← Chapters

ကလေးငယ်နှင့်အကြည့်တစ်ချက်

Vol. 37 Ch. 504

ကလေးငယ်နှင့်အကြည့်တစ်ချက်

Vol. 37 Ch. 504

ထိုနေရာက အလွန်ကြီးမားသော လစ်လပ်မြေပြင်တစ်ခုဖြစ်ပြီး မလှမ်းမကမ်းအကွာအဝေးတွင် ထွက်ပေါက်တစ်ခုရှိပြီး ပို၍ရှည်လျားသည့် လိုဏ်ခေါင်းတစ်ခုဆီသို့ ဦးတည်‌နေလေသည်။

ထိုမြေပြင်ကျယ်ကြီးရှိ လေထုထဲတွင် ပူဖောင်းတစ်ရာနီးပါး လွင့်မျောနေလေသည်။ ပူဖောင်းအများစုက ပေါက်ကွဲပြီသားဖြစ်သော်လည်း မပျောက်ကွယ်သွားပေ။ ယင်းအစား ၎င်းတို့က ဥခွံကဲ့သို့ တည်ရှိနေ လေသည်။၎င်းတို့က ပေါက်ကွဲနိုင်သော်လည်း ပူဖောင်းတစ်ခုမှာ အကောင်းတိုင်းရှိနေသေးသည်။

စုမင်က ပူဖောင်းများကိုကြည့်ရင်း ပြီးပြည့်စုံသော ပူဖောင်းတစ်ခုပေါ်လာသည်အထိ ၎င်းတို့ကို တိတ်ဆိတ်စွာ ဖြတ်ကျော်သွားခဲ့သည်။ ထိုပူဖောင်းက အမြင့်ပေသုံးဆယ်ခန့်ရှိပြီး ရွေ့လျားခြင်းမရှိပဲ လေထဲတွင် ပျံဝဲနေသည်။

အထဲ၌… ရင်ဘတ်မှာ အကြေးခွံတွေ ပေါက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရှိ၏။ သူ့မျက်လုံးများကိုမှိတ်ထားပြီး သူ့မျက်ခုံးအလယ်မှာ သွေးထွက်သံယိုအပေါက်တစ်ခုရှိလေ၏။ ထိုအပေါက်က သူအသက်ကိုယူသွားသည့် ဒါဏ်ရာပင်...

ထိုအလောင်းက နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့သော အလောင်းဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ သေချာထိန်းသိမ်းထားနိုင်သည့် အလောင်းတစ်လောင်းပင်ဖြစ်သည်။

စုမင်က သူ့ရှေ့မှ ပူဖောင်းကို ကြည့်လိုက်ပြီးနောက် ၎င်းကို ဖြတ်သွားကာ နောက်ထပ် ပူဖောင်းတစ်ခုကို တွေ့လိုက်ရသည်။ အထဲမှာ နောက်ထပ် အလောင်းတစ်လောင်း ရှိလေသည်။ထိုအထဲ၌ မိန်းမတစ်ယောက်ရှိ၏။ သူမနောက်ကျောမှာ အနက်ရောင်တောင်ပံများရှိပြီး ရင်သပ်ရှုမောဖွယ်အလှကို ပိုင်ဆိုင်ထားသည်။ သူမက ငြိမ်သက်နေပုံရသည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် သွေးကြောများဖြင့် ဖွဲ့စည်းထားသော မကောင်းဆိုးဝါးဝိညာဉ်၏ ရုပ်ဆိုးသောမျက်နှာရှိနေလေ၏။ထိုအရာက သူမသေဆုံးရခြင်း၏ အကြောင်းရင်းဖြစ်သည်။

ထိုနေရာတွင် ပူဖောင်းပေါင်း တစ်ရာနီးပါးရှိသော်လည်း ရှစ်ခုသာ ပျက်စီးသွားပြီး ၎င်းတို့အားလုံး အတွင်း၌ အလောင်းတစ်လောင်းပါ၀င်သည်။

“ယင်ကိုးပါးဝိညာဉ်တော်ရဲ့အမိန့်အရ ငါတို့က သန့်စင်မွန်မြတ်တဲ့ယင်လောကကိုထွက်ခွာပြီး တန်ခိုးကြီးတဲ့စစ်သည်တော်တွေရဲ့အလောင်းတွေကိုရှာဖွေဖို့ အခြားသုံးလောကဆီကို ခရီးနှင်ခဲ့တယ်...”

