ရှုပ်ထွေးသောအနေအထားများ
Vol. 86 Ch. 1193
ဖုန်းကို နားတွင် ကပ်ရင်း ထန်ရှုအရှေ့ရှိလူက ထပ်ခါတလဲလဲ ခေါင်းညိတ်နေသည်။ “ငါတို့က တကယ်ကို သင်္ဘောပေါ်မှာပဲ၊ သူဌေး။ အခု မင်း ငါ့ကို ဖုန်းဆက်တာဆိုတော့ ငါတို့အတွက် ညွှန်ကြားချက်တစ်ခုခုများရှိသလား”
“ကာကွယ်ရေးခစုဆောင်းတာကို ရပ်တန့်ပြီး ကောင်လေးတွေအားလုံးကို ကုန်းယန်ကို ခေါ်သွားပါ။ ပြီးရင် ငါ့နေရာကို ချက်ချင်းပြန်လာခဲ့။ ဒီနေ့ကစပြီး သင်္ဘောပေါ်မှာ ငါတို့က ကာကွယ်ခကို တောင်းလို့မရတော့ဘူး။ ငါ…အခုပဲ အကိုလဲ့ဆီကနေ ဖုန်းခေါ်လာတယ်”တစ်ဖက်လူက ဖုန်းမှ ပြန်ဖြေသည်။
အကိုလဲ့လား။ အိုးရန်လဲ့လား။
သူက ချက်ချင်းနားလည်လိုက်သည်။ ထန်ရှုက အိုးရန်လဲ့အား ကြိုတင်ဖုန်းခေါ်ခဲ့သည်ဖြစ်ရမည်၊ သို့မဟုတ်လျှင် ဤအချိန်တွင် အိုးရန်လဲ့က သူ့သူဌေးအား ဖုန်းခေါ်ရန် ဒီလောက်တိုက်ဆိုင်မည်မဟုတ်ပေ။
“ငါ နားလည်ပါပြီ၊ သူဌေး။ ငါ…ငါ နောက်ထပ်ပိုက်ဆံမကောက်တော့ဘူးလို့ သူဌေးထန်ကို အခုပဲ ကတိပေးခဲ့တယ်”သူက ခါးသီးစွာနှင့် ပြန်ဖြေ၏။
“သူဌေးထန်လား။ ဘယ်သူဌေးထန်ကို မင်း ပြောနေတာလဲ”တစ်ဖက်လူ၏လေသံက သိချင်စိတ်အပြည့်ဖြစ်နေသည်။
“နတ်ဆေးဆရာထန်၊ သခင်မလေးအိုးရန်ရဲ့လူ”
“လာပြန်ပြီးလား”
အလန့််တကြားဖြစ်သွားသည်ကို ဖုန်းမှ ကြားလိုက်ရသည်။ ခဏကြာပြီးနောက် တစ်ဖက်လူက ကမန်းကတန်း ပြော၏ “မင်း သူဌေးထန်ကို ရန်စပြီးပြီလား။ မင်း လုပ်ခဲ့တယ်ဆိုရင် သူ့ကို ချက်ချင်း တောင်းပန်။ မင်း ဒူးထောက်တောင်းပန်ရမယ်ဆိုရင်တောင် သူ ဒေါသမထွက်အောင် လုပ်ရမယ်”
“အားဟူက သူဌေးထန်ကို ကြမ်းတမ်းတဲ့စကားအချို့ ပြောခဲ့ပေမယ့်…ဘာဖြစ်ခဲ့သလဲဆိုတာတော့ ငါ မသေချာဘူး၊ သူက တစ်ခုခုကြောင့် ပင်လယ်ထဲကို လွင့်ပစ်ခံလိုက်ရတယ်။ ဒါပေမယ့် ငါက သူဌေးထန်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံခဲ့ပါတယ်”သူက ခါးသီးစွာ ပြောလိုက်၏။
“ကောင်းပြီလေ၊ မင်းက သူ့ကျွန်တစ်ယောက်လို သူ့ကို ခစားဖို့ စိတ်ထဲမှာ မှတ်ထားပါ။ သူ တောင်းဆိုတာ ဘာပဲဖြစ်ဖြစ် ကျေနပ်အောင် လုပ်ပါ။ ပြီးတော့ သူ့ကို ငါ တောင်းပန်ပါတယ်လို့ ပြောပေးပါ”
ဖုန်းခေါ်ပြီးနောက် သူက ဖုန်းအား အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ထန်ရှုအား ကြည့်ကာ ပြော၏ “သူဌေးထန်၊ အိုးရန်တွေရဲ့နာမည်ကို သုံးပြီး သင်္ဘောပေါ်မှာ ငွေထပ်မစုဆောင်းတော့ဘူးလို့ ငါ့သူဌေးက ပြောခဲ့တယ်။ ပြီးတော့ မင်း တစ်ခုခုလိုအပ်တာရှိရင်လဲ ငါ့ကို ပြောပေးပါ။ မင်းအတွက် ဘာပဲဖြစ်ဖြစ် ငါ လုပ်ပေးပါ့မယ်”
“ငါ အဆင်ပြေပါတယ်။ မင်း ပြန်သွားလို့ရပါပြီ”ထန်ရှုက လက်ဝှေ့ယမ်းပြလိုက်သည်။
