မရဏပင်လယ်ကြီး၏လွှမ်းမိုးမှု
Vol. 37 Ch. 506
သေမင်း၏အရှိန်အဝါက စုမင်၏ ခန္ဓာကိုယ်ထဲတွင် ချက်ချင်းပင် ကိန်းအောင်းနေလေသည်။ ရှေးကြေးဝါဓားရှည်က မြူခိုးထဲမှ လွတ်မြောက်လာသည်။ သူက မှန်အပြင်ဘက်ရှိလောကကြီးကို မြင်လိုက်ရသည်၊၊ နဂါးငွေ့တန်းရှိ အဝိုင်းအဝန်းများ၊ ကြယ်အစုအဝေးများကို မြင်လိုက်ရသည်။ ထိုနေရာ၌ တိုက်ကြီးပေါင်းမြောက်မြားစွာ လွင့်မျောနေသည်ကို မြင်လိုက်ရသည်၊၊ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က အပြင်လောကရှိဥပဒေသနှင့်မကိုက်ညီသောကြောင့် တဖြည်းဖြည်း ပုပ်ပွလာသည်၊၊ သေမင်း၏ ပြင်းထန်သောအရှိန်အဝါများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
ဤသေခြင်းတရားအငွေ့အသက်က သူ့ခန္ဓာကိုယ်ထဲတွင် အမြဲရှိနေပေမည်၊ သို့သော် မှန်အပြင်လောကကြည့်ရှုပြီးနောက်လည်း သူအနားရှိ အငွေ့အသက်များက ရှိနေဆဲပင်ဖြစ်သည်။
စုမင်က တည်နေရာရွှေ့ပြောင်း ပြီးသည့်တိုင် သေခြင်း၏အရှိန်အဝါအချို့က သူ့အပေါ်တွင် ရှိနေဆဲပင်.
ထိုအမျိုးသမီး၏မျက်လုံးထဲတွင် စုမင်က လူသေတစ်ပိုင်းနှင့်တူသည်။ စုမင်ထံမှ မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားများရှိကြောင်းကို မထုတ်ပေးချေ။ ထို့အတွက်ကြောင့် သူမ၏မျက်လုံးထဲတွင် ဒေါသများ ပေါ်လာသည်။ သူမ၏အစီအစဉ်အရ မှော်အစီအရင်ကိုဖွင့်ပြီး ဤနေရာမှထွက်သွားရန်ဖြစ်သည်။
ထို့နောက်သူမက ဤနေရာနှင့် များစွာဝေးသော အရပ်တွင် ပေါ်လာသင့်သည်။ မှော်အစီအရင်ကလျင်မြန်စွာ လှုပ်ရှားနေချိန်မှာတော့ ထိုလူသေကောင်ကဲ့သို့ဖြစ်နေသောလူက အကြောင်းပြချက်တစ်ခုခုကြောင့် ပေါ်ပေါက်လာသည်။ ထိုအချက်က အမျိုးသမီးအား ဒေါသနှင့် ပြည့်စေရုံသာမက သူ့ကိုမုန်းတီးစေသည်။
သို့သော် သူမ၏အကြံဥာဏ်များကို စုမင်တွက်ဆကြည့်သော် လေထဲမှ သူမဆီသို့ တစ်ဟုန်ထိုးလာနေသောမရဏပင်လယ်ကြီးမှ လက်သီးထိုးချက်ကြီးကိုပင် ဂရုမစိုက်ခဲ့ပေ။ ယင်းအစား သူမက ထိတ်လန့်ပြီး သိမ်မွေ့ယောင်ဆောင်လိုက်သည် ။ သူမတစ်ခုခုပြောချင်သလို ပါးစပ်ကိုဖွင့်ထားသော်လည်း သူ့မလက်နှင့် သူ့မျက်နှာပေါ်ရှိအမူအရာနဲ့ လုံးဝကို ကွဲပြားသည် ။
သူ့မလက်က လျင်မြန်စွာရွေ့လျားသွားပြီး စုမင်ကို သူမအစား လက်သီးချက်ဒါဏမခံရန် ရှေ့သို့ တွန်းပို့လိုက်သည်။ ထို့နောက် ထိုအခွင့်အရေးကို အသုံးပြု၍ မှော်အစီအရင်ကို နောက်တစ်ကြိမ် ပြန်လည်အသက်သွင်းတော့မည်ဖြစ်သည်။
