← Chapters

အခန်း (၃၆၉)

Vol. 27 Ch. 369

အခန်း (၃၆၉)

Vol. 27 Ch. 369

“အလယ်ပိုင်းကုန်းမြေရဲ့ အမတ်ချုပ်ကြီးဝမ်က လောကကို တစ်ယောက်တည်းဖိနှိပ်ထားပြီး အလယ်ပိုင်းကုန်းမြေမှာ ကွန်ဖြူးရှပ်တာအိုပြန့်ပွားလာအောင် လုပ်ဆောင်ခဲ့တယ်”

“မင်းက ဘယ်လိုကျင့်ကြံခြင်းလောကမျိုးကို မြင်ချင်တာလဲ။ မင်းမှာ စွမ်းရည်ရှိရင် ပြောင်းလဲနိုင်တယ်”

“ငါက ကျားလင်မြစ်မှာ စောင့်ကြည့်နေခဲ့တယ်။ မင်းက လက်ရွေးစင်တပည့်တွေကို ပြောင်းလဲနိုင်ခဲ့တယ်”

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းလောက ပြောင်းလဲသွားနိုင်ဖို့ ငါလည်းမျှော်လင့်မိတယ်”

ထို့ပါ့ချန်၏မျက်နှာပေါ်တွင် စိတ်ကူးယဉ်မှုများဖြတ်ပြေးသွားသည်။

“ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းဖြစ်နေပြီ။ မင်းနဲ့ငါ ပြုလုပ်လိုက်တဲ့ဆုံးဖြတ်ချက်တွေက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ကျင့်ကြံခြင်းလောကတစ်ခုလုံးကို သက်ရောက်နိုင်တယ်”

“ငါ့ကိုပြောပါ။ မင်းဘာလုပ်ချင်လဲ”

....

ထို့ပါ့ချန်ထွက်သွားသောအခါတွင် ဟန်မူယဲ့က ပြတင်းပေါက်ရှေ့တွင် ရပ်နေခဲ့သည်။

ထို့ပါ့ချန်က သူ့ကို လာရှာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ထို့ပါ့ချန်က အရိုင်းဆန်ပုံပေါ်သော်လည်း သူက အလွန်အသေးစိတ်ကျသည်။

ဂိုဏ်းချုပ်ကျင်းကျီရှိနေစဉ်တွင် ထို့ပါ့ချန်က အသေးစားကိစ္စများကို ဂရုစိုက်ရန်မလိုပေ။ ဂိုဏ်းချုပ်ကျင်းကျီက အရာအားလုံးကို စီမံပေးလိမ့်မည်။

ထို့ပါ့ချန်က အခြေအနေကိုနားလည်ထားပြီး ကျင့်ကြံဆင့်တိုးမြှင့်ရန်ပဲ လိုအပ်သည်။

သို့သော် ယခုအချိန်တွင် ကျင်းကျီက ကွယ်လွန်သွားသောကြောင့် ထို့ပါ့ချန်က အသေးစိတ်ကျသောတစ်ဖက်ခြမ်းကို ထုတ်ပြခဲ့သည်။

“အမှန်အတိုင်းပြောရရင် သူ့အတွက် အတော်လေးခက်ခဲတာပဲ” ဟန်မူယဲ့၏နောက်တွင်ရှိနေသော ကျိုးယွင်လုံက ပြောလိုက်သည်။

ခက်ခဲသည်။

ထို့ပါ့ချန်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာသောအချိန်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာသည်။

အနာဂတ်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဖြစ်ရပ်အားလုံးကို ထို့ပါ့ချန်က တစ်ဦးတည်းထိန်းချုပ်ရလိမ့်မည်။

သို့သော် သူ့ကျင့်ကြံဆင့်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အခြေခံအုတ်မြစ်သည် လိုအပ်နေဆဲဖြစ်သည်။

