ထွက်ပေါက်
Vol. 37 Ch. 502
မွန်မြတ်သောဝိညာဉ်တော်
နိုးထလာသောအခါတွင် ယင်ကိုးပါး လောက၏ ကျန်နယ်မြေအချို့ရှိ မြေပြင်များက မူလက မရှိခဲ့သကဲ့သို့ပင် တုန်လှုပ်ကာ တဖြည်းဖြည်း ပြိုကျသွားသည်။ မြေပြင် ပျောက်ကွယ်သွားသည်နှင့်အမျှ စုမင်နှင့်ကံကြမ္မာမျိုးနွယ်စုဝင်များ ရပ်နေသည့် ယဇ်ပလ္လင်ပင် ပြိုကျသွားသည်။
ကံကြမ္မာမျိုးနွယ်စုဝင် ရာပေါင်းများစွာရှေ့တွင် မြေပြင်က တစ်လက်မချင်းစီ ပြိုကျလာသည်။ မြေပြင်ကို ကိုက်စားနေသည့် မမြင်နိုင်သော ဧရာမ ပါးစပ်တစ်ခု ရှိသကဲ့သို့ပင်ဖြစ်၏။ ကံကြမ္မာမျိုးနွယ်စုဝင်များက လေထဲသို့ လွင့်မျောသွားသည်။ သူတို့က စုမင် ရှိရာဆီသို့ လှမ်းကြည့်သော်လည်း သူတို့၏ အမြင်အာရုံထဲတွင် စုမင်ကို ရှာမတွေ့သေးပေ။ ယခင်က စုမင်ကို ဝိုးတဝါးသာ မြင်နိုင်ခဲ့ပြီး ထိုနေရာက ပြင်းထန်စွာ ပုံပျက်လာကာ သူတို့အကြည့်များက ထိုးဖောက်မြင်နိုင်သကဲ့သို့ရှင်းလင်းလာလေသည်။
ကောင်းကင်ကြီးက တအုန်းအုန်းမြည်သံများဖြင့် ပြည့်နှက်နေလေသည်။ ကြီးမားလှသော ဝဲဂယက်မှ ပြူးထွက်နေသော မျက်နှာရှိ မျက်လုံးလေးလုံးမှာ ယခု ပွင့်သွားလေပြီ။ ပေတစ်သိန်းသို့ရောက်ရှိနိုင်သော အလင်းရောင်က သူ့ရှေ့တွင် ထွန်းလင်းတောက်ပနေပြီး ဧရာမသစ်သားခြောက်မျက်နှာကြီးက လူသား၏မျက်နှာနှင့် ပေါင်းစပ်လိုသည့်ဆန္ဒဖြစ်သည်။
စုမင်ဘက်တွင်လည်း သူ၏ အလွန်အမင်းအမြန်နှုန်းဖြင့် မှော်အစီအရင်မှ ဖန်တီးထားသော လှည့်စားမှုများအားလုံးကို ကျော်တက်သွားခဲ့သည်။ မှော်အစီအရင်မှာ သူ့ခန္ဓာကိုယ်ရှေ့ဆက်မသွားရန် ကာကွယ်ထားသော်လည်း သူ့အကြည့်များကိုတော့ တားဆီး၍မရပေ။
စုမင်က မမြင်ရသောအလွှားပါးအကာအကွယ်ကို ထိုးဖောက်ပြီး... အနက်ရောင် ရေများ၏ အဆုံးမရှိသော ရေပြင်ကျယ်ကြီးကို သူမြင်လိုက်ရသည်။
ရေပြင်ကျယ်က အကန့်အသတ်မရှိပေ။ ထိုပေါ်တွင် ကြီးမားသော တိုက်ကြီးငါးလုံး လွင့်မျောနေသည်။ ထိုအချိန်၌ တိုက်ကြီးငါးခုတို့တွင် အလယ်တိုက်ကြီးနှင့် တောင်ဘက်ရှိ တိုက်ကြီးနှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု မယုံနိုင်လောက်အောင် နီးကပ်နေသည်။ အနီးကပ် မကြည့်လျှင် သူတို့နှစ်ခု ပေါင်းမိသွားတော့မည်ဟု စုမင်ထင်လိမ့်မည်။
အနီးကပ်လေ့လာကြည့်သောအခါတွင် ဤတိုက်ကြီးများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိကြောင်းကို သူတွေ့ရှိခဲ့သည်။ အရှေ့ဘက်ရှိ တိုက်ကြီးသည် မယုံနိုင်လောက်အောင် အရှိန်ဖြင့် တောင်ပိုင်းတိုက်ကြီးကို ထိတိုက်နေမှန်း သိသာသည်။
