← Chapters

မွန်မြတ်သောဝိညာဉ်တော်နိူးထလာခြင်း

Vol. 37 Ch. 501

မွန်မြတ်သောဝိညာဉ်တော်နိူးထလာခြင်း

Vol. 37 Ch. 501

ပထမနေ့..

မိုး အဆက်မပြတ်ရွာသွန်းနေပြီး တစ်‌‌နေ့ထက်တစ်နေ့ သည်းထန်စွာရွာချလာခဲ့သည်။ကောင်းကင်၌ လေထုနှင့် တိမ်တိုက်ကြီးများက လျင်မြန်စွာ ရွေ့လျားနေလေသည်။ လျှပ်စီးက လေထုကို ဖြတ်ပြီးနောက် မိုးခြိမ်းသံ မြည်ဟိန်းလာသည်။ ကောင်းကင်၌ တိမ်ပိုထူထပ်လာပြီး အဝေးကကြည့်လျှင်မြေပြင်နှင့်ထိ‌တော့မည့်သယောင် ထင်ရလေသည်။

ထိုနေ့၌ စုမင်က မှော်အမှတ်အသားဆီသို့ ခုနစ်ကြိမ်ဆက်တိုက် တစ်ဟုန်ထိုးသွားခဲ့သော်လည်း မှော်အမှတ်အသား၏ပြောင်းလဲမှုများကို မကျော်လွန်နိုင်သေးပေ။ မှန်နှစ်ချပ်ကို တစ်နေရာတည်း ချထားလိုက်သကဲ့သို့ သူမြင်သမျှအရာများမှာ အဆုံးမဲ့ အမှောင်ထုပင်.. ထိုအမှောင်ထုက မည်မျှအထိ ရှည်လျားမည်ကို မသိသော်လည်း မှန်ထဲရှိ လောကကြီးကို မြင်လိုပါက ထို

အမှောင်ထုထဲမှ ရုန်းထွက်ရန် လိုအပ်ပါသည်။

ဒုတိယနေ့...

ကောင်းကင်ဘုံမှ ရေအင်တုံကို မှောက်ချလိုက်သကဲ့သို့ မိုး ဒလဟောရွာသွန်းလေ၏။ မြေကြီးပင် ငလျင်လှုပ်သကဲ့သို့ တုန်ခါ၍ ထိုတုန်လှုပ်မှုက နေရာအနှံ့ ပျံ့နှံ့သွား၏။ အက်ကွဲကြောင်းများက ယင်ကိုးပါးလောကတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အချို့တောင်များမှာ အပိုင်းပိုင်းပြိုကျတော့မည့်ပုံပေါ်သည်။

ကောင်းကင်၌ တိမ်တိုက်ကြီးများ တဖြည်းဖြည်း ရွေ့လျားလာသည်နှင့်အမျှ ကောင်းကင်ကြီးက ကြီးမားလှသောဝဲဂယက်ကြီးတစ်ခုဖြစ်သွာပုံပေါက်နေလေသည်။ ယင်ကိုးပါးလောကကြီး၏ ကောင်းကင်နှင့်မြေကြီးကို အလင်းတိုင်ကိုးဆယ့်ကိုးတိုင်နှင့် ချိတ်ဆက်ထားလေသည်။အကယ်၍ တစ်စုံတစ်ယောက်က ယင်ကိုးပါး လောကတစ်ခုလုံးကို ဓါတ်ပုံအဖြစ်ရိုက်ယူမည်ဆိုလျှင် အလင်းဝဲဂယက်ကြီးထွန်းနေသည်ကိုသာမြင်နိုင်လိမ့်မည်။

