ကတိပေးခြင်း
Vol. 86 Ch. 1198
လုံဟန်ဝမ်အား စည်းရုံးရန် ထန်ရှုက အကောင်းဆုံးကြိုးစားနေသည်ကို ဝီလီယံက မြင်သည်၊ သို့သော် လုံဟန်ဝမ်က မပြောင်းလဲပေ။
“ငါ့ကို ဖျောင်းဖျတာ ရပ်လိုက်တော့၊ ထန်ရှု။ အဲလူက ငါ့ရဲ့သားကို ဒဏ်ရာရစေခဲ့တယ်၊ သူက ဒီအတွက် ကြောက်စရာကောင်းတဲ့တန်ဖိုးတစ်ခုကို ပေးချေရမယ်”လုံဟန်ဝမ်က လက်သီးဆုပ်လျက် ပြန်ဖြေ၏။
ထန်ရှုက ဝီလီယံနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ချက်ချင်း အံကြိတ်ကာ လက်တစ်ချောင်းထောင်ပြလျက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဉီးလေးလုံ၊ သူတို့ကို လျော်ကြေးပေးစေချင်တယ်လို့ ဉီးလေးက ပြောမှတော့ ဒါက ငါ့ရဲ့ကမ်းလှမ်းမှုပဲ။ လုံကျန်းယုရဲ့ဆေးကုသစရိတ်အတွက် လျော်ကြေးယွမ်သန်းတစ်ရာဆိုရင် ဘယ်လိုလဲ”
လုံဟန်ဝမ်၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူက နှာခေါင်းရှုံ့လိုက်သည် “ဟမ့်၊ လုံတွေက ဘယ်တော့မှ ပိုက်ဆံကင်းမဲ့မနေဘူး”
“သန်းနှစ်ရာ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ဆက်ပြော၏။
လုံဟန်ဝမ်က ခဏနှုတ်ဆိတ်သွားပြီးနောက် ထပ်ကာ နှာခေါင်းရှုံ့လိုက်သည် “လုံတွေက ပိုက်ဆံမရှားဘူးလို့ ငါ မင်းကို ပြောခဲ့ပြီးသား။ ယွမ်သန်းနှစ်ရာက ငါတို့အတွက် ဘာမှမဟုတ်ဘူး”
ထန်ရှု၏မျက်လုံးများက အနည်းငယ်နီရဲသွားပြီး သူက အော်ပြော၏ “ယွမ်တစ်ဘီလီယံ၊ ဒါက ငါ့ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက အများဆုံးကမ်းလှမ်းပေးနိုင်တဲ့ပမာဏပဲ။ ဉီးလေးလုံ၊ ငါ သင့်ကို ငါ့ရဲ့ဉီးလေးတစ်ယောက်လို့ သတ်မှတ်ထားတယ်၊ လုံကျန်းယုနဲ့ ငါ့ရဲ့နက်ရှိုင်းသောဆက်ဆံရေးကြောင့် ဒါက ငါရဲ့ရိုသေလေးစားမှုကို ဖော်ပြနေတာပဲ။ ဒါပေမယ့် ကိစ္စတွေက ဖြစ်ပြီးသွားပြီ၊ လုံကျန်းယုလဲ ဒဏ်ရာအပြင်းအထန်ရထားတယ်။ ဉီးလေးက ကယ်ဆိုလမ်ကို မီးပုံရှို့ရင်တောင် ဉီးလေးရဲ့ဒေါသကို ဖြေဖျောက်ရုံပဲ ရမယ်။ ဉီးလေးအတွက် ဘာအကျိုးအမြတ်တစ်ခုမှ ရှိလာမှာမဟုတ်ဘူး။ ငါတို့က စီးပွားရေးသမားတွေပဲ၊ ငါတို့အမြဲတမ်းလိုက်လံနေတာက အကျိုးအမြတ်ရဖို့ပဲ။ လုံအုပ်စုက တကယ်ကို ကြီးမားပါတယ်၊ ဒါပေမယ့် ယွမ်တစ်ဘီလီယံကို ရရှိဖို့က မလွယ်သေးပါဘူး။ ဒီနေ့ ငါ ဉီးလေးကို မျက်နှာသာရော၊ အကျိုးအမြတ်ရော ပေးတယ်၊ ဒါကြောင့် ဒါက သေချာပေါက် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ”
