← Chapters

စွမ်းအင်အကူးအပြောင်းတံတား

Vol. 40 Ch. 543

စွမ်းအင်အကူးအပြောင်းတံတား

Vol. 40 Ch. 543

ယဇ်ပလ္လင်ထက်ရှိ ကျောက်ရုပ်တုကြီးများက ဖြည်းဖြည်းမှန်မှန် နှုန်းတစ်ခုဖြင့် အသက်ဝင်လာနေကြသည်။ ချင်မူ ကောင်းကင်မျက်လုံးကို နိုးထ၍ အာရုံစိုက်ကြည့်လိုက်မိ၏။

နတ်ဘုရားရုပ်တုအားလုံးက တစ်ယောက်နှင့်တစ်ယောက် မတူသော အသွင်အပြင်များ ရှိကြသည်။ တစ်ယောက်က လိပ်ခွံနှင့် နတ်ဘုရားတစ်ပါး၊ နောက်တစ်ယောက်က ကျားသစ်အမြီးနှင့် နတ်ဘုရားဖြစ်သည်။ တစ်ယောက်ကမူ ငှက်ခေါင်းနတ်ဘုရားဖြစ်ကာ ကျန်တစ်ယောက်က နဂါးခေါင်းနတ်ဘုရားဖြစ်၏။ ယဇ်ပလ္လင်နှစ်ဆယ့်လေးခု၊ မတူညီသော နတ်ဘုရားနှစ်ဆယ့်လေးပါး ရှိနေသည်။

ဤနတ်ဘုရားတချို့ကို တစ်နေရာတွင် မြင်ဖူးနေသလို ချင်မူ ခံစားလာရသည်။

‘မဟာမြို့ပျက်ထဲက နတ်ဘုရားရုပ်တုတွေပဲ’ သူ မှတ်မိသွား၏။ ရင်းနှီးသည်ဟု ခံစားနေရသော ကျောက်ရုပ်တုများက မဟာမြို့ပျက်မှ ရောက်လာကြခြင်း ဖြစ်နေရာ သူတို့အားလုံး မဟာမြို့ပျက်မှ ရောက်လာကြသည်ဟု မဆိုလိုနေဘူးလော.....

ကျောက်ရုပ်တုများက တဖြည်းဖြည်း အသွေးအသားအဖြစ် ပြောင်းလဲလာကြရာ မဟာမြို့ပျက်ရှိ ကျောက်ရုပ်တုအားလုံး ပြန်ရှင်သန်လာနိုင်သည်ဟု ဆိုလိုသည်။ သူတို့က သက်ရှိနတ်ဘုရားများအဖြစ် ပြန်ပြောင်းနိုင်ရာ ချင်မူ၏ခန့်မှန်းချက် မှန်ကန်သွား၏။

နတ်ဘုရားနှစ်ဆယ့်လေးပါးက ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီသို့ ရောက်လာပြီဖြစ်၍ သူတို့ကို အကူအညီပေးမည့် နတ်ဘုရားအရေအတွက် နှစ်ဆယ့်လေးယောက် ထပ်တိုးလာသည်။

သို့တိုင်အောင် တန်ခိုးရှင်သစ်ခုတ်သမားက ကောင်းကင်နတ်ဆိုးများကို မတားနိုင်၊ အချိန်တစ်ခုအထိသာ ဆွဲပေးနိုင်မည်ဟု ပြောခဲ့သေးသည်။

ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မူလအစက ဘယ်အရာများနည်း...

အဘယ်သို့ပြု၍ သူတို့တွင် ကြောက်မက်ဖွယ်ရာ အစွမ်းအစများ ရှိနေသနည်း။

သူ ရင်ထဲရှိ မေးခွန်းတို့အား ထုတ်မေးလိုက်သည့်အခါ တန်ခိုးရှင်သစ်ခုတ်သမားက ကျောက်ရုပ်တုများကို ကြည့်ရင်း အတန်ကြာ တိတ်ဆိတ်နေသည်။

“ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ မူလအစ သိပ်ဆန်းကြယ်တယ်... ငါတောင်မှ ဂဃနဏ မသိဘူး... ဒါပေမဲ့ ကောလဟာလတွေအရ ယိုတုကလာတဲ့ သတ္တဝါတွေတဲ့... ယိုတုကနေ သူတို့ဘာသာ ခွဲထွက်လာကြတာလို့ ပြောတယ်... ကောင်းကင်နတ်ဆိုးတွေမှာ ကမ္ဘာလောကတွေ အများကြီးရှိသလို၊ သူတို့အစွမ်းအစတွေကလည်း အင်မတန် အားကောင်းကြတယ်... ဒါကြောင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအနေနဲ့ မခုခံနိုင်တာ ပုံမှန်ပါပဲ”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွားသည်။ “အဲဒါဆို ကောင်းကင်နတ်ဆိုးတွေနဲ့ ... ခိုင်ဧကရာဇ်ခေတ်ကို ဖျက်စီးခဲ့တဲ့ အစစ်အမှန်ကောင်းကင်နတ်ဘုံလို့ခေါ်တဲ့ ကမ္ဘာကြားမှာ ဘယ်လိုပတ်သက်မှုရှိတာလဲ.... ကျဲ့ဟွလီက အဲဒီအစစ်အမှန်ကောင်းကင်နတ်ဘုံကမလား... သူ့ဆရာ လော့ဝူရွှမ်ဆို ကောင်းကင်နတ်ဘုံ၊ ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပဲ.... သူက သူ့တပည့်ကို လေ့ကျင့်နိုင်အောင် ကောင်းကင်နတ်ဆိုးတွေဆီ ပိုခဲ့တာဆိုတော့ အင်အားစုနှစ်စုကြားမှာ ပတ်သက်မှုရှိနေတာ ထင်ရှားတယ်”

“ဟုတ်တယ် ပတ်သက်နေတယ် ။ ဒါပေမဲ့ လက်အောက်ငယ်သားနဲ့ အထက်လူကြီးလို မဟုတ်ဘူး” တန်ခိုးရှင်သစ်ခုတ်သမားက ဤကိစ္စနှင့်ပတ်သက်၍ များစွာသိထားသော်လည်း အသေးစိတ် မရှင်းပြ‌ပေ။ “သူတို့ကြား ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသုံးချနေတဲ့ လူနှစ်ယောက် ဆက်ဆံရေးနဲ့ ပိုတူတယ်... အဲဒီအစစ်အမှန်ကောင်းကင်နတ်ဘုံလို့ခေါ်တဲ့ ကမ္ဘာက သူတို့ကိုယ်တိုင် လုပ်ဖို့ အဆင်မပြေတဲ့ တချို့ကိစ္စတွေအတွက် ကောင်းကင်နတ်ဆိုးတွေကို အသုံးချတယ်.. ကောင်းကင်နတ်ဆိုးတွေကလည်း ပျော်ပျော်ကြီး အသုံးချခံတယ်... ငါ့မူလဝိညာဉ်က စကြဝဠာတစ်ခွင် လှည့်ပတ်သွားလာပြီး အစစ်အမှန်ကောင်းကင်နတ်ဘုံရဲ့ မူလဇစ်မြစ်ကို နှစ်ပေါင်းများစွာ လိုက်ရှာခဲ့ပေမယ့် သိပ်အသုံးတည့်တာ မတွေ့ခဲ့ဘူး”

သူက လေကို နင်း၍ ယဇ်ပလ္လင်များဆီ လျှောက်သွားသည်။ “မင်းလည်း ထိုက်ဧကရာဇ်‌ကောင်းကင်နတ်ဘုံကို ရောက်လာမှတော့ ဒီမှာနေပြီး လေ့ကျင့်ရေးဆင်းသွား... ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်”

ချင်မူ အမှီလိုက်ရန် ကြိုးစားသော်လည်း တန်ခိုးရှင်သစ်ခုတ်သမားက ဝေးသထက်ဝေး၍ သွားနေသည်ကို မြင်လိုက်ရသည်။ သူ့ခြေလှမ်းအကျယ်က သာမန်သာ ထင်ရသော်လည်း ချင်မူ့အတွက် အမှီလိုက်ရခက်နေသည်။ “ဆရာကြီး... ကျွန်တော် မေးချင်တာတွေ ရှိ‌သေးတယ်”

သို့ရာတွင် တန်ခိုးရှင်သစ်ခုတ်သမားက အဝေးသို့ ထွက်ခွာသွားပြီဖြစ်ပြီး ချင်မူ့သိုင်းအဆင့်က မမြင့်မားသဖြင့် သူ့အသံမှာ ‌ဝေးဝေးသို့ မရောက်လိုက်ပေ။