ထို့နောက် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွား၏။
နံနက်နှစ်နာရီခွဲတွင် သင်္ဘောက ကုန်းပတ်ပေါ်သို့ ဆိုက်ကပ်လာသည်။ ယခင်က သင်္ဘောပေါ်တွင် ကာကွယ်ရေးခကောက်ခံခဲ့သည့်တောင့်တင်းသန်မာသောလူဆယ်ယောက်ကျော်က ထန်ရှုအား ကမ်းစပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ နောက်ဆုံးတွင် ထန်ရှုက ကားမောင်းထွက်သွားပြီးတော့မှ သူတို့က စိတ်သက်သာရာရသွား၏။
ကြယ်တာရာမြို့ရှိ တောင်ဘက်ဂိတ်မြို့၏ဂိတ်ရှေ့တွင် BMW X5က ရပ်သွား၏။ တာဝန်ကျလုံခြုံရေးအစောင့်တစ်ယောက်က လျှပ်စစ်တုတ်တံကို ကိုင်ရင်း လျင်မြန်စွာ နှုတ်ဆက်လာ၏။ အစောင့်က ဒရိုင်ဘာထိုင်ခုံရှိ ထန်ရှုအား ကြည့်ကာ အရိုအသေပေးပြီးနောက် လေးစားစွာ ပြောလိုက်သည် “မင်းက ဒီနေရာမှာ နေတဲ့တစ်ယောက်ယောက်ကို ရှာနေတာလား၊ ဆရာ။ ဂိတ်မှာတပ်ဆင်ထားတဲ့စုံစမ်းရေးကိရိယာက မင်းရဲ့ကားကို စာရင်းမသွင်းထားဘူး”
“ဒီနေရာမှာ ငါ့အိမ်တစ်လုံးရှိတယ်၊ ဒါပေမယ့် ဒီကားက အခြားတစ်ယောက်ဟာ”ထန်ရှုက သူ့အား ပြုံးကာ ရှင်းပြလိုက်သည် “ငါ ဒီနေရာမှာ အချိန်အနည်းငယ် နေပြီး ဒီကားကို ခဏအသုံးပြုမှာဆိုတော့ အဲဒါကို စာရင်းသွင်းထားပေးပါ”
“မင်းက ဘယ်စံအိမ်မှာ နေတာပါလဲ”လုံခြုံရေးအစောင့်က ကမန်းကတန်းမေးလိုက်၏။
ထန်ရှုက ပြန်ဖြေမည့်ဆဲဆဲတွင် နောက်ထပ်လုံခြုံရေးအစောင့်တစ်ယောက်က အဝေးမှ ပြေးလာပြီး သူ့အား ရိုသေလေးစားသောမျက်နှာနှင့် ပြောလိုက်သည် “မစ္စတာထန်လား။ တကယ်ပဲ မင်းလား”
“ငါ မင်းကို မှတ်မိပါတယ်။ မင်းက ရှောင်ဟူလား”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။
ရှောင်ဟူက ကမန်းကတန်းပြုံးကာ ပြန်ဖြေ၏ “ဟုတ်တယ်၊ မှန်ပါတယ်။ ငါက ရှောင်ဟူပါ။ ငါတို့ရဲ့မန်နေဂျာမစ္စလုံက လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းအကြောင်း ပြောသေးတယ်၊ မစ္စတာထန်။ မင်း ပြန်မရောက်လာတာ အချိန်အနည်းငယ်ရှိပြီလို့ သူမက ပြောတယ်”
“မင်းပြောတာ လုံရွှယ်ယောင်လား”ထန်ရှုက မေးလိုက်သည်။
“ဟုတ်ပါတယ်၊ မန်နေဂျာလုံရွှယ်ယောင်ပါ”ရှောင်ဟူက ခေါင်းညိတ်လိုက်သည် “သူမ အခုပဲ ထွက်သွားတာ၊ ဆေးရုံကို သွားမယ်လို့ ပြောသွားတယ်”
ထန်ရှုက အနည်းငယ် မှင်တက်သွားပြီး သူ့အား မေးလိုက်၏ “လုံရွှယ်ယောင်က ဆေးရုံကို သွားတာလား။ ဘာဖြစ်လို့လဲ”
ရှောင်ဟူက တုံ့ဆိုင်းလျက် ပြန်ဖြေ၏ “အသေးစိတ်တော့ ငါ မသိဘူး၊ ဒါပေမယ့် ခေါင်းဆောင်လုံက ဒဏ်ရာရသွားပြီး ဆေးရုံတက်နေရတယ်လို့ ငါ ကြားတယ်။ သူမက သူ့ကို သွားကြည့်တာ”