လုံဟန်ဝမ်က နှုတ်ဆိတ်သွားပြီး အင်္ကျီအိတ်ကပ်မှ စီးကရက်တစ်လိပ်ယူထုတ်၏။ တစ်ခုယူထုတ်ကာ မီးညှိပြီးနောက် သူက တစ်ဖွာရှိုက်သည်။ ထို့နောက် သူက ထန်ရှုအား တည့်တည့်ကြည့်လျက် ပြောလိုက်သည် “မင်း ပြောတာ မှန်တယ်။ ငါက စီးပွားရေးသမားတစ်ယောက်ပဲ၊ ငါက ပိုက်ဆံကို ထွက်သွားစေလို့မရဘူး။ ငါတို့ရဲ့နီးကပ်တဲ့ဆက်ဆံရေးကို ထောက်ပြီး ငါက တစ်ဘီလီယံကို မလိုဘူး၊ ထန်ရှု။ ဒါပေမ့် သန်းရှစ်ရာက ငါ လက်ခံနိုင်တဲ့အနိမ့်ဆုံးပဲ၊ မဟုတ်ရင် မင်းတို့က ကယ်ဆိုလမ်ရဲ့အလောင်းကို မြင်တွေ့ဖို့ မျှော်လင့်ထားနိုင်တယ်”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ဝီလီယံ၏ရှုပ်ထွေးနေသောအမူအရာအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “ငါ ဒီအကြွေးကို မှတ်ထားမှာပါ၊ ဉီးလေးလုံ။ မကြာခင် ဉီးလေးလုံကို ပိုက်ဆံလွှဲပေးလိုက်မယ်။ ပြီးတော့…ဘယ်အချိန်ကျမှ ဉီးလေးက ကယ်ဆိုလမ်ကို လွှတ်ပေးမှာလဲ”
“ငါ ပိုက်ဆံရတဲ့အခါ “လုံဟန်ဝမ်က ပြန်ဖြေသည်။
ထန်ရှုနှင့်ဝီလီယံက ဆက်မနေတော့ဘဲ စံအိမ်ထဲမှ ထွက်လာ၏။ လုံမိသားစုစံအိမ်၏ဂိတ်ဝသို့ ရောက်လာသောအခါ ဝီလီယံက တောင်းပန်သောအကြည့်နှင့် ပြောသည် “ကျုပ် တကယ် တောင်းပန်ပါတယ်၊ သူဌေးထန်။ ကျုပ်တို့က ခင်ဗျားကို အတော်လေးဆုံးရှုံးစေခဲ့တယ်၊ ဒါပေမယ့် ကျုပ် သေချာပေါက် အဲဒါကို …”
“ရပါတယ်…”
ထန်ရှုက လက်မြှောက်ကာ သူ့အား တားလိုက်သည် “ငါက ဘာမှ မဆုံးရှုံးပါဘူး။ ငါက မင်းတို့အတွက် ယွမ်သန်းရှစ်ရာကို ပေးချေမယ်လို့ မင်းတို့ရဲ့ဟာဘိုအုပ်စုက ထင်နေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
“ဘယ်လို…”
ဝီလီယံက အလွန်အံ့အားသင့်သွားပြီး သူ့အမူအရာက ချက်ချင်း အေးခဲသွားကာ နတ်ဆိုးတစ်ကောင်ကို မြင်ရသည့်အလား ထန်ရှုအား ကြည့်လိုက်သည်။ သူ့အနေနှင့် ယခုကဲ့သို့ထိတ်လန့်တုန်လှုပ်စရာကောင်းသောအခြေအနေမှ ရုန်းထွက်နိုင်ရန် အချိန်အတော်ကြာ၏။
