အဆိပ်ဝိညာဉ်ကိုသတ်
Vol. 111 Ch. 1550
အထက်ဘုံတွင် ဆန်းကြယ်နယ်မြေများစွာ ရှိသည်။ ၎င်းတို့ထဲမှ အချို့တွင် သဘာဝအတိုင်း မိုးမြေဝိညာဉ်စွမ်းအင် သိပ်သည်းစွာ ရှိနေကြသည်။ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေမှာ အထက်ဘုံရှိ နံပါတ်တစ် ဆန်းကြယ်နယ်မြေဖြစ်၏။ ၎င်းနယ်မြေသည် အလွန်လျှို့ဝှက်ကာ အထက်ဘုံတွင် ၎င်း၏တည်နေရာကိုသိသူ ဆယ်ယောက်မကျော်ပေ။
လူအနည်းငယ်သာ သိသည့် လျှို့ဝှက်သော အခြားဆန်းကြယ်နယ်မြေတစ်ခုလည်း ရှိသေးသည်။ ယင်းနယ်မြေကို ကောင်းကင်ယန်ဆန်းကြယ်နယ်မြေဟု ခေါ်သည်။ ၎င်းက ကောင်းကင်ယန်မျိုးနွယ်၏ လျှို့ဝှက်အခြေစိုက်ရာဌာနဖြစ်ပေသည်။ ကောင်းကင်ယန်မျိုးနွယ်သည် ရာချီသော မျိုးနွယ်ကြီးများ၏ အင်အားပူးပေါင်း တိုက်ခိုက်မှုကို ခံခဲ့ရစဉ်က ထိုကောင်းကင်ယန်ဆန်းကြယ်နယ်မြေကြောင့် အမြစ်ပြတ်ပျက်သုဉ်းမသွားခြင်း ဖြစ်ပေသည်။
ကောင်းကင်ယန်မျိုးနွယ်သည် ထိုဆန်းကြယ်နယ်မြေတွင် အင်အားပြန်ဖြည့်တင်းရင်း အချိန်ကောင်းကို စောင့်နေခဲ့ကြသည်။ ကောင်းကင်ယန်မျိုးနွယ်ဝင်အားလုံးက အလွန်ပါရမီထူးပြီး စွမ်းဆောင်နိုင်စွမ်းရှိသူများ ဖြစ်ရာ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ကောင်းကင်ယန်မျိုးနွယ်က ပြန်၍အင်အားကြီးလာပေသည်။ ထိုအခါ သူတို့သည် ထိုဆန်းကြယ်နယ်မြေထဲတွင် ဆက်၍ကုပ်မနေလိုတော့ဘဲ အထက်ဘုံထဲ ပြန်ထွက်လာကြပြီး သူတို့၏ ဩဇာအာဏာကို ဖြန့်ကျန်နိုင်ရန်နှင့် ကောင်းကင်ယန်မျိုးနွယ်၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန် ကြိုးစားကြသည်။
ထို့ကြောင့် ယိုဖုန်းက မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။ ယခုတွင် ကောင်းကင်ယန်မျိုးနွယ်က ဘုံများစွာကို ထိန်းချုပ်ထားပြီဖြစ်သည်။ သို့သော် ထိုဘုံများက ဘုံအသေးလေးများသာ။ သူတို့သည် ဘုံကြီးများကို မတိုက်ခိုက်ဝံ့သေးပေ။ သို့သော် သူတို့၏အင်အားကို ဖြည်းဖြည်းချင်း ဖြည့်တင်းနေကြပေသည်။ သူတို့ လုံလောက်အောင် အင်အားကြီးလာသည်နှင့် ဘုံကြီးတစ်ခုကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်မည်ဖြစ်သည်။ ထိုနည်းဖြင့် သူတို့သည် အထက်ဘုံ၏ မျိုးနွယ်ကြီးတစ်ခုဟူသော ဂုဏ်ပုဒ်ကို ပြန်ရယူနိုင်ပေလိမ့်မည်။
သို့သော် ယိုထျန်းနီကြောင့် ကောင်းကင်ယန်မျိုးနွယ်သည် အထက်ဘုံမှ အရေးကြီးပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ပြန်ခံရလာသည်။ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေကလည်း အလွန်လှုပ်လှုပ်ခတ်ခတ် ဖြစ်လာပေသည်။
ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ၏ အလယ်ပိုင်းဒေသရှိ ကောင်းကင်ယန်တောင်ကြားထဲမှ ခမ်းနားသော ရဲတိုက်ကြီးတစ်လုံးထဲတွင် တပ်သားအချို့သည် အလောင်းများကို အပြင်သို့ သယ်ထုတ်နေကြသည်။ ထိုအလောင်းများက မိန်းမအလောင်းများပင်။ အလောင်းများပေါ်တွင် အဝတ်အစားမပါသလို နှိပ်စက်ခံထားရသော လက္ခဏာများကိုလည်း တွေ့ရသည်။ အလောင်းများမှာ မျက်လုံးပွင့်ရက်နှင့်ဖြစ်သည်။ ထိုမျက်ဝန်းများထဲ၌ အကြောက်တရားနှင့် မုန်းတီးမှုတို့ကို တွေ့နိုင်သေးသည်။ အလောင်းများကို သယ်ထုတ်လာသော တပ်သားများသည် ထိုအလောင်းများကို မကြည့်ရက်သဖြင့် အကြည့်လွှဲထားကြပေသည်။
တပ်သားများသည် အလောင်းများကို တောင်ကြားအပြင်သို့ ခပ်သွက်သွက် သယ်ထုတ်သွားကြပြီး တောင်ငယ်လေးတစ်လုံးပေါ်၌ မြေမြှုပ်လိုက်ကြသည်။ အလောင်းက အနည်းငယ်သာဖြစ်ရာ ၎င်းတို့ကို မြေမြှပ်ရန် အချိန်များစွာ မကြာပေ။ ပုံမှန်ဆိုလျှင် တပ်သားများသည် အလောင်းများကို မီးရှို့ပြာချပစ်လိုက်ကြသည်။ သို့သော် ဤအမျိုးသမီးများက အလွန်ဆိုးဝါးစွာ သေခဲ့ရခြင်းဖြစ်ရာ တစ္ဆေသရဲများ ဖြစ်သွားပြီး သူတို့ကို လာခြောက်လှန့်မည်ကိုစိုး၍ တပ်သားများသည် ဤမျှအချိန်အကုန်ခံ၊ အပင်ပန်းခံ၍ အလောင်းများကို သင့်လျော်စွာ မြှုပ်နှံပေးကြခြင်းဖြစ်ပေသည်။
“အမျိုးသမီးတို့... ကျုပ်တို့ စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေ တမလွန်လောကကို သွားတဲ့အခါမှာ ကျုပ်တို့အပေါ် အငြိုးမထားပါနဲ့။ ကျုပ်တို့က အမိန့်အတိုင်း လုပ်ရရုံပါ...”
တပ်သားများသည် အလောင်းများကို မြှုပ်နှံပြီးနောက် သုံးကြိမ်ဦးချလိုက်ကြ၏။ ထို့နောက် သူတို့သည် ၎င်းနေရာရှိ မြေပုံများကြည့်လိုက်ပြီး ခေါင်းခါကာ ကောင်းကင်ယန်တောင်ကြားသို့ ပြန်သွားကြလေသည်။
မကြာသေးခင် အတောအတွင်းမှာပင် တပ်သားများသည် အနည်းဆုံး အလောင်းတစ်သောင်းလောက်ကို သယ်ထုတ်ပြီးခဲ့ပေပြီ။ သူတို့ ကိစ္စတစ်ခုကိုတော့ အလွန်ရှင်းလင်းစွာ သိထားကြသည်။ ထိုအမျိုးသမီးအားလုံးက ယိုထျန်းနီ၏ အဓမ္မကျင့်ကာ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းပင်။ ထိုမျှများသော အမျိုးသမီးများက မည်သည့်နေရာမှ ရောက်လာခြင်းကိုမူ သူတို့ မသိကြပေ။ ယိုဟုန်က သူမတို့ကို ကောင်းကင်ယန်မျိုးနွယ်က ထိန်းချုပ်ထားသည့် ဘုံငယ်လေးများမှ ဖမ်းခေါ်လာခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် အဘယ်ကြောင့် ယိုထျန်းနီက ထိုကဲ့သို့ ယုတ်ညံ့သည့်အမှုကို အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်းကို သူတို့ မသိကြချေ။