“ကျားလေး သူနဲ့ နေခဲ့” တန်ခိုးရှင်သစ်ခုတ်သမား၏အသံက အဝေးမှ ထွက်လာသည်။ “ပြဿနာမရှာစေနဲ့”

ကျားနတ်မင်းက ကပျာကယာ နာခံပြီး ချင်မူ့နောက်သို့ ရောက်လာ၏။ သူ၏ကြီးမားလှသော အရိပ်ကြီးက နွားကျောင်းသားလေးကို အုပ်မိုးနေလေသည်။

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “ဆရာကြီးက လူကဲခတ် ညံ့လိုက်တာ... ကျွန်တော်က နတ်ဂိုဏ်းသခင်ဗျ... ကလေးမှ မဟုတ်တော့တာ... ဘာလို့ပြဿနာရှာရမှာလဲ”

ကျားနတ်မင်းက သူ့ကို မှင်သေသေအမူအရာဖြင့် ငုံ့ကြည့်သည်။ “မင်း ဘယ်နေရာသွားသွား ပြဿနာတစ်ခုမဟုတ် တစ်ခု တက်နေတာကို မသိတာလား”

ချင်မူ မော့ကြည့်လိုက်၏။ ကျားနတ်မင်းက အလွန်အရပ်မြင့်လွန်းသဖြင့် သူ့ကို စကားပြောရန်မှာ ဇက်ညောင်းလှသည်။ “အစ်ကိုကြီးကျား... ကိုယ်ကျုံ့လို့မရဘူးလား”

“အစ်ကိုကြီးတဲ့လား” ကျားနတ်မင်း၏အမူအရာက တမုဟုတ်ချင်း ကြည်လင်သွားသည်။ သူ့နားရွက်နှစ်ဖက်က ထောင်မတ်သွားရာ သူ့ရုပ်သွင်မှာ အတော်လေး ခံ့ညားသွား၏။ သူက ပြုံးရယ်ရင်း ပြောလာသည်။ “ငါ့ကို အစ်ကိုကြီးလို့ ခေါ်တာ ထောက်ထားပြီး မင်းကို ငုံ့မကြည့်တော့ပါဘူး... မင်းလည်း မြင်မှာပါ... ငါက စီးတော်ကျားတင်မဟုတ်ဘူး.... ငါ့အရှင်ရဲ့ တပည့်ပဲ... ဝါစဉ်အရ မင်းအနေနဲ့ ငါ့ကို အစ်ကိုကြီးလို့ ခေါ်သင့်တာ မှန်တယ်”

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့သွားပြီး တခဏကြာသော် သူ့အရပ်သည် ချင်မူနှင့် ရွယ်တူနီးပါး ဖြစ်သွား၏။ သူ့အသွင်မှာ ကျားခေါင်းနှင့် ကောင်လေးတစ်‌ယောက်ပုံစံ ပေါက်နေသည်။ နားရွက်နှစ်ဖက်ကတော့ ငြိမ်ငြိမ်မနေနိုင်ဘဲ တစ်ချက်တစ်ချက် လှုပ်နေတတ်၏။

“အစ်ကိုကြီးကျား.... ဆရာက ပြဿနာမရှာဖို့ ပြောသွားတယ်... တကယ်က မတော်တဆ မလုပ်မိဖို့ ပြောချင်တာ နေမှာပါ... ပြဿနာရှာတာနဲ့ မတော်တဆ လုပ်မိတာနဲ့က တူမှမတူတာ” ချင်မူက အလေးအနက် ပြောလိုက်သည်။

ကျားနတ်မင်းက ခေါင်းယမ်းလိုက်သည်။ “ငါ့အရှင်က မင်းကို ကြည့်ထားဖို့ မှာခဲ့တယ်.... ငါ မင်းကို မျက်စိအောက်က အပျောက်ခံမှာမဟုတ်ဘူး”

ချင်မူ ခေါင်းကိုက်လာသည်။ ‘ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဆက်ပေးမယ့် ကမ္ဘာတံတား တည်‌ဆောက်ဖို့ ဆရာကြီးဆီက အကူအညီယူမလို့ တွေးနေတာ... သူ့မှာ လုပ်စရာတွေ ရှိနေတော့ ငါတစ်‌ယောက်တည်းပဲ အပြီးသတ်ရတော့မယ် ထင်တယ်’

