← Chapters

ညာဘက်လမ်းသွယ်

Vol. 37 Ch. 503

ညာဘက်လမ်းသွယ်

Vol. 37 Ch. 503

စုမင်က သူ့အကြည့်များကို နေရာအနှံ့ ဖြန့်ကျထားလေသည်။ လိုဏ်ခေါင်းက အမှောင်အတိဖြစ်နေလေသည်။ နံရံများကို ကျောက်ဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ ကြေးညို‌ရောင်ဖြင့်ပြုလုပ်ထားသည်။ မှော်သင်္ကေတများကလည်း တစ်ခုနှင့်တစ်ခု သတ်မှတ်အကွာအဝေးတွင် ထွန်းလင်း နေသည်ကို တွေ့ရှိနိုင်သည်။

ထွန်းလင်းသော မှော်သင်္ကေတများက ထိုနေရာ၌ တစ်ခုတည်းသော အလင်းရောင်၏ရင်းမြစ်ဖြစ်သည်။

ရာနှင့်ချီသော ကံကြမ္မာမျိုးနွယ်စုများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သူတို့၏မျက်နှာပေါ်တွင် ဝမ်းနည်းခြင်းအရိပ်အ‌ယောင်များကို တွေ့နိုင်သည်။ သူတို့အားလုံးက အနာဂတ်တစ်စုံတစ်ရာမရှိဘဲ ဆယ့်ငါးနှစ်ကြာ အတူနေထိုင်ခဲ့ကြပြီး ယခု ဤနေရာမှ ထွက်ခွာရန် မျှော်လင့်ချက်ရှိခဲ့သော်လည်း ၎င်းတို့အနက် ကိုးဦးမှာ ၎င်းတို့နှင့် ထာဝရခွဲခွာသွားခဲ့ပြီဖြစ်သည်။

ထိုလူကိုးယောက်ကို စောင့်ကြိုနေသည့်က သေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ပေ။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းအချို့ ဖြတ်ပြေးသွားလေသည်။ထို့နောက် သူ့ပတ်ဝန်းကျင် လေ့လာခြင်းကိုရပ်တန့်လိုက်သည်။ ထိုလူအုပ်ကြီးထဲတွင် သူက ဦးဆောင်လမ်းပြအနေဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ ရှေ့သို့ ဆက်သွားစဉ် သူ့နောက်မှ ကံကြမ္မာမျိုးနွယ်စုများက နောက်မှလိုက်လာသည်။

လမ်းတစ်လျှောက်လုံး မည်သူမှ စကားမပြောဘဲ တိတ်ဆိတ်မှုက နေရာယူထားလေသည်။ကံကြမ္မာမျိုးနွယ်ဝင်တစ်ချို့က ခဏခဏ ခေါင်းမော့နေရင်း သူတို့၏အကြည့်များက စုမင်၏နောက်ကျောဆီကို ကျရောက်သွားလေသည်။ အမည်မသိသော အကြောင်းတစ်ခုခုကြောင့် သူတို့၏နှလုံးသားများက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ စုမင်က ၎င်းတို့အား အံ့ဖွယ်ဆန်းကြယ်မှုတို့အားယူဆောင်လာခဲ့ပြီးဖြစ်သည်။

ပထမအကြိမ်က မျိုးနွယ်စုများကို သတ်ဖြတ်နေသော ရွှေလင်းနို့များနှင့် ရင်ဆိုင်ရသောအခါ ကူကယ်ရာ ခိုကိုးရာမဲ့ဖြစ်ခဲ့ရပြီး ဒုတိယတစ်ခုမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည်။ ဆယ့်ငါးနှစ်ကြာ ပိတ်မိနေပြီးနောက် ဤနေရာမှ ထွက်ခွာပြီး အနာဂတ်ကို ရင်ဆိုင်ရမည်။ စုမင်က သူတို့အား ထွက်ခွာမှုအတွက် ပြင်ဆင်ထားရန် ပြောခဲ့သည်။

