နာခံမလားဒါမှမဟုတ်ကွပ်မျက်ခံမလား
Vol. 86 Ch. 1189
ပျော်ရွှင်ခြင်းနန်းတော်၏ကွက်လပ်တွင်။
ထန်ရှုက နှစ်မီတာမြင့်သောစင်မြင့်ပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်အား ကြည့်ရှုနေ၏။ ရောက်ပြီးကတည်းက ဤနေရာရှိ ကမ္ဘာစွမ်းအင်သိပ်သည်းဆက တိုကျိုထက် သုံးလေးငါးဆပိုသည်ကို သူက ကောင်းကောင်း သိလိုက်သည်။
ထို့ပြင်…၎င်းက အစီအရင်တစ်ခုကြောင့်မဟုတ်ပေ။ သမုဒ္ဒရာကြမ်းပြင်နှင့် ချိတ်ဆိတ်ထားသောကျွန်းအောက်ရှိစိတ်ဝိညာဉ်ကြောငယ်တစ်ခုကြောင့်ပင်။ အားကောင်းသောကျွမ်းကျင်သူတစ်ယောက်က ၎င်းအား ဆယ်ကီလိုမီတာပတ်လည်၌သာ ပျံ့နှံ့စေရန် ချိတ်ပိတ်ထားခဲ့သည်။
ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်တစ်ဖွဲ့က အဝေးမှ ရွေ့လျားလာပြီး ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ စိတ်လှုပ်ရှားနေသောမိုအားဝူ၊ ထန်ကွမ်း၊ ကူဝါကို၊ ဟေးရှောင်နှင့် ရွှယ်ရှတို့ပင်။
သူတို့၏ရိတ်သိမ်းမှုက ကြီးမားလှသည်။
ကိုယ်ပျောက်ထန်အန်းပင် အားပါးတရပြုံးနေသည်။ သူမရရှိခဲ့သည်ကား မိုအားဝူနှင့်ကျန်လူများထက် ပိုသည်။
“ကုန်းဝမ်အာက ဘယ်မှာလဲ”
နောက်ဆုံးတွင် ထန်ရှုက သူ့ရှေ့ရှိလူအုပ်ထံ အာရုံပြောင်းလိုက်သည်။
“သူမက ခီတာဂါဝါနဲ့ ထွက်သွားပြီး ပြန်မရောက်လာသေးဘူး”ကူဝါကိုက ပြန်ဖြေသည်။
ထန်ရှုက မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြော၏ “နောက်ထပ်နာရီဝက်ပဲ စောင့်မယ်။ သူတို့က အချိန်မီ ပြန်မရောက်လာသေးဘူးဆိုရင် ငါတို့တွေ ထပ်စောင့်ဖို့မလိုဘူး”
မိနစ်နှစ်ဆယ်ကြာပြီးနောက်။
အဝေးမှ ပုံရိပ်နှစ်ခုက လျင်မြန်စွာ ရွေ့လျားလာပြီး ထန်ရှုနှင့်ကျန်လူများအရှေ့၌ ထွက်ပေါ်လာသည်။ ပြန်လာသူနှစ်ယောက်က အနက်ရောင်ဆွဲအိတ်ကြီးနှစ်လုံးအား အသီးသီး သယ်လာခဲ့သည်။ မြေပြင်ပေါ်သို့ ထိုအိတ်များအား ပစ်ချလိုက်ပုံအရ သူတို့က လေးလံသောပစ္စည်းများအား သယ်ဆောင်လာမှန်း သိသာ၏။
“မင်းတို့က ဘယ်သွားတာလဲ”သူတို့အား ဂရုတစိုက်လေ့လာပြီးနောက် ထန်ရှုက မေးလိုက်သည်။
ခီတာဂါဝါက ကုန်းဝမ်အာအား ဒေါသတကြီး တစ်ချက်ကြည့်ပြီးနောက် လက်သီးဆုပ်ကာ ချက်ချင်း ပြန်ပြောသည် “ငါတို့က မျိုးရိုးဗီဇစခန်းရဲ့ဌာနချုပ်ကို သွားခဲ့တာပါ၊ သူဌေး…”