ထိုတပ်သားများသည် မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်အကြောင်းကိုလည်း မသိကြပါပေ။ မည်သို့ပင်ဖြစ်စေ မည်သူကမှ ယိုထျန်းနီ၏ကိစ္စများကို ဝင်မရှုပ်ဝံ့ကြချေ။ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲတွင် ကောင်းကင်ယန်မျိုးနွယ်ဝင်များနှင့် ပြည့်နှက်နေသော်လည်း ယိုမျိုးနွယ်က ကောင်းကင်ယန်မျိုးနွယ်၏ တော်ဝင်မျိုးနွယ်ဖြစ်သည်။ ယိုထျန်းနီက ဒုက္ခိတတစ်ယောက် ဖြစ်သွားပြီဖြစ်သော်လည်း ကောင်းကင်ဘုရင်ယိုက မျိုးနွယ်ခေါင်းဆောင် ဖြစ်နေသေးသည်။ ထို့ကြောင့် ယိုထျန်းနီကလည်း ဆက်ခံသူ ဖြစ်နေဆဲပင်။
ယခုအခိုက်တွင် ကောင်းကင်ယန်တောင်ကြားထဲရှိ ထိုရဲတိုက်အတွင်းမှ မြင်ကွင်းက အတော်လေး ဆိုးဝါးနေပေသည်။ အမျိုးသမီး ငါးယောက်၊ ခြောက်ယောက် ရဲတိုက်ထဲ ထပ်မံအပို့ခံရသည်။ ရလဒ်ကို အထူးတွေးကြည့်နေစရာ မလိုပေ။ ယိုထျန်းနီက သူမတို့ကို နှိပ်စက် အဓမ္မကျင့်ပြီးလျှင် သူမတို့၏ စိတ်ဝိညာဉ်နှင့် ကောင်းကင်စွမ်းအားကို စုပ်ယူလိုက်မည်ဖြစ်သည်။ ထို့နောက်တွင် ထိုအမျိုးသမီးများသည် အလောင်းများအဖြစ် အပြင်သို့ သယ်ထုတ်ခံသွားရပေလိမ့်မည်။
ယိုထျန်းနီသည် သူ၏ ကုတင်ကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နောက်ဆုံးအသုတ်မှ ကောင်းကင်စွမ်းအားများနှင့် စိတ်ဝိညာဉ်များကို သန့်စင်နေသည်။ မကြာခင်မှာပင် သူ မျက်လုံးဖွင့်လိုက်ပြီး အော်ပြောလိုက်သည်။
“နောက်တစ်သုတ်...”
ယိုမျိုးနွယ်မှ အစေခံအိုကြီးတစ်ယောက် ခပ်သုတ်သုတ် ဝင်လာ၏။ သို့သော် သူ မည်သည့်အမျိုးသမီးကိုမှ ခေါ်မလာခဲ့ပေ။ ထိုအစား ယိုထျန်းနီအနားသို့ ရွံ့တွန့်တွန့်ဖြင့်ကပ်၍ တင်ပြလိုက်သည်။
“သခင်လေး... မိစ္ဆာချေဖျက်တောင်ကြားက ကျွန်တော်တို့လူတွေက သတင်းလှမ်းပို့ပါတယ်။ စစ်တပ်ထဲကို ထိပ်တန်းမိန်းမလှလေးသုံးယောက် ရောက်လာပါတယ်တဲ့”
“အန်...”
ယိုထျန်းနီ မျက်ခုံးပင့်လိုက်ပြီး စိတ်ဝင်တစားမေးလိုက်၏။
“အဲ့ဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်က မိစ္ဆာချေဖျက်စစ်တပ်ထဲက လူတွေကို ထိလို့မရဘူး။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် အဘိုးက ကျွန်တော့်ကို သတ်လိမ့်မယ်”
“ဟီးဟီး...”
