စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်း
Vol. 86 Ch. 1190
ထန်အန်းက ခီတာဂါဝါကို သတ်ဖြတ်ခဲ့သောကြောင့် ထန်ရှုက စိတ်မဝင်စားစွာနှင့် ရပ်နေသေး၏။ သူမက မလုပ်လျှင်ပင် သူကိုယ်တိုင် လုပ်ပေလိမ့်မည်။
ခီတာဂါဝါ၏အဖြစ်ဆိုးနှင့် ယုချူ၏ခန္ဓာကိုယ်က ဓားအလင်းတစ်ခုကြောင့် နှစ်ပိုင်းပြတ်သွားသည်ကို မြင်ပြီး ယုဂျီ၏အစေခံများက တုန်လှုပ်သွားသည်။ သူတို့က ကူဝါကိုရှေ့တွင် ဒူးထောက်ကာ ပြောလိုက်၏ “ဆရာသခင်…”
“ငါက မင်းတို့ရဲ့ဆရာသခင်မဟုတ်ဘူး၊ ဒါကြောင့် ငါ့ကို အဲလိုမခေါ်နဲ့”ကူဝါကိုက စိတ်မဝင်စားစွာ ပြောလိုက်သည် “နောက်ကျရင် ငါ ပေးတဲ့တာဝန်တွေကို မင်းတို့က ကောင်းကောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် မင်းတို့ကို ထန်ဂိုဏ်းရဲ့တပည့်တွေဖြစ်ဖို့ ငါ မှတ်ချက်ပေးမယ်။ အဲအချိန်ကျရင် မင်းတို့ရဲ့အဆင့်အတန်းက ယုဂျီနဲ့ ကွာခြားတော့မှာမဟုတ်ဘူး”
ထိုအမျိုးသမီးများက နှုတ်ဆိတ်သွားကြသည်။
ယုဂျီထက် မဆိုးတဲ့ အဆင့်အတန်းလား။ ဒါက အောက်ခြေကနေ အမြင့်ကို တက်လှမ်းနိုင်တဲ့ အခွင့်အရေးတစ်ခုလို့ ဆိုလိုတာမဟုတ်လား။
ထန်ရှုက နှုတ်ဆိတ်နေသောယုဂျီအား တစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် သူက ကွက်လပ်ထဲတွင် အချင်းတစ်မီတာရှိသည့်စက်ဝိုင်းနှစ်ဆယ်ကျော် ရေးဆွဲလိုက်၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောသည် “မင်းတို့အားလုံး၊ စက်ဝိုင်းထဲမှာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံခြင်းနည်းစနစ်အတိုင်း မင်းတို့ရဲ့စွမ်းအင်ကို လှည့်ပတ်ကြ။ ဒီကံကြမ္မာကောင်းကနေ ဘယ်လောက်ထိအကျိုးအမြတ်ရမလဲဆိုတာက မင်းတို့အပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် မင်းတို့မှတ်ထားရမှာ နောက်တစ်ခုရှိတယ်။ မင်းတို့ရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းက စွမ်းအင်တွေကို ထပ်မစုပ်ယူနိုင်တော့ဘူးဆိုရင် မင်းတို့က ကျင့်ကြံတာကို ချက်ချင်း ရပ်ပြီး ဒီကွက်လပ်ကနေ ထွက်သွားကြ”
“နားလည်ပါပြီ…”
ဘာကံကြမ္မာကောင်းကို ထန်ရှုက ဖော်ညွှန်းမှန်း သူတို့အားလုံးက မသိပေ။ သို့သော် ၎င်းက သူတို့အတွက် အကျိုးရှိသည်ကိုတော့ သူတို့က သိကြသည်။
“အသက်ဝင်စမ်း…”