တတိယ အံ့ဖွယ်ဆန်းကြယ်မှုတစ်ခု ရှိမည်ဟု သူတို့ယုံကြည်ကြသည်။ ဤတတိယမြောက် အံ့ဖွယ်မှုမှာ သူတို့လေးစားရသောအကြီးအကဲမိုက တောင်ပိုင်းအရုဏ်ဦးနယ်မြေသို့ ပြန်ပို့ပေးလိုက်ခြင်း ဖြစ်လိမ့်မည်။

ဤသည်မှာ ကံကြမ္မာမျိုးနွယ်စုတစ်ဦး၊ နှစ်ဦး၏ စိတ်ကူးသာမဟုတ်ပေ။၎င်းတို့အားလုံး ဥမင်လိုဏ်ခေါင်းကို ဖြတ်သွားစဉ် တူညီသော အတွေးအမြင်များပင်ဖြစ်သည်။စုမင်က သူတို့၏မျှော်လင့်ချက်ဖြစ်သည်ဟု ဆိုနိုင်သည်၊၊ ယင်ကိုးပါးလောကတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သူတို့တွေ့မြင်ပြီးနောက်တွင် ဤခံစားချက်က ပိုပြင်းထန်လာသည်။

စုမင် ရှေ့သို့ ရွေ့သွားပြီး သူ၏နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်လိုက်သော်လည်း ၎င်းကို အဝေးသို့ မလွှတ်နိုင်ပေ။ သူ့ပတ်လည်ရှိ နံရံများက သူ၏နတ်ဘုရားအာရုံကို လွန်စွာ သဘောမကျကာ ဖြန့်ကျက်ခြင်းကို တားဆီးခဲ့ကြသည်။

ရှေ့သို့ တိုးဝင်လာသည်နှင့်အမျှ စုမင်က လိုဏ်ခေါင်းနှင့်မဝေးလှသောအကွာအဝေးတွင် ရုတ်တရက် ရပ်တန့်သွားသည်။ သူတို့က လမ်းဆုံလမ်းခွသို့ ရောက်ရှိလာပြီး ၎င်းတို့ရှေ့တွင် လမ်းသုံးသွယ်ရှိသောကြောင့် လူများက မည်သည့်လမ်းဖြင့် ရွေးချယ်ရမည်ကို မသိကြပေ။

စုမင်ရပ်တန့်လိုက်သည်နှင့် အခြား ကံကြမ္မာမျိုးနွယ်စုသည်လည်း ရပ်တန့်သွားခဲ့သည်။ သူတို့ ပတ်ပတ်လည်ကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး နန်းကုန်းဟန်က စုမင်ဘေးတွင် ရပ်ရန် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူက ပတ်ပတ်လည်ကိုတစ်ချက် လှည့်ကြည့်လိုက်ပြီး စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုကဲ့သို့ကြည့်နိုင်သောသူက တစ်ယောက်တည်းမဟုတ်ပေ။ နေရာရှိ ကံကြမ္မာမျိုးနွယ်ဝင်များအားလုံးက စုမင်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ယင်ကိုးပါးလောက၏ ဝိညာဉ်အိုကြီးက ဤနေရာတွင် လမ်းဆုံရှိမည်ဟု မပြောခဲ့ပေ။ သူ့ရှေ့ရှိ လမ်းသုံးသွယ်ထဲက လမ်းမှားကို ရွေး၍မရကြောင်း သူသိလေသည်။ သူရွေးချယ်လိုက်သည်နှင့် အဖိုးတန်အချိန်များ ဆုံးရှုံးသွားလိမ့်မည်။

စုမင်နှင့် အခြားသူများက လမ်းဆုံလမ်းခွသို့ ရောက်ရှိလာပြီး လမ်းသုံးသွယ်ကို ကြည့်လိုက်ရာ ဥမင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားကာ ထိုနေရာရှိ လူများ ကောင်းစွာ မရပ်နေနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။