ထိုအခိုက်အတန့်၌ ယင်ကိုးပါးဝိညာဥ်အိုကြီး၏စကားများက စုမင်၏နားထဲတွင်ပြန်လည်ကြားယောင်လာသည်။

သူက မြေပြင်ကျယ်ကြီးကို ဖြတ်လျှောက်သွားပြီးနောက် ဤနေရာ၏အဆုံး၌ရှိသော ဥမင်လိုဏ်ခေါင်းအဝင်ပေါက်သို့ တစ်ဟုန်ထိုးပြေးသွားလေသည်။ ခဏအကြာ၌ ဥမင်လိုဏ်ခေါင်းက ဆက်လက်တုန်ခါနေချိန်တွင် နောက်ထပ် လစ်လပ်မြေပြင်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

ဤနေရာ၌ ပူဖောင်းငါးဆယ်အောက်သာ ရှိခဲ့သည်။ ၎င်းတို့ထဲမှလေးလုံးက ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေကြပြီး ကျန်အလုံးများမှာ ပေါက်ကွဲသွားခဲ့သည်။

စုမင်က အောက်ဘက်သို့ ဆက်လက် လျှောက်သွားကာ ယခင်ကဲ့သို့ လစ်လပ်‌မြေပြင်အများအပြားကို ဖြတ်ကျော်သွားခဲ့သည်။ ဤနေရာ၏ဖွဲ့စည်းပုံကို သူနားလည်နေပြီဖြစ်သည်။ ဤဥမင်လိုဏ်ခေါင်းက ပြွန်တစ်ခုကဲ့သို့ဖြစ်ပြီး ဤပြွန်တွင် အဖုအထစ်များစွာရှိသည်။ ဤအဖုအထစ်များအားလုံးတွေ့ရ

ပြီးနောက် လွတ်နေသော မြေကွက်လပ်တစ်ခုကို တွေ့ရှိနိုင်သည်။

သတ္တမမြောက် မြေကွက်လပ်တွင် စုမင်က အလယ်တွင် လွင့်မျောနေသော ဧရာမပူဖောင်းကြီးကို တွေ့လိုက်ရသည်။ ထိုပူဖောင်းက ပေါက်ကွဲနေပြီဖြစ်နိုင်သော်လည်း စုမင်က ထိုပူဖောင်းကိုကြည့်လိုက်သော် အဆုံးမရှိသော ခံစားချက်ကိုခံစားလိုက်ရသည်။ ၎င်းက သူ့စိတ်ဆန္ဒအပိုင်းအစတစ်ခု ပုံ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤပူဖောင်း၏ကိုယ်ပိုင်အတိုင်းအတာတစ်ခု ဖြစ်နိုင်သည်။

ပူဖောင်းအနားမှာ ရပ်နေရင်း သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားသည်။ ဖယောင်းနဂါးကြီး ရှိ

နေကြောင်းကို သူ ခံစားမိလေသည်။

“စကြဝဠာကြီးထဲက တန်ခိုးကြီးတဲ့ အလောင်းတွေကို ရှာဖွေဖို့ ငါတို့ တာဝန်ပေးခဲ့တယ်...”