“မှန်ထဲက လောကကြီး…”
စုမင်၏ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရသည်။ သူက အနောက်ဘက်သို့ရွေ့ကာ အနောက်ဘက်ရှိ တိုက်ကြီးကိုလျင်မြန်စွာ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သို့သော် ထိုတိုက်ကြီးကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သူက မြေမျက်နှာသွင်ပြင်ကိုသာ မြင်နိုင်ပြီး၊ ထို့နောက်တွင် သူက အလွှာပါးအကွာအကွယ်ဆီသို့ ကြီးမားသော စွမ်းအားတစ်ခု ပစ်လွှတ်လိုက်ပြီး သူချက်ချင်း ရုန်းထွက်နိုင်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ့ကိုတားဆီးနေသော အကွာအကွယ်ကပြိုကျသွားလေသည်။မှော်အစီအရင်၏အလယ်ဗဟိုဖြစ်သောယဇ်ပလ္လင်ပြိုကျခဲ့သည်။ စုမင်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆက်တိုက် ဆုတ်သွားကာ သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက မြန်ဆန်လှသောအရှိန်အဟုန်အောက်၌ကျန်နေသော သူ့ပုံရိပ်များကိုတွေ့ရလေသည်။ ဆယ်ခြေလှမ်းကို နောက်ပြန်ဆုတ်လိုက်သောအခါတွင် ထိုနေရာရှိ ကံကြမ္မာမျိုးနွယ်စုအားလုံးကို မြင်လိုက်ရပြန်သည်။
ထိုအချိန်တွင် ဝဲဂယက်ထဲရှိ မျက်လုံးဖွင့်ထားသော လူသားမျက်နှာက သစ်သားခြောက်ဖြင့် ပြုလုပ်ထားသည့် ခန္ဓာကိုယ်နှင့် ရောယှက်သွားသည် ။ သူတို့ ပေါင်းစပ်လိုက်သည်နှင့် တပြိုင်နက်တွင်၊ ဝဲဂယက်က ရုတ်ခြည်း ပေါက်ကွဲသွားပြီး ကုန်းမြေတစ်ခုလုံးပျံ့နှံ့သွားကာ အရပ်ရပ်သို့ တိုက်ခတ်သည့် အားပြင်းသော လေလှိုင်းအဖြစ် ပြောင်းလဲသွားသည်။
ထိုလေလှိုင်း၏ အင်အားက အလွန်ကြီးမားသဖြင့် လေထဲတွင် တဟုန်ထိုးပြင်းထန်သော လေပြင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ရှေ့သို့ တစ်ဟုန်ထိုးပျံ့နှံ့လာပြီ စက်ဝိုင်းပုံသဏ္ဍာန် ပြောင်းလဲသွားကာ ကံကြမ္မာမျိုးနွယ်စုများရှိရာ နေရာတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။ အကယ်၍ ထိုလေပြင်းက အလိုအလျောက် မှုတ်ထုတ်နိုင်စွမ်းရှိလျှင် ဆောင်းဦးရွက် ကြွေများကဲ့သို့ မျိုးနွယ်စုဝင်များလည်း လေထဲ၌ လွင့်ပါသွားမည်ဖြစ်သည်။
ရာနှင့်ချီသော မျိုးနွယ်စုများ၏ မျက်နှာများက သိသိသာသာ ပြောင်းလဲသွားသည်။ မဆိုင်းမတွဘဲ၊ နန်းကုန်းဟန်က ရှေ့သို့ အမြန်ပြေးကာ သူ့မျိုးနွယ်စုများရှေ့တွင် ရပ်လိုက်သည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားသူအချို့က မျိုးနွယ်စုများ၏ လုံခြုံရေးအတွက် တိုးဝင်လာသော လေလှိုင်းများကို ခုခံရန်ပြေးထွက်လာကြသည်။
