ကောင်းကင်ဘုံဥပဒေများကို လိုက်နာစောင့်ထိန်းသော
Vol. 40 Ch. 542
ချင်မူက ကျောက်စိမ်းလည်ဆွဲကို ထုတ်ပြသော်လည်း မချွတ်ဘဲ ချီတုံချတုံ ပြောလိုက်သည်။ “ယမမင်းက ကျွန်တော့်ကို မှာထားတယ် ...ဒီကျောက်စိမ်းလည်ဆွဲက ကျွန်တော့်ကိုယ်ထဲက မိစ္ဆာသဘာဝကို ဖိနှိပ်ပေးထားတာမလို့ ဘယ်သူ့ကိုမှ ပေါ့ပေါ့တန်တန် မပြနဲ့တဲ့... ကျောက်စိမ်းလည်ဆွဲ ကျွန်တော့်ကိုယ်နဲ့ ကွာသွားရင် မကောင်းတာတွေ ဖြစ်လာလိမ့်မယ်တဲ့”
သစ်ခုတ်သမားက ခေါင်းယမ်းလိုက်သည်။ “ငါ မင်းရဲ့ဘေးမှာ ရှိနေတာပဲ.. ဘာမကောင်းတာတွေ ဖြစ်လာနိုင်မှာလဲ..... အလွန်ဆုံး ကျိန်စာတိုက်တာတို့၊ မိုးကြိုးပစ်တာတို့ပေါ့... ငါ့အတွက်တော့ အဲဒါတွေက ဘာမှမဟုတ်ဘူး”
ချင်မူ အံကြိတ်ပြီး ကျောက်စိမ်းလည်ဆွဲကို ချွတ်လိုက်၏။ ‘အရင်တုန်းက ငါ ကျောက်စိမ်းလည်ဆွဲကို ချွတ်ပြီး ရွာကလူတွေကို ပြဖူးတာပဲ... ယန်ကျင့်ကျင့်ကိုလည်း ပြဖူးတယ်.. အဲဒီတုန်းက ဘာမှမဖြစ်ခဲ့ဘူး... ဒီတစ်ကြိမ်လည်း ဘာမှမဖြစ်လောက်ပါဘူး’
တန်ခိုးရှင်သစ်ခုတ်သမားက ကျောက်စိမ်းလည်ဆွဲကို ယူကြည့်သည်။ ထို့နောက် ခေါင်းညိတ်လိုက်သည်။ “ခိုင်ဧကရာဇ်သွေးဆက်ရဲ့ ကျောက်စိမ်းလည်ဆွဲ ဟုတ်နေတာပဲ... အမ်... ဒါပေမဲ့ တစ်ပုံစံတည်းတော့ မတူဘူး.. အထဲမှာ ထူးဆန်းတဲ့ ချိတ်ပိတ်ဝင်္ကပါတစ်ခု ရှိနေတယ်... မင်းရဲ့ မိစ္ဆာသဘာဝကို ချုပ်နှောင်ထားတဲ့ ဝင်္ကပါများလား”
“လူတစ်ယောက်က ကျွန်တော့်ကို ယိုတုကနေ မဟာမြို့ပျက်ဆီ ခေါ်လာခဲ့တာပါ... ပြီးတော့မှ အဘွားစစ်က ကောက်ရတာ... ခြင်းရယ်၊ အနှီးရယ်က လွဲပြီး ကျွန်တော့်မှာ ကျောက်စိမ်းလည်ဆွဲပဲ ပါလာတယ်... ကျွန်တော့်ကို ပို့ပေးခဲ့တဲ့လူလည်း ဒဏ်ရာတွေနဲ့ သေသွားတယ်...”
