အခန်း (၃၆၇)
Vol. 27 Ch. 367
တင်းချွန်ကန်းက ကြောင်အသွားပြီး စကားလုံးအချို့ရေရွတ်သည်။
ဟန်မူယဲ့က ခြေလှမ်းအနည်းငယ်သွားလိုက်ပြီး နောက်သို့ပြန်လှည့်၍ပြောသည်။ “ဒါနဲ့ တတိယညီမက အလယ်ပိုင်းကုန်းမြေကိုသွားပြီ။ သူမက အံ့ဖွယ်နေမင်းသက်တော်စောင့်တွေနဲ့ အတူတူရှိနေတယ်”
“သူမပြန်ရောက်လာရင် မင်းတော့ ပြဿနာတက်ပြီပဲ”
တင်းချွန်ကန်း၏နှုတ်ခမ်းထောင့်များ တွ့န်သွားပြီး မတ်တပ်ရပ်သည်။
“ကောင်လေး၊ မင်းက တကယ့်ကိုရက်စက်တာပဲ”
သူက အော်ဟစ်လိုက်ပြီး နှင်းတောင်များဆီသို့ ခုန်ဝင်သွားသည်။
“ငါက အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မင်းဆီမှာ အပ်ထားခဲ့မယ်”
သူ့အသံထဲတွင် စိတ်သက်သာရာရမှုနှင့် တွန့်ဆုတ်မှုများ ရှိနေသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး အဖြူရောင်နှင်းများကြားတွင် ပျောက်ကွယ်သွားသည်။
....
မြောက်ပိုင်းမှ အသက်ရှင်လျက်ပြန်လာနိုင်သော ဟန်မူယဲ့ကြောင့် လူအများ အံ့အားသင့်သွားခဲ့သည်။
သို့သော် သူအသက်ရှင်နေသည့်အတွက် လက်ရွေးစင်တပည့်အများစုက ပျော်ရွှင်နေသည်။
မြစ်ကိုဆန်တက်ပြီး မိုင်တစ်သိန်းခရီးသွားခဲ့သောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေမှ လက်ရွေးစင်တပည့်များ၏စိတ်ထားသည် ပြောင်းလဲသွားခဲ့သည်။
သက်တူရွယ်တူများကြားတွင် ယှဉ်ပြိုင်မှုသည် ဂုဏ်သိက္ခာအရဖြစ်ပြီး သေခြင်းရှင်ခြင်းအတွက်မဟုတ်ပေ။
ဟန်မူယဲ့က သတင်းကောင်းတစ်ခု သယ်လာခဲ့သည်။
ပြင်ပဘုံကျင့်ကြံသူကြီး သတ်ဖြတ်ခံလိုက်ရသောကြောင့် ထွက်ပြေးတော့မည့်ကျင့်ကြံသူများသည် လုံခြုံစွာဖြင့် အိမ်ပြန်လာနိုင်ခဲ့သည်။
ပြင်ပဘုံကျင့်ကြံသူအား သတ်ဖြတ်လိုက်သောလူကိုတော့ ဟန်မူယဲ့က ထုတ်မပြောခဲ့ပေ။
ထိုအကြောင်းကို မေးရဲသောလူလည်း မရှိပေ။ ဓားဘုရင်ယွမ်ထျန်းချန်ထားခဲ့သော အရံအစီအစဉ်ကြောင့် ထိုကျင့်ကြံသူကြီး သေဆုံးသွားခြင်းဖြစ်နိုင်သည်။
သို့သော် ယခုအချိန်တွင် ထိုကိစ္စကို ဂရုစိုက်နေသောလူ မရှိပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲ ပြီးဆုံးသွားခဲ့သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နံပတ်တစ်ဖြစ်ခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အစစ်အမှန်ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ထို့ပါ့ချန်သည် ကောင်းကင်ဘုံအဆင့်သို့ရောက်သွားပြီး တိုက်ခိုက်နိုင်စွမ်းအားကောင်းသည်။
မြောက်ပိုင်းကိုတာဝန်ယူထားသော တင်းချွန်ကန်းလည်းရှိနေသည်။ သူ့ကို နှင်းတောင်ဓားဘုရင်ဟုသိကြပြီး မကောင်းဆိုးဝါးဆန်လှသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူက ကောင်းကင်ဘုံအဆင့်မိစ္ဆာခြောက်ကောင်ကို တစ်ဦးတည်းတိုက်ခိုက်နိုင်သည်။
တင်းချွန်ကန်းက မြောက်ပိုင်းကုန်းမြေတွင်ကျင့်ကြံနေသော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြန်လာနိုင်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း မြင်ခဲ့ရသည်။
ဤတစ်ကြိမ်တွင် အရှေ့ပင်လယ်၏ ကြေးခွံနက်ငါးမိစ္ဆာများသည် အပြင်းအထန်ထိခိုက်သွားခဲ့သည်။
