← Chapters

အစီအစဉ်ချခြင်း

Vol. 86 Ch. 1195

အစီအစဉ်ချခြင်း

Vol. 86 Ch. 1195

တောင်ဘက်ဂိတ်မြို့တွင်။

ပြန်ရောက်လာပြီးနောက် ထန်ရှုက ခန်းရှနှင့်အန်ဒီတို့နှင့်အတူ စာကြည့်ခန်းသို့ သွားကာ ခန်းရှမှ ကြိုတင်ပြင်ဆင်ပေးထားသော စာရွက်စာတမ်းများအား လေ့လာလိုက်သည်။

မနက်ခင်းနှစ်ချက်ထိုးချိန်တွင် သူတို့သုံးယောက်က ဆွေးနွေးမှုအား အဆုံးသတ်ခဲ့သည်။ သို့သော် ကုမ္ပဏီများစွာ၏အချက်အလက်က ကျန်ရှိသေးသည်၊ အများစုက ၎င်းတို့၏အသေးစိတ်အား မစုံစမ်းရသေးပေ။

“သူတို့ကို အရင်စုံစမ်းလေ့လာဖို့ ငါတို့လူတွေကို လွှတ်လိုက်ရင် ဘယ်လိုလဲ၊ သူဌေး။ ဒါမှမဟုတ် ကျော်ကြားတဲ့အပြည်ပြည်ဆိုင်ရာလျှို့ဝှက်ထောက်လှမ်းရေးကုမ္ပဏီတွေကို ငှားချင်လား”အန်ဒီက သူမ၏အိုင်ဒီယာအား ဖော်ပြလာသည်။

“သူတို့နောက်ကွယ်က သူဌေးကြီးက အတူတူဖြစ်ဖို့ အခွင့်အရေးရှိတယ်။ အဲဒီကုမ္ပဏီတွေကို စူးစမ်းလေ့လာဖို့ ငါတို့ရဲ့ကိုယ်ပိုင်လူတွေကို လွှတ်လိုက်မယ်”ထန်ရှုက ပြောလိုက်သည်။

“ဒါပေမယ့် စုံစမ်းလေ့လာဖို့အတွက် ငါတို့ရဲ့လူတွေကို လွှတ်ဖို့ အချိန်အလုံအလောက်မရှိမှာ ငါ စိုးရိမ်တယ်”ခန်းရှက ကြားဖြတ်ပြောလိုက်သည်။

“ဂျပန် မသွားခင်တုန်းက နောက်ပိုင်းကျရင် ငါတို့ရဲ့ရန်ပုံငွေတွေကုန်ဆုံးမှာနဲ့ ပတ်သက်ပြီး ငါ စိုးရိမ်သေးတယ်၊ ဒါပေမယ့် အခု စိုးရိမ်စရာမလိုတော့ဘူး”ထန်ရှုက ပြုံးကာ ပြော၏ “ပြီးတော့ ရှန်းဟိုင်က ငါတို့ရဲ့ဌာနချုပ်နဲ့စက်မှုပန်းခြံက မပြီးသေးဘူး၊ ဒါကြောင့် နောက်နှစ်မှာ လုပ်ငန်းကို အပြည့်အဝလည်ပတ်နိုင်စရာအကြောင်းမရှိဘူး၊ ငါတို့ထုတ်ကုန်တွေရဲ့ထုတ်လုပ်မှုက မများသေးဘူးလို့ ဆိုလိုတယ်။ ဒါကြောင့် လက်ရှိမှာ ငါတို့က အချိန်ဆွဲတဲ့ကတ်ကို သုံးရမယ်။ ငါတို့က အဲဒီပြည်ပကုမ္ပဏီအချို့နဲ့ ဆွေးနွေးရင်တောင် ထုတ်ကုန်တွေ ပို့ဆောင်မယ့်ရက်က နောက်တစ်နှစ်လို့ သတ်မှတ်ရလိမ့်မယ်”

“ဂျပန်စစ်ဆင်ရေးကနေ ရှင် ကံကောင်းမှုအချို့ ရခဲ့တာလား”ခန်းရှက သိလိုစိတ်နှင့် မေးလိုက်သည်။

