ခုနစ်ရောင်ခြယ်ငှက်ကြီး
Vol. 37 Ch. 507
ပင်လယ်ရေမျက်နှာပြင်အထက် ပေတစ်ထောင်ခန့်တစ်နေရာ လေထုထဲတွင် လှည့်ပတ်နေသော ငှက်အုပ်ကြီးတစ်အုပ်ရှိပြီး ထိုနေရာက ယခင်က စုမင် တစ်ဟုန်ထိုးပြေးခဲ့သော နေရာဖြစ်သည်။ ဤငှက်များက စုမင်နှင့် အနည်းငယ် ကွာခြားပုံရသည်။ သူတို့မှာ ခြေသည်းသုံးချောင်းရှိပြီး ပိုကြီး လေသည်။
တစ်ခုစီက ငါးပေလောက်ရှိလေသည်
“ကျွီးးးးကျွီးးးး”
မွေးကင်းစငှက်များထံမှ အော်ဟစ်သံများက လေထဲ၌ ပဲ့တင်ထပ်နေ လေသည်။ ဤသည်မှာ ဤငှက်များသာ မြည်ကြွေးနိုင်သော ထူးခြားသော အသံဖြစ်သည်။ ထိုငှက်များဝိုင်းရံနေသော ရှာမန်ခြောက်ယောက်ရှိ၍ ပြင်းပြင်းထန်ထန် ခုခံရသဖြင့် မျက်နှာများက ဖြူဖျော့နေလေသည်။
သို့သော် ဤလူခြောက်ဦးတွင် ကျင့်ကြံအဆင့်အမြင့်ဆုံးပုဂ္ဂိုလ်မှာ အထွတ်အထိပ်သို့ရောက်နေသော။အလယ်လတ်ရှာမန်ပင်ဖြစ်သည်။
ဤငှက်များစွာ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ထိုလူအုပ်စုက ကြာရှည်ခုခံရန် ခက်ခဲသည်။ ငှက်ကလေးများကပါ အော်ဟစ်ပြီး တိုက်ခိုက်မှုမှာ ပါဝင်လာသည့်အခါ ခြောက်ယောက်က တဖြည်းဖြည်း ငါးယောက် ဖြစ်သွားသည်။ ခဏအကြာမှာတော့ နှစ် ယောက်သာ ကျန်တော့သည်။
သူတို့ထဲက တစ်ယောက်မှာ ကြောက်လန့်တကြားဖြစ်နေပြီး မျက်နှာများပင် ဖြူဖျော့နေသည့် ကောင်လေးပင်ဖြစ်သည်။ သူက ဆယ့်ငါး၊ဆယ့်ခြောက်နှစ်ခန့်ရှိပုံရပြီး မယုံနိုင်လောက်အောင် ရုပ်ဖြောင့်လှသည်။ ကျန်တစ်ဦးမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက သာမာန်ပုံပန်းသွင်ပြင်ရှိသော်လည်း သူမက တိုက်ခိုက်ရာတွင် ကောင်လေးကို အမြဲကာကွယ်ပေးသည်။ ပုံပန်းသဏ္ဍာန်အားဖြင့် သူတို့က သားအမိဖြစ်ပုံရသော်လည်း သူတို့၏ရုပ်ရည်အရတော့ ဆင်တူခြင်းမရှိပေ။
သို့ပေမယ့် သိပ်မကြာခင်မှာပင် အမျိုးသမီး၏ဦးခေါင်းကို ငှက်တစ်ကောင်က ထိုးသုတ်ပြီး ငှက်အုပ်ထဲသို့ယူသွားလေသည်။ နာကျင်စွာအော်သံများ လေထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့်အမျှ သူမကလည်း အသားအပိုင်းအစများအဖြစ် ပြောင်းလဲ သွားသည်။
“အချစ်....”
ကောင်လေးက ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ စီးကျလာပြီး ဝမ်းနည်းပူဆွေးမှု အပြည့်ဖြစ်နေလေသည်။
“မင်းက ငါ့ရဲ့ သုံးဆယ့်ကိုးယောက်မြောက် ဇနီးပဲ.. အခု မင်း ငါ့ကို ထားသွားခဲ့ပြီလား.. မင်းမရှိရင် ငါ ဘယ်လို ရှင်သန်ရမှာလဲ..”
