်းတဲ့လူကို တားတာနဲ့ အားကောင်းတဲ့လူကို အသုံးချပြီး အားနည်းတဲ့လူကို တိုက်ခိုက်တာက စစ်ဗျူဟာတစ်ခုပဲ”

ကျန်းရီက တဟားဟား ရယ်လိုက်သည်။ “ငါ အားကောင်းတဲ့လူကို တားမယ်.. မင်းက အားနည်းတဲ့ကောင်တွေကို သတ်လိုက်... ပြီးရင် ငါတို့ညီအစ်ကိုနှစ်‌ယောက် အတူအနိုင်ယူကြမယ်”

ကျဲ့ဟွလီ၏မျက်နှာက စိတ်မကောင်း‌သောအမူအရာ ဖြစ်သွားသည်။ “မင့်ဒဏ်ရာတွေက များလွန်းတယ်... သေသွားနိုင်တယ်နော်”

“ငါ့ကို အထင်မသေးပါနဲ့... အစစ်အမှန်နတ်ဘုရားစုမိုဆီက ငါ သင်ထားပါတယ်... ငါ့ရဲ့ ကောင်းကင်နတ်ဆိုးစတေးသိုင်းကွက်ကိုတောင် မထုတ်လွှတ်ရသေးဘူး” ကျန်းရီက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “မပူနဲ့ ငါ ရှင်မှာပါ”

သူက ချင်မူ့ဆီသို့ လျှောက်သွား၏။

ယွီဟယ်နှင့် ရွှီယောင် မှင်သက်သွားသည်။ ကျန်းရီက အားကောင်းသောလူကို တားမည်ဟု ဆိုခဲ့ပြီး ကျဲ့ဟွလီကို အားနည်းသောလူအား သတ်ခဲ့ခိုင်းခဲ့သည်။ အဘယ်သို့ပြု၍ ချင်မူ့ဆီ လျှောက်သွားနေသနည်း။

ထိုကောင်းကင်နတ်ဆိုး စိတ်ရူးဖောက်သွားပြီး ချင်မူက သန်မာအားကောင်းသည်၊ သူတို့က အားနည်းသည်ဟု ထင်မှတ်သွားခြင်းလား....

“လှည့်ကွက်တွေကို သတိထား” ယွီဟယ်က ခပ်တိုးတိုး ကပ်ပြော၏။

ရွှီယောင် ခေါင်းညိတ်၍ လမ်းလျှောက်လာနေသော ကျဲ့ဟွလီဆီသို့ ကြည့်လိုက်သည်။

အခြားတစ်ဖက်တွင် ချင်မူက ကျန်းရီကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ “စန်းဟွာ ခဏစောင့်၊ ငါ့ဓားတွေကို စမ်းကြည့်မလို့”

စန်းဟွာ နေက်ဆုတ်သွားသည့်အခါ ချင်မူက လက်ချောင်းတစ်ချောင်းဖြင့် မျက်ခုံးနှစ်ဖက်ကြားသို့ ထိလိုက်သည်။ ဓားစက်လုံးက သူ့နဖူးနားသို့ မြောက်တက်လာ၏။

ရုတ်တရက် ဖုရွေ့လော်၏အသံက အပြင်မှ ထွက်လာပြီး သဲစားပွဲကမ္ဘာတစ်လျှောက် ပဲ့တင်ရိုက်ခတ်သွားသည်။ “ငါတို့ ရှုံးပြီ၊ လီမြို့ကို ပေးမယ်၊ ဆက်မတိုက်ကြနဲ့တော့”

အတွင်းအပြင်ရှိ လူအားလုံး မှင်သက်သွားကြသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများပင် အံ့ဩဝမ်းသာသွားကြ၏။

ကျန်းရီက မယုံနိုင်‌သောအမူအရာဖြင့် ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။ “ကျုပ် အခုထိ မသေသေးဘူးလေ... ဘာလို့ ရှုံးတာလဲ။ ဖုရွေ့လော် ... ကျုပ် ခင်ဗျားရဲ့ အမိန့်ကို မနာခံနိုင်ဘူး”

အပြင်ရှိ ဖုရွေ့လော်၏မျက်နှာကြီးက ကောင်းကင်တစ်ပြင်လုံး ပြည့်သွားပြီး သူ့ကို အေးစက်စက် ငုံ့ကြည့်နေသည်။ “ကောင်စုတ်လေး... မင်းအတွက် လုပ်ပေးနေမှန်း မသိဘူးပဲ... စုမို၊ မင့်တပည့်ကို ထိန်းစမ်း... မြန်မြန် အရှုံးပေးခိုင်းပြီး အပြင်ထွက်ခိုင်းလိုက်တော့”

အစစ်အမှန်မိစ္ဆာစုမိုက မျက်မှောင်ကြုတ်ကာ ပြော၏။ “ကျန်းရီ... ဒီတစ်လှည့်တော့ ငါတို့ ရှုံးသွားပြီ။ ကျဲ့ဟွလီနဲ့အတူ အရှုံးပေးလိုက်ပါ”