သူမစိတ်ထဲမှာတော့ ထိုသူက သူ့ပတ်ဝန်းကျင်ရှိ သေခြင်းအရှိန်အဝါကြောင့် တစ်ဝက်သေဆုံးကြောင်း ထင်ရှားလေသည်။ သူမက အလယ်အလတ်ရှာမန်နှောင်းပိုင်းအဆင့်တွင်ရှိသည်။ ထို့အပြင် သူမသည် အခြားသူများကို လှည့်ဖြားရန် ကောင်းစွာလုပ်ဆောင်နိုင်သော သူမ၏ဟန်ဆောင်မျက်နှာဖုံးကိုတပ်ထားနိုင်ခဲ့သည်။
သို့သော် စုမင်၏လက်ကို အားကုန်ဖမ်းဆုပ်ထားပြီး ငါးစာအဖြစ်လုပ်ရန်ရည်ရွယ်ထားသော်လည်း စုမင်မှာ တစ်လက်မမှ မလှုပ်ပေ။
ထိုအခြေအနေက သူမကို ထိတ်လန့်သွားစေခဲ့သည်။ ထိုအချိန်တွင် စုမင်က ခေါင်းကို မော့လိုက်ပြီး ထိုအမျိုးသမီးကို မကြည့်ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ အမျိုးသမီးက သူ့လက်ကို အလိုလို ဖြေလျော့လိုက်ပြီး စုမင် မှော်အစီအရင်နားသို့လျှောက်သွားသည်ကိုတွေ့လိုက်ရသည်။သူမက ခေါင်းကိုမော့ကာ မရဏပင်လယ်ကြီး၏လက်သီးချက်ဆီသို့ စိုက်ကြည့်နေလေသည်။
“ထွက်သွားစမ်း....”
စုမင်၏အမူအရာက မိုးတိမ်တောင်များကဲ့သို့ နက်မှောင်နေလေသည်။ ရှေးကြေးဝါဓားရှည်ထဲက မြင်ကွင်းက သူ့ကို မယုံနိုင်လောက်အောင် စိတ်ပျက်သွားစေခဲ့သည်။ များပြားလှသောရှာဖွေတွေ့ရှိမှုများက သူ့ကိုစိတ်မငြိမ်မသက်ဖြစ်စေခဲ့ပြီး မှော်အစီအရင်မှ ထွက်ပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေသို့ သူပြန်လာပြီး ငတုံးအမျိုးသမီးတစ်ဦးနှင့် ပင်လယ်အတွင်းရှိ ဧရာမလက်သီးကြီးက သူ့ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။
စုမင်အော်ဟစ်ပြီးသောအခါ မရဏပင်လယ်ကြီး၏ လက်သီးချက်က ကောင်းကင်တွင် ကျယ်လောင်စွာ ပေါက်ကွဲသံများနှင့်အတူ ထွက်ပေါ်လာသည်။ သတ်ဖြတ်လိုစိတ်များက စုမင်၏ မျက်လုံးများတွင် တောက်ပနေလေသည်။ ထိုအချိန်တွင် သူ၏ စိတ်အခြေအနေမှာ ဆိုးရွားလှသောကြောင့် ညာလက်ကို လက်သီး မထိုးဘဲ မြှောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအစား သူ့လက်ဖဝါးက အပေါ်ကို မျက်နှာမူပြီး ကောင်းကင်ကိုဒေါက် ထောက်ထားသလိုမျိုးဖြစ်နေလေသည်။ ချက်ချင်းဆိုသလိုပင် သူ့လက်ဝါးက သူ့ဆီ ပစ်ဝင်လာသော လက်သီးနှင့် ထိတိုက်မိသွားလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် လေထဲတွင် တဟုန်ထိုး ထွက်ပေါ်လာသည်။စုမင်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသော်လည်း မရဏပင်လယ်ကြီး၏ဧရာမ လက်သီးဆုပ်က ပြင်းထန်စွာ တုန်ခါလာသည်။ ခဏကြာတော့ အသားများ ကွဲအက်သွားသည်။ ပင်လယ်ထဲမှ ခေါင်းတစ်ဝက်လောက်ပေါ်လာသောပင်လယ်ဘီလူးကြီးက နာကျင်စွာ အော်ဟစ်သံကိုထုတ်လွှတ်လိုက်လေသည်။
