← Chapters

အခန်း (၃၇၅)

Vol. 27 Ch. 375

အခန်း (၃၇၅)

Vol. 27 Ch. 375

“အလယ်ပိုင်းကုန်းမြေရဲ့ သမင်ဖြူတောင်တန်းကျောင်းတော်က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းချုပ်ထို့ပါ့ချန်ကို ဂုဏ်ပြုပေးဖို့အတွက် ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်က ကိုယ်တိုင်ရေးထားတဲ့ ဂုဏ်ပြုမိန့်ခွန်းနဲ့ စာပေရတနာသုံးခုကို ပို့ပေးလိုက်ပါတယ်”

အလယ်ပိုင်းကုန်းမြေ

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂိုဏ်းချုပ်သည် အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျောင်းတော်ကို ဂုဏ်ပြုပေးရန်အတွက် ဖိတ်ခေါ်နိုင်ခဲ့သည်။

အံ့ဖွယ်ကိုးပါးတောင်က ဆူပွက်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂုဏ်သတင်းသည် အလွန်မြင့်မားနေသည်။

“ဘုန်း”

အဝေးတစ်နေရာတွင် ပေတစ်ထောင်ရှည်သောသင်္ဘောပျံတစ်စင်းက တိမ်တိုက်များကိုထိုးခွဲ၍ ရောက်ရှိလာသည်။

“အလယ်ပိုင်းကုန်းမြေရဲ့ ကွမ်ဟွားဂိုဏ်းရောက်လာတယ်”

“ငါက ကွမ်ဟွားဂိုဏ်းရဲ့အကြီးအကဲဖြစ်တဲ့ ဖူယွီရှန့်ပဲ။ လွန်ခဲ့တဲ့နှစ်တစ်ထောင်မှာ ငါက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ လင်တောက်တာအိုဂိုဏ်းမှာ ကျင့်ကြံခဲ့တယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လင်တောက်တာအိုဂိုဏ်းကိုဖယ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းဖြစ်လာနိုင်တဲ့အရည်အချင်းကို သိချင်တယ်”

သူ့အသံသည် လေထုထဲတွင် ပျံ့နှံ့သွားသည်။ အဆုံးမရှိသောဖိအားများက ကောင်းကင်ထက်တွင် တိမ်တိုက်များဖြစ်လာသည်။

ကောင်းကင်ဘုံအဆင့်

ဝိညာဉ်သူငယ် တတိယအဆင့်

ပေတစ်ထောင်ရှည်လျားသောသင်္ဘောပျံနှင့် ဝိညာဉ်သူငယ်တတိယအဆင့်ကျွမ်းကျင်သူကို ရင်ဆိုင်လိုက်ရသောအခါတွင် အံ့ဖွယ်ကိုးပါးတောင်၏လေထုသည် တင်းမာသွားခဲ့သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဝိညာဉ်သူငယ်တတိယအဆင့်ကျင့်ကြံသူ တစ်ဦးပဲရှိသည်။ ရှန့်ယန်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်လီမူပိုင်ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာသော်လည်း ဝိညာဉ်သူငယ်တတိယအဆင့်ကျွမ်းကျင်သူကို အနိုင်မယူနိုင်ပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တိုက်ခိုက်နိုင်စွမ်းတင်မကဘဲ ရက်ရောမှု၊ ကြင်နာမှုတို့အပေါ်တွင်မှီခို၍ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အင်မော်တယ်ဟန်သည် တိုက်ခိုက်နိုင်စွမ်းနှင့်မဟုတ်ဘဲ ပြိုင်ဘက်များ၏လေးစားမှုကို မှီခို၍ နံပတ်တစ်နေရာကို သိမ်းပိုက်ခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းများကို ကိုယ်ပိုင်ခွန်အားဖြင့် မဖိနှိပ်ဘဲ အရင်းအမြစ်များကို ဝေမျှပေးခဲ့သည်။

