← Chapters

အခန်း (၃၆၅)

Vol. 27 Ch. 365

အခန်း (၃၆၅)

Vol. 27 Ch. 365

တာအိုတန်ခိုးရှင်ကျွီရှစ်က ခေါင်းညိတ်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။ “မင်းရဲ့ပါရမီနဲ့ဆိုရင် အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာ ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်ရဲ့ တပည့်တစ်ယောက်ဖြစ်လာနိုင်တယ်”

ဟန်မူယဲ့၏ပါရမီသည် အလွန်ကောင်းမွန်သည်။

သူက ဓားအင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်သည့်အတွက် မထူးဆန်းတော့ပေ။

ဟန်မူယဲ့နှင့်ယှဉ်ပြိုင်ချင်သော လက်ရွေးစင်တပည့်များအားလုံးသည် စိတ်ပျက်သွားခဲ့သည်။

အောက်တွင် သွမ့်ရီဟုန်က ခေါင်းငုံ့ထားသည်။

ဝမ်ယွဲ့၏မျက်နှာထားကလည်း ရှုပ်ထွေးနေသည်။

ယနေ့တွင် ဟန်မူယဲ့က မဟာကျင့်ကြံသူကြီးတစ်ယောက်၏ တပည့်ဖြစ်သွားပြီး သူတို့က မဟာကျင့်ကြံသူကြီး၏သတ်ဖြတ်မှုကို ခံရနိုင်သည်။

ထိုအရာသည် ကွာခြားချက်ဖြစ်သည်။

ဟန်မူယဲ့က စကားမပြောသောအခါတွင် တာအိုတန်ခိုးရှင်ကျွီရှစ်က လက်ညှိုးညွှန်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “ငါက ကောင်းကင်ဘုံအဆင့်နဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေကို သတ်လိုက်မယ်။ မင်းက အဲဒီတပည့်လေးတွေကို သတ်လိုက်”

သတ်ဖြတ်ခြင်း

ထိုအရာကို ပူးပေါင်းဆောင်ရွက်မှုအဖြစ် ယူဆနိုင်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။ “အကြီးအကဲ၊ ဒီကိစ္စအတွက် စဉ်းစားချိန်ရမလား”

တာအိုတန်ခိုးရှင်ကျွီရှစ် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာပြောသည်။ “မင်းကို အသက်ရှူကြိမ်သုံးခါပေးမယ်”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ “အသက်ရှုကြိမ်သုံးခါက မလုံလောက်ဘူး။ ကောင်းကင်ဝံပုလွေက အဲဒီအချိန်အတွင်းမှာ ရောက်မလာနိုင်ဘူး”

ကောင်းကင်ဝံပုလွေ

ကောင်းကင်ဝံပုလွေဓားဆေးလုံး

တာအိုတန်ခိုးရှင်ကျွီရှစ်၏မျက်နှာပေါ်တွင် ဒေါသများကိုမြင်နိုင်သည်။ သူ့ခန္ဓာကိုယ်ထဲမှ အနက်ရောင်ဓားအလင်းပေါ်ထွက်လာသည်။

“ကောင်းပြီလေ၊ သေလိုက်တော့ ....”

သူက လက်ထဲတွင်ရှိသော ကျိုးပဲ့နေသည့်တာအိုဓားကို ပေတစ်သိန်းရှည်လျားသောဓားအလင်းအဖြစ် ပြောင်းလိုက်သည်။

ထိုဓားချက်က ရှိသမျှလူတိုင်းကို မသတ်နိုင်လျှင်ပင် ၉၀%ကို သတ်ဖြတ်နိုင်လိမ့်မည်။

“ရောင်းရင်ကျင့်ကြံသူတို့၊ ငါ့ကို မင်းတို့ရဲ့ဓားစွမ်းအားတွေ ငှားပေးပါ”

ဟန်မူယဲ့က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် ဓားအလင်းများစုစည်းလာသည်။

“ဓားချက်တစ်ချက်ပြီးရင် အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျွမ်းကျင်သူတစ်ဦး ရောက်လာလိမ့်မယ်”