“ဘာအတွက်လဲ”ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဗိုလ်ချုပ်ဖူခူဒါက ဂျပန်မှာ လှုပ်ရှားနေတာ နှစ်ပေါင်းများစွာ ရှိပြီလေ၊ ဒါကြောင့် သူက ရတနာအမြောက်အများစုဆောင်းထားမယ်လို့ ငါတို့ တွေးမိတယ်”ခီတာဂါဝါက ပြန်ဖြေသည် “ဒါကြောင့် ငါက ကုန်းဝမ်အာနဲ့အတူ အဲကို သွားခဲ့တာ။ ဗုဒ္ဓဘုန်းကြီးတွေ မတွေ့တဲ့ ကျန်ရှိနေတဲ့မျိုးရိုးဗီဇစစ်သည်တော်တွေကိုလဲ ငါတို့ သုတ်သင်ခဲ့တယ်၊ ပြီးနောက် ဌာနချုပ်ထဲကို ခိုးဝင်ခဲ့ပြီး မျိုးရိုးဗီဇစခန်းရဲ့လျှို့ဝှက်ခန်းကို ရှာတွေ့ခဲ့တယ်။ ဒီဆွဲအိတ်လေးလုံးထဲမှာရှိတဲ့အရာတွေက မျိုးရိုးဗီဇစခန်းရဲ့လျှို့ဝှက်ရတနာခန်းကနေ ရခဲ့တာပဲ၊ ကမ်းစပ်ပေါ်မှာ နောက်ထပ်ကျန်ရှိသေးတယ်”
ထန်ရှုက မေးငေါ့လျက် အမိန့်ပေးလိုက်သည် “ဖွင့်လိုက်ပါ”
အနက်ရောင်ဆွဲအိတ်လေးခုက ချက်ချင်း ပွင့်သွားပြီး အံ့အားသင့်သောအမူအရာတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ ထွက်ပေါ်လာသည်။ ထိုအိတ်များထဲတွင် ရွှေနှင့်ငွေတို့မရှိပေ၊ သုံးခုထဲတွင် ကျောက်မျက်ရတနာ၊ ကျောက်စိမ်း၊ ရှေးဟောင်းပန်းချီနှင့်လက်ရေးအချို့ပါသည်။ သို့သော် နောက်ဆုံးတစ်ခုက အဖိုးတန်ဆေးပင်များနှင့် ပြည့်နေ၏။
“ကောင်းကောင်းလုပ်ခဲ့တာပဲ”
ထန်ရှုက လက်ဝှေ့ယမ်းလိုက်သည်၊ ပစ္စည်းအားလုံးက သူ့သိုလှောင်လက်စွပ်ထဲသို့ လျင်မြန်စွာ ရောက်ရှိသွား၏။ ထို့နောက် သူက ကျောက်စိမ်းပုလင်းနှစ်ပုလင်းယူထုတ်ကာ ခီတာဂါဝါနှင့်ကုန်းဝါအာတို့ထံ ပစ်ပေးကာ ပြောလိုက်၏ “မင်းတို့က အကျိုးအဆောင်မှုတစ်ခု လုပ်ခဲ့တာပဲ၊ ဒီဆေးတွေက မင်းတို့ရဲ့ဆုလာဘ်တွေပဲ။ ငါ အရာအားလုံးကို စုခွဲပြီးတဲ့အထိ စောင့်၊ ငါ မင်းတို့ကို နောက်ထပ်ကြီးကျယ်ခမ်းနားတဲ့ကံကောင်းမှုတစ်ခုပေးမယ်”
ကြီးကျယ်ခမ်းနားတဲ့ကံကောင်းမှုလား။
ခီတာဂါဝါက ကုန်းဝမ်အာနှင့် အကြည့်ဖလှယ်လိုက်သည်။ သို့သော် ကျန်ရှိနေသောပစ္စည်းများအား ယူရန် သူက ထွက်ခွာမည်ပြင်စဉ် နောက်လူက ရုတ်တရက် ပြောလိုက်၏ “သူဌေး၊ သူ ဘာလုပ်ခဲ့တာကို ငါ တင်ပြရင် ခီတာဂါဝါက အပြစ်ပေးခံရမှာလား”