အစေခံအိုကြီးက မနှစ်မြို့ဖွယ်ရယ်ကာ ပြန်ပြောလိုက်၏။
“အဲ့သုံးယောက်က သာမန်လူတွေ မဟုတ်ပါဘူး... ကျန်းရီရဲ့ဇနီးတွေပါ”
“ဘာ...”
ယိုထျန်းနီ၏ မျက်ဝန်းများ ရုတ်တရက် အရောင်လက်သွား၏။ သူ့မျက်ဝန်းများထဲတွင် အမုန်းတရားများ ထွက်ပေါ်လာသည်။ ကျန်းရီက သူ့တစ်ဘဝလုံးကို ဖျက်ဆီးခဲ့သူဖြစ်ပေသည်။
ယိုထျန်းနီသည် မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်ကို ကျင့်ကြံနေပြီဖြစ်၍ တဖြည်းဖြည်း အင်အားတိုးလာပြီဖြစ်သည်။ လွန်ခဲ့သော ဆယ့်ခုနစ်ရက်အတွင်းမှာပင် သူသည် အမျိုးသမီးတစ်သောင်းကျော်၏ ကောင်းကင်စွမ်းအားများနှင့် စိတ်ဝိညာဉ်များကို စုပ်ယူခဲ့သည်။ ကောင်းကင်ယန်မျိုးနွယ်က ထိန်းချုပ်ထားသည့် ဘုံငယ်လေးများမှ သန်မာသော အမျိုးသမီး သိုင်းသမားအားလုံးနီးပါးက သူ့ကြောင့် သေခဲ့ရပြီဖြစ်သည်။ သေခဲ့ရသူများထဲတွင် ထိုဘုံငယ်လေးများရှိ မျိုးနွယ်ကြီးများမှ သခင်မလေးများနှင့် ဇနီးမယားများပင် ပါပေသည်။
ယိုထျန်းနီသည် သူ၏နတ်ဘုရားအမြုတေကို ပြန်တည်ဆောက်ပြီးပေပြီ။ သူ၏ အဆင့်တက်နှုန်းကလည်း အလွန်လျင်မြန်နေသည်။ ယခုတွင် သူ၏ကောင်းကင်စွမ်းအားက စစ်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ပြင် သူက ဆက်ခံသူတစ်ယောက်လည်း ချန်ခဲ့နိုင်ပြီဖြစ်၍ ကောင်းကင်ဘုရင်ယိုတစ်ယောက် အတော်လေး ဝမ်းမြောက်နေသည်။
မည်သို့ပင်ဆိုစေ ယိုထျန်းနီ၏ အမုန်းတရားနှင့် ဒေါသတို့ကတော့ ပြေပျောက်မသွားသေးပေ။ ဘုံငယ်လေးများမှ စွမ်းအားကြီး အမျိုးသမီးသိုင်းသမားများက ကုန်လုနီးပါး ဖြစ်နေပြီဖြစ်၍ အုပ်ချုပ်သူအဆင့်သို့ ရောက်နိုင်ရန် မဆိုထားနှင့် သူ၏ မူလအင်အားနှင့် ကျင့်ကြံခြင်းအဆင့်ကို ပြန်ရရန်ပင် အလွန်ခက်ခဲလာတော့မည်ဖြစ်သည်။ သူ ချီချင်ချန်ကဲ့သို့ စွမ်းအားကြီး အမျိုးသမီးအချို့ကို မဖမ်းနိုင်သေးသ၍ များစွာပို၍ သန်မာလာနိုင်မည် မဟုတ်ချေ။
ယိုထျန်းနီ၏ ဂုဏ်သတင်းက လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ပြီး ကောင်းကင်ယန်မျိုးနွယ်၏ ဂုဏ်သိက္ခာလည်း ကျဆင်းသွားခဲ့သည်။ ထိုအရာအားလုံးမှာ ကျန်းရီကြောင့်ဖြစ်သည်။ ယခုတွင် ကျန်းရီ၏ဇနီးသုံးယောက် ရောက်လာသည်ဆိုသော သတင်းကို ကြားလိုက်ရသောအခါ ယိုထျန်းနီသည် သူ၏ အမုန်းတရားများကို ဆက်မျိုသိပ်မထားနိုင်တော့ချေ။
“သွားမယ်... မိစ္ဆာချေဖျက်တောင်ကြားကို သွားကြစို့”