ထန်ရှုက ကားတံခါးကို တွန်းဖွင့်ကာ မေးလိုက်၏ “ဘယ်ခေါင်းဆောင်လုံလဲ။ လုံဟန်ဝမ်လားဒါမှမဟုတ်လုံကျန်းယုလား”
“အဲဒါသခင်လေးလုံကျန်းယုပါ”ရှောင်ဟူက ကမန်းကတန်း ပြန်ဖြေသည်။
ထန်ရှုက ခဏစဉ်းစားလိုက်ပြီးနောက် သူ့ဖုန်းအား ထုတ်ကာ လုံကျန်ယု၏နံပါတ်အား ခေါ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့ဖုန်းက ချိတ်ဆက်သွားပြီး မောပန်းနေသောအသံတစ်ခုက သူ့အား နှုတ်ဆက်၏ “ထန်ရှုလား။ လုံဟန်ဝမ်ပါ”
ဆိုးရွားသောခံစားချက်တစ်ခုက ထန်ရှု၏စိတ်ထဲ၌ ထွက်ပေါ်လာပြီး သူက ကမန်းကတန်းမေးလိုက်၏ “ဉီးလေးလုံ၊ လုံကျန်းယုက ဒဏ်ရာရသွားတယ်လို့ ငါ ကြားတယ်၊ အဲဒါ မှန်လား။ ဘာဖြစ်ခဲ့တာလဲ၊ ဘာလို့ သူ့ဖုန်းက မင်းနဲ့အတူ ရှိနေတာလဲ”
“မင်းက သတင်းကြားတာ မြန်တာပဲ။ ဒီမနက်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကို မင်းကြားမယ်လို့ ငါ မထင်ထားဘူး”လုံဟန်ဝမ်က ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ကျန်းယုက တကယ်ဒဏ်ရာရထားတယ်၊ အဲဒါက အတော်လေးပြင်းထန်တယ်။ မနက်ကတည်းက သူက ကိုမာဖြစ်နေပြီး ဘယ်အချိန်မှ နိုးထလာမလဲဆိုတာ ငါ မသိဘူး”
“ဘာဖြစ်ခဲ့တာလဲ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။
“လက်ရှိမှာ ကြယ်တာရာမြို့ကအနေအထားက လူကောင်းတွေလူဆိုးတွေ ရောနှောနေပြီး အတော်လေး ဖရိုဖရဲဖြစ်နေတယ်”လုံဟန်ဝမ်က အကူအညီမဲ့စွာ ပြော၏။
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် မေးလိုက်သည် “ဒါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ဆက်စပ်နေတာလား”
“ဟုတ်တယ်။ ကျန်းယုကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူတွေက အမေရိကန်က ဟာဘိုအုပ်စုကပဲ”လုံဟန်ဝမ်က ပြောလိုက်သည် “အဲကောင်က တကယ်သောင်းကျန်းတယ်။ သူ့ကို ဖမ်းဖို့ ငါ့လူတွေကို လွှတ်ခဲ့ပေမယ့် အဲဒီကုမ္ပဏီက တစ်ယောက်ယောက်ကို လွှတ်ပြီး အရာရှိနဲ့အာဏာပိုင်အချို့နဲ့ ဆက်သွယ်ခဲ့တယ်၊ ငါတောင် ဖိအားအောက် ရောက်သွားတယ်”
အေးစက်သောအလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားပြီး သူက ထပ်မေးလိုက်၏ “ကျန်းယုက အခု ဘယ်ဆေးရုံမှာလဲ။ ကြယ်တာရာမြို့ကို ငါ အခုပဲ ပြန်ရောက်တာ”
“ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံ”လုံဟန်ဝမ်က ပြောလိုက်သည်။
ထန်ရှုက ဖုန်းချကာ လုံခြုံရေးအစောင့်ရှောင်ဟူအား နှုတ်ဆက်လိုက်သည်။ ထို့နောက် ကားပေါ်ပြန်တက်ကာ သူက ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံသို့ ဉီးတည်လိုက်၏။
***
ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံ။