ထန်ရှုက မေးလိုက်သည် “မင်းက ဘာတင်ပြချင်တာလဲ”
ခီတာဂါဝါ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားကာ ပြင်းထန်စွာ အော်လိုက်သည် “ပါးစပ်ပိတ်ထားစမ်း၊ ကုန်းဝမ်အာ”
ကုန်းဝမ်အာက သူမ၏အင်္ကျီလက်မှ တုတ်ချောင်းအရွယ်အစားရှိရွှေရောင်ကြိုးတစ်ချောင်းယူထုတ်ကာ ပြောလိုက်သည် “ဒါက မျိုးရိုးဗီဇစခန်းရဲ့လျှို့ဝှက်ခန်းကနေ ငါတို့ရခဲ့တဲ့ရတနာပဲ။ ပြီးတော့ ခီတာဂါဝါက နောက်တစ်ခုကို သိမ်းထားတယ်၊ အဲဒါက လက်သီးအရွယ်အစားသတ္တုဘောလုံးတစ်လုံးပဲ၊ အဲဒါက ဘာလဲဆိုတာတော့ ငါ မသိဘူး”
ခီတာဂါဝါ၏မျက်နှာက အပြင်းအထန်ပြောင်းလဲသွားပြီး သူမအား ရန်လိုစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဆန္ဒမပါဘဲ ပြောလိုက်သည် “မျိုးရိုးဗီဇစခန်းကနေ ငါ ယူခဲ့တာက အစကတည်းက ငါ့ဟာပါ၊ သူဌေး။ အဲဒါက ငါ့အတွက် ထူးခြားတဲ့အဓိပ္ပါယ်တစ်ခုရှိတယ်”
“အဲဒါကို ထုတ်လိုက်”ထန်ရှုက ပြော၏။
ခီတာဂါဝါက အနည်းငယ် တုန်ယင်သွားပြီး အံကြိတ်ကာ လက်သီးအရွယ်အစားသတ္တုလုံးအား အင်္ကျီလက်မှ ယူထုတ်၏။ ထို့နောက် သူက ပြောလိုက်သည် “ဒါပါ။ ဒါက သာမန်အရာဝတ္တုတစ်ခုပါပဲ”
သတ္တုလုံးပေါ်တွင် ပုံဖော်ထားသောအက္ခရာစာလုံးများအား သတိပြုမိသောကြောင့် ထန်ရှု၏မျက်လုံးများက အရောင်လက်သွား၏။ သူ့လက်ဝါးမှ စုပ်အားတစ်ခု ထွက်ပေါ်ကာ ခီတာဂါဝါ၏လက်ထဲရှိသတ္တုလုံးအား ဆွဲယူလိုက်သည်။ ထို့နောက် သူက ပစ္စည်းပေါ်တွင် လျှို့ဝှက်ပညာရပ်တစ်ခု ဖော်ထုတ်လိုက်သည်၊ ရွှေရောင်အလင်းက အက္ခရာစာလုံးများမှ ရုတ်တရက် တောက်ပလာပြီး ရွှေရောင်ကြယ်တစ်လုံးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွား၏။
ဖြောက်…
သတ္တုလုံးက ပွင့်ချပ်ရှစ်ခုအဖြစ် ရုတ်တရက် ခွဲဖြာသွားပြီး ပင်ပေါင်ဘောလုံးအရွယ်အစားပုလဲတစ်လုံးက ထွက်ပေါ်လာသည်။ ပစ္စည်းက အခြားသူများအတွက် ဆန်းကြယ်သော်ငြား ပုလဲထဲတွင်ပါဝင်သောရုပ်ပုံအား ထန်ရှုက ဂရုတစိုက်လေ့လာလိုက်၏၊ အေးခဲရေခူပင်။
ကမ္ဘာမြေပေါ်တွင် ဒီလိုအရာဝတ္ထုတစ်ခုထွက်ပေါ်လာမည်ဟု ထန်ရှုက အမှန်တကယ် မမျှော်လင့်ထားပေ။ အေးခဲရေခူက အင်မော်တယ်ကမ္ဘာတွင်ပင် ကြီးမြတ်သောရတနာတစ်ခုဖြစ်ပြီး ၎င်းက သူတို့၏အခြေခံအုတ်မြစ်အား နက်ရှိုင်းစေနိုင်သောကြောင့် ထိုနေရာရှိ ဂိုဏ်းများစွာက ၎င်းအား စုဆောင်းကြ၏။