အစီအရင်တစ်ခုလုံး၏မျက်လုံးဖြစ်သောစင်မြင်ပေါ်တွင် ရပ်နေရင်း ထန်ရှုက အစီအရင်အား အသက်သွင်းပြီးနောက် ထိန်းချုပ်လိုက်သည်။ ဉီးတည်ဘက်အားလုံးရှိ ကမ္ဘာစိတ်ဝိညာဉ်စွမ်းအင်က လူနှစ်ဆယ်ကျော်တင်ပျဉ်ခွေထိုင်နေသည့် ကွက်လပ်ထဲသို့ ချက်ချင်း စတင်စီးဆင်လာ၏။ ကြီးမားသောစိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းက မြေအောက်မှ ထွက်လာပြီး လူတိုင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
“ဒါ ဘာလဲ”
“အိုး…ဘုရားသခင်…။ ဒီလိုကြီးမားသောစိတ်ဝိညာဉ်စွမ်းအင်ပမာဏက…”
“စိတ်ဝိညာဉ်စွမ်းအင်က ငါ့ရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းကို အားဖြည့်နေတာလား။ ငါက အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား”
“…”
မိုအားဝူတို့အဖွဲ့ဖြစ်စေ၊ ဝတ်စုံဖြူအမျိုးသမီးများဖြစ်စေ၊ ဤအချိန်တွင် လူတိုင်း၏မျက်လုံးများက မယုံကြည်နိုင်မှုနှင့်အတူ ပြူးကျယ်သွား၏။
ထန်ရှုက မျက်မှောင်ကြုတ်တကာ နက်ရှိုင်းသောအသံနှင့် အော်လိုက်၏ “မင်းတို့ရဲ့စိတ်ကို အာရုံစူးစိုက်ထား၊ စိတ်မပျံ့လွင့်စေနဲ့။ မင်းတို့ရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲကို ဝင်နေတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အမြန်ဆုံးသန့်စင်ကြ…”
ချက်ချင်းလျှင်ပင် လူနှစ်ဆယ်ကျော်က ရုတ်ချည်း သတိဝင်ကာ ကျင့်ကြံလိုက်ကြသည်။
စင်မြင့်ပေါ်တွင် ရပ်နေရင်း သူ့ခြေထောက်မှတစ်ဆင့် စိတ်ဝိညာဉ်စွမ်းအင်နှစ်မျိုးက သူ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲသို့ ဝင်လာနေသည်ကို ထန်ရှုက အာရုံခံနိုင်သည်။ ကြီးမားသောစိတ်ဝိညာဉ်စွမ်းအင်အား သူ့ခန္ဓာကိုယ်ထဲရှိ ဗလာစကြာဝဠာနေရာလပ်ထဲသို့ လမ်းညွှန်လိုက်၏။
အချိန်ကြာလာသည်နှင့်အမျှ ပထမဆုံးဂြိုလ်က ပိုကြီးလာပြီး ဒုတိယတစ်ခုက စတင်ကြီးလာသည်။ တတိယတစ်ခုက ကြီးလာမည့်လက္ခဏာများ စတင်ပြလာ၏။
တစ်ချိန်တည်းတွင် ဝေးကွာသောစကြာဝဠာရှိ ကျယ်ပြောသောကြယ်ပိုင်နက်တစ်ခုထဲတွင် မရေမတွက်နိုင်သောအာကာသဗိမာန်များက အနည်းငယ် တုန်ခါနေသည်။ ရောင်စုံအလင်းများက ထိုအာကာသဗိမာန်များမှ ပေါက်ကွဲထွက်လာပြီး စကြဝဠာ၏ထိုအစိတ်အပိုင်းအား ပုံပြင်ထဲကလိုကမ္ဘာတစ်ခု ဖြစ်လာစေသည်။
“ဘယ်သူက ဒါကို လုပ်တာလဲ”
“ဘယ်ကျွမ်းကျင်သူက ဒီကမ္ဘာရဲ့သဘာဝဉပဒေသကို နှောင့်ယှက်နေတာလဲ”
“…”
ထိုကြယ်ပိုင်နက်ရှိကျွမ်းကျင်သူများက သူတို့၏ဂြိုလ်မှ ထွက်လာပြီး အာကာသဟင်းလင်းပြင်တွင် ဒီရေလှိုင်းနှင့်တူသောသူတို့၏စိတ်ဝိညာဉ်အာရုံများအား ဉီးတည်ဘက်တိုင်းသို့ စေလွှတ်လိုက်သည်။
