ပြဇာတ်တစ်ခုတင်ဆက်ခြင်း
Vol. 86 Ch. 1197
ဒေသခံသူဌေးကြီးလုံအုပ်စုနှင့်ဟာဘိုအုပ်စုကြား အငြိုးအတေးစတင်လာသည့်သတင်းက တစ်ရက်အတွင်း ပျံ့နှံ့သွားသည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြယ်တာရာမြို့သို့ ရောက်လာသည့် ထိုကုမ္ပဏီကြီးများသာမက သာမန်လူများပင် သိရှိသွားကြ၏။
လူတိုင်းက ခုံပေါ်တွင် ထိုင်ရင်း ရာစုနှစ်တစ်ခု၏အံ့အားသင့်ဖွယ်ကောင်းသောပြပွဲတစ်ခုအား ကြည့်ရှုရန် စောင့်ဆိုင်းနေသည်။ မရေမတွက်နိုင်သောမျက်လုံးများက လုံမိသားစုနေရာထိုင်အင်ပါယာနဂါးအိမ်တော်၊ လုံအုပ်စု၏ဌာနချုပ်နှင့် ဟာဘိုအုပ်စု၏ကိုယ်စားလှယ်များလက်ရှိနေထိုင်ရာလုံမိသားစု၏ထမင်းစားခန်းမသို့ အာရုံစိုက်နေကြ၏။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဌာနချုပ်နှင့်ခန်းရှ၏နေထိုင်ရာပင် ထိုမျက်လုံးများစွာ၏လေ့လာမှုအောက်မှ မလွတ်မြောက်ပေ။
ကြယ်တာရာမြို့ဒုမြို့တော်ဝန်လီယွဲ့ထောင်၊ မြို့ပြည်သူလုံခြုံရေးဗျူရိုခေါင်းဆောင်ကျန်းဖေနှင့် တရုတ်ဟာဘိုအုပ်စု၏ဒါရိုက်တာဝီလီယံတို့ အင်ပါယာနဂါးအိမ်တော်သို့ အတူတကွသွားရောက်သည့်သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သောမျက်လုံးများက ထိုနေရာသို့ အာရုံစိုက်လာကြကာ ဤအံ့ဖွယ်ပြပွဲ၏ရလာဒ်အတွက် စောင့်မျှော်နေကြသည်။
“ကျရှုံးသွားတာပဲ”
လူသုံးယောက်က အင်ပါယာနဂါးစံအိမ်မှ ထွက်လာချိန်တွင် အဖွဲ့အားလုံးက ချက်ချင်း ကသောင်းကနင်းဖြစ်သွား၏။ စီနီယာအရာရှိတစ်ယောက်အား မျက်နှာသာမပေးသည့်အထိ လုံဟန်ဝမ်က မောက်မာလိမ့်မည်ဟု တစ်ယောက်မှ မယုံကြည်ခဲ့ပေ။ ထိုလူက ခေါင်းမာပြီး ဟာဘိုအုပ်စုနှင့် တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု သူတို့က မမျှော်လင့်ထားပေ။
သို့သော် ဤအချိန်တွင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုပိုင်ရှင်ထန်ရှုက ကြယ်တာရာမြို့သို့ ပြန်ရောက်လာပြီး သူနှင့်လုံအုပ်စု၏ဆက်ခံသူလုံကျန်းယုက အလွန်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်ဟူသော နောက်ထပ်သတင်းနှစ်ခုက လျင်မြန်စွာ ပျံ့နှံ့လာ၏။
လုံမိသားစုထမင်းစာခန်းမတွင်။
ဟာဘိုအုပ်စုဒါရိုက်တာဝီလီယံက ဟိုတယ်သို့ ပြန်ရောက်လာပြီး ကုမ္ပဏီ၏အဓိကရှယ်ယာရှင်ကယ်ဆိုလမ်၏အဖေအား ဖုန်းခေါ်မည်ပြင်စဉ် အခန်းတံခါးခေါက်သံအား ကြားလိုက်ရသည်။