“ဒီပစ္စည်းက ဘာလဲဆိုတာ မင်း တကယ် မသိတာလား”ထန်ရှုက ကူဝါကိုအား တစ်ချက်ကြည့်ကာ မေးလိုက်သည်။
ထန်ရှု၏မျက်လုံးများက သူ့စိတ်အား ဖောက်ထွင်းနိုင်ပုံရသည်ဟု ခီတာဂါဝါက ခံစားမိသည်။ သူက တုံ့ဆိုင်းမိသော်လည်း အားတင်းလျက် ပြောလိုက်သည် “ငါ သိပါတယ်။ အဲဒါက နဂါးပုလဲတစ်လုံးပါ။ အရက်မူးနေချိန်မှာ ဒီပစ္စည်းက နဂါးပုလဲလို့ ဗိုလ်ချုပ်ဖူခူဒါက ပြောခဲ့တယ်။ ဒီနဂါးပုလဲက သူ့ရဲ့ကျင့်ကြံခြင်းကို အကြီးအကျယ် မြင့်တက်နိုင်စေတယ်လို့ ပြောခဲ့တယ်”
“အရူး…”
ထန်ရှုက သူ့အား အထင်သေးစွာ ဆဲဆိုကာ ပြောလိုက်သည် “ဒါက နဂါးပုလဲမဟုတ်ဘူး၊ ကျင့်ကြံသူတွေအတွက် အကျိုးရှိစေတဲ့ အေးခဲရေခူကို သယ်လာတဲ့အရာပဲ။ ခီတာဂါဝါ၊ ဒီပစ္စည်းကို ငါ့ဆီ ချန်ထားမလား ဒါမှမဟုတ် မဟာကံကောင်းခြင်းနဲ့ ဖလှယ်မလား မင်း ရွေးချယ်နိုင်တယ်။ တစ်ခုကို ရွေးချယ်ပါ။ ငါ မင်းရဲ့အဖြေကို အခုပဲ လိုချင်တယ်”
ခီတာဂါဝါက ပစ္စည်းအား ပြန်ယူချင်သော်လည်း ထန်ရှု၏အမူအရာအား မြင်ပြီးနောက် သူက ထိုဆန္ဒအား ချုပ်တည်းကာ ရိုသေလေးစားစွာ ပြောလိုက်၏ “ငါ ဒါကို ကံကြမ္မာကောင်းနဲ့ ဖလှယ်ဖို့ ရွေးချယ်ပါတယ်၊ သူဌေး”
“ဒီကို အားလုံးသွားယူလာခဲ့”ထန်ရှုက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည် “နောက်ကျရင် ရှိနေတဲ့မင်းတို့အားလုံးလဲ မင်းတို့ရဲ့ကံကြမ္မာကောင်းကို ရလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် သူက အဝေးသို့ လျင်မြန်စွာ ပျံသန်းသွား၏။ လေးနာရီကြာပြီးနောက် သူက ကျွန်းတစ်ကျွန်းလုံးကို ဖုံးလွှမ်းသောအစီအရင်တစ်ခုအား ခင်းကျင်းနိုင်ခဲ့သည်။
“ကောင်းကင်ခိုးအစီအရင်…”
ဤအစီအရင်က အင်မော်တယ်ကမ္ဘာမှာတုန်းက သူ့တပည့်တစ်ယောက် ဖန်တီးခဲ့ခြင်းပင်။ ထိုတပည့်က မှင်တက်စရာကောင်းသောကျင့်ကြံခြင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး ရွှေရောင်အင်မော်တယ်အဆင့်သို့ ရောက်ရန် နှစ်သုံးသန်းသာ ကြာခဲ့သည်။ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ရောက်ရန် ဆံချည်တစ်မျှင်မျှသာ ကွာဝေးတော့သည်။ သို့သော် ကံမကောင်းစွာနှင့် သူက တိုက်ပွဲတစ်ခုထဲ၌ ကျရှုံးသွားခဲ့၏။