ယိုထျန်းနီ လျင်မြန်စွာ ထရပ်လိုက်ပြီး သူ၏ဝတ်ရုံကို ဆွဲယူ၍ အပြင်သို့ထွက်သွားရန် ဟန်ပြင်လိုက်သည်။ ထိုအခါ အစေခံအိုကြီးက သူ့ကို ခပ်သွက်သွက် လှမ်းဆွဲကာ ပြောလိုက်လေသည်။
“သခင်လေး... သခင်လေးရူးနေလား။ သခင်လေး မိစ္ဆာချေဖျက်တောင်ကြားကို သွားလိုက်ရင် သခင်လေးက မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်ကို ကျင့်ကြံနေတယ်ဆိုတာကို အကုန်သိသွားကြမှာပေါ့။ အဲ့ကျရင် မျိုးနွယ်ခေါင်းဆောင်တောင် သခင်လေးကို ကယ်နိုင်တော့မှာ မဟုတ်ဘူး”
“အဲ့ဒါဟုတ်တယ်”
ယိုထျန်းနီ အသိပြန်ကပ်သွားသည်။ သူ နတ်ဘုရားအမြုတေကို ပြန်တည်ဆောက်နိုင်ခဲ့သည်မှာ မည်မျှသာ ကြာသေးသနည်း။ ယခုတွင် သူက စစ်နတ်ဘုရားအဆင့်သို့ ပြန်ရောက်နေပေပြီ။ သို့ဖြစ်ရာ အရူးတစ်ယောက်ပင် တစ်ခုခု မူမမှန်ကြောင်း ပြောနိုင်ပေလိမ့်မည်။ သူက မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်ကို ကျင့်ကြံနေကြောင်းသာ ပေါ်သွားလျှင် ကောင်းကင်ဘုရင်ယိုသည်ပင် သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“အဲ့ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
ယိုထျန်းနီသည် အမုန်းတရား ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ခက်ထန်စွာ ပြောလိုက်၏။
“ခင်ဗျား ကျန်းရီရဲ့ မိန်းမသုံးယောက်ကို ဒီကို ဖမ်းခေါ်ခဲ့ရမယ်။ ကျွန်တော် သူတို့ကို ကိုယ်တိုင် နှိပ်စက်ပြီး သတ်ပစ်ချင်တယ်။ မဟုတ်သေးဘူး...နေဦး... ကျွန်တော် သူတို့ကို မသတ်ဘူး။ သူတို့ကို ကျွန်တော့်ရဲ့ကျွန်တွေအဖြစ်ထားပြီး တစ်သက်လုံး နှိပ်စက်ရမှာ။ မဟုတ်ရင် ကျွန်တော့်ရဲ့ အမုန်းတရားတွေနဲ့ ဒေါသတွေက ဘယ်လိုလုပ် ပြေနိုင်မှာလဲ”
“ဟီးဟီး...”
အစေခံအိုကြီးက အေးစက်စက်ရယ်ကာ ပြန်ပြောလိုက်၏။
“သခင်လေး... စိတ်မပူပါနဲ့။ သခင်လေး ဘာမှလုပ်စရာ မလိုပါဘူး။ တစ်ယောက်ယောက်က သခင်လေးကိုယ်စား လုပ်ပေးမှာပါ။ ကျန်းရီ အသက်ရှင်နေသေးရင်တော့ သူ့မိန်းမတွေကို ဘယ်သူကမှ ထိရဲလောက်မှ မဟုတ်ဘူး။ ဒါပေမဲ့ အခု ကျန်းရီက သေသွားပြီဆိုတော့ သူ့မိန်းမတွေကို ဘယ်သူက ကာကွယ်ပေးမှာလဲ။ တိရှအရှင် ဒါမှမဟုတ် ချီချင်ချန်က အခုမှ အထက်ဘုံကို တက်လာတဲ့ မိန်းမတွေကို အစွမ်းကုန်သုံးပြီး ကာကွယ်ပေးမှာတဲ့လား။ သခင်လေးပိုင်နဲ့ သခင်လေးချိုးတို့က စပြီး ကြံစည်နေပါပြီ။ သူတို့ အောင်မြင်တာနဲ့ ကျွန်တော် သူတို့ဆီ သတင်းပို့ပြီး အဲ့သုံးယောက်ကို မသတ်ဘဲ သခင်လေးဆီ ပို့ပေးဖို့ ပြောလိုက်ပါမယ်”
“ကောင်းတယ်...ကောင်းတယ်...”