ဥမင်လိုဏ်ခေါင်း ပြိုကျလုနီးနီး ဖြစ်နေသကဲ့သို့ ကျယ်လောင်သော အသံများ အပြင်မှ ထွက်လာသည်။ ၎င်းတို့ဝန်းကျင် မှော်သင်္ကေတများက မကြာခဏဆိုသလို လင်းလက်လာသည်။ ဤနေရာတွင် လူများက အချိန်အကြာကြီးနေလာသောအခါတွင် တုန်လှုပ်ချောက်ချားစိတ်များ စတင်ခံစားလာရသည်။

စုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ ကံကြမ္မာမျိုးနွယ်စုများ၏အကြည့်အောက်တွင် သူကချက်ချင်းဆုံးဖြတ်ချက်မချဘဲ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရန် ရွေးချယ်ခဲ့သည်။ထို့နောက် သူ့မျက်စိကိုမှိတ်ပြီး နတ်ဘုရားအာရုံကို သုံးခုစီခွဲကာ အပြင်သို့ လျင်မြန်စွာ ဖြန့်ကျက်၍ ထိုလမ်းသုံးသွယ်ဆီသို့ လျင်မြန်စွာ ပို့လွှတ်ပေးလိုက်၏။

သူ၏နတ်ဘုရားအာရုံ ဖြန့်ကျက်လိုက်သည်နှင့်အမျှ ၎င်းက ဒြပ်စင်များကို တွန်းထုတ်သည့် နေရာထဲသို့ ဆက်လက် ပြေးဝင်သွားကာ တောက်လျှောက် အားနည်းလာခဲ့သည်။ သူ၏နတ်ဘုရားအာရုံခံစားမှု၏တစ်စိတ်တစ်ပိုင်းစီက ထိုဥမင်လိုဏ်ခေါင်းထဲသို့ ပေတစ်ထောင်မျှ မပျံ့နှံ့မီတွင် ကြိုးသုံးမျှင်သာ ကျန်ရှိတော့သည်။၎င်းတို့ လုံးဝပျောက်ကွယ်သွားတော့မည့်ချိန်၌

စုမင်၏အခြေတည်ဝိညာဥ်စွမ်းရည်က သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်သွားပြီး သူ့၏ နတ်ဘုရားအာရုံနှင့်‌ ပေါင်းစပ်သွားသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့်၊ သူ၏နတ်ဘုရားအာရုံက ချက်ချင်းဆိုသလို တိုးမြင့်လာပြီး အောက်ဘက်သို့ ဆက်လက်ပျံ့နှံ့သွားသည်။ ထိုသို့ လုပ်နေစဉ် သူ့ရှေ့ရှိ ဥမင်လိုဏ်ခေါင်းအတွင်း၌ သူ၏နတ်ဘုရားအာရုံက သဲလွန်စမရှိဘဲ ထူးထူးခြားခြား ပျောက်ကွယ်သွားကြောင်း တွေ့ရှိခဲ့သည်။ အချိန်မီ သတိမပြုမိနိုင်လောက်အောင်ပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ရှေ့သွားမည့်လမ်းကို စူးစမ်းနေချိန်၊ နတ်ဘုရားအာရုံ ပျောက်ကွယ်သွားချိန်၌ စုမင်က သူ့၏ဘယ်ဘက်လမ်းကြောင်းမှာ ကြီးမားသော တည်နေရာရွေ့ပြောင်းခြင်းအစီအရင်တစ်ခုကို တွေ့လိုက်ရသည်။ထိုအစီအရင်က အချိန်မရွေး စတင်အသက်ဝင်လာတော့မည်သ‌ယောင် ဖြည်းညှင်းစွာလည်ပတ်နေလေသည်။

စုမင်၏ မျက်လုံးများက လျင်မြန်စွာ ပွင့်လာသည်။ သူ့ရှေ့ရှိ လမ်းကြောင်း၌ အဘယ်ကြောင့် နတ်ဘုရားအာရုံပျောက်ကွယ်သွား ကြောင်းကို စဉ်းစားချိန်မရှိခဲ့ပေ။ ညာဖက်လမ်းကို ပျံ့လွင့်သွားသော နတ်ဘုရားအာရုံကို ပြန်ယူခါနီးတွင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရှေ့သို့ ရွေ့လျားကာ ညာဘက်သို့အမြန်လှည့်ကြည်လိုက်သည်။