လွန်ခဲ့သည့်သုံးရက်အတွင်း စုမင်က မှော်အမှတ်အသားကိုကျော်ဖြတ်ရန် အကြိမ်တစ်ဒါဇင်ကျော် ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့သည်။ သို့တိုင် သူက မှော်အမှတ်အသားအတွင်းရှိ စည်းမျဉ်းအချို့ကို စတင်ဖော်ထုတ်ခဲ့သည်။ သူ၏ အထူးစွမ်းရည်၊ အမြန်နှုန်းကို အသုံးပြုပြီး မှော်အမှတ်အသားကို စိန်ခေါ်နေချိန်တွင် သူ့ကိုယ်ပွားအချို့တဖြည်းဖြည်းတွန့်လိမ်ပုံပျက်သွားကို မြင်တွေ့ခဲ့ရသည်။

‘ငါ အရှိန်ပြင်းပြင်းနဲ့ ဆက်သွားရမယ်’

တတိယညတွင် ကျရှုံးပြီးနောက် တောက်ပသော မျက်လုံးများဖြင့် ပထမယဇ်ပလ္လင်ပေါ်တွင် ရပ်နေလေသည်။

ပဉ္စမနေ့

မြေပြင်ပေါ်တွင် အက်ကြောင်းများ ပိုမိုပေါ်လာသည်။ ယင်ကိုးပါး လောကရှိ နက်ရှိုင်းသော အက်ကွဲကြောင်းများကြောင့် မြေပြင်ပြိုကွဲလုနီးဖြစ်နေသကဲ့သို့ ဖြစ်နေလေသည်။ထို့နောက် ကျယ်လောင်စွာ မြည်ဟည်းသံနှင့်အတူ ကွဲထွက်သွားသည်။ ထိုအက်ကွဲမှုများက ကုန်းမြေအနှံ့ ပျံ့နှံ့သွားပြီး တောင်များစွာ ပြိုကျသွားသည်။ ထိုတောင်များရှိ ကျောက်တုံးကြီးများက အဆုံးမရှိသော အက်ကြောင်းများထဲသို့ ကျသွားသည်။

တစ်စုံတစ်ယောက်က ကောင်းကင်မှ မြေပြင်သို့ ငုံ့ကြည့်လျှင် ကမ္ဘာမြေကြီးကို ဖျက်စီးခံရသကဲ့သို့ဖြစ်နေပြီး အပျက်အစီးများက နေရာအနှံ့ ပျံ့နှံ့သွားကာ မြေပြင်မှ တစ်စုံတစ်ခုပေါက်ကွဲထွက်လာတော့မည့်သယောင်ပင်...

များပြားလှစွာသောမိုးရေက ကောင်းကင်မှ ကျဆင်းလာကာ ထိုအက်ကွဲကြောင်းများထဲသို့ တိုးဝင်လာသော်လည်း ၎င်းတို့ကို ဘယ်သောအခါမှ ပြည့်အောင်မဖြည့်စွမ်းနိုင်ပေ။ တိမ်ဝဲဂယက်ကြီးများကလည်း ပိုမိုမြန်ဆန်စွာ ရွေ့လျားနေတော့သည်။ လေထုထဲတွင် ကျယ်လောင်သော အသံများက ယင်ကိုးပါးလောကတွင် အဆက်မပြတ်ထွက်ပေါ်လာသော အသံအဖြစ်သို့ ပြောင်းလဲသွားသည်။

လျှပ်စီးများက တဖျတ်ဖျတ်လင်းလက်နေပြီး တိမ်ဝဲဂယက်ကြီးများ၏အလယ်သို့တိုးဝင်နေလေသည်။ ၎င်းတို့ထိတွေ့ရာ၌ ကျယ်လောင်သောအသံများနှင့်ပေါက်ကွဲချင်သယောင်ဖြစ်နေလေသည်။

စုမင်က ဆက်လက်ကျရှုံးခဲ့ပြီး ပဉ္စမနေ့ ကုန်ဆုံးသောအခါတွင်လည်း တစ်ကြိမ်ပင် မအောင်မြင်ခဲ့ပေ။ အကြိမ်ပေါင်း မည်မျှ ကျရှုံးခဲ့သည်ကို သူ မရေတွက်နိူင်တော့ပေ။ သို့သော် သူ၏အရှိန်အဟုန်ဖြင့် သူ့ကိုယ်ပွားနှင့်ထင်ယောင်ထင်မှားဖြစ်မှုများစွာကို ပျောက်ကွယ်အောင် လုပ်နိုင်နေပြီဖြစ်သည်။