“မင်းတို့ရဲ့ဟာဘိုအုပ်စုကို ကူညီဖို့အတွက် ငါက ငါ့အပိုင်းကို တာဝန်ယူပြီး အကြွေးတင်ခဲ့တာကို မင်းလဲ မြင်တာပဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဒါပေမယ့် ငါ မင်းကို တစ်ခုပြောမယ်။ ငါ့ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက စီးပွားရေးအုပ်စုတစ်ခုပဲ၊ စေတနာရှင်အသင်းမဟုတ်ဘူး။ တစ်စုံတစ်ယောက်ရဲ့အသက်အတွက် ပိုက်ဆံဆုံးရှုံးတာက ငါတို့ရဲ့တာဝန်မဟုတ်ဘူး။ မင်းက ကယ်ဆိုလမ်ကို အသက်ရှင်လျက် ပြန်လာစေချင်ရင် ဟာဘိုအုပ်စုရဲ့ထိပ်တန်းအမှုဆောင်အရာရှိတွေဒါမှမဟုတ်သူ့မိသားစုဝင်တစ်ယောက်ယောက်ကို အမြန်ဆုံးဆက်သွယ်ပေါ့။ ဒါပေမယ့် မင်းက သူ့အသက်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ရင်တော့လဲ…”
“…”
ဝီလီယံ၏ပါးစပ်က ပွင့်ဟသွားသည်၊ သို့သော် သူ့လည်ချောင်းအား တစ်ခုခုနှင့် ပိတ်ဆို့ထားသည့်အလား သူက ဘာတစ်ခုမှ မပြောနိုင်ခဲ့ပေ။
ထန်ရှုက စီးကရက်တစ်လိပ်မီးညှိကာ ဆက်ပြော၏ “မစ္စတာဝီလီယံ၊ တရုတ်တွေရဲ့ဓလေ့ထုံတမ်းနဲ့ယဉ်ကျေးမှုကို မင်း သိမှာပါ၊ ဒါကြောင့် ငါတို့ကြားမှာ ကျေးဇူးအကြွေးတစ်ခုရှိတာက ဘယ်လောက်တောင် တန်ဖိုးကြီးမားသလဲဆိုတာ မင်း နားလည်မှာပါ။ ငါက ဒီကိစ္စကို ငါ့ပခုံးပေါ် လွှဲပြောင်းပြီး လုံဟန်ဝမ်မှာ အကြွေးတစ်ခုတင်ခဲ့တယ်။ မင်းက ယွမ်သန်းရှစ်ရာကို မထုတ်ချင်ရင် ငါ့ကုမ္ပဏီက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှဆက်လုပ်စရာမရှိဘူးဆိုတာကို ကြေညာဖို့ မင်း မျှော်လင့်ထားနိုင်တယ်။ ဒါပေမယ့် ငါ မင်းကို စိတ်ကောင်းစေတနာကောင်းနဲ့ အကြံပေးချင်တယ်။ လုံမိသားစုက လျော်ကြေးအတွက် အရေအတွက်အတိအကျ သတ်မှတ်ပြီးပြီ၊ ဒါကြောင့် မင်းတို့ဟာလိုအုပ်စုက အဲဒါကို ပေးဖို့ ငြင်းဆန်ပြီး ကိစ္စကို အချိန်ဆက်ဆွဲလို့ ပိုကြီးလာမယ်ဆိုရင် လုံဟန်ဝမ်က ဒီကိစ္စကို အများရှေ့ကို တိုက်ရိုက်ဖော်ထုတ်မှာ သေချာတယ်။ ထိုအချိန်ကျရင် ဟာဘိုအုပ်စုရဲ့ဂုဏ်သတင်းက ကျဆင်းပြီး နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းရဲ့ရယ်မောခြင်းကို ခံရဖို့ မျှော်လင့်ထားနိုင်တယ်”