သူ၏မျက်လုံးများက မျက်မှောင်ကြုတ်မိသွားပြီး တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။ ထိုနတ်ဘုရားအာရုံက သူ့၏ညာဖက်လမ်းသွယ်ထဲသို့ ပေတစ်သောင်းကျော်သွားသည့်အခါ ကြီးမားသောနေရာလွတ်ကြီးကို မြင်လိုက်ရခြင်းပင်ဖြစ်သည်။

ထိုနေရာ၌ ကြီးမားသော ပူဖောင်းများ ရှိခဲ့သည်။ ထိုပူဖောင်းအများစုက ပေါက်ကွဲလုနီးပါဖြစ်နေ သော်လည်း မပျောက်ကွယ်သွားပေ။ ၎င်းတို့ထဲမှ အချို့က စင်းလုံးချောနေပြီ ပြီးပြည့်စုံသော အခြေအနေတွင် ထိန်းသိမ်းထားခံခဲ့ရသည်။

စုမင်၏အသက်ရှူသံများက မြန်ဆန်လာပြီး အံကြိတ်ကာ နတ်ဘုရားအာရုံကို ပြန်လည်ရယူကာ ညာဘက်ဥမင်လိုဏ်ခေါင်းကို ဆက်မကြည့်တော့ပေ။ ယင်းအစား သူက

ထရပ်လိုက်ပြီး မှော်အစီအရင်ကိုရှာတွေ့သော ဘယ်ဘက်မှာရှိသောလမ်းသွယ်ဆီသို့ သွားပြီး သူ့နောက်က ကံကြမ္မာမျိုးနွယ်စုအားလုံးကို ခေါ်ဆောင်လာခဲ့သည်။

လူအုပ်ကြီးက အရှိန်ပြင်းပြင်းဖြင့် လမ်းကြောင်းပေါ်မှ ရွေ့လျားလာသည်နှင့်အမျှ တုန်ခါမှုများ ပိုမိုခံစားရလာခဲ့သည်။ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး လိုဏ်ခေါင်းတစ်ခုလုံး ဒေါသတကြီး တုန်ခါနေတော့သည်။ အက်ကွဲမှုများက မြေပြင်ပေါ်တွင် ပေါ်လာပြီး အားကောင်းသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ဥမင်လိုဏ်ခေါင်းအတွင်းရှိ မြေပြင်က အချိန်မရွေး ပြိုကျတော့မည်ဟု အားလုံးက ထင်မြင်သွားကြသည်။

တစ်ချိန်တည်းမှာပင်နံရံများပေါ်ရှိ မှော်သင်္ကေတများက လင်းတစ်ချက် မလင်းတစ်ချက်အခြေအနေမှ ထွန်းတောက်လာခဲ့သည်။ အလင်းရောင်က နံရံများကိုသာမက ဥမင်လိုဏ်ခေါင်းတစ်ခုလုံးကို ထိုအချိန်တွင် နေ့ကဲ့သို့ တောက်ပစေသည်။

လူအုပ်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် မကြာမီ ရှေ့ရှိ ဥမင်လိုဏ်ခေါင်းထဲတွင် နေရာလွတ်တစ်ခု ပေါ်လာသည်။ ထိုမြေကွက်လပ်တွင် အက်ကွဲကြောင်းများ ရှိခဲ့သော် တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် ကျယ်လောင်သော ကျယ်လောင်သော အသံများနှင့်အတူ လည်ပတ်နေသော မှော်အစီအရင် ၊စီးယာဥ်ကြီးတစ်ခုလည်း ရှိခဲ့သည်။

ထိုမှော်စီးယာဉ်မှာ နေရာရွှေ့ပြောင်းရန်အတွက် အသုံးပြုနိုင်ကြောင်း ခံစားချက်ကို ထုတ်လွှတ်ပေးနေ သည်။ ထိုအချိန်တွင် ၎င်းက အပြည့်အဝ အသက်သွင်းထားပြီးဖြစ်ပြီး မျိုးနွယ်စုတို့ ဝင်ရောက်လာချိန်တွင် ဤနေရာမှ ချက်ချင်း ပြောင်းရွှေ့သွားမည်ဖြစ်သည်။