ဟန်မူယဲ့က လမ်းတစ်လျှောက်တွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာများ၏အလောင်းကို ချန်ထားခဲ့သည်။
ထိုအလောင်းများသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကြွယ်ဝမှုဖြစ်လာလိမ့်မည်။
ရေနဂါးချင်းထုံသည် အရှေ့ပင်လယ်သို့ပြန်သွားပြီး ကြေးခွံနက်မိစ္ဆာများသည် တိုက်ခိုက်ခံနေရသောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ အချိန်တစ်ခုကြာသည်အထိ လာနိုင်မည်မဟုတ်ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံး၏အခြေအနေသည် သူ့လက်ထဲတွင်ရှိနေသည်။
နှင်းတောင်တန်းမှပြန်လာသောအခါတွင် ဂိုဏ်းအသီးသီး၏နယ်မြေနှင့် အရင်းအမြစ်များကို ပြန်လည်ခွဲဝေခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အများကြီးမယူခဲ့ပေ။ အရင်းအမြစ်များ၏ ၁၀%ကိုပဲ ယူခဲ့သည်။
သူတော်စင်ဝမ်ဟွားက သေဆုံးသွားခဲ့သော်လည်း လင်တောက်တာအိုဂိုဏ်းသည် အဓိကဂိုဏ်းကြီးတစ်ခု ဖြစ်နေသေးသည်။
သူတို့၏ခွန်အားသည် ဂိုဏ်းကိုးဂိုဏ်းကြားတွင် သာမန်ထက်ပိုသည်။
လီမူပိုင်နှင့် ထို့ပါ့ချန်၏ပြောစကားအရ လင်တောက်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို နှစ်တစ်ရာအထိ ထောက်ပံ့နိုင်သည်။
လင်တောက်တာအိုဂိုဏ်း၏ ရတနာနှင့် အရင်းအမြစ်များကို ဖြည်းဖြည်းချင်းညှစ်ထုတ်ရမည်။ သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများကို နှစ်တစ်ရာကျော်အောင် ထောက်ပံ့ပေးနိုင်လိမ့်မည်။
ထို့ကြောင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းအသီးသီးကိုဦးဆောင်၍ လင်တောက်တာအိုဂိုဏ်းကို မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလင်းတောင်ကုန်းဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အဓိကဂိုဏ်းကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်လာသည်။
သို့သော် အလင်းတောင်ကုန်းဓားဂိုဏ်း၏ခွန်အားသည် အလွန်သာမန်ဆန်သည်။ သူတို့က ပျက်စီးသွားခဲ့သော ထိုက်ရွှမ်ဓားဂိုဏ်း၏ နယ်မြေနှင့်အရင်းအမြစ်များကိုပဲ ယူခဲ့သည်။
ယန်မင်ရွှမ်အတွက် အရင်းအမြစ်များသည် အရေးမကြီးပေ။
သူက ယန်တင်းရွှမ်၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့သောကြောင့် ကျေနပ်နေသည်။
သူက ဂိုဏ်းများ၏ နောက်ဆက်တွဲဆွေးနွေးပွဲများတွင်လည်း မပါဝင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာမိတ်ဂိုဏ်းဖြစ်နေသောကြောင့် အလင်းတောင်ကုန်းဓားဂိုဏ်းကို ဆိုးဝါးစွာဆက်ဆံမည်မဟုတ်ကြောင်း သူယုံသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဆက်ဆံရေးမကောင်းခဲ့သော ဖုန်းလင်ဓားဂိုဏ်းနှင့် တခြားဂိုဏ်းများသည် လျှို့ဝှက်စွာလာရောက်ပြီး တောင်းပန်ခဲ့သည်။
ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင် ကျန်းချန်သည် ထို့ပါ့ချန်ဆီသို့ ကိုယ်တိုင်လာခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဖြစ်သော ကျန်းချန်သည် ထို့ပါ့ချန်နှင့် အချိန်ကြာမြင့်စွာဆွေးနွေးခဲ့ပြီး ခွင့်လွှတ်မှုကို ရရှိသွားသည်။
