အိမ်ပြန်ခြင်း
Vol. 86 Ch. 1191
ထန်ကွမ်း၏အမူအရာက အနည်းငယ် အရုပ်ဆိုးသွားပြီး သူက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူက သက်ပြင်းချကာ လက်ဝှေ့ယမ်းလိုက်၏ “ငါတို့အားလုံးက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ခဲ့ပြီးပြီ၊ ဒါပေမယ့် ဒါကို ဂိုဏ်းထဲက ကျန်တဲ့လူတွေဆီ မပေါက်ကြားအောင် ရှောင်ရမယ်၊ မဟုတ်ရင် အဲဒါက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေလိမ့်မယ်”
ကျန်လူများက သူ့အကြံပြုချက်အား ခေါင်းညိတ်သဘောတူလိုက်သည်။
ကူဝါကိုက ကွက်လပ်ထဲရှိ ထန်ရှုနှင့်ကုန်းဝမ်အာတို့အား တစ်ချက်ကြည့်ကာ ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “အရိုးသားဆုံးပြောရရင် မင်းတို့ကို ငါ အရမ်းအားကျတယ်၊ ငါ့ကောင်တို့။ မင်းတို့က နဂါးကိုးကောင်ကျွန်းမှာ နေပြီး အချိန်အကြာကြီး ကျင့်ကြံနိုင်တယ်။ ငါက ဂျပန်မှာ စွမ်းအားရှိပြီး ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများကို ရရှိနိုင်ပေမယ့် ဒီပစ္စည်းတွေရဲ့ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ဂိုဏ်းကို ပို့ရမယ်၊ ငါ့ရဲ့ကျင့်ကြံခြင်းအချိန်ကိုလဲ ထိခိုက်စေတယ်။ အများကြီးပဲ”
ထန်ကွမ်းက သူ့ခေါင်းအား ဘေးသို့ လှည့်လိုက်သည်။ သူက ဂျပန်တွင် မနေချင်ပေ။ သူက ဤတိုင်းပြည်မှ အလှလေးများနှင့် ပျော်ရွှင်ဖွယ်ရာအချိန်အချို့ရှိနိုင်သော်လည်း ၎င်းက ကျင့်ကြံခြင်းနှင့်ပိုသန်မာဖို့အတွက် သူ့စွဲလမ်းမှုထက် နိမ့်ကျသည်။ အနည်းဆုံး သူက သူ့ညီမထန်အန်းထက် အများကြီးနောက်ပြတ်ကျန်နေလို့မရပေ။
နောက်ထပ်ငါးရက်ကြာပြီးနောက် ကုန်းဝမ်အာက နောက်ဆုံးတွင် နိုးလာပြီး ကျင့်ကြံခြင်းအား အဆုံးသတ်လိုက်သည်။ သူမက လွင့်မျောလိုက်သောအခါ သူမခန္ဓာကိုယ်က မြားတစ်ချောင်းအလား လေထဲသို့ ရုတ်တရက် တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ရှိမီတာတစ်ရာအကွာသို့ ရောက်ရှိသွား၏။ ဤအဖြစ်အပျက်က သူမအား ကြောက်ရွံ့သွားစေသည်။
“ငါ့စွမ်းအားက…”
မြေပြင်သို့ ဆင်းသက်ကာ သူမတစ်ကိုယ်လုံးအား စစ်ဆေးပြီးနောက် သူမ၏ကျင့်ကြံခြင်းအဆင့်က အချိန်တိုအတွင်း အဆင့်အနည်းငယ်တိုးသွားသည်ကို တွေ့လိုက်ရ၏။
ဗုဒ္ဓကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းအဆင့်အဓိကဆယ်ဆင့်ရှိသည်၊ ဇန်အားထုတ်ခြင်း၊ ဉာဏ်အလင်းအစပျိုးခြင်း၊ ကာမဂုဏ်ရှောင်ရှားခြင်း၊ အသေးအဖွဲပြီးစီးခြင်း၊ စိတ်ဝိညာဉ်ဆက်သွယ်ခြင်း၊ စိတ်ဝိညာဉ်ခရီး၊ နက္ခတ်တာရာခန့်မှန်းခြင်း၊ မဟာပြီးပြည့်စုံခြင်း၊ အက်ထ်မန်၊ ခုနှစ်မျိုးပြောင်းလဲခြင်း။