ချင်မူ့မျက်နှာ ညှိုးကျသွားသည်။ “အဘွားစစ်က ကျွန်တော်တို့နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ပါ... ကျွန်တော့်ကို အရွယ်ရောက်တဲ့အထိ ထိန်းပေးခဲ့တာလည်း သူပဲ... ဒီကျောက်စိမ်းလည်ဆွဲကို ငယ်ငယ်ကတည်းက ကျွန်တော် ကိုယ်နဲ့မကွာ ဝတ်ထားတာ... အဘွားစစ်တို့ပြောတာတော့ လည်ဆွဲက မဟာမြို့ပျက်ရဲ့ အမှောင်ထုကို တွန်းထုတ်ပေးဖို့တော့ အသုံးဝင်တယ်တဲ့... ဒါပေမဲ့ အရွယ်အစားက သေးတာမလို့ ကလေးတစ်ယောက်ကိုပဲ ကာကွယ်ပေးနိုင်တယ်”
“လျှို့ဝှက်ချက်တွေ ပိုများလာပြီ” တန်ခိုးရှင်သစ်ခုတ်သမားက ကျောက်စိမ်းလည်ဆွဲကို ပွတ်သပ်နေပြီး သူ့အကြည့်သည် ထူးဆန်းလာ၏။ “ဒီကျောက်စိမ်းလည်ဆွဲက မင်းကို ရွှင်ပျော်ပျော်ကျေးရွာဆီ ခေါ်သွားနိုင်ရုံတင်မကဘူး..... ယိုတုမှာ သွန်းလုပ်ထားတဲ့ ရတနာမလို့ ယိုတုဆီလည်း ခေါ်သွားနိုင်တယ်... ဒါ့အပြင် ဒီရတနာကို သွန်းလုပ်ခဲ့တဲ့လူက အင်မတန် သန်မာအားကောင်းတယ်... ငါ့ထက်တောင် သန်မာအားကောင်းသေးတယ်... ထူးဆန်းတယ်.... ဒီလောက်အင်အားကြီးတဲ့ ချိတ်ပိတ်ဝင်္ကပါက ဘယ်ဟာကို ချုပ်ထားတာလဲ”
သူ သိချင်စိတ်ပြင်းပြလာသည်။ “ဒီကျောက်စိမ်းလည်ဆွဲထဲက ချိတ်ပိတ်ဝင်္ကပါကို ဖိနှိပ်လိုက်တာနဲ့ ဘာကို ချုပ်ထားလဲ သိရမှာပဲ....”
ချင်မူလည်း စပ်စုချင်နေသည်။ ယမမင်း ထိုသို့လုပ်ခဲ့တုန်းက သူ အသိစိတ်လွတ်သွားခဲ့၍ နောက်ပိုင်း ဖြစ်ပျက်သွားသောအရာကို မမြင်ခဲ့ရပေ။
ကျောက်စိမ်းလည်ဆွဲက မည်သည့်အရာကို ချုပ်ထားသနည်း။ ချိတ်ပိတ်ထားသည်ကို ဖွင့်လိုက်လျှင် မည်သည့်အရာ ထွက်လာမည်နည်း။ သူ အလွန်သိချင်လာ၏။
တန်ခိုးရှင်သစ်ခုတ်သမားက သူ့အမူအရာကို အကဲခတ်ပြီး တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။ ထို့နောက် ကျောက်စိမ်းလည်ဆွဲကို ချင်မူ့လက်ထဲ ပြန်ထည့်ပေးလေသည်။
နွားကျောင်းသားလေး ဇဝေဇဝါ ဖြစ်သွားသည်။
“ဒီကျောက်စိမ်းလည်ဆွဲကို သွန်းလုပ်ခဲ့တဲ့ တစ်ယောက်က အင်မတန် အင်အားကြီးတယ်... ယိုတုထဲမှာ နေတဲ့ အစွမ်းထက်ဆုံးဖြစ်တည်မှုတွေထဲက တစ်ယောက် ဖြစ်လောက်တယ်... ယိုတုဆိုတာ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်နေရာပဲ... ဘယ်သူက ဘယ်ဝါမှန်း မသိနိုင်ဘူး... ခိုင်ဧကရာဇ်တောင်မှ ယိုတုကမ္ဘာထဲမှ ပုန်းနေတဲ့ အဆင့်မြင့်သိုင်းသမား ဘယ်နှယောက်ရှိမှန်းမသိဘူး” တန်ခိုးရှင်သစ်ခုတ်သမားက ပြောလိုက်သည်။