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျွမ်းကျင်သူ

သူတို့က ဟန်မူယဲ့ပြောသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကျွမ်းကျင်သူကို မသိသော်လည်း ယခုအချိန်တွင် သူ့ကိုယုံကြည်ရန်ပဲ တတ်နိုင်သည်။

သူ့ကိုမယုံလျှင် သေသွားလိမ့်မည်။

ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ စုစည်းလာသည်။

ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူနှင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကလည်း ဟန်မူယဲ့၏ဓားအလင်းထဲသို့ စွမ်းအားများထည့်သွင်းပေးလိုက်သည်။

“ကျစ်ကျစ်၊ မင်းက ဒီတိုက်ပွဲမှာ မသေခဲ့ရင် မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ အနာဂတ်မှာ ဓားဆန္ဒနဲ့မန္တန်တွေ အများကြီးတတ်မြောက်လာတော့မှာပဲ”

တာအိုဆရာတယန်၏အသံထဲတွင် မျှော်လင့်ခြင်းများဖြင့် ပြည့်နေသည်။

ဟန်မူယဲ့ကလည်း ပြုံးသည်။

မှန်သည်။

ကျင့်ကြံသူများ၏ ဓားဆန္ဒနှင့် တာအိုဆန္ဒများသည် သူ့ထံတွင် ကျန်ရစ်ခဲ့လိမ့်မည်။ သူက အနာဂတ်တွင် ထိုအရာများကို ဖြည်းဖြည်းချင်း နားလည်လာအောင် ကြိုးစားရမည်။

ထိုဆန္ဒအမှတ်အသားများနှင့်ဆိုလျှင် ဓားတစ်လက်ကို ဓားတစ်သောင်းအဖြစ်ပြောင်းလဲနိုင်ရန် သိပ်မလိုတော့ပေ။

သူက ဓားတစ်လက်ကို ဓားတစ်သောင်းအဖြစ်ပြောင်းပြီး အရှေ့ပင်လယ်ကိုစိန်ခေါ်မည်ဟု ပြောခဲ့သည်။

“ဘုန်း”

ဟန်မူယဲ့၏ဓားအလင်းသည် ဓားနှင့်ဝင်တိုက်သွားသည်။

ခမ်းနားသောအလင်းနှင့်အမှောင်များ ပေါက်ကွဲထွက်လာသည်။

ထို့ပါ့ချန်၏နောက်တွင်ရှိသော ကြမ်းတမ်းသည့် ကျားသားရဲဓားမာန်ဟုန်သည် ပျောက်ကွယ်သွားသည်။ တင်းချွန်ကန်း၏ခေါင်းထက်တွင်ရှိသော နှင်းတောင်များ ပြိုကွဲသွားသည်။

ဟန်မူယဲ့က သွေးတစ်လုပ်အန်ထုတ်လိုက်သည်။

အောက်တွင်ရှိသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏လက်ရွေးစင်တပည်များ ဖြူဖျော့သွားသည်။

အဝေးတစ်နေရာတွင် ဓားအလင်းတစ်ခုသည် ကျယ်လောင်စွာအသံပေး၍ လေထုကိုထိုးခွဲလာသည်။

တာအိုတန်ခိုးရှင်ကျွီရှစ်က ဓားကိုင်ထားပြီး ဟန်မူယဲ့ကိုငုံ့ကြည့်သည်။ “မင်းဂုဏ်ယူနေတဲ့ ကျင့်ကြံခြင်းပါရမီက ပျောက်ကွယ်သွားပြီ”

“မင်းရဲ့ကျင့်ကြံခြင်းကိုလည်း ငါက ဖျက်ဆီးပစ်လိုက်ပြီ”

“ငါက မင်းကို ရှင်သန်ခွင့်ပေးလိုက်မယ်။ မင်းကာကွယ်ပေးခဲ့တဲ့ ငပျော့လေးတွေက မင်းကို ပြန်ပြီးပေးဆပ်မလား ကြည့်ရအောင်”

