← Chapters

သတ်ဖြတ်အရှိန်အဝါကို အဆင့်မြှင့်မည်

Vol. 111 Ch. 1538

သတ်ဖြတ်အရှိန်အဝါကို အဆင့်မြှင့်မည်

Vol. 111 Ch. 1538

နတ်ဘုရားသစ်ပင်၏ သစ်ရွက်တစ်ရွက်ကို မမျှော်လင့်ဘဲ ရလိုက်ခြင်းက ကျန်းရီကို ဝမ်းမြောက်သွားစေသည်။ ထိုသစ်ရွက်က ဆုပ်ကိုင်ထားရမည့် ကောက်ရိုးတစ်မျှင်ပင်။

တောင်တစ်လုံးကဲ့သို့ မြင့်မားသော ရှေးဟောင်းသစ်ပင်တစ်ပင်၊ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော သစ်ပင်တစ်ပင်၊ နတ်ဘုရားသစ်ပင်တစ်ပင်က အထက်ဘုံ၏ ကြောက်စရာအကောင်းဆုံး ဆန်းကြယ်နယ်မြေထဲတွင် အေးချမ်းစွာ ရှင်သန်ခဲ့ပြီး မိုးမြေဝိညာဉ်စွမ်းအင်များစွာကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။ ထိုသစ်ပင်က မိစ္ဆာဓာတ်ကိုလည်း ဖယ်ရှားပေးနိုင်သည်။ သို့ဖြစ်ရာ ၎င်းသစ်ပင်က အလွန်ထူးခြားပြီး ၎င်း၏သစ်ရွက်များက သေချာပေါက် ရတနာများ ဖြစ်လိမ့်မည်ဖြစ်ကြောင်းကို ပြောနေရန်ပင် မလိုချေ။

ကျန်းရီသည် သစ်ရွက်ကို ကောင်းကင်စွမ်းအားနှင့် လွှမ်းခြုံလိုက်ပြီးနောက် ထိုသစ်ရွက်က အလွန်ထူးခြားကြောင်း ရုတ်ခြည်း ခံစားလိုက်ရသည်။

သစ်ရွက်ပေါ်တွင် တောက်ပနေသော နတ်ဘုရားရောင်ဝါက မျက်စိကျိန်းစေ၏။ ထိုရောင်ဝါသည် ကျန်းရီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံကာ သူ့၏ဒဏ်ရာများကို လျင်မြန်သောနှုန်းဖြင့် ကုသပေးနေသည်။ ၎င်းနတ်ဘုရားရောင်ဝါသည် မိုးမြေတစ်ခွင်လုံးရှိ အကောင်းဆုံး ကုသဆေးတစ်မျိုးကဲ့သို့ပင်။

“အရမ်းဆန်းကြယ်တာပဲ”

ကျန်းရီသည် သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်ကောင်းလာသည်ကို ခံစားလိုက်ရ၍ တီးတိုးရေရွတ်လိုက်၏။ နတ်ဘုရားသစ်ပင်၏ သစ်ရွက်တွင် အမှန်ပင် အစွမ်းထက်ကုသနိုင်စွမ်း ရှိသည်လော။ ထိုသစ်ရွက်၏ ကုသနှုန်းက ဘုံတစ်‌သောင်းပြိုင်ပွဲတွင် အစွမ်းပြခဲ့သည့် ဟဲရှန်း၏ အလင်းဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည်လောက် မမြန်သော်လည်း အတော်လေးတော့ မြန်ပေသေးသည်။ မိနစ်ဝက်အတွင်းမှာပင် ကျန်းရီသည် သူ အပြည့်အဝ ပြန်ကောင်းသွားပြီဟု ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်သာမက သူ့စိတ်ဝိညာဉ်ထဲမှ ပင်ပန်းမှုကလည်း လုံးဝပျောက်ကွယ်သွားပေပြီ။

“ဟုတ်ပြီ...”