ကောင်လေး၏ ဝမ်းနည်းမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပုံရပြီး သွေးလွှမ်းနေသောမျက်လုံးများဖြင့် ငှက်များဆီသို့
ကြိမ်ဝါးလိုက်သည်။
“နင်တို့အားလုံးက အနိုင်ကျင့်ကြတယ်.. ငါတို့က အတူတူပဲလေ.. မင်းတို့ ဘာလို့ ရက်စက်ရတာလဲ.. ငါ အခု စိတ်ဆိုးနေပြီ..”
ငှက်များ နီးကပ်လာသည်ကို ကောင်လေးက မြင်သော် အံကြိတ်ပြီး အနက်ရောင် မြူခိုးများ ဖြစ်သွားသည်။ ရုတ်တရတ် အပြောင်းအလဲကြောင့် သူ့ပတ်ဝန်းကျင်က ငှက်ကလေးများမှာ အေးခဲရပ်တန့်သွားသည်။ ချက်ချင်းဆိုသလို မြူခိုးမည်းကြီးက ကြိုးကြာနက်ကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
ကြိုးကြာနက်ကြီးက တကျွီးကျီးအော်ဟစ်ပြီး အတောင်ပံခတ်ပြလိုက်သည်။၎င်းမှာ အတောင်ပံများရှိကြောင်း ထိုငှက်များရှေ့မှာ လှည့်ပတ်ပျံသန်းပြလေသည်။
“တွေ့လား အခုမြင်လား.. ငါလည်း ငှက်တစ်ကောင်ပဲ..ငါတို့က မိသားစုပါ...”
နေရာတစ်ဝိုက်ရှိ ရက်စက်ကြမ်းကြုတ်သောငှက်များက ကောင်လေး၏ရုတ်တရက်ပြောင်းလဲမှုကြောင့် ခဏတာ ရပ်တန့်သွားသည်။ မဆိုင်းမတွပင် ကြိုးကြာနက်ကြီး၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားကာ ၎င်းတို့အတွင်း၌ ကြီးမားသောဝမ်းနည်းမှုတို့ တောက်လောင်နေခဲ့သည်။
“မင်း... မင်းတို့အားလုံးက အရူးတွေပဲ...”
ကြိုးကြာနက်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာပြီး နောက်တစ်ကြိမ် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ မကြာခင်မှာပင် ထိုမြူခိုးများက စုစည်းလာပြီး ထိုငှက်များရှေ့တွင် ပေါ်လာတာက သူတို့နှင့် ပုံစံတူ ငှက်တစ်မျိုးဖြစ်သော ခြေသည်းသုံးချောင်းပါသော ငှက်တစ်ကောင်ပင်ဖြစ်သည်။ သူတို့က မျိုးနွယ်တူများဖြစ်သွားသည်။
ဤပြောင်းလဲမှုက ငှက်အားလုံးကို ထိတ်လန့်စေခဲ့သည်။ သူတို့၏ ဉာဏ်ရည်နိမ့်ပါးမှုကြောင့် သူတို့ရှေ့က ဖြစ်ပျက်နေသည်များကို ပိုင်းခြားမသိနိုင်ပေ။သူတို့၏ ရက်စက်တဲ့မျက်လုံးများထဲမှာ အမှန်တရားကို မဝေခွဲနိုင်လျှက်ရှိနေသောအရိပ်အယောင်များကိုတွေ့ရလေသည်။သူတို့ထဲက တစ်ကောင်အဖြစ် ပြောင်းလဲသွားသော ကြိုးကြာနက်ကြီးကို အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
“ကျွီးးးးးးကျွီးးး...”