လီမြို့တစ်မြို့လုံး အလုပ်များနေပြီး မည်သူနှင့်မှလည်း မသိသောကြောင့် ချင်မူ မြို့မျှော်စင်ထက်တွင်သာ နေရာယူလိုက်ရသည်။ သူက စာရွက်အထပ်လိုက်နှင့် တွက်ချက်ရေးကိရိယာမျိုးစုံ ထုတ်ကာ သင်္ချာတွက်ရင်း ကမ္ဘာတံတားကို ရေးဆွဲနေ၏။

ကျားနတ်မင်းက သူ့နောက်၌ ထိုင်ပြီး ကြည့်နေသည်။ နောက်ဆုံးတော့ သိချင်စိတ်က အနိုင်ရသွားသဖြင့် မေးလာသည်။ “ဘာတွေ တွက်နေတာလဲ”

ချင်မူက ခေါင်းပင်မမော့ပေ။ “စွမ်းအင်အကူးအပြောင်းညီမျှခြင်းနဲ့ အပြန်အလှန်သက်ရောက်မှုညီမျှခြင်းကို တွက်ထုတ်နေတာပါ... ကမ္ဘာနှစ်ခုထဲက ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ စွမ်းအင်အကူးအပြောင်းအချိုး နဲ့ ကမ္ဘာနှစ်ခုကြားက စွမ်းအင်အပြန်အလှန်သက်ရောက်မှုအချိုးကို ကျွန်တော် လိုချင်လို့”

သူ ပြောလိုက်သည်က နက်နဲသော်လည်း ကျားနတ်မင်း နားလည်လိုက်သည်။ သူက ပြုံးလျက် ပြောလိုက်၏။ “စွမ်းအင်းအကူးအပြောင်းအတွက် ညီမျှခြင်းက သွေးယဇ်ပူဇော်နည်း၊ စွမ်းအင်အပြန်အလှန်သက်ရောက်မှုအတွက် ညီမျှခြင်းက နေရာရွှေ့ပြောင်းနည်းမဟုတ်လား”

ချင်မူ ခေါင်းမော့ပြီး သူ့ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

ညီမျှခြင်းနှစ်ခုအတွက် တွက်ချက်မှုများစွာ လိုအပ်ပြီး ဝိညာဉ်၊ ရုပ်ခန္ဓာနှင့် စွမ်းအင်တို့၏ အကူးအပြောင်းကို သိရှိနားလည်ထားရသည်။ ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းနှင့် အပြန်အလှန်သက်ရောက်မှုကိုလည်း တွက်ထုတ်ရ၏။ ဤအကြောင်းကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အား သွားပြောလိုက်လျှင် ရူးသွားနိုင်သည်။ သို့သော် ကျားနတ်မင်းက စကားတစ်ခွန်းနားထောင်ရုံဖြင့် အဓိကအချက်ကို ပြောနိုင်သွား၏။

‘ဟုတ်သား သူက ဆရာကြီးရဲ့ စီးတော်ကျားဆိုတော့ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ အတွက်အချက်ကျမ်းတွေကို နားလည်ထားမှာပဲ... ခဏခဏ နား‌‌ထောင်ရဖန်များလို့ အများကြီး သိထားလောက်တယ်’

ချင်မူ သွေးတိုးစမ်းကြည့်လိုက်သည်။ “အစ်ကိုကြီးကျားရဲ့ သင်္ချာစွမ်းရည်က ဘယ်လိုရှိလဲ”

ကျားနတ်မင်းက ကြမ်းပြင်ပေါ်မှ စာရွက်တစ်ရွက် ကောက်ကာ ပြောလိုက်၏။ “အခုတင်ပဲ မင်းတွက်ထားတဲ့ အမှားတစ်ခုကို တွေ့လိုက်တယ်... မှားနေတာ ဒီနေရာပဲ”

ချင်မူ စာရွက်ကို ကြည့်၍ တွက်ချက်ရေးကိရိယာများ ကပျာကယာ သုံးကာ ပြန်တွက်ကြည့်လိုက်သည်။ အမှန်ပင် အမှားတစ်ခု ပါနေ၏။