သို့သော် စုမင် ထိုအခြေအနေကို အချိန်ကြာကြာ ထိန်းသိမ်းရန် ခက်ခဲသည်။ ထို့ကြောင့် သူက မှော်အစီအရင်ရှိ ပြောင်းလဲမှုအားလုံးကို မကျော်နိုင်ပေ။

သတ္တမမြောက်နေ့

ရုတ်တရက်ကြည့်လိုက်သော် ကောင်းကင်ရှိဝဲဂယက်ကြီးက လည်မနေတော့ပြီဟု ထင်ရသည်။ အမှန်တော့ လျင်မြန်စွာတစ်ဟုန်ထိုးလည်နေခြင်းကြောင့် မျက်လုံးထဲတွင် ဖမ်းယူ၍မရဘဲ ပုံမှန်အတိုင်းရှိနေသောအရာဟု ထင်မှတ်စေခဲ့သည်။ မြင့်မားသောလှည့်ပတ်မှု အရှိန်ကြောင့် ကောင်းကင်ယံ၌ ကျယ်လောင်သော အသံများ တုန်လှုပ်ချောက်ချားဖွယ် မြည်ဟိန်းသံများ ပေါ်ပေါက်လာသည်။ လေထုထဲတွင် ပဲ့တင်သံများဖြင့် ဂယက်ရိုက်သွားသောအခါ လူသားတစ်ဦး၏ ကြီးမားသော မျက်နှာတစ်ခု ပေါ်လာသည်။

ထိုမျက်နှာမှာ မျက်လုံးလေးလုံးရှိသည်။ အပိုမျက်လုံးနှစ်လုံးက မျက်ခုံးအလယ်မှာ ရှိနေလေသည်။ ထိုအချိန်တွင် မျက်လုံးလေးလုံးက မှိတ်လျက်ရှိနေသည်။ မျက်နှာက ဝဲဂယက်အတွင်းမှ ပြူးထွက်လာသည်။ လျှပ်စီးများထုတ်လွှတ်ရာ အလယ်ဗဟိုက ထိုလူ၏စတုတ္ထမျက်လုံးရှိရာ ညာဘက်ဖြစ်သည်။

ဤသည်မှာ မြင့်မြတ်သောဝိညာဥ်တော်ပင်ဖြစ်သည်။ သန့်စင်မွန်မြတ်သောယင်လောကမှ ယင်ကိုးပါးလောကသို့သွားသောမှော်စီးယာဉ်ထဲ၌ အိပ်ပျော်သွားသော လောကဝိညာဉ်တော်ပင်ဖြစ်သည်။

ထိုမျက်နှာကြီး ထွက်ပေါ်လာသောအခါ မြေကြီးပေါ်ရှိ အပျက်အစီးများက အထွတ်အထိပ်သို့ရောက်လာသည်။ကံကြမ္မာမျိုးနွယ်စုတောင်ကြား ပြိုကျသွားလုနီးပါးဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် လူများက ထိုအခြေအနေအတွက် ပြင်ဆင်ထားခဲ့ပြီးလေ၏။ ထိုအချိန်တွင် သူတို့အားလုံး စုဝေးကြပြီး နန်းကုန်းဟန်၏လမ်းညွှန်မှုအောက်တွင် စုမင်ပြန်လာမည့် ယဇ်ပလ္လင်အပြင်ဘက်တွင် စောင့်နေကြသည်။

စုမင်က ယဇ်ပလ္လင်ပေါ်ရှိ မှော်အစီအရင်ကို စိန်ခေါ်ရန် ပြင်ဆင်နေချိန်၊ ကမ္ဘာကြီး ပြောင်းလဲမည့်အချိန်နှင့် ထိုမတိုင်မီ မည်သည့်နေရာ၌ရှိမည့် တိကျသောအချိန်ကာလကို နန်းကုန်းဟန်အား ပြောပြရန် သူ၏ နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကျက်ထားခဲ့သည်။