ကုန်းဝမ်အာ၏ကျင့်ကြံခြင်းက ကာမဂုဏ်ရှောင်ရှားခြင်းနှောင်းပိုင်းအဆင့်တွင် ရှိခဲ့သည်၊ အချိန်တိုကျင့်ကြံခြင်းပြီးနောက် သူမက အသေးအဖွဲ့ပြီးစီးခြင်းနှောင်းပိုင်းအဆင့်တွင် ရှိသည်ကို တွေ့လိုက်ရ၏။ ၎င်းက သူမအမြဲတမ်းအိပ်မက်မက်နေသောအဆင့်ပင်၊ သို့သော် အချိန်အလွန်ကြာမည်ကို သိသည်၊ အနည်းဆုံး ဆယ်စုနှစ်တစ်ခုပင်။
သူမခြေထောက်မှ ကြီးမားသောစိတ်ဝိညာဉ်စွမ်းအားဝင်လာသည်ကို အာရုံခံနိုင်ပြီး သူမက ကွက်လပ်၏အစွန်းသို့ ချက်ချင်း ပျံသန်းသွား၏။ သို့သော် မျက်စိတစ်မှိတ်အတွင်း ထိုနေရာတွင် ထွက်ပေါ်လာခဲ့သည့်အတွက် သူမ၏မြန်နှုန်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြန်သည်။ သူမက ကူဝါကိုနှင့် တိုက်မိလုနီးပါးပင်၊ တစ်ဖက်လူက သူမအား ထူးဆန်းသောအမူအရာနှင့် ကြည့်လိုက်၏။
“မင်းက ဘယ်အဆင့်ကို ချိုးဖြတ်ခဲ့တာလဲ”ကူဝါကိုက မေးလိုက်သည်။
“အသေးအဖွဲ့ပြီးစီးခြင်းနှောင်းပိုင်းအဆင့်”ကုန်းဝမ်အာက ရှုံ့မဲ့ပြုံးလျက် ပြန်ဖြေသည်။
“မင်းရဲ့ကျင့်ကြံခြင်းက အဲလောက်ထိ တိုးတက်ခဲ့တာလား”ကူဝါကိုက အံ့အားသင့်သွားသည် “ဒါပေမယ့် မင်းက မင်းရဲ့ခွန်အားကို မထိန်းချုပ်နိုင်သေးပုံရတယ်”
“ဟုတ်ပါတယ်”ကုန်းဝမ်အာက ပြုံးကာ ပြန်ဖြေသည်။
“ငါလဲ အဲလိုမျိုး အရင်တုန်းက တွေ့ကြုံဖူးပါတယ်”ကူဝါကိုက ပြုံးကာ ပြော၏ “ဒါပေမယ့် ဂိုဏ်းချုပ်က ငါ့ကို သီးသန့်လေ့ကျင့်ပေးခဲ့တယ်လေ၊ ဒါကြောင့် အခုလို ငါ့ရဲ့စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့တာ။ ဒါနဲ့ ပတ်သက်ပြီး မင်း ဂိုဏ်းချုပ်ကို မေးလို့ရတယ်။ သူက စိတ်ကောင်းဝင်နေပြီး မင်းက လေ့ကျင့်ပေးဖို့ ထိုက်တန်တယ်ဆိုရင် သူ မင်းကို သီးသန့်လေ့ကျင့်ပေးမှာပါ။ မင်းရဲ့စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းခြင်းက မင်းရဲ့ကျင့်ကြံခြင်းကို ဆက်လက်တိုးတက်နေနိုင်ပြီး နောက်တစ်ဆင့်ကို ချိုးဖြတ်တဲ့အခါမှာလဲ ပိုမိုလွယ်ကူစေတယ်”
“သီးသန့်လေ့ကျင့်ခြင်းလား”ကုန်းဝမ်အာက အံ့အားသင့်စွာ မေးလိုက်သည်။
ကူဝါကိုက ခေါင်းညိတ်ကာ ဆက်ပြော၏ “မင်းက အခု အဲဒါကို မသိပေမယ့် မင်းက ဂိုဏ်းချုပ်ရဲ့အသိအမှတ်ပြုခြင်းကို ရရှိပြီး သူက မင်းကို သီးသန့်လေ့ကျင့်ပေးတဲ့အခါ အဲဒါက ဘယ်လောက်အကျိုးရှိသလဲဆိုတာ အဲအချိန်ကျရင် မင်း သိလာမှာပါ”
