ဝတ်စုံနှစ်စုံအတွက် ထန်ရှုကို ရောင်းချခြင်း
Vol. 86 Ch. 1196
နောက်ဆုံးတွင် လုံဟန်ဝမ်၏အကူအညီနှင့်အတူ ထန်ရှုက ပြီးပြည့်စုံသောအစီအစဉ်အား ချမှတ်နိုင်ခဲ့သည်။
“ဒီနေရာမှာ မနက်စာစားသွားမှာလား၊ ဉီးလေးလုံ”
အရေးကြီးကိစ္စများအား ဆွေးနွေးပြီးနောက် ထန်ရှုက မေးလိုက်သည်။
“မစားတော့ဘူး”လုံဟန်ဝမ်က ခေါင်းခါယမ်းလိုက်သည်။ “အစီအစဉ်ဆွဲပြီးပြီဆိုတော့ ကြိုတင်ပြင်ဆင်ဖို့ ငါ ပြန်ရမယ်။ ငါ မင်းအိမ်ကို လာတဲ့လမ်းမှာ ဟာဘိုအုပ်စုက မြို့တော်ဝန်နဲ့လူအချို့က ငါ့အိမ်ကို လာခဲ့တယ် ၊ ဒါကြောင့် သူတို့နဲ့ ငါ အရင်ဆုံးရင်ဆိုင်ပြီး မင်းအလာကို စောင့်နေမယ်”
“ကောင်းပါပြီ”စိတ်သက်သာရာရသွားလျက် ထန်ရှုက သူ့အား အိမ်ပြင်သို့ လိုက်ပို့၏။
ပထမထပ်ရှိ ဧည့်ခန်းထဲသို့ ပြန်ရောက်လာပြီးနောက် အန်ဒီက မီးဖိုချောင်မှ ထွက်လာသည်ကို သူက မြင်လိုက်ရသည်။ သို့သော် သူမ၏ချစ်စရာကောင်းသောမျက်နှာတွင် အိုးမည်းများ ပေနေသည်ကို မြင်ပြီး သူက မရယ်ဘဲ မနေနိုင်ပေ။ ဤအချိန်တွင် သူမက ပူပင်သောကရောက်နေပုံပေါ်သည်။
“ဟီးဟီး၊ တကယ်ကို ချက်ပြုတ်တတ်တဲ့သူနဲ့ မတူဘူးပဲ”
ထန်ရှုက စိတ်ထဲ၌သာ ရယ်လိုက်သည် “မနက်စာပြင်ဆင်ဖို့ ဘယ်လိုတောင် တက်ကြွနေတာလဲ၊ အန်ဒီ။ မင်း ချက်ပြီးပြီလား၊ ငါ ဗိုက်ဆာနေပြီနော်”
အန်ဒီက ခန်းရှအား တစ်ချက်ကြည့်ပြီးနောက် ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်“သူ…သူဌေး…ရှင် အဲဒါကို ကတိပေးခဲ့တုန်းက အဲဒီလို ဆိုလိုခဲ့လား”
“ငါက အင်ပါယာယောက်မဟုတ်ပေမယ့် ငါ ပြောခဲ့တာက ငါ ဆိုလိုတာပဲ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
ဤသည်ကို ကြားပြီးနောက် အန်ဒီက ချက်ချင်းဆက်ပြော၏ “ကျွန်မက သူဌေးရဲ့ဇနီးဖြစ်ချင်တယ်ဆိုရင် မီးဖိုချောင်အလုပ်ကို ကိုင်တွယ်နိုင်ရမယ်လို့ ခန်းရှက ပြောတယ်။ ကျွန်မချက်ပြုတ်နိုင်ရင် ရှင့်အမျိုးသမီးဖြစ်ဖို့ ရှင်က သဘောတူလိမ့်မယ်လို့ သူမ ပြောတယ်။ ဒါကြောင့် ကျွန်မ မေးချင်တာက ရှင်ပြောခဲ့တာက တကယ်ပဲ အဲလိုဆိုလိုတာလား”