ဤမြင်ကွင်းကြောင့် စုမင် နောက်ကွယ်ရှိ အမျိုးသမီးက မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားစေသည်။ သူ့အသက်ရှူသံက ချက်ချင်းရပ်တန့်သွားပြီး သတိလက်လွတ်ပင်ဖြစ်သွားသည်။
မရဏပင်လယ်ဘီလူးကြီးက သူ၏ခေါင်းကို ပင်လယ်မျက်နှာပြင်ပေါ်တွင် အပြည့်အဝ ထုတ်ဖော်ပြသခဲ့သည်။စုမင်က သူ့ ညာလက်ကို မြှောက်ခါနီးတွင် အေးစက်စွာ ပြုံးလိုက်သည်။ထို့နောက် ပင်လယ်ဘီလူး၏ လက်သီးကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ပင်လယ်မှ ကြီးမားသောအော်သံကြီးများထွက်ပေါ်လာပြီး ပေတစ်ထောင်မြင့်သော ဧရာမအကောင်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ကို စက်ဝိုင်းပြတ်ပုံသဏ္ဍာန်ဖြင့် လေထဲသို့ ပျံ့သန်းလာသည်။ ထိုအချိန်တွင် စုမင်က သူ၏ညာလက်သီးကို ပစ်လွှတ်လိုက်ရာ ထိုအကောင်ကြီးက ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားလေသည်။ သို့သော် လွင့်စင်သွားသည့်အခိုက်အတန့်၌ စုမင်က လေထဲသို့ ပျံသန်းကာ ၎င်းကို ဖမ်းလိုက်သည်။ ထို့နောက် သူက ဧရာမဘီလူးကြီး၏မျက်ခုံးအလယ်ဗဟိုကို သူ၏ညာဖက်လက်သီးဖြင့် ထိုးလိုက်သည်။
ကျယ်လောင်သောအသံများက လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ ပင်လယ်ဘီလူးကြီး၏ ဦးခေါင်းက ပေါက်ကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်က ဝေးကွာသော ပင်လယ်ပြင်တစ်နေရာတွင် လှိုင်းဂယက်များနှင့်အတူ တရွတ်တိုက်ရွေ့သွားလေသည်။ ထို့နောက် အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်က ပင်လယ်အောက်ခြေသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။
ထိုအချိန်တွင် တောင်ပေါ်ရှိ မှော်အစီအရင်နားမှ အမျိုးသမီးက ထိတ်လန့်တုန်လှုပ်နေသည်။စုမင်ကိုကြည့်ရင်း သူမ၏မျက်လုံးများက ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတယ်။ ဤမရဏပင်လယ်ဘီလူးကြီးက မယုံနိုင်လောက်အောင် စွမ်းအားကြီးမားကြောင်း သူမ သိရပြီး ၎င်းတို့တစ်ဦးစီက နောက်ဆုံးရှာမန်အဆင့်နှင့် ညီမျှသော စွမ်းအားရှိကြသည်။ ၎င်းတို့ပိုင်နက် ပင်လယ်ရေထဲ၌ ရှိနေသောကြောင့် သဘာဝ အားသာချက်များရှိသည်။ပင်လယ်ဘီလူးကြီးကို သတ်ရန် အလယ်လတ်ရှာမန်နှောင်းပိုင်းအဆင့် နှင့် ညီမျှသော စွမ်းအား လိုအပ်သည်။
အလယ်အလတ်ရှာမန်နှောင်းပိုင်းအဆင့်ရှိ သူမ၏ဘိုးဘွားများက မရဏပင်လယ်ဘီလူးကြီးကို တိုက်ခိုက်ခဲ့သည်ကို သူမတွေ့ခဲ့ဖူးသည်။ ထိုဘီလူးကြီးကိုသတ်ရ
