← Chapters

အခန်း (၃၇၄)

Vol. 27 Ch. 374

အခန်း (၃၇၄)

Vol. 27 Ch. 374

ဟန်မူယဲ့က တောင်ပံခတ်လိုက်ပြီး ခေါင်းဆောင်တောက်ရင်၏ရှေ့သို့ ရောက်လာသည်။

“ခေါင်းဆောင်၊ စိတ်အေးအေးထားပြီး အဆင့်တက်လိုက်ပါ။ ကျန်တာကို ကျွန်တော့်တာဝန်ထားလိုက်”

သူ့နောက်ကျောတွင်ရှိသောဓားအိမ်ထဲမှ အစိမ်းရောင်နှင့်ခရမ်းရောင်ဓားနှစ်လက်ကို ထုတ်ယူသည်။ အာကာသထဲတွင် ဓားအလင်းများတောက်ပလာသည်။

သူက အစိမ်းရောင်ကံကြမ္မာဓားနှင့် ခရမ်းရောင်မီးတောက်ဓားတို့ကို ဝိညာဉ်အဆင့်သို့ရောက်သည်အထိ ပျိုးထောင်ခဲ့သည်။ သူတို့၏အန္တရယ်ပေးနိုင်စွမ်းသည် လုံလောက်မှုမရှိသော်လည်း သာမန်ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရန် လုံလောက်သည်။

“ကောင်လေးဟန်၊ မင်းလုပ်နိုင်လို့လား” ခေါင်းဆောင်တောက်ရင်က အပြုံးတစ်ခုနှင့်အတူ မေးသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးကြောင်းများသွယ်ယှက်နေပြီး မီးတောက်များပျံ့နှံ့လာသည်။

ဟန်မူယဲ့က သူ့ကိုလှည့်ကြည့်သည်။

“ရွှပ် ....”

ဓားအလင်းပေါက်ကွဲသွားသည်။ ကံကြမ္မာဓားက အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ သွေးနီရောင်အလင်းကို ထိုးဖောက်လိုက်သည်။ ခရမ်းရောင်မီးတောက်ဓားက ဖျတ်ခနဲပျောက်ကွယ်သွားပြီး မီးခိုးရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ ဘယ်ဘက်လက်မောင်းအောက်တွင် ပေါ်လာသည်။

“ကောင်းတယ်”

မီးခိုးရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်က လက်ထဲတွင်ရှိသောကျောက်စိမ်းပြားနှင့် ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းကို ကာကွယ်လိုက်သည်။ ခရမ်းရောင်မီးတောက်ဓားက ကျောက်စိမ်းပြားနှင့်တိုက်မိသွားပြီး အလင်းများပေါက်ကွဲထွက်လာသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ခရမ်းရောင်မီးတောက်ဓားကို ပြန်ခေါ်သည်။ သူက အစိမ်းရောင်ကံကြမ္မာဓားကိုလည်း ကိုင်ထားပြီး လှုပ်ရှားလိုက်သည်။ သူ့နောက်ကျောတွင်ရှိသော အလင်းတောင်ပံများသည် အနည်းငယ်တုန်ခါသွားခဲ့သည်။ သူပြန်ပေါ်လာသောအခါတွင် အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ ကျောဘက်ပေသုံးဆယ်အကွာသို့ ရောက်နေသည်။

လေဟာနယ်ထဲတွင် ပေသုံးဆယ်အကွာအဝေးသည် အလွန်အန္တရာယ်များသောအခြေအနေဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏မျက်နှာသည် ဖြူဖျော့သွားသည်။ အနက်ရောင်အရိပ်တစ်ခု ပေါက်ကွဲသွားပြီး ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။

“သတိထား”

သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သောအချိန်တွင် မီးခိုးရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ သတိပေးသံကို ကြားလိုက်ရသည်။

အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်က မသိစိတ်အလျောက် အလင်းလွှာတစ်ခုဖန်တီးပြီး ခန္ဓာကိုယ်ကို ကာကွယ်ခဲ့သည်။

အလင်းလွှာပေါ်ထွက်လာသောအချိန်တွင် ခရမ်းရောင်မီးတောက်ဓားက သူ့ဘေးတွင်ပေါ်လာသည်။

“ရွှပ် ....”