ထိုလူများက ထိုလေလှိုင်းဒါဏ်ကို ကာကွယ်ရန် မတ်တတ်ရပ်ထားလေသည်။ တစ်ခဏချင်းတွင် ကျယ်လောင်သော အသံများနှင့်အတူ သူတို့ဆီသို့ ရောက်လာသည်။ နန်းကုန်းဟန်နှင့်တိုက်မိသောအခါ ပါးစပ်မှ သွေးများ ချောင်းဆိုးကာ တောင်စောင်းနှင့်ဝင်ဆောင့်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ဘေးနားရှိ အခြားသောကံကြမ္မာ မျိုးနွယ်ဝင်များက သွေးအန်လိုက်ရုံသာမက ၎င်းတို့၏ ခန္ဓာကိုယ်က စုတ်ဖြဲခံရသကဲ့သို့ ခံစားရလေသည်။ သူတို့ဆန္ဒကို ဆန့်ကျင်ပြီး နောက်ပြန်ဆုတ်သွားခဲ့ရသော်လည်း သူတို့နောက်မှာ သူတို့၏ မျိုးနွယ်စုဝင်များ ရှိလေသည်။ တစ်ချို့က ကလေးများ ဖြစ်သောကြောင့် လေထဲတွင် ခုန်ပျံကျော်လွှားမလုပ်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့ကို သယ်ဆောင်ရန် အခြားမျိုးနွယ်စုများ လိုအပ်ပြီး ဤလေလှိုင်းနှင့် အနည်းငယ်ထိတွေ့ရုံဖြင့် အသက်ပါသွားနိုင်မည်ဖြစ်သည်။
နန်းကုန်းဟန်၏ မျက်လုံးများ နီရဲလာသည်။ ထိုလေလှိုင်းကို တွန်းလှန်ချင်သော်လည်း သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူ့အား အဆက်မပြတ်နောက်ဆုတ်သွားစေသော လေလှိုင်းက ရှေ့သို့ တိုးဝင်လာပြီး သူ့မျိုးနွယ်စုများဆီသို့ ရောက်ရှိလာခါနီးတွင်
ရုတ်တရက် အဖြူရောင်ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ထိုပုံရိပ်က နန်းကုန်းဟန်နှင့် အခြားသော မျိုးနွယ်များစုရှေ့တွင် ရပ်နေလေသည်။
ထိုလူက အဖြူရောင် ၀တ်စုံဝတ်ထားသော စုမင်ပင်...
မှန်ထဲမှာ မြင်လိုက်ရသော ကမ္ဘာကြီးကြောင့် သူ့ရင်ထဲမှာ ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားမှုကို ဖြေဖျောက်လိုက်သည်။ထို့နောက် သူ့ညာလက်ကို မြှောက်လိုက်ပြီး တိုးဝင်လာသောလေလှိုင်းကို ကာကွယ်လိုက်သည်။ စုမင်က လေလှိုင်းဒါဏ်ကိုခုခံကာကွယ်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်မှ ရုတ်ခြည်း ပြန့်ကျဲသွားပြီး သူ့နောက်ရှိ ကံကြမ္မာမျိုးနွယ်စုဝင်များစွာဆီသို့ ဖြာကျသွားလေသည်။
အသက်သုံးရှိုက်စာမျှသာရှိပြီး စုမင်က ထိုဒါဏ်အား ခံနိုင်ရည်ရှိရန် ရုန်းကန်နေရသည်။ သူ၏အရိုးများ၊ အသားများက မာန်အရိုးများ အဖြစ်သို့ပြောင်းလဲသွားခြင်းကြောင့် သူ၏ခန္ဓာကိုယ်မှာ ထူးကဲသောစွမ်းအားရှိနိုင်သော်လည်း ထိုလေလှိုင်းကို ကြာရှည်စွာခုခံရန် ခက်ခဲနေဆဲဖြစ်သည်။