ကျန်းရီ တင်ပျဉ်ခွေထိုင်ကာ သစ်ရွက်ကို အသေးစိတ် ဆက်လေ့လာလိုက်သည်။ သူသည် သစ်ရွက်ကို သူ၏အချစ်ဦးအလား ကြည့်နေ၏။ ခေတ္တမျှ မျက်လုံးနှင့် လေ့လာပြီးနောက်တွင် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ပို၍စေ့စေ့စပ်စပ် လေ့လာလိုက်၏။ ထိုသစ်ရွက်တွင် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည် သို့မဟုတ် အဆင့်မြင့် မိုးမြေစည်းမျဉ်း ပါသလောကို သူ သိလိုနေသည်။

သို့သော်...

တစ်နာရီတိတိ အာရုံစိုက်ကာ စူးစမ်းလေ့လာပြီးနောက်တွင်ပင် ကျန်းရီ ထိုသစ်ရွက်တွင် မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့သေးပေ။ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်လျှင် နတ်ဘုရားရောင်ဝါ တောက်ပလာသည်မှလွဲ၍ ၎င်းသစ်ရွက်တွင် အခြားဆန်းကြယ်မှု မရှိပုံပင်။

ကျန်းရီ စိတ်ပျက်စွာဖြင့် မျက်လုံးဖွင့်လိုက်၏။ ထိုသစ်ရွက်က သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ကုသပေးနိုင်လျှင်ပင် သူ ဤနေရာတွင် ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်ဦးမည်။ ကျန့်ရှမျိုးနွယ်ဝင်အားလုံး သေဆုံးသွားသည်နှင့် သူကိုယ်တိုင် တိုက်ခိုက်ရ‌မည်ဖြစ်သည်။ ထိုသစ်ရွက်၏ ကုသနိုင်စွမ်းက မည်မျှအစွမ်းထက်ပါစေ သူ၏ခန္ဓာကိုယ်က လသားရဲများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလျှင် သစ်ရွက်သည် သူ့ကို ပြန်ကုသပေးနိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းရီသည် သစ်ရွက်မှ အကြောများကို စိုက်ကြည့်၍ အသေးစိတ် လေ့လာလိုက်ပြီး ၎င်းတို့ထဲတွင် ထူးခြားမှုတစ်ခု ပါပါစေဟု မျှော်လင့်နေသည်။ တစ်နာရီထပ်ကြာပြီးနောက် ကျန်းရီ၏ မျက်လုံးများ ပင်ပန်းလာ၏။ သို့သော် သူ မည်သည်ကိုမှ ရှာမတွေ့သေးပေ။

ကျန်းရီ မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူသွင်း၍ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ ခေတ္တမျှ အနားယူပြီးနောက်တွင် သူ တင်ပျဉ်ခွေပြန်ထိုင်၍ သစ်ရွက်ကို လက်တစ်ဘက်ဖြင့် ကိုင်ထားကာ ကောင်းကင်စမ်းရေစည်းချက်ကိုသာ ဆက်‌လေ့လာလိုက်သည်။ သူ၏စိတ်အာရုံက သစ်ရွက်ပေါ်တွင် မဟုတ်ဘဲ ကောင်းကင်စမ်းရေစည်းချက်ကို လော့လာရာတွင်သာ အပြည့်အဝရှိနေပေသည်။

ယင်းက ကျန်းရီ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။ သူ လေ့လာကျင့်ကြံနေစဉ်မှာပင် သစ်ရွက်က ထူးခြားမှုများ ပြမလာသေးလျှင် ၎င်းသစ်ရွက်သည် လက်ရှိအခြေအနေတွင် သူ့အတွက် များစွာအသုံးဝင်မည် မဟုတ်ပေ။ ၎င်းက သူ့ကိုကယ်နိုင်မည် မဟုတ်ချေ။

‘တစ်ခုခုတော့ မှားနေပြီ...’

ကျန်းရီ စတင်ကျင့်ကြံပြီးနောက် စိတ်လှုပ်ရှားသွား၏။ နောက်ဆုံးတွင် နတ်ဘုရားသစ်ရွက်၏ အခြားစွမ်းရည်တစ်ခုကို သူ ရှာတွေ့သွားပေပြီ။ သူ၏ သိမြင်နားလည်နိုင်စွမ်းက အလွန်လျင်မြန်လာသည်။ သူက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင် ရှိနေသကဲ့သို့ပင်။

“ဟုတ်ပြီကွ...”