ကျင့်ကြံသူများအားလုံး၏အမြင်တွင် မြောက်ပိုင်းကုန်းမြေ၏ နှင်းတောင်ဓားဘုရင်ပြန်မလာခဲ့လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို ကိုယ်ပိုင်ခွန်အားဖြင့် မဖိနှိပ်နိုင်ပေ။

ယခုအချိန်တွင် ဝိညာဉ်သူငယ်တတိယအဆင့်ကျင့်ကြံသူက သူတို့ကိုဖိနှိပ်ထားသောကြောင့် ဂုဏ်ပြုပွဲလာသောလူများ ထိတ်လန့်သွားခဲ့သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းက ဝိညာဉ်သူငယ်တတိယအဆင့်ကျင့်ကြံသူကို တားဆီးနိုင်မည်လား။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထိုကျွမ်းကျင်သူကို မတားဆီးနိုင်ခဲ့လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကံကြမ္မာက မည်သို့ဖြစ်သွားမည်နည်း။

အံ့ဖွယ်ကိုးပါးတောင်၏ အတွင်းနှင့်အပြင်တွင် အကြည့်များအားလုံးသည် တောင်ထိပ်ပေါ်ရှိခန်းဆောင်သို့ စုစည်းသွားကြသည်။

တောင်ထိပ်တွင်ရှိသော ခန်းဆောင်၏အပြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ရွှေအမြုတေအဆင့်အကြီးအကဲများက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

လူအများအပြားက လက်သီးဆုပ်ထားပြီး ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။

ယနေ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အခမ်းနားဆုံးအချိန်ဖြစ်သည်။ သူတို့က တိုက်ပွဲတွင်သေသွားခဲ့လျှင်ပင် ထိုက်တန်သည်။

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ဂိုဏ်းတပည့်များက တိုက်ခိုက်လိုစိတ်များကို ထိန်းချုပ်မထားနိုင်ပေ။

သူတို့က ဓားကျင့်ကြံသူများဖြစ်နေသောကြောင့် တိုက်ပွဲကို မကြောက်ပေ။

ခန်းဆောင်အရှေ့တွင်ရပ်နေသောထို့ပါ့ချန် လှုပ်ရှားလိုက်ပြီး ကောင်းကင်ပေါ်သို့ရောက်လာသည်။ သူက သင်္ဘောပျံကို တားဆီးလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲမှ သိပ်သည်းသောချီစွမ်းအင်များ ပေါ်ထွက်လာသည်။

ကောင်းကင်ထက်တွင် ရွှေရောင်ကျားတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး မိုင်ထောင်ချီပတ်ပတ်လည်တွင်ရှိသော တိမ်တိုက်များကို တုန်ခါသွားစေသည်။

ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ၊ မဟာဓားပညာရပ်ကို နားလည်ထားသည်။

ထိုစွမ်းအားမျိုးသည် ဝိညာဉ်သူငယ်ဒုတိယအဆင့်နှင့် တိုက်ခိုက်နိုင်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ထို့ပါ့ချန်သည် အထင်ကြီးဖွယ်ကောင်းသည်။

ဂုဏ်ပြုပွဲကိုစောင့်ကြည့်နေသော ဂိုဏ်းအသီးသီးမှကျင့်ကြံသူများသည် သက်ပြင်းချလိုက်သည်။

သို့သော် ထို့ပါ့ချန်တစ်ယောက်တည်းနှင့် မလုံလောက်ပေ။

ရွှေရောင်ကျားသည် သန်မာသော်လည်း ကောင်းကင်တွင်ပြည့်နှက်နေသော ဝိညာဉ်သူငယ်ဖိအားနှင့် မယှဉ်နိုင်ပေ။ အံ့ဖွယ်ကိုပါးတောင်ပေါ်တွင် ဖိနှိပ်ခံထားရသည်။

