← Chapters

ခရီးတွင် လူမိုက်အချို့နှင့် တွေ့ဆုံခြင်း

Vol. 86 Ch. 1192

ခရီးတွင် လူမိုက်အချို့နှင့် တွေ့ဆုံခြင်း

Vol. 86 Ch. 1192

လီချိုက်၏လေသံက လေးနက်သွားပြီး သူမက ဆက်ပြော၏ “နတ်ဆေးဆရာထန်၊ အမေက ကျွန်မဘဝမှာ အနီးကပ်ဆုံးပုဂ္ဂိုလ်ပဲ၊ သူမက တစ်ရက်အသက်ပိုရှင်မယ်ဆိုရင် ကျွန်မလဲ အဲအတိုင်းပဲ။ ရှင့်ရဲ့ဆေးလုံးနဲ့ကျင့်ကြံခြင်းပညာရပ်အတွက် ကျေးဇူးတင်ပါတယ်၊ အမေမျက်လုံးမှိတ်တဲ့အထိ ကျွန်မက အသက်ရှင်နိုင်မယ်လို့ ယုံကြည်တယ်”

“မင်း စိတ်ဆုံးဖြတ်ထားပြီဆိုမှတော့ ငါ ဒါနဲ့ပတ်သက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး”ထန်ရှုက ပြော၏ “ဒါပေမယ့် ငါ့ကို ကျေးဇူးတင်ဖို့အတွက်ကတော့ မင်း ပြောခဲ့ပြီလေ၊ အဲဒါက ငါ့အတွက် အဆင်ပြေပါတယ်”

“စောင့်ပါအုံး…”

သူမ၏အသံက အနည်းငယ်အလျင်လိုနေသည် “ရှင် အခုဘယ်မှာလဲ၊ နတ်ဆေးဆရာထန်။ ကျွန်မ…ကျွန်မ ရှင့်ကို တွေ့ချင်တယ်”

ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်း လိုအပ်တာ တစ်ခုခုရှိလား”

“အတော်လေးအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်”လီချိုက်က ပြန်ပြောသည်။

ထန်ရှုက ခဏစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏ “မင်း ခဏတော့ စောင့်ရလိမ့်မယ်။ ကြယ်တာရာမြို့မှာ ငါ လုပ်စရာတစ်ခုရှိတယ်၊ ဒါကြောင့် ငါ အခု အဲကို သွးတဲ့ လမ်းမှာ ရှိနေတယ်။ တကယ်ပဲ အလျင်လိုတယ်ဆိုရင် မင်း ကြယ်တာရာမြို့ကို လာလို့ရတယ်။ အလျင်မလိုရင်တော့ ငါ ကိစ္စပြီးပြီး ကြယ်တာရာမြို့ကို ပြန်တဲ့အထိ စောင့်နေပေါ့။ ဟုတ်တယ်၊ မင်းနဲ့မင်းအမေက ရှန်းဟိုင်မှာ ရှိနေသေးတာမလား”

“ဟုတ်ပါတယ်။ ကျွန်မတို့က အကိုရှောက်ခွင်းနဲ့အတူ ရှိနေသေးတယ်”လီချိုက်က ပြော၏ “ကောင်းပြီလေ၊ ကျွန်မ ကြယ်တာရာမြို့ကို ချက်ချင်းလာမယ်၊ နတ်ဆေးဆရာထန်။ ကျွန်မတို့တွေ့ပြီးမှ ထပ်ပြောကြတာပေါ့”

“လောစရာမလိုဘူး။ ငါ ကြယ်တာရာမြို့ကို မနက်ဖြန်နေ့လည်မှ ရောက်လိမ့်မယ်လို့ ငါ ထင်တယ်”ထန်ရှုက ပြော၏။

“ဒါဆို ကျွန်မတို့ ရှင့်ကို အဲမှာ စောင့်နေပါ့မယ်”

