← Chapters

အခန်း (၃၇၁)

Vol. 27 Ch. 371

အခန်း (၃၇၁)

Vol. 27 Ch. 371

ဟန်မူယဲ့က မငြင်းဘဲ ဟွမ်ကျစ်ဟူကို တောင်ပေါ်တွင် နေခွင့်ပြုလိုက်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာသည်။ ဂိုဏ်းပတ်ဝန်းကျင်ကို သေးငယ်သောကျင်းယန်မြို့လေးက မယှဉ်နိုင်ပေ။

ဟွမ်ကျစ်ဟူအတွက် ကျင်းယန်မြို့ထက် အံ့ဖွယ်ကိုးပါးတောင်တွင်နေထိုင်လျှင် ပိုကောင်းသည်။

သို့သော် သူက ယခုအချိန်တွင် ဟွမ်ကျစ်ဟူကို ဓားစံအိမ်သို့ဝင်ရောက်ရန် သဘောမတူခဲ့ပေ။

ကလေးတစ်ယောက်သည် ဓားစံအိမ်တွင် မည်သည့်အရာလုပ်နိုင်မည်နည်း။

သူက အစီအစဉ်များပြုလုပ်ရန်အတွက် အလျင်မလိုပေ။ ဂုဏ်ပြုပွဲပြီးသွားမှ စီမံလျှင်လည်း နောက်မကျသေးပေ။

ဟန်မူယဲ့က ခြံဝိုင်းထဲမှထွက်လာသောအခါတွင် လူအများအပြားဆီသို့ သွားလည်ခဲ့သည်။

ဥပမာအနေဖြင့် ပွယောင်းသောအဝတ်အစားကို ဝတ်ထားသည့် လအနှစ်သာရဓားဂိုဏ်း၏ သခင်မလေးဝမ်ယွဲ့ဖြစ်သည်။

ထို့အပြင် သူက အဆုံးမဲ့တာအိုဂိုဏ်း၏ သွမ့်ရီဟုန်၊ ရွှမ်ရှန့်တာအိုဂိုဏ်း၏ ဝမ်ရွှမ်ကျိနှင့် တခြားတပည့်များဆီသို့ တစ်ယောက်ပြီးတစ်ယောက် သွားလည်ခဲ့သည်။

သူကျင့်ကြံနေခဲ့သောအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်အများအပြား အလည်လာခဲ့သည်။

သူက ဓားစံအိမ်သို့ပြန်ရောက်လာသောအခါတွင် ညနေသို့ရောက်နေပြီဖြစ်သည်။

“စီနီယာအစ်ကိုဟန်”

ဓားစံအိမ်၏အပေါက်ဝတွင် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ယန်မင်ရွှမ်က ရှေ့တက်လာပြီး ဦးညွှတ်သည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

“မင်းက တကယ်ပဲ အလင်းတောင်ကုန်းဂိုဏ်းရဲ့ခေါင်းဆောင် မလုပ်တော့ဘူးလား”

အလင်းတောင်ကုန်းဓားဂိုဏ်းသည် ယန်မင်ရွှမ်ကို ဂိုဏ်းချုပ်လုပ်ရန်အတွက် တောင်းပန်ခဲ့သည်ဟု ကျန်းမင်က ပြောခဲ့သည်။ သို့သော် ယန်မင်ရွှမ်က ငြင်းဆိုခဲ့သည်။

ထို့ကြောင့် အလင်းတောင်ကုန်းဓားဂိုဏ်းက ထိတ်လန့်သွားသည်။

အဓိကဂိုဏ်းကိုးဂိုဏ်း၏ အောက်ခြေတွင်ရှိသော သူတို့ဂိုဏ်းသည် ခွန်အားမရှိပေ။

ယန်မင်ရွှမ်မရှိလျှင် သူတို့က ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့က ဂိုဏ်းကိုးဂိုဏ်းထဲမှတစ်ဂိုဏ်း ဖြစ်လာလိမ့်မည်ဟု တွေးမထားခဲ့ပေ။

ယခုအချိန်တွင် ယန်မင်ရွှမ်က ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းကို ရယူခဲ့သော်လည်း ဓားစံအိမ်၏ဓားထိန်းတစ်ယောက် ဖြစ်ချင်နေသည်။

ယန်မင်ရွှမ်မရှိလျှင် အလင်းတောင်ကုန်းဓားဂိုဏ်း၏ ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းသည် အပြည့်အဝဆုံးရှုံးသွားလိမ့်မည်။