အဘိုးအို၏အသံသည် စုမင်၏ ခေါင်းထဲသို့ တစ်ဖန် ထွက်ပေါ်လာသည်။ သူ့ရှေ့ရှိ ကြီးမားသော ပူဖောင်းကြီးကို ကြည့်ကာ တစ်ခုခုကို နားလည်လာသည်။

“ဒီပူဖောင်းက ဖယောင်းနဂါးရဲ့ ရုပ်အလောင်းတွက် အစက ပြင်ဆင်ထားတာပေါ့ မှော်စီးယာဉ်ရဲ့ ပျက်စီးမှုကြောင့် ဒီပူဖောင်းတော်တော်များများ ပေါက်ကွဲသွားခဲ့တာပဲ...”

စုမင်က တိုးတိုးလေးပြောလိုက်လေသည်။ သူ့ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သော် ရင်းနှီးသော ခံစားချက်က သူ့ရင်ထဲမှာ တစ်ဖန်ပြန်ပေါ်လာသည်။

သူသည် နောက်တစ်ကြိမ် တိတ်တဆိတ် ရှေ့တိုးကာ ရှစ်ခု မြောက်လစ်လပ်မြေပြင်ဆီသို့ ရောက်သွားသည်။ ထိုနေရာ၌ ပူဖောင်းသုံးလုံးတွေ့လေသည်။

ဤပူဖောင်းသုံးခုက မယုံနိုင်လောက်အောင်ကြီးမားသော်လည်း ၎င်းတို့အားလုံး ပေါက်ကွဲနေပြီဖြစ်သည်။ ၎င်းတို့အတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို မသိနိုင်ပေ။

စုမင်က ကိုးကြိမ်မြောက် လစ်လပ်မြေပြင်သို့ ရောက်သောအခါ၊ ဥမင်လိုဏ်ခေါင်း၏ နောက်ဆုံးအပိုင်းတွင် သူ့ကိုယ်သူ တွေ့ရှိခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ နောက်ထပ်ဥမင်လိုဏ်ခေါင်းဆီကို ဦးတည်သော ဝင်ပေါက်များ မရှိတော့ပေး ဤနေရာသည် အဆုံးဖြစ်သည်။

ထိုနေရာ၌မှာလေပူဖောင်းတစ်ခုသာရှိသည်...

၎င်းက စုမင်ဖြတ်သန်းသွားခဲ့သော လစ်လပ်မြေပြင်များရှိ မြင်ဖူးသမျှပူဖောင်းများထဲတွင် အသေးငယ်ဆုံးဖြစ်သည်။

လက်တစ်ကမ်း၏ အရွယ်အစားခန့်သာရှိပြီး အတွင်း၌ အလောင်းတစ်ခု ပါ၀င်ပြီး ထိုအလောင်းက မွေးကင်းစကလေးသာ ဖြစ်နိုင်သည်။

ပူဖောင်းကပေါက်နေပြီဖြစ်သောကြောင့် နှ‌မြောစရာပင်ဖြစ်သည်။ အထဲ၌ ဗလာဖြစ်နေပြီး ပူဖောင်းခွံများက ကြီးမားပြီး လစ်လပ်မြေပြင်ကြီးထဲ၌ မလှုပ်မယှက် တိတ်တဆိတ် မျောလွင့်နေခဲ့သည်။

စုမင်က ထိုပူဖောင်းကို မြင်သောအခါ သူ အံ့အားသင့်သွားသည်။ သူက အရာအားလုံးကို ခေတ္တမေ့သွားလေသည်။ မြေကြီးက အလွန်ပြင်းထန်စွာ တုန်ခါနေပြီး ပြိုကျတော့မည်ဖြစ်သော်လည်း သူ ဂရုမစိုက်သေးပေ။ သူ့၏တည်ရှိမှုတစ်ခုလုံးနှင့် သူ့အကြည့်များက ထိုပူဖောင်းလေးကိုပင် အာရုံစိုက်နေခဲ့သည်။