လူတိုင်း ထိုမှော်အစီအရင်ကို မြင်ပြီး စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည့်အခါ ရုတ်တရက် ပြင်းထန်သော တုန်လှုပ်မှုက ဥမင်လိုဏ်ခေါင်းကို လှုပ်ခါသွားပြန်သည်။ မူလက အလျားလိုက် တည်ရှိနေသည့် လိုဏ်ခေါင်းက ရုတ်ခြည်း တိုင်တစ်တိုင်ထောင်ထားသကဲ့သို့ တည့်မတ်သွားသော် မျိုးနွယ်စုဝင်များအားလုံးက ဒယီးဒယိုင်ဖြစ်ကာ နောက်ပြန်ပြုတ်ကျသွား‌လေသည်။

“ငါတို့ဆီမှာ အကျပ်အတည်းတစ်ခု ရှိတယ်..ဒါကို မင်းတို့ရဲ့စွမ်းအားအားလုံးကို ထုတ်သုံးပြီး မှော်အစီအရင်ထဲကို ဝင်လိုက်.. ငါတို့ဘယ်ကို ပြောင်းရွှေ့ရမယ်ဆိုတာ အရေးမကြီးဘူး..တောင်ပိုင်းအရုဏ်ဦးနယ်မြေကို ရောက်ပေမယ့်..လူစုကွဲသွားရင် တစ်ခုတော့ သတိရလိုက်...”

“ငါတို့ကရှာမန်တွေမဟုတ်တော့ဘူးတောင်ပိုင်းအရုဏ်ဦးနယ်‌မြေရဲ့ကောင်းကင်ယံမြစ်တောင်တန်းမှာ ငါတို့စုဝေးမယ်..ကောင်းကင်ယံမြစ်တောင်တန်းမရှိတော့ရင်လည်း အဲ့နားတစ်ဝိုက်မှာပဲ ‌စောင့်နေမယ်...”

ငါတို့ကံကြမ္မာမျိုးနွယ်စုရဲ့ တောင်ပိုင်းအရုဏ်ဦးနယ်‌မြေမှာ ငါတို့ရဲ့နာမည်တွေကို ဟစ်အော်ကြမယ်.. ကောင်ကင်ယံမြစ်တောင်တန်းကို သတိရပါ.. ဒါကို သတိရပါ...ငါတို့ကိုးကွယ်ရမဲ့လူက လေးစားရတဲ့အကြီးအကဲမိုပဲ...”

နန်းကုန်းဟန်က သူ့အသံကိုမြှင့်ကာ အော်ပြောလိုက်လေသည်။ ထိုအသံက လေထဲ၌ ကျယ်လောင်စွာပျံ့လွင့်ပြီး ကံကြမ္မာမျိုးနွယ်စုအားလုံး၏ နားထဲသို့တိုးဝင်သွားသော် သူတို့မျက်လုံးထဲမှာ ဆုံးဖြတ်ချက်များ ပြတ်သားသွားခဲ့သည်။

“အားလုံးပဲ... တောင်ပိုင်းအရုဏ်ဦးနယ်‌မြေမှာစုံကြတာပေါ့..”

စုမင်၏ခန္ဓာကိုယ်က ပျံသန်းသွားပြီး ဒေါင်လိုက်ဥမင်လိုဏ်ခေါင်းရှိကံကြမ္မာမျိုးနွယ်စုထံသို့ လက်သီးနှင့်လက်ဖဝါးထပ်ကာ နှုတ်ဆက်ဟန်ပြုလိုက်သည်။

“ငါတို့ကံကြမ္မာမျိုးနွယ်စုက အကြီးအကဲကို ထာဝရကိုးကွယ်နေမှာပါ လေးစားရတဲ့အကြီးအကဲမို..ကျုပ်တို့ တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာတွေ့ကြမယ်..”