ဆေးရုံအုပ်အခန်းတွင် လီလုံဂျီက လက်ဖက်ရည်တစ်ခွက်ကိုင်ကာ ကုလားထိုင်တွင် မှီလျက် အတွေးရထား၌ နစ်မျောနေသည်။ ထန်ရှုက သူ့ဆေးရုံအတွက် ကြီးမားသောဂုဏ်သတင်းတစ်ခု ယူဆောင်လာပြီးကတည်းက သူက ပြည်ပဆေးပညာကျွမ်းကျင်သူများအား စုဆောင်းခဲ့ပြီး နောက်ဆုံးပေါ်ဆေးကိရိယာများအား ဝယ်ယူခဲ့သည်၊ စီနီယာတရုတ်တိုင်းရင်းဆေးပညာရှင်အချို့ကိုပင် ဆေးရုံ၌ အလုပ်လုပ်ပေးရန်အတွက် သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်။ ယခင်က ဤဆေးရုံတွင် အလုပ်လုပ်ခဲ့သည့်အနားယူသွားသောတရုတ်တိုင်းရင်းဆေးပညာကျွမ်းကျင်သူတစ်ယောက်ကိုပင် ဖိတ်ခေါ်ခဲ့၏။
ယခုဆိုလျှင် ဆေးရုံ၏ဧရိယာအကျယ်အဝန်းက နှစ်ဆဖြစ်လာပြီး ကြယ်တာရာမြို့ပြည်သူဆေးရုံနောက် ပထမဖြစ်လာခဲ့သည်။
“ဒီနေရာမှာ ထန်ရှုမရှိတာ စိတ်မကောင်းစရာပဲ။ သူက ဒီနေရာမှာ ရှိသေးတယ်ဆိုရင် ပြည်သူ့ဆေးရုံကတောင် ကြယ်တာရာမြို့တရုတ်တိုင်းရင်ဆေးရုံကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဲဒီသိုင်ရှင်းယွဲ့ဆိုတဲ့မိန်းကလေးလဲ ရှိတယ်။ သူမက ခရီးတစ်ခုအတွက် ဆေးရုံက ထွက်သွားပြီး အချိန်တစ်ခုကြာမှ ပြန်လာလိမ့်မယ်”
လူအိုကြီးက အနေအထားနှင့်ပတ်သက်ပြီး စိတ်ထဲ၌ ညည်းလိုက်သည်။ သို့သော် ထိုနှစ်ယောက်အပေါ် ကျေးဇူးတင်သောခံစားချက်က ပိုသိသာလေ၏။ ဤဆရာတပည့်နှစ်ယောက်ကြောင့် ဆေးရုံက တစ်နေ့ပြီးတစ်နေ့ တိုးတက်လာနိုင်သည်ကို သူက သဘောပေါက်၏။
“အိပ်ပြန်ဖို့အချိန်ရောက်ပြီပဲ”
သူက လက်ဖက်ရည်ခွက်အား ချက်ကာ ကိုယ်လက်ဆန့်လိုက်သည်။ ထို့နောက် သူက အိပ်ရာမှ ထကာ အင်္ကျီချိတ်ပေါ်ရှိ သူ့ကုတ်အား ဆွဲယူလိုက်သည်။
ကရင်း…ကရင်း…ကရင်း…
ကုတ်အင်္ကျီဝတ်ပြီးနောက် သူ့ဖုန်းက မြည်လာသည်။ သူ၏အထောက်အထားကြောင့် လူတော်တော်များများက သူ့အား ရှာဖွေနေသဖြင့် သူက ဖုန်းအား ကြုံသလိုသာ ယူထုတ်လိုက်၏။ သူနှင့်မရင်းနှီးသောလူအချို့ပင် သူ့ဖုန်းနံပါတ်အား ရအောင်ရှာကာ သူတို့၏ဖျားနာနေသာမိသားစုအား ကောင်းကောင်းဂရုစိုက်ပေးလိုကြသည်။
“အာ…”
သို့သော် စခရင်ပေါ်ရှိ နံပါတ်ကို မြင်သောအခါ သူက မျက်လုံးပြူးကျယ်သွားပြီး စိတ်လှုပ်ရှားသောအမူအရာက သူ့မျက်နှာတစ်ပြင်လုံး ဖုံးလွှမ်းသွား၏။ သူက အဖြေခလုတ်အား တန်းနှိပ်ကာ လျင်မြန်စွာ မေးလိုက်သည် “ထန်ရှုလား။ မင်းက ထန်ရှုမလား”
“ကျုပ်ပါ၊ ဆေးရုံအုပ်လီ”ထန်ရှုက အတည်ပြုပေးလိုက်သည် “ကျုပ် အခု ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံကို သွားတဲ့လမ်းမှာ ရှိတယ်။ ခင်ဗျားက ဆေးရုံမှာ ရှိနေသေးတယ်ဆိုရင် ကျုပ် ခင်ဗျားကို အဲမှာ တွေ့ချင်တယ်”