မယုံကြည်နိုင်မှုက ဝီလီယံ၏မျက်လုံးများထဲ၌ ပြည့်လျှံသွားပြီး သူက အမူအရာပြောင်းလဲသွားလျက် တုံ့ပြန်သည်။ လုံဟန်ဝမ်နှင့် တွေ့ဆုံရန် သူ့အား ခေါ်သွားခြင်းဖြင့် ထန်ရှုက သူ့အား ကူညီရန် ကြိုးစားနေသည်ကို သူက အစက တွေးခဲ့သည်။ ထန်ရှုက သူ့အား တွင်းနက်တစ်ခုထဲသို့ တွန်းချလိမ့်မည်ဟု သူက ဘယ်တော့မှ မထင်ထားပေ။
ဒါကို ကြိုသိခဲ့မည်ဆိုလျှင် သူက ထန်ရှုနှင့်အတူ လိုက်လာမည်မဟုတ်ပေ။
လက်သီးတင်းကြပ်စွာ ဆုပ်လျက် ဝီလီယံ၏ဒေါသမျက်လုံးများက ထန်ရှုအား စိုက်ကြည့်ကာ ပြောလိုက်သည် “မင်းက ငါတို့ကို ကူညီမယ်လို့ မင်း ပြောခဲ့တယ်နော်၊ သူဌေးထန်။ ဒါပေမယ့် တကယ်တော့ မင်းက ငါတို့ကို တွင်းချိုင့်ထဲကို တွန်းချခဲ့တာမလား”
“မင်းရဲ့လေသံကို ငါ မကြိုက်ဘူး၊ဝီလီယံ”ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည် “ငါမပါရင် လုံဟန်ဝမ်က ကယ်ဆိုလမ်ကို လွှတ်ပေးဖို့ မင်းကို ကတိပေးမယ်လို့ မင်း ထင်လား။ မင်းတို့က သူ့သားကို ဒဏ်ရာဆိုးဆိုးဝါးဝါးရစေပြီး အခုဆိုရင် သူက ကိုမာနဲ့ သူ့ကံကြမ္မာက ဘာဖြစ်မလဲဆိုတာတောင် မသိရဘူး။ သူက အချိန်မရွေး သေသွားနိုင်တယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းနဲ့ အသက်တစ်သက်အတွက် အသက်တစ်ခုပဲ။ ဒါက ငါတို့တရုတ်တွေ ပြဿနာကို ဘယ်လိုရင်ဆိုင်မယ်ဆိုတာပဲ။ ဒါ့အပြင် လုံကျန်းယုကို ဒဏ်ရာရအောင် လုပ်ခဲ့တာက ကယ်ဆိုလမ်ဖြစ်ပေမယ့် မင်းက နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာမလား။ သူက တရုတ်မှာ သေသွားရင် မင်းကရော ဒီတာဝန်ကနေ လွှတ်မြောက်နိုင်မယ်လို့ ထင်လား”
“ငရဲပဲ…မင်းက ငါ့ကို ကူညီဖို့ ကြိုးစားနေတာလားဒါမှမဟုတ်ငါ့ကို ထိခိုက်အောင် လုပ်နေတာလား”ဝီလီယံက ဒေါသတကြီး အော်ပြော၏ “ဒါက သန်းရှစ်ရာနော်။ တရုတ်ယွမ်ဆိုရင်တောင် ဒီပမာဏက မသေးငယ်ဘူး…”
“မင်းရဲ့ဒီလေသံနဲ့ ပတ်သက်ပြီး အခု ငါ ဒေါသထွက်လာပြီ၊ ဝီလီယံ”ထန်ရှုက စိတ်မဝင်စားစွာ ပြန်ပြောသည် “ငါက မင်းကို ကူညီပေးခဲ့ပေမယ့် မင်းက ဒီလိုပြန်ကိုက်တာပေါ့လေ။ ဒါက မင်းရဲ့လုပ်ထုံးလုပ်နည်းပဲလား။ လုံဟန်ဝမ်နဲ့လုံအုပ်စုက ပိုက်ဆံလိုနေပြီး ယွမ်သန်းရှစ်ရာတောင် မရှိဘူးလို့ မင်း ထင်တာလား။ ငါ သိသလောက်ဆိုရင် ကြယ်တာရာမြို့သစ်စီမံကိန်းမှာ သူတို့ရဲ့ရှယ်ယာက အနည်းဆုံးရှစ်ဘီလီယံရှီတယ်၊ ဒါပေမယ့် ဒီလိုသေးငယ်တဲ့ယွမ်သန်းရှစ်ရာလောက်နဲ့ ငါက မင်းကို တွင်းထဲ အရောက်ပို့ခဲ့တယ်လို့ မင်းက ငါ့ကို ဆဲခဲ့တာပေါ့လေ”