သူတို့၏ အသံများက လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ တစ်ခုပြီးတစ်ခု ရွေ့လျားနေသောမှော်အစီအရင်ဆီသို့ ဦးတည်သွားကြသည်။ သူတို့ အထဲကို ဝင်သွားသော် ချက်ချင်း ပျောက်သွားလေသည်။

ဥမင်လိုဏ်ခေါင်းက ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားပြီး မလှမ်းမကမ်းရှိအစက်အပြောက်များထဲမှ တစ်ခုက ပြိုကျမည့် အရိပ်အယောင်များ ထင်ဟပ်နေလေသည်။ ကံကြမ္မာမျိုးနွယ်စုက ရှေ့သို့တစ်ဟုန်ထိုးသွားကြပြီး စုမင်ကို ကျော်ဖြတ်သွားသောအခါ အားလုံးနီးပါး ခဏရပ်သွားကြသည်။ ထို့နောက် သူတို့ လေးစားထိုက်သော အကြီးအကဲမို၏နာမည်ကို အော်ဟစ်ကာ အရိုအသေပြုဟန်လုပ်ပြီးနောက် မှော်အစီအရင်ထဲသို့ ဝင်သွားကြသည်။

စုမင်ကိုခေါ်ဆိုသော အသံများက သူတို့၏ခိုင်မာပြတ်သားမှုကို ပြသနေပါသည်။ ဤအရာက သူတို့အတွက် နာမည်မဟုတ်တော့ဘဲ၊ သူတို့၏ နှလုံးသားထဲတွင် အမှန်တကယ် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ဆယ့်ငါးနှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရပြီးနောက် ရှာမန်များအတွက် ၎င်းတို့၏ စိတ်ပျက်အားငယ်မှုကို ပြသခြင်းလည်း ဖြစ်သည်။

စုမင်ကို ‘လေးစားထိုက်သော အကြီးအကဲမို’ ဟု ရည်ညွှန်းလိုက်သည်နှင့် ဤအရာအားလုံးက ထာဝရအဖြစ် တည်တံ့သွားပြီး

ကံကြမ္မာမျိုးနွယ်စု၏ ပြင်းထန်သောသံန္နိငှာန်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ “တောင်ပိုင်းအရုဏ်ဦးတိုင်းပြည်၌ ပြန်ဆုံကြမည်” ဟူသော ကြွေးကြော်သံများသည် ပေါ့ပေါ့ပါးပါး စကားမျှသာ မဟုတ်ဘဲ သူတို့၏ နှလုံးသား၏နက်ရှိုင်းသောကတိစကားများပင်ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက်၊ နန်းကုန်းဟန်မှလွဲ၍ ကံကြမ္မာမျိုးနွယ်စုအားလုံးက ၎င်းတို့၏ နှုတ်ဆက်ပွဲနှင့်‌ မှော်အစီအရင်ထဲသို့ ဝင်သွားလေသည်။ထိုအခါ နန်းကုန်ဟန်က စုမင်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူ့လက်ကို အရိုအသေပြုဟန် လုပ်ပြီး တစ်ခုခုကို ပြောချင်နေဟန်တူသော်လည်း အဆုံးတွင် ထိုသို့မလုပ်ရန် ရွေးချယ်လိုက်သည်။ ယင်းအစား သူပြန်လှည့်ပြီး တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ထဲသို့ ၀င်သွားလေသည်။ မှော်အစီအရင်က တဖျပ်ဖျပ်တောက်ပြီး သူ့ခန္ဓာကိုယ် ပျောက်ကွယ်လုနီး ဖြစ်နေချိန်တွင် စုမင်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“ကံကြမ္မာမျိုးနွယ်စုရဲ့စကားတွေက ပြီးစလွယ်ပြောလိုက်တဲ့စကားတွေမဟုတ်ဘူး...ကျုပ်တို့ရဲ့ စကားတွေက မရိုးမသား လိမ်ညာပြောဆိုခြင်းလည်း မပါဘူး.. ပြင်ပလောကကြီးရဲ့ ပြင်းထန်တဲ့အပြောင်းအလဲတွေကိုရင်ဆိုင်ချိန်မှာ လေးစားအပ်တဲ့အကြီးအကဲမိုရဲ့ကြင်နာမှုကို ကျုပ်တို့ ဘယ်သောအခါမှ မေ့မှာမဟုတ်ပါဘူး.. ငါတို့က အကြီးအကဲကို ကိုးကွယ်မယ်.. ငါတို့ရဲ့သားမြေး၊ မြေးမြစ်‌တွေကလည်း အကြီးအကဲကို ကိုးကွယ်ပါ့မယ်...”