ကွက်လပ်သို့ ပြန်ရောက်လာပြီးနောက် လူဆယ်ယောက်ကျော်ပိုနေသည်ကို ထန်ရှုက မြင်လိုက်သည်။ သူတို့ထဲမှတစ်ယောက်က အနည်းငယ်ခါးကုန်းနေသောသက်လတ်ပိုင်းအရွယ်ယောကျ်ားတစ်ယောက်နှင့်ဝတ်ရုံဖြူမျိုးသမီးငယ်တစ်ဖွဲ့ပင်။
“သူတို့က ဘယ်သူတွေလဲ”ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ယုဂျီက ရှေ့တစ်လှမ်းတက်ကာ ပြော၏ “သူတို့က ငါ့ရဲ့အချွေအရံတွေပါ”
ခီတာဂါဝါလည်း နောက်မှ လိုက်ပြော၏ “သူက ဂျွန်ယုချူ၊ ငါ့ရဲ့လက်ထောက်ပါ”
ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “အခုကစပြီး သူတို့က မင်းတို့ရဲ့အချွေအရံတွေ၊ လက်ထောက်တွေ မဟုတ်တော့ဘူး။ မင်းတို့ဆယ့်ခြောက်ယောက်နားထောင်ကြ…။ အခု မင်းတို့အားလုံးမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ဒီကျွန်းပေါ်မှာပဲ ထာဝရနေဖို့ ဒါမှမဟုတ် ကူဝါကိုရဲ့နောက်လိုက်လုပ်ပြီး ဂျပန်မှာ သူမကို ကူညီပေးဖို့”
ယုဂျီနှင့်ခီတာဂါဝါက အကြည့်ဖလှယ်လိုက်ကြသည်၊ မခံမရပ်နိုင်သောအကြည့်များက သူတို့၏မျက်လုံးထဲတွင် လက်သွားသည်ကို မြင်နိုင်ပေသည်။ သို့သော် သူတို့တစ်ယောက်မှ စကားမပြောရဲပေ။
လူဆယ့်ခြောက်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်၊ သူတို့၏မျက်နှာပေါ်တွင် တုံ့ဆိုင်းမှုနှင့်အတူ ဘယ်တစ်ခုကို ရွေးချယ်ရမလဲ မသိတော့ပေ။ တကယ်တမ်းတော့ သူတို့က ထန်ရှုအကြောင်း ဘာမှမသိပေ။ သို့သော် သူတို့အားလုံးက အရိပ်ပြအကောင်းမြင်သူများသာ၊ သူတို့၏ဆရာသခင်များက သူ့အရှေ့တွင် အလွန်နှိမ့်ချနေရသည်ကို မြင်ပြီး သူက ဤဆန်းကြယ်သောဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည်ကို သူတို့က ကောက်ချက်ချမိသည်။
ဂျွန်ယုချူက ထန်ရှုအရှေ့သို့ လျှောက်လာကာ လက်သီးဆုပ်လျက် ပြောလိုက်သည် “ဒါကတော့…ဆရာ။ သူက ငါ့ကို လေ့ကျင့်ပေးခဲ့တာကြောင့် ငါက ခီတာဂါဝါရဲ့အစေအပါးပဲ။ သူက ငါ့ကို အခြားသူနောက်ကို လိုက်ဖို့ အမိန့်ပေးရင် ငါက မငြင်းရဲပါဘူး။ ဒါပေမယ့် အခြားသူတွေက ငါ့ဆုံးဖြတ်ချက်ကို ချမှတ်ပေးပိုင်ခွင့်မရှိဘူး”
“ဒီလိုလား”