ကောင်းကင်ဘုံအဆင့်တွင် အဆင့်တစ်ဆင့်စီတိုင်းသည် ကောင်းကင်နှင့်မြေကြီးသဖွယ် ကွာခြားသည်။ ထို့ပါ့ချန်က အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူထက် အဆင့်သေးနှစ်ဆင့်နိမ့်ကျနေသည်။

ထို့ပါ့ချန်က အလယ်ပိုင်းကုန်းမြေ၏ကျင့်ကြံသူကို တစ်ဦးတည်းမတားဆီးနိုင်ပေ။

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် လေထုသည် တင်းမာနေသည်။

ခေါင်းဆောင်တောက်ရင်က ရယ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသောမီးတောက်များသည် နဂါးပုံရိပ်အဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

မီးနဂါး၏အလင်းသည် ရွှေရောင်ကျားကို ရောင်ပြန်ဟပ်နေသည်။ မိုင်ထောင်ချီအတွင်း၌ တိမ်တိုက်နှင့်လေပြင်းများ လှုပ်ရှားလာသည်။

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ချီစွမ်းအင်နှင့်ဓားချီများ ရေလှိုင်းကဲ့သို့ မြင့်တက်လာသည်။

အံ့ဖွယ်ကိုးပါးတောင်၏မာန်ဟုန်သည် ကျားနှင့်နဂါးသဖွယ်ဖြစ်သည်။ ကျားနှင့်နဂါးတို့၏ဟိန်းသံသည် ကောင်းကင်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ နှစ်ယောက်ရှိနေသည်။

အောက်တွင်ရှိနေသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းများသည် အာမေဍိတ်သံပြုမိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ထိုသို့အခြေခံမျိုး ရှိနေသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နှစ်ထောင်ချီကြာသည်အထိ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ဦး ပိုင်ဆိုင်ထားသောဂိုဏ်းမျိုး မရှိခဲ့ပေ။

အံ့ဖွယ်ကိုပါးဓားဂိုဏ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာသည့်အတွက် အံ့အားသင့်နေရန်မလိုတော့ပေ။

ကျားနှင့်နဂါးသည် အချင်းချင်းအားဖြည့်ပေးလိုက်ပြီး ရှေ့တွင်ရှိသောသင်္ဘောပျံကို တားဆီးသည်။ သူတို့က ဝိညာဉ်သူငယ်တတိယအဆင့်၏ဖိအားကို ခုခံနိုင်ခဲ့သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ထိတွေ့သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ဦးသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ရန်လုံလောက်သည်။

“ဟားဟား၊ ဝိညာဉ်သူငယ်အဆင့်ကို အခုမှဝင်ရောက်ထားတဲ့ ကျင့်ကြံသူနှစ်ယောက်ရှိနေတာနဲ့ပဲ မင်းတို့ကိုယ်မင်းတို့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းလို့ ခေါ်ရဲတယ်ပေါ့လေ” မျက်နှာချင်းဆိုင်တွင်ရှိသော သင်္ဘောပျံပေါ်တွင် ဖူယွီရှန့်က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး အေးစက်စွာရယ်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် မဟာတာအိုအလင်းများ ဖြတ်ပြေးသွားသည်။

အလယ်ပိုင်းကုန်းမြေ၏ကျင့်ကြံခြင်းလောကသည် အနောက်ဘက်နယ်စပ်ကုန်းမြေထက် ပိုမိုကြွယ်ဝသည်။

ဖူယွီရှန့်၏ကိုယ်ပေါ်တွင် ရွှေအလင်းအချို့ကို မြင်လိုက်ရသည်။ သူက ကွန်ဖြူးရှပ်တာအိုနည်းစနစ်အချို့ကို လေ့ကျင့်ထားပုံပေါ်သည်။

ယခုအချိန်တွင် သူ့အရှိန်အဝါသည် ဖြည်းဖြည်းချင်းစုစည်းလာပြီး ရှေ့တွင်ရှိသော ကျားနှင့်နဂါးကို ဖိနှိပ်လိုက်သည်။