ထန်ရှုက ခန်းရှအား လှည့်ကြည့်လိုက်သည်၊ သူမက သူ့အား ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောသည် “အရသာရှိတာအမြောက်အများ ငါ စားဖူးတယ်၊ သာမန်ဟင်းလျာတွေကို ငါ့လျှာက လက်ခံနိုင်မှာ မဟုတ်ဘူး။ မင်းက မချက်နိုင်ရင်တော့ ငါ့ရဲ့စားချင်စိတ်ကို ဆုံးရှုံးရုံပဲပေါ့”
“ကျွန်မ မချက်နိုင်ဘူးလို့ ရှင်က ဘယ်လိုလုပ်သိလဲ”အန်ဒီက ဒေါသတကြီး အော်လိုက်သည် “ရှင်က အရသာမခံရသေးဘဲနဲ့”
ခဏမှင်တက်သွားပြီးနောက် ထန်ရှုက သူမအမူအရာအား လေ့လာလိုက်သည်။ သူမမျက်လုံးများထဲရှိ စိုးရိမ်ကြောက်ရွံ့မှုကို မြင်ပြီး သူက ပြော၏ “မင်းလုပ်ထားတဲ့ဟင်းလျာက ကောင်းတယ်ဆိုရင် ငါ အဲဒါကို စဉ်းစားပေးမယ်။ အဲဒါက သာမန်လောက်ပဲ ဆိုရင်တော့ မင်းအနေနဲ့ ခန်းရှရဲ့စီစဉ်မှုကို လိုက်နာပြီး မင်းကိုယ်တိုင် ချစ်သူတစ်ယောက်ရှာတာ ပိုကောင်းမယ်”
“ရှင်က သူမကို သေချာတဲ့ဖော်ပြချက်တစ်ခုမပေးရင် အန်ဒီက လက်လျော့မယ်လို့ ကျွန်မ မထင်ဘူး၊ သူဌေး”ခန်းရှက ကြားဖြတ်ပြောလိုက်သည် “ပြီးတော့ အနာဂတ်မှာ တစ်ချိန်လုံး ရစ်ပတ်နှောင်တွယ်တာကို ရှင်က မလိုချင်ဘူးမလား”
ခဏစဉ်းစားပြီးနောက် ခန်းရှပြောတာ မှန်သည်ကို ထန်ရှုက သိ၏။ သို့သော် သူက စိတ်မချသေးသောကြောင့် စိတ်ဝိညာည်အာရုံကို ထုတ်လွှတ်ကာ ထမင်းစားခန်းအား စစ်ဆေးလိုက်သည်။ စားပွဲပေါ်တွင် တည်ခင်းထားသောဟင်းလျာလေးမျိုးအား သူ မြင်လိုက်ရ၏။ သို့သော် ထိုဟင်းလျာများ၏အသွင်အပြင်က တကယ်ကို စိတ်ပျက်စရာကောင်းသောကြောင့် သူက သက်ပြင်းချလိုက်မိသည်၊ အထူးသဖြင့် ငါးနှင့်တူသောဟင်းလျာပင်။ မည်းနက်နေသောငါးအရေပြားကို မြင်ပြီး ထိုဟင်းက အကျက်လွန်မှန်း သိသာပေ၏။
“မင်း လုပ်ခဲ့တဲ့ဟင်းလျာတွေက တကယ်ကောင်းတယ်ဆိုရင် မင်းကို လက်ခံဖို့ ငါ သဘောတူတယ်၊ အန်ဒီ။ ဒါပေမယ့် သူတို့ရဲ့အရသာက ဆိုးပြီး ငါ့စံနှုန်းနဲ့ မကိုက်ညီဘူးဆိုရင် နောက်ကျရင် ဒီကိစ္စကို ထပ်မပြောနဲ့တော့၊ ဟုတ်ပြီလား”ထန်ရှုက လေးနက်စွာ ပြော၏။
“ဒါနဲ့ ပတ်သက်ပြီး …သဘောတူတယ်”