ဝီလီယံက နှုတ်ဆိတ်သွားပြီး ထန်ရှု၏ငြင်းခုံချက်က အကျိုးအကြောင်းညီညွတ်သည်ဟု သူက တွေးလိုက်သည်။ လုံအုပ်စုအတွက် ယွမ်သန်းရှစ်ရာက တကယ်ကို ဘာမှမဟုတ်ပေ။ ကယ်ဆိုလမ်က လုံကျန်းယုနှင့် ရင်ဆိုင်ပြီးနောက် သူက လူအချို့လွှတ်ကာ လုံအုပ်စုအကြောင်း စုံစမ်းခိုင်းခဲ့သည်။ သို့သော် ရလဒ်က သူ့အား မှင်တက်သွားစေသည်၊ အသေးအဖွဲ့ဟု ထင်ထားသည့်အရာက လုံအုပ်စုကဲ့သို့ကြောက်စရာကောင်းသောရန်သူတစ်ယောက်အား ရန်စမိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက လက်ထဲတွင် ယွမ်သန်းရှစ်ရာမရှိသေးပေ။
သူက ပြဿနာအား သူ့ကုမ္ပဏီဌာနချုပ်ရှိအဆင့်မြင့်အရာရှိများထံ သယ်ဆောင်သွားခဲ့လျှင် သူတို့က သူ့အား အရေခွံပင် ဆုပ်ဖြဲပေလိမ့်မည်။
ငါ ဘာလုပ်ရမလဲ။
ဤအတွေးက သူ့စိတ်ထဲတွင် ပြည့်လာပြီး ဝေခွဲမရကြံရာမရ ဖြစ်လာနေတော့သည်။
ဝီလီယံက အမူအရာအဆက်မပြတ်ပြောင်းလဲနေသည်ကို လေ့လာပြီးနောက် ထန်ရှုက ပေါ့ပေါ့ပါးပါး ပြော၏ “ဒီဖြစ်ရပ်ကို မင်းအနေနဲ့ မမျှော်လင့်ထားခဲ့ဘူးဆိုတာ ငါ သိတယ်၊ မစ္စတာဝီလီယံ။ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့အသက်ပါဝင်တာကြောင့် ဒါက အရေးကြီးကိစ္စတစ်ခုပဲ။ ဒါက ကိုင်တွယ်ရတာ မလွယ်ဘူးလို့ မင်း ထင်ရင် မင်းကို ကူညီပေးနိုင်တဲ့အိုင်ဒီယာတစ်ခု ငါ့မှာ ရှိတယ်”
“ဘာများလဲ”ဝီလီယံက ကမန်းကတန်းမေးလိုက်သည်။
“လုံကျန်းယုက အတော်လေးကျွမ်းကျင်တဲ့သိုင်းပညာရှင်တစ်ယောက်ပဲ၊ ဒါပေမယ့် သူ့ကို ကယ်ဆိုလမ်က ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ်၊ ဒါက ကယ်ဆိုလမ်က သိုင်းလေ့ကျင်သူတစ်ယောက်လို့ ဆိုလိုတယ်။ ဒါမှမဟုတ်ရင် ကျင့်ကြံသူတစ်ယောက်ပေါ့။ သူကိုယ်တိုင်က ကျင့်ကြသူတစ်ယောက်ဖြစ်မယ်လို့ ငါ မထင်ဘူး၊ ဒါကြောင့် သူ့ကို သင်ကြားပေးတဲ့ အားကောင်းတဲ့လူအချို့ဒါမှမဟုတ် သူ့ရဲ့အကြီးအကဲတွေ ရှိရမယ်။ ဒီကိစ္စက သူ့အသက်နဲ့ ဆက်စပ်နေမှတော့ မင်းအနေနဲ့ ဟာဘိုအုပ်စုရဲ့ဌာနချုပ်က တစ်ယောက်ယောက်ကို ဆက်သွယ်ဖို့ လိုမယ်လို့ ငါ မထင်ဘူး။ သူ့မိသားစုကိုပဲ တိုက်ရိုက်ဆက်သွယ်လိုက်ပါ၊ ဒီလိုသေးငယ်တဲ့သန်းရှစ်ရာလောက်က သူတို့အတွက် ဘာမှမဟုတ်ဘူးဆိုတာ ငါ သေချာတယ်”