ဖူယွီရှန်က တစ်ယောက်တည်းရောက်လာခြင်းမဟုတ်ပေ။ သင်္ဘောပျံပေါ်တွင် တခြားကျွမ်းကျင်သူများ ရှိနေနိုင်သေးသည်။

ယခုအချိန်တွင် သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ဦးကို တစ်ယောက်တည်းဖိနှိပ်ထားနိုင်သောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မရေမတွက်နိုင်လောက်သောကျင့်ကြံသူများသည် နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

‘အနောက်ဘက်နယ်စပ်ကုန်းမြေက တကယ်အားနည်းနေတာလား’

လက်ရွေးစင်တပည့်အများအပြားသည် စိတ်ဓာတ်ကျသွားခဲ့သည်။

“ဟင်း၊ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအရ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းအဖြစ်သတ်မှတ်ခဲ့တယ်။ မင်းက လက်မခံချင်ဘူးလား” ထိုအချိန်တွင် လီမူပိုင်က လှုပ်ရှားလိုက်ပြီး လေထုထဲသို့ ပျံတက်လာသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျင့်ကြံသူဖြစ်သောကြောင့် လီမူပိုင်က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂုဏ်သတင်းကို ကာကွယ်ပေးရမည်။

ယနေ့တွင် အပြင်လူတစ်ယောက်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဆက်ခံပွဲကို ဖျက်ဆီးခဲ့သည်။ အနာဂတ်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကျင့်ကြံသူများက ခေါင်းမော့နိုင်တော့မည်မဟုတ်ပေ။

ဖုန်းလင်ဓားဂိုဏ်း၏ကျန်းချန်က တုံ့ဆိုင်းနေပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

မူမိသားစုခေါင်းဆောင်ကလည်း အစိမ်းရောင်ဝိညာဉ်သစ်ရွက်ကိုစီးနင်းပြီး လေထုထဲသို့ ရောက်လာသည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူငါးဦး

ယခုအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများက ပူးပေါင်းရန်ဆုံးဖြတ်ခဲ့သည်။

အလယ်ပိုင်းကုန်းမြေ၏ကျင့်ကြံသူကြီးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုဖိနှိပ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးကို အရှက်ရစေရန် လာရောက်ခဲ့သည်။

အပြင်ရန်သူ၏ရှေ့တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကျင့်ကြံသူများက ပူးပေါင်းလိုက်သည်။

ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသောတိုက်ပွဲကိုကြည့်လိုက်ပြီး ပြုံးသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေကို လာရောက်ရန်အတွက် မလွယ်ကူပေ။

အကယ်၍ တခြားကုန်းမြေလေးခုကို အနိုင်ကျင့်ရန်လွယ်နေလျှင် အလယ်ပိုင်းကုန်းမြေက ကုန်းမြေလေးခုကို သိမ်းယူခဲ့လိမ့်မည်။

ကောင်းကင်ထက်တွင် အလယ်ပိုင်းကုန်းမြေ၏သင်္ဘောပျံက ရပ်တန့်သွားခဲ့သည်။ မျက်နှာထားမည်းမှောင်နေသော ဖူယွီရှန့်က စကားလုံးအချို့ရေရွတ်သည်။

သင်္ဘောပျံပေါ်တွင် ဖူယွီရှန့်၏ဘေးသို့ လူရိပ်သုံးခုရောက်လာသည်။

ထိုသုံးယောက်ပေါ်လာသောအခါတွင် ဓားအလင်းသည် ကောင်းကင်ပေါ်သို့ထိုးတက်ပြီး မိုးကုပ်စက်ဝိုင်းအထိ ပျံ့နှံ့သွားသည်။