ပဉ္စမနေ့မှစ၍ စုမင်က ပထမပလ္လင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူက ယဇ်ပလ္လင်ကို စိန်ခေါ်ရန် မကြိုးစားတော့ဘဲ တိတ်ဆိတ်စွာ တရားထိုင်ရန် ရွေးချယ်ခဲ့သည်။ ခုနစ်ရက်မြောက်သောနေ့၌ပင် သူက ဆက်လက်ထိုင်နေလေ၏။

ကိုးရက်မြောက်နေ့..

ထိုနေ့မှာပဲ ကုန်းမြေအများစုက နစ်မြုပ်ကျွံဝင်သွားပြီဖြစ်သည်။ နန်းကုန်းဟန်သည် ရာနှင့်ချီသော ဆွေမျိုးများကို ယဇ်ပလ္လင်နေရာမှ ဖယ်ထုတ်လိုက်သည်။ မနီးမဝေးတွင် စုမင်ထိုင်နေသည်ကို တွေ့နိုင်သည့်အပြင် လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်က သူတို့နေခဲ့သည့်တောင်ကြားသည်လည်း လုံးဝပြိုကျသွားကြောင်း တွေ့ခဲ့ရသည်။ ယခုတော့ ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

ပြိုကျနေသော တောင်ကြားမှ ပေတစ်ရာအကွာရှိ နေရာကို ယခု လျှိုမြောင်အဖြစ်သို့ ပြောင်းလဲသွားကြောင်းကိုလည်း ၎င်းတို့ တွေ့မြင်နိုင်ပေသည်။ ယခု သူတို့ရှိခဲ့သည့်နေရာက သီးခြားချောက်ကမ်းပါးအဖြစ်သို့ ပြောင်းလဲသွားသလိုပင်..

ယခုမူ ကောင်းကင်ဝဲဂယက်ကနေ ထွက်လာသည့် ဧရာမလူသားမျက်နှာပေါ် ရှိမျက်လုံးနှစ်လုံးက အိပ်ပျော်နေရာကနေ ဖြည်းဖြည်းချင်း ထလာသလိုမျိုး တုန်လှုပ်နေလေသည်။ မျက်ခုံးအလယ်မှ မျက်လုံးနှစ်လုံးက ပွင့်တော့မည်ကဲ့သို့ပင် ပြင်းပြင်းထန်ထန် တုန်လှုပ်နေလေသည်၊

ထိုအချိန်တွင် အလင်းတိုင်ကိုးဆယ့်ကိုးတိုင်တို့က ၎င်းကန့်သတ်ချက်သို့ ရောက်လုနီးနေပြီဟု ထင်ရသည်။ ထိုအလင်းတိုင်ခုနစ်တိုင်က လျင်မြန်စွာ မှေးမှိန်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့ ပျောက်ကွယ်သွားပြီးနောက် နောက်ထပ် အလင်းတိုင်တစ်ဒါဇင် ကျော်လည်း ကြာကြာမလင်းတော့ဘဲ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

စုမင်က မလှုပ်မယှက်ဘဲ ယဇ်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဤကဲ့သို့ဖြစ်နေခဲ့ပြီး သူ မလှုပ်မရှားဖြစ်နေချိန်တွင် သူ့ကို စောင့်ကြည့်နေသော ကြမ္မာမျိုးနွယ်စုဝင်များက စုမင်၏အရှိန်အဝါက သည် တနေ့ထက်တနေ့ ပိုမိုအားကောင်းလာနေသည်ကို သတိပြုမိခဲ့သည်။

ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်း၌ သူက ပို၍အားကောင်းလာကာ ကိုးရက်မြောက်နေ့တွင်၊ စုမင်၏ခန္ဓာကိုယ်အတွင်း လည်ပတ်နေသော စွမ်းအားပမာဏကို ခံနိုင်ရည်မရှိတော့သကဲ့သို့ သူ့ပတ်ဝန်းကျင်ရှိလေထုက စတင်ပုံပျက်လာတော့သည်။