န် တစ်နာရီနီးပါးကြာအောင် စီစဉ်ခဲ့ရသည်။ ယခုအချိန်မှာတော့ ၀တ်စုံဖြူဝတ်လူငယ်လေးက ဧရာမအကောင်ကြီးဆီကို လက်တွေ့ကျကျ ပြေးဝင်သွားပြီး သူ့ကို တစ်ချက်တည်းဖြင့်သတ်နိုင်ခဲ့ပြီး ချောချောမွေ့မွေ့ သေဒဏ်ပေးနိုင်ခဲ့သည်။ ထိုလူငယ်လေးက သူမ၏ ဘိုးဘေးတွေထက် အများကြီး အားကောင်းလေသည်။
“အကြီးအကဲ…”
အမျိုးသမီးက စကားစပြောရန်လုပ်နေသော်လည်း လေထဲမှ စုမင် ၏ အေးစက်သော အကြည့်တစ်ချက်ကို မြင်လိုက်ရသောကြောင့် သူမ၏စကားလူံများက လည်ချောင်းထဲတွင် ပျောက်ရှသွားရသည်။သူမ အတွေးများပင် ကစဉ့်ကလျားဖြစ်သွားသည်။
သူ့စိတ်ကြည်လင်လာသည့်အခါ စုမင်ကို သူမ မမြင်နိုင်တော့ပေ။ သူမမြင်နိုင်သမျှကတော့ ကောင်းကင်နီးပါးမြင့်သော လှိုင်းလုံးကြီးတစ်ခုက သူမဆီသို့ တိုးဝင်လာသည်။ မှော်အစီအရင်ကို ပြန်အသက်မသွင်းရသေးခင်၌ အမျိုးသမီးနှင့် မှော်အစီအရင်နှစ်ခုလုံးက မရဏပင်လယ်ထဲသို့ မျောပါသွားပြီး သူမက ရေနစ်သေဆုံးသွားခဲ့သည်..။
စုမင်က လေထဲ၌ ပျံသန်းလာရင်း သူ့အောက်ရှိ ပင်လယ်ရေကို ကြည့်လိုက်သည်။ ကောင်းကင်ယံသို့ တဟုန်းဟုန်းတက်လာသော လှိုင်းလုံးကြီးများနှင့်အတူ ပင်လယ်မျက်နှာပြင်ပေါ်ထွက်လာသော ဦးခေါင်းကြီးများ၊ ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သော အကောင်ကြီးများ ရှိနေလေသည်။
အရာအားလုံးက သူမှတ်မိသည်နှင့် မတူညီတော့ပေ။
အရှေ့မြေရိုင်းနယ်မြေ၏ ကပ်ဆိုးကြီးက လျင်မြန်စွာ ပျံ့နှံ့နေပြီး သဘာဝဘေး၏ နောက်ဆုံးအဆင့်က သူ့ဆီမရောက်ရှိသေးသော်လည်း မလှမ်းမကမ်းတွင်ရှိနေလေသည်။
“မီးမျောက်ဝံ...”
စုမင်၏မျက်လုံးများက မှေးမှိန်သွားလေသည်။ သူက မီးမျောက်ဝံအပြင် သိုလှောင်အိတ်နှင့် သူသိမ်းဆည်းထားသည့် ဆေးဒယ်အိုးကို သတိရလိုက်သည်။
စူးရှသော တကျီးကျီးအော်သံများက စုမင် အနီးတစ်ဝိုက်မှ ထွက်ပေါ်လာပြီး လေထဲ၌ ရပ်နေလေသည်။ သူ့အပေါ်မှာ ငှက် အမြောက်အမြား ဝိုင်းရံနေခဲ့သည်။ ရက်စက်မှုနှင့် သွေးဆာမှုတို့က ၎င်းတို့၏မျက်လုံးများထဲတွင် တောက်ပလာပြီး စုမင်နှင့် နီးကပ်လာလေပြီ။
“အရှေ့မြေရိုင်းနယ်မြေရဲ့ ကပ်ဆိုးကြီး ကျရောက်လာတဲ့အခါ မာန်ဝိညာဉ်ကျင့်ကြံနယ်မြေတွေမှာ ကြီးမားတဲ့ ဘေးဒုက္ခကို ကြုံတွေ့ရလိမ့်မယ်.. ထိုကပ်ဘေးကြီးအတွင်းမှာ လူတိုင်းက အန္တရာယ်ကြားထဲမှာ...အခု မျိုးနွယ်စုဆီပြန်သွားဖို့အချိန်မတန်သေးဘူး.. ဘေးကပ်ဆိုးကြီးပြီးရင် ပြန်သွားလို့ရပြီ...”