ဖုန်းချပြီးနောက် သိမ်မွေ့သောအလင်းတစ်ခုက ထန်ရှု၏မျက်လုံးထဲ၌ တောက်ပသွား၏။ လီချိုက်အပေါ် သူက အထင်အမြင်ကောင်းတစ်ခုရှိပြီး သူက ဤမိန်းကလေးအား သဘောကျသည်။ သူမအမေအတွက် သူမကိုယ်သူမ စွန့်လွှတ်နိုင်သည်၊ ကြီးမားသောတန်ဖိုးတစ်ခုပေးချေရမည်ဆိုလျှင်ပင် သူမက ရွေးချယ်နိုင်သေးသည်။

“ငါတို့ဆီကိုတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပြဿနာတွေ ချဉ်းကပ်လာနေပြီ၊ ဆရာအဘိုး”

ထန်အန်း၏အသံက သူမနားထဲသို့ ရုတ်တရက် ဖြတ်သန်းလာသည်။

ထန်ရှုက မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်၊ တောင့်တင်းသန်မာသောလူဆယ်ယောက်ကျော်က အခန်းမှ ထွက်လာ၏၊ တစ်ယောက်က ရုပ်ဆိုးကာရက်စက်ကြမ်းကြုတ်သောအသွင်အပြင်ရှိသည့်လူကြီးတစ်ယောက်ဖြစ်ပြီး သူက ပိန်ပါးသောလူတစ်ယောက်၏အဝတ်စအား ဆွဲကိုင်ထား၏။

“မင်းတို့အားလုံး၊ ငါ ပြောတာ နားထောင်စမ်း။ လုံခြုံရေးခက တစ်ယောက်ကို နှစ်ဆယ်ယွမ်။ မပေးရင်တော့ ငါ့ရဲ့ဒီညီအကိုတွေကို အပြစ်မတင်နဲ့ပေါ့”လူကြီးက ပိန်ပါးသောလူအား ကုန်းပတ်ပေါ်သို့ ပစ်ထုတ်ကာ ပြောလိုက်၏။

ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ခုနှစ်မီတာအကွာရှိ သားရေဝတ်စုံနှင့်လူနှစ်ယောက်၏စကားပြောသံကို ကြားလိုက်ရ၏-

“ဒီမအေဘေးတွေပဲ ဖြစ်ပြန်ပြီ။ သူတို့က အိုးရန်မိသားစုရဲ့အထောက်အပံ့နဲ့ လူတိုင်းကို အနိုင်ကျင့်နေတာပဲ”

“ငါတို့မှာ အခြားရွေးချယ်စရာမှ မရှိဘဲ။ ကျင်းမန်ကျွန်းမှာ အိုးရန်တွေရဲ့နောက်ခံကို ဘယ်သူက မသိလို့လဲ။ ပင်လယ်ကို ဖြတ်သန်းတဲ့ ဧည့်သည်တိုင်းကို သူတို့က ခြိမ်းခြောက်ငွေညစ်နေတာပဲ။ လူတော်တော်များများက ရဲသားတွေကို ခေါ်ယူဖို့ ကြိုးစားပေမယ့် သူတို့က ဘယ်လိုအဆုံးသတ်သွားတယ်လို့ မင်းထင်လဲ။ ဒီအယုတ်တမာတွေက အိုးရန်တွေရဲ့လူမိုက်တွေဆိုတာ ကြားပြီး သူတို့က နားတစ်ဖက်ကန်းသလို ဖြစ်သွားကြတယ်လေ”

“စိတ်ရှည်စမ်းပါ။ ငါတို့မှာ ရွေးချယ်စရာမရှိဘူး။ ကံကောင်းတာက သူတို့တောင်းတဲ့ပိုက်ဆံက အသေးအဖွဲ့လောက်ပဲ။ စီးကရက်နှစ်လိပ်ဝယ်လိုက်တယ်လို့ပဲ သတ်မှတ်ရအောင်”

“အေးပေါ့လေ၊ ဒီလိုပဲ လုပ်ရမှာပေါ့”