လွန်ခဲ့သည့် ရက်ပေါင်းများစွာက သူ့ခန္ဓာကိုယ်က ရွှေရောင် တောက်ပနေသေးသော်လည်း ထိုအချိန်တွင် ထိုရွှေရောင်အလင်းတန်းက တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။ သို့ပေမယ့် ပျောက်မသွားပေ။ ထိုအလင်းတန်းများ အပြင်ဘက်သို့ ပျံ့လွင့်မသွားစေရန် ဆူမင်၏ခန္ဓာကိုယ်မှ စုပ်ယူခြင်းခံလိုက်ရသည် ။

နန်းကုန်းဟန် နှင့် ကံကြမ္မာမျိုးနွယ်စုဝင်များက စုမင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း အချိန်တွေ တဖြည်း ဖြည်း ကုန်ဆုံးလာပြီး ဆယ်ရက်မြောက်နေ့သို့ ရောက်ရှိလာသည် ။

သိပ်မကြာခင်မှာပင် ကောင်းကင်ရှိ ဧရာမမျက်နှာကြီး၏မျက်လုံးများက ပို၍တောင် တုန်လှုပ်သွားသည်။ တိမ်တိုက်များက လေထုထဲတွင် တည်နေရာမဲ့ ရွေ့လျားသွားကာ ယဇ်ပလ္လင်တည်ရှိရာ နေရာကိုပင် တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ ထိုဖိအားကိုမခံနိုင်သောကြောင့် ယဇ်ပလ္လင်ပေါ်မှာ၌ အက်ကွဲကြောင်းများ ပေါ်လာသည်။

ထိုအချိန်တွင် အဝါရောင် ၀တ်ရုံဝတ်ထားသော လူတစ်ယောက်က လူများ မမြင်နိုင်သော ကောင်းကင်ယံဘတစ်‌နေရာ၌ ပေါ်လာလေသည်။ သူက လေထဲ၌ ရပ်လျက် လက်နှင့် အမှတ်တံဆိပ်တစ်ခုပြုလုပ်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။

“ယင်ကိုးပါးလောကရဲ့အကြီးအကဲတစ်‌ယောက်အနေနဲ့ မှော်စီးယာဉ်ရဲ့သန့်စင်တဲ့ဝိညာဉ်တော်ကို ဆင့်ခေါ်ပါတယ်.. အိပ်နေရာမှ နိူးထပါလော့..”

ကောင်းကင်ရှိ ဧရာမမျက်နှာပေါ်၌ တုန်လှုပ်ခြောက်ခြားမှုများက ပို၍တောင် ပြင်းထန်လာသော်လည်း မျက်လုံးများ မဖွင့်နိုင်သေးပေ။ ဝိညာဉ်တော်၏စိတ်အတွင်း၌ ရှိသော စွမ်းအားတစ်ခုက ၎င်းကိုနိုးထရန်ခက်ခဲစေလေသည်။

ထိုအချိန်၌ ယင်ကိုးပါးလောကရှိ အလင်းတိုင်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး နှစ်ဆယ့်ခုနစ်ခုသာ ကျန်တော့လေသည်။ထိုအလင်းတိုင်းများက တဖြည်းဖြည်းမှိန်လျော့လာခဲ့သည်။ အကယ်၍ ထိုအလင်းတိုင်များအားလုံး ပျောက်ကွယ်သွားပြီး ဝိညာဉ်တော် မနိုးလာပါက၊ သူတို့လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက ရှုံးနိမ့်သွားပေလိမ့်မည်။