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင်ရှိသော နဂါးနှင့်ကျားပုံရိပ်သည် တုန်ခါသွားခဲ့သည်။ ထို့ပါ့ချန်နှင့်ခေါင်းဆောင်တောက်ရင်က ကိုယ်ပိုင်နယ်မြေအတွင်း၌ဖြစ်သောကြောင့် တည်ငြိမ်စွာနေနိုင်ခဲ့သည်။ လီမူပိုင်၏ကျင့်ကြံခြင်းက နက်နဲသောကြောင့် ဓားအလင်းကို ခုခံနိုင်သည်။

ကျန်းချန်နှင့် မူမိသားစုခေါင်းဆောင်က မျက်နှာများဖြူဖျော့သွားသည်။

ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ လေးဦး

ဖူယွီရှန့်နှင့် ဘေးတွင်ရှိသော ဝိညာဉ်သူငယ်အဆင့်ကျင့်ကြံသူသုံးဦးသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူငါးဦး၏အရှိန်အဝါကို ဖိနှိပ်ခဲ့သည်။ ကောင်းကင်ပြိုကျလာသကဲ့သို့ အံ့ဖွယ်ကိုးပါးတောင်တစ်ခုလုံး တုန်ခါသွားသည်။

ဖူယွီရှန့်က ဖြူဖျော့နေသောကျန်းချန်နှင့် မူမိသားစုခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူက လှောင်ပြောင်လိုက်ပြီး လီမူပိုင်ကို လှည့်ကြည့်သည်။

“ငါက ရှန့်ယန်မိစ္ဆာဂိုဏ်းအကြောင်းကိုသိတယ်။ အရင်တုန်းက မင်းတို့ရဲ့ဂိုဏ်းချုပ်ဟောင်းနဲ့တောင် တိုက်ခိုက်ဖူးတယ်”

“မင်းဝင်မပါနဲ့။ ဒီနေ့အဖြစ်အပျက်က ရှန့်ယန်မိစ္ဆာဂိုဏ်းနဲ့မဆိုင်ဘူး”

ဖူယွီရှန့်က ထို့ပါ့ချန်နှင့် ခေါင်းဆောင်တောက်ရင်ကိုကြည့်လိုက်ပြီး အေးစက်သောမျက်နှာထားဖြင့်ပြောသည်။ “ဒီနေ့မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ....”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ နှစ်ပေါင်းတစ်သောင်းကြာအောင် ရပ်တည်နိုင်ခဲ့တယ်။ ဘယ်တုန်းကမှ ပျက်စီးမသွားခဲ့ဘူး။ အဲ့ဒါ ဘာဖြစ်လို့လဲ မင်းသိလား” ထို့ပါ့ချန်က ရုတ်တရက်အော်ဟစ်လိုက်ပြီး ဖြတ်ပြောသည်။

“မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ နေဖူးတယ်ဆိုတော့ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အမွေအနှစ်ကို သိမှာပါ”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အမွေအနှစ်

အံ့ဖွယ်ကိုးပါးတောင်ခြေတွင် လူအများအပြားက ကြောင်အသွားခဲ့သည်။ ထို့နောက် သူတို့က သိပ်မဝေးသောနေရာတွင် ရွှေရောင်တောက်နေသော သုံးထပ်စံအိမ်တစ်ခုကို လှည့်ကြည့်သည်။

ဓားစံအိမ်

အစပိုင်းတွင် ဓားစံအိမ်ရှိခဲ့သည်။ ထို့နောက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ပေါ်လာသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဓားစံအိမ်ပေါ်တွင် အမြဲမှီခိုခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အန္တရာယ်နှင့်ကြုံတွေ့လာလျှင် ဓားစံအိမ်က ကယ်တင်ပေးလိမ့်မည်။

ဖူယွီရှန့်က ရယ်လိုက်ပြီး ဘေးတွင်ရှိသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသုံးဦးကို လှည့်ကြည့်သည်။ “ဂိုဏ်းတူညီလေးတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဓားတစ်သိန်းဖွက်ထားတဲ့ ဓားစံအိမ်ရှိတယ်”