ကျင်းကျီ၏ရွှေအမြုတေသည် ကျန်းချန်ကြောင့်ပျက်စီးသွားခဲ့သော်လည်း ထို့ပါ့ချန်က ဖုန်းလင်ဓားဂိုဏ်းကို တိုက်ခိုက်ရန်အတွက် ရည်ရွယ်ချက်မရှိပေ။
ထို့ပါ့ချန်နှင့် ကျန်းချန်တို့၏နောက်တွင် အဓိကဂိုဏ်းကြီးများရှိသည်။ သူတို့က အမုန်းတရားကြောင့် ဂိုဏ်းတပည့်များ၏အသက်ကို လျစ်လျူရှုထားမည်မဟုတ်ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာသည်။ အနာဂတ်တွင် ဖုန်းလင်ဓားဂိုဏ်းကို ထိန်းချုပ်ရန်အတွက် အခွင့်အရေးများရှိလာလိမ့်မည်။
ဟန်မူယဲ့က ထို့ပါ့ချန်နှင့် ပြန်လိုက်မလာခဲ့ဘဲ သင်္ဘောပျံကိုထုတ်၍ မြစ်တစ်လျှောက် လိုက်ပါသွားခဲ့သည်။
သူက ကျင့်ကြံခြင်းမရှိတော့ဘဲ ဝိညာဉ်အမြစ်ပျက်စီးသွားခဲ့သော်လည်း လက်ရွေးစင်တပည့်များက သူ့ကို ပေါ့ပါးစွာ မဆက်ဆံရဲပေ။
သူက နံပတ်တစ်နေရာကိုရရှိရန်အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အများဆုံးကူညီပေးခဲ့သည်။ ထို့အပြင် ဓားစံအိမ်၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်နေသေးသည်။
ယခုအချိန်မှစ၍ အင်မော်တယ်ဟန်သည် ဓားစံအိမ်တွင် ငြိမ်းချမ်းစွာကျင့်ကြံနိုင်ပြီဖြစ်သည်။ နှစ်ပေါင်းခြောက်ဆယ်အကြာတွင် သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ ဖြစ်လာလိမ့်မည်။
ထို့အပြင် အင်မော်တယ်ဟန်၏ အာခီမီကျွမ်းကျင်မှုသည် ထူးခြားသည်ဟု ပြောကြသည်။
သင်္ဘောပျံပေါ်တွင် မူမိသားစုခေါင်းဆောင်က အင်မော်တယ်ဟန်နှင့် မကြာခဏစကားပြောခဲ့ပြီး အာခီမီဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
မူမိသားစုခေါင်းဆောင်၏ ပြောစကားအရ ဟန်မူယဲ့ကို ပြန်ကောင်းလာစေရန် ကူညီပေးနိုင်သော ဆေးလုံးများရှိသည်။
ဟန်မူယဲ့က မငြင်းခဲ့ပေ။ ယခင်က ထိုဖိတ်ခေါ်ချက်ကို သဘောတူခဲ့ဖူးသည်။
လမ်းတစ်လျှောက်တွင် ဂိုဏ်းအသီးသီးမှကျင့်ကြံသူများ လာရောက်နှုတ်ဆက်ခဲ့သည်။
တချို့က ဟန်မူယဲ့၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သောရတနာများ လက်ဆောင်ပေးခဲ့သည်။ တချို့ကတော့ ဟန်မူယဲ့၏ ဝေယျာဝစ္စများကို ကူညီပေးရန်အတွက် ကြည့်ကောင်းသောတပည့်များ စေလွှတ်ခဲ့သည်။
ဟန်မူယဲ့က ရတနာများကိုလက်ခံထားပြီး ကြည့်ကောင်းသောအမျိုးသားတပည့်များကို ပြန်လွှတ်လိုက်သည်။
ဓားတာအိုတွင် ပါရမီပါသောတပည့်တချို့ကလည်း ဟန်မူယဲ့၏လမ်းညွှန်မှုကို လိုချင်သောကြောင့် ရောက်လာကြသည်။
ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးအချို့ကိုလက်ခံပြီး ဓားနည်းစနစ်၏အားနည်းချက်များကို ရှင်းပြခဲ့သည်။
သင်္ဘောပျံသည် ဂိုဏ်းသို့ပြန်ရောက်ရန်အတွက် နှစ်လကြာသွားခဲ့သည်။
လွန်ခဲ့သောနှစ်လအတွင်း၌ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အင်အားစုအမျိုးမျိုးကို ပြန်လည်စီစဉ်ခဲ့သည်။
ကျားလင်မြစ်ကမ်း၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ပြန်သွားသောအခါတွင် သောင်းချီနေသောကျင့်ကြံသူများက ဦးညွှတ်ပြီး နှုတ်ဆက်ခဲ့သည်။
ထိုအရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းအပေါ်တွင်ထားရှိသော လေးစားမှုဖြစ်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကျင်းကျီက ဆုံးပါးသွားပြီး အင်မော်တယ်ဟန်က ဝိညာဉ်အမြစ်ပျက်စီးသွားလို့ တော်ပါသေးတယ်။ မဟုတ်ရင် နောက်နှစ်တစ်ထောင်အတွင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို တကယ်အုပ်စိုးနိုင်လိမ့်မယ်”
ပျံသန်းသွားသော သင်္ဘောပျံများကိုကြည့်လိုက်ပြီး မြစ်ကမ်းပါးတွင်ရှိသောလူတစ်ယောက်က တီးတိုးပြောသည်။
“ဟူး၊ ဒီတစ်ခေါက် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲက တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။ နောက်ထပ်နှစ်တစ်ရာအတွင်းမှာ ဒီလိုခမ်းနားတဲ့ပွဲမျိုး မရှိလောက်ဘူး” လူတစ်ယောက်က နောင်တများနှင့်အတူ ညင်သာစွာသက်ပြင်းချသည်။
ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် လူအနည်းငယ်သေဆုံးသွားပြီး အကျိုးအမြတ်အများအပြား ရလာခဲ့သည်။
လက်ရွေးစင်တပည့်များသည် တက်ကြွပြီး တိုက်ခိုက်လိုစိတ်များဖြင့်ပြည့်နေသည်။
ထို့ကြောင့် ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ပါးစပ်မစိနိုင်လောက်အောင် ပျော်ရွှင်နေသည်။
“အင်မော်တယ်ဟန်အတွက် နှမြောစရာပဲ။ သက်တူရွယ်တူတွေအားလုံးကို ဖိနှိပ်ထားနိုင်တဲ့ သူ့လိုပါရမီရှင်မျိုးက ပြန်ပြီးကျင့်ကြံနိုင်ရင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ပြိုင်ဘက်ကင်းဖြစ်နေလိမ့်မယ်” လူတစ်ယောက်က တိတ်ဆိတ်စွာပြောသည်။
အင်မော်တယ်ဟန်၏အကျင့်စရိုက်၊ ကိုယ်ဟန်၊ ဗဟုသုတနှင့် ပါရမီတို့သည် အနောက်ဘက်နယ်စပ်ကုန်းမြေကို လွှမ်းမိုးထားနိုင်သည်။
သို့သော် သူက အလွန်ဆုံးဖြတ်ချက်ပြတ်သားပြီး ကျင့်ကြံဆင့်ဆုံးရှုံးရမည်ဆိုလျှင်ပင် ပြင်ပဘုံကျင့်ကြံသူကြီးနှင့် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင့် သူ၏ကျင့်ကြံခြင်း အမှန်တကယ်ဆုံးရှုံးသွားသည်။
ကျားလင်မြစ်ကမ်းတွင် လူအများက ပြုံးလိုက်သည်။
“အားလုံးပဲ အဲဒီကောလဟာလကို မှတ်မိသေးလား”
ရုတ်တရက်ဆိုသလိုပဲ လူတစ်ယောက်က တီးတိုးပြောသည်။ “အင်မော်တယ်ဟန်က တိမ်မြူရွှေကြာပန်းအစေ့ တစ်ရာလောက်ရခဲ့တယ်ဆိုတာလေ”
‘တိမ်မြူရွှေကြာပန်းအစေ့လား’
‘လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းပါရမီကို တစ်ဆင့်မြှင့်ပေးနိုင်တဲ့ရတနာလား’
ကျားလင်းမြစ်ကမ်းပါးတွင် လက်ရွေးစင်တပည့်အများစု၏အပြုံးများ အေးခဲသွားသည်။
‘ငါတို့က အင်မော်တယ်ဟန်ရဲ့ဖိနှိပ်မှုကနေ ရုန်းထွက်နိုင်ခဲ့ပြီလို့ ထင်နေတာလေ’
....
ဆယ်ရက်အကြာတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ သင်္ဘောပျံများပြန်ရောက်လာသည်။
မြေပြင်ပေါ်တွင် လူအချို့က သင်္ဘောပျံ၏နောက်သို့ တိတ်ဆိတ်စွာလိုက်လာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်လာခဲ့သော မိုင်တစ်သောင်းခရီးတွင် ကျင့်ကြံသူတစ်သိန်းခန့် နောက်မှလိုက်လာသည်။
သူတို့အားလုံးက လေးနက်သောမျက်နှာထားဖြင့် တိတ်ဆိတ်နေကြသည်။
“ဒေါင် ....”