အကြောင်းအရင်းတစ်ခုကြောင့် သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ သူက ပူဖောင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ညာလက်ကို မြှောက်ကာ ညင်သာစွာ ထိလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းမော့ပြီး ပူဖောင်းကို နက်နက်နဲနဲ ကြည့်ကာ သူသွားခဲ့သည့် လမ်းအတိုင်း ပြန်သွားခဲ့သည်။

ဤနေရာမှ ထွက်ခွာရန် တုံ့ဆိုင်းခြင်းတစ်စွန်းတစ်စ မရှိသကဲ့ပေ။သို့သော် သူ့ခြေလှမ်းကို ခေတ္တရပ်ပြီး လွမ်းမောဖွယ်ကြည့်ခြင်းက သူ၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်နှင့် အထီးကျန်ခိုကိုးရာမဲ့မှုကို ပြသ ‌နေလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဤနေရာတွင် မည်မျှကြာအောင် ထိန်းသိမ်းထားမှန်းမသိသောပူဖောင်းကို ချန်ထားခဲ့ကာ လိုဏ်ခေါင်းထဲမှ ပျောက်ကွယ်သွားသည်...

ယခင်က စုမင်မှာ မပျက်စီးသော ပူဖောင်းများကို ထိုးဖောက်ရန် ကြိုးစားခဲ့သော်လည်း သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ ၎င်းတို့တွင် ခြစ်ရာပင် မလုပ်နိုင်ပေ။ သူထွက်သွားချိန်၌ ထိုပူဖောင်းများကို မကြည့်တော့ပေ။ သူတစ်ဟုန်ထိုး ပြေးလိုက်သည်နှင့် နောက်ဆုံးတွင် ဥမင်လိုဏ်ခေါင်းက ပြိုကျလာသည်။

သူ့နောက်ရှိ ဥမင်လိုဏ်ခေါင်းက ပြိုကျသွားပြီး အထဲရှိ လစ်လပ်မြေပြင်များကို ဖုံးလွှမ်းနေရာယူသွားတော့သည်။

စုမင် မရောက်မီ လမ်းကြောင်းက ဆက်၍ပြိုကျသဖြင့် သူ့အရှိန်ကို တိုးစေခဲ့သည်။ လမ်းဆုံလမ်းခွသို့ ရောက်သောအခါ ပြိုကျနေသော အလယ်လမ်းမှ မြည်ဟိန်းသံများ ထွက်ပေါ်လာသည်။ ထိုမြည်ဟိန်းသံများထဲတွင် ရူးသွပ်ပြင်းထန်နေလေသည်။

ထိုအသံများက လေထဲတွင် တဟုန်ထိုး တုန်ခါပျံ့နှံ့လာသည်နှင့်အမျှ ညာဘက်ရှိ ဥမင်လိုဏ်ခေါင်းအတွင်း ပျက်စီးခြင်းလက္ခဏာများ ပိုမိုပေါ်လာသည်။ ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ လုံးဝပြိုကျသွားသည်။ အပြင်ဘက်ရှိ အဆုံးမရှိသော မြူခိုးများက အနောက်သို့ လျင်မြန်စွာ ရွေ့လျားလာသည်။ ရွေ့လျားနေသော ကြေးဝါရောင်ကောင်းကင် သို့မဟုတ် မြူဆိုင်းကြီး ဟုတ်မဟုတ်ကို ပိုင်းခြားရန် မဖြစ်နိုင်တော့ပေ။

ထိုဥမင်လိုဏ်ခေါင်းပြိုကျသည့်အချိန်၌ ပုံရိပ်တစ်ခု တစ်ဟုန်ထိုးထွက်လာသည်။ စုမင်က ရပ်တန့်မသွားပေ။ အလယ်ဥမင်လှိုဏ်ခေါင်းမှ တော်လဲသံကြီးကြားရသောအခါ၌ပင် တစ်ချက်မျှ မကြည့်ရဲခဲ့ပေ။ သူသည် တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ဖြင့် လိုဏ်ခေါင်းရှေ့သို့ ဒုန်းစိုင်းပြေးလာခဲ့သည်။