သို့သော် သူတို့က ထိုအာကာသဗိမာန်များ၏အသက်အားဖြတ်သန်းလာသည်ကိုသာ အာရုံခံနိုင်ပြီး အကြောင်းရင်းသို့မဟုတ်၎င်း၏အဆုံးသတ်အား မဆုံးဖြတ်နိုင်ကြပေ။
အပြာရောင်ကောင်းကင်တွင် စွမ်းအင်တိုင်တစ်ခုက ထန်ရှုဉီးခေါင်းအထက်၌ တိုက်ရိုက်ဆင်းသက်လာသည်။ ကြီးမားသောကြယ်စွမ်းအင်က ဖြစ်ပေါ်လာပြီး ကြီးမားသောကြယ်စွမ်းအားပမာဏပါဝင်သည့်အစီအရင်ဝင်္ကပါအား ဖွဲ့စည်းလိုက်သည်။ ကမ္ဘာစွမ်းအင်ကို စုပ်ယူသန့်စင်နေသော မိုအားဝူနှင့်ကျန်လူများက သူတို့ပတ်လည်ရှိ လိမ့်တက်လာနေသောကြယ်စွမ်းအင်အား ခန္ဓာကိုယ်အဖွဲ့အစည်းထဲသို့ တိုက်ရိုက်စုပ်ယူခဲ့ကြ၏။
စုပ်ယူမှုက သူတို့၏ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုများ စတင်ဖြစ်လာစေသည်၊ သူတို့၏မျိုးရိုးဗီဇဆိုင်ရာ အရည်အသွေးပြောင်းလဲမှုတစ်မျိုးဖြစ်၏။
ကြယ်စွမ်းအားက စကြာဝဠာတွင် အကြီးမားဆုံးနှင့်အရည်အသွေးအကောင်းဆုံးစွမ်းအင်ဖြစ်ပြီး ကောင်းကင်မြေကြီးစိတ်ဝိညာဉ်စွမ်းအင်ဟုခေါ်သောကမ္ဘာစွမ်းအင်က ၎င်းထက် အဆများစွာ နိမ့်ကျသည်။ ဤကြယ်စွမ်းအင်ကို စုပ်ယူပြီးနောက် သူတို့၏ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်အဆီအနှစ်နှင့်ဗုဒ္ဓစွမ်းအားက ရွှေရောင်အလင်းလွှာတစ်ခုဖြင့် အုပ်လွှမ်းလာသည်။
နောက်တစ်နေ့တွင်။
ဝတ်ရုံဖြူအမျိုးသမီးများက ကျင့်ကြံခြင်းတစ်ဟုန်ထိုးတက်သွားပြီး အခြေတည်အုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကျွမ်းကျင်သူများနှင့်် ယှဉ်နိုင်လာသည်။ သို့သော် သူတို့က ကမ္ဘာမြေမှ ကြီးမားသောစိတ်ဝိညာဉ်စွမ်းအားအား တောင့်ခံမနိုင်တော့ပေ။ ကျင့်ကြံခြင်းအား ရပ်ကာ ကွက်လပ်မှ သူတို့က လျင်မြန်စွာ ထွက်လာခဲ့သည်။
နှစ်ရက်ကြာပြီးနောက် မိုအားဝူ၊ ထန်ကွမ်းနှင့် ကျန်လူများက စိတ်ဝိညာဉ်စွမ်းအားပေါင်းစပ်မှုအား မခံနိုင်တော့ဘဲ သူတို့၏ကျင့်ကြံခြင်းအခြေခံအား တည်ငြိမ်အောင် လုပ်ပြီးနောက် ကွက်လပ်မှ လျင်မြန်စွာ ထွက်လာခဲ့သည်။
ထို့ကြောင် လက်ရှိတွင် ကွက်လပ်ထဲတွင် ထန်ရှု၊ ထန်အန်းနှင့် ကုန်းဝမ်အာတို့သာ တင်ပျဉ်ခွေလျက် ဆက်လက်ကျင့်ကြံနေတော့သည်။