နန်းကုန်းဟန်၏ စကားများက လေထဲတွင် ပဲ့တင်ထပ်ကာ သူ့ခန္ဓာကိုယ်က မှော်အစီအရင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

မှော်အစီအရင်က လည်ပတ်နေဆဲဖြစ်သည်။စုမင်က လိုဏ်ခေါင်းထဲတွင် ရပ်နေလေသည်။ သူ့ပတ်ဝန်းကျင်က တုန်ခါမှုတွေက ပိုပြင်းထန်လာလေသည်။ သူက မှော်အစီအရင်ကိုကြည့်လိုက်ပြီး ရုတ်တရက် ပြန်လှည့်လိုက်သည်။ သူက မှော်အစီအရင်ထဲသို့မလှမ်းခဲ့ဘဲ သူသွားခဲ့သည့်လမ်းအတိုင်း ပြန်လျှောက်ခဲ့သည်။

ထိုအတိုင်းသာ ထွက်သွားလျှင် သူ နောင်တရနေလိမ့်မည်။ သူ့မှာ အဖြေမရသေးသော မေးခွန်း အများကြီး ရှိသောကြောင့်ဖြစ်သည်။

စုမင်က သတ္တိရှိပြီး အဆုံးထိ ရှင်သန်နိုင်လျှင် ဤနေရာမှ မထွက်ခွာဘဲ အန္တရာယ်နှင့် ရင်ဆိုင်နိုင်လျှင် ‌အစစ်အမှန်‌လောကကြီးကို မြင်နိုင်လိမ့်မည်ဟု ယင်ကိုးပါးလောက၏ ဝိညာဉ်အိုကြီးက တစ်ချိန်က ပြောခဲ့ဖူးသည်။

စုမင်က ထိုစကားများကို စိတ်ထဲမှာ စွဲမှတ်ထားပြီး စူးစမ်းချင်နေသည် ။

ထို့အပြင် ညာဘက်လမ်းသွယ်၌ရှိသောအရာများကို မြင်သောအခါ တုန်လှုပ်ချောက်ချားခြင်းမှလွဲ၍ အမည်မသိသော အကြောင်းတစ်ခုခုကြောင့် ရင်းနှီးကျွမ်းဝင်မှုကို ခံစားခဲ့ရသည်...

ရင်းနှီးကျွမ်းဝင်မှုက အလွန်ပင် မရေမရာ ဖြစ်ခဲ့သည်။ အာရုံစူးစိုက်ပြီး လိုက်ရှာလျှင် ရှာရခက်လိမ့်မည်။ သူအရမ်းဂရုမစိုက်သည့် အချိန်မျိုးဆိုလျှင် သူ့မှာ ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုး ရရှိပေလိမ့်မည်။

ဥမင်လိုဏ်ခေါင်းကို ညာဘက်ခြမ်းကို စူးစမ်းရန် သူ့၏နတ်ဘုရားအာရုံကို အသုံးပြုခဲ့သည်။ထို့နောက် ခဏအတွင်းမှာ ထိုကဲ့သို့ခံစားချက်မျိုး ပေါ်လာခဲ့သည်။

ထိုခံစားမှုမျိုးက ဘယ်လိုမျိုးလဲ မသိပေ၊၊ တစ်နေရာကို ရောက်သည့်အခါ တိုက်ဆိုင်မှု သက်သက်ကြောင့်လည်း ထိုသို့ခံစားရခြင်းဖြစ်နိုင်သည်။ ထိုကဲ့သို့ ခံစားရသူမျိုးများ လောကမှာ တခြားသူထပ်ရှိနိုင် မနိုင်ကို သေချာမသိပေ။