“ကျွန်တော်က အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့အရှုပ်အထွေးကို ဘာဖြစ်လို့ ကောက်ယူရမှာလဲ” ယန်မင်ရွှမ်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။ “ကျွန်တော်က ဓားစံအိမ်မှာဆိုရင် လွတ်လပ်တယ်လေ”

မှန်သည်။

ယခုအချိန်တွင် အလင်းတောင်ကုန်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ချင်သောလူများသည် အလွန်ဆိုးဝါးသောအခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်။

ယန်မင်ရွှမ်က အံ့ဖွယ်ကိုးပါးတောင်တွင် နေထိုင်ရန်ဆုံးဖြတ်ခဲ့သောကြောင့် လူတိုင်းကို ထိတ်လန့်သွားစေသည်။ သူတို့က အလင်းတောင်ကုန်းဓားဂိုဏ်းပေါ်တွင် အကြံဆိုးများထားရဲတော့မည်မဟုတ်ပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်နေသ၍ အလင်းတောင်ကုန်းဓားဂိုဏ်းသည် ကျရှုံးသွားမည်မဟုတ်ပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူက ဓားစံအိမ်ထဲသို့ဝင်မသွားခင် လူတစ်ယောက်က သူ့ကို ဖိတ်ခေါ်လိုက်သည်။

ကျောက်တုံးသုံးတုံးစံအိမ်၏တပည့်များသည် ခန်းဆောင်အတွင်း၌ တာဝန်ယူထားပြီး ထို့ပါ့ချန်အတွက် သတင်းပို့ပေးလေ့ရှိသည်။

“အကြီးအကဲဟန်၊ အကြီးအကဲထို့ပါ့က ခန်းဆောင်ထဲကို ဖိတ်ခေါ်လိုက်ပါတယ်” အဖြူရောင်ဝတ်စုံနှင့်တပည့်တစ်ယောက်က ကျောက်လှေကားခြေရင်းတွင်ရပ်ပြီး ဦးညွှတ်သည်။

ဟန်မူယဲ့က အဝတ်များကို သပ်ရပ်အောင်လုပ်ပြီး အံ့ဖွယ်ကိုးပါးတောင်ထိပ်တွင်ရှိသော ခန်းဆောင်ဆီသို့ သွားခဲ့သည်။

သူက ခန်းမထဲသို့ရောက်သွားသောအခါတွင် ထို့ပါ့ချန်၊ ဝူကျီးယွမ်နှင့် ကျန်းကျစ်ဟယ်တို့အားလုံး ရှိနေသည်။

ထို့ပါ့ချန်က လက်မြှောက်လိုက်ပြီး ဟန်မူယဲ့ကို ထိုင်ရန်အချက်ပြသည်။ “မင်းက ကျင့်ကြံနေရာကနေ စောစောထွက်လာတာပဲ။ ကောင်းကောင်းကျင့်ကြံခဲ့တာလား”

ခန်းဆောင်ထဲတွင်ရှိသောလူတိုင်းက ဟန်မူယဲ့ကို သေချာကြည့်လိုက်သည်။ သို့သော် သူတို့က ပြောင်းလဲမှုများကို မမြင်နိုင်ခဲ့ပေ။

ကျင့်ကြံခြင်းကိုဖုံးကွယ်ထားနိုင်သော ဟန်မူယဲ့၏စွမ်းရည်သည် အလွန်ထူးခြားသည်။

ဟန်မူယဲ့က ဖုံးကွယ်မထားပေ။ သူ့ကိုယ်ပေါ်တွင် ချီစွမ်းအင်အလင်းများပေါ်လာသည်။

ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်း ပဥ္စမအဆင့်

ဟန်မူယဲ့အတွက် ချီစွမ်းအင်ကျင့်ကြံခြင်းသည် အနိမ့်ဆုံးဖြစ်သည်။

သူ့တိုက်ခိုက်နိုင်စွမ်းကို ချီစွမ်းအင်ကျင့်ကြံခြင်းတစ်ခုတည်းဖြင့် မသတ်မှတ်နိုင်ပေ။

ကျန်းကျစ်ဟယ်က ရယ်လိုက်ပြီးပြောသည်။ “မင်းက ကောင်းကောင်းဖုံးကွယ်ထားမယ်ဆိုတာကို ငါသိတယ်”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ဟန်မူယဲ့သည် ဓားစံအိမ်၏အကြီးအကဲတစ်ယောက်တင်မဟုတ်ဘဲ အနာဂတ်ဂိုဏ်းခေါင်းဆောင်လည်း ဖြစ်သည်။