ထိုအလင်းတိုင်များ ပျောက်ကွယ်သွားပြီးနောက် မြေပြင်ပေါ်ရှိ ယဇ်ပလ္လင် ပြိုကျလာသည်နှင့်အမျှ ယဇ်ပလ္လင်ပေါ်တွင် ဖြစ်ပေါ်လာသော မှော်အစီအရင်သည်လည်း ပြေလျော့သွားသလိုပင်... စုမင်က သူ့ခန္ဓာကိုယ်ထဲသို့ နောက်ဆုံးရွှေရောင်အလင်းတန်းကို စုပ်ယူပြီးသည်နှင့် မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။

သူ့အကြည့်များက လေးနက်ပြီး သူ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းများကိုမတွေ့ရပေ။စုမင်က လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူ၏ခွန်အားကို စုဆောင်းထားခဲ့သည်။ ထိုရက်များအတွင်းတွင် သူ့ပတ်ဝန်းကျင်ရှိ လောကကြီးကို လုံးဝလျစ်လျူရှုခဲ့ပြီး သူ၏စွမ်းအားကို စုစည်းရန် အာရုံစိုက်ခဲ့သည်။ ထို့နေက် သူ မျက်လုံးဖွင့်လိုက်သည်နှင့် လျင်မြန်သော အရှိန်အဟုန်ဖြင့် ချီတက်လာသည်။

ဤသည်မှာ လွန်ခဲ့သော ဆယ်ရက်အတွင်း စုမင် ထုတ်လွှတ်ခဲ့သည့် အမြန်ဆုံးအမြန်နှုန်းဖြစ်သည်။

စုမင် ယဇ်ပလ္လင်မှ တစ်ဟုန်ထိုး ရွေ့လျားလိုက်သည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော ပမာဏရှိသော ယဇ်ပလ္လင်များနှင့်အညီမရေမတွက်နိုင်သော ကိုယ်ပွားများက ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသည်။ သို့သော်လည်း ထိုထင်ယောင်ထင်မှားဖြစ်မှုများက ချက်ချင်း ပုံပျက်ပန်းပျက်ဖြစ်သွားကာ ပျောက်ကွယ်သွားကြသည်။ အမှန်တော့ သူတို့ထက်သာလွန်သော စုမင်၏အရှိန်ကို မလိုက်နိုင်သောကြောင့် ပျောက်ကွယ်သွားရသည်။

စုမင်၏အကြည့်မရောက်ခင် ထို အရာအားလုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ကျန်နေသည့်တစ်ခုတည်းသော အရာမှာ တွင်းနက်တစ်ခုမှ ဆန့်ထုတ်ထားသော ယဇ်ပလ္လင်၏ အဆုံးမဲ့ လမ်းဖြစ်သည်။ သူက အရာအားလုံးကို မေ့သွားပြီး ရှေ့သို့ အမြန်ဆုံးနှုန်းဖြင့်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ ထင်ယောင်ထင်မှားဖြစ်မှုများက ပျောက်ကွယ်သွားသည်။ သိပ်မကြာခင်မှာ ရာနှင့်ချီပြီး ပျောက်ကွယ်သွားသော်လည်း စုမင်ရှေ့တွင် မရေမတွက်နိုင်သော ကိုယ်ပွားများရှိနေဆဲပင်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ကန့်သတ်ချက်က ကိန်းဂဏန်းတစ်ရာနီးပါး ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ယနေ့မူ ထိုသို့မဟုတ်ခဲ့ပေ။ သူ၏မာန်အရိုးများမှ စွမ်းအားများအားလုံး ထွက်ပေါ်လာပြီး အနည်းငယ်မြန်လာသည်။ သူ့ သူ့အမြင်အာရုံတစ်ခုလုံး ပြည့်နှက်နေသည့် ပုံရိပ်ယောင်များကို မြင်လိုက်ရသော်လည်း ချက်ချင်းပျောက်ကွယ်သွားပြန်သည်။