“ဒီကျောက်စိမ်းလည်ဆွဲ မင်းဘေးမှာ ရှိနေမှ ဖြစ်မယ့် အကြောင်းရင်းတစ်ခုတော့ ရှိကိုရှိမယ်... အခုတော့ သွားမစမ်းကြည့်တာ အကောင်းဆုံးပဲ.... ယမမင်းကလည်း ဒီကျောက်စိမ်းလည်ဆွဲကို ကိုယ်နဲ့မကွာ ထားဖို့ မှာထားမှတော့ သူ ပြောတဲ့အတိုင်း မင်း လုပ်သင့်တယ်”
သူ့အနေဖြင့် ကျောက်စိမ်းလည်ဆွဲ၏ ချိတ်ပိတ်ဝင်္ကပါကို ဖိနှိပ်လာလျှင် မည်သို့ဖြစ်ပျက်သွားမည်လဲ သိချင်ပါသော်လည်း သည်းခံမြိုသိပ်လိုက်၏။
ချင်မူလည်း ကျောက်စိမ်းလည်ဆွဲကို ပြန်ယူကာ လည်ပင်း၌ ပြန်ဆွဲထားလိုက်သည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက လီမြို့ထဲ ဝင်ပြီး ပျက်စီးပြိုကျနေသော အဆောက်အအုံများ၊ ခံတပ်များကို ပြုပြင်တည်ဆောက်နေကြသည်။ ချင်မူ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သော်လည်း အဝေးပစ်အမြှောက်နှင့် နေသူရိန်ခွင်းအမြှောက်လို လက်နက်များအား မတွေ့မိပေ။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ အလွန်သန်မာကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များထက် အဆင့်တစ်ဆင့် မြင့်ကြသော်လည်း သူတို့၏သင်္ချာစွမ်းရည်က ဖွတ်ကျားဖြစ်နေ၏။ အဝေးပစ်အမြှောက်ကဲ့သို့ လက်နက်များအတွက် မြင့်မားသော သင်္ချာစွမ်းရည် လိုအပ်သဖြင့် မသွန်းလုပ်နိုင်ကြပေ။
ချင်မူ ပုံကြမ်းများ ရေးဆွဲပေးလိုက်လျှင်တောင်မှ သွန်းလုပ်တတ်မည်မဟုတ်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကမူ သင်္ချာစွမ်းရည်မြင့်မားသည့် ကောင်းကင်နတ်သိုင်းများစွာ ရှိသောကြောင့် သွန်းလုပ်နိုင်၏။
“မင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဘယ်လို ရောက်လာတာလဲ” တန်ခိုးရှင်သစ်ခုတ်သမားက မေးလိုက်သည်။
ချင်မူလည်း ယဇ်ပလ္လင် တည်ဆောက်ပြီး မိစ္ဆာစစ်သူကြီးတစ်ဦးဖြင့် နေရာချင်းလဲကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီသို့ ရောက်လာခဲ့သည့်အကြောင်း အကြမ်းဖျင်း ရှင်းပြလိုက်၏။ တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းသည်။ “တော်တော် တဇွတ်ထိုးနိုင်တာပဲ... ရန်သူစစ်တပ်ထဲက လူနဲ့ နေရာချင်းလဲရတယ်လို့... သေမှာမကြောက်ဘူးလား”
ချင်မူ အသက်ပြင်းပြင်းရှူသွင်းကာ အလေးအနက် ပြောလိုက်သည်။ “ပထမဆုံးလူသားဧကရာဇ်ကို အနိုင်ယူနိုင်မယ်ဆိုရင် စွန့်စားရလည်း တန်ပါတယ်... ဆရာကြီး၊ ကျွန်တော့်ကို အစစ်အမှန်နတ်ဘုရားငယ် ဖြစ်လာနိုင်မယ့် နည်းလမ်း သင်ပြပေးလို့ရလား”