ကျန်းရီတွင် အချိန်များစွာ မကျန်တော့ပေ။ ဆောင်းဥတုပုလဲထဲတွင်လည်း ကျန့်ရှမျိုးနွယ်အနည်းငယ်သာ ရှိတော့သည်။ သို့သော် ကျန်းရီ ထိုသစ်ရွက်၏ စွမ်းရည်ကြောင့် စိတ်အားတက်သွားသည်။ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှ သိမြင်နားလည်နိုင်စွမ်းက အလွန်လျင်မြန်သည်။ လက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်၍ ကျင့်ကြံမည်ဆိုလျှင်လည်း သိမြင်နားလည်နိုင်စွမ်းက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှာလောက် မြန်ပေသည်။ ထိုအမြန်နှုန်းက အပြင်လောကမှာထက် အဆတစ်ထောင်ပိုမြန်သည်။ ထို့ကြောင့် ဤနေရာတွင် နှစ်နာရီကျင့်ကြံခြင်းက အပြင်ဘက်တွင် နာရီနှစ်ထောင်ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။

ကျန်းရီ အချိန်မဖြုန်းဝံ့ပေ။ သူသည် နတ်ဘုရားသစ်ရွက်ကို ကိုင်ကာ အခြားစွမ်းရည်များကို မ‌လေ့လာဘဲ နတ်ဘုရားအသံစည်းမျဉ်းများနှင့် ကောင်းကင်စမ်းရေစည်းချက်ကိုသာ စိတ်အပြည့်အဝနှစ်၍ လေ့လာလိုက်သည်။

ကျန်းရီ စိတ်နှစ်၍ လေ့လာဆင်ခြင်နေစဉ်တွင် သူ့လက်ထဲမှ နတ်ဘုရားသစ်ရွက်က လင်းလက်နေသည်။ ကျန်းရီ၏ခန္ဓာကိုယ်ကလည်း လင်းလိုက်၊ မှောင်လိုက် ဖြစ်နေသည်။ ယင်းက အလွန်ဆန်းကြယ်ပေသည်။ သိမြင်နားလည်နိုင်စွမ်းကလည်း အချိန်နှင့်အမျှ ပိုမြန်လာနေသည်။ ကျန်းရီသည် နတ်ဘုရားအသံစည်းမျဉ်းများနှင့် ကောင်းကင်စမ်းရေစည်းချက်ကို မသိမြင်နားမလည်သေးသော်လည်း အလွန်စိတ်လှုပ်ရှားလာပေသည်။

အချိန်က တရွေ့ရွေ့ကုန်ဆုံးလာ၏။ နာရီနှစ်ဆယ် ပြည့်သွားပြန်၍ အနီရောင်အလင်း လင်းလက်လာကာ လသားရဲများ ထပ်မံ စုဝေးလာသည်။

ကျန်းရီ လေ့လာကျင့်ကြံခြင်းကို ရပ်တန့်လိုက်ရပြီး တိုက်ခိုက်မှုများကို ခုခံရသည်။ သူသည် နတ်ဘုရားသစ်ရွက်ကို နှုတ်ခမ်းတွင်ကိုက်ကာ ဗျပ်စောင်းကို အလျင်မြန်ဆုံး တီးခတ်လိုက်သည်။ နတ်ဘုရားသစ်ရွက်က သူ၏စိတ်စွမ်းအင်ကို ပြန်ဖြည့်တင်းပေးနိုင်၍ သူ မေ့မြောမသွားသေးသ၍ အလျင်မြန်ဆုံး တီးခတ်နိုင်မည်ဖြစ်သည်။

ဤအကြိမ်တွင် ကျန်းရီ အစွမ်းကုန် ထုတ်သုံးခဲ့သည်။ လသားရဲများသည် ပြင်းထန်စွာ ဖိနှိပ်ခံလိုက်ရသဖြင့် အလွန်နှေးကွေးလာကြသည်။ ငါးမိနစ်ကြာပြီးနောက် လသားရဲများ ပြန်ဆုတ်သွားကြသည်။ ဤအကြိမ်တွင် ကျန်းရီ ကျန့်ရှမျိုးနွယ်ဝင် တစ်သိန်းသာ ဆုံးရှုံးခဲ့သည်။ ယခင်အကြိမ်များကဆိုလျှင် တစ်ကြိမ်တွင် ကျန့်ရှမျိုးနွယ်ဝင် လေးသိန်းကျော်လောက် ဆုံးရှုံးခဲ့ပေသည်။

‘ဟုတ်ပြီ...’