စုမင်သည် အချိန်မည်မျှကြာလာသည်ကို မသိ‌တော့ပေ။ သူက ရှေ့ကိုဆက်ပြီး တစ်ဟုန်ထိုးသွားလိုက်သည်နှင့် အချိန်များ နှေးကွေးသွားသည်။ မထင်မှတ်သော ကိန်းဂဏန်းများစွာ ပျောက်ကွယ်သွားသော်လည်း သူ့ရှေ့တွင် အများအပြား ကျန်ရှိသေးသည်။

သူ၏ချီကို ဆက်လက်ဖြန့်ကျက်နေချိန်တွင် စူးရှသောနာကျင်မှုက သူ့တစ်ကိုယ်လုံးအနှံ့ ထိုးဖောက်ဝင်ရောက်လာသည်။ သူ့ခန္ဓာကိုယ်ကသူ့ကန့်သတ်ချက်ထက်ကျော်လွန်သွားကြောင်း အရိပ်အယောင်များ ပြသနေမှန်း သိသော်လည်း အကွာအဝေးတစ်ခုတွင် သူ့ကိုယ်ပွားနှင့် ပုံရိပ်ယောင်ဒါဇင်များစွာ ရှိနေသေးသည်။ သူက ၎င်းတို့အများစုကို ကျော်တက်သွားခဲ့သော်လည်း ယခုတွင် ဆက်လက်ပြီး ၎င်းတို့အားလုံးကို ကျော်တက်ရန် ခက်ခဲနေ လေသည်။

“ဒါက ငါ့ရဲ့ ကန့်သတ်ချက် ရောက်သွားပြီလား..”

စုမင်၏ရင်ထဲတွင်နာကြည်းမှုများတိုးပွားလာလေသည်။ ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားလျှင်တောင် ဆယ့်ငါးရှိုက်စာဖြင့် ထိုပုံရိပ် ယောင်များကို ကျော်ဖြတ်ရန် ခက်ခဲနေသေးသည်ကို သူသိသည်။

သို့သော် သူ့ရင်ထဲတွင် နာကြည်းမှု အရှိန်အဟုန် မြင့်တက်လာချိန်တွင် ရုတ်တရက် ကောင်းကင်ကြီးက မြည်ဟိန်းသံကြီးထွက်ပေါ်လာလေသည်။ မြေပြင်တုန်လှုပ်သွားသည့်အခါ အမှန်တကယ်တည်ရှိပြီး တစ်ခုတည်းသောပလ္လင်ဖြစ်သည့် ပထမပလ္လင်က ရုတ်တရက်ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားသည်။

ထိုအရာက လောကကြီး၏ အပြောင်းအလဲကြောင့်ပင်.. လောကဝိဉာဉ်တော်က ငိုက်မျဉ်းရာမှ ထလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ချက်ချင်းပင် ယဇ်ပလ္လင် ပြိုကျစပြုလာသောအခါ စုမင်က သူ့ရှေ့ရှိ ကိုယ်ပွားများနှင့် ထင်ယောင်ထင်မှားဖြစ်မှုများစွာ တစ်ပြိုင်နက်တည်းအေးခဲသွားကြောင်းကို ချက်ချင်း သတိပြုမိသည်။

ထိုဖြစ်ရပ်ကြောင့် စုမင်၏ မျက်လုံးထဲတွင် ဖျတ်ခနဲလင်းလက်သွားခဲ့သည်။ ထို့နောက် သူက တစ်ချက်မျှ မဆိုင်းမတွဘဲ ရှေ့သို့ တစ်ဟုန်ထိုးပြေးလိုက်သည်။ သူ့ခန္ဓာကိုယ်က ဝဲဂယက်တစ်ခုကဲ့သို့ဖြစ်သွားပြီး ဝဲဂယက်ထဲမှ အပြေးအလွှားထွက်လာချိန်၌ “ကံကြမ္မာ” ဆိုသော ကောင်လေး ထွက်ပေါ်လာသည်။