သနားစရာကောင်းသောမျက်နှာအမူအရာနှင့် အန်ဒီက ပြန်လှည့်သွားသည်။ သို့သော် ထန်ရှုက ရှင်းရှင်းလင်းလင်းမမြင်နိုင်ချိန်တွင် သူမ၏အမူအရာက ဖူးပွင့်နေသောပန်းတစ်ပွင့်ပမာ ပြုံးသွား၏။ သူမ၏ခြေလှမ်းများပင် လန်းဆန်းတက်ကြွသွား၏။ ညစာစားခန်းသို့ ထန်ရှု၊ ခန်းရှနှင့်အတူ ရောက်လာပြီးနောက် သူမက ဟော့ပေါ့စွပ်ပြုတ်အား ငှဲ့ကာ ထန်ရှုနှင့်ခန်းရှတို့အား တစ်ပန်းကန်စီ ပေးလိုက်သည်။ ထို့နောက် သူမက ပြော၏“ဒါကို စားပြီးရင် ဘယ်လိုအရသာရှိသလဲဆိုတာ ပြောပါ”
ခန်းရှက တူယူကာ ရယ်လိုက်သည်“ကောင်းပြီလေ၊ ဒီနေရာမှာ ငါက မျက်မြင်သက်သေအနေနဲ့ ဆောင်ရွက်ပေးမယ်၊ ဒါကြောင့် အရသာနဲ့ ပတ်သက်ပြီး ငါ့ရဲ့မှတ်ချက်က သေချာပေါက် တရားမျှတလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် သူမက အားလူးချဉ်စပ်တစ်ပိုင်းအား ညှပ်လိုက်သည်။ များမကြာမီ သူမက ထန်ရှုအား ကြည့်ကာ ပြောလိုက်၏ “ဒီအာလူးက…အရသာတော်တော်လေးကောင်းတယ်”
ထန်ရှုက သူမအား မျက်လုံးလိမ့်ကာ ကြည့်ပြီးနောက် အာလူးအား တူနှင့် ညှပ်လိုက်သည်။ သို့သော် များမကြာမီ သူ့အမူအရာက အေးခဲသွား၏။
‘အရသာ…ကောင်းတယ်’
အရသာရှိသည့်အရာတော်တော်များများအား စားဖူးသော်လည်း ဤအာလူးချဉ်စပ်က တော်တော်လေးကောင်းသည်ကို သူက ဝန်ခံရမည်။
အာလူးဟင်းစားပြီးနောက် သူက နောက်ထပ်ဟင်းလျာတစ်ခုအား ရွေးလိုက်သည်။
“ဘယ်လိုလဲ။ အရသာဘယ်လိုလဲ”အန်ဒီက ကမန်းကတန်း မေးလိုက်သည်။
“ငါ ဟင်းတစ်ပွဲနဲ့ တစ်ကိုက်ပဲ ကိုက်ရသေးတာလေ၊ ဒါကြောင့် လောလောဆယ် ငါ့ရဲ့မှတ်ချက်ကို ထိန်းထားအုံးမယ်”ထန်ရှုက ပြော၏ “ဒါတွေအားလုံးကို အရသာခံပြီးရင် ငါ့ရဲ့အကဲဖြတ်ချက်ကို ပြောပြမယ်”
အန်ဒီနှင့်ခန်းရှတို့က တူညီသောအမူအရာနှင့် ပြုံးလိုက်ကြသည်။
များမကြာမီ ထန်ရှုက ဝက်နံရိုးချိုချဉ်၊ ငါးကြက်ဉပေါင်းနှင့် ငါးကြင်းချိုချဉ်တို့အား မြည်းစမ်းလိုက်သည်။ သို့သော် ထိုဟင်းသုံးပွဲအား မြည်းစမ်းပြီးနောက် နောင်တရသောအမူအရာက သူ့မျက်နှာပေါ်တွင် သိသာထင်ရှားလာလေသည်။
ငါတော့ ကံဆိုးတာပဲ…