အမှန်မှာ၊ ယခုအချိန်အထိ သူဘာကြောင့် အသက်ရှည်နိုင်ရခြင်း၏ အကြောင်းအရင်း တစ်ခုလုံးက သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် ဖြစ်သည်။ အခြားသူဆိုလျှင် ထိုလေလှိုင်းနှင့် ထိတွေ့မိသည့်ခဏတွင် နောက်ပြန်တွန်းထုတ်ခံရကာ ဒဏ်ရာရသွားသည့် နန်းကုန်းဟန်ကဲ့သို့ပင် ဖြစ်လိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ထိုကြီးမားသောလေလှိုင်းကြီးက အရပ်ရပ်သို့ ရွေ့လျားနေပြီး စုမင်တစ် ယောက်တည်းကို ဦးတည်မထားပေ။ ထို့ကြောင့် သုံးကြိမ်တိုင်တိုင်ကာကွယ်ပြီးနောက် လေးလှိုင်းလုံးကြီးသည် ၎င်းတို့၏နေရာကို ဖြတ်ကျော်သွားခဲ့သည်။စုမင် ၏အကာအကွယ်အောက်မှာက သူ နှင့် ကံကြမ္မာမျိုးနွယ်စုအားလုံးကို ပေပေါင်းထောင်ချီပြီး နောက်ဆုတ်သွားခဲ့သည်။ ထိုပုံစံမှာ ရှည်လျားသောလှေတစ်စီးကို လှိုင်းလုံးကြီးများက ရိုက်ခတ်သကဲ့သို့ဖြစ်နေလေသည်။ မည်သူမျှမသေဆုံးဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
စုမင်က ပြင်းထန်စွာ မောဟိုက်လာ လေသည်။ သူ့ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ မှေးမှိန်သွားအောင် မလုပ်ဘဲ ခေါင်းကို မော့လိုက်သည်။ဝဲဂယက်ပျက်ပြယ်သွားပြီးနောက် အဝေးကောင်းကင်ရှိ သစ်သားခြောက်ပုံစံ ကြီးမားသော မျက်နှာကြီးဆီသို့ မျှော်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် စုမင်အကြည့်ရောက်သော ထိုမျက်နှာမှ မျက်လုံးလေးများက သူ့ဆီသို့ လှမ်းကြည့်နေ လေသည်။
“စတုတ္ထမျက်လုံးရဲ့ အလယ်တည့်တည့်က မှော်အစီအရင်ရှိတဲ့နေရာပဲ... မင်း ငါတို့ကို ပေးခဲ့တဲ့ အကူအညီကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး...”
ရှေးခေတ်အသံတစ်ခုက ကမ္ဘာတစ်ခွင်သို့ ပျံ့လွင့်သွားကာ လေထဲတွင် ကျယ်လောင်သောအသံများနှင့် ပေါင်းစပ်သွားသည်။ မကြာခင်မှာပင် စုမင်၏မျက်လုံးရှေ့ရှိ ကြီးမားသောမျက်နှာကြီးက ဖောင်းလာသည်။ မျက်လုံးတစ်မှိတ်အတွင်းမှာပင် ၎င်းက ဆယ်ဆ၊ အဆတစ်ရာ၊ ပြီးတော့ အဆတစ်ထောင် ပိုကြီးလာသည်။ သူက ကောင်းကင်တစ်ခုလုံးကို အစားထိုးဝင်ရောက်လာရုံသာမက ကောင်းကင်မှဆည်းဆာ၏ အမှောင်ရိပ်များ ပျောက်ကွယ်သွားလေသည်။ယင်းအစား ကောင်းကင်ကို ရွှေဝါရောင်အလင်းတန်းဖြင့် အစားထိုးလိုက်သည်။
ယခင်က ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ကန့်လန့်ကာတစ်ခု ရှိနေသကဲ့သို့ ခံစားရသည်။ ထိုကန့်လန့်ကာက ကောင်းကင်၏အရောင်ဖြစ်သောကြောင့် ကြည့်လိုက်လျှင် ဆည်းဆာ၏အရိပ်တွင် ရှိနေသည်။ ယခုတွင်၊ လူ့မျက်နှာရိပ်က ကန့်လန့်ကာ၏ဖုံးကွယ်မှုကနေ ရုန်းထလာသကဲ့သို့ဖြစ်နေလေသည်။
“ကောင်းကင်ကြီးက ကောင်းကင်ကြီးနှင့်တောင်မတူပေ..”