“ဝင်လာပါ…”ဝီလီယံက နက်ရှိုင်းသောအသံနှင့် ပြော၏။
နောက်အခိုက်အတန့်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အခန်းထဲသို့ ဝင်လာသည်။ သူက ဝီလီယံထံ လျှောက်လာကာ တင်ပြ၏ “ဆရာဝီလီယံ၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးက ကြယ်တာရာမြို့ကို ပြန်ရောက်လာပြီလို့ ငါတို့ သတင်းရခဲ့တယ်။ သူနဲ့ လုံအုပ်စုရဲ့လုံကျန်းယုက အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ကောလဟာလပြောကြတယ်၊ သူက လုံကျန်းယုအတွက် ပြန်လာတာလို့ ငါ ထင်တယ်”
ဝီလီယံ၏အမူအရာက အလွန်အရုပ်ဆိုးသွားသည်။ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုမှ ငြင်းပယ်မှုကို သူက လက်ခံရရှိခဲ့သည်။ ဤကုမ္ပဏီ၏သူဌေးက လုံအုပ်စုနှင့် တူညီသောဘက်တွင် ရပ်တည်ပေးရန်အတွက် ပြန်လာခဲ့သည်မှာ ဖြစ်နိုင်ဖို့များ၏။
ဒါဆိုရင် ဒီကယ်ဆိုလမ်နဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရမလဲ။
သူက ကုမ္ပဏီနှင့်ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကြား ပူးပေါင်းဆောင်ရွက်ခြင်းအခွင့်အလမ်းတစ်ခုမှ မဖျက်ဆီးခဲ့သော်လည်း ထိုအကောင်အား သွေးထိုးခဲ့ရာတွင် သူလည်း ပါဝင်သည်။
ငါ ဘာလုပ်ရမလဲ။
အစက ကယ်ဆိုလမ်၏အဖေအား ဖုန်းခေါ်ချင်သော်လည်း ဝီလီယံက တုံ့ဆိုင်းသွား၏။ သူက သူ့နောက်လိုက်၏တုံ့ပြန်ချက်အား ချက်ချင်းပြန်မဖြေဘဲ စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်သည်။ ဆေးလိပ်သောက်ရင်း အတွေးရထားများက သူ့စိတ်ထဲ၌ ပြည့်နှက်လာပြီး ပြီးပြည့်စုံသောအဖြေအား ခွဲခြမ်းစိတ်ဖြာနေသည်။
ကရင်း…ကရင်း…ကရင်း…
သူက ဘာလုပ်ရမလဲမသိဖြစ်နေစဉ် စားပွဲပေါ်တွင် တင်ထားသော သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ သူက ချက်ချင်းဆွဲယူလိုက်ပြီး မရင်းနှီးသောနံပါတ်တစ်ခုဖြစ်နေ၏၊ ဖုန်းကိုင်ရမလားမကိုင်ရမလား သူက တုံ့ဆိုင်းသွား၏။ သို့သော် နောက်ဆုံးတွင် သူက ဖုနးကိုင်ကာ မေးလိုက်သည် “ဝီလီယံပြောနေတာပါ၊ ဘယ်သူလဲဆိုတာ သိလို့ရမလား”
“ကျုပ်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုမှ ထန်ရှုပါ”တည်ငြိမ်သောအသံတစ်ခုက သူ့အား ပြန်ဖြေ၏။
ဝီလီယံက အလွန်အံ့အားသင့်သွားပြီး သူ့နှလုံးသားက ဆိုးဝါးသောခံစားချက်တစ်ခုတို့ နစ်မြုပ်သွား၏။ ထို့နောက် သူက ကမန်းကတန်း ပြန်ပြောလိုက်သည် “ဟယ်လိုမစ္စတာထန်၊ မင်း ဖုန်းခေါ်မယ်လို့ ငါ မမျှော်လင့်ထားခဲ့တာပဲ။ အိုး ဘုရားသခင်၊ ဒါက ငါ့အတွက် ဂုဏ်ယူစရာတစ်ခုပဲ”