မိုအားဝူက သူတို့နှစ်ယောက်ဘေးနားတွင် ထွက်ပေါ်လာပြီး ကုန်းဝမ်အာအား ကြည့်ကာ ပြောလိုက်၏ “ဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းချုပ်ရဲ့သီးသန့်လေ့ကျင့်ပေးတာကို မလိုချင်တဲ့သူ ဘယ်သူရှိလို့လဲ။ ငါ မင်းကို တစ်ခုပြောမယ်။ မင်းက ထန်ဂိုဏ်းရဲ့အတွင်းတပည့်တစ်ယောက်တောင် မဟုတ်သေးဘူး၊ ဂိုဏ်းချုပ်က သီးသန့်လေ့ကျင်ပေးဖို့ မင်းမှာ အရည်အချင်းရှိမယ်လို့ ထင်နေတာလား။ မင်းအတွက် ငါ့ရဲ့အကြံဉာဏ်ကတော့ မင်းက အဲဒါကို ရချင်ရင် ဂိုဏ်းအတွက် ကြီးကျယ်ခမ်းနားတဲ့အကျိုးဆောင်မှုတွေ လုပ်ပြီး ဂိုဏ်းရဲ့တပည့်ဖြစ်အောင် အရင်လုပ်ပါ”
ကုန်းဝမ်အာက ဒေါသမထွက်ဘဲ နှိမ့်ချလျက် ပြန်မေးလိုက်၏ “အပြင်တပည့်တစ်ယောက်ဖြစ်ဖို့ အကျိုးဆောင်မှုတွေ ဘယ်လောက်ထိ ငါ လုပ်ရမှာလဲ၊ အကြီးအကဲမို”
“မင်း သိချင်ရင် ဂိုဏ်းချုပ်ကို ကိုယ်တိုင်မေးနိုင်တယ်”မိုအားဝူက ပြန်ဖြေ၏။
ခုနှစ်ရက်မြောက်နေ့တွင်။
မှောင်ရီပျိုးစအချိန်တွင် ထန်ရှုက ကျင့်ကြံခြင်းမှ နိုးထလာသည်။ ထို့နောက် သူ့ပုံရိပ်က လေထဲ၌ ရုတ်ချည်း ထွက်ပေါ်လာ၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ ချီမျှင်တစ်ခုက သူ့ထံမှ ထွက်လာသည်၊ ချီစီးကြောင်းက ရောက်ရှိလာသောကြောင့် မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့အဖွဲ့က ရုတ်တရက် တင်းမာသွား၏။ သို့သော် သူတို့က ပြန်တိုက်ခိုက်မည့်အခိုက်တွင် အသံတစ်ခုက သူတို့၏နားထဲသို့ ဖြတ်သန်းဝင်ရောက်လာ၏။
“ဆရာသခင်တို့အားလုံး စောင့်နေတာ ကြာရောပေါ့။ ကျေးဇူးပြုပြီး ပြန်မတိုက်ခိုက်ပါနဲ့။ ငါက ထန်ရှုပဲ”
ရုတ်တရက် ထိုချီမျှင်က ကြိုးတစ်ချောင်းအလား ဘုန်းကြီးဆယ့်လေးယောက်အား ရစ်ပတ်ကာ ကွက်လပ်ထဲသို့ ခေါ်ဆောင်သွားသည်။ ထန်ရှုက မြေပြင်မှ ဆင်းသက်လာသည့်အခိုက်တွင် ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အစီအရင်က ပျက်ဆီးသွား၏။
မျက်နှာမည်းဗုဒ္ဓက အံ့အားသင့်သွားပြီး ထန်ရှုအား ခဏလေ့လာလိုက်သည်။ သူက ရုတ်တရက် လက်အုပ်ချီကာ ရိုသေလေးစားစွာ ပြောလိုက်၏ “အော်မီတော်ဖော်၊ ဂိုဏ်းချုပ်ထန်ရဲ့ကျင့်ကြံခြင်းက မြင့်တက်သွားပြီးပဲ။ ဂုဏ်ယူပါတယ်”
“ဒီနေရာရဲ့စိတ်ဝိညာဉ်ကြောက ပျက်ဆီးတော့မယ်လေ၊ ဒါကြောင့် ကျုပ် အဲဒါကို အခွင့်အရေးယူပြီး အကျိုးရှိရှိအသုံးချခဲ့တာ။ သေချာတာကတော့ ကျုပ်စွမ်းရည်ကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာသခင်ရဲ့အရှိန်အဝါက ပိုသန်မာလာတာပဲ၊ သင်လဲ ချိုးဖြတ်ခဲ့တာပဲလား”