ထိုနှစ်ယောက်၏စကားပြောသံများကို ကြားပြီး ထန်ရှုက အနည်းငယ်မျက်ခုံးတွန့်လိုက်သည်။ သူက အိတ်ကပ်မှ ဖုန်းထုတ်ကာ အိုးရန်လုလု၏နံပါတ်အား ခေါ်လိုက်၏။ အချိန်အနည်းငယ်ကြာပြီးနောက် အိုးရန်လုလု၏အိပ်ချင်မပြေသေးသောအသံက ဖုန်းမှ ထွက်လာ၏ “အာ၊ ညသန်ခေါင်ချိန်ကျမှ ဘယ်သူက ငါ့အိပ်မက်ကို လာနှောင့်ယှက်နေတာလဲ”

ထန်ရှုက ရယ်ကာ ပြောလိုက်၏ “ငါပါ၊ လုလု”

ချက်ချင်းလျှင်ပင် သူမက အံ့ဩဝမ်းသာစွာ အော်ပြော၏ “ရှင် ရှန်းဟိုင်ကို ပြန်လာနေပြီလား၊ ဟန်နီ။ အခု ရှင် ဘယ်မှာလဲ။ ကျွန်မ ရှင်ဆီ အခုပဲ လာမယ်”

“ငါက ရှန်းဟိုင်မှာ မဟုတ်ဘူး။ အခုမှ ကျင်းမန်ကျွန်းဆိပ်ကမ်းကို ရောက်တာ၊ ငါ ကြယ်တာရာမြို့ကို ပြန်မလို့။ အဲနေရာမှာ ငါ အရင်ဖြေရှင်းစရာကိစ္စအချို့ ရှိတယ်။ မင်းကို မေးစရာကိစ္စတစ်ခုရှလို့ ငါ ဖုန်းခေါ်လိုက်တာ”ထန်ရှုက ပြုံးကာ ပြော၏။

“ဘာများလဲ”အိုးရန်လုလု၏လေသံက အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း သူမက မေးလိုက်၏။

“ငါ ကုန်းယန်ကနေ ကျင်းမန်ကျွန်းကို သင်္ဘောနဲ့လာတာ၊ သင်္ဘောပေါ်မှာ ကာကွယ်ရေးခဆိုပြီး ခရီးသွားတွေကို ငွေညစ်နေတဲ့ လူတစ်အုပ်ရှိတယ်။ ဒါပေမယ့် ကိစ္စကတော့ သူတို့က မင်းတို့ရဲ့မိသားစုနာမည်ကို အသုံးပြုနေတာပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း သိလား”

“အရိုးသားဆုံးပြောရရင် ငါ အဲဒါကို မသိဘူး”အိုးရန်လုလုက နားမလည်နိုင်ဖြစ်သွား၏ “အရင်က ကုန်းယန်စီရင်စုကို သင်္ဘောနဲ့ ငါ မကြာခဏသွားပေမယ့် ဒီလိုငွေညစ်တဲ့လူတစ်ယောက်နဲ့မှ မတွေ့ခဲ့ရဘူး”

“ဒါနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ပါ”ထန်ရှုက ပြော၏ “ဒီလူတွေက ဆိုးဝါးတဲ့သဘောထားရှိပြီး ချမ်းသာတဲ့အိုးရန်မိသားစုက ဒီလောက်ပိုက်ဆံလောက်ကို ဂရုစိုက်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ အကို့ကို ချက်ချင်းဖုန်းဆက်လိုက်မယ်၊ အချစ်”အိုးရန်လုလုက ပြန်ဖြေသည် “တာဝန်ရှိတဲ့သူက အိုးရန်မိသားစုကဆိုရင် ငါ သူ့ကို သေချာပေါက် သင်ခန်းစာပေးရမယ်။ ဒီလူတွေက အိုးရန်မိသားစုရဲ့နာမည်ကို အသုံးပြုရုံပဲဆိုရင်တော့ အကိုက သေချာပေါက် ရူးသွားလိမ့်မယ်”

“နေပါအုံး၊ လုလု။ မင်းက အိုးရန်တွေရဲ့အဖွဲ့ဝင်တစ်ယောက်မဟုတ်ဘူးလား”ထန်ရှုက ထူးဆန်းသောလေသံနှင့် မေးလိုက်သည်။