“မစ္စတာဝီလီယံ၊ ငါ လိုရင်းကို တည့်ပြောတော့မယ်။ ဟာဘိုအုပ်စုနဲ့လုံအုပ်စုကြား ပြဿနာက ငါ့စားပွဲကို ရောက်လာပြီ။ ငါနဲ့လုံကျန်းယုက သူငယ်ချင်းတွေ ဆိုပေမယ့် မင်းကလဲ ဒီနေရာကို ငါ့ကုမ္ပဏီအတွက် ရောက်လာတာဆိုတော့ ငါ ဘာမှမလုပ်ဘဲ ဘေးကနေ ထိုင်ကြည့်နေလို့မရတော့ဘူး”ထန်ရှုက ပြော၏ “မင်း အဆင်ပြေမယ်ဆိုရင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုဆီ လာဖို့ ငါ မျှော်လင့်တယ်။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာပေါ့”
“ကောင်းပါပြီ။ ငါ အဲကို ချက်ချင်းလာခဲ့ပါ့မယ်”
ဝီလီယံက နားမလည်နိုင်သောမျက်နှာနှင့် ဖုန်းချလိုက်သည်။
အတိအကျ ဘာဖြစ်နေတာလဲ။
ဒီထန်ရှုက ငါ့အတွက် အတားအဆီးတွေ ဖန်တီးခဲ့တာ မဟုတ်လား။ ဘာလို့ အခု သူက ဖုန်းခေါ်လာပြီး ငါ့ကို ကူညီမယ်ပုံပေါက်နေရတာလဲ။
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဌာနချုပ်တွင်။
အနက်ရောင်မာစီးဒီးကားလေးစီးက ဂိတ်တွင် ရပ်သွား၏၊ အဆောက်အဉီးထဲမှ ဝင်လိုက်ထွက်လိုက်လုပ်နေသောလူများစွာက သူတို့၏အာရုံအား ၎င်းတို့ထံ ကူးပြေင်းလိုက်ကြသည်။
“နောက်ထပ်အနေအထားတစ်ခုရှိတာလား”
နောက်ထပ်မြင်ကွင်းကို မြင်ပြီး လူများစွာက ပါးစပ်ဟသွားကြ၏။ သူတို့၏မျက်လုံးထဲတွင် ဘုရင်မဖြစ်သည့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏မန်နေဂျာခန်းရှက ဒုတိယမာစီးဒီးကားမှ လျင်မြန်စွာ ထွက်လာပြီး တစ်ဘက်ခြမ်းရှိ ကားတံခါးအား ကိုင်တိုင်ဖွင့်ပေးခဲ့သောကြောင့်ပင်။
မန်နေဂျာခန်းရှက တံခါးဖွင့်ပေးရအောင် ဒီလူက ဘယ်သူများလဲ။
သို့သော် ထန်ရှုက ကားထဲမှ ထွက်လာသည်ကို မြင်သောအခါ သူ့သရုပ်မှန်ကိုသိသည့်ထိုလူများစွာ၏ထိတ်လန့်မှုက ပျောက်ကွယ်သွား၏။
မိနစ်နှစ်ဆယ်ကြာ၏၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဌာနချုပ်သို့ ထန်ရှု ရောက်လာသည့် သတင်းက လူများစွာ၏နားထဲသို့ ရောက်ရှိသွား၏။ သို့သော် ကုမ္ပဏီသို့ ရောက်လာပြီးနောက် သူက ဘာလုပ်မည်ကို လူတိုင်းက ခန့်မှန်းနေစဉ် နောင်ထပ်မြင်ကွင်းတစ်ခုက ထပ်ပေါင်းထည့်လာပြီး ထိုလူများ၏အတွေးအား ရှုပ်ထွေးသွားစေသည်။ တရုတ်ဟာဘိုအုပ်စု၏ဒါရိုက်တာဝီလီယံက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုဆီသို့ ကမန်းကတန်း ရောက်လာသောကြောင့်ပင်။ ဂိတ်ရှိလုံခြုံရေးအစောင့်များပင် သူ့အား မတားဆီးခဲ့ပေ။