ဓားအလင်းသည် အလင်းလွှာကို စက္ကူတစ်ရွက်ကဲ့သို့ ထိုးခွဲသွားပြီး အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ ခန္ဓာကိုယ်ကိုထိုးဖောက်၍ နှလုံးသားဆီသို့ ဦးတည်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်က နာကျင်သွားပုံပေါ်သည်။ သူက အံတင်းတင်းကြိတ်ထားပြီး ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ကြမ်းတမ်းသောအငွေ့အသက်များ ပေါ်ထွက်လာသည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်တာလား” ဟန်မူယဲ့က ရေရွတ်လိုက်သည်။ သူက လက်ချောင်းလေးကို လှုပ်ရှားလိုက်သောအခါတွင် ခရမ်းရောင်မီးတောက်ဓားက ညင်သာစွာတွန့်လိမ်သွားသည်။

အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး ချီစွမ်းအင်အလင်းများ ပျောက်ကွယ်သွားသည်။

ဓားအလင်းသည် ချီပင်လယ်ထဲသို့ရောက်သွားပြီး ကျောက်စိမ်းအရိုးကို ဖြတ်တောက်လိုက်သောကြောင့် ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲနိုင်တော့ပေ။

“ဝှစ် ....”

အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ခေါင်းထဲမှ တစ်ပေရှည်သောပုံရိပ်လေးတစ်ခု ထွက်ပေါ်လာပြီး ထွက်ပြေးသွားသည်။

ဝိညာဉ်သူငယ်

အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်တွင် ထူးခြားသောနည်းလမ်းများရှိသည်။ သူက ဝိညာဉ်သူငယ် အသတ်မခံရစေရန်အတွက် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပြီး ဟန်မူယဲ့ကို မျှားခေါ်ခဲ့သည်။ ထို့နောက် အခွင့်အရေးယူပြီး ထွက်ပြေးသွားခဲ့သည်။

မီးခိုးရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်က ထိတ်လန့်သွားသည်။ သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ ဝိညာဉ်သူငယ်နောက်သို့ လိုက်သွားသည်။

အာကာသထဲတွင် မရေမတွက်နိုင်လောက်သောအန္တရာယ်များရှိသည်။ ဝိညာဉ်သူငယ်က ခန္ဓာကိုယ်ထဲမှထွက်သွားပြီး လေဟာနယ်ထဲတွင်လျှောက်သွားနေလျှင် ရွေတုံးတစ်တုံးကိုင်ထားသော သုံးနှစ်အရွယ်ကလေးတစ်ယောက်က ဓားပြအသိုက်ထဲသို့ ဝင်သွားသလို ဖြစ်နေမည်။

ထိုအရာသည် သေလမ်းရှာခြင်းဖြစ်သည်။

ဟန်မူယဲ့ရောက်လာပြီး အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏ ဝိညာဉ်သူငယ်ထွက်ပြေးသွားသည်အထိ အသက်ဆယ်ခါရှုကြိမ်ပဲ ကြာခဲ့သည်။

သူက အသက်ဆယ်ခါရှုကြိမ်အတွင်း၌ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ဦးကို ဓားနှစ်လက်ဖြင့် အနိုင်ယူခဲ့သည်။

နောက်တွင် ကောင်းကင်ကပ်ဘေးဖြတ်ကျော်နေသော ခေါင်းဆောင်တောက်ရင်က စိတ်လွတ်သွားတော့မည်ဟု ခံစားလိုက်ရသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ သူ့ကိုလှည့်ကြည့်သည်။

တိုက်ခိုက်မှုသည် ရိုးရှင်းပုံပေါ်သော်လည်း သူအသုံးပြုခဲ့သောစွမ်းအားများသည် မရိုးရှင်းပေ။

ကောင်းကင်ကြိုးကြာတောင်ပံ၏ အမြန်နှုန်း၊ ထူးခြားသော အနီးကပ်တိုက်ခိုက်ခြင်းဓားနည်းစနစ်၊ အသစ်ကျင့်ကြံထားသော အံ့ဖွယ်အနှစ်သာရ တာအိုနည်းစနစ်။