ထိုနေရာရှိ ထန်အန်းနှင့်ကုန်းဝမ်အာတို့ကို မြင်ပြီး မယုံကြည်နိုင်မှုက မိုအားဝူ၏မျက်လုံးများထဲ၌ လက်သွားသည်။ သူက အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီး ယခု အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိထားသော်လည်း ကွက်လပ်ထဲတွင် ဆက်နေလေလေ၊ ကြယ်စွမ်းအင်နှင့်ကမ္ဘာစွမ်းအင်တို့အား ပိုစုပ်ယူလာနိုင်လေဖြစ်ပြီး ချိုးဖြတ်ရန်အခွင့်အလမ်းက ပိုကြီးမားလာလေဖြစ်သည်ကို သူက ရှင်းရှင်းလင်းလင်း သိသည်။
ကျင့်ကြံခြင်းလမ်းကြောင်းထဲသို့ ထန်အန်းဝင်ရောက်သည့်အချိန်က သူ့ထက် ဆယ်စုနှစ်တစ်ခုခန့် စောပြီး သူမက အချိန်အကြာပြီးနေနိုင်သည်ကို သူက နားလည်နိုင်သေး၏။ သို့သော် ကုန်းဝမ်အာက အများကြီးအားနည်းပြီး ရွှေအမြုတေအလယ်ဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်ရုံမျှသာဖြစ်သည်။ ဘယ်လိုလုပ်ပြီး သူမက ကွက်လပ်ထဲမှာ ဆက်နေနိုင်သေးတာလဲ။
“ဒီနေရာမှာ စိတ်ဝင်စားစရာတစ်ခုကို ငါ သတိထားမိတယ်”ထန်ကွမ်းက ရုတ်တရက် ပြောလိုက်သည်။
မိုအားဝူက သူ့အား လှည့်ကြည့်ကာ မေးလိုက်သည် “ဘာလဲ”
“ဆရာအဘိုးအနားမှာ နေရုံနဲ့ အကျိုးအမြတ်တွေ ရိတ်သိမ်းနိုင်တယ်ဆိုတာ ငါ အခုမှ သဘောပေါက်လာတယ်”ထန်ကွမ်းက ဆိုလိုက်သည် “ဒီတစ်ခါလိုမျိုးပေါ့။ ကောင်းကင်ဆန့်ကျင်တဲ့နည်းလမ်းတွေကို သုံးပြီး သူက ငါတို့ကို အခုလို ချိုးဖြတ်နိုင်စေခဲ့တယ်။ အခုဆိုရင် ငါက အခြေတည်စိတ်ဝိညာဉ်အလယ်ဆင့်ကို ရောက်ရှိထားပြီးပြီ။ ငါ့ရဲ့စိတ်အခြေအနေနဲ့ခန္ဓာကိုယ်က ခံနိုင်အုံးမယ်ဆိုရင် ငါက နှောင်းပိုင်းအဆင့်ကို တိုက်ရိုက်ချိုးဖြတ်နိုင်မှာ”
“မင်းက အခြေတည်စိတ်ဝိညာဉ်အလယ်ဆင့်ကို ချိုးဖြတ်ခဲ့တာလား၊ အစောပိုင်းအဆင့်မဟုတ်ဘူးလား”မိုအားဝူက အံ့အားတကြီးပြောလိုက်၏။
“ဟုတ်တယ်”ထန်ကွမ်းက အတည်ပြုပေးလိုက်သည်။
မိုအားဝူက ရွှယ်ရှနှင့်ဟေးရှောင်တို့ဘက်လှည့်ကာ မေးလိုက်၏ “မင်းတို့နှစ်ယောက်ကရော။ မင်းတို့က အခု ဘယ်အဆင့်မှာ ရှိလဲ”
“အခြေတည်စိတ်ဝိညာဉ်စဉီးအဆင့်”
ထန်ကွမ်းအား အားကျစွာ တစ်ချက်ကြည့်လျက် နှစ်ယောက်သား တစ်ပြိုင်နက်တည်း ဖြေလိုက်ကြ၏။
“ကြည့်ရတာ ကျင့်ကြံခြင်းလမ်းကြောင်းက စောစေခြေချခဲ့တာက ငါတို့ထက် ပိုခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ပေးခဲ့ပုံပဲ”မိုအားဝူက သက်ပြင်းချလိုက်သည် “ထန်အန်းကိုပဲ ကြည့်လေ။ သူမက ရှိနေတုန်းပဲ။ ကွက်လပ်က ထွက်လာတဲ့အချိန်ကျရင် သူမက အခြေတည်စိတ်ဝိညာဉ်ရဲ့ဘယ်အဆင့်ကို ရောက်ရှိမလဲဆိုတာ ငါ သိချင်မိတယ်”