ထန်ရှုက ခဏစဉ်းစားပြီးနောက် သိုလှောင်လက်စွပ်မှ ရတနာတစ်စုံယူထုတ်ကာ ခန်းရှအား ကမ်းပေးလိုက်သည် “ရိတ်သိမ်းမှုက ကြီးမားတယ်လို့ ပြောနိုင်တယ်။ ငါရခဲ့တဲ့ကြယ်ဝမှုကိုမြင်တဲ့ဘယ်သူမဆို ထိတ်လန့်တုန်လှုပ်ရမယ်ဆိုတာ အသေအချာပဲ။ ဒီရတနာတစ်ဆင်စာကို ယူလိုက်ပါ။ ဒါက မင်းအတွက်ပဲ”

ခန်းရှ၏မျက်လုံးများက လင်းလက်သွားသည်။ သာမန်အချိန်တွင် သူမက ကျောက်မျက်ရတနာများ ဝတ်ဆင်ရသည်ကို သဘောမကျသော်လည်း သူမမျက်လုံးရှေ့ရှိဤတစ်ခုက သူမအား အမှန်တကယ်ဆွဲဆောင်၏။

“သူဌေး…”

တုံ့ဆိုင်းမှုအနည်းငယ်နှင့်အတူ ခပ်ဖျော့ဖျော့အသံတစ်ခုက အန်ဒီထံမှ ထွက်လာ၏။

ထန်ရှုက သူမအား လှည့်ကြည့်လိုက်သည်၊ သူမက ခန်းရှလက်ထဲရှိ ရတနာတစ်ဆင်စာအား အားကျစွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူက ချက်ချင်းပြုံးကာ သူမအား ပြောလိုက်၏ “ဘာလဲ။ မင်းကြည့်ရတာ တစ်ညလုံး စိတ်အခြေအနေကောင်းပုံမရဘူးပဲ။ ဒါပေမယ့် စိတ်ချပါ၊ မင်းအတွက်လဲ ရှိပါတယ်”

အန်ဒီက အချိန်အတော်ကြား တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် သူမက ပြောလိုက်၏ “ငါ…ငါ မင်းကို ငါ့အတွက် ဆေးညွှန်ပြစေချင်တယ်…ဒါပေမယ့် မင်း ဒေါသထွက်မှာကို…ငါ စိတ်ပူတယ်”

“မင်းအတွက် ဆေးညွှန်ပြရမှာလား”ထန်ရှုက မှင်တက်သွားပြီး ခန်းရှက ထူးဆန်းသောအမူအရာဖြစ်သွား၏။

အန်ဒီက သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏သတ္တိအား ဆွဲထုတ်လျက် ဆက်ပြော၏ “ကျွန်မ ရှင့်ကို ကြိုက်တယ်၊ သူဌေး။ ရှင့်ထက်ပိုကောင်းတဲ့ယောကျ်ားတစ်ယောက်ကို ကျွန်မ ဘယ်တော့မှ မမြင်ဖူးဘူး။ ရှင့်ကို မြင်တဲ့အချိန်တိုင်း ကျွန်မ ပျော်ရွှင်ရတယ်၊ ရှင်ကို မမြင်တာ အချိန်ကြာရင် ကျွန်မ နေမတတ်တော့ဘူး။ ရှင်နဲ့ ထိုက်တန်ဖို့ ကျွန်မရဲ့အဆင့်အတန်းက မလုံလောက်ဘူးဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မမှာလဲ ကျွန်မရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုနောက်ကို လိုက်လံပိုင်ခွင့်ရှိတယ်လို့ ကျွန်မ ထင်တယ်။ ခေါင်းဆောင်က ရှင့်ရဲ့အမျိုးသမီးဖြစ်နေပြီပဲ၊ ဒါကြောင့် ကျွန်မကိုလဲ ထည့်တွက်လိုက်ပါ”