ထို့နောက် ရွှေဝါရောင်အလင်းတန်းများ တောက်ပစွာ ထွန်းလင်းနေလေသည်။ ကောင်းကင်တစ်ခုလုံးက ကြီးမားပြီး ထူးဆန်းသော မှော်စီးယာဉ်၏မျက်နှာပြင်နှင့်တူသည်။ လူတွေက ထိုအရာကနေလာသော ရှေးကျပြီး ထူးဆန်းသည့် လေထုကို ခံစားနိုင်သည်၊၊ ရွှေဝါရောင်အလင်းတန်းက အပေါ်ကနေ တောက်ပလာချိန်၌ စုမင်က ကောင်းကင်ကြီးမှာ ကြီးမားသော သတ္တုအပိုင်းအစအဖြစ် ပြောင်းလဲနေကြောင်းကို မြင်ရလေသည်။ ထိုသတ္တုအပိုင်းအစတွင် သေးငယ်သော အပေါက်လေးများ အများအပြား ရှိနေလေသည်။
တကယ်တော့ ထိုအပေါ်မှာ ထွန်းလင်းပြီး ရှုပ်ထွေးလှသောမှော် သင်္ကေတများစွာ ရှိခဲ့သည်
စုမင်က ထိုအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု တစ်ချို့ ရှိပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။တကယ်တမ်းနဖူးတွေ့ဒူးတွေ့ကြုံလာရသောအခါ စုမင်ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ထိုပုံစံအတိုင်း တွေဝေနေမည်ဆိုလျှင် နန်းကုန်းဟန် နှင့်အခြားကံကြမ္မာမျိုးနွယ်စုဝင်များအတွက် ပိုဆိုးသွားနိုင်လေသည်။
သူတို့၏တုန်လှုပ်ခြောက်ခြားမှုက သူတို့၏အသက်ရှုသံမှာ ရှင်းလင်းစွာ ထင်ဟပ်နေလေသည်။
“အဲဒါဘာလဲ..”
“အဲဒါကိုကြည့်ရတာ ထူးဆန်းတဲ့ မှောစီးယာဉ်တစ်မျိုးလို့ထင်ရတယ်...”
“ဒါ...ယင်ကိုးပါးလောကရဲ့ ကောင်းကင်အစစ်လား... ငါတို့မြင်ခဲ့ရတဲ့ ကောင်းကင်က အတုကြီးပဲ.. ငါတို့ရပ်နေတဲ့ မြေပြင်က လှည့်စားမှုတစ်ခုပဲ...ဒါကမှ တကယ့်အစစ်အမှန်ပဲ..”
လူများ တုန်လှုပ်ခြောက်ခြားမှုမှ ပြန်လည်သတိဝင်လာပြီးနောက် ရာနှင့်ချီသော လူများကြားတွင် အုတ်အုတ်ကျက်ကျက်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ထို့နောက် သူတို့မြင်ရသောအရာများကို မယုံနိုင်ဖြစ်သွားလေသည်။
ကောင်းကင်က ကန့်လန့်ကာကို ဖယ်ရှားလိုက်ပြီးနောက် ရွှေဝါရောင်နှင့်တူသောကောင်းကင်အစစ် ပေါ်ထွက်လာသည်။ထို့နောက် လပုံသဏ္ဍာန်ရှိ မှော်သင်္ကေတကြီး ကိုးခု ထွက်ပေါ်လာပြီး စုမင်၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
မှော်သင်္ကေတကိုးခုက အခြားအရာများနှင့် လိုက်လျောညီထွေဖြစ်စေပြီး ရွှေဝါရောင်အလင်းတန်းများက မှော်စီးယာဉ်၏မျက်နှာပြင်အထက်တွင် ဖြာကျနေလေသည်။ ၎င်းတို့က တောက်ပစွာ လင်းလက်နေသည်ကို စုမင်မြင်သော် ယင်ကိုးပါးလောကရှိ လကိုးစင်းကို သတိရသွားသည် ။
ယင်ကိုးပါးလောက၏ အပြောင်းအလဲကြောင့် တုန်လှုပ်ခြောက်ခြားသွားသော သူ၏မျက်လုံးများက မျက်မှောင်ကြုတ်မိသွားလေသည်။ ရုတ်တရက် ကြီးမားလှသော လူ့မျက်နှာ၏ အလယ်ဗဟိုရှိ စတုတ္ထမျက်လုံးက ရွှေဝါရောင် ကောင်းကင်ပေါ်ရှိ အရာတစ်ခုနှင့် ထပ်တူကျနေလေသည်။
ထိုခဏ၌ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ကောင်းကင်ကြီး ရွေ့လျားနေသကဲ့သို့ ကွာဟချက်တစ်ခု ပေါ်လာသည်။ ထိုနေရာမှ အလင်းတန်းများ ထွက်လာသည်။ ကြီးကြီးမားမားမဟုတ်သော်လည်း အားပျော့သောခံစားချက်ကို ပေးစွမ်းလေသည်။ ထိုကွာဟချက်က စုမင်၏အထက်တွင်ရှိပြီး ၎င်းကို ရည်ရွယ်ချက်ရှိရှိ ဖွင့်ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။
“ငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် အသက် ဆယ်ရှုက်စာလောက်ပဲ ခံနိုင်ရည်ရှိတာ...မြန်မြန်ဝင်ကြ...”