တန်ခိုးရှင်သစ်ခုတ်သမား မှင်သက်သွား၏။ “မင်းက နတ်ဘုရားငယ်ဖြစ်အောင် လုပ်ပြီး လူသားဧကရာဇ်ခန်းမရဲ့ တပ်ပြေးကောင်ကို အနိုင်ယူချင်တာလား”
ချင်မူက ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလိုက်မိသည်။ “သူ့နောက်ခံကို မင်း မသိဘူးပေါ့”
ချင်မူ ကြောင်ကြောင်ငေးငေး ဖြစ်သွား၏။
“မင်းနဲ့ သူက အတူတူပဲ... နှစ်ယောက်လုံး ချင်မျိုးရိုး ၊ နှစ်ယောက်လုံး ငါ့တပည့်တွေပဲ.... ဖုရွေ့လော် ငါ့ကို ခေါ်တဲ့ ကောင်းကင်ဆရာသခင် ဆိုတဲ့ အဓိပ္ပါယ်က ‘ကောင်းကင်ဘုံဥပဒေတွေအတိုင်း လိုက်နာသော ဆရာသခင်’ လို့ဆိုလိုတယ်... ‘ကောင်းကင်ဘုံသားတော်ရဲ့ ဆရာသခင်’ လို့လည်း ခေါ်တယ်... တကယ်တော့ ငါက ဆရာတစ်ယောက်ပါပဲ... အရင်တုန်းက ခိုင်ဧကရာဇ်ရဲ့ အမိန့်တော်ကြောင့် မင်းညီမင်းသားတွေကို သင်ပေးခဲ့ဖူးတယ်.... လူသားဧကရာဇ်ခန်းမရဲ့ အဲဒီတပ်ပြေးကောင်လည်း ပါတာပေါ့”
တန်ခိုးရှင်သစ်ခုတ်သမားက လီမြို့၏ အရှေ့ဂိတ်တံခါးဆီသို့ လျှောက်ရင်း အတိတ်ကို ပြန်တွေးနေသည်။ သူ့မျက်ဝန်းများမှာ အတန်ငယ် မှေးမှိန်နေ၏။
“တပ်ပြေးမင်းသားက သူမတူတဲ့ အထုံပါရမီကို ပိုင်ဆိုင်ထားတဲ့အပြင် အတွေးအခေါ်ကလည်း သိပ်မြင့်မားတယ်... ဒါပေမဲ့ ကပ်ဆိုးကြီး ကျရောက်လာလို့ ကောင်းကင်နတ်ဘုံမှာ စစ်ကြီးဖြစ်တဲ့အခါ မင်းသားက သေရမှာကို ကြောက်ပြီး ထွက်ပြေးသွားတယ်... တိုက်ဆိုင်တာလား... ကံကြောင့်လားတော့ မသိပါဘူး... သူက လူတချို့ကို ကယ်တင်ပေးခဲ့လို့ လူသားဧကရာဇ်အဖြစ် လေးစားခံလာရတယ်လေ
“ငါလည်း အဲဒီတုန်းက အသက်ရှင်ခဲ့တယ်... သူ ငါ့ဆီ ခဏခဏ လာတွေ့တယ်.. ဒါပေမဲ့ ငါကတော့ သူ့ကို တွေ့ချင်တဲ့စိတ် မရှိခဲ့ဘူး... အဲဒီနောက်ပိုင်း ငါ ကျောက်ရုပ်တုအသွင် ပြောင်းပြီး မူလဝိညာဉ်နဲ့ ကမ္ဘာပတ်ရင်း အဖြေတွေ လိုက်ရှာခဲ့တယ်.. အဲဒီကတည်းက သူ့ကို မတွေ့ရတော့တာပဲ... မင်းအနေနဲ့ သူ့ကို အနိုင်ယူချင်ရင် အင်မတန် ခက်လိမ့်မယ်”
ချင်မူ လက်သီးတင်းတင်းဆုပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဆရာကြီးမှာ နည်းလမ်းတစ်ခုတော့ ရှိပါတယ် ဟုတ်တယ်မလား”