၎င်း၏ ထိတ်လန့်မှုနှင့်အတူ ကြိုးကြာနက်ကြီးက ၎င်း၏ပါးစပ်ကို အလျင်အမြန်ဖွင့်ကာ ထိုငှက်များ၏ အော်သံကို တုပကာ အသံအချို့ကို လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။
ဤထူးခြားသော အသံအနည်းငယ်က အကျိုးသက်ရောက်မှုကို ဖြစ်စေသည်၊ သို့မဟုတ် အကွာအဝေးတစ်ခုရှိ ရှည်လျားသောစက်ဝန်းပြတ်ရွေ့လျားမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ငှက်များ၏ အာရုံကို ဖမ်းစားနိုင်သော ကြိုးကြာနက်ကြီးသည် ထိုအသံများကို ထုတ်လွှတ်လိုက်သည်နှင့် ဧရိယာအတွင်းရှိ ငှက်များသည် ချက်ချင်းပင် လှည့်ထွက်သွားသည်။ ထိုစက်ဝန်းပြတ်ရွေ့လျားမှုက ရှေ့သို့တစ်ဟုန်ထိုးရွေ့သွားသောအခါ ထိုငှက်များက ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေသောငှက်ကလေးများကဆီသို့ ပြေးသွားကြလေသည်။
၎င်းတို့အနက်မှ တစ်ကောင်အဖြစ် ပြောင်းလဲခဲ့သော ကြိုးကြာနက်ကြီးက မူလက ထွက်ခွာရန် ဆန္ဒရှိသော်လည်း ငှက်များ ဝိုင်းအုံနေသည့်အတွက် တစ်ယောက်တည်း မထွက်ခွာဝံ့ဘဲ သူ့အလိုလို အာရုံစိုက်မိလာခဲ့သည်။ ထို့ကြောင့် ၎င်းက အားတင်းကာ ငှက်များနှင့်အတူ စက်ဝန်းပြတ်ရွေ့လျားမှုတစ်ခုဆီ ဦးတည်ရန် ဆုံးဖြတ်လိုက်သည်။
“ကျွီးးးးးကျီးးးး…”
ကြိုးကြာနက်ကြီးက ဆက်၍အော်နေသောအခါတွင် ၎င်း၏ပါးစပ်မှ အသံများ ချောမွေ့စွာအစီအရီ ထွက်လာသည်ကို ခံစားရတော့သည်။ ထိုငှက်မွေးများကြောင့် လွတ်မြောက်သွားကြောင်း ကို သတိရသည့်အခါ ကြိုးကြာငှက်က သူ့အလိုလို သဘောကျသွားပြီး ပို၍ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါတော့သည်။ မကြာမီတွင် ကြိုးကြာနက်ကြီး၏အသံက ထိုအုပ်စုထဲမှ မယုံနိုင်လောက်အောင် ပြတ်သားစွာ ထွက်ပေါ်လာသည်။
စုမင်က လေထဲတွင် လျင်မြန်စွာ ရွေ့လျားနေသော စက်ဝန်းပြတ်ပုံစံအသွင်သို့ ပြောင်းလဲသွားလိုက်သည်။ နယ်မြေအတွင်း အန္တရာယ်များကို ရှောင်ရှားရန် ၊ရံဖန်ရံခါ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်အခြေအနေများမှ ကာကွယ်ရန်ဖြစ်သည်။ လေထဲတွင် သူက အစွမ်းထက်သော တည်ရှိမှုများနှင့် နက်ရှိုင်းသော အတွေ့အကြုံလည်း ရှိခဲ့သည်။ သူပြန်နေသည်မှာ ရက်ပိုင်းလေးသာရှိသော်လည်း အကောင်မျိုးစုံနှင့်ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
သူ၏ မြင့်မြတ်သော နတ်ဘုရားအာရုံက ရှောင်ရှားရမည့်အရာများကို မသိပါက၊ ထိုသတ္တဝါများကို ရှောင်ရှားရန် သူ့အတွက် ခက်ခဲပေလိမ့်မည်။
သူက ဆက်ပြီး အရှိန်ပြင်းပြင်းနှင့်ခရီးမနှင်ခင်မှာပင် တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားလေသည်။ တစ်ခါမှ မမြင်ဖူးသော ငှက်အုပ်တစ်အုပ်ကို မြင်လိုက်ရပြီး ကျယ်လောင်စွာ အော်လိုက်ကြတယ်။ ထိုငှက်များက အရင်က သူမြင်ဖူးသော ငှက်များထက် အများကြီး ပိုကြီးပြီး တခြားငှက်များထက်လည်း ပိုမြန်သည်။