ထို့ကြောင့် သူက ဟန်မူယဲ့ကို လာတွေ့ခဲ့သည်။

ဟန်မူယဲ့က တခြားလူများနှင့်မတူပေ။

ဟန်မူယဲ့တွင် လောကကို ပြောင်းလဲနိုင်သောစွမ်းအားရှိသည်။

ထို့ပါ့ချန်က ထိုအကြောင်းကို ကျားလင်မြစ်တွင် နားလည်ခဲ့သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေသည် အားနည်းသည်။ တောင်ပိုင်းမိစ္ဆာများသည် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ဆက်တိုက်စိမ့်ဝင်လာလိမ့်မည်။

အကယ်၍ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် လင်တောက်တာအိုဂိုဏ်း၏ခွန်အားမျိုး ရှိမနေလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများက အပေါ်ယံတွင် နာခံမှုရှိသော်လည်း နောက်ကွယ်တွင် ဆန့်ကျင်နေလိမ့်မည်။

ထိုသို့ဖြင့် အရာအားလုံးသည် ယခင်အတိုင်းဖြစ်သွားလိမ့်မည်။

သို့သော် ပြောင်းလဲမှုတစ်ခုရှိလာခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

ထို့ပါ့ချန်က စိတ်ခံစားချက်ကောင်းမွန်စွာ ထွက်သွားခဲ့သည်။

ဟန်မူယဲ့က သူ့ကို ကတိပေးခဲ့သည်။

‘ကြိုးစားကြည့်တာပေါ့’ ဟန်မူယဲ့က တွေးသည်။

“ကျိုးယွင်လုံနဲ့ လေ့ကျင့်ရေးမှူးလင်းက အလယ်ပိုင်းကုန်းမြေရဲ့ ကျင်းချွမ်ကို သွားရမယ်။ ကျင်းချွမ်မှာနေပြီး ဝိညာဉ်ဆေးပင်တွေအားလုံးကို ဝယ်ယူရမယ်”

“တာအိုဆရာတယန်က အရှေ့ပင်လယ်ကို လုကောနဲ့အတူ သွားရမယ်”

ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး လက်ထဲတွင် မီးခိုးရောင်ချီစွမ်းအင်အလင်းနှစ်လုံး ပေါ်လာသည်။

ထိုချီစွမ်းအင်ကို မြင်လိုက်ရသောအခါတွင် ကျိုးယွင်လုံနှင့် တာအိုဆရာတယန်၏မျက်နှာထားက ပြောင်းလဲသွားသည်။

“ဒါက လေဟာနယ်စွမ်းအားလား”

တာအိုဆရာတယန်က အံ့အားသင့်စွာမေးသည်။

“ဒီလေဟာနယ်စွမ်းအားကိုယူပြီး လမ်းကြောင်းအမှတ်အသားအဖြစ် ပြောင်းလဲလိုက်ပါ။ အခုအချိန်ကစပြီး ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကိုအသုံးပြုမယ်”

ဟန်မူယဲ့၏မျက်လုံးများသည် ခိုင်မာနေသည်။ “ငါ့ခွန်အားနဲ့ ကျင့်ကြံခြင်းလောကကို ပြောင်းလဲနိုင်မလား သိချင်တယ်”

သူက ကျင့်ကြံခြင်းလောကကို တစ်ယောက်တည်းအားဖြင့် ပြောင်းလဲချင်သည်။

ထိုသို့ ရဲတင်းသောစကားများကြောင့် ကျိုးယွင်လုံနှင့် တာအိုဆရာတယန်က စိတ်လှုပ်ရှားလာသည်။

သူတို့နှစ်ယောက်က ဦးညွှတ်လိုက်ပြီး လေဟာနယ်စွမ်းအားကိုယူ၍ အောက်ထပ်သို့ လျင်မြန်စွာဆင်းသွားသည်။