စုမင်က အသက်ရှုကြပ်မှုခံစားရပြီး ဥမင်လှိုဏ်ခေါင်းထဲကသို့ ဖြတ်သွားခဲ့သည်။ ပြိုကျနေသော လမ်းပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် လမ်းဆုံလမ်းခွကို ရောက်သွားလေသည်။ ထို့နောက် မဆိုင်းမတွဘဲ ဥမင်လှိုဏ်ခေါင်း၏ ညာဘက်သို့ တစ်ဟုန်ထိုး‌ ပြေးသွားလိုက်သည်။

ထိုအချိန်တွင် ညာဘက်ရှိ ဥမင်လိုဏ်ခေါင်းသည်လည်း ဒေါင်လိုက် အနေအထားရှိနေ၏။ ကျောက်စာတိုင်တစ်ခုပေါ်သို့ ပြေးတက်သွားသကဲ့သို့ စုမင်က အပေါ်သို့ပြေးတက်လိုက်သည်။ လမ်းကြောင်းပေါ်ရှိ မှော်သင်္ကေတများသည် တောက်ပနေပြီး မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ပေ။ သူ့ပတ်ဝန်းကျင်မှာ နောက်ထပ် အက်ကွဲကြောင်းများ ပေါ်လာပြီး ထိုအက်ကြောင်းများကနေ အလင်းတန်းများစွာ စူးရှလင်းလက်သွားသည်။

ဤဥမင်လိုဏ်ခေါင်း၏အဆုံးတွင် စုမင်က သူ၏နတ်ဘုရားအာရုံဖြင့် ယခင်ကရှာဖွေတွေ့ရှိခဲ့သော လစ်လပ်မြေပြင်ဖြစ်သည်။ နံရံများတွင် အက်ကွဲကြောင်းများ ပိုများလာကာ ၎င်းတို့ထဲမှ တစ်ခုက လက်သီးဆုတ်လောက် ကြီးမားသည်။

စုမင်က ချက်ချင်းပင် လစ်လပ်‌ မြေပြင်ကြီးထဲသို့ လှမ်းဝင်လာပြီး ထိုအက်ကွဲကြောင်းကို ဦးစွာ ငေးကြည့်လိုက်သည်။ထို့နောက် အလင်းရောင်ဖြင့် တောက်ပနေသော မြူအလွှာတစ်ခုကို သူတွေ့လိုက်သည် ။

ထိုအက်ကွဲကြောင်းမှ လေအေးများက လှိုင်းလုံးကြီးအသွင် ထွက်လာသည်နှင့်အတူ ပြင်းထန်သော အလင်းတန်းများ ပါ၀င်သည် ။

သူလှမ်းကြည့်သောအခါ ဥမင်လိုဏ်ခေါင်းက ပြင်းထန်စွာ တုန်လှုပ်သွားပြန်သည်။ နားအူမတက် စူးစူးရှရှအသံများက အပြင်ဘက် နေရာတစ်ခုမှ ထွက်ပေါ်လာပြီး ဥမင်လိုဏ်ခေါင်း တုန်ခါသွားသောအခါတွင် စုမင်က ဥမင်လိုဏ်ခေါင်းရှိရာ ကြေးဝါရောင်ကောင်းကင်ကြီးနှင့် သူရပ်နေသည့်နေရာက ယခု လျှင်မြန်စွာ လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူ့အသက်ရှူသံများ အေးခဲသွားပြီး လစ်လပ်မြေပြင်ကျယ်ကြီးထဲသို့ လှမ်းဝင်လိုက်သည်။ ထို့နောက် သူမြင်ရသောအရာအားလုံးမှာ ယခင်က နတ်ဘုရားမှတစ်ဆင့်မြင်ခဲ့ဖူးခြင်းဖြစ်သည်။

All Chapters