ရုံးချုပ်၏ဆယ့်ရှစ်ထပ်တွင်။
ဧည့်ခန်းထဲတွင် သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝီလီယံအား ထန်ရှုက တည်ငြိမ်စွာ ကြည့်၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ခင်ဗျားတို့နဲ့လုံအုပ်စုကြားဖြစ်ပျက်ခဲ့သမျှကို ကျုပ် သိပြီးပြီ၊ မစ္စတာဝီလီယံ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက ကျုပ်ကို မကျေမနပ်ဖြစ်စေတယ်။ ကျုပ်ရဲ့ကုမ္ပဏီနဲ့ စီးပွားရေးအပေးအယူတစ်ခုလုပ်ဖို့ ခင်ဗျားက ကြယ်တာရာမြို့ကို ရောက်လာပေမယ့် ဒီနေရာက ဒေသခံသူဌေးကြီးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ခင်ဗျားတို့က ရွေးချယ်ခဲ့တယ်။ ခင်ဗျားတို့က ကျုပ်ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ပြင်းထန်တဲ့ထိုးနှက်မှုတစ်ခုယူလာခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိကြလား”
ဝီလီယံက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ဒါက ပြင်းထန်လွန်းတဲ့ဖော်ပြချက်တစ်ခုမဟုတ်လား၊ မစ္စတာထန်”
“ဘာလို့ မဟုတ်ရမှာလဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “မင်းရဲ့ဟာဘိုအုပ်စုက ငါ့ရဲ့ကုမ္ပဏီအတွက် လာတယ်ဆိုတာ လူတိုင်း သိတယ်၊ ဒါပေမယ့် ဒီနေရာမှာ မင်းက ပြဿနာတစ်ခုကို ဖြစ်စေခဲ့တယ်။ မင်း လုပ်ခဲ့တာကြောင့် ငါ့ကုမ္ပဏီက ထိခိုက်မှုတစ်ခုတောင် မရှိဘူးလို့ ငါ့ကို မပြောနဲ့နော်။ အခြားကျန်တဲ့ကုမ္ပဏီတွေက ဟာဘိုအုပ်စုလို ကြယ်တာရာမြို့မှာ ပြဿနာတွေ ဖြစ်ပွားစေရင် ငါတို့က လူဆိုးတွေကို ဒီနေရာကို ဆွဲဆောင်ခဲ့တဲ့အတွက် ကြယ်တာရာမြို့က ပြည်သူတွေနဲ့သာမန်လူတွေက ငါတို့ကို သေချာပေါက် ကျိန်ဆဲလိမ့်မယ်”
“…”
ဝီလီယံက ပြောစရာစကားမဲ့သွားသည်။ ထန်ရှု၏မှတ်ချက်များက နားထောင်ရမကောင်းသော်လည်း အဓိပ္ပါယ်ရှိသည်ကို သူက ရှင်းရှင်းလင်းလင်း သိသည်။ ကမ္ဘာတစ်ဝှမ်းရှိ ထိုကုမ္ပဏီများက ကြယ်တာရာမြို့ထဲတွင် ယခုကဲ့သို့ ဖြစ်ရပ်များအား တကယ် ပြုလုပ်ခဲ့လျှင် မရေမတွက်နိုင်သောလူများက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား ကျိန်ဆဲမည်ကို မျှော်လင့်ထားနိုင်သည်။ ကုမ္ပဏီ၏ဂုဏ်သတင်းအား ကြီးကြီးမားမား ထိခိုက်စေနိုင်၏။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းမှာ ဘာပြောစရာစကားမှ မရှိဘူးလား”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် မေး၏။