”အမ်၊ ငါက ဘာဖြစ်လို့ အရှေ့ပင်လယ်ကိုသွားရတာလဲ။ သေစမ်း၊ ဒါက တကယ့်ကို စမ်းသပ်မှုတစ်ခုပဲ ....” တာအိုဆရာတယန်က လမ်းလျှောက်လျက် ရေရွတ်လိုက်သည်။

သူ့စကားလုံးထဲတွင် တုံ့ဆိုင်းခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ရှိနေသည်။

သူတို့ အောက်ထပ်သို့ရောက်သွားသောအခါတွင် ဟန်မူယဲ့က လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ဝင်္ကပါပြားနှင့် ဓားစံအိမ်၏အစီအရင်က အသက်ဝင်လာသည်။

သူက စားပွဲခုံရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအင်တချို့ ပေါ်ထွက်လာသည်။

သူ့ရှေ့တွင် ရတနာများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ဓားဆေးလုံးများ

သူ့လက်ထဲတွင် ဓားဆေးလုံးခုနစ်လုံးရှိခဲ့သည်။ တင်းချွန်ကန်းဆီမှ နောက်ထပ်သုံးလုံးရလာသောကြောင့် ယခု ဆယ်လုံးရှိနေသည်။

သူက ဓားဘုရင်ယွမ်ထျန်း၏ ဓားဆေးလုံး၄၈လုံးထဲမှ မသိလိုက်ဘဲ ဆယ်လုံးရလာခဲ့သည်။

ဓားဆေးလုံးဆယ်လုံးနှင့် ဓားဝင်္ကပါတည်ဆောက်ပြီး အသုံးပြုနိုင်သောတိုက်ခိုက်နိုင်စွမ်းသည် အဆင့်သစ်သို့ ရောက်သွားခဲ့သည်။

ဓားဆေးလုံးများအပြင် ဟန်မူယဲ့တွင် ရတနာရှစ်မျိုးယုရီ၊ တာအိုဓားနှစ်ခြမ်း၊ ကြေးခွံနက်ငါးမိစ္ဆာများကိုသတ်ဖြတ်ပြီး ရရှိလာသောရတနာများနှင့် တိမ်မြူရွှေကြာပန်းစေ့များလည်း ရှိနေသည်။

ထိုရတနာတစ်ခုချင်းစီသည် ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးကို မုန်တိုင်းထန်သွားစေနိုင်သည်။

သူက တာအိုဓားကို ကြည့်လိုက်သည်။ ဟန်မူယဲ့က ဓားရိုးကို ဆုပ်ကိုင်သည်။

တာအိုဓား၏စွမ်းအားသည် တိုက်ခိုက်နိုင်စွမ်းကို စုစည်းခြင်းဖြစ်သည်။

ဓားအတွင်း၌ရှိသောစွမ်းအားကို အသက်သွင်းလိုက်လျှင် မရေမတွက်နိုင်လောက်သောကျင့်ကြံသူများ ထိန်းချုပ်ထားသည့် ပေတစ်သိန်းရှည်လျားသော ဓားကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ဤဓားသည် သင်္ဘောပျံတစ်ခုနှင့် ပိုတူသည်။

ကံမကောင်းစွာဖြင့် တာအိုဓားသည် တစ်ဝက်ကျိုးနေပြီး စွမ်းအားအများစု ဆုံးရှုံးသွားသည်။

သူက တာအိုဓားကို ပြန်ပြင်ချင်လျှင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏အကူအညီကို လိုအပ်လိမ့်မည်။

ထို့အပြင် ကုန်ကျစရိတ်က အလွန်မြင့်သည်။

သို့သော် တာအိုဓားထဲတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ရတနာအများအပြားကို သိမ်းဆည်းထားသည်။ ရတနာအများစုက ပျက်စီးသွားခဲ့လျှင်ပင် ကျန်ရှိနေသောရတနာများသည် ဟန်မူယဲ့အတွက် ပွပေါက်တိုးခြင်းဖြစ်သည်။