ပြိုကျမှုဖြစ်စဥ်များက နေရာအတော်များများတွင် သိသာထင်ရှားသည်။ စုမင် ထွက်သွားသည်နှင့် အလယ်မှာရှိသော ဥမင်လိုဏ်ခေါင်းက လုံးဝပြိုကျပြီး ပျောက်ကွယ်သွားခဲ့သည်။ အတွင်းမှ မြူခိုးများ ထူထပ်စွာ အုပ်ဆိုင်းလည်ပတ်နေသည်ကို မြင်တွေ့နိုင်သည်။ အပျက်အစီးများက ပြန့်ကျဲသွားသဖြင့်ဥမင်လိုဏ်ခေါင်း

၏ဘယ်ဘက်ရှိ အစိတ်အပိုင်းအများအပြား ပြိုကျကာ ပျောက်ကွယ်သွားခဲ့သည်။

ဤဥမင်လိုဏ်ခေါင်း ပျောက်ကွယ်မှုက ယင်ကိုးပါးလောကကြီး ပျောက်ကွယ်သွားပုံရစေသည်။ ဥမင်လိုဏ်ခေါင်းကို အဆက်မပြတ် ဝါးမျိုနေသော ကြောက်စရာကောင်းသည့် မမြင်ရသော ပါးစပ်တစ်ခု ရှိနေသလိုပင်ဖြစ်၏။ စုမင်က ခြေကုန်သုတ်ပြေးပြီးနောက် ခဏအကြာတွင် ရပ်တန့်သွားသည်။ သူ့ရှေ့ရှိ လိုဏ်ခေါင်းက ပြိုကျပြီး‌နောက် မြူခိုးများက တည်နေရာရွေ့ပြောင်းအစီအရင်ရှိရာလမ်းမှာ အုံ့ကျပိတ်ဆို့နေလေသည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက လျင်မြန်စွာ မပြေးမီ ခေတ္တရပ် နေပုံမှာ မြူခိုးထဲသို့ လှမ်းဝင်လိုက်သကဲ့သို့ ဖြစ်နေလေသည်။ အားပြင်းသောစုပ်ယူမှု စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဆွဲယူနေလေသည်။ထို့နောက် အေးစက်စက် လေလှိုင်းများက သူ့နား ဝေ့ပတ်လာပြီး အမှောင်ထုမြူခိုးထဲသို့ ဆွဲငင်သွားခဲ့သည်။

ရွှေရောင်အလင်းတန်းများက စုမင်၏ခန္ဓာကိုယ်တစ်ခုလုံးကို လင်းလက်တောက်ပနေပြီး တအုန်းအုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေလေသည်။ စုပ်ယူမှုစွမ်းအားက သူ့ဆီသို့ အရှိန်ပြင်းပြင်း ရောက်ရှိလာသည်နှင့် တပြိုင်နက် သူက ရှည်လျားသောလျှပ်စီးကြောင်းအသွင် ပြောင်းလဲလိုက်သည်။ပြိုကျ ‌နေသော ဥမင်လိုဏ်ခေါင်း၏ ရှေ့သို့ တရစပ်ပြေးလေသည်။

စုမင်က ပြိုကျနေသော ဥမင်လိုဏ်ခေါင်းကို ဖြတ်သွားသည်နှင့် တပြိုင်နက် သူ့အသက်ရှုကြပ်လာပြီး သူ့မျက်နှာမှာ ဖြူဖျော့သွားသော်လည်း မရပ်တန့်သွားပေ။ သူက ရှေ့ကိုဆက်ပြီး အားသွင်းရင်း၊ နောက်ဆုံး၌ ‌တည်နေရာရွေ့ပြောင်းခြင်းမှော်အစီအရင်နားသို့ရောက်သွားလေသည်။