တန်ခိုးရှင်သစ်ခုတ်သမားက မြင့်မားသော မျှော်စင်ကြီးအပေါ် တက်သွားသည်။ ကောင်းကင်နတ်ဆိုးများ၏ ကျူးကျော်မှုကို ခုခံရန်အတွက် မြို့မျှော်စင်များအား အလွန်မြင့်မားစွာ တည်ဆောက်ထားကြ၏။ ထို့ကြောင့် မျှော်စင်အပေါ် တက်ရခြင်းက တောင်တစ်လုံးအပေါ် တက်နေရသည်နှင့် တူသည်။
“သူက ငါ သင်ပေးခဲ့တဲ့ မင်းညီမင်းသားအားလုံးထဲမှာ ဉာဏ်အကောင်းဆုံးပဲ.... ဘယ်ကောင်းကင်နတ်သိုင်းကိုမဆို ခဏကြည့်လိုက်တာနဲ့ တတ်သွားတယ်... သူ့အတွေးအခေါ်က ကျန်တဲ့လူတွေထက် အဆတရာ မြင့်မားတယ်... သူက ဆရာတွေကို လေးစားတတ်ပြီး ပညာကို အရေးထားတယ်.... ထွက်ပြေးသွားလို့ ငါ သူ့ကို စက်ဆုပ်ပေမယ့်... အခုထိ လေးစားမိသေးတာတော့ အမှန်ပဲ... မင်း သူ့ကို အနိုင်ယူချင်ရင် ငါ သင်ပေးတာကိုပဲ အားကိုးလို့ မရဘူး”
တန်ခိုးရှင်သစ်ခုတ်သမားက ကောင်းကင်နတ်သိုင်းတစ်ခုမှ မသုံးဘဲ လှေကားထစ်များအတိုင်း တစ်ထစ်ချင်း တက်နေသည်။ “ငါက ခိုင်ဧကရာဇ်ရဲ့ ဆရာဖြစ်သလို၊ ကောင်းကင်ဆရာသခင်လို့ တင်စားခံရပေမယ့် ... သန်မာအားအကောင်းဆုံး မဟုတ်ဘူး... ငါ့သိုင်းစွမ်းအားက အလယ်အလတ်ပဲ ရှိတယ်... ငါ မင်းကို သင်ပေးလိုက်ရင် မင်း အဲဒီတပ်ပြေးကောင်ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး ... ဒါ့အပြင်” သူက ပြုံးလိုက်သည်။ “ငါ မင်းကို သင်ပေးပြီးသား မဟုတ်ဘူးလား”
ချင်မူ မှင်သက်သွားမိ၏။ သူဆိုလိုသည်က ‘ကျောက်တုံးပေါ်ရှိ သင်ကြားပို့ချမှုများ’ ဖြစ်လျှင် တန်ခိုးရှင်သစ်ခုတ်သမားသည် သူ့ကို သင်ပေးခဲ့ပြီးသားဖြစ်၏။ သို့သော် ချင်မူမှာ ထိုမျှနှင့် မကျေနပ်နိုင်ပေ။
တန်ခိုးရှင်သစ်ခုတ်သမားတွင် ပို၍ပင် အစွမ်းထက်သော ကောင်းကင်နတ်သိုင်းများ ရှိထားသည်။ စစ်မြေပြင်ထက်တွင် ချင်မူ ဖုယွီရှောင်အား ရင်ဆိုင်ရင်း သေအံ့ဆဲဆဲ ဖြစ်ခဲ့တုန်းက တန်ခိုးရှင်သစ်ခုတ်သမား၏ သိုင်းကွက်ကြောင့် သေဘေးမှ လွတ်မြောက်သွားခဲ့၏။
တန်ခိုးရှင်သစ်ခုတ်သမားက ပို၍ပင်အစွမ်းထက်သည့် ကောင်းကင်နတ်သိုင်းများကို သိသိသာသာ ပိုင်ဆိုင်ထားပါသော်လည်း အဘယ်သို့ပြု၍ သူ့ကို မသင်ပေးချင်သနည်း။
ချင်မူအနေဖြင့် အစစ်အမှန်နတ်ဘုရားငယ် ဖြစ်လာစေမည့် ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်များကို သင်ချင်သည်။ ရုပ်ခန္ဓာကို ပေါင်းစည်းချင်သည်။ အဆင့်တူတွင် ပထမဆုံးလူသားဧကရာဇ်ကို အနိုင်ယူ၍ ထိုလူ့အား ရွှံ့နွံများထဲသို့ ကိုင်ပေါက်ပစ်ချင်သည်။ သူ့အရိုးများကို ချိုးပစ်ချင်သည်။ သွေးတပွက်ပွက် အန်သည်အထိ ထိုးနှက်ချင်သည်။ ကြမ်းပြင်တွင် ဒူးထောက်ပြီး ခွင့်လွှတ်ပေးရန် တောင်းပန်ရသည်အထိ၊ လူသားဧကရာဇ်ဟောင်းများအား ဒူးထောက်ရှိခိုးပြီး တောင်းပန်ရသည်အထိ ရိုက်နှက်ပစ်ချင်သည်။