နွားကျောင်းသားလေး အထင်ကြီးသွားသည်။ “အစ်ကိုကြီးကျားရဲ့ သင်္ချာစွမ်းရည်က သိပ်မြင့်တာပဲ... ကျွန်တော့်ထက်တောင် မြန်သေးတယ်... ပိုလည်း တိကျတယ်... ဒီငတုံးညီလေး အစ်ကိုကြီးကို သိပ်အထင်ကြီးမိပါတယ်... ဒီညီမျှခြင်းနှစ်ခုက အတော်လေး တွက်ရခက်တယ်ဗျာ... ဖြေရှင်းစရာတွေလည်း အများကြီး ကျန်သေးတယ်... အစ်ကိုကြီးကျား၊ ကျွန်တော့်ကို ကူညီပေးလို့ ရလား”

ကျားနတ်မင်းက သူ့ကို ပြုံးပြသည်။ “မင်း ပြဿနာမရှာသရွေ့ ကူညီပေးနိုင်တာပေါ့... ဒါနဲ့ ဘာလို့တွက်နေတာလဲ.... ညီမျှခြင်းတွေနဲ့ ဘာကို တည်ဆောက်မလို့လဲ”

ချင်မူ သူ့ကို ကမ္ဘာတံတားအကြောင်း ပြောပြလိုက်ပြီး သူ တီထွင်ထားသော ယဇ်ပလ္လင်နှင့် နေရာရွှေ့ပြောင်းအလံအား ထုတ်ပြလိုက်၏။ “ကျွန်တော်က ဒီနည်းလမ်းနဲ့ မိစ္ဆာနတ်ဆိုးစစ်သူကြီးတစ်ယောက်ကို အစားထိုးပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ရောက်လာတာ... ဒါပေမဲ့ ကမ္ဘာတံတားတစ်စင်း တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဆက်သွယ်ပေးချင်တယ်... တံတားက လူတစ်ယောက် ကမ္ဘာနှစ်ခုအကြား အသွားအပြန်လုပ်နိုင်ဖို့ အင်မတန် တည်ငြိမ်နေဖို့ လိုတယ်”

ကျားနတ်မင်းက တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေပြီးနောက် ပြောလာသည်။ “အဲဒါမျိုးက ဟင်းလင်းပြင်စွမ်းအင်အကူးအပြောင်းတံတား ဖြစ်လိမ့်မယ်... အဲဒီတံတား ပွင့်သွားတာနဲ့ ကမ္ဘာနှစ်ခုရဲ့ စွမ်းအင်က ကိန်းသေနှုန်းနဲ့ စီးဆင်းသွားမယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ လူတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်မှာ စွမ်းအင်တစ်စိတ်တစ်ပိုင်း လျော့သွားလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က လူတွေ ဒီကိုလာလည်း အဲဒီလိုပဲ... မင်းအကြံက သိပ်ကောင်းတာပဲ ညီလေးရ”

သူက ချင်မူ့ပခုံးကို အားပါပါ ပုတ်လိုက်၍ နွားကျောင်းသားလေး၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ့မှာ အဆစ်လွဲသွားသော ပခုံးအား တိတ်တဆိတ် ပြန်ဆက်လိုက်ရ၏။

ကျားနတ်မင်း စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာ၍ လက်ခုပ်လက်ဝါး ထတီးလိုက်သည်။ “ငါ အကြံရပြီ... ယဇ်ပလ္လင် တည်ဆောက်စရာမလိုဘူး... ငါ့ဆရာမှာ အဆင်သင့်သုံးလို့ရတဲ့ ယဇ်ပလ္လင်ကြီး ရှိတယ်... ငါ့ဆရာက ပြန်ထွက်သွားလို့ရအောင် မဟာမြို့ပျက်ထဲမှာလည်း အဲဒီလို ပုံစံတူ ယဇ်ပလ္လင်ကြီးတစ်ဆူ ထား,ထားတယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ရန်သူ့လက်ထဲ ကျသွားရင် ပြန်ဆုတ်ဖို့ အဆင်သင့်ပြင်ထားတဲ့ဟာပဲ

“ယဇ်ပလ္လင်ကြီးနှစ်ခုလုံးက အစစ်အမှန်နတ်ဘုရားတွေကို ဆင့်ခေါ်နိုင်တယ်ဆိုတော့ ... ကမ္ဘာတံတားတည်ဆောက်ဖို့အတွက်လည်း သုံးလို့ရတယ်... စွမ်းအင်ပြည့်လျှံပြီး တံတားကျိုးမှာလည်း စိတ်မပူစရာမလိုဘူး... ညီမျှချင်းနှစ်ခုကို တွက်ထုတ်နိုင်ဖို့ပဲ လိုတယ်”