အဟွတ်…အဟွတ်…

ထန်ရှုက နှစ်ကြိမ်တိုင်တိုင် ချောင်းဟန့်လျက် သိုလှောင်လက်စွပ်မှ နောက်ထပ်ကျောက်မျက်ရတနာတစ်ဆင်စာအား ယူထုတ်လိုက်သည်။ အန်ဒီထံ ကမ်းပေးပြီးနောက် သူက ပြော၏ “ငါ့မှာ မိန်းမအနည်းငယ်ရှိတယ်ဆိုတာ မင်းလဲ သိပါတယ်။ အများကြီးပဲ။ အန်ဒီ၊ မင်းရဲ့အလှက ခန်းရှထက် မလျော့ပါဘူး။ ဒါကြောင့် မင်းအနေနဲ့ မင်းရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုနောက်ကို လိုက်ပြီး မင်းတစ်ယောက်တည်းကိုပဲ ချစ်တဲ့ယောကျ်ားတစ်ယောက်ကို ရှာဖွေသင့်တယ်လို့ ငါ ထင်တယ်”

အန်ဒီက ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် ခေါင်းဆောင်က ရှင့်ဆီမှာ သူမရဲ့ပျော်ရွှင်မှုကို ရှာဖွေနိုင်တယ်၊ ဒါကြောင့် ကျွန်မလဲ လုပ်နိုင်တယ်”

ထန်ရှုက ခန်းရှဘက် လှည့်ကာ ပြောလိုက်၏ “သူမရဲ့စိတ်ကို ရှင်းလင်းအောင် မင်း ကူညီပေးလိုက်ပါ”

ထိုသို့ပြောပြီးနောက် သူက စာကြည့်ခန်းမှ ထွက်သွား၏၊ ဒီညတွင် ခန်းရှက သူနှင့်အတူ အိပ်စက်မည်မဟုတ်သည်ကို သိသည်၊ ထို့ကြောင့် သူက ရေချိုးပြီးနောက် သူ့အိပ်ခန်းသို့ တန်းပြန်သွားလိုက်၏။

နောက်တစ်နေ့မနက်စောစောတွင်။

နေလုံးကြီးက အရှေ့အရပ်မှ မြင့်တက်လာပြီး ထန်ရှုက နိုးလာသည်။ အိပ်ရာမှ ထပြီးနောက် လေ့ကျင့်မည့်အစား သူက ဖုန်းယူထုတ်ကာ ဟော်လဲ့၏နံပါတ်အား ခေါ်ကာ ပြောလိုက်သည် “ငါနဲ့ တွေ့ဖို့ ကြယ်တာရာမြို့ကို အမြန်ဆုံးလာပါ။ ပြီးတော့ ဒီဇင်ဘာတစ်ရက်နေ့ကျရင် ရှန်းဟိုင်မှာ လေလံပွဲတစ်ခုကို ကျင်းပမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ပါ။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းက ကျောက်စိမ်းစုဆောင်းသူတွေကို ဖိတ်ခေါ်ပါ။ ပြီးတော့ လေလံပွဲမှာ ပါဝင်ဖို့ဆိုရင် ဧည့်သည်အားလုံးက အနည်းဆုံးငွေသားဂဏန်းကိုးလုံးပါလာရမယ်လို့ ကြေညာလိုက်ပါ”

“အနည်းဆုံးငွေသားက သန်းတစ်ရာလား”ဟော်လဲ့က အံ့အားသင့်စွာ ပြောလိုက်သည် “ဒါက မများလွန်းဘူးလား၊ ဂိုဏ်းချုပ်။ ပြီးတော့ လေလံပွဲလုပ်ဖို့ ဒီလောက်များတဲ့ပစ္စည်းကောင်းတွေ ငါတို့မှာ ရှိလို့လား”

“လေလံတင်မယ့်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မင်း စိုးရိမ်စရာမလိုဘူး။ မင်း ကြယ်တာရာမြို့ကို ရောက်လာတဲ့အခါ သိပါလိမ့်မယ်”ထန်ရှုက ပြန်ပြောသည်။