“ဒါ့အပြင် ဒီဘေးဆိုးကနေ ပုန်းအောင်းဖို့ နေရာလိုတယ်...”
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ငှက်များက သူ့ပတ်ဝန်းကျင်မှာ စုရုံးလာသည်။ ချက်ချင်းဆိုသလို သူ့အပေါ်မှာ ရောက်လာသော်လည်း စုမင်က သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး အဆိပ်အလောင်းကိုထုတ်လိုက်သည်။
အဆိပ်ကောင်၏မျက်လုံးများတွင် ရက်စက်မှုကင်းမဲ့မှုက တောက်ပနေသည်။ သူ့ပါးစပ်ကိုဖွင့်ကာ အစိမ်းရင့်ရောင် အဆိပ်မြူများကို မှုတ်ထုတ်လိုက်သည်။ ထိုမြူခိုးများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဝင်လာသော ငှက်များက ၎င်းနှင့် ထိတွေ့မိသွားသည်။ စူးစူးဝါးဝါး အော်သံများနှင့်အတူ လျင်မြန်စွာ အရည်ပျော်ကာ ပင်လယ်ထဲသို့ အဆိပ်ရည်အဖြစ် ပြောင်းလဲ ပျော်ဝင်သွားသည်။
စုမင်က မျက်မှောင်ကြုတ်ပြီး သူ့ပတ်ဝန်းကျင်ကို စိုက်ကြည့်နေ လေသည်။ သူ့ခြေအောက်ရှိ ပင်လယ်က နေရာယူထားသောကြောင့် သူ့တည်နေရာအတိအကျကို ပိုင်းခြား၍မရတော့သဖြင့် သူ၏ဂူကို ရှာဖွေရန် ခက်ခဲစေသည်။
သူ့ပတ်ဝန်းကျင်က ငှက်များသေနေသည်ကို သူ ဂရုမစိုက်ပေ။ထိုငှက်များကို သတ်ပစ်သော အဆိပ်ကောင်ကလည်း သူ့ကို အနှောက်အယှက်မပေးပေ။ ထို့နောက် သူ၏ မြင့်မြတ်သောနတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကျက်လိုက်သည်။ သို့ရာတွင်၊ သူ၏နတ်ဘုရားအာရုံအရ သူမြင်တွေ့ခဲ့သောအရာအများစုမှာ ပင်လယ်ရေဖြစ်သည်။ အောက်ထဲတွင် နစ်မြုပ်နေသောမြေကို ရှာဖွေနိုင်ခဲ့သော်လည်း ပို၍ထူးခြားသော တောင်တန်းများကို မတွေ့ခဲ့ရပေ။
စုမင်က မျက်လုံးပြူးသွားသည်။ မကြာသေးမီက ထိုအမျိုးသမီးရှိနေသည့် တောင်၏ပုံရိပ်က သူ့ခေါင်းထဲတွင် ပေါ်လာသည်။
သူ့မျက်လုံးထဲမှာ တဖျပ်ဖျပ် လင်းလက်လာပြီး ညာလက်ကို မြှောက်လိုက်ပြီး သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်သည်။ ချက်ချင်းပင် သူ့လက်ထဲ၌ သစ်သားချောင်း