ဝီလီယံက ခါးသီးသောလေသံနှင့် ပြော၏ “မင်းရဲ့စကားတွေက အဓိပ္ပါယ်ရှိပြီး ငါတို့က ဒီကိစ္စမှာ မှားတယ်ဆိုတာ ငါ ဝန်ခံတယ်။ ဖြစ်ခဲ့တာတွေအတွက် ခွင့်လွှတ်ပေးဖို့ ငါကိုယ်တိုင် တောင်းဆိုပါတယ်၊ သူဌေးထန်။ ဟာဘိုအုပ်စုက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကိုရော လုံအုပ်စုကိုပါ တောင်းပန်ကြောင်း ထုတ်ပြန်မယ်ဆိုတာ ငါ အာမခံတယ်။ ဒါပေမယ့် အဲလိုဆိုရင် မင်းအနေနဲ့ ကယ်ဆိုလမ်ကို လုံအုပ်စုကနေ လွတ်လာအောင် လုပ်ပေးနိုင်မလား”
“သူ့ကို ပြန်ခေါ်ဖို့ လုံအုပ်စုဆီ မသွားခင် တောင်းပန်ကြောင်း ကြေညာဖို့ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့အတွက် လူတစ်ယောက်ကို တာဝန်ပေးဖို့ ငါ မင်းကို အကြံပြုတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “ဒီလိုမှ မင်းရဲ့လူတွေကို လွှတ်ပေးဖို့ လုံအုပ်စုရဲ့သူဌေးကြီးလုံဟန်ဝမ်နဲ့ တွေ့ဆုံဖို့ ငါ မင်းကို ကူညီပေးနိုင်မယ်”
ဝီလီယံက ပြောမည့်ဆဲဆဲတွင် သူက ဘေးနားရှိ သူ့အတွင်းရေးမှူးဘက်သို့ လှည့်လိုက်သည် “ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့လုံအုပ်စုကို မီဒီယာတွေကတစ်ဆင့် တောင်းပန်ဖို့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ချက်ချင်းကျင်းပလိုက်ပါ”
“နားလည်ပါပြီ”
ဝီလီယံ၏အတွင်းရေးမှူးထွက်ခွာသွားသောကြောင့် ထန်ရှုက ချက်ချင်း စိတ်အားတက်ကြွသွားပုံပေါ်သည်။ သို့သော် ပူးပေါင်းမည့်ခေါင်းစဉ်နှင့် ပတ်သက်၍ ဝီလီယံက အရှုံးမပေးသော်ငြား ထန်ရှုက ရှောင်တိမ်းကာ ဤကိစ္စပတ်သက်၍ မေးခွန်းတစ်ခုမှ ပြန်မဖြေခဲ့ပေ။
နှစ်နာရီကြာပြီးနောက် ဟာဘိုအုပ်စု၏တောင်းပန်ကြောင်းသတင်းစာရှင်းလင်းချက်က ပြီးဆုံးသွား၏၊ ဤဖြစ်ရပ်နှင့်ပတ်သက်၍ စိတ်ဝင်စားနေသူတိုင်းက ခေါင်းနောက်သွား၏။ ထိုလူများက လုံကျန်းယုအား ဒဏ်ရာရစေခဲ့သည့်အတွက် လုံအုပ်စုအား တောင်းပန်သည်ကို သူတို့က လက်ခံနိုင်သော်လည်း အဘယ်ကြောင့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကိုပါ တောင်းပန်ရသနည်း။ သူတို့က ကုမ္ပဏီထံ လာရောက်ခဲ့သောကြောင့် တောင်းပန်ခြင်းက ဂုဏ်သတင်းထိခိုက်မှုအနည်းငယ်အတွက် ဆိုလိုသည်လော။