ယခု ဤနေရာ၌ အက်ကြောင်းများ ပိုများလာသဖြင့် မှော်အစီအရင်က အစိတ်စိတ်အမွှာမွှာ ပြိုကျပျက်စီးတော့မည် ထင်ရသည်။ မှော်အစီအရင်ပေါ်ရှိ အလင်းရောင်က ပို၍ မှုန်ဝါးလာသည်။ မီးငြိမ်းသွားသည်နှင့် မှော်အစီအရင်က လည်ပတ်မှု ရပ်တန့်သွားပြီး စုမင်က ထိုအချိန်မှ ထွက်ခွာလိုသော်လည်း မဖြစ်နိုင်ပေ။

ထိုအချိန်တွင် သူသည် မှော်အစီအရင်ပေါ်သို့ လှမ်းတက်ပါက နေရာရွှေ့နိုင်ဆဲဖြစ်သော်လည်း ၎င်း၏အစွန်းတွင် သူရပ်နေခဲ့သည်။ သူ့မျက်လုံးများတွင် ပြတ်သားခိုင်မာသည့်အရိပ်အယောင်ရှိနေပြီး အတွင်းထဲသို့ မဝင်ရဲပေ။

သူပြန်လှည့်ကြည့်ပြီး သူ့ရှေ့ရှိ ဥမင်လိုဏ်ခေါင်းကို ကြည့်လိုက်လေသည်။ ယခုတော့ လုံးဝပျက်စီးသွားပြီ။ သူ့မျက်စိရှေ့ရှိ မြူအုပ်မကြီးကို ကြည့်ကာ သူ၏ နတ်ဘုရားအာရုံကို အပြင်သို့ ရုတ်ခြည်း ဖြန့်ကျက်လိုက်သည်။ ဤသည်မှာ သူ၏အခြေတည်သောစိတ်ဝိညာဉ်၏စွမ်းအား အပြည့်အ၀ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုခဏလေးအတွင်းမှာ အရာအားလုံးကို မြင်ခွင့်ရချင်သည်။

နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်လိုက်သောအခါတွင် အဆုံးမဲ့ မြူခိုးများကို သူမြင်လိုက်ရသည်။ အတွင်းမှ ကျယ်လောင်စွာ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ထိုအသံများအပြင် အခြားမည်သည့်အရာမျှ မကြားရပေ။

သို့သော် သူရပ်နေသည့်နေရာက လျင်မြန်စွာရွေ့လျားနေပြီး မြူခိုးများဖြတ်သွားကြောင်းကို တွေ့ရ‌သည်။

ခဏအကြာတွင် စုမင်ရှေ့ရှိ မှော်အစီအရင်နား၌ရှိသောအရာအားလုံး ပြိုပျက်သွားပြီး သူ၏နတ်ဘုရားအာရုံထဲတွင် ကြီးမားသော မြူခိုးများ ပြင်းထန်စွာ တဝုန်းဝုန်းလည်ပတ်နေကြောင်း ချက်ချင်း သိလိုက်ရသည်။ မြူခိုးများက အလွန်ကြီးမားသော ဝဲဂယက်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်ပြီးနောက် ထိုဝဲဂယက်၏ အလယ်ဗဟိုကို ဖြတ်၍ အားပြင်းသော အလင်းတန်းများ ဖြာထွက်နေသည်။ ထို့နောက်တွင်၊ ကြေးဝါရောင်အလင်းဖြင့် တောက်ပနေသော ရှေးခေတ်လွန်းပျံယာဉ်ပုံစံ ကြေးဓားတစ်လက်က အလွန်ကြီးမားသော အလင်းတန်းများမှ ထွက်ပေါ်လာသည်။