အိုးရန်လုလုက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူမက အော်လိုက်သည် “ထန်ရှုကောင်စုတ်။ ရှင်က ငတုံးတစ်ကောင်ပဲ။ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ ကျွန်မက အိုးရန်အိမ်ရဲ့အဖွဲ့ဝင်တစ်ယောက်မဟုတ်ဘူး၊ အရင်ကလဲ မဟုတ်သလို အခုလဲ မဟုတ်ဘူး။ ကျွန်မက ထန်တွေရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ရှင့်ရဲ့ဇနီးပဲ။ ရှင်က မျောက်တစ်ကာင်ဆိုရင်တောင် ကျွန်မက ရှင်နဲ့ လက်ထပ်ပြီး တောင်ပေါ်ထိ လိုက်သွားမှာပဲ။ ရှင် နားလည်လား”

အဟွတ်…အဟွတ်…

ထန်ရှုက ခြောက်ကပ်ကပ်ပြုံးကာ ပြန်ဖြေသည် “ကောင်းပါပြီ၊ ကောင်းပါပြီ၊ စိတ်လျှော့ပါ။ မင်းက ထန်တွေရဲ့အဖွဲ့ဝင်တစ်ယောက်ပါ။ အခု အဆင်ပြေပြီးလား”

“ဟမ့်…”

အိုးရန်လုလုက နှာခေါင်းရှုံ့ကာ ဖုန်းချလိုက်သည်။ သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက် သူမက ဖုန်းပြန်ခေါ်လာ၏ “ငါ အဲဒါကို သေချာမေးပြီးပြီ၊ အချစ်။ သင်္ဘောပေါ်မှာ လုံခြုံရေးခကောက်တာနဲ့ ပတ်သက်ပြီး အကိုသိတယ်။ သူက ငါ့အကိုကို ကယ်ခဲ့တဲ့အတွက် သူ့လူတွေထဲက တစ်ယောက်က အဲဒါကို လုပ်နေတယ်။ ဒါကြောင့် အဲဒါကို သိတာတောင် သူက မသိချင်ယောင်ဆောင်ထားတာပဲ”

“ကျေးဇူးဆပ်ဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုရှာပြီး သင်္ဘောပေါ်မှာ ဒါမျိုး ထပ်မလုပ်မိစေဖို့ မင်းအကိုကို ပြောလိုက်ပါ”ထန်ရှုက ပြော၏ “အိုးရန်တွေက ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်ခုပဲ၊ မျက်လုံးများစွာက မင်းတို့ကို စောင့်ကြည့်နေတာ၊ မင်းတို့နဲ့ ရင်ဆိုင်ဖို့ အခွင့်အလမ်းတစ်ခုကို စောင့်နေတာ။ တစ်ယောက်ယောက်က ဒီကိစ္စအပေါ် အရေးယူလာရင် မင်းတို့အတွက် ဒုက္ခအနည်းငယ်ဖြစ်လာနိုင်တယ်”

“ငါ နားလည်ပါတယ်”အိုးရန်လုလုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ထန်ရှုက ဖုန်းချပြီးနောက် တောင့်တင်းသန်မာသောလူဆယ်ယောက်ကျော်က သူ့ထံ ရောက်လာပြီး သူတို့ခေါင်းဆောင်က လက်ဆန့်ကာ အေးစက်သောမျက်နှာသော ပြောလိုက်၏ “ကာကွယ်ခပေးပါ…”