ချက်ချင်းလျှင်ပင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏သူဌေးထန်ရှုနှင့် ဟာဘိုအုပ်စု၏ဒါရိုက်တာဝီလီယံတို့ ဌာနချုပ်မှ အတူတကွ ထွက်သွားပြီး အင်ပါယာနဂါးစံအိမ်သို့ ဉီးတည်သွားသည်ကို အဖွဲ့အားလုံးက သတင်းရခဲ့၏။
အင်ပါယာနဂါးစံအိမ်တွင်။
လုံဟန်ဝမ်က အိမ်တွင် ကုမ္ပဏီ၏စာရွက်စာတမ်းများအား ဖတ်ရင်း ဖုန်းအဆက်မပြတ်ဖြေနေရသည်။ အချို့က သူတို့၏စိုးရိမ်မှုကို ဖော်ပြရန်နှင့် သူ့သားလုံကျန်းယုအား ဆုတောင်းပေးရန်အတွက် ဖြစ်ပြီး အချို့က သူ့ကဲ့သို့ သူတို့၏ဒေါသအား ဖော်ပြခြင်း ဖြစ်၏။
ဒေါက်…ဒေါက်…
စာကြည့်ခန်းတံခါးခေါက်သံနှင့်အတူ သူ၏အတွင်းရေးမှူးမလေးက အထဲသို့ ဝင်လာကာ တင်ပြ၏ “သူဌေး၊ မစ္စထန်နဲ့ဟာဘိုအုပ်စုရဲ့ဝီလီယံတို့ လာတယ်”
လုံဟန်ဝမ်က ဖြည်းဖြည်းချင်း ထရပ်၏။ သူက စံအိမ်ထဲမှ ထွက်လာပြီး ထန်ရှုနှင့်ဝီလီယံတို့က ခြံဝင်းထဲတွင် ရပ်နေသည်ကို မြင်သည်။ သူက နောက်လူအား တစ်ချက်ပင် မကြည့်ဘဲ ထန်ရှုဆီသို့ တန်းသွားကာ ပြုံးလျက် နှုတ်ဆက်၏ “မင်း ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ၊ ထန်ရှု။ မင်းက လူအချို့အတွက် ဖြန်ဖြေသူတစ်ယောက်အဖြစ် ဆောင်ရွက်နေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
“ဉီးလေးက ပြောလာမှတော့ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်၊ ဉီးလေးလုံ”ထန်ရှုက ပြုံးကာ ပြော၏ “ဟာဘိုအုပ်စုရဲ့လူတွေ လုပ်ခဲ့တာက မှားယွင်းတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် သူတို့က ငါ့ရဲ့ကုမ္ပဏီကို လာနေတာဆိုတော့၊ ဒါကြောင့် ဉီးလေးလုံက ငါ့ကို မျက်နှာသာပေးပြီး ဒီကယ်ဆိုလမ်ဆိုတဲ့အကောင်ကို လွှတ်ပေးနိုင်မလား”
“ထန်ရှု၊ မင်းနဲ့ကျန်းယုတို့က သူငယ်ချင်းတွေပဲ။ သူက ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်နေရတယ်။ အခု သူက ကိုမာဖြစ်နေသေးတယ်။ ဒါပေမယ့် မင်းက ဘာလို့ အပြင်လူတွေကို ကူညီနေရသေးတာလဲ”
“ဉီးလေးလုံ၊ ဒါကို လုပ်ဖို့ ငါလဲ တွန့်ဆုတ်မိပါတယ်။ သူတို့လုပ်ခဲ့တာကို ငါ မကြိုက်ပေမယ့် ဖြစ်ရပ်က ငါတို့နဲ့ ဆက်စပ်နေတဲ့အချက်ကို ငါ့ကုမ္ပဏီက ရှောင်တိမ်းလို့မရဘူး။ ငါ့ကုမ္ပဏီက သူတို့ကို အကြောင်းကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ခဲ့တယ်ဆိုတဲ့သတင်းကို မင်း ကြားပြီးပြီမလား”ထန်ရှုက တွန့်ဆုတ်စွာ ပြော၏။