သူက စိတ်ထဲ၌ ညည်းညူလိုက်သည်။ ဤအချိန်တွင် အဘယ်ကြောင့် ခန်းရှက ဒီလိုတုံးအသောအိုင်ဒီယာကို ထုတ်ဖော်လျက် သူ့အား ထောင်ချောက်ထဲသို့ ကျဆင်းစေခဲ့မှန်း သူက တကယ်ကို နားမလည်နိုင်ပေ။
ထိုဟင်းလျာလေးခုအား ကြယ်အဆင့်ရှိစားသောက်ဆိုင်ကြီးများတွင် တည်ခင်းမည်ဆိုလျှင်ပင် ၎င်းတို့က အကောင်းဆုံးဟင်းလျာများ ဖြစ်နေမည်မှာ သေချာသည်။
ခန်းရှက တူချကာ ပြုံးလျက် ပြော၏“ကောင်းပြီလေ၊ ငါ့ရဲ့အကဲဖြတ်ချက်ကို အရင်ပြောရတာပေါ့။ သူတို့ရဲ့အသွင်အပြင်က ဆိုးပေမယ့် အန်ဒီရဲ့ဟင်းလျာတွေက တကယ်ကောင်းတယ်လို့ ငါ ထင်တယ်”
ထန်ရှု၏ပါးစပ်က အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီး ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။
အန်ဒီက မျှော်လင့်စောင့်စားနေလေသည်။ သူမက ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်သည် “ရှင့်ရဲ့အကဲဖြတ်ချက်ကို မပေးရသေးဘူးနော်၊ သူဌေး”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ မေးလိုက်သည် “အန်ဒီ၊ အရင်က တစ်ခါမှ မင်း မချက်ပြုတ်ဖူးဘူးလား”
အပြစ်ကင်းသောမျက်နှာနှင့် အန်ဒီက ပြောလိုက်သည်“ငါ အရင်က ချက်ပြုတ်ခဲ့ဖူးပါတယ်။ ငါက အထူးစားဖိုမှူးလိုင်စင်ကိုလဲ ကိုင်ထားတယ်လေ။ အာ၊ ဟုတ်တယ်။ အရင်က ငါက ကြယ်သုံးလုံးစားဖိုမှူးတစ်ယောက်ဖြစ်ခဲ့တယ်လေ”
“ငါ…”
အန်ဒီ၏မှတ်ချက်များက ထန်ရှု၏ပါးစပ်အား ဟသွားစေသည်။
“ခန်းရှ”
သူ၏အသက်ရှုသံက ကြမ်းတမ်းသွားပြီး သူက ဒေါသတကြီး အော်ပြော၏ “မင်းက ငါ့ကို တမင်စနောက်ခဲ့တာလား။ မင်းရဲ့ခေါင်းက ဘာဖြစ်နေတာလဲ။ ငါ့ကို ထောင်ချောက်ထဲ ခုန်ချခိုင်းတာက တကယ်ပဲ ပျော်စရာကောင်းလို့လား”
ခန်းရှက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်“ဒီတစ်ခုနဲ့ ပတ်သက်ပြီး မင်း ငါ့ကို အပြစ်တင်လို့မရဘူး၊ သူဌေး။ အန်ဒီက ကမ္ဘာအဆင့်ဒီဇိုင်းနာဖြစ်ဖြစ်တဲ့အဗရီကို သိတယ်၊ သူမက အဗရီရဲ့အကောင်းဆုံးသူငယ်ချင်းပဲ။ အဗရီရဲ့နောက်ဆုံးဒီဇိုင်းနှစ်ခုကို ငါ့ကို ပေးမယ်လို့ သူမက ကတိပေးခဲ့တယ်”
“ချီးလိုပဲ…”