ထန်ကွမ်း၏မျက်နှာပေါ်ရှိအပြုံးက ခိုင်မာသွားသည်။ သို့နောက် သူက အကူအညီမဲ့စွာနှင့် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည် “ပါရမီအရဖြစ်စေ၊ ကြိုးစားအားထုတ်မှုအရဖြစ်စေ၊ ငါ သူမကို မယှဉ်နိုင်ဘူးပဲ။ သူမက အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကို ချိုးဖြတ်ခဲ့မယ်ဆိုရင် ငါက အနည်းငယ်အရှက်ရမိပေမယ့် သူမအတွက် ဝမ်းသာပေးမှာပါ”
“အကြီးအကဲထန်က အကြာကြီးနေနိုင်တဲ့အတွက် ငါက လေးစားမိပါတယ်”ကူဝါကိုက ပြော၏ “ဒါပေမယ့် ကုန်းဝမ်အာက ဘယ်လိုလုပ် ဒီလောက်ထိ တောင့်ခံနိုင်ရတာလဲ။ သူမရဲ့ခွန်အားအရဆိုရင် သူမက ငါတို့ထက် ပိုစောစောထွက်လာသင့်တယ်မလား”
“ဒါက သူမရဲ့ထူးခြားတဲ့အခြေအနေကြောင့် ဖြစ်မယ်လို့ ငါ ထင်တယ်”ထန်ကွမ်းက ပြော၏ “ငါထင်တာမှန်ရင် ဒါက ဆရာအဘိုးက သူမရဲ့အညံ့ခံခိုင်းရတဲ့အဓိကအကြောင်းပြချက်ပဲ ဖြစ်မယ်”
“သူမှာ အထူးခန္ဓာကိုယ်တစ်ခုရှိတယ်လို့ ခီတာဂါဝါက တစ်ခါပြောဖူးတယ်”ကူဝါကိုက ပြော၏ “ဒါပေမယ့် ထန်အန်းက ဆရာအဘိုးရဲ့အမိန့်ကို ဆန့်ကျင်ပြီး သူမကို ကယ်ခဲ့တယ်။ သူမမှာ အခြားရည်ရွယ်ချက်တစ်ခုရှိမှာ သေချာတယ်”
နေ့တစ်ဝက်ကုန်ဆုံးသွားပြီး ထန်အန်းက နောက်ဆုံးတော့ ကျင့်ကြံခြင်းမှ နိုးထလာသည်။ သူမ၏လေးစားသောအကြည့်က ထန်ရှုပေါ်သို့ အရင်ကျရောက်သွား၏။ သို့သော် ကုန်းဝမ်အာကို မြင်သောအခါ သူမက ချက်ချင်းမှင်တက်သွားသည်။ သူမပုံရိပ်က ရုတ်တရက် ရွေ့လျားသွားပြီး နေရာမှာတင် ပျောက်ကွယ်ကာ ကွက်လပ်အစွန်း၌ ထွက်ပေါ်လာ၏။
“ကုန်းဝမ်အာဘာဖြစ်နေလဲဆိုတာ ရှင်တို့သိလား”ထွက်လာလျှင်ချင်း ထန်အန်းက မေးလိုက်သည်။
ထန်ကွမ်းက ပခုံးတွန့်ကာ ခေါင်းခါယမ်းလိုက်၏ “ဘယ်သူက သိမှာလဲ။ သူမက အဲမှာ ကျင့်ကြံနေတာ သုံးရက်နီးပါးရှိပြီ၊ အခုထိ မထွက်လာသေးဘူး”
ထန်အန်းက ထူးဆန်းသောအမူအရာဖြစ်သွားပြီး အတွေးအချို့က သူမစိတ်ထဲ၌ ပြည့်သွားကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ဆရာအဘိုးက ငါ့ကို ဘာလို့ အပြစ်ပေးခဲ့လဲဆိုတာ နင်တို့ သိလား”
“မင်း သူမကို ကယ်ခဲ့တာကြောင့်မလား”ထန်ကွမ်းက ဖြေလိုက်သည်။
“ဒါပေမယ့် ဘာလို့ ငါက ဆရာအဘိုးရဲ့အမိန့််ကို ဆန့်ကျင်ပြီး သူမကို ကယ်ခဲ့သလဲဆိုတာ နင်တို့ သိလား”ထန်အန်းက ထပ်မေး၏။
“မသိဘူး။ ဘာလို့လဲ”ထန်ကွမ်းက ခေါင်းရှုပ်သွားသည်။
ကျန်လူများကလည်း ထန်အန်းအား သိချင်စိတ်အပြည့်နှင့် ကြည့်လိုက်ကြ၏။