ဝိညာဉ်လိပ်ပြာဓား၊ လူသားဆန္ဒနှင့် သမာဓိစွမ်းအားများကို ပေါင်းစပ်လိုက်သောအခါတွင် မန္တန်အမျိုးမျိုးနှင့် မိစ္ဆာစွမ်းအင်များကို ချိုးဖျက်နိုင်သည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏တိုက်ခိုက်မှုကို ကာကွယ်နိုင်သော အကာအကွယ်အလင်းသည် အံ့ဖွယ်အနှစ်သာရ တာအိုနည်းစနစ်၏ရှေ့တွင် စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် မီးခိုးရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်က ထွက်ပြေးသွားခြင်းဖြစ်သည်။

ကောင်းကင်ဘုံအဆင့်စွမ်းအားသည် သူ့ကို ကာကွယ်မပေးနိုင်ပေ။ သူထွက်မပြေးလျှင် သေသွားလိမ့်မည်။

“ဘုန်း”

မိုးကြိုးများကျဆင်းလာပြီး ခေါင်းဆောင်တောက်ရင်ကို လွှမ်းခြုံလိုက်သည်။

“အချိန်ကိုက်ပဲ”

ခေါင်းဆောင်တောက်ရင်က ခေါင်းမော့ပြီးရယ်မောသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသောမီးနဂါးသည် မိုးကြိုးနှင့်ရင်ဆိုင်လိုက်ပြီး ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့က မိုးကြိုးကို လိုချင်နေသော်လည်း ခွေသားရဲ၏သားရေကိုထုတ်ပြီး စုပ်ယူရန်အတွက် အနည်းငယ်ရှက်ရွံ့နေသည်။

ထိုမိုးကြိုးသည် ကပ်ဘေးဖြစ်သော်လည်း ခေါင်းဆောင်တောက်ရင်၏ ကျောက်စိမ်းအရိုးများကိုသန့်စင်ရန် အခွင့်ကောင်းတစ်ခုဖြစ်သည်။

ဟန်မူယဲ့က သိပ်မဝေးသောနေရာတွင်ရပ်နေပြီး မိုးကြိုးများနှင့်ရင်ဆိုင်၍ ခန္ဓာကိုယ်ထဲသို့ မိုးကြိုးများစီးဝင်လာသော ခေါင်းဆောင်တောက်ရင်ကို ကြည့်နေသည်။

ထိုလူအိုကြီး၏ စွမ်းအင်စုဆောင်းမှုသည် အလွန်နက်ရှိုင်းသည်။

တခြားကျင့်ကြံသူများအတွက် မိုးကြိုးကပ်ဘေးသည် ခုခံရန်ခက်ခဲသော်လည်း ခေါင်းဆောင်တောက်ရင်က မိုးကြိုးကပ်ဘေးကို ခုခံနိုင်သည့်အပြင် မိုးကြိုးများကိုလည်း ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းနေသည်။

ခေါင်းဆောင်တောက်ရင်၏ ကောင်းကင်ဘုံပထမအဆင့်သည် တခြားကျင့်ကြံသူများထက် အဆပေါင်းများစွာသန်မာလိမ့်မည်။

သူ့ခေါင်းပေါ်တွင် ပုံရိပ်ယောင်လေးတစ်ခုပေါ်လာသောအခါ ကောင်းကင်ထက်တွင်ရှိသောမိုးကြိုးများ ဖြည်းးဖြည်းချင်းပျောက်ကွယ်သွားသည်။

“ကောင်းကင်ဘုံအဆင့် ....”