ဟန်မူယဲ့၏ကျင့်ကြံဆင့်သည် ဆက်ရှိနေဆဲဖြစ်ပြီး ပိုမိုသန့်စင်လာသည်။

ထိုအရာသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတစ်ခုလုံးအတွက် သတင်းကောင်းဖြစ်သည်။

ထို့ပါ့ချန်ကတောင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ယခင်က ကျင်းကျီရှိနေသောကြောင့် ထို့ပါ့ချန်ကို အရာအားလုံးတွင် လမ်းညွှန်ပေးခဲ့သည်။

သို့သော် ဂိုဏ်းချုပ်ကျင်းကျီက ဆုံးပါးသွားခဲ့ပြီး သူက ဂိုဏ်းချုပ်ဖြစ်လာသောအခါ ပါးလွှာသောရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေသည်ဟု ခံစားရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်သည်။ ဂိုဏ်း၏ဆုံးဖြတ်ချက်များသည် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးကို သက်ရောက်နိုင်သည်။

သူက သတိထားရမည်။

“မင်းက ကျင့်ကြံခြင်းပြန်ရလာပြီဆိုတော့ နောက်ကျရင် ဂိုဏ်းအမျိုးမျိုးနဲ့ ပိုပြီးဆက်သွယ်သင့်တယ်” ထို့ပါ့ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။ “အနာဂတ်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မင်းလက်ထဲကို ရောက်လာမှာလေ”

ထိုအရာသည် ကျင်းကျီအသက်ရှိစဉ်က ကတိစကားဖြစ်သည်။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား ထိန်းချုပ်ရမည့်ကိစ္စကို သိပ်ဂရုမစိုက်ပေ။

ယခုအချိန်တွင် သူက ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာတွေ့သွားပြီဖြစ်သောကြောင့် စွမ်းအားသည် သူနှင့်အတူ အမြဲရှိနေလိမ့်မည်။

သို့သော် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ရှိသော သူ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သူက အကြောင်းပြချက်မရှိဘဲ တခြားလူ၏လက်ထဲသို့ မထည့်နိုင်ပေ။

“ဂိုဏ်းတွေနဲ့ဆက်သွယ်ဖို့က လွယ်ပါတယ်” ဟန်မူယဲ့က ထို့ပါ့ချန်ကိုကြည့်လိုက်ပြီး ပြောသည်။ “ဓားစံအိမ်က ဆုလာဘ်အနေနဲ့ ဓားတချို့ထုတ်ပေးလိုက်မယ်။ ဂိုဏ်းတွေရဲ့ လူငယ်ကျွမ်းကျင်သူတွေက မိတ်ဖြစ်ဆွေဖြစ် တိုက်ခိုက်နိုင်တယ်”

“အနိုင်ရသူတွေကို ဂုဏ်ပြုပွဲမတိုင်ခင်မှာ ဆုံးဖြတ်သင့်တယ်။ ဂိုဏ်းချုပ်က ဆုလာဘ်ကို ကိုယ်တိုင်ချီးမြှင့်သင့်တယ်”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ထို့ပါ့ချန်၏မျက်လုံးများ တောက်ပသွားသည်။ “ဒါက အကြံကောင်းပဲ”

ဘေးတွင် ဝူကျီးယွမ်က မျက်မှောင်ကြုတ်သည်။ “အကြံက ကောင်းပါတယ်။ ဒါပေမဲ့ သာမန်ဓားတွေဆိုရင် လက်ရွေးစင်တပည့်တွေက စိတ်ဝင်စားမှာမဟုတ်ဘူး။၊ ပြီးတော့ ....”

သူက ခဏရပ်လိုက်ပြီး ညင်သာစွာပြောသည်။ “ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က လိုအပ်နေသေးတယ်။ ဒီလိုပြိုင်ပွဲမျိုးကို ကျင်းပနိုင်မယ်မထင်ဘူး”

ဟန်မူယဲ့က ဝူကျီးယွမ်ပြောချင်သောစကားကို နားလည်သည်။

အစစ်အမှန်ရတနာများကို ထုတ်ပေးလိုက်လျှင် ရင်နာရသည်။

ဓားစံအိမ်ထဲတွင် ရတနာအများအပြားမရှိပေ။

အကယ်၍ ပစ္စည်းကောင်းများထုတ်မပေးလျှင်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စိတ်ရင်းကိုပြသနိုင်ခြင်းမရှိဘဲ စီးပွားရေးအခြေအနေဆိုးဝါးနေသည်ဟု ထင်သွားလိမ့်မည်။