ကျင့်ကြံခြင်းပါရမီ ပျက်စီးသွားသည်။

ကျင့်ကြံခြင်းကိုလည်း ဖျက်ဆီးခဲ့သည်။

‘ဒီလိုအင်မော်တယ်မျိုးက အင်မော်တယ်ဖြစ်နေတုန်းပဲလား’ လက်ရွေးစင်တပည့်များ တွေးမိသည်။

သူတို့က ရှုပ်ထွေးသောမျက်နှာထားများဖြင့် ဟန်မူယဲ့ကိုမော့ကြည့်သည်။

လွန်ခဲ့သောအချိန်ခဏတွင် သူတို့က လက်လှမ်းမမီသောလူတစ်ယောက်ကို မော့ကြည့်နေခဲ့ရသည်။

ယခုအချိန်တွင် ထိုလူက ကျင့်ကြံခြင်းနှင့်ပါရမီမရှိသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ထိုအရာသည် လောက၏ အလုပ်လုပ်ပုံဖြစ်သည်။

အချိန်ခဏအကြာတွင် ဖြစ်ပျက်လာမည့်အကြောင်းအရာကို ခန့်မှန်းနိုင်သောလူ မရှိပေ။

လေထုထဲတွင် တောင်ပံတစ်စုံ၏ထောက်ပံ့မှုဖြင့် မတ်တပ်ရပ်နေသောဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး အဝေးတစ်နေရာမှ ချဉ်းကပ်လာသောပုံရိပ်ကို ကြည့်သည်။

“အမှန်အတိုင်းပြောရရင် နောက်ထပ်ဓားချက်ထုတ်ပြီး ငါ့ကိုသတ်လိုက်သင့်တယ်”

တာအိုတန်ခိုးရှင်ကျွီရှစ်က သူ့ကိုလှောင်ပြောင်လိုက်ပြီး လှည့်ထွက်သွားသည်။

သူက နှင်းတောင်တန်းများဆီသို့ ဦးတည်လိုက်သည်။

တောင်တန်းများ၏အလွန်တွင် မြောက်ပိုင်းကုန်းမြေရှိသည်။

ထိုနေရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေမဟုတ်ပေ။

“ကောင်းကင်ဝံပုလွေ၊ ငါက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ဂိုဏ်းတွေကိုအသုံးချပြီး ထွက်ပြေးသွားလိမ့်မယ်လို့ တွေးမထားမိဘူးမဟုတ်လား”

“ဓားဘုရင်ယွမ်ထျန်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို ကာကွယ်ပေးဖို့ မင်းကိုတာဝန်ပေးခဲ့ပေမဲ့ မင်းက ငါ့ကို အသက်ရှင်လျက်လွှတ်ပေးလိုက်ရတယ်”

“ငါက အခု မြောက်ပိုင်းကုန်းမြေကိုရောက်သွားပြီ။ မင်းထွက်လာရင် ငါက သတ်ပစ်မယ်”

“အနောက်ဘက်နယ်စပ်ကုန်းမြေက ကောင်းကင်တာအိုရဲ့အထောက်အပံ့မရှိရင် မင်းကိုသတ်ရတာက ခွေးတစ်ကောင်ကိုသတ်ရတာထက်တောင် လွယ်သေးတယ်”

နှင်းတောင်တန်းများဆီမှ ကျယ်လောင်သောရယ်သံထွက်လာသည်။

“ငါက မြောက်ပိုင်းရဲ့သက်ရှိတွေကို အုပ်ချုပ်ပြီး မင်းကိုသတ်ဖြတ်ဖို့အတွက် အနောက်ဘက်နယ်စပ်ကုန်းမြေကို အချိန်မရွေးလာနိုင်တယ်”

“မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ပုန်းနေချင်ရင် ဆက်နေလိုက်ပေါ့”

“မင်းလို့ဓားဝိညာဉ်မျိုးက ဓားဆန္ဒကို ဘယ်လောက်အထိဖြုန်းတီးနိုင်မလဲ ကြည့်ရအောင်”

နှင်းတောင်တန်းများဆီမှ အရိုင်းဆန်သောရယ်သံထွက်လာပြီး နှင်းထုများ ပြိုကျလာသည်။

ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။

“ကောင်းကင်ဝံပုလွေ” တာအိုဆရာတယန်၏မျက်နှာထားက ရှုပ်ထွေးနေပြီး ထိုပုံရိပ်ကို စိုက်ကြည့်သည်။