ချင်မူ စိတ်လှုပ်ရှားလာသည်။ ကျားနတ်မင်းသည် အပြေးမြန်ရုံသာမက သင်္ချာစွမ်းရည်လည်း မြင့်မား၏။ ချင်မူ့မှာ သူနှင့် မယှဉ်နိုင်ပေ။ သူ၏အကူအညီဖြင့် ကမ္ဘာနှစ်ခုအကြား ဆက်သွယ်ပေးမည့် ဟင်းလင်းပြင်စွမ်းအင်အကူးအပြောင်းတံတားအား မြန်မြန်ဆန်ဆန် တည်ဆောက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအကြား ဆက်သွယ်ပေးနိုင်တော့မည်။

ရုတ်တရက် ချင်မူ နဂါးချီလင်ကို သတိရလိုက်ပြီး ရင်ထဲ နာကျင်သွားတော့သည်။ ‘နှစ်ယောက်လုံးက စီးစရာသားရဲတွေ ဆိုပေမယ့်... အစ်ကိုကြီးကျားက အပြေးမြန်သလို၊ အဆင့်လည်း မြင့်မားတယ်... ဒါ့အပြင် အစာလည်း ချေးမများဘူး... သင်္ချာစွမ်းရည်ကဆို ငါ့ထက်တောင် နက်ရှိုင်းသေးတယ်”

ချင်မူမှာ နာကျင်မှုများကို ဘေးချိတ်၍ ကျားနတ်မင်းနှင့်အတူ သင်္ချာထိုင်တွက်နေသည်။ ကျားနတ်မင်း၏ သင်္ချာတွက်နှုန်းက အလွန်အံ့အားသင့်ဖွယ်ကောင်း၏။ ချင်မူ့အတွက် သူ့ကို အမှီလိုက်ရန် ထိုက်ကျိအင်းကွက်၊ ပါ့ကွအင်းကွက်နှင့် တခြားတွက်ချက်ရေးကိရိယာများအား သုံးနေရသည်။

အဆုံးသတ်တွင် ချင်မူ လိုက်မတွက်နိုင်တော့ဘဲ ဘေးမှသာ အကြံပေးရတော့သည်။

“မင့်တွက်ချက်ရေးကိရိယာတွေက နည်းလွန်းတယ်... ငါ မင်းအတွက် ထပ်လုပ်ပေးမယ်”

ကျားနတ်မင်းက ပြောပြောဆိုဆိုဖြင့် တွက်ချက်ရေးကိရိယာများ အလျင်အမြန် သွန်းလုပ်ရင်း ဆဋ္ဌသင်္ကေတခြောက်ဆယ့်လေးသွယ်အင်းပြားများဖြင့် တစ်ပြိုင်တည်း တွက်ချက်နေသည်။

‘ဖက်တီးနဂါးက ပန်းပဲအတတ်လည်း မတတ်ဘူး....” ချင်မူ ရင်နာလာပြန်သည်။

သူ ညီမျှခြင်းနှင့် ပတ်သက်သည့် အတွေးများကို ပြောပြသည့်အခါ ကျားနတ်မင်းက အလျင်အမြန် တွက်ပြသည်။ သူကား အလွန်မြန်လှ၏။

လူတစ်ယောက်နှင့် ကျားတစ်ယောက် အိပ်လည်း မအိပ်၊ နားလည်း မနားဘဲ လီမြို့၏အရှေ့တံခါး မျှော်စင်အပေါ်တွင် မရပ်မနား တွက်ချက်နေကြသည်။ ရှစ်ရက်ကြာသော် မျှော်စင်ပေါ်၌ စာရွက်များ အထပ်လိုက် ပုံနေတော့၏။

ရုတ်တရက် စန်းဟွာ၏အသံ ထွက်လာသည်။ “ခြွေလှေ့တဲ့ကေင်လေး... နင်တို့ ဒီမှာ ဘာလုပ်နေတာလဲ”