ထို့အပြင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိနေသောကြောင့် ပြိုင်ပွဲကို ကိုယ်တိုင်ကြီးကြပ်ပေးရမည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်မရှိလျှင် ဝူကျီးယွမ်နှင့် ကျန်းကျစ်ဟယ်တို့က လက်ရွေးစင်တပည့်များကြားရှိတိုက်ပွဲကို ဖိနှိပ်နိုင်သည်ဟု မပြောရဲပေ။

အကယ်၍ သူတို့က တိုက်ပွဲကို မဖိနှိပ်နိုင်ခဲ့လျှင် အရှက်ရစရာဖြစ်သွားလိမ့်မည်။

“ဒါက ရတနာတစ်ခုပါပဲ။ နှမြောမနေပါနဲ့။ အကြီးအကဲတို့၊ ဝှက်ဖဲတွေထုတ်လိုက်ကြပါ” ဟန်မူယဲ့က ဝူကျီးယွမ်ကိုကြည့်လိုက်ပြီး ပြုံးသည်။

ဝူကျီးယန်က ရှက်သွားပြီး ရေရွတ်လိုက်သည်။ “ငါက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခု ထုတ်ပေးနိုင်တယ် ....”

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ဝူကျီးယွမ်အတွက် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခု ထုတ်ပေးရခြင်းသည် အသားစိုင်ကိုဖြတ်တောက်ခြင်းနှင့် တူညီသည်။

လူတိုင်းသည် ဟန်မူယဲ့ကဲ့သို့ မချမ်းသာပေ။

“ငါ့လက်ထဲမှာ အလယ်အလတ်အဆင့်ဓားနှစ်လက်ရှိတယ်။ အဲ့ဒီဓားနှစ်လက်ကို ထုတ်ပေးနိုင်တယ်” ထို့ပါ့ချန်က တီးတိုးပြောသည်။

ကျန်းကျစ်ဟယ်က အားတင်းပြုံးလိုက်ပြီး ပြောသည်။ “ငါ့မှာ အဆင့်နိမ့်လက်နက် နှစ်ခုပဲရှိတယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “ဒါက လုံလောက်ပါတယ်”

သူ့ထံတွင် မိစ္ဆာများဆီမှ ရရှိလာသော ဝိညာဉ်လက်နက်များနှင့် မူလမီးတောက်ကမ္ဘာ၏ ရတနာများလည်း ရှိနေသေးသည်။ အမှန်အတိုင်းပြောရလျှင် သူ့တွင် ဆုပေးရမည့်ပစ္စည်းများ လိုအပ်မနေပေ။ သူက ထို့ပါ့ချန်တို့ဆီမှ ညှစ်ထုတ်လိုခြင်းဖြစ်သည်။

ဓားစံအိမ်က အရာအားလုံးကို ဖြည့်ဆည်းပေးရန် မဖြစ်နိုင်ပေ။

“ပြိုင်ပွဲကိုကြီးကြပ်ဖို့အတွက်ကတော့” ဟန်မူယဲ့က ဂုဏ်ယူစွာပြောသည်။ “အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ကျွမ်းကျင်သူတွေက လုံလောက်ပါတယ်”

‘ကျွမ်းကျင်သူတွေလား’

‘ကျွမ်းကျင်သူတွေက ဘယ်ကနေရောက်လာမှာလဲ’

“ဒီပြိုင်ပွဲကို မူလမီးတောက်ကမ္ဘာမှာ ကျင်းပမယ်” ဟန်မူယဲ့က ထို့ပါ့ဟန်နှင့် ကျန်းကျစ်ဟယ်ကိုကြည့်လိုက်ပြီး ပြောသည်။ “အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းအနေနဲ့ မူလမီးတောက်ကမ္ဘာကို ဝေမျှလိုက်ရင်လည်း ဘာမှထိခိုက်မသွားပါဘူး”

‘မူလမီးတောက်ကမ္ဘာကို ဝေမျှရမှာလား’

ဝူကျီးယွမ်က စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ပြောလိုက်သည်။ “ခေါင်းဆောင်တောက်ရင်ရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားလို့မရတော့ဘူး။ သူက ကောင်းကင်ဘုံအဆင့်ကို ရောက်သွားတော့မယ်”

“သူအဆင့်တက်သွားတဲ့အချိန်မှာ မူလမီးတောက်ကမ္ဘာကို စောင့်ကြပ်ဖို့မဖြစ်နိုင်တော့ဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မူလမီးတောက်ကမ္ဘာကို ကာကွယ်နိုင်တော့မှာမဟုတ်ဘူး”