ထန်ရှု၏မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွား၏။ ငွေရောင်အပ်တစ်ချောင်းက သူ့လက်ချောင်းထိပ်တွင် ထွက်ပေါ်လာပြီး တစ်စက္ကန့်၏တစ်ရာပုံတစ်ပုံအတွင်း ဂျွန်ယုချူအား ပစ်လိုက်သည်။ အပ်က လျင်မြန်စွာ ရွေ့လျားသွားကာ ဂျွန်ယုချူ၏ချီပင်လယ်အား ထိမှန်သွား၏၊ ထိုလူက မရှောင်နိုင်သလို မတားနိုင်ခဲ့ပေ။
ဂျွန်ယုချူက နောက်သို့ ခြေလှမ်းအနည်းငယ် ယိင်းယိုင်သွားသည်၊ ဝမ်းဗိုက်အား ဖုံးရင်း သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ စီးဆင်းသွား၏။ သူ့စွမ်းအားက လျင်မြန်စွာ ပျောက်ကွယ်နေသည်ကို သူက အာရုံခံနိုင်သည်၊ ပိတ်ဆို့ရန် သူက ဘယ်လောက်ပင် ကြိုးစားသော်လည်း အရာမထင်ပေ။
“မင်းက ဘယ်လိုတောင် မောက်မာတာလဲ မင်းဆရာတောင် ငါ့ကို အညံ့ခံဖို့ ရွေးချယ်ခဲ့တာ၊ ဒါပေမယ့် မင်းက ငါ့ကို ဒီလိုပြောရဲတာလား”ထန်ရှုက စိတ်မပါဘဲ ပြောလိုက်သည် “မင်းက မနာခံချင်မှတော့ ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ အခုကစပြီး ဒီကျွန်းပေါ်မှာ မင်းက အမြဲတမ်း နေရမယ်”
“မင်း…ငါ့ကျင့်ကြံခြင်းကို မင်း ဖျက်ဆီးခဲ့တာလား”
ဂျူယုချူက ထန်ရှုအား အမုန်းတို့ပြည့်လျှံသောအကြည့်နှင့် ကြည့်လိုက်သည်။
“ခီခီတာဂါဝါရဲ့မျက်နှာကို ထောက်ပြီး ငါ မင်းကို ခွင့်လွှတ်ခဲ့တာ။ ငါ့ရှေ့က ထွက်သွားစမ်း၊ မဟုတ်ရင် မင်းက အလောင်းတစ်ခု ဖြစ်သွားမယ်”ထန်ရှုက အေးစက်စွာ ပြောလိုက်သည်။
“ဂျွန်၊ နောက်ဆုတ်…”
ထန်ရှုအပေါ် သတ်ဖြတ်လိုစိတ်တို့နှင့်အတူ ခီတာဂါဝါက အော်လိုက်သည်။ သို့သော် ထန်ရှု၏ခွန်အားနှင့် ပတ်သက်ပြီး သူက ကောင်းကောင်းသိသည်၊ သူက အသက်စွန့်လျှင်ပင် ထန်ရှုအား ဒဏ်ရာရအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူ့၏သတ်ဖြတ်လိုစိတ်အား ဖိနှိပ်ရန်သာ တတ်နိုင်သည်။
ဝှစ်...
ထန်အန်း၏ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာပြီး အင်မော်တယ်ဓားတစ်လက်က ခီတာဂါဝါ၏နောက်ကျောအား စူးဝင်သွားကာ သူ့ခန္ဓာကိုယ်အား ကန်ထုတ်လိုက်သည်။ ထို့နောက် သူမက အေးစက်စွာ ပြောလိုက်၏ “ဟမ့်၊ ဒင်းက ဆရာအဖိုးကို သတ်ဖြတ်လိုစိတ်ထားရဲတာပေါ့လေ။ ဒင်း…သေသင့်တယ်…”