“ဝီ”

သူ့ရှေ့တွင် ဖျတ်ခနဲ ဝိညာဉ်ကျောက်တုံးဆယ်တုံး ပေါ်လာသည်။

သဘာဝစွမ်းအင်အလင်းများ တောက်ပနေပြီး အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးများဖြစ်သည်။

လင်တောက်တာအိုဂိုဏ်း၏ သူတော်စင်ဝမ်ဟွားသည် အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးသုံးတုံးကို အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ရသည်။ ယခု သူ့ရှေ့တွင် အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးဆယ်တုံး ရှိနေသည်။

ဝိညာဉ်ကျောက်တုံးဆယ်တုံးအပြင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဝိညာဉ်သတ္တုများလည်း ရှိနေသည်။

ကံမကောင်စွာဖြင့် ဝိညာဉ်ဆေးပင်နှင့် မှော်ရတနာများအားလုံး ပျက်စီးသွားခဲ့သည်။

ဟန်မူယဲ့က ဓားဆေးလုံးနှင့် တာအိုဓားကို သိမ်းဆည်းလိုက်ပြီး ရတနာများကို တစ်ခုချင်းစီ လေ့လာကြည့်နေသည်။

ကြေးခွံနက်ငါးမိစ္ဆာများ၏ လက်နက်သန့်စင်ခြင်းနည်းစနစ်သည် ထူးဆန်းသည်။ အများစုသည် သွေးသန့်စင်ခြင်းနည်းစနစ်များ ဖြစ်ကြသည်။ ဟန်မူယဲ့က မှတ်ဉာဏ်များမှတစ်ဆင့် ကြမ်းတမ်းသောသတ်ဖြတ်မှုများကို မြင်ခဲ့ရသည်။

ကြေးခွံနက်ငါးမိစ္ဆာများသည် ပြင်ပဘုံမှ ရောက်လာခြင်းဖြစ်သည်။ သူတို့၏ကျင့်ကြံခြင်းနည်းစနစ်သည် များသောအားဖြင့် ကိုယ်ပိုင်ကျင့်ကြံခြင်းတိုးတက်လာစေရန်အတွက် ဝါးမြိုပြီးသတ်ဖြတ်ခြင်းဖြစ်သည်။

ကြေးခွံနက်ငါးမိစ္ဆာများသည် မျိုးပွားနိုင်စွမ်းအလွန်ကောင်းသည်။ သူတို့က နှစ်ထောင်ချီအတွင်း၌ အရှေ့ပင်လယ်ရေထုကို လွှမ်းမိုးပြီး ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် ကြေးခွံနက်ငါးမိစ္ဆာများသည် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများနှင့် ဆက်သွယ်မိပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို ကျူးကျော်ချင်နေသည်။

လင်တောက်တာအိုဂိုဏ်းသည် အလွန်ရဲတင်းပြီး ကြေးခွံနက်ငါးမိစ္ဆာများနှင့် ပူးပေါင်းခဲ့သည်။

သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ကျူးကျော်လာမည့်ငါးမိစ္ဆာများကို ဂရုမစိုက်ခဲ့ပေ။

တိမ်မြူရွှေကြာပန်းစေ့ ၂၀ကျော်ရှိနေသည်။ သို့သော် ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံးကို သန့်စင်ရန်အတွက် ဝိညာဉ်ဆေးပင်တချို့ လိုအပ်နေသည်။

စပါးစိမ်းတောင်ကုန်းမှ ဝိညာဉ်ဆေးပင်အချို့ရောက်လာသည်အထိ ရက်အနည်းငယ်ကြာအောင် စောင့်ရမည်။

စားပွဲပေါ်တွင် မဂ္ဂနိုလီယာသစ်သီးလည်း ရှိနေသည်။ ထိုသစ်သီးက သစ်သားဓာတ်လိုက်ဖက်ညီမှုကို တိုးမြှင့်ပေးနိုင်သော ရတနာဖြစ်သည်။