ငှက်များက သူ့လမ်းကြောင်းကို ပိတ်ဆို့ရန် ဖြန့်ကျက်လိုက်ကြသည်။ တခဏချင်းမှာပဲ သူတို့က နေရာတစ်ခုလုံး ပြည့်သွားပြီး စုမင်ကို ပိတ်ဆို့တားဆီးလိုက်သည်။ စုမင်က ခေတ္တမျှရပ်မနေဘဲ ဆက်လျှောက်ကာ ထိုငှက်များဆီသို့ တည့်တည့်တိုးဝင်လိုက်သည်။
နှစ်ဖက်စလုံး အချင်းချင်း နီးကပ်လာသည်နှင့်အမျှ စုမင်အနားတွင် မီးစိမ်းရောင် ချက်ချင်း လင်းလက်လာပြီး မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူ့လမ်းတွင် ရှိနေသည့် ငှက်များက ရှိုက်ကြီးတငင် အော်ဟစ်ကာ အပိုင်းပိုင်းပြတ်သွားကြသည်။ စုမင်၏ တိုက်ခိုက်မှုများက ရက်စက်ပြတ်သားသည်။ သူ၏ လုပ်ရပ်များတွင် မသေချာမရေရာမှု အနည်းငယ်မျှ မတွေ့ရပေ။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူက ငှက်အုပ်ထဲမှ အတင်းအကြပ် ဖြတ်ကာထွက်သွားချင်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စုမင်က ထိုအပြုအမှုမျိုးကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ သူတို့အားလုံးကို သတ်ပစ်ရန်မလိုပါပေ။သူ သွားလိုသည့်နေရာအတွက် တစ်နေရာလမ်းရှင်းရန်သာဖြစ်သည်။ ထို့ကြောင့် ငှက်များအားလုံးကို ဖယ်ထုတ်ပြီး သူတို့ကြားရှိ ကြီးမားသောအကွာအဝေးတစ်ခုကို ထားချင်လေသည်။လွန်ခဲ့သည့် သုံးရက်က သူက ငါးရောင်ခြယ်ဒေါင်းငှက်ဆီသို့ တည့်တည့်မပြေးပါက ဒုက္ခလှလှတွေ့မည်မဟုတ်ပေ။
စုမင်က ထိုဒေါင်းကို တွေးမိသောအခါ သူ့ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်စွာ ခံစားမိနေသေးသည်။ ထိုငှက်၏ အစွမ်းသတ္တိက ငါးရောင် အလင်းတန်းရှိသည်။ အမှန်တကယ်တော့ စုမင်၏စိတ်ကို ရှုပ်ထွေးသွားစေနိုင်သော စွမ်းအားတစ်ခုပါရှိသည်။
စုမင် ရှေ့သို့ တိုးလာသည်နှင့်အမျှ သူ့ ညာလက်ကို မြှောက်လိုက်တိုင်း ငှက်တကောင်က ပေါက်ကွဲကာ သေဆုံးသွားခဲ့သည်။ အသက် ဆယ် ရှိုက်စာခန့်တွင် စုမင်က ငှက်အုပ်စု၏ နက်နဲသော အရပ်သို့ လျှောက်လှမ်းနေပြီဖြစ်သည်။ သိပ်မကြာခင်မှာပင် စုမင်က မြှားတစ်စင်းကဲ့သို့ အတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့သည်။
ထိုအချိန်တွင်ပင် ငှက်သုံးကောင်က အော်ဟစ်ကာ နောက်ပြန်သွားလိုဟန်တူသော်လည်း ရှေ့သို့ ပြေးနေသော အခြားငှက်များအားလုံး၏ လမ်းကြောင်းကို စုမင်ဆီသို့ ဦးတည်စေသည် ။
စုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ညာလက်ကို မြှောက်လိုက်ပြီး ကြောက်လန့်တကြား အော်ဟစ်နေသော ငှက်ဆီသို့ ဦးတည်လိုက်သည်။ သို့သော် သူ့လက်ချောင်းများက ထိုငှက်၏ ဦးတည်ရာဆီသို့ ဆင်းသက်သွားသောအခါ အခိုးအငွေ့များက ရပ်တန့်သွားကာ မျက်လုံးများ ပြူးကျယ်ကာ စူးစူးဝါးဝါး အသံထွက်လာသည်။
“အဲဒါ ငါပါ... ငါက သူတို့နဲ့ မတူဘူး.. ငါ... ငါက ကြိုးကြာနက်ပါ..”