“မျိုးရိုးဗီဇစခန်းမှာ အသုံးဝင်တာ တော်တော်များများ တွေ့ခဲ့တယ်၊ အချို့က ငါတို့ရဲ့ကျင့်ကြံခြင်းအတွက် အကျိုးရှိတယ်”မျက်နှာမည်းဗုဒ္ဓက ပြုံးကာ ပြောလိုက်၏ “ဒါက ငါက အခုလို တက်လှမ်းသွားနိုင်ရတဲ့အကြောင်းပြချက်ပဲ။ ဒါနဲ့ ဂိုဏ်းချုပ်ထန်က ဒီနေရာက ပျော်ရွှင်ခြင်းနန်းတော်ရဲ့အကြွင်းအကျန်တွေအားလုံးကို အပြည့်အဝဖယ်ရှားခဲ့တာလား”
“ငါ့လူတွေ လုပ်ခဲ့တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “ဒါပေမယ့် အပြင်ကမ္ဘာမှာ သူတို့တွေ ရှိသေးသလားဆိုတာတော့ ကျုပ် မသိဘူး။ ဒါပေမယ့် စိတ်ချပါ။ သူတို့က စုံစမ်းဖော်ထုတ်ဖို့ ကျုပ်လူအချို့ကို ဒီနေရာမှာ နေခိုင်းပြီး တာဝန်ပေးထားတယ်။ ဒီပျော်ရွှင်ခြင်းနန်းတော်နဲ့မျိုးရိုးဗီဇစစ်သည်တော်တွေ ဘယ်လောက်များများ၊ သူတို့တွေ သေရလိမ့်မယ်”
“ဒီလိုဆိုမှတော့ ငါတို့လဲ ဒီနေရာမှာ နေမယ်”မျက်နှာမည်းဗုဒ္ဓက တုံ့ဆိုင်းခြင်းမရှိပြော၏။
“ကျုပ် ဒါကို အကြံမပေးဘူး၊ ဆရာသခင်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ရန်သူအချို့ အသက်ရှင်နေသေးရင်တောင် သူတို့က သေးငယ်တဲ့ယင်ကောင်တွေလိုပဲ၊ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဆရာသခင်တို့အားလုံး တရုတ်ကို ငါနဲ့အတူ ပြန်လိုက်တာ အကောင်းဆုံးပဲ။ ဒီနေရာကို ကျုပ်နောက်လိုက်က တာဝန်ယူထားတဲ့အတွက် ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး”
မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့က ခဏတုံ့ဆိုင်းသွားသည်။ သို့သော် သူတို့က ထန်ရှုအား ယုံကြည်၏၊ ထို့ကြောင့် နောက်ဆုံးတွင် သူတို့က ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ကုန်းဝမ်အာနှင့်ယုဂျီတို့အား တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏ “မင်းတို့နှစ်ယောက်လုံး ရွေးချယ်မှုလုပ်ခဲ့ပြီးဆိုတော့ လောလောဆယ် ကူဝါကိုနဲ့အတူ နေခဲ့ပါ၊ ထန်ဂိုဏ်းရဲ့အတွင်းတပည့်ဖြစ်ဖို့ ငါ မင်းတို့ကို အခွင့်အလမ်းတစ်ခု ပေးနေတာပဲ။ မင်းတို့က ကူဝါကိုနဲ့အတူ အဲဒီနှစ်ဖွဲ့ရဲ့အကြွင်းအကျန်တွေကို ဖယ်ရှားနိုင်ပြီး ဂျပန်မှာ အကြီးမားဆုံးနဲ့အားအကောင်းဆုံးအင်အားစုကို တည်ထောင်နိုင်တာနဲ့ မင်းတို့က ထန်ဂိုဏ်းရဲ့အတွင်းတပည့်တွေ ဖြစ်လာနိုင်တယ်”
ထန်အန်းက ရုတ်တရက် ထွက်ပေါ်လာကာ ထန်ရှုအား ကြည့်လိုက်သည် “ဂိုဏ်းချုပ်၊ မင်းက…”