လသားရဲများ ပြန်ဆုတ်သွားပြီးနောက်တွင် ကျန်းရီ နတ်ဘုရားသစ်ရွက်ထဲသို့ ကောင်းကင်စွမ်းအား ထည့်သွင်းကာ သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ကုသလိုက်သည်။ ယခုတွင် သူ အလွန်စိတ်တက်ကြွနေပေပြီ။ ဆောင်းဥတုပုလဲထဲတွင် ကျန့်ရှမျိုးနွယ်ဝင်တစ်သန်းလောက်သာ ကျန်တော့သည်။ ယခင်ကသာဆိုလျှင် ထိုအရေအတွက်က လသားရဲများ၏ တိုက်ခိုက်မှုသုံးကြိမ်ကိုပင် ခုခံရန် လုံလောက်မည် မဟုတ်ချေ။ သို့သော် ယခုတွင်မူ ၎င်းအရေအတွက်ဖြင့် လသားရဲများ၏ တိုက်ခိုက်မှုများကို အနည်းဆုံး ဆယ်ကြိမ် ခုခံနိုင်မည်ဖြစ်သည်။ ယင်းမှာ သူက နောက်ထပ်နာရီနှစ်ရာကျော် တောင့်ခံနိုင်ဦးမည်ဆိုသော အဓိပ္ပာယ်ပင်။ ထိုအချိန်က ကြာသည်ဟု မဆိုနိုင်သော်လည်း သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက် ရှိနေလျှင် သူ၏သိမြင်နိုင်စွမ်းက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှာကဲ့သို့ လျင်မြန်နေမည်ဖြစ်သည်။ သို့ဖြစ်ရာ ထိုနာရီနှစ်ရာအတွင်း သူ တစ်စုံတစ်ခုကို သိမြင်နားလည်သွားနိုင်လောက်ပေသည်။

ကျန်းရီသည် ဒဏ်ရာများကို ကုသပြီးနောက် ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ ဆက်လေ့လာကျင့်ကြံလိုက်သည်။ သူသည် ရသမျှစက္ကန့်တိုင်းကို အသုံးချကာ ကောင်းကင်စမ်းရေစည်းချက်ကို လေ့လာနေသည်။ သူ၏စိတ်ကလည်း အခြားအတွေးများ ကင်းရှင်းနေပြီး အလွန်တက်ကြွကာ စွမ်းအင်ပြည့်ဝနေသည်။ ယခုတွင် သူက အကောင်းဆုံးအခြေအနေတွင် ရှိနေပေသည်။

သို့ပင်လျှင်...

ကောင်းကင်စမ်းရေစည်းချက်က အမှန်ပင် အလွန်ထူးခြားပေသည်။ ကျန်းရီ အနိမ့်ဘုံအချိန် ငါးရက်ကျော် ခြောက်ရက် လေ့လာခဲ့သော်လည်း မသိမြင်နားမလည်နိုင်‌သေးပေ။ ထိုအချိန်အတွင်း လသားရဲများက ငါးကြိမ်၊ ခြောက်ကြိမ် ထပ်တိုက်ခိုက်ပြီးသွားပြီဖြစ်သည်။ တိုက်ခိုက်မှုတစ်ကြိမ်လျှင် ကျန့်ရှမျိုးနွယ်ဝင် တစ်သိန်းသာ ဆုံးရှုံးခဲ့သော်လည်း ဆောင်းဥတုပုလဲထဲတွင် ကျန့်ရှမျိုးနွယ်ဝင် ငါးသိန်း မပြည့်တပြည့်သာ ရှိတော့သည်။

‘ငါက အရမ်းမျှော်လင့်ခဲ့မိတာပဲ’