“အဲ့ဒါက ရတနာသိုက်တစ်ခုပဲ”

ဓားတစ်သိန်း

ထိုစကားလုံးများကြောင့် အလယ်ပိုင်းကုန်းမြေ၏ ကျင့်ကြံသူသုံးဦးက မျက်လုံးများတောက်ပသွားသည်။

သူတို့သုံးယောက်ဆီမှ ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများပေါ်ထွက်လာပြီး သတ်ဖြတ်လိုစိတ်များအဖြစ် စုစည်းသွားသည်။

ငွေကြေးသည် လူများ၏နှလုံးသားကို လှုပ်ရှားနိုင်သည်။ ဓားတစ်သိန်းဆိုလျှင် ပြောစရာမလိုတော့ပေ။

သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုဖျက်ဆီးပြီး ဓားတစ်သိန်းရနိုင်လျှင် ယနေ့ခရီးစဉ်သည် အလကားမဖြစ်တော့ပေ။

ကောင်းကင်ထက်တွင် ထို့ပါ့ချန်က အရှိန်အဝါကို ရုတ်သိမ်းလိုက်သည်။ သူက အဝတ်များကိုဆွဲဆန့်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အောက်သို့ကြည့်သည်။

“ပြင်ပရန်သူတွေက အံ့ဖွယ်ကိုးပါးတောင်ကို ကျူးကျော်လာပါတယ်။ ဓားစံအိမ်ရဲ့အကြီးအကဲဟန်က ကျေးဇူးပြုပြီး ရင်ဆိုင်ပေးပါ”

ဟန်မူယဲ့

အင်မော်တယ်ဟန်

ခရမ်းရောင်ဝတ်စုံကိုဝတ်ထားသောဟန်မူယဲ့က အကြီးအကဲများ၏နောက်တွင် ရပ်နေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ့ပုံစံသည် အင်မော်တယ်တစ်ပါးနှင့်တူပြီး သူ့ခြေထောက်အောက်တွင် ကောင်းကင်ကြိုးကြာတောင်ပံတစ်စုံ ရှိနေသည်။ သူက ခြေတစ်လှမ်းချင်းစီလှမ်းပြီး ကောင်းကင်ပေါ်သို့ တက်သွားသည်။

သူ့ခြေထောက်အောက်တွင်ရှိသောတောင်ပံတစ်စုံက လေထုထဲတွင် တည်ငြိမ်နေသည်။ သူက အရပ်မျက်နှာတိုင်းသို့ လက်သီးဆုပ်၍ နှုတ်ဆက်သည်။ “ဒီနေ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဂုဏ်ပြုပွဲမှာ အားလုံးရဲ့စိတ်ရင်းကို ရရှိခဲ့တယ်။ တကယ့်ကို ကောင်းချီးတစ်ခုပါပဲ”

သူ့စကားတွင် ကြမ်းတမ်းသောအငွေ့အသက်များမရှိသလို ထက်မြိသောဓားအရှိန်အဝါလည်း မရှိပေ။ သူက အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားတစ်ယောက်နှင့် တူနေသည်။

သူက ဝတ်ရုံရှည်နှင့် ကြိုးကြာတောင်ပံပေါ်တွင် ရပ်နေသည်။

အောက်တွင်ရှိသောလူအများက နှလုံးသားထဲတွင် သက်ပြင်းချသည်။ အင်မော်တယ်ဟန်၏ နှိမ့်ချတတ်သောအပြုအမူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တာအိုရောင်းရင်းများအတွက် သင့်တော်သည်။ သို့သော် အားကောင်းသောရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် နှိမ့်ချပြီးသည်းခံတတ်သောသဘောထားဖြင့် နောက်ဆုတ်လာရန်မဖြစ်နိုင်ပေ။

All Chapters