ထန်ရှုက သူမအား တားဆီးလိုက်သည်။ သူမက ထိုစိတ်ကူးအား လက်မလျော့သေးသည်ကို သိ၏။ သူ့ဆန္ဒအတွက် အခြားသူများ၏ဆန္ဒအား ဆန့်ကျင်ကာ ဖိအားပေးမည့်သူမဟုတ်ပေ၊ သူ့ကိုယ်ပိုင်အကျိုးအတွက် အခြားသူများအား မထိခိုက်စေချင်ပေ၊ ထို့ကြောင့် နက်ရှိုင်းသောအသံနှင့် သူက သူမအား အပြစ်တင်လိုက်၏ “ပြီးခဲ့တဲ့အကြိမ်ကတည်းက အဲစိတ်ကူးကို ဖယ်ထုတ်ဖို့ ငါ မင်းကို သတိပေးခဲ့ပြီးသား၊ အန်။ ဂိုဏ်းကို ပြန်ရောက်တဲ့အခါ အဲကိစ္စကို မင်းရဲ့ဆရာကို ပြောပြတာကို ငါ တားမြစ်တယ်”
ထန်အန်းက နှုတ်ဆိတ်သွားသည်။ ဤကိစ္စအပေါ် ထန်ရှု၏ခိုင်မြဲသောခေါင်မာမှုအား သူမက ခံစားနိုင်၏။ သို့သော် သူမက တကယ်ဆန္ဒမရှိပေ။
နောက်တစ်နေ့ညနေ့တွင်။
ထန်ရှုနှင့်ဗုဒ္ဓဂိုဏ်းမှကျွမ်းကျင်သူဆယ့်လေးယောက်က ကျင်းမန်ကျွန်းသို့ ရောက်ရှိလာသည်။ ထို့နောက် ဘုန်းကြီးလေးပါး၏ခန္ဓာကိုယ်အား ရှောင်ရှစ်တောင်သို့ ပြန်သယ်သွားပေးရန် သူက ထာဝရခန်းမ၏အစောင့်အဖွဲ့ဝင်အချို့အား တာဝန်ပေးလိုက်၏။
“ဆရာအဘိုး”
ထန်အန်းက ထန်ရှုဘေးနားတွင် ထွက်ပေါ်လာသည်။
ထန်ရှုက သူမဘက်လှည့်ကာ မေးလိုက်၏ “ဘာလဲ”
“ကြယ်တာရာမြို့မှာ အားကောင်းတဲ့ရန်သူတွေရှိတာလား၊ ဒါကြောင့် ငါတို့က အဲကို အခု သွားနေတာလား”ထန်အန်းက မေး၏။
“မရှိဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “အဲလိုအားကောင်းတဲ့ရန်သူမရှိဘူး။ မင်းကို ကြယ်တာရာမြို့ကို ခေါ်သွားတယ်ဆိုတာက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့စီးပွားရေးကိစ္စအချို့ကို ငါ ဖြေရှင်းစရာရှိလို့”
ထန်အန်းက မှင်တက်သွားပြီး တုံ့ဆိုင်းစွာ ထပ်မေးလိုက်၏ “စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ငါ မသိဘူးလေ၊ ဆရာအဘိုး။ ဘာလို့ မင်းက ငါ့ကို ခေါ်လာတာလဲ။ ကျန်တဲ့လူတွေက ဂျပန်မှာ နေနေတာ၊ အဲနေရာမှာဆိုရင် ငါ ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ငါ ထင်တယ်”
အပြုံးတစ်ခုက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ “မင်းရဲ့ခေါင်းထဲမှာ ဘာရှိနေလဲဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေလား။ ငါ မင်းကို အကြိမ်ကြိမ်သတိပေးထားတာတောင် မင်းက အဲဒီအတွေးက မစွန့်လွှတ်ဘူးဆိုတာ မင်းရဲ့မျက်နှာကနေတစ်ဆင့် ငါ ပြောနိုင်တယ်။ ဒါကြောင့် မင်းကို ငါနဲ့အတူ ခေါ်သွားတာက အကောင်းဆုံးရွေးချယ်မှုပဲ”
“ငါ…”
ထန်အန်းက နှုတ်ခမ်းအနည်းငယ်လှုပ်သွားသည်၊ သူမက ဒေါသထွက်စွာ ရုတ်တရက် ခြေဆောင့်နင်းပြီးနောက် ပျောက်ကွယ်သွား၏။