ထန်ရှုက အလွန်အံ့အားသင့်သွားသည်။ သူ့အား ဝတ်စုံနှစ်ခုအတွက် ရောင်းချလိမ့်မည်ဟု သူက အိပ်မက်ထဲလျှင်ပင် ထည့်မမက်ခဲ့ဖူးပေ။
****
အင်ပါယာနဂါးစံအိမ်က ကြယ်တာရာမြို့သစ်စီမံကိန်းတွင် အသစ်တည်ဆောက်ထားသော villa complex တစ်ခုဖြစ်သည်။ ထိုစံအိမ်များထဲတွင် အခမ်းနားဆုံးစံအိမ်အား လုံအုပ်စုက ပိုင်ဆိုင်ထားသည်။ လက်ရှိတွင် villa complexကိုယ်တိုင်က ကြယ်တာရာမြို့ရှိ အကောင်းဆုံး villa complex အဖြစ် တောင်ဘက်ဂိတ်မြို့၏နေရာအား လက်လွှဲရယူထား၏။
လုံဟန်ဝမ်၏ဆီဒန်ကားက ခြံဝင်းရှေ့တွင် ရပ်သွားသည်၊ အဆောက်အဉီးငယ်အောက်တွင် ထိုင်နေသော ဒုမြို့တော်ဝန်လီယွဲ့ထောင်အား သူက မြင်လိုက်ရသည်။ သူနှင့်အတူ ပြည်သူလုံခြုံရေးဗျူရို၏အသစ်ခန့်အပ်ထားသောခေါင်းဆောင်ကျန်းဖေနှင့် တရုတ်နိုင်ငံအတွက် အမေရိကန်ဟာဘိုအုပ်စု၏ဌာနကိုယ်စားပြုဝီလီယံတို့ ရှိသည်။ သူတို့နားတစ်ဝိုက်တွင် တောင့်တင်းသန်မာသောအနက်ဝတ်လူလေးယောက်တို့ ရှိနေကြ၏။
“ဒုမြို့တော်ဝန်လီ၊ ခေါင်းဆောင်ကျန်း”
လုံဟန်ဝမ်က သူတို့အား နှုတ်ဆက်လိုက်သည်။
ဝီလီယံအပါအဝင် လီယွဲ့ထောင်နှင့်ကျန်းဖေတို့က ထရပ်လိုက်၏။
“ဒီလိုမနက်စောစောမှာ ကျုပ်တို့တွေ လာလည်တာကို ခေါင်းဆောင်လုံက ခွင့်လွှတ်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ခင်ဗျားက အလုပ်များတဲ့စီးပွားရေးသမားတစ်ယောက်ဆိုတာ ကျုပ် သိပါတယ်၊ ဒါပေမယ့် ဖိအားက ကျုပ်တို့ကို တက်ဆောင့်နေတာဆိုတော့ ကျုပ်တို့လဲ ဒီကို ရောက်လာရတာပဲ”လီယွဲ့ထောင်က ပြုံးကာ ပြော၏။
“ဒုမြို့တော်ဝန်လီ၊ ခင်ဗျားလာတဲ့ရည်ရွယ်ချက်နဲ့ ဘာပြောချင်တယ်ဆိုတာ ကျုပ် သိပြီးသားပဲ”လုံဝမ်ဟန်က အေးစက်သောမျက်နှာနှင့် ပြန်ပြောသည် “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တို့တွေ ထပ်မပြောကြရအောင်။ ပြီးတော့ ကျုပ်က ဘယ်လောက်အလုပ်များသလဲဆိုတာ ခင်ဗျားတို့သုံးယောက်လုံး သိပါတယ်။ ခင်ဗျားတို့ကို ဧည့်ခံဖို့ ကျုပ်မှာ အချိန်အများကြီးမရှိတာကြောင့် ကျုပ်ကို ခွင့်လွှတ်ပေးပါ”
ထို့နောက် သူက ပြန်လှည့်ကာ စံအိမ်ထဲသို့ ဝင်သွား၏။