“ဒေါင် ....”
“ဒေါင် ....”
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ခေါင်းလောင်းသံက မိုင်တစ်သောင်းအထိ ပျံ့နှံ့သွားသည်။
သင်္ဘောပျံ၏ဦးထိပ်တွင်ရပ်နေသော အဖြူရောင်ဝတ်စုံနှင့်ထို့ပါ့ချန်က လက်နှစ်ဖက်ဖြင့် အဝတ်အစားတစ်စုံကို သယ်ဆောင်ထားသည်။
သူ့နောက်တွင် ဟန်မူယဲ့နှင့်တခြားတပည့်များ ဦးညွှတ်လိုက်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းချုပ်ကျင်းကျီရဲ့ဝိညာဉ်ကို ကြိုဆိုပါတယ်”
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ကျယ်လောင်သောအော်သံထွက်လာသည်။
“ဒေါင် ....”
“ဒေါင် ....”
“ဒေါင် ....”
ခေါင်းလောင်းသံသည် တိုတောင်းပြီး ဝမ်းနည်းဖွယ်ကောင်းသည်။
အံ့ဖွယ်ကိုးပါးတောင်တွင် သူတို့ကိုကြိုဆိုရန်အတွက် အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက် ထွက်ပေါ်လာသည်။
“ဒေါင် ....”
“ဒေါင် ....”
“ဒေါင် ....”
ခေါင်းလောင်းသံသည် ကိုးကြိမ်မြည်ခဲ့သည်။ ဂိုဏ်းချုပ် ကွယ်လွန်သွားခဲ့သည်။
သင်္ဘောပျံသည် အံ့ဖွယ်ကိုးပါးတောင်ဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူနှင့်တပည့်များသည် တောင်ဂိတ်ဝတွင်ရပ်တန့်ပြီး ဦးညွှတ်လိုက်သည်။
အဝတ်အစားတစ်စုံကို ကိုင်ဆောင်ထားသော ထို့ပါ့ချန်က တောင်ဂိတ်ပေါက်ဆီသို့ လျှောက်လှမ်းသွားသည်။
“ကောင်းကင်ထက်မှာရှိတဲ့ဘိုးဘေးတို့၊ ၃၃ယောက်မြောက်ဂိုဏ်းချုပ် ကျင်းကျီက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုဦးဆောင်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ခဲ့တယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်း ဖြစ်လာခဲ့တယ်”
ထို့ပါ့ချန်က ကောင်းကင်ကိုမော့ကြည့်ပြီး အော်ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များရစ်ဝဲလာသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်း
နောက်ဆုံးတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်း ဖြစ်လာခဲ့သည်။
ယနေ့အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မရေမတွက်နိုင်လောက်သောဂိုဏ်းသားများသည် အသက်စွန့်ခဲ့ရသည်။
လူတိုင်းက တောင်ဂိတ်ပေါက်၏ရှေ့တွင် မတ်တပ်ရပ်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဦးညွှတ်လိုက်သည်။
ဂိုဏ်းအကြီးအကဲများက ဝမ်းနည်းနေပုံပေါ်သည်။
ဂိုဏ်းချုပ်ကျင်းကျီသည် ဘဝတစ်လျှောက်လုံး ဂိုဏ်းအတွက်အနစ်နာခံခဲ့ပြီး နောက်ဆုံးတွင် ကွယ်လွန်သွားခဲ့သည်။
သူ့ကြိုးပမ်းမှုများသည် အလကားဖြစ်မသွားခဲ့ပေ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်း ဖြစ်လာခဲ့သည်။
ထို့ပါ့ချန်က ဂိုဏ်းချုပ်၏အဝတ်အစားများကိုကိုင်ထားပြီး တစ်ဘက်သို့လှည့်သည်။
မဟာအကြီးအကဲကျန်းကျစ်ဟယ်က ရှေ့တက်လာသည်။
“ဂိုဏ်းချုပ်ကျင်းကျီ မကွယ်လွန်ခင်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အကြီးအကဲထို့ပါ့ချန်ကို ၃၄ယောက်မြောက်ဂိုဏ်းချုပ်အဖြစ် တင်မြှောက်ပေးဖို့ ညွှန်ကြားသွားခဲ့တယ်”
“ဒီနေ့ကစပြီး သုံးလကြာတဲ့အချိန်မှာ အကြီးအကဲထို့ပါ့ချန်က ဂိုဏ်းချုပ်ရာထူးကို အခမ်းအနားနဲ့အတူ တရားဝင်ရယူလိမ့်မယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအများက ဦးညွှတ်လိုက်ပြန်သည်။