ယင်ကိုးပါးလောက၏ ဝိညာဉ်အိုကြီးထံမှ ရှေးကျသော အသံက လေထဲတွင် ချက်ချင်းပင် ပျံ့လွင့်သွားသည်။ စကားပြောနေစဉ်တွင်ပင် ဖောင်းကားနေသော ဧရာမမျက်နှာကြီးက တစ်ခဏမျှရပ်တန့်လာပြီး ကြီးမားကြီးထွားလာနေသော ၎င်း၏ လုပ်ဆောင်ချက်ကလည်း ရပ်တန့်သွားသည်။ စတုတ္ထမျက်လုံးက ရွှေဝါကောင်းကင်နှင့် ထပ်နေသောကြောင့် ကွက်လပ်(အပေါက်) တစ်ခုကို ဖြစ်ပေါ်စေသည်။
စုမင်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူက ကောင်းကင်ဆီသို့ တည့်တည့်တိုးဝင်သွားသည်။ ကံကြမ္မာမျိုးနွယ်များက သူ့နောက်သို့ လိုက်ခဲ့သော်လည်း သူတို့က နှေးကွေးလွန်းပြီး စုမင်ကိုအမှီလိုက်ရန် မမျှော်လင့်နိုင်ကြပေ။ ထို့ကြောင့် စုမင်က ပထမခြေလှမ်းကိုလှမ်းလိုက်သောအခါတွင် ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ဖန်ထွန်းလင်းတောက်ပစေပြီး သူ့နောက်ကွယ်ရှိ ရာနှင့်ချီသော ကံကြမ္မာမျိုးနွယ်စုအားလုံးပေါ် ဖြာကျသွားကာ ကျယ်လောင်သော အသံနှင့်အတူ ကောင်းကင်ဆီသို့ ပျံ့လွင့်သွားကြသည်။
ယခုအချိန်တွင် စုမင်အတွက် အထူးဖွင့်ထားသည့်ထွက်ပေါက်ကလေးသည် မရပ်မနား တောက်ပနေပါသည်။ ၎င်း၏အသွင်အပြင်က လူ့မျက်နှာနှင့် ရွှေဝါရောင်ကောင်းကင်ကြားတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။ ကောင်းကင်ပေါ်ရှိမျက်နှာက ထိုထွက်ပေါက်ကို ဖြတ်သန်းသွားပြီးနောက် ထိုထွက်ပေါက်မှာ ပျောက်ကွယ်သွားသင့်သော်လည်း ယင်ကိုးပါးလောက ၏ဝိညာဉ်အိုကြီးက ၎င်း၏ လုပ် ဆောင်ချက်များကို တားဆီးခဲ့သည်။ ဤနည်းဖြင့် ရပ်တန့်ခြင်းက စစ်မှန်သောလောကများကြားရှိ ရွေ့လျားနိုင်သောမှော်စီးယာဉ်ကို ရပ်တန့်ခြင်းနှင့် တူပါသည်။ ထိုသို့ပြုလုပ်ရန် အခက်အခဲအဆင့်မှာ မယုံနိုင်လောက်အောင် မြင့်မားနေပြီး အဘိုးအို၏ စွမ်းရည်များဖြင့် သူက အသက် ဆယ်ရှိုက်စာမျှသာ ကြာရှည်အောင် ပြုလုပ်နိုင်ခဲ့သည်။
စုမင်က ကံကြမ္မာမျိုးနွယ်စုများနှင့် အတူ ကောင်ကင်းရှိထွက်ပေါက်လေးဆီသို့ တစ်ဟုန်ထိုးပျံသန်းဆနလေသည်။ အဝေးမှကြည့်လျှင့ ကောင်းကင်ဆီသို့ နီးသထက်နီးကပ်လာနေသော ရွှေရောင်ကြယ်ပွင့်လေးတစ်ပွင့်နှင့်တူသည်။ လေးကြိမ်မြောက်အသက်ရှိုက်စာ၌ သူတို့က ရွှေဝါရောင်ကောင်းကင်ကြီး၏ ထွက်ပေါက်နားမှာ နီးကပ်နေပြီဖြစ်သည်။