မဖော်မပြနိုင်သော အရှိန်အဟုန်ဖြင့်၊ ထိုဓားက အုံ့ဆိုင်းထူထပ်သော မြူခိုး အားကြီးသောဝဲဂယက်ကို လွတ်မြောက်ရန် ရုန်းကန်နေပုံရသည်။ အလင်းရောင်က သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပစွာ တောက်ပနေပြီး တဖြည်းဖြည်းနှင့် မြူခိုးများက ပေါက်ကွဲထွက်လာသည်။

ထိုဓါး ပျံထွက်သွားပြီးချင်းတွင် အနက်ရောင်မြူခိုများက ထိုဓါးကိုလိုက်ဖမ်းရန် ထွက်လာသော်လည်း ဖမ်းမမိခဲ့ပေ။ ရှေးခေတ်၊ လွန်းပျံယာဉ်ပုံစံ၊ အလွန်ကြီးမားသော၊ ကြေးဝါရောင်ဓါးက ဝဲဂယက်မှ လွတ်မြောက်သွားလေသည်။

ထိုအချိန်တွင် စုမင်က သူရောက်နေသောနေရာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူက မြူခိုးများထဲမှ တိုးထွက်လာသော ရှေးကြေးဓားအတွင်း၌ ရှိနေပြီး၊ ဤဓားက စစ်မှန်သောလောကများကို ဖြတ်သန်းသွားလာနိုင်သည့် သန့်စင် မြင့်မြတ်သောယင်လောက၏ထူးဆန်းသော တန်ဆာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

စုမင်နောက်ကွယ်ရှိ တည်နေရာရွေ့ပြောင်းခြင်းအစီအရင်က ဓါး၏လုပ်ဆောင်မှုများကို ပံ့ပိုးပေးသည့် စွမ်းအားအားလုံးကို စုပ်ယူခံလိုက်ရသကဲ့သို့ပင် မှုန်ဝါးသွားခဲ့သည်။

“ခဏစောင့်ရမယ်… နည်းနည်းကြာအုံးမှာပဲ…”

စုမင်က တိုးတိုးလေးပြောလိုက်သည်။ သူ့မျက်လုံးများက သွေးရောင်လွှမ်း၍ နီရဲနေလေသည်။ သူက ကြီးမားသော နေရာလွတ်ကြီးနတ်ဘုရားအာရုံကို ဖြန့်ကျက်ခဲ့ပြီး ရှေးခေတ် ကြေးဝါဓားရှည်ကြီးကို မြင်နိုင်ခဲ့သည်။ ဓားက အကွာအဝေးတစ်ခုသို့ ဆက်လက်ပျံသန်းနေချိန် မြူလှိုင်းလုံးကြီးတစ်ခုလုံးကိုလည်း သူမြင်လိုက်ရသည်။

၎င်းက ကျယ်ပြန့်သော နဂါးငွေ့တန်းကြယ်အစုအ‌ဝေးတစ်ခုဖြစ်ပြီး ထိုကြယ်အစုအဝေးများကို အဆုံးမရှိသော မြူများကလှည့်ပတ်နေရင်း ဝဲဂယက်တစ်ခုဖြစ်ပေါ်သည်။ ထိုသို့လှည့်ပတ်သွားနေချိန် ရှေးဟောင်းကြေးဝါရောင်ဓါးကြီးက အကွာအဝေးတစ်ခုကိုရောက်သော် ထိုဝဲဂယက်က တွင်းနက်ကြီးထဲဝင်သွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် စုမင်၏ မျက်နှာက တဖြည်းဖြည်း ပြောင်းလဲလာလေသည်။ပြင်းလှစွာသော သေခြင်းတရား၏အရှိန်အဝါများက သူ့ခန္ဓာကိုယ်အတွင်းရော အပြင်ဘက်ပါ ထွက်ပေါ်လာသည်။ သေခြင်းတရား၏ အရှိန်အဝါက သူ့ရင်ထဲတွင် အမြဲရှိနေသကဲ့သို့ ဖြစ်နေသော်လည်း စုမင်က ၎င်းကို ယခင်က မြင်နိုင်၊ ခံစားနိုင်ခြင်းမရှိခဲ့ပေ။