ဝီလီယံ၏မျက်လုံးများက တောက်ပသွားပြီး သူက အနည်းသယ် စိတ်လှုပ်ရှားသွားသည်။ ယခင်က သူ့အသက်က ချိန်ခွင်လျှာပေါ်တွင် ရှိနေခဲ့သည်။ သူက ဤပြဿနာအား ဟာဘိုအုပ်စု၏ဌာနချုပ်သို့ သယ်သွားလို့မရသည်မှာ သေချာ၏၊ သို့သော် ကာဆိုလမ်၏အဖေက ကုမ္ပဏီ၏အဓိကရှယ်ယာရှင်ဖြစ်ပြီး အလွန်အားကောင်းသောသူဌေးကြီးတစ်ယောက်ဖြစ်သည်ကို သူက မေ့နေခဲ့၏။
“သူဌေးထန်…”
သူ့မျက်လုံးများက ရုတ်တရက် ရှုပ်ထွေးသောအမူအရာနှင့်အတူ ဝီလီယံက ထန်ရှုအား ကြည့်လိုက်သည်။
“ပိုက်ဆံဆိုတာ ငါ့အတွက် အရေးမပါတဲ့အရာတစ်ခုပဲ၊ မစ္စတာဝီလီယံ”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “တစ်ဘီလီယံမပြောနဲ့၊ ငါ လိုချင်ရင် ဆယ်ဘီလီယံကိုတောင် အလွယ်တကူရနိုင်တယ်။ ငါ့ရဲ့ကုမ္ပဏီက ပိုက်ဆံရှာတာ ဘယ်လောက်မြန်သလဲဆိုတာ မင်းက ကောင်းကောင်းသိမှာ သေချာပါတယ်”
“ဟုတ်ပါတယ်”ဝီလီယံက စကားတစ်လုံးမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။
“ငါ့ကုမ္ပဏီရဲ့ပိုက်ဆံထုတ်လုပ်နိုင်တဲ့စွမ်းအားကို မင်း သိမှတော့ ငါ့ရဲ့အဆင့်အတန်းအရ ယွမ်သန်းရှစ်ရာလောက်နဲ့ မင်းကို အကွက်ချဖို့ မလိုဘူးဆိုတဲ့အချက်ကို မင်းလဲ ကောင်းကောင်းသိသင့်တယ်။ ငါက လုံဟန်ဝမ်နဲ့ ညှိပြီး မင်းကို တွင်းချိုင့်ထဲ ရောက်အောင် တွန်းချမယ်ဆိုရင် မင်းယူထုတ်ရမယ့်ပမာဏက သန်းရှစ်ရာလောက်နဲ့ ပြီးမှာ မဟုတ်ဘူး။ သူ့ကို တစ်ဘီလီယံကမ်းလှမ်းခဲ့တုန်းက ဘာလို့ လုံကျန်းဝမ်က ယွမ်သန်းနှစ်ရာကို လျှော့ပေးလိုက်တယ်လို့ မင်း ထင်လဲ။ ယွမ်သန်းနှစ်ရာက ငါ့ကို မျက်နှာသာပေးလိုက်တာပဲ”
တကယ်ပါပဲ…
ဒါက ယခင်က ဝီလီယံ မေ့နေခဲ့သော အချက်ပင်။ ယခု ထန်ရှုက ထုတ်ဖော်ပြောသည်ကို ကြားလိုက်တော့မှ ထန်ရှုက မှန်သည်ဟု သူက ခံစားမိသည်။ တကယ်တမ်းတွင် တစ်ဘီလီယံနှင့်သန်းရှစ်ရာကြား ကွာခြားချက်က သိပ်မများပေ။ ထန်ရှုက လျော်ကြေးအတွက် တစ်ဘီလီယံကမ်းလှမ်းခဲ့ပြီး လုံဟန်ဝမ်က ယွမ်သန်းနှစ်ရာအား တိုက်ရိုက်လျော့ချခဲ့သည်၊ အရေအတွက်က သူတို့နှစ်ယောက်လုံးအတွက် အသေးအဖွဲ့မျှဟု ဆိုလိုသည်။