မြေဓာတ်နှင့်ရေဓာတ် လိုက်ဖက်ညီမှုစွမ်းအားကို ကြုံတွေ့ထားသောကြောင့် ဟန်မူယဲ့က သစ်သီးကိုအသုံးပြုရန်အတွက် အနည်းငယ်နားလည်ထားသည်။

သူက ဆေးလုံးသန့်စင်ရန်အတွက် ဝိညာဉ်ဆေးပင်တချို့ပဲ လိုအပ်နေသည်။

ဟန်မူယဲ့က ရရှိထားသောရတနာများကို ရေတွက်ကြည့်လိုက်ပြီး ပြုံးသည်။

သူက အတော်လေးချမ်းသာနေသည်။

ထိုရတနာများသည် သူ၏ အနာဂတ်ကျင့်ကြံခြင်းကို ထောက်ပံ့ပေးရန် လုံလောက်သည်။

ဟန်မူယဲ့က ရတနာများအားလုံးကို သိမ်းလိုက်ပြီး မျက်နှာထားတည်ငြိမ်သွားသည်။ သူခန္ဓာကိုယ်ပေါ်တွင်ရှိသော အငွေ့အသက်များ ဖြည်းဖြည်းချင်းစုစည်းလာသည်။

“ဘုန်း”

သူ့စိတ်နယ်ပယ်ထဲတွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်လာသည်။

လူသားလောကမန္တန်သည် ရွှေအလင်းအဖြစ်ပြောင်းလဲသွားပြီး ဝိညာဉ်လိပ်ပြာဓားများအားလုံးသည် ချည်မျှင်များဖြစ်သွားသည်။

ထို့နောက် ချီပင်လယ်ထဲတွင် ခရမ်းရောင်လူသားဆန္ဒစွမ်းအားများ လှုပ်ရှားလာသည်။ ဒန်ထျန်အတွင်း၌ရှိသော ချီစွမ်းအင်များသည် ဓားဆန္ဒများနှင့် ပေါင်းစပ်သွားသည်။

သူက ပြန်လည်ကျင့်ကြံမည်ဖြစ်သောကြောင့် သေချာပြုလုပ်သင့်သည်။

လူသားလောကမန္တန်သည် ကွန်ဖြူးရှပ်တာအို၏ ဝိညာဉ်ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။ လူသားလောကစွမ်းအားနှင့် သမာဓိစွမ်းအားသည်လည်း ကွန်ဖြူးရှပ်တာအိုနှင့် သက်ဆိုင်သည်။ ဝိညာဉ်လိပ်ပြာဓား၊ ဓားချီနှင့် ဓားဆန္ဒသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ထိုစွမ်းအင်များသည် နေကိုးစင်းနည်းစနစ်နှင့် သက်ဆိုင်သည်။

ထိုသို့တွေးမိပြီး ဟန်မူယဲ့က နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

သူကျင့်ကြံထားသော အရာအများစုသည် အလယ်ပိုင်းကုန်းမြေမှဖြစ်ပြီး အမတ်ချုပ်ကြီးဝမ် ဖန်တီးထားခဲ့သည်။

‘ငါက အမတ်ချုပ်ကြီးဝမ်ရဲ့ စမ်းသပ်ခံကြွက်လား’

လူသားလောကမန္တန်နှင့် ဝိညာဉ်လိပ်ပြာဓားများ ပေါက်ကွဲသွားသောအချိန်တွင် အလယ်ပိုင်းကုန်းမြေတွင်ရှိသော အမတ်ချုပ်ကြီးဝမ်က ရုတ်တရက် မျက်လုံးဖွင့်သည်။

“ငါ့ကျင့်ကြံခြင်းနဲ့ပတ်သတ်ပြီး ပြဿနာရှိနေတာလား ဒါမှမဟုတ် တစ်ခုခုကို အာရုံခံမိလိုက်တာလား”

အမတ်ချုပ်ကြီးဝမ်က ခေါင်းငုံ့လိုက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် ရှေ့တွင်ရှိသောစာအုပ်ကို ကြည့်သည်။

“သိုင်းပညာနဲ့ ပြည်သူလူထုတာအိုမှာ ဓားကျင့်ကြံသူနဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူက တစ်ယောက်တည်းဖြစ်လာနိုင်မလား”

“နှမြောစရာပဲ ....”