အမှန်တကယ်တော့ ကြိုးကြာနက်ကြီးက ကြောက်လန့်တကြား ကျယ်လောင်စွာ အော်လိုက်သည်။ စုမင် က သူ့ကို မယုံမှာကို ကြောက်သောကြောင့် ကြိုးကြာငှက်တစ်ကောင်၏ခေါင်းကို ထုတ်ဖော်ပြရန် မြူနက်ကြီးက ချက်ချင်းဆိုသလို သူ့မျက်နှာပေါ်မှာ စုရုံးရောက်ရှိလာသည်။
စုမင်က ခေတ္တ ထိတ်လန့်သွားပြီး သူ၏ ညာဘက်လက်ညိုးက ချက်ချင်းပင် ရပ်တန့်သွားသည်။ သို့ပေမယ့် သူ့မှာ တွေးရန်အချိန်မရှိခဲ့ပေ။ သူလာခဲ့သော ဦးတည်ရာကနေ ငါးရောင်ခြယ်အလင်းတန်း လင်းလက်လာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို လိုက်ဖမ်းနေသည့် ငါးရောင်ခြယ်ဒေါင်းက မယုံနိုင်လောက်အောင် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
စုမင်၏အမူအရာပြောင်းလဲသွားကာ ကြိုးကြာနက်ကို လျစ်လျူရှုကာ ရှေ့တစ်လှမ်းတိုးသည်။ သူ့ရှေ့ရှိ ငှက်များဆီသို့ တည့်တည့်တိုးဝင်ရန် လှည့်ကြည့်လိုက်သည်။စုမင်က လေထုကို ထိုးခွင်းသွားပြီး ငှက်အုပ်ကို ဖြတ်ကျော်သွားကာ အဝေးဆီသို့ အရှိန်အပြည့်ဖြင့် ပြေးလိုက်သည်။
ငါးရောင်ခြယ်ဒေါင်းငှက်က ငှက်အုပ်ကို ကျော်ဖြတ်ကာ စုမင်နောက်သို့ လိုက်သွားခဲ့သည်။ သူ့မျက်လုံးထဲမှာ အမုန်းမီးတွေ တောက်လောင်နေပြီး သူ့ကို ဖမ်းမိသည့်အထိ လုံးဝလက်မလျော့ပေ။
စုမင်ကသူ့နောက်ရှိ ငါးရောင်ခြယ် ဒေါင်းနှင့် ငှက်အုပ်ကြီးဆီသို့ ပို့လိုက်သည်။ ထိုအုပ်စုက အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားခဲ့ပြီး လေထဲ၌ ဝဲပျံနေဆဲဖြစ်သော ကြိုးကြာနက်ကြီးသာ ကျန်ရစ်ခဲ့သည်။ ငှက်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အကြည့်တစ်ခုလည်း ရှိနေသည်။
“အင်း.. ငါပြောင်းချင်ရင် အနည်းဆုံးတော့ အဲဒီငါးရောင်ခြယ်ငှက်ကြီးအဖြစ် ပြောင်းသင့်တယ်.. ငါ့အဆင့်အတန်းနဲ့ လိုက်ဖက်တဲ့ ငှက်ကြီးတစ်ကောင်ကို ပြောင်းလဲလိုက်တာနဲ့ ငါ့ကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲဆိုတာ ငါကြည့်ချင်တယ်...”
“ငါ့ကို နောက်တစ်ကြိမ် အနိုင်ကျင့်ရဲပါ့မလား.. အမှိုက်သရိုက်ကောင်တွေက ငါ့ကိုကြောက်နေလောက်တယ်..”