ချင်မူက နီရဲနေသောမျက်လုံးများဖြင့် စာရွက်ပုံကြားမှ ခေါင်းထောင်ကြည့်လိုက်သည်။ စန်းဟွာ၊ ယွီဟယ်၊ ရွှီယောင်နှင့် ကောင်းကင်နတ်သိုင်းပညာရှင်တချို့ ရောက်လာသည်ကို မြင်လိုက်ရ၏။ သူတို့က စာရွက်များအား စပ်စပ်စုစု ကြည့်နေကြလေသည်။

အားလုံး အံ့အားသင့်နေကြ၏။ စာရွက်ပုံများက လူတစ်ရပ်ထက်ပင် မြင့်နေပြီး သပ်သပ်ရပ်ရပ် စီရီနေသည်။ စာရွက်ပုံအားလုံး၏ အလယ်တွင် ချင်မူနှင့် ကျားခေါင်းကောင်လေးက မို့အစ်ပြီး နီရဲနေသော မျက်လုံးများဖြင့် ထိုင်နေကြသည်။ ချင်မူ့မုတ်ဆိတ်မွှေးများက ထိုးထိုးထောင်ထောင်ဖြင့် ရှည်နေပြီဖြစ်သော်လည်း သူက ရုပ်သွင်ကို အနည်းငယ်မျှ ဂရုစိုက်မနေပေ။

“မင်းတို့ကိုး” ချင်မူ အကြည့်ပြန်လွှဲပြီး စာရွက်ပေါ်တွင် ဆက်ရေးနေသည်။ “ခဏစောင့်ကြပါဦး.... အစ်ကိုကြီးကျားနဲ့ ငါ ညီမျှခြင်းနှစ်ခု တွက်ထုတ်ပြီး ဟင်းလင်းပြင်စွမ်းအင်းအကူးအပြောင်းကို တွက်ချက်ပြီးပြီ... လောလောဆယ် ကမ္ဘာတံတားရဲ့ ဖွဲ့စည်းပုံကို ရေးဆွဲနေတာမလို့”

ယွီဟယ်၊ ရွှီယောင်နှင့် ကျန်ရှိသူများအားလုံး သူ့ကို ကြောင်ကြောင်ငေးငေး ကြည့်လိုက်မိကြသည်။ တခဏကြာသော် ရွှီယောင်က မလုံမလဲ မေးလိုက်၏။ “ညီမလေးစန်းဟွာ... သူ ပြောသွားတာတွေ နားလည်လိုက်လား”

ကျစ်ဆံမြီးနှင့်ကောင်မလေးက အူတူတူအမူအရာလေးဖြင့် ခေါင်းယမ်းပြသည်။

ချင်မူနှင့် ကျားနတ်မင်းက ချီစွမ်းအင်များကို အချိုးအစားပြောင်းလဲကြည့်ပြီး စာရွက်ပေါ်တွင် ရေးဆွဲနေ၏။ အချိုးအစားအားလုံး မှတ်ပြီးသည့်အခါ သူတို့နှစ်ယောက် ထလိုက်ကြသည်။

“သွားစို့... ဒီကမ္ဘာတံတားကို တည်ဆောက်ပြီး ကမ္ဘာနှစ်ခုကို ဆယ်သွယ်နိုင်မလား စမ်းကြည့်ရမယ်” ကျားနတ်မင်းက စိတ်လှုပ်တရှား ပြောလိုက်၏။

ချင်မူ ချီတုံချတုံ ဖြစ်နေသည်။ “ဆရာကြီးက ကျွန်တော့်ကို ပြဿနာမရှာဖို့ မှာခဲ့တယ်... ဒီကမ္ဘာတံတားကလည်း စမ်းကြည့်ဖို့ လိုသေးတယ်... ကျွန်တော်တို့ အခု ဖန်တီးလိုက်ရင် ...”

ကျားနတ်မင်းက ချင်မူ့ထက်ပင် စိတ်လှုပ်ရှားနေပြီး သူ့ရင်ဘတ်သူ ပုတ်ကာ သူရဲကောင်းဆန်ဆန် ပြောလိုက်၏။ “ဒါက ပြဿနာရှာမဟုတ်ဘူး... အလွန်ဆုံး မတော်တဆ လုပ်မိတာလောက်ပဲ ဖြစ်မှာပါ... မပူနဲ့ ဘယ်ပြဿနာမဆို ငါ တာဝန်ယူတယ်”

၎

င

၎

၎

All Chapters