လီယွဲ့ထောင်က ခါးသီးစွာ ပြုံးလျက် ကျန်းဖေနှင့် အကြည့်ချင်းဖလှယ်လိုက်သည်၊ ထို့နောက် သူက လိုက်သွား၏။ လုံဟန်ဝမ်နှင့် ဘေးချင်းယှဉ်ကာ လျှောက်ရင်း သူက အားတင်းပြုံးလျက် ပြောလိုက်သည် “ခေါင်းဆောင်လုံ၊ ဒီကိစ္စမှာ ဟာဘိုအုပ်စုက တကယ်ကို မှားပါတယ်။ ခင်ဗျားနေရာမှာ ကျုပ်ဆိုရင်လဲ ဒေါသထွက်မှာပဲ။ ဒါပေမယ့် ကိစ္စက ဖြစ်ပြီးသွားပြီ၊ ခင်ဗျားလဲ ဆိုလမ်ကို ဖမ်းချုပ်ထားတာ တစ်ရက်တောင် ရှိပြီပဲ၊ ဒါက ခင်ဗျားရဲ့ဒေါသကို ပျောက်ကွယ်စေဖို့ မလုံလောက်ဘူးလား။ ပြီးတော့ ခင်ဗျားနဲ့ အဖြေဆွေးနွေးဖို့ ဝီလီယံကိုယ်တိုင်လဲ လာတာပဲလေ”
“အဖြေညှိနှိုင်းဖို့လား”လုံဟန်ဝမ်က နှာခေါင်းရှုံ့လိုက်သည် “ခင်ဗျားက ဘယ်လိုဟာသတွေ ပြောနေတာလဲ။ ကျုပ်သားက အခုထိ ကြယ်တာရာမြို့တိုင်းရင်းဆေးရုံရဲ့ICUမှာ ရှိနေတုန်းပဲ၊ သူက သေမလားရှင်မလားတောင် မသိရသေးဘူး။ ကျုပ်က ဒီကိစ္စကို အလွယ်တကူ လက်လွှတ်မယ်လို့ ခင်ဗျား ထင်လား။ ကျုပ်သား သက်သာလာရင်တော့ ညှိနှိုင်းဖို့အတွက် ကျုပ်က တံခါးဖွင့်ထားပါတယ်၊ ဒါပေမယ့် ကျုပ်သားက ဆိုးဝါးတာ တစ်ခုခုဖြစ်လာတာနဲ့ အဲဒီကယ်ဆိုလမ်က သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
“ခေါင်းဆောင်လုံ၊ ဟာဘိုအုပ်စုက တိုင်းပြည်ရဲ့တောင်ဘက်ပိုင်းမှာ ယွမ်ဆယ်ဘီလီယံကျော်ရင်းနှီးမြှုပ်နှံထားတဲ့ကမ္ဘာ့ထိပ်တန်းကုမ္ပဏီငါးဆယ်ထဲကတစ်ခုပဲ။ ဆိုလမ်ရဲ့အဖေက ဒီဟာဘိုအုပ်စုရဲ့အဓိကအစုရှယ်ယာရှင်ပဲ၊ ဒီကိစ္စကို မဖြေမရှင်းဘဲ ဒီအတိုင်း ချန်ထားမယ်ဆိုရင် အကျိုးဆက်က တရုတ်နိုင်ငံအတွက် အတော်လေးပြင်းထန်လာလိမ့်မယ်။ အဲဒါက တိုင်းပြည်ထဲမှာ ဒီကုမ္ပဏီရဲ့နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေကိုလဲ သက်ရောက်လိမ့်မယ်။ ကျေးဇူးပြုပြီး ငါနဲ့ငါတို့ရဲ့တိုင်းပြည်ကို မျက်နှာသာပေးပြီး ဒီကိစ္စကို လွှတ်ချပေးပါ။ ဟာဘိုအုပ်စုက လျော်ကြေးကြီးကြီးမားမား သေချာပေါက်ပေးမယ်ဆိုတာ ခင်ဗျား စိတ်ချလိုက်ပါ”