ကြိုးကြားနက်ကြီးက မြူခိုးအဖြစ်သို့ ပြောင်းလဲသွားသည် ။ တဖြေးဖြေး ပေါင်းစည်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် လေထဲ၌ ငါးရောင်ခြယ်ဒေါင်း ဖြစ်သွားသည်။
၎င်း၏ လက်ရှိအသွင်အပြင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီးနောက် ခေါင်းကို ကြော့မော့ကာ အဝေးသို့ ဖြည်းညှင်းစွာ ပျံသန်းသွားသည်..။
“တကယ်လို့ ငါးရောင်ခြယ်က အရမ်းအစွမ်းထက်နေပြီဆိုရင်တော့ ခုနစ်ရောင်ခြယ်ငှက်တစ်ကောင် ဖြစ်သွားရင်ရော ငါက ပိုကြောက်စရာ ကောင်းနေမှာပဲ...”
များမကြာမီတွင်၊ အမှန်တကယ်ပင် ကြိုးကြာငှက်နက်ဖြစ်သော ငါးရောင်ခြယ်ဒေါင်း၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် မှိတ်တုတ်ကျကာ ၎င်း၏ကိုယ်ခန္ဓာက အနက်ရောင် မြူခိုးများအဖြစ်သို့ တစ်ဖန်ပြောင်းသွားပြန်သည်။ ခဏအကြာတွင် လောက၌ အလှပဆုံးခုနှစ်ရောင်ခြယ်ဒေါင်းက ပေါ်လာသည်။ ထို့နောက် မာနကြီးသောဟိတ်ဟန် ဖြင့် အဝေးသို့ ပျံတက်သွားသည်။
စုမင်က အဆက်မပြတ် လှုပ်ရှားပြီးနောက် နောက်ဆုံးတွင် သူက ရောင်စုံဒေါင်းငါးရောင်၏ လိုက်ဖမ်းမှုကို ယာယီ ဖယ်ထုတ်နိုင်ခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဤဒေါင်းကို သူပထမဆုံးတွေ့သောအခါတွင် သူက ၎င်းအား တွန်းလှန်ခဲ့သော်လည်း ငါးရောင်ခြယ်အလင်းတန်းက သူ့စိတ်ကို ရှုပ်ထွေးသွားစေရုံသာမက ထူးဆန်းသောစွမ်းအားကို ချိုးနှိမ် တားဆီးထားသည့် ထူးဆန်းသောစွမ်းအားတစ်ခုပါရှိသည်။
ဒေါင်း၏ပုံပန်းသဏ္ဌာန်ကြောင့် များသောအားဖြင့် ၎င်းအနီးတစ်ဝိုက်တွင် ငှက်အမြောက်အမြား စုဝေးလာလေ့ရှိပြီး ယင်းကြောင့် တိုက်ပွဲဆက်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ စုမင်က ထောင်ပေါင်းများစွာသော ထောင်ပေါင်းများစွာ၊ သန်းနှင့်ချီသော ငှက်များ၏ ဝန်းရံခြင်းကို ခံရသည်နှင့် တပြိုင်နက် သူ အငွေ့ပျံပျောက်ကွယ်သွားချင်သကဲ့သို့ ခံစားလိုက်ရသည်။
ထိုဒေါင်းကို ရှောင်ရှားပြီးနောက် စုမင်က သူ့တည်နေရာကို ထပ်မံစစ်ဆေးသည်။ ရက်အတော်ကြာပြီးနောက် စုမင်က ကွေ့ဝိုက်ပြီး ခြိမ်းခြောက်မှုခံစားရသည့် နေရာများစွာကို ရှောင်ရှားပြီးနောက်၊ နောက်ဆုံးတွင် ပင်လယ်ရေမျက်နှာပြင်၌ ဒေါသတကြီး ဝဲဂယက်ထနေသည့်နေရာသို့ သူရောက်ရှိခဲ့သည်။
စုမင်က လေထဲ၌ မတ်တပ်ရပ်ရင်း ပင်လယ်မျက်နှာပြင်ကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဝမ်းနည်းမှုအနည်းငယ်ရှိနေသည်။ မြေပုံပေါ်အခြေခံ၍ သူ၏တွက်ဆမှုများအရ ဤနေရာသည် သူ၏ဂူတည်ရှိရာနေရာဖြစ်သည်။