ဟော်လဲက ထန်ရှုအကြောင်း ကောင်းကောင်းသိသည်။ မကိုင်တွယ်နိုင်သည့်ကိစ္စဘာတစ်ခုမှ သူ မလုပ်ပေ၊ ထို့ကြောင့် သူမက ပြောလိုက်သည် “ငါ ကြယ်တာရာမြို့ကို ချက်ချင်း လာခဲ့မယ်၊ ဂိုဏ်းချုပ်။ ဒါနဲ့ ဟုတ်တယ်၊ ကြော်ငြာဖို့အတွက် ရန်ပုံငွေကရော”

“ငါ မင်းကို အဲ့အတွက် တစ်ဘီလီယံ ပေးမယ်”ထန်ရှုက ပြော၏။

ဟော်လဲ့၏အသက်ရှုသံက ကြမ်းတမ်းသွားပြီး သူမက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည် “တစ်ဘီလီယံက လုံလောက်ပါပြီ၊ ဂိုဏ်းချုပ်”

ထို့နောက် ထန်ရှုက ဖုန်းချကာ ရေချိုးရန် အိပ်ခန်းမှ ထွက်လာသည်။ သူက ပထမထပ်ရှိ ဧည့်ခန်းသို့ ရောက်လာသောအခါ ဆိုဖာပေါ်တွင် စာရွက်စာတမ်းများအား ဖတ်ရှုနေသော ခန်းရှအား မြင်လိုက်ရ၏၊ ထိုစဉ် ဟင်းအနံ့များက မီးဖိုချောင်မှ လွင့်ပျံလာနေ၏။ သူ့အား အံ့အားသင့်စေသည်ကား သူက မီးဖိုချောင်သို့ လှမ်းကြည့်လိုက်ချိန်တွင် ဟင်းချက်နေသူက အိမ်ဖော်မဟုတ်ဘဲ အန်ဒီပင် ဖြစ်နေခြင်းပင်။

“ဟေ့၊ ဒီနေရာမှာ ဘာဖြစ်နေတာလဲ”ထန်ရှုက ခန်းရှအရှေ့သို့ လျှောက်သွားကာ အံ့အားသင့်သောအကြည့်နှင့် မေးလိုက်သည်။

ထူးဆန်းသောအပြုံးတစ်ခုက ခန်းရှ၏ပါးစပ်ထောင့်တွင် ထွက်ပေါ်လာပြီး သူမက ပြန်ဖြေသည် “ဘာမှမဟုတ်ပါဘူး။ မနေ့ညက ငါ အန်ဒီကို ဖျောင်းဖျခဲ့ပါတယ်၊ ဒါပေမယ့် ဘာမှ အရာမထင်ခဲ့ဘူး၊ ဒါကြောင့် သူမက ရှင့်ရဲ့အမျိုးသမီး တကယ်ပဲ ဖြစ်ချင်တယ်ဆိုရင် ချက်ပြုတ်တတ်ရမယ်လို့ ငါ ပြောခဲ့တယ်လေ…”

ထန်ရှုက နားလည်သွားသော်ငြား ထူးဆန်းသောအမူအရာတစ်ခုနှင့် မေးလိုက်သည် “သူမက ဟင်းဘယ်လိုချက်ပြုတ်ရမလဲဆိုတာ မသိတာလား”

“အာ၊ ဟီးဟီး၊ ငါလဲ အဲဒါတော့ မသေချာဘူး”ခန်းရှက ရယ်ကာ ပြောလိုက်သည် “သူမချက်ပြုတ်တာကို ငါ တစ်ခါမှ မမြင်ဖူးဘူး”

ထန်ရှုက အတော်လေးစိတ်သက်သာရာရသွားပြီး အပြုံးတစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာကာ လက်မထောင်ကာ ချီးကျူးလိုက်သည် “ဒါက အိုင်ဒီယာကောင်းပဲ။ သူမက ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ မသိသရွေ့ သူမက ဒါကို လက်လျော့ရမယ်ဆိုတာ သေချာတယ်။ ကောင်းပြီ၊ ခန်းရှ၊ သူမအတွက် ထူးချွန်တဲ့ပါရမီရှင်အချို့ကို ရှာပါ။ သူမကြိုက်တဲ့တစ်ယောက်လောက် ထွက်ပေါ်လာမယ်ဆိုတာ ငါ သေချာတယ်”