“ငါ မင်းကို ငါ့ကောင်းကင်နတ်သိုင်းတွေ သင်ပေးလိုက်ရင် မင်းအနေနဲ့ ဦးနှောက်ကို အလုပ်ပေးပြီး ကပ်ဘေးဓားကို တီထွင်နိုင်ပါ့ဦးမလား... ကပ်ဘေးဖွင့်ဓားကွက်ကလည်း သိပ်လှပါတယ်... ဒါပေမဲ့ ငါ မင်းကို မသင်ပေးနိုင်ဘူး”
တန်ခိုးရှင်သစ်ခုတ်သမားက မျှော်စင်အပေါ် ရောက်သည့်အခါ ထိုင်လိုက်သည်။ သူက ဘေးရှိ နေရာအား ပုတ်၍ ချင်မူ့ကို ထိုင်ခိုင်း၏။ ချင်မူလည်း အေးစက်နေသော ကြမ်းပြင်ထက်တွင် ထိုင်လိုက်သည်။ သူနောက်လှည့်ကြည့်လိုက်သည့်အခါ မျှော်စင်အောက်၌ ရပ်နေသော ကျားနတ်မင်းကို မြင်လိုက်ရသည်။ ကျားနတ်မင်းက အပေါ် တက်မလာပေ။
“ငါ သိတဲ့ ကောင်းကင်နတ်သိုင်းအားလုံးကို ကျမ်းစာထဲမှာ မြှုပ်ထားတယ်... မင်း နှလုံးသားနဲ့ တွေးခေါ်ဆန်းစစ်ကြည့်ရင် တွေ့လိမ့်မှာပါ... အဲဒီကျင့်စဉ်တွေက ခိုင်ဧကရာဇ် ငါ့ကို သင်ပေးခဲ့တာတွေပဲ
“ငါ လေ့လာခဲ့တာတွေက များလွန်းပြီး အမျိုးမျိုး ဖြစ်နေတော့ ခိုင်ဧကရာဇ်ဆီက ထိပ်တန်းသိုင်းကွက်တွေကို သင်ခဲ့ရတာတောင်မှ အခုထိ ရှေ့တစ်ဆင့် မတက်နိုင်သေးဘူး... နတ်ဘုရားတွေကြားမှာ ငါက အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်” တန်ခိုးရှင်သစ်ခုတ်သမားက ရှင်းပြသည်။ “ဒါကြောင့် အများကြီး လေ့လာတာက မကောင်းမှန်း သဘောပေါက်လိုက်တာပဲ ... လာ ... နေထွက်တာ ကြည့်ရအောင်”
“နေထွက်တာ ဟုတ်လား”
ချင်မူ ကောင်းကင်ယံသို့ မော့ကြည့်ရင်း မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ နေတစ်ခြမ်းမှ အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ၎င်း၏ကို့ရိုးကားရား ပုံသဏ္ဍာန်ကြောင့် သူ မျက်စိဆံပင်မွှေး စူးလာသည်။
ချင်မူ့မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားပြီး ကပျာကယာ အကြည့်လွှဲလိုက်ရသည်။ သူ့မှာ ရင်ဘတ်ထဲ၌ ရိုးတိုးရွတဖြစ်နေသော ခံစားချက်ကို မနည်းဖိနှိပ်ထားရသည်။ သူ့ဘေးရှိ တန်ခိုးရှင်သစ်ခုတ်သမား၏မျက်နှာလည်း တစထက်တစ မည်းမှောင်လာကာ ခေါင်းငုံ့လိုက်၏။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေက သူတို့နှစ်ယောက်လုံးအား အပ်များ ဖင်ခုထိုင်နေရသကဲ့သို့ ခံစားရစေသည်။ နှစ်ယောက်လုံး လက်ယားခြေယား လာကြသည်။