ခေါင်းဆောင်တောက်ရင်က လေဟာနယ်ထဲတွင်ရပ်နေပြီး လက်သီးဆုပ်၍ သက်ပြင်းချသည်။

လူသားအဆင့်၊ ကမ္ဘာမြေအဆင့်၊ ကောင်းကင်ဘုံအဆင့်

ကျင့်ကြံခြင်းလောကတွင် ကောင်းကင်ဘုံအဆင့်သည် အသန်မာဆုံးအဆင့်ဖြစ်သည်။ ထိုအဆင့်သည် သာမန်လူသားအဖြစ်မှ အမှန်တကယ်ကွဲထွက်သွားသောအဆင့်လည်း ဖြစ်သည်။

ထိုအဆင့်သည် မြင့်မြတ်ပြီးခမ်းနားသော ထာဝရရှင်သန်ခြင်းကို ရှာဖွေရန်အတွက် စတင်ခြင်းဖြစ်သည်။

ဝိညာဉ်သူငယ်ကို စုစည်းနိုင်မှ ထာဝရရှင်သန်ခြင်းကိုစိတ်ကူးယဉ်ရန် အဆင့်မီသည်။

“ခေါင်းဆောင်၊ အခုပြန်မသွားရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဂုဏ်ပြုပွဲက ပြီးသွားလိမ့်မယ်”

“ခေါင်းဆောင်က ဂုဏ်ပြုပွဲမှာပေါ်မလာရင် ဂိုဏ်းချုပ်ထို့ပါ့ချန်က ခေါင်းဆောင်ကို တစ်သက်လုံးမုန်းသွားလိမ့်မယ်”

ဟန်မူယဲ့က စကားပြောလိုက်ပြီး လက်မြှောက်၍ တံခါးတစ်ချပ်ဖန်တီးသည်။

ခေါင်းဆောင်တောက်ရင်က ကောင်းကင်ဘုံအဆင့်သို့တက်ရောက်ရန်အတွက် အချိန်ယူခဲ့ရသည်။ သူတို့ ယခုအချိန်မှာ ပြန်မသွားခဲ့လျှင် ဂုဏ်ပြုပွဲသို့ အချိန်မီရောက်နိုင်မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် ချိပ်စည်းအမိန့်၏ တာအိုအမှတ်အသားကြောင့် ဟန်မူယဲ့က လေဟာနယ်ထဲမှတစ်ဆင့် အံ့ဖွယ်ကိုးပါးတောင်သို့ တိုက်ရိုက်ပြန်သွားနိုင်သည်။

ခေါင်းဆောက်တောက်ရင်က နှစ်ပေါင်းများစွာကြာအောင်စောင့်ကြပ်ခဲ့သော မူလမီးတောက်ကမ္ဘာကို ငုံ့ကြည့်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး တံခါးထဲသို့ဝင်သွားသည်။

သူက ကောင်းကင်ဘုံအဆင့် ဝိညာဉ်သူငယ်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့သည်။ အနာဂတ်တွင် မူလမီးတောက်ကမ္ဘာသို့ ခြေမချနိုင်တော့ပေ။

သူတို့နှစ်ယောက်က အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်အပြင်ဘက်တွင် ပြန်ပေါ်လာသည်။

“ဒေါင် ....”

အဝေးတစ်နေရာတွင် အံ့ဖွယ်ကိုးပါးတောင်ထိပ်မှ ခေါင်းလောင်းသံမြည်လာသည်။

“ခေါင်းဆောင်တောက်ရင်၊ အကြီးအကဲဟန်၊ နောက်ဆုံးတော့ ပြန်လာခဲ့ပြီ” ဓားစံအိမ်၏အရှေ့တွင် ငိုချတော့မည့်မျက်နှာထားဖြင့် အဖြူရောင်ဝတ်စုံများနှင့် အတွင်းစည်းတပည့်များရှိနေသည်။

သူတို့က ဤနေရာသို့ မကြာခဏလာခဲ့ရသည်။

ဟန်မူယဲ့နှင့်ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ပြလိုက်ပြီး ဓားစံအိမ်ထဲသို့ ပျံဝင်သွားသည်။ သူတို့က အပြင်စည်းအဝတ်အစားများကို ဂုဏ်ပြုပွဲအတွက် ခရမ်းရောင်အဝတ်အစားနှင့်လဲလိုက်ပြီး အံ့ဖွယ်ကိုးပါးတောင်ထိပ်ရှိခန်းဆောင်ဆီသို့ တစ်ဟုန်ထိုးပြေးသွားခဲ့သည်။