ထန်ရှုက ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူက ကျင်းမန်ကျွန်းထာဝရခန်းမမန်နေဂျာထံ အကြည့်ပြောင်းကာ သူ့ထံမှ ကားသော့ယူလိုက်သည်။ ထို့နောက် သူက ဒရိုင်ဘာထိုင်ခုံထဲသို့ ချက်ချင်း နေရာဝင်ယူကာ ဆိပ်ကမ်းသို့ မောင်းထွက်သွား၏။
ဟိုင်ကဲလေဆိပ်။
၎င်းက ကျင်းမန်ကျွန်းတွင် အကြီးမားဆုံးလေဆိပ်ဖြစ်သည်။ BMW X5 အား ကုန်သင်္ဘောတစ်စီးထဲသို့ မောင်းထည့်ကာ နေရာကောင်းတစ်ခုတွင် ကားရပ်ထားပြီးနောက် ထန်ရှုက ကားတံခါးဖွင့်ကာ အဆုံးမဲ့ပင်လယ်မြင်ကွင်းအား ကြည့်ရှုခံစားရန် ကုန်းပတ်သို့ ဉီးတည်လိုက်၏။
“ဆရာအဖိုး၊ သင့်ရဲ့ဖုန်း”ထန်အန်းအသံက သူ့နားထဲသို့ ရုတ်တရက် ထိုးဖောက်သွား၏။
ထန်ရှုက မှင်တက်သွားပြီး သိုလှောင်လက်စွပ်မှ သူ့ဖုန်းယူထုတ်၏၊ သတိပေးချက်စာဝင်လာသံများက အဆက်မပြတ်မြည်နေ၏၊။ သူက စခရင်အား ကြည့်ပြီး missed callဆယ်ခုကျော်မြင်လိုက်ရသည်၊ အများစုက မရင်းနှီးသောနံပါတ်တစ်ခုထံမှ ဖြစ်၏။
များမကြာမီ ထိုမရင်းနှီးသောနံပါတ်က လီချိုက်ဟုခေါ်သောယောက်ပိုင်ဆိုင်သောနံပါတ်မှန်း စာများမှတစ်ဆင့် သိလိုက်ရ၏။ သူမအမေအား ကယ်ရန်အတွက် သူမမိသားစု၏ကံကောင်းမှုအာလုံးအား စွန့်လွှတ်ရန်ပင်ဆန္ဒရှိသောဤမိန်းကလေးအား သူက အမှတ်ရလိုက်သည်။
ခဏစဉ်းစားပြီးနောက် သူက ဖုန်းပြန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ နံပါတ်နှိပ်ကာ ချိတ်ဆက်သွားပြီးနောက် သူက ပြောလိုက်၏ “အခု ထန်ရှု စကားပြောနေပါတယ်၊ မင်းက လီချိုက်လား”
လီချိုက်၏အံ့အားသင့်သောအသံက ဖုန်းမှ ထွက်လာသည် “နောက်ဆုံးတော့ ရှင့်ကို ဆက်သွယ်လို့ရပြီပေါ့၊ နတ်ဆေးဆရာထန်။ ကျွန်မအမေက ပိုပိုကောင်းလာပြီး ရှင်သင်ပေးခဲ့တဲ့နည်းလမ်းက တကယ်ထိရောက်တယ်ဆိုတာ ကျွန်မ ရှင့်ကို အသိပေးချင်လို့။ ဒါကြောင့် ကျွန်မ ရှင့်ကို လူကိုယ်တိုင်ကျေးဇူးတင်ချင်လို့ ဖုန်းခေါ်ခဲ့တာ”
“လူကိုယ်တိုင်ကျေးဇူးတင်မှာလား။ ဒါမလိုအပ်ဘူးလို့ ငါ ထင်တယ်”ထန်ရှုက ပြော၏ “ဖုန်းနဲ့ ပြောတာက ငါ့အတွက် လုံလောက်ပါပြီ။ ပြီးတော့ ငါ မင်းကို ပြန်ခေါ်ရတဲ့အကြောင်းရင်းက မင်းကို တစ်ခုမေးချင်လို့။ မင်းအမေ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မယ်လို့ မင်း ထင်လဲ”
“…”
လီချိုက်က အချိန်အတန်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူမက ပြန်ဖြေ၏ “သူမက အနည်းဆုံး နှစ်နှစ်ဆယ်ကျော်အသက်ရှင်နိုင်မှာပါ။ အဲဒါတော့ ငါ သေချာတယ်”
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချကာ အားတင်းပြုံးလိုက်သည် “မင်းက ငယ်သေးတယ်။ ဒါဆို မင်းဆိုရင်ရော”