တစ်ခု ပေါ်လာသည်။ ဤသည်မှာ ရှာမန်နယ်မြေ၏မြေပုံဖြစ်သည်။ ထို့နောက် သူ အာရုံစူးစိုက်ပြီး ကြည့်လိုက်သော် ကွင်းပုံသဏ္ဍာန်ရှိသော တောင်တန်းတစ်ခုကို တွေ့လိုက်ရသည်။ ခဏတာ ခွဲခြမ်းစိတ်ဖြာပြီးနောက် သစ်သားချောင်းကို ဖယ်ထုတ်ပြီး အဝေးသို့ ခြေကုန်သုတ်လိုက်သည်။
အဆိပ်ရှိ အလောင်းကောင်က အဆိပ်မြူများကို ဖြန်းတီးရင်း ဝမ်းသာအားရဖြင့် သူ့နောက်သို့ လိုက်သွားကာ စုမင်၏ ရှည်လျားသော အကွေ့အကောက်ကို အနက်ရောင် မြူခိုးများက ဝိုင်းရံထားသကဲ့သို့ ဖြစ်နေသည်။ သူသွားလေရာ၌ ကျန်ခဲ့သော မြူခိုးကိုထိသော ကောင်းကင်၌ ငှက်များစွာတို့က အဆိပ်ရည်အဖြစ် ချက်ချင်းပြောင်းသွားကြသည်။
အဆုံးမရှိသောပင်လယ်ပြင်အထက်တွင် အမွှေးတိုင်တစ်တိုင်စာပျံသန်းပြီးနောက် စုမင်က သူ၏ နတ်ဘုရားအာရုံကို အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သည်။ လီထောင်ပေါင်းများစွာအတွင်း၌ အရာအားလုံးက ပင်လယ်သမုဒ္ဒရာများဖြစ်သည်။ ပင်လယ်ထဲရှိ သူ၏ နတ်ဘုရားအာရုံကို သတိပြုကြည့်လိုက်သော် အထူးသဖြင့် ပင်လယ်အတွင်းရှိ ဘီလူးကြီးများ၊ရက်စက်ကြမ်းကြုတ်သော သားရဲများလည်း ရှိသေးသည်။ ခပ်အုပ်အုပ်ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။
တကယ်တော့ လေထဲ၌ ပျံဝဲနေသော ငှက်တချို့က တခြားအကောင်များကဲ့သို့ အဆိပ်မြူများနှင့်ထိတွေ့မိပြီးလျှင် ချက်ချင်း အရည်ပျော်မသွားကြောင်းကို စုမင် တဖြည်းဖြည်း သတိပြုမိလာသည်။ ယင်းအစား သူတို့က တဖြည်းဖြည်း အရည်မပျော်သွားမီ ခပ်ဝေးဝေးသို့ ပျံသန်းနိုင်စွမ်းရှိနေသေးသည်။
ဤရှာဖွေတွေ့ရှိမှု စုမင်
၏မျက်လုံးများကို တောက်ပစေခဲ့သည်။ ထိုငှက်များမှာ မရေတွက်နိုင် အဆုံးအစမရှိကြောင်းကို ဖြည်းဖြည်းချင်း တွေ့ရှိခဲ့သည်။ မည်မျှပင်သေစေကာမူ ပင်လယ်ပြင်မှ ဆက်တိုက်ပျံသန်းလာကာ ပင်လယ်ပြင်မှ ပျံသန်းလာသော ဤငှက်များက အဆိပ်မြူကို ခုခံနိုင်စွမ်းကို သိသိသာသာ စတင်တည်ဆောက်နေပြီဖြစ်သည်။
ထိုကဲ့သို့ဖြစ်လျှင် မကြာခင်မှာပင် အဆိပ်အလောင်း၏အဆိပ်မြူများက သူတို့အတွက် မယုံနိုင်လောက်အောင် အားနည်းသွားလိမ့်မည်။
‘မထူးဆန်းပါဘူး...’