ဟန်မူယဲ့ကလည်း ဓားဘုရင်ယွမ်ထျန်းနှင့်တူသော ကောင်းကင်ဝံပုလွေကိုမော့ကြည့်သည်။

ဓားဘုရင်ယွမ်ထျန်း၏ ပထမဆုံးဓားဆေးလုံး

ကောင်းကင်ဝံပုလွေသည် ဓားဘုရင်ယွမ်ထျန်းနှင့် အချိန်အကြာဆုံးရှိခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို ကာကွယ်ရန်အတွက် တာဝန်ယူထားခဲ့သည်။

ကောင်းကင်ဝံပုလွေက နှင်းတောင်တန်းများကို ခဏလောက်ငေးကြည့်နေပြီး တိမ်တိုက်ပေါ်တွင်ရှိသော ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများကို အေးစက်စွာကြည့်သည်။

“အမြင်မကျယ်တဲ့လူတွေ၊ မင်းတို့က တကယ်သေချင်နေတာပဲ”

သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသောဓားအလင်းသည် ကောင်းကင်ပေါ်သို့ထိုးတက်သွားသည်။ သူ့အကြည့်သည် မိုးကြိုးလျှပ်စီးနှင့်တူပြီး သူ့ကိုကြည့်မိသောလူတိုင်း ရင်တုန်သွားလိမ့်မည်။

သူ့ကို မော့ကြည့်ရဲသောလူမရှိပေ။

ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် မှားယွင်းစွပ်စွဲခံရသည်ဟု ခံစားလိုက်ရသည်။

လင်တောက်တာအိုဂိုဏ်း၏ သူတော်စင်ဝမ်ဟွားက ထောင်ချောက်တစ်ခုပြုလုပ်ထားလိမ့်မည်ဟု သူတို့တွေးမထားခဲ့ပေ။

သို့သော် ယခုအချိန်တွင် သူတော်စင်ဝမ်ဟွားက သေဆုံးသွားပြီဖြစ်သောကြောင့် သူတို့ကပဲ အပြစ်တင်ခံလိုက်ရသည်။

ကောင်းကင်ဝံပုလွေက ရွှေအမြုတေအဆင့်ကျင့်ကြံသူများကိုမကြည့်တော့ဘဲ ဟန်မူယဲ့ကိုလှည့်ကြည့်သည်။

“ကောင်လေး၊ ငါက အနောက်ဘက်နယ်စပ်ကုန်းမြေကိုစောင့်ရှောက်ဖို့ မင်းကိုလွှဲပေးခဲ့ပြီး သခင်ကိုသွားရှာမယ်လို့ စီစဉ်ထားခဲ့တယ်”

“နှမြောစရာပဲ ....”

ကောင်းကင်ဝံပုလွေက ခေါင်းခါလိုက်ပြီး မျက်လုံးများတောက်ပလာသည်။

“သခင့်ရဲ့တာဝန်ကို ပြီးပြည့်စုံအောင်ဆောင်ရွက်ပေးရမယ်။ တာအိုတန်ခိုးရှင်ကျွီရှစ်ကို သတ်ပစ်ရမယ်”

ထို့နောက် ကောင်းကင်ဝံပုလွေက အလင်းတန်းတစ်ခုအဖြစ်ပြောင်း၍ မြောက်ဘက်သို့ပျံသန်းသွားသည်။

သို့သော် သူက နှင်းတောင်တန်းကိုဖြတ်သန်းပြီး မြောက်ပိုင်းကုန်းမြေသို့ ဝင်ရောက်လိုက်သောအခါတွင် နှေးကွေးသွားခဲ့သည်။

မြောက်ပိုင်းတွင် မြောက်ပိုင်း၏ ကိုယ်ပိုင်ကောင်းကင်တာအိုရှိသည်။

မြောက်ပိုင်းကုန်းမြေ၏ကောင်းကင်တာအိုသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကောင်းကင်တာအိုကဲ့သို့ ကောင်းကင်ဝံပုလွေကို စိတ်ကူးမယဉ်နိုင်စရာစွမ်းအားများ ထောက်ပံ့မပေးချေ။