သူတို့က တောင်ထိပ်သို့ရောက်လာသောအခါတွင် ခန်းဆောင်၏အပြင်ဘက်၌ ဂုဏ်ပြုပွဲကိုကြည့်ရှုရန်အတွက် ရောက်လာကြသော ဂိုဏ်းအသီးသီး၏ အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့်ပြည့်နေကြောင်း မြင်လိုက်ရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် ခန်းဆောင်နှင့်တောင်အောက်ခြေအထိ ဆက်သွယ်ထားသောလှေကားထစ်များပေါ်တွင် ရှိနေသည်။

တောင်ခြေတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လက်အောက်ခံဂိုဏ်းများမှ သတင်းကြားခဲ့သောကြောင့် ရောက်လာသော မရေမတွက်နိုင်လောက်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများရှိနေသည်။

ထိုဖြစ်ရပ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ နံပတ်တစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆက်ခံပွဲအတွက် ပုံမှန်ပင်ဖြစ်သည်။

ခန်းဆောင်၏အထက်ရှိ တိမ်တိုက်များပေါ်တွင် ခရမ်းရောင်ဝတ်စုံနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အကြီးအကဲများက လေးနက်စွာ အတန်းလိုက်ရပ်နေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ရွှေအမြုတေအဆင့်နှင့် ဝိညာဉ်နိုးထခြင်းအဆင့်ကျင့်ကြံသူများကိုပဲ ဂိုဏ်းခွဲမှူးနှင့် အကြီးအကဲများအဖြစ် သတ်မှတ်နိုင်သည်။ ရာချီနေသော ခရမ်းရောင်ဝတ်စုံနှင့်လူများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အစစ်အမှန်ခွန်အားဖြစ်သည်။

“ဒါက အတော်လေးအထင်ကြီးစရာကောင်းတာပဲ” ခေါင်းဆောင်တောက်ရင်က အောက်တွင်ရှိသောကျင့်ကြံသူများကို ငုံ့ကြည့်လိုက်ပြီး ပြုံးသည်။

သူ့စကားကြောင့် ဝိညာဉ်နိုးထခြင်းဆဌမအဆင့်ဂိုဏ်းခွဲမှူးတစ်ယောက်က နောက်သို့လှည့်ကြည့်လိုက်သည်။

“ခေါင်းဆောင် ....”

ခေါင်းဆောင်တောက်ရင်၏အကြည့်ကြောင့် ထိုဂိုဏ်းခွဲမှူးက ရပ်တန့်သွားသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

ရှေ့ဆုံးတွင် တာအိုတန်ခိုးရှင်လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ဖြင့် ခရမ်းရောင်ပိုးသားစာအုပ်ကို ကိုင်ထားပြီး တစ်ခုခုရွတ်ဆိုနေသည်။

ရွှေသရဖူနှင့် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသောထို့ပါ့ချန်က လူအိုကြီး၏ရှေ့တွင် လေးနက်စွာရပ်နေသည်။

လေပြင်းများတိုက်ခတ်လာသည်။ တာအိုတန်ခိုးရှင်လူအိုကြီး၏ ရွတ်ဆိုမှုသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို လှုပ်ရှားလာစေသည်။

ထိုအချိန်တွင် ခေါင်းမော့ကြည့်လိုက်လျှင် အံ့ဖွယ်ကိုးပါးတောင်ပေါ်သို့ဆင်းသက်လာသော မရေမတွက်နိုင်သည့် ပုံရိပ်ယောင်လူရိပ်များကို မြင်နိုင်သည်။

ထိုပုံရိပ်များသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကောင်းချီးပေးခဲ့သော မျိုးဆက်အသီးသီး၏ သူရဲကောင်းဝိညာဉ်များဖြစ်လိမ့်မည်။

“အခမ်းအနားပွဲ ပြီးဆုံးသွားပြီ ....”

“ပူဇော်မှုပြုလုပ်ပါ ....”