ထိုအချိန်တွင်ပင် ထွက်ပေါက်က ပြင်းထန်စွာ တုန်ခါလာသည်။ ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်း၌ တုန်ခါမှုများက ပိုမိုပြင်းထန်လာသည်။ ကျယ်လောင်သောအသံများက လေထဲတွင် တဟုန်ထိုး ပျံ့နှံ့နေပြီး ထွက်ပေါက်အပြင်ဘက်တွင် ရပ်နေသောစုမင်၏ မျက်လုံးများရှေ့ရှိ မူလအေးခဲရပ်တန့်သွားသော လူ့မျက်နှာကြီးက တဖြည်းဖြည်း ရွေ့လျားလာပြီး ကြီးမားလာသည်။ အချိန်မှာ… အသက် ဆယ်ရှိုက်စာတောင် မပြည့်သေးပေ။
“မြန်မြန်လုပ်... ငါ ကြာကြာမလုပ်နိုင်တော့ဘူး...”
ယင်ကိုးပါးလောက ဝိညာဉ်အိုကြီး၏အသံက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။
လောကဝိညာဉ်တော်၏ လှုပ်ရှားမှုကြောင့် ထွက်ပေါက်က ပြန်စေ့(ပိတ်)လာပေတော့မည်။စုမင် တစ်ကိုယ်လုံးရှိ ရွှေရောင်အလင်းတန်းများက အဆမတန် တောက်ပလာသည်။ သူ့နောက်ကွယ်ရှိ ကံကြမ္မာမျိုးနွယ်စုဝင်များက အလျင်မြန်ဆုံး အရှိန်နှင့် ထွက်ပေါက်ဆီသို့ တည့်တည့် ပြေးသွားကြသည်။ လောကဝိညာဉ်တော်၏လှုပ်ရှားမှုများ ပြန်လည်အသက်ဝင်လာသောပြီး ထိုမျက်နှာက ထိုထွက်ပေါက်ကို ကျော်သွားသောကြောင့် ထွက်ပေါက်မှာပျောက်သွားပြီး စုမင်က ၎င်းကို အတင်းတွန်းဝင်လိုက်သည်။
ကံကြမ္မာမျိုးနွယ်စုဝင်များသည်လည်း သူနှင့်အတူ ပါ၀င်ခဲ့ကြသော်လည်း ၎င်းထွက်ပေါက်ထဲသို့ မ၀င်ရောက်နိုင်သော ကံကြမ္မာမျိုးနွယ်စု ကိုးယောက်ရှိသည်။ ထွက်ပေါက်ပိတ်ပြီးသည်နှင့် သူတို့က ပိတ်မိနေခဲ့ကြသည်။
ကိုးယောက်ထဲမှ တစ်ယောက်မှာ တိုင်မူကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့သူဖြစ်ပြီး ငယ်ငယ်က စုမင် သူ့ကို စတွေ့တုန်းက သူ့ညာလက်မောင်းကို ဆုံးရှုံးခဲ့ရသူပင်ဖြစ်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထွက်ပေါက်က ပိတ်သွား လေသည်။ စုမင်နှင့် ထွက်ပေါက်ဆီသို့ ရ ပြေးဝင်ခဲ့ကြသော ကံကြမ္မာ မျိုးနွယ်စုအားလုံးက ယင်ကိုးပါး ကမ္ဘာတွင် ကျန်နေခဲ့သူများ ဘာဖြစ်သွားသည်ကို မသိနိုင်ပေ။ ထိုအချိန်တွင် သူတို့က ကြီးမားသော လိုဏ်ခေါင်းတစ်ခုတွင် ရှိနေကြသည်။