ခန်းရှ၏မျက်နှာပေါ်ရှိ အပြုံးက ပိုထင်ရှားသိသာလာသော်လည်း သူမက ထန်ရှုအား ပြန်မဖြေပေ။ သို့အစား သူမ၏လှပသောမျက်လုံးများက မီးဖိုချောင်သို့ တစ်ချက်ကြည့်လိုက်သည်။

ရုတ်တရက် ထန်အန်းက အသိမပေးဘဲ ထွက်ပေါ်လာသည်။ သူက ခန်းရှကိုပင် မကြည့်ဘဲ လက်သီးဆုပ်လျက် ထန်ရှုအား တိုက်ရိုက်ပြောလိုက်၏ “လုံဟန်ဝမ်က ဒီနေရာကို ရောက်လာတယ်၊ ဆရာအဘိုး”

ထန်ရှုက ခေါင်းညိတ်ပြကာ ဧည့်ခန်းထဲမှ ထွက်လာသည်။ သူက ထွက်လာလျှင်ချင်း လုံဟန်ဝမ်က သတ်ဖြတ်လိုစိတ်နှင့်အတူ ကားထဲမှ ထွက်လာသည်ကို မြင်လိုက်ရ၏။

“ဉီးလေးလုံ…”

လုံဟန်ဝမ်က သူ့အား ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ငါ မင်းနဲ့ဆွေးနွေးစရာတစ်ခုရှိတယ်၊ ထန်ရှု”

“အထဲဝင်ကြရအောင်”ထန်ရှုက ပြောလိုက်သည်။

များမကြာမီ နှစ်ယောက်စလုံးက ဒုတိယထပ်ရှိ စာကြည့်ခန်းသို့ ရောက်လာသည်။ သူတို့က ထိုင်ပြီးချိန်တွင် ခန်းရှက လက်ဖက်ရည်တစ်ခွက်အား ယူဆောင်လာ၏။ ထို့နောက် သူမက အခန်းမှ ထွက်ခွာသွားကာ တံခါးပိတ်လိုက်သည်။

လုံဟန်ဝမ်က တံခါးမှ အကြည့်ပြောင်းကာ ချီးကျူးလိုက်သည် “မင်းက တကယ်ကောင်းချီပေးခံရတာပဲ။ ခန်းရှက တကယ်ကို မိန်းမကောင်းတစ်ယောက်ပဲ…”

“ခန်းရှကို ချီးကျူးဖို့အတွက်လောက်နဲ့ ဉီးလေး လာတာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်”ထန်ရှုက အနည်းငယ် ပြုံးလိုက်သည်။

လူအိုကြီး၏အမူအရာက လေးနက်သွားပြီး သူက ထန်ရှုအား ကြည့်လျက် မေးမြန်းလိုက်သည် “ဒီဟာဘိုအုပ်စုနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုလုပ်မလဲဆိုတာ ငါ သိချင်တယ်”

“ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက သူတို့နဲ့ ဘယ်တော့မှ စီးပွားရေးမလုပ်တော့ဘူးလို့ ခန်းရှက အမေရိကန်က အဲဒီဟာဘိုအုပ်စုကို သတင်းပို့ခဲ့ပြီးပါပြီ”ထန်ရှုက ပြောလိုက်သည်။

“ဒီလောက်ပဲလား”လုံဟန်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

“ဒါဆို ဉီးလေးလုံက ဘာလုပ်ဖို့ စဉ်းစားထားလဲ”ထန်ရှုက အဓိပ္ပါယ်ပါသောလေသံအမူအရာတစ်ခုနှင့် မေးလိုက်သည်။