သူ ခြေတစ်လှမ်းလှမ်းရုံဖြင့် တစ်ဒါဇင်မျှသော ထင်ယောင်ထင်မှားများ ရပ်နေသည့်အချိန်ကို ထာဝရရပ်တန့်သွားစေခဲ့သည်။ သူတို့က ရပ်လိုက် ပြန်ရွေ့လိုက်ဖြစ်သွားကာ အသက်ဆယ့်ငါးရှိုက် ကုန်ဆုံးသွားည့်အခါ “ကံကြမ္မာ” ကောင်‌လေးကစုမင်အဖြစ်သို့ ပြန်ပြောင်းသွားသည်။ထိုအချိန်၌ သူက ထိုပုံရိပ် ယောင်များနှင့် ငါးပေအောက်သာ ကွာဝေးနေပြီဖြစ်သည်။

ငါးပေသာကျန်တော့သော်လည်း မှော်စီးယာဉ်ရှိပြောင်းလဲမှုများအားလုံးကို ကျော်တက်သွားခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က အလွှာပါးအကာအကွယ်တစ်ခုနှင့်တိုက်မိ သွားသည်ဟု ခံစားနေရသည်။ ထိုအလွှာပါးက သူ့ခန္ဓာကိုယ် ဖြတ်သန်း၍မရအောင် တားထားသော်လည်း သူ့မျက်လုံးများက ထိုအထဲကို လှမ်းကြည့်မိလေသည်။

စုမင်က မှန်ထဲရှိလောကကြီးကို တစ်ချက်ကြည့်လိုက်ချိန်တွင် အဝါရောင် ၀တ်စုံဝတ်ထားသော အဖိုးအိုက ယင်ကိုးပါးလောက၏ ကောင်းကင်ယံကို လက်နှစ်ဖက်ဖြင့် ကျယ်ကျယ်ဖွင့်ထားသည်။ အလင်းတိုင်သုံးတိုင်သာ ကျန်ရှိတော့သည့်အခါ နစ်မြုပ်ကျွံ့ဝင်သွားသော မြေပြင်မှ ကျယ်လောင်သော ဟောက်သံကို ကြားရသည်။

“ မွန်မြတ်သောဝိညာဉ်တော်.. သင်၏ငိုက်မျဥ်းရာမှထလော့...”

ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ တိမ်မြုပ်နေသော တွင်းနက်နက်ကြီးမှ ထွက်လာသော ခြောက်ကပ်ကပ်လက်မောင်းတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုလက်မောင်း၏နောက်တွင် ပေတစ်သောင်းမြင့်သော အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့်အတူ ကြီးမားလှသော သစ်သားခြောက်ခေါင်းကြီးတစ်ခုရှိသည်။

ပေတစ်သောင်းမြင့်သော သစ်ပင်ကြီးတစ်ပင်မှ ထွင်းထုထားသည့် လူတစ်ယောက်နှင့်တူသည်။

သူ့ဦးခေါင်းက ရှေးရှာမန်မြို့၌စိုက်ထူခဲ့သော အရိုးခေါင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က ယင်ကိုးပါး‌လောကရှိ အဝါဝတ်အဘိုးအို၏အစစ်အမှန် ခန္ဓာကိုယ်ဖြစ်သည်။

ကောင်းကင်ကို တုန်လှုပ်စေသော ဟောက်သံများက လေထဲသို့ တဟုန်ထိုး တဟုန်ထိုး ပျံ့နှံ့လာပြီး နောက်ဆုံး အလင်းတိုင်သုံးတိုင် ငြိမ်းသွားခဲ့သည်။ သို့သော် ချက်ချင်းပင် ၎င်းတို့ မှေးမှိန်သွားသည်နှင့် ဝဲဂယက်အတွင်းရှိ ဧရာမ မျက်နှာကြီးမှ မျက်လုံးများ ပွင့်သွားသည်။ထိုစဉ် ၎င်း၏ မျက်ခုံး အလယ်ရှိ တတိယ နှင့် စတုတ္ထ မျက်လုံးများပါ ပွင့်လာလေသည်။

လောကဝိညာဉ်တော်က ငိုက်‌မျဥ်းရာမှ နိူးထလာခဲ့ပြီ။

All Chapters