လူသားလောကမန္တန်နှင့် ဓားဆန္ဒများအားလုံး ပေါက်ကွဲသွားသောအချိန်တွင် ဟန်မူယဲ့က ပျောက်ကွယ်သွားသော အချုပ်အနှောင်ကို ခံစားမိသည်။

ထူးခြားသော ခံစားချက်တစ်ခုဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင်ရှိသော စွမ်းအားများသည် ပိုက်ကွန်သဖွယ်ဖြစ်နေသည်ဟု သူခံစားလိုက်ရသည်။ သူက ပိုက်ကွန်ထဲတွင်ပိတ်မိနေပြီး မလွတ်မြောက်နိုင်ခဲ့ပေ။

“ငါသိပြီ ....”

သူကျင့်ကြံခဲ့သောနည်းစနစ်များကို ဖျောက်ကွယ်ပစ်လိုက်ပြီး သန့်စင်သောစွမ်းအားများကိုပဲ ချန်ထားလိုက်သောအခါတွင် ဟန်မူယဲ့က အတားအဆီးများမှ လွတ်မြောက်သွားသည်ဟု ပြောနိုင်သည်။

သူ့ရှေ့တွင်ရှိသောလောကသည် အပြည့်အဝ ကွာခြားနေသည်။

“အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ရဲ့ရှေ့မှာ တာအိုတွေအားလုံးက ကိုယ်တိုင်တည်ဆောက်ထားတာဖြစ်ပြီး ကြိုးစားဖမ်းဆုပ်နေတာမျိုး မဟုတ်ဘူးပဲ”

“ကျွမ်းကျင်သူတွေက နေရာတိုင်းမှာ ကမ္ဘာတွေလိုက်ရှာပြီး တိုက်ခိုက်နေတာ မထူးဆန်းတော့ပါဘူး။ သူတို့က ကိုယ်ပိုင်မဟာတာအိုကို စမ်းသပ်နေတာပဲ”

ကျောင်းတော်သားပုံရိပ်နှင့် နေကိုးစင်းနည်းစနစ်အား ဖန်တီးခဲ့သော ကျင့်ကြံသူကြီးတို့က ကိုယ်ပိုင်မဟာတာအိုကို ပြီးပြည့်စုံစေရန်အတွက် လောကတစ်ခုကို ကျားစေ့နှင့် စမ်းသပ်ခံပစ္စည်းသဖွယ် သဘောထားနေခြင်းဖြစ်သည်။

လောကတွင်ရှိသောလူများက တခြားလူတစ်ယောက်၏တာအိုကို ကျင့်ကြံနေလျှင် ထိုတာအိုအား ဖန်တီးခဲ့သောလူကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။

“အဲဒါကြောင့် ဓားဘုရင်ယွမ်ထျန်းက ထွက်သွားဖို့ရွေးချယ်ခဲ့တာပဲ”

ဟန်မူယဲ့၏မျက်လုံးများ တောက်ပလာသည်။

ဓားဘုရင်ယွမ်ထျန်းက ဓားဆေးလုံးများကိုစွန့်ပစ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားခဲ့သည်။

အမတ်ချုပ်ကြီးဝမ်သည် တခြားကျင့်ကြံခြင်းနည်းစနစ်များကို စွန့်ပစ်ပြီး ကွန်ဖြူးရှပ်တာအိုကိုပဲ ကျင့်ကြံခဲ့သည်။

All Chapters