သို့သော် ယခုအခါ ပင်လယ်အောက်၌ နစ်မြုပ်နေပြီဖြစ်သည်။
လောကကြီးက ဇောက်ထိုးမှောက်ခုံဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် စုမင်က ထိုစကားစု၏ အဓိပ္ပါယ်ကို သူ့နှလုံးသားထဲတွင် လေးနက်စွာ ခံစားနိုင်ခဲ့သည်။ သူက ပင်လယ်ရေမျက်နှာပြင်ဆီသို့ ဦးတည်မသွားမီ တစ်ခဏမျှ ငြိမ်သက်နေပြီး ပင်လယ်ရေထဲသို့ ပျောက်ကွယ်သွားပြီး အောက်တည့်တည့်သို့ ဦးတည်သွားခဲ့သည်။
စုမင်က ခုန်ဆင်းပြီးနောက်တွင် ပင်လယ်မှ ထွက်လာသော ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို အဝေးသို့ တွန်းထုတ်လိုက်သည် ။ ဤသည်မှာ ပင်လယ်ရေက ရှာမန်တို့၏နယ်မြေများကို အဆက်မပြတ်ရွေ့လျားစေသော တွန်းအားတစ်ခုဖြစ်သည်။
ရွှေရောင်အလင်းတန်းများက စုမင်၏တစ်ကိုယ်လုံးအနှံ့ ထွန်းလင်းတောက်ပနေပြီး ဤစွမ်းအားကို သူတစ်ယောက်တည်း ခံနိုင်ရည်ရှိသည်။ နတ်ဘုရားအာရုံကို ပင်လယ်၏ အောက်ခြေသို့ လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နေသော်လည်း ကံကောင်းစွာပင် သူသည် သူ၏နတ်ဘုရားအာရုံကို အဝေးသို့ မဖြန့်နိုင်သော်လည်း၊ သူ့ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။
ပင်လယ်က အရမ်းမနက်ဟူ၍ ယူဆမရေချေ။ အချိန်အတန်ကြာပြီးနောက် စုမင်က ပင်လယ်အတွင်းရှိ ရက်စက်ကြမ်းကြုတ်သော သတ္တဝါများကို ရှောင်ရှားပြီးသည်နှင့် ပင်လယ်နက်နက်တွင် နဂါး၏ပါးစပ်နှင့်တူသော တောင်တန်းတစ်ခုကို သူ တဖြည်းဖြည်းမြင်လာရသည်...။
ယခင်က ဟုန်လော့က
အလင်းလွှာအကာအကွယ်ကို တပ်ဆင်ခဲ့သည်။ ထိုအချိန်မှစ၍ ဆယ့်ငါးနှစ်ကြာသွားသော်လည်း အမှန်တကယ်ပင် အသုံးဝင်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ၎င်းသည် သိသိသာသာ အားနည်းလာသောကြောင့် တောင်ကြီးကို ဖုံးကွယ်ရန် အသုံးမပြုနိုင်တော့ဘဲ အကာအကွယ်အဖြစ်သာ အသုံးပြုနိုင်သည်။
စုမင်က အလင်းလွှာ၏မျက်နှာပြင်ဆီသို့ တစ်ရှိန်ထိုး ပြေးကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိတ်လိုက်သည်။ ထို့နောက် သူ၏ညာလက်ကို မြှောက်လိုက်ကာ လက်ဖဝါးကို ဖန်သားပြင်နှင့် ဖိလိုက်ကာ သူ့ခန္ဓာကိုယ်က အလင်းလွှာအကာကွယ်ကို ဖြတ်သွားခဲ့သည်။
Note
ကြိုးကြာနက်ငှက်- အလွန်သေးငယ်သောထိပ်ပြောင်သောကြိုးကြာနက်ငှက်က မဒမ်ဂျီဖြစ်ရပ်အပြီးတွင် စုမင်နှင့်တွေ့ခဲ့သည့် ကြက်ကလေးတစ်ကောင်နှင့် တူသည်။