ကျန်းရီ ကောင်းကင်စမ်းရေစည်းချက်ကို နားလည်နိုင်ဖို့ လက်လျှော့လိုက်သည်။ ၎င်းက အချိန်ပေးကာ လေ့လာတိုင်း နားလည်နိုင်သောအရာတစ်ခု မဟုတ်ပေ။ မိုးမြေအနှစ်သာရတစ်ခုကို သိမြင်နားလည်နိုင်ရန် ထိုမျှလွယ်ကူနေမည်ဆိုလျှင် အထက်ဘုံထဲ၌ အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် ပြည့်နှက်နေပေလိမ့်မည်။ အထက်ဘုံတွင် ဘုံပေါင်းမည်မျှ ရှိသနည်း။ ထိုဘုံများတွင် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသများ မည်မျှသာ ရှိသနည်း။

‘ငါ ကောင်းကင်စမ်းရေစည်းချက်ကို နားမလည်နိုင်မှတော့ ရွေးချယ်စရာတစ်ခုပဲ ရှိတော့တယ်။ ငါ့ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားရမယ်’

ကျန်းရီ လက်မလျှော့သေးပေ။ ယခုတွင် သူ၏စိတ်က အကောင်းဆုံးအခြေအနေတွင် ရှိနေရာ သူ မည်သို့ စိတ်ဓာတ်ကျနိုင်ပါမည်နည်း။ ကျန်းရီ တိတ်တဆိတ် တင်ပျဉ်ခွေ ဆက်ထိုင်နေလိုက်သည်။ ဤတစ်ခေါက်တွင် သူ မည်သည်ကိုမှ လေ့လာရန် မကြိုးစားဘဲ နတ်ဘုရားသစ်ရွက်ကို ကိုင်၍ သူပိုင်ဆိုင်ထားသော ဆန်းကြယ်စွမ်းရည်များ၊ သူ ရောက်ခဲ့ဖူးသော ထူးခြားသည့်နေရာများနှင့် သူ မြင်ခဲ့ဖူးသော ဆန်းကြယ်သည့်မြင်ကွင်းများကိုသာ ပြန်တွေးနေလိုက်သည်။ ထိုအရာများထဲတွင် သူ၏နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ပိုစွမ်းအားကြီးလာအောင် လုပ်နိုင်မည့် အရာတစ်ခု ရှိမည်လောကို သူ သိလိုနေပေသည်။

‘အို့ ဟုတ်သား...’

တစ်နာရီကြာပြီးနောက် ကျန်းရီ၏တစ်ကိုယ်လုံး တုန်သွား၏။ နောက်ဆုံးတွင် သူ အကြံကောင်းတစ်ခု ရလိုက်ပေပြီ။ ကောင်းကင်ကြယ်တာရာနယ်မြေတွင် သူ သတ်ဖြတ်အရှိန်အဝါဟုခေါ်သော အလွန်ထူးခြားသည့် ဆန်းကြယ်စွမ်းရည်တစ်ခုကို တတ်မြောက်ခဲ့သည်။ ထိုသတ်ဖြတ်အရှိန်အဝါက သူ၏နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ပေါင်းစည်းကာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ပို၍ စွမ်းအားကြီးစေခဲ့သည်။ ယခုတွင် သူက နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အဆင့်မမြှင့်တင်နိုင်ရာ သတ်ဖြတ်အရှိန်အဝါကို အဆင့်မြှင့်နိုင်မည့် နည်းလမ်းကို ရှာသင့်ပေသည်။ ထို့ပြင် သတ်ဖြတ်အရှိန်အဝါကို အဆင့်မြှင့်နိုင်လိမ့်မည်ဟုလည်း သူ အလွန်ယုံကြည်မှုရှိနေသည်။

အကယ်၍ ကျန်းရီသာ သတ်ဖြတ်အရှိန်အဝါ၏ အဆင့်ကို မကောင်းသောအရှိန်အဝါ၏ အဆင့်အထိ ရောက်အောင် မြှင့်တင်နိုင်လိုက်ပြီး သတ်ဖြတ်အရှိန်အဝါနှင့် နတ်ဘုရားအသံစည်းမျဉ်းများကို ပေါင်းစည်းနိုင်လိုက်မည်ဆိုလျှင် လသားရဲများကို လုံးဝမလှုပ်နိုင်တော့အောင် ဖိနှိပ်နိုင်လောက်ပေသည်။

***

All Chapters