ယိုထျန်းနီ အလွန်ဝမ်းမြောက်ကာ စိတ်လှုပ်ရှားလာသဖြင့် အငြိမ်မနေနိုင်တော့ဘဲ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလိုက်သည်။ သူသည် အသေးစိတ် ဆက်မေးပြီးနောက် အမိန့်ပေးလိုက်သည်။
“ယိုဟုန်ဆီ သတင်းပို့လိုက်။ သူ ပိုင်တိထျန်းတို့ ချိုးရန်တို့နဲ့ အတူပေါင်းပြီး အဆိပ်ဝိညာဉ်ကို သတ်ရမယ်။ ပြီးတော့ အဲ့မိန်းမသုံးယောက်ကို ဖမ်းပြီးတာနဲ့ သူတို့ကို ကျွန်တော့်ဆီ ချက်ချင်းပို့ပေးရမယ်။ တကယ်လို့ ပိုင်တိထျန်းနဲ့ ချိုးရန်တို့ကလည်း သူတို့ကို လိုချင်တယ်ဆို ဒီကို လာခဲ့ဖို့သာ ပြောလိုက်”
“အဆိပ်ဝိညာဉ်ကို သတ်ရမှာလား”
အစေခံအိုကြီး လန့်သွားပြီး ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့ အဆိပ်ဝိညာဉ်ကို တစ်ယောက်တည်း လွှတ်ပေးထားတာ ပိုမကောင်းဘူးလား။ သူ့ကို သတ်လိုက်ရင် တစ်ခုခု ဖြစ်လာနိုင်တယ်”
“ဘာဖြစ်နိုင်မှာမလို့လဲ”
ယိုထျန်းနီ နှာခေါင်းရှုံ့၍ ပြန်ပြောသည်။
“သူက ဝိညာဉ်မျိုးနွယ်ရဲ့ သစ္စာဖောက်တစ်ယောက်ပဲ။ ပြီးတော့ မျိုးနွယ်ကြီးတွေက သူ့ကို သိမ်းသွင်းဖို့ ကြိုးစားခဲ့တယ်ဆိုပေမဲ့ သူက အကုန်လုံးကို ငြင်းလိုက်တယ်မလား။ အခု မျိုးနွယ်ကြီးတွေက သူ့ကို အရေးမစိုက်လောက်တော့ဘူး။ အဲ့မျိုးနွယ်ကြီးတွေဆိုတာက မစားရတဲ့အမဲဆိုရင် သဲနဲ့ပက်ချင်တတ်ကြတဲ့အမျိုးတွေ။ အဆိပ်ဝိညာဉ် သေသွားရင် သူတို့က သဘောတောင်ကျကြလိမ့်ဦးမယ်”
“ကောင်းပါပြီ... ကျွန်တော် အခုပဲ အရှင်ယိုဟုန်ဆီ သတင်းသွားပို့လိုက်ပါမယ်”
အစေခံအိုကြီးသည် ပြောပြောဆိုဆိုဖြင့် လျင်မြန်စွာ ထွက်သွားလေသည်။
“ဟားဟားဟား...”
ယိုထျန်းနီ အရူးတစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ ရယ်လိုက်၏။ အတော်ကြာအောင် ရယ်ပြီးမှ သူ အော်ပြောလိုက်သည်။
“တစ်ယောက်ယောက်လာစမ်း... ငါ့အခန်းထဲကို အလှလေး အယောက်နှစ်ဆယ် ပို့လိုက်။ ပြီးတော့ သေရည်အိုးနည်းနည်းလည်း ယူလာခဲ့ဦး။ ငါ အဝသောက်ချင်တယ်...”
***