ထန်ရှုက သူ့အိတ်ကပ်မှ ယွမ်နှစ်ဆယ်ယူထုတ်ကာ ပေးပြီးနောက် ပြောလိုက်သည် “ဒီနေ့က ဒီနေရာမှာ ပိုက်ဆံတောင်းတဲ့မင်းတို့ရဲ့နောက်ဆုံးအကြိမ်ပဲ။ မင်းတို့ ဒါကို လုပ်တာ နောက်ဆုံးအကြိမ်အမှတ်အသားအနေနဲ့ ငါ မင်းကို ပိုက်ဆံပေးတာ။ နောက်ကျရင် ဒီလိုတရားမဝင်တဲ့ကိစ္စတွေကို မလုပ်ဖို့ မင်းတို့ရဲ့စိတ်ထဲမှာ မှတ်ထားပါ၊ မဟုတ်ရင် အိုးရန်တွေကတောင် မင်းတို့ရဲ့ဖင်ကို ကယ်နိုင်မှာ မဟုတ်ဘူး”

ထိုလူက မှင်တက်သွားပြီး ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ သူက ထန်ရှုအား အကဲဖြတ်ကာ မေးလိုက်၏ “မင်းက ဘယ်သူလဲ။ မင်းက ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားကို ပြောရဲတာလား”

“အဓိပ္ပါယ်မရှိတဲ့စကားလား။ အဓိပ္ပါယ်မရှိတာတွေ ငါ မပြောဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “မင်းရဲ့သူဌေးက အိုးရန်လဲ့ရဲ့အသက်ကို ကယ်ခဲ့တယ်၊ ဒါကြောင့် မင်းက အိုးရန်အိမ်နာမည်ကို သုံးပြီး ရက်စက်ရမ်းကားနိုင်တယ်။ မင်းက အိုးရန်တွေကို အသရေပျက်အောင် လုပ်နေတယ်လို့ရော တွေးဖူးလား”

“ချီး၊ မင်းက ဘာကောင်လဲ။ အိုးရန်တွေက အားကောင်းတယ်ဆိုတာ မင်း သိထားပြီဆိုမှတော့ ငါတို့က ရာဇဝတ်မှုတွေ ကျူးလွန်ရင်တောင် ဘယ်သူက ငါတို့ကို နှောင့်ယှက်နိုင်မှာလဲ။ ဘယ်သူက အိုးရန်တွေကို အရေးယူနိုင်မှာလဲ။ ဘယ်သူလဲ”ထိုလူနောက်ရှိ တောင့်တင်းသန်မာသောလူတစ်ယောက်က လက်ထဲရှိ သံမဏိပိုက်အား မြှောက်လိုက်သည်။

ဖြန်း…

ကျယ်လောင်သောရိုက်သံနှင့်အတူ တောင့်တင်းသန်မာသောလူက နောက်သို့ လွင့်ထွက်သွားသည်။ သူက ကုန်းပတ်အစွန်းတွင် ရပ်နေသောကြောင့် ရိုက်ချက်က သူ့အား ပင်လယ်ထဲသို့ ကျသွားစေ၏။

တောင့်တင်းသန်မာသောလူဆယ်ယောက်ကျော်နှင့်ခေါင်းဆောင်က မှင်တက်သွားသည်။ ရိုက်သံအား ကြားလိုက်ရသော်လည်း သူတို့အရှေ့ရှိဤလူငယ်က ရပ်နေသေးသည်ကို သူတို့က မြင်တွေ့၏။ သူက လက်တစ်ချောင်းပင် မလှုပ်ခဲ့ပေ။

ဒါဆို ဘယ်သူက ရိုက်ခဲ့တာလား။

တစ္ဆေတစ်ကောင်ထွက်လာတာတော့ မဟုတ်ဘူးမလား။

ထန်ရှုက အနှောင့်အယှက်ဖြစ်သွားသည့်အမူအရာနှင့် ပြောလိုက်၏ “မကောင်းတာလုပ်တဲ့လူတွေက တစ်နေ့ကျရင် ပျက်ဆီးကိန်းကြုံလာလိမ့်မယ်လို့ လူတွေက ပြောကြတယ်။ သူတို့က သာမန်လူတွေနဲ့ သွားဆုံရင်တော့ အဆင်ပြေမှာပါ၊ ဒါပေမယ့် အားကောင်းတဲ့လူတွေနဲ့ တွေ့ရင်တော့ ကြီးမားတဲ့ဒုက္ခတွေကို မျှော်လင့်ထားနိုင်တယ်။ ငါ ပြောတာ မှန်လား”