ထို့ပါ့ချန်က အမွှေးတိုင်တစ်ချောင်းကိုင်ထားပြီး ကောင်းကင်ကို ဦးညွှတ်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ၃၄ယောက်မြောက်ဂိုဏ်းချုပ် ထို့ပါ့ချန်က လောကကို ပူဇော်ပါတယ်”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းကင်နဲ့မြေကြီးရဲ့တာအိုကို စောင့်ရှောက်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းလောကကို ကာကွယ်ပါ့မယ်။ ကျင့်ကြံခြင်းလောက တိုးတက်လာစေဖို့အတွက် အကျိုးဆောင်ပေးပါ့မယ်”

ထို့ပါ့ချန်၏အသံသည် ပဲ့တင်ထပ်သွားခဲ့သည်။

သာမန်မျက်လုံးဖြင့်မြင်နိုင်သော ချီစွမ်းအင်အလင်းများ ဆင်းသက်လာပုံပေါ်သည်။

“ဒါက မျှော်လင့်ချက်စွမ်းအားတစ်မျိုးလား” ဟန်မူယဲ့က ရှေ့တွင်ရှိသော ရွှေအလင်းကိုကြည့်လိုက်ပြီး လက်ဖြင့်ထိကြည့်သည်။

လောကတွင်ရှိသောစွမ်းအားများသည် အမှန်တကယ်တူညီသည်။

“အရှေ့ပင်လယ်ရဲ့ ရေနဂါးကလန်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ထို့ပါ့ချန်ကို ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုလက်ဆောင်အနေနဲ့ ရေနဂါးကျောက်စိမ်းပုလဲတစ်လုံးနဲ့ ဝိညာဉ်ပုလဲတစ်သိန်းကို ယူလာပါတယ် ....”

အဝေးတစ်နေရာတွင် အသံတစ်သံထွက်လာသည်။

ကောင်းကင်ထက်တွင် နဂါးပုံရိပ်များ ပျံသန်းလာသည်။

“တောင်ပိုင်းကုန်းမြေရဲ့ မြေခွေးကလန်နဲ့ ကျားဖြူကလန်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ထို့ပါ့ချန်ကို ဂုဏ်ပြုပါတယ်။ ငါတို့က ရှေးခေတ်ကျားဖြူရဲ့ သွေးအဆီအနှစ်သုံးစက်နဲ့ ကျောက်စိမ်းအနှစ်သာရပုလဲလုံးတစ်ရာကို ယူလာခဲ့ပါတယ် ....”

ကောင်းကင်ထက်တွင် ကျားဖြူပုံရိပ်ပေါ်လာပြီး လောကကို တုန်ခါသွားစေသည်။

ထို့ပါ့ချန်၏နောက်တွင် ရွှေကျားပုံရိပ်ပေါ်ထွက်လာပြီး ကျားဖြူပုံရိပ်ကို လွှမ်းမိုးလိုက်သည်။

‘အရှေ့ပင်လယ်နဲ့ တောင်ပိုင်းကုန်းမြေက တကယ်ရက်ရောတာပဲ’

အံ့ဖွယ်ကိုးပါးတောင်ခြေတွင်ရှိသောလူများက ခံစားချက်များနှင့် သက်ပြင်းချသည်။

ထိုအရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ နံပတ်တစ်ဂိုဏ်း၏ စွမ်းအားဖြစ်သည်။

“မြောက်ပိုင်းရဲ့ရွှမ်ခုံးဘုရားကျောင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ဂိုဏ်းချုပ်ကို ဂုဏ်ပြုဖို့အတွက် ဗုဒ္ဓအရိုး၁၃ချောင်းကို ပို့ပေးလိုက်ပါတယ်”

“မြောက်ပိုင်းနှင်းတောင်တန်းရဲ့ နှင်းတောင်ဓားဘုရင်တင်းချွန်ကန်းက ဂိုဏ်တူဦးလေးထို့ပါ့ချန်ကို ဂုဏ်ပြုပေးဖို့အတွက် နှင်းမိစ္ဆာဓားကျွန်သုံးရာနဲ့ နှင်းတောင်ကျောက်စိမ်းကြာပန်းသုံးထောင်ကို ပို့ပေးလိုက်ပါတယ်”

အဝေးတစ်နေရာတွင် နှင်းဖြူရောင်အလင်းတန်း ပေါ်ထွက်လာသည်။

“အလယ်ပိုင်းကုန်းမြေရဲ့ ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းချုပ်ထို့ပါ့ချန်ကို ဂုဏ်ပြုပေးဖို့အတွက် အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်သိန်း ပို့ပေးလိုက်ပါတယ်”

All Chapters