ဝူကျီးယွမ်က ပါးစပ်အဟောင်းသားဖြစ်နေပြီး နေရာမှာတင် ကြောင်အစွာရပ်နေသည်။

ကျန်းကျစ်ဟယ်က ခဏတာငေးကြောင်သွားပြီး စိုးရိမ်နေသောမျက်နှာထားမှ ပျော်ရွှင်နေသောမျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။

ခဏအကြာတွင် သူက သက်ပြင်းချသည်။ “ကြည့်ရတာ ဒီလိုပဲလုပ်ရတော့မယ်ထင်တယ်”

ခေါင်းဆောင်တောက်ရင်၏ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းအရ ပြိုင်ပွဲကိုကြီးကြပ်ပေးရန် လွယ်ကူသည်။

ခေါင်းဆောင်တောက်ရင်သည် ကောင်းကင်ဘုံအဆင့်သို့ရောက်သွားပြီး ပြန်လာလိမ့်မည်။ ထိုကိစ္စသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ပျော်ရွှင်ဖွယ်ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ နှစ်ယောက်ရှိလာလိမ့်မည်။ ထိုသို့ဆိုလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေကိုဖိနှိပ်ရန် ပြဿနာမရှိတော့ပေ။

သို့သော် မူလမီးတာက်ကမ္ဘာမှ ခေါင်းဆောင်တောက်ရင်ထွက်လာလျှင် မူလမီးတောက်ကမ္ဘာကို ကာကွယ်ပေးမည့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ မရှိတော့ပေ။

ခေါင်းဆောင်တောက်ရင်သည် ဓားစွမ်းအားကို နားလည်ထားပြီး မီးမျိုးဆက်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူက မူလမီးတောက်ကမ္ဘာမှ ကောင်းကင်တာအို၏ ထောက်ပံ့မှုကိုလည်း ရထားသည်။ သူက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ကိုတောင် ခုခံနိုင်သည်။

ကျန်းကျစ်ဟယ်နှင့် ဝူကျီးယွမ်တို့ကလည်း ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများ ဖြစ်နေသော်လည်း ခေါင်းဆောင်တောက်ရင်ထက် အားနည်းသည်။

“မူလမီးတောက်ကမ္ဘာအတွက်လမ်းကြောင်းက အဝေးမှာရှိနေတဲ့ နေမင်းရောင်ဝါနန်းတော်ဟောင်းမှာပဲ ....” ဝူကျီးယွမ်က မျက်မှောင်ကြုတ်သည်။

“ကျွန်တော့်မှာ မူလမီးတောက်မ္ဘာနဲ့ အံ့ဖွယ်ကိုးပါးတောင်ကို ဆက်သွယ်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုရှိတယ်” ဟန်မူယဲ့က သူ၏ နောက်ဆုံးပူပန်မှုကို ပယ်ဖျက်ခဲ့သည်။

သူ့ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းသည် ဆက်လက်တိုးတက်လာမည်ဖြစ်သည်။ သူက နည်းလမ်းအချို့ကို ဖုံးကွယ်ထားရန်မလိုတော့ပေ။

ဟန်မူယဲ့က မူလမီးတောက်မ္ဘာနှင့် အံ့ဖွယ်ကိုးပါးတောင်ကို ဆက်သွယ်နိုင်သည်ဟု ပြောလိုက်သောအခါတွင် ထို့ပါ့ချန်တို့၏မျက်နှာထားက ထူးဆန်းသွားသည်။

ထိုနည်းလမ်းမျိုးကို သာမန်လူများ မလုပ်ဆောင်နိုင်ပေ။

သို့သော် တွေးကြည့်လိုက်လျှင် ဟန်မူယဲ့သည် သာမန်လူတစ်ယောက် မဟုတ်ခဲ့ပေ။

ရက်အနည်းငယ်အကြာတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တပည့်များ၏ပြိုင်ပွဲကို ကြေညာလိုက်ပြီး မရေမတွက်နိုင်သောလူများကို အာရုံစိုက်လာစေသည်။

အထူးသဖြင့် ပြိုင်ပွဲကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လျှို့ဝှက်နယ်မြေတွင် ကျင်းပမည်ဟု ကြေညာခဲ့သောကြောင့် လူများ၏အတွေးကို အရိုင်းဆန်သွားစေသည်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်တွင် ဟန်မူယဲ့သည် ဟွမ်ကျစ်ဟူနှင့်အတူ အံ့ဖွယ်ကိုပါးတောင်အနှံ့ လျှောက်သွားနေခဲ့သည်။

All Chapters