“ဟားဟား၊ မင်းက တကယ်လာရဲတာပဲ” တာအိုတန်ခိုးရှင်ကျွီရှစ်၏ရယ်သံနှင့်အတူ ဆက်တိုက်ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။

ဓားအလင်းသည် မြည်သံပေးလျက် လောကကို တုန်ခါသွားစေသည်။

ကျင့်ကြံသူကြီးနှစ်ယောက်၏ ဖရိုဖရဲဖြစ်နေသောတိုက်ပွဲ ဖြစ်ပေါ်လာခဲ့သည်။

ထိုတိုက်ပွဲတွင် သာမန်ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ ဝင်မပါနိုင်ပေ။

“မြန်မြန်ထွက်သွားကြတော့။ အဲဒီအကြီးအကဲ ရှုံးနိမ့်သွားရင် အနောက်ဘက်နယ်စပ်ကုန်းမြေက သနားစရာကောင်းလောက်အောင် ခံစားရလိမ့်မယ်” တိမ်တိုက်များအပေါ်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ဦးက ရေရွတ်လိုက်ပြီး လှည့်ထွက်သွားသည်။

ကောင်းကင်ထက်တွင်ရှိသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် ပျံသန်းခြင်းတာမြစ်ဝင်္ကပါလည်း မရှိတော့ပေ။ ထို့ကြောင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများက လွတ်လပ်စွာထွက်သွားနိုင်သည်။

တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြသည်။

ယနေ့တွင် ကောင်းကင်ဝံပုလွေရှံးနိမ့်သွားခဲ့လျှင် သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေကို လျင်မြန်စွာစွန့်ခွာရလိမ့်မည်။

“ငါက မြောက်ပိုင်းကုန်းမြေကိုသွားမယ်”

တင်းချွန်ကန်းက ရေရွတ်လိုက်ပြီး ဟန်မူယဲ့ကိုလှည့်ကြည့်သည်။၊ သူ့ခေါင်းထက်တွင် ပေတစ်သောင်းမြင့်မားသော နှင်းတောင်တစ်လုံးပေါ်လာပြီး သူက ပျံသန်းသွားသည်။

ဟန်မူယဲ့က နားလည်သည်။

တင်းချွန်ကန်း၏ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းသည် မြောက်ပိုင်းကုန်းမြေ၏စွမ်းအားကို ငှားယူနိုင်သည်။

သူက မြောက်ပိုင်းကုန်းမြေတွင် ပိုမိုသန်မာသောခွန်အားကို ထုတ်လွှတ်နိုင်သည်။

သူက တာအိုတန်ခိုးရှင်ကျွီရှစ်ကို မတားဆီးနိုင်လျှင်ပင် မြောက်ပိုင်းကုန်းမြေကိုကာကွယ်ရန်အတွက် တိုက်ခိုက်ရလိမ့်မည်။

လူတိုင်းတွင် ကိုယ်ပိုင်တာဝန်များရှိသည်။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ခန္ဓာကိုယ်ထဲတွင်ရှိသော ဖရိုဖရဲဖြစ်နေသည့် ချီစွမ်းအင်နှင့်ဓားဆန္ဒများကို အာရုံခံကြည့်လိုက်ပြီး ခေါင်းခါသည်။

ဤတစ်ကြိမ်တွင် သူ့ဒဏ်ရာများ ပြင်းထန်သည်။

အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်သည် ကျိုးပဲ့သွားခဲ့သည်။

ဒန်ထျန်အတွင်း၌ရှိသော ဘုံကိုးလွှာကလည်း ပျက်စီးသွားသည်။

သူက အင်မော်တယ်အဆင့်ဝိညာဉ်အမြစ် ပြန်ရလာရန်အတွက် ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံး ဆေးနှစ်အိုးစာသန့်စင်ရလိမ့်မည်။

ဒန်ထျန်ထဲတွင်ရှိသော ပျက်စီးသွားသည့်ဘုံကိုးလွှာကို ပြုပြင်ရန်အတွက် အင်မော်တယ်အဆင့်ဆေးလုံးအချို့ကို အသုံးပြုရမည်။