“ဆရာအဘိုးရဲ့ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာပြီး အခုဆိုရင် ငါတို့ထက် အများကြီးပိုသန်မာတယ်ဆိုတာ နင်တို့အားလုံး သိပါတယ်”ထန်အန်းက ပြော၏ “ဒါပေမယ့် ထိုနေရာကို သွားချင်ရင် သူက အခုထက် ပိုသန်မာဖို့ လိုအပ်တယ်။ ကုန်းဝမ်အာရဲ့ရုပ်ပိုင်းဆိုင်ရာက ငါတို့လို သာမန်ကျင့်ကြံသူတွေနဲ့ မတူဘူး။ သူမက ပျော်ရွှင်ခြင်းနန်းတော်သခင်လေ့ကျင့်ပေးထားတဲ့မီးပြင်းဖိုတစ်ခုပဲ၊ ဒါကြောင့် သူက သူမခန္ဓာကိုယ်ထဲက စွမ်းအားကို ဝါးမျိုပြီး သူ့စွမ်းအားကို အကြီးအကျယ်တိုးစေနိုင်တယ်။ ခဏလောက်စဉ်းစားကြည့်ရအောင်။ ဆရာအဘိုးက သူမရဲ့ခန္ဓာကိုယ်ကို ယူလိုက်ရင် ဘယ်လိုလဲ။ သူ့ရဲ့ကျင့်ကြံခြင်းက ခုန်ပေါက်သလို တိုးတက်လာမှာမဟုတ်လား”
လူတိုင်းက ချက်ချင်း အတွေးနက်သွားသည်။ သူတို့အားလုံးက ကုန်းဝမ်အာ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား သိသည်။ ထန်ရှုက သူမထံမှ ကြီးမားသောအကျိုးအမြတ် အမှန်တကယ် ရရှိနိုင်မည်ဆိုရင် ထိုအရာက သူ့အတွက်ရောထန်ဂိုဏ်းအတွက်ပါ အလွန်အကျိုးရှိစေလိမ့်မည်။
“ဒါပေမယ့် ဆရာအဘိုးက အဲဒီအိုင်ဒီယာကို လက်မခံဘူးမလား”ထန်ကွမ်းက မေးလိုက်သည်။
“ဟုတ်တယ်၊ သူ သဘောမတူဘူး”ထန်အန်းက ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် နဂါးကိုးကောင်းကျွန်းကို ပြန်ရောက်တဲ့အခါကျရင် ဒါကို ဆရာ့ကို ငါ ပြောပြရမယ်။ ဆရာဘာပြောမလဲဆိုတာ ငါ သိချင်တယ်”
“မရဘူး၊ အဲဒါက မလိုနဲ့”ထန်ကွမ်း၏အမူအရာက ရုတ်ချည်း ပြောင်းလဲသွားပြီး သူ့မျက်လုံးက ခက်ထန်သွား၏။
နင် ဘာစဉ်းစားနေသလဲဆိုတာ ငါ သိပါတယ်၊ ကွမ်း”ထန်အန်းက ခေါင်းမာစွာ ပြော၏ “ဆရာသခင်က ဘာစဉ်းစားနေတယ်ဆိုတာကိုလဲ ငါ သိတယ်။ ဒါပေမယ့် ကုန်းဝမ်အာက ဆရာအဘိုးအတွက် အရမ်းအကျိုးရှိစေတဲ့အရာပဲ။ ဒီလိုရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဆရာသခင်က ငါ့လို တူညီတဲ့အတွေးတစ်ခုရှိမယ်လို့ ငါ ထင်တယ်”
ထန်ကွမ်းက ခဏနှုတ်ဆိတ်သွားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “အန်း၊ အခြားတစ်ယောက်ဆိုရင် ငါ မင်းကို မတားပါဘူး၊ ဒါပေမယ့် မင်း ဒီကိစ္စကို ဆရာ့ကို မပြောရဘူး…”
“ငါ ဂရုမစိုက်ဘူး”ထန်အန်းက နက်ရှိုင်းသောအသံနှင့် ဖြတ်ပြောလိုက်သည်။ “ဆရာအဘိုး ပိုသန်မာဖို့အတွက်ဆိုရင် ဘာအပြစ်ပဲဖြစ်ဖြစ် ငါ ခံယူမယ်”
ထန်ကွမ်းက ကမန်းကတန်းပြောလိုက်သည် “မင်းက…”
“ပိတ်ထားစမ်း…”
ထန်အန်းက ဒေါသတကြီးအော်ကာ ချက်ချင်း ပျောက်ကွယ်သွားသည်။