လုံဟန်ဝမ်က စက္ကန့်သုံးဆယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် သတ်ဖြတ်လိုစိတ်အနည်းငယ်နှင့် ပြောလိုက်သည် “ကျန်းယုကို ဒဏ်ရာရအောင်လုပ်တဲ့လူတွေကို ငါ အပြစ်ပေးချင်တယ်။ ငါ တစ်ယောက်ယောက်ကို လွှတ်ပြီး သူ့ကို ရိုက်နှက်လို့ရတယ်။ အဲအကောင်က အချုပ်ထဲမှာပဲ ရှိတယ်ဆိုပေမယ့် သူ့ကို သွေးထိုးလှုံ့ဆော်ခဲ့တဲ့အခြားသူတွေ ရှိတယ်။ သူတို့ကို တစ်ခုခု မလုပ်ရရင် ငါ့ဒေါသကို ဘယ်တော့မှ မျိုသိပ်လို့ရမှာမဟုတ်ဘူး”

“ဒါဆို အဲဒီသွေးထိုးလှုံ့ဆော်သူတွေကို ပစ်မှတ်မထားရသေးတဲ့အကြောင်းရင်းက ဉီးလေးက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို သတိထားနေလို့မလား”ထန်ရှုက မေးလိုက်သည်။

“မှန်တယ်”လုံဟန်ဝမ်က တိုက်ရိုက်ပြန်ဖြေသည်။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ့အမူအရာက လေးနက်သွား၏။ ထို့နောက် သူက ပြောလိုက်သည် “ဉီးလေး၊ ငါ မင်းရဲ့ကြင်နာမှုကို လက်ခံပါတယ်။ တစ်ဖက်လူက လုံကျန်းယုကို ငါတို့ရဲ့ပိုင်နက်ထဲမှာ ထိခိုက်စေကတည်းက ဒီကိစ္စက မပြီးပြတ်သေးဘူး။ ဒါပေမယ့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် ငါတို့က ပွင့်ပွင့်လင်းလင်း လက်စားချေလို့မရဘူး”

“ဒါဆို မင်းရဲ့စိတ်ထဲမှာ ဘာအစီအစဉ်တွေရှိလဲ”လုံဟန်ဝမ်က မေးလိုက်သည်။

ငါ့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေ ကမ္ဘာတစ်ဝှမ်းမှာ အများကြီးပဲ။ သူတို့ထဲကဆယ့်ခုနှစ်ခုက အမေရိကန်ကပဲ”ထန်ရှုက နှာခေါင်းရှုံ့လျက် ပြောလိုက်သည် “ဒီကုမ္ပဏီဆယ့်ခုနှစ်ခုက အပေါ်ယံမှာတော့ ညီညွတ်ပေမယ့် နောက်ကွက်မှာတော့ သူတို့က အချင်းချင်းတိုက်ခိုက်နေကြတယ်။ ခန်းရှက ဒီကုမ္ပဏီဆယ့်နှစ်ခုရဲ့အချက်အလက်တွေကို စုပြီး ငါ့ကို ပေးထားတယ်၊ ဒါကြောင့် ဟာဘိုအုပ်စုက အခြားကုမ္ပဏီသုံးခုနဲ့ တိုက်ခိုက်နေတာကို ငါ သိတယ်၊ များသောအားဖြင့် သူတို့က အပေါ်စီးမှာရှိတယ်”

“ဒီကုမ္ပဏီသုံးခုပူးပေါင်းပြီး ဟာဘိုအုပ်စုကို ရင်ဆိုင်မယ်ဆိုရင် ဒီကုမ္ပဏီက ခက်ခဲတဲ့အချိန်အချို့နဲ့ ရင်ဆိုင်ရမယ်လို့ ငါ ယုံတယ်။ ဒီကုမ္ပဏီကလူတွေ၊ အထူးသဖြင့် အဲဒီသွေးထိုးလှုံ့ဆော်ခဲ့တဲ့သူတွေက ကြယ်တာရာမြို့နဲ့တရုတ်ကနေ အနာတရမရှိဘဲ ထွက်သွားဖို့ မဖြစ်နိုင်ဘူးလို့ ငါ အာမခံတယ်”

All Chapters