ကယ်ဆယ်ရေးအတွက် သင်္ဘောအား ရပ်ရန်အ ထိုလူက သူ့လူအချို့အား ကွပ်ကဲစင်သို့ သွားရန် အမိန့်ပေးလိုက်သည်။ သူကမူ မထွက်ခွာဘဲ ထန်ရှု၏တည်ငြိမ်သောအမူအရာအား လေ့လာလိုက်သည်။ သူက လက်ထဲရှိပိုက်ဆံအား တင်းကြပ်စွာ ဖျစ်ညှစ်လျက် ထပ်မေးလိုက်၏ “မင်းက ဘယ်သူလဲ။ မင်း တကယ်ပဲ အိုးရန်တွေကို မကြောက်တာလား”

“အဲဒါက အခြားမိသားစုတစ်ခုဆိုရင်တော့ ငါ အနည်းငယ်စိုးရိမ်ရမှာပါ။ ဒါပေမယ့် ငါ့မှာ သူတို့ထဲကတစ်ယောက်ရဲ့နောက်ခံရှိတာကြောင့် အိုးရန်တွေကို ငါ မကြောက်ဘူး”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“အိုးရန်အိမ်က မင်းရဲ့နောက်ခံက ဘယ်သူလဲ”ထိုလူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ထန်ရှုက ခဏစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည် “ငါ့အမျိုးသမီးအိုးရန်လုလုလေ”

“အိုးရန်လုလုလား။ သူမက မင်းရဲ့အမျိုးသမီးလား”

ထိုလူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူက မှင်တက်သွား၏။ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ အံ့အားသင့်စွာ ပြောလိုက်၏ “မင်းက…မင်းက သူဌေးထန်လား”

ထန်ရှုက ထူးဆန်းစွာ ပြုံးလျက် ပြောလိုက်သည် “အယ်၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အပြောင်းအလဲမြန်ရတာလဲ”

ဘန်း…

ထိုလူက ထန်ရှုရှေ့မှောက်တွင် တန်းကာ ဒူးထောက်လျက် တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည် “သူ…သူဌေးထန်၊ ငါတို့ညီအကိုတွေက မျက်လုံးရှိပေမယ့် မင်းလိုအရေးကြီးတဲ့လူတစ်ယောက်ကို မမြင်နိုင်ခဲ့ဘူး၊ မင်းဆီကနေ ပိုက်ဆံတောင် တောင်းခဲ့မိတယ်။ ကျေးဇူးပြုပြီး မင်းရဲ့ယောက်ဖမျက်နှာကို ထောက်ပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ။ နောက်ထပ်ငွေမညစ်တော့ဘူးလို့ ငါ ကတိပေးပါတယ်”

ကရင်း…ကရင်း…ကရင်း…

သူ့အသံ ပျောက်ကွယ်သွားလျှင်ချင်း ဖုန်းမြည်သံက လျင်မြန်စွာ ထွက်လာ၏။

ထိုလူက ထန်ရှုအား မော့ကြည့်လိုက်သည်။

“မြန်မြန်ကိုင်လိုက်ပါ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ရသွားသလို ထိုလူက ထလိုက်သည်။ ဖုန်းထုတ်ကာ ကြည့်ပြီးနောက် သူ့သူဌေးထံမှ ဖြစ်၏။ သူက answerခလုတ်ကို နှိပ်ကာ ဂရုစိုက်စွာ ပြောလိုက်သည် “မင်း ငါ့ကို ရှာနေတာလား၊ သူဌေး။ ငါ အခု သင်္ဘောပေါ်မှာ ရှိတယ်၊ ကုန်းယန်ကို ရောက်ရင် ငါ ချက်ချင်းပြန်လာခဲ့ပါမယ်”

“မင်းက သင်္ဘောပေါ်မှာ ရှိတာလား”လူတစ်ယောက်၏အသံက ဖုန်းမှ ထွက်လာသည်။

All Chapters