ထို့အတွက် ဝိညာဉ်ကျောက်တုံးများလိုအပ်သည်။

တာအိုတန်ခိုးရှင်ကျွီရှစ်၏ဓားချက်သည် သူ့ကို အနည်းဆုံး ဝိညာဉ်ကျောက်တုံးဆယ်သန်းခန့် ကုန်ကျသွားစေသည်။

သူက နည်းလမ်းရှာပြီး ထိုဆုံးရှုံးမှုကို ဖာထေးရမည်။

တာအိုဓားတစ်ဝက်နှင့်ဆိုလျှင် အရာအားလုံးကို ပြည်လည်ဖြည့်ဆည်းနိုင်လိမ့်မည်။

သူက လှုပ်ရှားလိုက်သောအခါတွင် ခြေထောက်အောက်တွင်ရှိသော တောင်ပံတစ်စုံက သူ့ကို မြောက်ပိုင်းကုန်းမြေသို့ ခေါ်သွားခဲ့သည်။

အင်မော်တယ်ဟန်ကလည်း မြောက်ပိုင်းကုန်းမြေသို့ သွားခဲ့သည်။

‘သူ့ကျင့်ကြံဆင့်နဲ့ ဝိညာဉ်အမြစ်က ပျက်စီးသွားပြီ။ မြောက်ပိုင်းကိုသွားပြီး ဘာလုပ်မှာလဲ’ လူအများက တွေးမိသည်။

‘သူက သေချင်နေတာလား’

‘သူက တကယ်သေချင်နေတာဖြစ်နိုင်တယ်’

ထိုလူမျိုးအတွက် အသက်အရွယ်အိုမင်းသွားသည်အထိ အချိန်ဖြုန်းပြီး သေဆုံးသွားခြင်းထက် တိုက်ပွဲတွင် ပျော်ရွှင်စွာသေဆုံးသွားခြင်းသည် ပိုကောင်း၏။

သူတို့က ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။

ပါရမီရှင်တစ်ယောက် ကျဆုံးသွားသောမြင်ကွင်းကို သူတို့ မကြည့်ရက်ပေ။

ထို့ပါ့ချန်က နှင်းတောင်ခြေတွင်ရပ်နေပြီး တင်းကျပ်စွာလက်သီးဆုပ်ထားသည်။

“ဘုန်း”

နှင်းတောင်ထိပ်တွင် ကျယ်လောင်သောပေါက်ကွဲသံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က မြောက်ပိုင်းသို့ရောက်သွားပြီး ဓားတစ်လက်၏တားဆီးမှုကို ခံထားရသော ကောင်းကင်ဝံပုလွေကို မြင်လိုက်ရသည်။ သူက ပုံရိပ်ယောင်ဆန်ပြီး ယိမ်းယိုင်နေသည်။

တင်းချွန်ကန်း၏ဓားရှည်သည် နှင်းတောင်တစ်လုံးအသွင်ပြောင်းလဲသွားပြီး ခုတ်ချခသည်။ သို့သော် တာအိုဓားကြောင့် ချက်ချင်းပျက်စီးသွားသည်။ သူက သွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး နောက်ဆုတ်သည်။

“ကောင်းကင်ဝံပုလွေ၊ ဒီမှာရှိတဲ့ကောင်းကင်တာအိုက အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့မတူဘူးလို့ ငါပြောခဲ့တယ်။ မင်းရောက်လာရင် ငါက မင်းကို ခွေးတစ်ကောင်လိုသတ်ပစ်မယ်”

တာအိုတန်ခိုးရှင်ကျွီရှစ်၏မျက်နှာထားသည် အေးစက်နေပြီး ဟန်မူယဲ့ကိုလှည့်ကြည့်သည်။

“ငါက မင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ်”

“မင်းက အဲဒါကိုမဆုပ်ကိုင်နိုင်ခဲ့တာ သနားစရာပဲ”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး အသက်ပြင်းပြင်းရှူသွင်းသည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ရေရွတ်သည်။

All Chapters