ချင်မူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်ပြီး သင်္ချာကျွမ်း၏။ အဘိုးကြီးမာဆီမှ လက်သမားပညာကို သင်ယူခဲ့၍ လက်ရာအားလုံး သေသပ်လှပနေမှ သဘောကျသည်။ အဘွားစစ်ကိုယ်တိုင် ပြုလုပ်ထားသော ထိုင်ခုံ၊ စားပွဲများကိုပင် မကြည့်နိုင်၍ သူကိုယ်တိုင် ပြန်ပြင်ခဲ့သည်။ သို့ဖြစ်ရာ ချင်မူအနေဖြင့် ကောင်းကင်ယံရှိ အရုပ်ဆိုးနေသော နေနှစ်ခြမ်းကို မည်သို့ ဥပေက္ခာပြုထားနိုင်မည်နည်း။
ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် လက်မှုစံအိမ်နှင့် စက်မှုစံအိမ် ရှိသည်။ စံအိမ်နှစ်ခုလုံးက လက်ရာများနှင့်ပတ်သက်ပြီး အလွန်စည်းကမ်းကြီး၏။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ အတွက်အချက်ကျမ်းများနှင့် စက်မှုလက်မှုပညာရပ်များမှ ခွဲထွက်သွားသော စံအိမ်များဖြစ်ကြသည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကမူ တန်ခိုးရှင်သစ်ခုတ်သမား၏ အမွေဖြစ်ချေရာ တန်ခိုးရှင်သစ်ခုတ်သမား သင်္ချာမည်မျှကျွမ်းကြောင်း မေးခွန်းထုတ်စရာမလိုပေ။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများက သူတို့၏နတ်ဘုရား သွန်းလုပ်ပေးခဲ့သော နေနှစ်ခြမ်းနှင့်ပတ်သက်၍ အလွန်ဂုဏ်ယူကြသော်လည်း သူတို့နှစ်ယောက်အတွက်မူ နေနှစ်ခြမ်းမှာ မကြည့်နိုင်လောက်အောင် အရုပ်ဆိုးလှ၏။
ကောင်းကင်ယံတွင် နေနောက်တစ်ခြမ်းလည်း တစတစ လင်းလာသည်။ နေနှစ်ခြမ်းကား မလှုပ်မယှက် တောက်ပလျက် ရှိနေသည်။
တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ခေါင်းမမော့မိအောင် ချုပ်တည်းထားရသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံက လူတွေကတော့ လက်မှုပညာကို မေ့ကုန်ကြပြီပဲ”
“နေကို သွန်းလုပ်ခဲ့တဲ့ နတ်ဘုရားကို နေဖန်ဆင်းရှင်လို့ ခေါ်ကြတယ်” ချင်မူက ခေါင်းငုံ့ထားလျက် ပြောလိုက်သည်။
“ဖွီ နေဖန်ဆင်းရှင်ဟုတ်လား.. ငါ သူ့ကို သိတယ်.. သူက ကောင်းကင်နတ်ဘုံမှာ စားဖိုမှူးတစ်ယောက်ဟ”
ချင်မူ ကြက်သေသေသွား၏။
တန်ခိုးရှင်သစ်ခုတ်သမားက မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ “အစစ်အမှန်နတ်ဘုရားငယ် ဖြစ်နိုင်မယ့် နည်းလမ်းကို မင်းဘာသာမင်း စဉ်းစား... အဲဒါက ငါ သင်ပေးတာထက် ပိုကောင်းတယ်... ငါ သင်ပေးတာက ငါ့နည်းလမ်းပဲ မဟုတ်လား... မင်းကိုယ်တိုင် တွေးမိမှ မင်းနဲ့ အသင့်တော်ဆုံး နည်းလမ်းဖြစ်မှာ... ငါ့အနေနဲ့ မင်းကို တံခါးဝဆီ ခေါ်သွားပေးနိုင်တယ်... ဒါပေမဲ့ ကျန်တဲ့ခရီးကိုတော့ မင်းဘာသာမင်း လျှောက်ရလိမ့်မယ်”