စုမင်က ထိတ်လန့်တုန်လှုပ်သွားသော်လည်း ထိုသေခြင်း၏အရှိန်အဝါကို မြင်သောကြောင့် လျစ်လျူရှုလိုက်သည်။ ကြီးမားသော နဂါးငွေ့တန်း.. တောက်ပသော ကြယ်များနှင့် ကြယ်များကြားရှိ ရှည်လျားသော လျှပ်ပန်းလျှပ်နွယ်တို့ကို မြင်ခဲ့ရသည်။ ၎င်းတို့မှာ လူသားများဖြစ်ကြောင်း ထင်ရှားသည်။ သူတို့က လှပသောအဝတ်အစားများကို ဝတ်ဆင်ကြပြီး ထိုအချိန်တွင် ရပ်တန့်သွားကြသည်။ သူတို့၏မျက်နှာများကို မမြင်နိုင်သော်လည်း ရှေးခေတ်ကြေးဝါ ရောင်ဓားရှည်ကြီးကို မြင်လိုက်ရသည်နှင့် သူတို့၏နှလုံးသားများက ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။

စုမင်က နဂါးငွေ့တန်းကိုမြင်သည်၊ ပတ်၀န်းကျင်ရှိဂြိုလ်များကိုမြင်ရပြီး နဂါးငွေ့တန်းထဲတွင် လွင့်မျောနေသောတိုက်ကြီးများကိုလည်းမြင်ရသည်...

“ဒါဆို...ဒီလိုကိုး...”

စုမင်က တိုးတိုးလေးပြောသည်။ ဤအရာက ဘဝမျိုးစုံအတွက် အကန့်အသတ်မရှိသော နေရာတစ်ခုအဖြစ် သူ့ခန္ဓာကိုယ် အားနည်းလာပြီး ယခုအချိန်တွင် သူလာနိုင်သည့်နေရာမဟုတ်ပေ။ သူ နောက်ပြန်ဆုတ်သွားပြီး မှိန်ပျသောမှော်အစီအရင်ထဲသို့ဝင်သွားလေသည်။

“မင်းက ဒီနေရာနဲ့ မဆိုင်ဘူး... မင်းပိုင်တဲ့ နေရာကို ငါပြန်ပို့ပေးမယ်... ဒါပေမယ့် တစ်နေ့နေ့ မင်းရဲ့ ခွန်အားနဲ့ မှန်တစ်ဖက်ကနေ မင်း ထွက်သွားနိုင်မယ်လို့ ငါယုံကြည်တယ်...”

ယင်ကိုးပါး ဝိညာဉ်အိုကြီး၏အသံက လေထဲတွင် တဟုန်ထိုး ပျံ့လွင့်သွားကာ လမ်းခွဲစကားများ သယ်ဆောင်လာသည်။

စုမင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ရုတ်တရက် ဤမေးခွန်းကို မေးလိုက်သည်။

“ခင်ဗျားအရင်တုန်းက အလောင်းတွေကို ရှာဖွေဖို့ တာဝန်ပေးခံခဲ့တယ် ရတယ်ဆို ခင်ဗျား သေတဲ့ကလေးငယ်ကို ရှာတွေ့ခဲ့လား..”

“ဟမ်... မင်း…”

ယင်ကိုးပါးဝိညာဉ်အိုကြီးက ရုတ်တရက် တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။ ပြောလက်စစကားလုံးများက တုန်တုန်ရီရီအသံအဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင် ပျောက်ကွယ်မသွားခင်မှာ သူ့မျက်လုံးထဲမှာ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်နေခဲ့သည်။

“သန့်စင်မွန်မြတ်တဲ့ယင်လောက .ယင်ကိုးပါးလောကရဲ့ဝိညာဉ်တွေ မင်းတို့ကို ငါလာရှာမယ်...”

All Chapters