စုမင်က သူ့လက်မောင်းကို ဝှေ့ယမ်းပြီး သူ့အဆိပ်အလောင်းကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ညာလက်ကို မြှောက်ကာ ရှေ့သို့ လှည့်လိုက်သည်။ ချက်ချင်းပင် မီးစိမ်း လင်းလက်လာသည်။ သေးငယ်သောဓားသည် ချက်ချင်းပေါ်လာပြီး ပို၍ အရွယ်အစားကြီးလာသည်။
ထိုဓါးဆီသို့ ငှက်များကဝန်းရံလာပြီး အာရုံပြောင်းသွားလေသည်။ထို့နောက်ကျယ်လောင်စူးရှသောအသံများထွက်ပေါ်လာလေသည်။
သို့သော် ဤငှက်များ အလွန်များသောကြောင့် စုမင်အားလုံးကို မသတ်နိုင်ပေ။ သူလုပ်နိုင်သော တစ်ခုတည်းသော အရာကတော့ လှည့်စားခြင်းပင်ဖြစ်သည်။ သူသည် ငှက်အများအပြားကို လှည့်ဖျားပြီးသည်နှင့် တပြိုင်နက် ထိုနေရာမှ ထွက်ခွာသွားလေသည်။
နာရီများစွာကြာပြီးနောက် စုမင်က လေထဲ၌ရုတ်တရက်ရပ်သွားကာ သူ့မျက်နှာပေါ်တွင် လေးနက်သောအကြည့်တစ်ခုပေါ်လာသည်။ သူ၏ မြင့်မြတ်သော နတ်ဘုရားအာရုံဖြင့် သူက လီထောင်ပေါင်းများစွာ ဝေးကွာသော ပင်လယ်မျက်နှာပြင်ပေါ်တွင် ရေဝဲတစ်ခုကို တွေ့လိုက်ရသည်။ စုမင်၏ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး ထိုရေဝဲမှ အပေါ်သို့တက်လာသည်။
ထိုတည်ရှိမှုက အဆုံးသတ်ရှာမန်အဆင့် ထက်သာလွန်နေပြီဟု သူခံစားရသည်။
စုမင်၏ မျက်လုံးများက လျှပ်စီးကဲ့သို့ လင်းလက်လာပြီး ၎င်းတို့ကြား ကြီးမားသောအကွာအဝေးကိုထားကာ ထိုရေဝဲကို ရှောင်ရှားနိုင်ခဲ့သည်။ ချက်ခြင်းပင် ထိုရေဝဲကပျောက်ကွယ်သွားပြီး စုမင်လည်း သူ၏ဂူနေထိုင်ရာနေရာကို ဆက်သွားခဲ့သည်။
ရက်အတော်ကြာပြီးနောက်၊ မူလက ရှာမန်များပိုင်သောနယ် မြေများမှာ ယခုအခါ ပင်လယ်၏အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသေည်။ ထိုစဥ်ရှည်လျားသောအကွေ့အကောက်တစ်ခုနောက်သို့လိုက်နေသော ငှက်အုပ်ကြီးတစ်အုပ်ကိုတွေ့ရလေသည်။ ၎င်းနောက်ရှိငှက်ကြီးတစ်ကောင်က ထိုငှက်များကို ဦးစီးဦးဆောင်ပြုခဲ့သည်။ ဒေါင်းနှင့်တူသော ငှက်တစ်ကောင်က ရောင်ခြယ်ငါးရောင်အလင်းတန်းဖြင့် လင်းလက်နေလေသည်။
၎င်းမျက်လုံးများက အေးစက်စိမ်းကားနေပြီး ငှက်ကိုယ်ထည်က ပေထောင်ပေါင်းများစွာ ကြီးမာ လေသည်။ စုမင်၏နောက်သို့ သဲကြီးမဲကြီးလိုက်နေလေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ကြီးမားသော ငါးကြီးများက ကျယ်လောင်သောအသံများနှင့်အတူ ပင်လယ်၏နက်နဲသောနေရာမှ တက်လာကြသည်။ ထိုငါးကြီးများ ပေါ်လာတိုင်း လေထုကိုစုတ်ဖြဲ နေသကဲ့သို့ဖြစ်နေပြီး စုမင်နောက်သို့ တစ်ရှိန်ထိုးလိုက်နေလေသည်။
‘အရှေ့မြေရိုင်းနယ်မြေကလည်း ကပ်ဆိုးဒါဏ်ကို ငါတို့နဲ့အတူ ရင်ဆိုင်နေရတာပဲ ...ဒါပေမယ့် မရဏပင်လယ်ထဲက ဒီအားကောင်းတဲ့ တည်ရှိမှုတွေကို ကိုင်တွယ်ဖြေရှင်းရမယ်..”
လျှပ်စီးလျှပ်ခြင်းနှင့်အတူစုမင်က လေထုထဲတွင် ပျောက်ကွယ်သွားသည်။