သူက ခေါင်းမော့၍ အဝေးသို့ ကြည့်လိုက်သည်။ လီမြို့၏ အနောက်၊ တောင်နှင့် မြောက်တွင် မိစ္ဆာနတ်ဆိုးချီများက လွှမ်းခြုံရစ်သိုင်းလျက် ရှိနေသေး၏။ “ငါ ဒီတစ်ခေါက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို လာတဲ့အကြောင်းရင်းက ကောင်းကင်နတ်ဆိုးတွေ ဒီကမ္ဘာကို မစတေးပစ်နိုင်အောင် တားဖို့ပဲ... ဖုရွေ့လော်က ဉာဏ်အမြော်အမြင်ကြီးတယ်... သူက ငါ ရုတ်တရက် ရောက်လာလို့ ရင်ဆိုင်နိုင်တဲ့ အင်အားမရှိလို့သာ ဆုတ်သွားတာ... နောက်တစ်ခေါက် လာရင် သေချာပေါက် ကမ္ဘာတစ်ကမ္ဘာလုံး ဖျက်စီးပစ်နိုင်မယ့် အင်အားကို ခေါ်လာလိမ့်မယ်”
ချင်မူ ရင်ထဲထိတ်သွားပြီး ကပျာကယာ မေးလိုက်မိသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံ တားနိုင်ပါ့မလား”
ဘုန်း
မြေပြင် တုန်ခါသွား၍ အသံလာရာဆီသို့ ချင်မူ လှမ်းကြည့်လိုက်သည်။ အဝေးရှိ စစ်မြေပြင်တစ်ခုအပေါ်တွင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက တိုက်ပွဲကျသွားသော ကောင်းကင်နတ်ဆိုးများနှင့် လူသားတို့၏အလောင်းများအား စုပုံနေကြသည်။
ရုတ်တရက် မြေပြင်က နှစ်ခြမ်းကွဲသွားပြီး အလွန်ကြီးမားသော ယဇ်ပလ္လင်ကြီးများ မြေအောက်ထဲမှ ထွက်လာ၏။ သွေးနီရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်သွားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။ အလင်းတန်းများထဲ၌ အရပ်မြင့်မြင့် ကျောက်ရုပ်တုကြီးများ ပေါ်လာလေသည်။
ဘုန်း ဘုန်း
ပြင်းထန်သော ငလျင်လှိုင်းများ သူတို့ဆီသို့ ရိုက်ခတ်လာ၏။ စစ်မြေပြင်ထက်တွင် ပိုမိုများပြားသော ယဇ်ပလ္လင်များ ပေါ်လာသည်။
သွေးနီရောင်အလင်းတန်းများက တိုင်လုံးကြီးများသဖွယ် ကောင်းကင်ယံသို့ ထိုးတက်သွားပြီးနောက် ကျောက်ရုပ်တုများ ပလ္လင်ထက်၌ ပေါ်လာကြသည်။
ချင်မူ စိုးရိမ်ထိတ်လန့်စွာဖြင့် သစ်ခုတ်သမားကို ကြည့်ရင်း အဖြေစောင့်နေမိသည်။
“မတားနိုင်ဘူး” တန်ခိုးရှင်သစ်ခုတ်သမား၏စကားက ရေခဲရေတစ်ပုံးဖြင့် သူ့ခေါင်းပေါ်မှ လောင်းချလိုက်သကဲ့သို့ ခံစားရစေသည်။ “အချိန်တစ်ခုအထိပဲ ဆွဲထားနိုင်တယ်”
၎
င
၎
၎