ကျန်းရီမှာ ဒေါသမထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ “လီမြို့ကို သိမ်းဖို့ သွေးသောက်ရဲဘော်တွေ အများကြီး သေခဲ့ရတယ်... ဒါတောင် ခင်ဗျားက ကျုပ်ကို ဒီလို ထွက်သွားခိုင်းနေတယ်လား.... ဆရာ၊ ခင်ဗျားကတော့ အရှုံးပေးနိုင်လိမ့်မယ်။ ကျုပ်ကတော့ အရှုံးမပေးနိုင်ဘူး”

စုမိုမှာ မည်သို့မျှ မတတ်နိုင်တော့၍ ဖုရွေ့လော်အား ပြောလိုက်သည်။ “‌နောင်တော်၊ နောင်တော်ရဲ့ ဉာဏ်ပညာဟာ ပြိုင်ဘက်ကင်းမှန်း ညီတော် သိပါတယ်... ဒါပေမဲ့ အခုလို အရှုံးပေးပြီး လီမြို့ကို စွန့်လွှတ်လိုက်တာတော့ မကောင်းဘူးမလား”

ဖုရွေ့လော်က သူ့ကို အေးစက်စွာ ကြည့်လိုက်၏။ “လီမြို့ကို စွန့်လွှတ်တာက ငါတို့တပည့်တွေရဲ့ အသက်ကို စွန့်လွှတ်ရတာထက် အများကြီးပိုကောင်းတယ်.... ငါတို့ ဒီစစ်ပွဲကို ရှုံးသွားပြီ....”

“ကောင်းကင်နတ်ဆိုးစတေးသိုင်းကွက်” ကျန်းရီက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ကျင့်စဉ်စွမ်းအင်အားလုံး တရှိန်ထိုး ထွက်ပေါ်လာ၏။ သဲစားပွဲကမ္ဘာအတွင်း၌ သွေးပင်လယ်တစ်စင်း တမုဟုတ်ချင်း ပွက်ပွက်ဆူလာသည်။ ပုပ်သိုးနေသော အလောင်းများက စုပုံ၍ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် ယဇ်ပလ္လင်ကြီးတစ်ခုအား ဖွဲ့တည်ပေးလိုက်သည်။ ကျန်းရီက ယဇ်ပလ္လင်ပေါ်တွင် ရပ်၍ တင်းမာခက်ထန်စွာ အော်ဟစ်ရင်း ချင်မူ့ဆီသို့ ပြေးဝင်လာ၏။ “ငါ မသေဘူး... ‌ကောင်းကင်နတ်ဆိုးတွေ မရှုံးဘူး”

ဓားရောင်တစ်ချက် လင်းခနဲ လက်သွားပြီး ကြည့်နေသူအားလုံး ကြက်သေသေသွားကြသည်။ ဓားရောင်က သွေးပင်လယ်ကို ထိုးဖောက်ကာ ကောင်းကင်နတ်ဆိုးလူငယ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွား၏။ ဝေဟင်အထက် ဆယ်မိုင်ပတ်ပတ်လည်တွင် ဓားရောင်များ လင်းလက်လွှမ်းခြုံသွားသည်။

“ကျဲ့ဟွလီ ဒီဓားကွက်က ကပ်ဘေးဖွင့်ဓားလို့ ခေါ်တယ်” ချင်မူက ခပ်အေးအေး ပြောလိုက်သည်။ “ကျဲ့ဟွလီ၊ မင်းဆရာ ငါ့ဓားကွက်ကို မြင်နိုင်အောင် ဒီအလောင်းကို မင်းဆရာဆီ သယ်သွားလို့ရလား”

ကျဲ့ဟွလီမှာ ယဇ်ပလ္လင်ထက်မှ ပြုတ်ကျလာသော အလောင်းကို ကြောင်ကြောင်ငေးငေး ကြည့်နေသည်။ မုန်းတီးနာကြည်းမှုက သူ့မျက်ဝန်းများထဲမှ ဖောက်ထွက်လာတော့မည့်အလား ပြင်းထန်အားကောင်းနေပြီး သွေးမျက်ရည်များက သူ့ပါးတစ်လျှောက် စီးကျလာ၏။ သူ့အရှိန်အဝါကလည်း ကြမ်းတမ်းလာသည်။ ဒေါသကြောင့် သူ့ဆံပင်များ မြောက်တက်သွားပြီး သူက ယူကျုံးမရစွာ အော်ဟစ်လိုက်တော့သည်။

“အရှုံးပေးလိုက်” ဖုရွေ့လော်၏အသံက အပြင်မှ ထွက်လာသည်။ “မင်းက သူတို့လေးယောက်အတွက် ပြိုင်ဘက်မဟုတ်ဘူး”

၎

င

၎

၎

All Chapters