လုံဟန်ဝမ်က ခဏနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “ဒုမြို့တော်ဝန်လီ၊ ကျေးဇူးပြုပြီး ပြန်ပါတော့။ ကျုပ် ဒီကိစ္စကို စဉ်းစားပေးမယ်၊ ဒါပေမယ့် ခင်ဗျားကို ကျုပ် တစ်ခုပြောလိုက်မယ်။ လက်ရှိအချိန်မှာ အဲဒီခွေးကောင်ကို လွှတ်ပေးဖို့က ကျုပ်အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာပဲ”
“မင်း…”
လီယွဲ့ထောင်က အစိုးရ၏အရေးပါသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်၊ ထို့ကြောင့် လုံဟန်ဝမ်က သူ့အား မျက်နှာသာမပေးချင်သည်ကို သူက ဘယ်လိုလုပ်ကောက်ချက်မချနိုင်ရမည်နည်း။ သို့သော် လုံဟန်ဝမ်၏ခံစားချက်နှင့်အခြေအနေအား နားလည်သောကြောင့် သူက ဒေါသမထွက်ပေ။ တစ်စုံတစ်ယောက်က သူတန်ဖိုးအထားရဆုံးသားအား ထိခိုက်စေခဲ့ပြီး သူ့သား၏သေရေးရှင်ရေးက ဘာမှန်းမသိသေးပေ။ သူ့အဆင့်အတန်းအရ လုံဟန်ဝမ်က ဤကိစ္စအား ဘယ်လိုလုပ် လွှတ်ချနိုင်မည်နည်း။
ဒါက အတော်လေးဒုက္ခများမှာပဲ…
လီယွဲ့ထောင်က စိတ်ထဲ၌ ခါးသီးစွာ ပြုံးလျက် အကူအညီမဲ့စွာ ပြန်ဖြေရုံသာ တတ်နိုင်သည် “ဒီလိုဆိုမှတော့ ခေါင်းဆောင်လုံဆီကနေ သတင်းကောင်းကို ငါ စောင့်နေပါ့မယ်”
လီယွဲ့ထောင်က အဆောက်အဉီးငယ်အောက်သို့ ပြန်ရောက်လာပြီး သူ့အား အာရုံစိုက်ထားသောမျက်လုံးနှစ်စုံအား ကြည့်လိုက်သည်။ ထို့နောက် သူက အားတင်းပြုံးလျက် ပြော၏ “ဝီလီယံ၊ ကြည့်ရတာ ဒီကိစ္စက ဖြေရှင်းဖို့ မလွယ်ဘူးပဲ။ တကယ်တော့ ဉက္ကဌလုံရဲ့ခေါင်းဆောင်က ဆေးရုံမှာ ရှိနေတုန်းပဲ၊ အခြေအနေက ဘာမှန်း မသိရသေးဘူး။ တစ်နည်းပြောရရင် မင်းက ဒီနေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအဆင့်အတန်းတစ်ခုရှိပေမယ့် အပြစ်ကို ကျူးလွန်ခဲ့တာ မင်းဘက်ကပဲ။ ဥက္ကဌလုံက ကယ်ဆိုလမ်ကို မဖမ်းရင်တောင် ပြည်သူ့လုံခြုံရေးဗျူရိုက သူ့ကို ဖမ်းဆီးမှာပဲ။ ခြေတစ်လှမ်းနောက်ဆုတ်ထားကြတာပေါ့။ ဥက္ကဌလုံက ဒီအချိန်မှာ အတော်လေးဒေါသထွက်နေတယ်၊ ဒါပေမယ့် သူ့သားရဲ့ဒဏ်ရာတွေ ပျောက်ကွယ်သွားတာနဲ့ သူ့ဒေါသတွေ ပျောက်ကွယ်သွားမယ်ဆိုတာတော့ ငါ သေချာတယ်။ အဲအခါကျမှပဲ ညှိနှိုင်းဖို့ ထပ်လာကြတာပေါ့”