ငါ ထန်ရှုကို နားလည်မှုလွဲသွားတာ ဖြစ်နိုင်မလား။ အစကတည်းက ငါ့ကို ကူညီဖို့အတွက် သူ့မှာ ရည်ရွယ်ချက်ကောင်းရှိတာလား။
ဝီလီယံ၏စိတ်က ထိုအတွေးများနှင့် လှုပ်ရှားသွား၏။ တဖြည်းဖြည်းနှင့် ရှက်ရွံ့သောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ထင်ဟပ်လာ၏။ သူက အနည်းငယ် ဉီးညွှတ်ကာ ပြောလိုက်သည် “ငါ မှားခဲ့တာ၊ ငါ မင်းကို အထင်လွဲခဲ့တာပဲ၊ သူဌေးထန်။ အခု ငါ မင်းကို တောင်းပန်ပါတယ်၊ ငါ့ကို ခွင့်လွှတ်ပေးဖို့ ငါ မျှော်လင့်တယ်။ မင်းက ငါ့အတွက် အများကြီးလုပ်ပေးခဲ့တာပဲ၊ ဒါကြောင့် ငါက ဟာဘိုအုပ်စုရဲ့အဓိကရှယ်ယာရှင်ဖြစ်တဲ့ကယ်ဆိုလမ်ရဲ့အဖေကို ချက်ချင်းဆယ်သွယ်မှာမို့ မင်း စိတ်ချပါ”
“ကယ်ဆိုလမ်ရဲ့အဖေက တကယ်ပဲ မင်းတို့ဟာဘိုအုပ်စုရဲ့အဓိကရှယ်ယာရှင်လား”ထန်ရှုက အံ့အားသင့်လျက် မေးသည် “သူ့မှာ ဒီလိုမြင့်မားတဲ့အဆင့်အတန်းရှိပေမယ့် ဘာလို့ သူက မင်းရဲ့…”
“ကယ်က ဘွဲ့ရကာစပဲ ရှိသေးတယ်၊ ဒါကြောင့် သူ့အဖေက သူ့ကို ငါ့နောက်လိုက်ဖို့ အမိန့်ပေးခဲ့တာ”ဝီလီယံက လျင်မြန်စွာ ရှင်းပြသည် “ဒါပေမယ့် သူက အနည်းငယ် စိတ်လိုက်မာန်ပါလုပ်တတ်တယ်၊ သူ ငါ့နောက်လိုက်တဲ့နှစ်နှစ်အတွင်း သူက ပြဿနာအများကြီး ရှာခဲ့တယ်။ ဒါပေမယ့် ငါက ပြဿနာကို ဖြေရှင်းဖို့ သူ့ကို အမြဲကူညီခဲ့တာ၊ ဒါကြောင့် ဘယ်လိုရပ်ရမလဲ၊ သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သူ မသိဘူး။ ဒီတစ်ကြိမ်မှာ သူက ဒီလိုကြီးမားတဲ့ပြဿနာကို ဖြစ်စေလိမ့်မယ်လို့ ငါ တကယ် မသိခဲ့ဘူး”
ဤသည်ကို ကြားပြီးနောက် ထန်ရှုက စိတ်ထဲ၌သာ နှာခေါင်းရှုံ့လိုက်သည် “ကောင်းပြီလေ၊ သူ့မှာ ဒီလိုအဆင့်အတန်းတစ်ခုရှိမှတော့ မင်း သူ့အဖေကို အမြန်ဆုံးဆက်ကွယ်သင့်တယ်လို့ ငါ ထင်တယ်။ မင်းက အချိန်ဆွဲနေတယ်လို့ ထင်ပြီး လုံဟန်ဝမ်က သူ့ကို သတ်လိုက်နိုင်တယ်။ မင်းက ဒါကို မယုံကြည်ချင်မယုံကြည်နိုင်ပေမယ့် လုံတွေက အစိုးရအရာရှိတွေကတောင် သတိထားရတဲ့ ကြယ်တာရာမြို့ရဲ့အားအကောင်းဆုံးမိသားစုပဲ။ သူက ကယ်ဆိုလမ်ကို သတ်ရင်တောင် သူ့အနေနဲ့ ဘယ်လိုကြီးမားတဲ့ပြဿနာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး”