ကပ်ဘေးဒုက္ခကြီး
Vol. 37 Ch. 508
စုမင်က ပင်လယ်၏ နက်နဲသော အလင်းလွှာအကာကွယ်ထဲသို့ဝင်ရောက်ခဲ့သည်။ ဆယ့်ငါးနှစ်အကြာတွင် စုမင်က တောင်တန်းထဲသို့ တစ်ပြန်ရောက်လာသောအခါ သူ့အတွက် ထာဝရရှိနေသောကာလတစ်ခုလို ခံစားလိုက်ရသည်။ သူက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထိုနေရာသည် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သူ့အမှတ်တရများထဲတွင် မြင်ကွင်းနှင့် အနည်းငယ်ရင်းနှီးနေပုံရသည်။ သူ့မျက်နှာတွင် လွမ်းဆွေးနေသောအကြည့်တစ်ခု ပေါ်လာသည်။
အလင်းလွှာအကာကွယ်ကြောင့် ပင်လယ်ရေများ တိုးမပေါက်သေးပေ။ ၎င်း၏ပုံသဏ္ဍာန်အရ အလင်းလွှာအကာကွယ်က မကွဲအက်သော်လည်း အချိန်အတော်ကြာအောင် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ ထိုအခါ ထိုနေရာလေးက ရေမြုပ်သွားပြီး ပင်လယ်၏ အစိတ်အပိုင်းဖြစ်လာလိမ့်မည်။
တောင်တန်း၏အောက်ခြေရှိ အေးခဲနေသောတံခါးက ပတ်ပတ်လည်တွင်ရှိနေဆဲဖြစ်ပြီး အေးစက်နေသောလေလှိုင်းများကို လွှတ်ထုတ်နေလေသည်။ ထိုနေရာသို့ စုမင်၏ အကြည့်များ ရောက်သွားပြီး သူ့မျက်လုံးထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ဤနေရာသို့သွားနေစဉ် အရှေ့မြေရိုင်းဘေးဆိုးကို ရှောင်ရှားရန် သူအသုံးပြုခဲ့သောနေရာက ဤအေးခဲနေသောတံခါးပေါက် - ရေခဲမြို့တော်ဆီသို့ ဦးတည်ရာနေရာဖြစ်သည်။
စုမင်၏တွက်ဆမှုကိုအခြေခံ၍ အတိတ်မှကြောက်စရာကောင်းသောလိပ်ကြီးက ထိုနေရာတွင် စောင့်ဆိုင်းမနေသင့်တော့ပေ။ ထို့ကြောင့် ထိုအေးခဲနေသော ရေခဲမြို့တော်က သူ့အတွက် အကောင်းဆုံး ပုန်းအောင်းရာနေရာဖြစ်ပေလိမ့်မည်။
“ရှာမန်တွေပဲဖြစ်ဖြစ် မာန်မျိုးနွယ်စုတွေပဲဖြစ်ဖြစ်၊ အရှေ့မြေရိုင်းနယ် မြေရဲ့ ကပ်ဆိုးကြီးရောက်လာတဲ့အခါ သူတို့အားလုံး ခိုကိုးရာရှာဖို့ တတ်နိုင်သမျှ လုပ်ကြမှာပဲ..ငါ့ဆရာ..အခု ဘယ်လိုနေလဲ သိချင်လိုက်တာ...”
စုမင် နှုတ်ဆိတ်သွားသည်။ သူ့ဆရာ ၊စီနီယာအစ်ကို၊ ဒုတိယအစ်ကိုဟူဇီ၊ ဇီချယ်နှင့် သူ့အိမ်လို ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးအကြောင်း မတွေးချင်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် သူပြန်တွေးကြည့်တိုင်း ရောထွေးနေသောခံစားချက်က သူ့နှလုံးသားထဲမှာ ပေါ်လာသည်။ ယခင်က ရှာမန်နှင့် မာန်မျိုးနွယ်စုများကြား တိုက်ပွဲဝင်ရန် ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှ ထွက်ခွာခဲ့ပြီး အနှစ်နှစ်ဆယ်နီးပါး ဝေးကွာနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။
“ အရှေ့မြေရိုင်းနယ်မြေရဲ့ ကပ်ဆိုးကြီး ကျရောက်ရင် ငါလည်း ဒုက္ခအများကြီး ခံစားနေရတယ်.. အကြီးဆုံးအစ်ကိုကြီးကတော့ အထီးကျန်မှုကနေ လွတ်မြောက်နေ လောက်ပြီ.. ဒုတိယစီနီယာအစ်ကို… သူ ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ ရှိနေလား.. ပြီးတော့ ဟူဇီ လည်း...’
စုမင်က မျက်လုံးမှိတ်လိုက်သည်။ ယင်ကိုးပါးလောကမှ ပြန်ရောက်လာပြီး သူ့အား ထိတ်လန့်တုန်လှုပ်စေသော အရာများစွာကို သင်ယူပြီးသည့်နောက်တွင် ပြင်ပလောကကို မြင်လိုက်ရသောအခါတွင် ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပြင်းစွာလွမ်းဆွတ်မှုကလှိုင်းလုံးကြီးသဖွယ် တိုးပွားလာခဲ့သည်။ ထိုအရာများကို သူတကယ်ပင် လွမ်းဆွတ်နေလေသည်။
သူ့ခေါင်းထဲမှာ အတိတ်က အမှတ်တရများ တဖြည်းဖြည်း ပေါ်လာလေသည်။ ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးရှိ မြက်ပင်များနှင့် အပင်များ၊ အစ်ကိုအကြီးဆုံးဖြစ်သူ၏စိုးရိမ်မှု နှင့် ဒုတိယစီနီယာအစ်ကိုဖြစ်သူက မျက်နှာကို နေရောင်ခံရန်အတွက် ခေါင်းကို မော့နေလေသည်။
“ဒါက မကောင်းပါဘူး… ” .
ထိုစကားများသည် စုမင်နားထဲတွင် တိုးညှင်းစွာပဲ့တင်ထပ်လာသည်။
ဟူဇီ၏ ဟောက်သံများနှင့် အခြားသူများကို ချောင်းကြည့်ခြင်း၊အကြီးအကဲ၏ အဝတ်အစားမျိုးစုံ ၀တ်ဆင်ခြင်း... ဤအရာများအားလုံးက ယခုအခါတွင် ... အတိတ်မှ အမှတ်တရအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဒီနေရာကနေ အရှေ့ မြေရိုင်း နယ်မြေရဲ့ ကပ်ဆိုးဘေးကနေ ပုန်းအောင်းပြီး ဘေးဆိုးကြီးပြီးတာနဲ့ ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ပြန်သွားမယ်”
စုမင်က ထိုသို့ပြောပြီး မျက်လုံးဖွင့်လိုက်သည်။
မီးမျောက်ဝံက သူ့ဆီသို့ ပြန်မလာပေ။ စုမင်က အလင်းလွှာအကွာကွယ်ထဲသို့ လှမ်းဝင်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံရန် သူ၏မြင့်မြတ်သောနတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သောအခါ ၎င်းကို သတိပြုမိခဲ့သည်။
မီးမျောက်ဝံက အနီးနားတွင် မရှိတော့ပေ။
ပင်လယ်ရေက ထိုနေရာကို မလွှမ်းမိုးခင်မှာ မီးမျောက်ဝံက ပျောက်သွားပြီး အရာအားလုံးက ရေထဲမှာ နစ်မြုပ်ပျောက်ကွယ်သွားလေသည်။
စုမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဂူပေါက်ဆီသို့ ဦးတည်လိုက်သည်။ ဆေးဒယ်အိုးကြီးဖြင့် ကျောက်ဖြင့်လုပ်ထားသောအခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် သူ့ခြေရာများ ရုတ်ခြည်း ရပ်တန့်သွားသည်။ သူက လေထဲရှိ သင်းပျံ့သော ဆေးမွှေးရနံ့ကို ရှူရှိုက်လိုက်ရသည်။ သူ့မျက်လုံးများ တောက်ပလာပြီး သူ့အကြည့်များက ဆေးဒယ်အိုးကြီးပေါ် ချက်ချင်းရောက်သွားသည်။
ထို့နောက် သူသည် သူ၏ ဂူကို လှည့်ပတ်ခဲ့သည်။ သူအရင်က ချန်ထားခဲ့သော အရာအားလုံးကို ဖယ်ပြီး ဂူတွင်းနက်နဲသောနံရံမှာ ရပ်လိုက်ပြီး လေးလေးနက်နက် တွေးတောမိသွားလေသည်။
ဤနံရံက တောင်တန်းတစ်ခုလုံးကို ချိတ်ဆက်ထားသည့်နေရာဖြစ်သည်။ ဖွင့်ပြီးသည်နှင့် ဤနေရာရှိ နတ်ဆိုးသုံးဖော်ကွပ်မျက် ဆေးလုံး၏ စွမ်းအားအပြည့်က ငိုက်မျဉ်းနေသည့် နဂါး၏ဦးခေါင်းကဲ့သို့ ထွက်ပေါ်လာမည်။
ယခင်က ဤနေရာကို တည်ဆောက်မှု ပြီးသွားသောအခါတွင် ဤနေရာကို လုံးလုံးလျားလျား မဖွင့်နိုင်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူက လောကကြီး၏ သိပ်သည်းလှသော စွမ်းအားများ တဟုန်ထိုး ထိုးဖောက်ဝင်ရောက်လာကာ ပြင်ပအာရုံများကို ဆွဲဆောင်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော် ပင်လယ်ရေက ဤနေရာကို ရေလွှမ်းမိုးခံပြီး ဖျက်ဆီးပစ်လိုက်ရန်မှာ အတော်ပင် ခက်ခဲသည်ကို သူတွေ့ရှိခဲ့သည်။ ဤနေရာ၏ ဖွဲ့စည်းပုံကို ပြင်ဆင်ရာတွင် သူ၏ အတိတ်က ကြိုးစားအားထုတ်မှုများကို အလဟသ မဖြစ်စေလိုပေ။
‘ဒီနေရာကိုဖွင့်လိုက်တာနဲ့ ဒီနေရာကိုစုစည်းမယ့် လောကကြီးရဲ့ ကြီးမားလှတဲ့စွမ်းအားက ငါ့ရဲ့ကျင့်ကြံမှုကို နှောင့်ယှက်လိမ့်မယ်.. ဒါပေမဲ့ ငါစုပ်ယူပြီးတာနဲ့ ငါ့ရဲ့မာန် အရိုးတွေကို ပိုဖွံ့ဖြိုးစေမယ့် အမြင့်ဆုံးဆေးလုံးတွေကို သန့်စင်ပေးနိုင်လိမ့်မယ်...’
စုမင်က ပြဿနာကို စတင်စဉ်းစားသည်။ ဆေးဒယ်အိုးကို ဖယ်ထုတ်နေစဉ်တွင် ဆေးရနံ့ သင်းပျံ့သော သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူက ရိုးရှင်းသော စူးစမ်းလေ့လာမှုအချို့ကို ပြုလုပ်ခဲ့ပြီး အတွင်းမှ ဆေးလု၏ ဖွံ့ဖြိုးတိုးတက်မှုက နောက်ဆုံးအဆင့်တွင် ရှိနေပြီး အပြည့်အဝ ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
စုမင်၏ မျက်လုံးများတွင် အေးခဲနေသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ ညာလက်ကို မြှောက်ပြီး လေထဲမှာ ဝှေ့ယမ်းသည်။ ယခင်က သူဖယ်ထားခဲ့သော ဆေးဒယ်အိုးကြီးက နောက်တစ်ကြိမ် ပေါ်လာသည်။ ယခုတစ်ခါတော့ သူက အိုးကို နံရံရှေ့မှာ ထားခဲ့ပြီး နံရံကို ချိုးမည်။ထိုစဉ် လောကကြီး၏ စွမ်းအားများက စုဝေးလာမည်။
ဤနေရာသည် လောက၏ အသိပ်သည်းဆုံး စွမ်းအားပမာဏ စုစည်းရာနေရာဖြစ်ပြီး ဆေးလုံး၏ အမြင့်ဆုံးပမာဏအထိ အပြည့်အဝဖွဲ့စည်းနိုင်ခြေကို မြှင့်တင်ပေးမည့်နေရာလည်းဖြစ်သည်။
စုမင်က ဆေးဒယ်အိုးကို ချလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ချက်ချင်းပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည် ။ ပြန်ပေါ်လာသောအခါ ဂူအပြင်ဘက်တွင် သူရပ်နေပြီဖြစ်သည်။ သူက မှုန်မှိုင်းနေသော အလင်းလွှာကို ကြည့်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။ သူ၏နတ်ဘုရားအာရုံကို အပြင်သို့ ရုတ်ခြည်း ဖြန့်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏အခြေတည်စိတ်ဝိညာဉ်က သူ့နောက်တွင် ထင်ရှားပေါ်လွင်ပြီး မှိုင်းမှိုင်းသော အလင်းလွှာနှင့် တဖြည်းဖြည်း ပေါင်းစပ်ရန် အပြင်ဘက်သို့ လျင်မြန်စွာ ပြန့်ကျဲသွားသည်။
အတိတ်၌ ဟုန်လော့က ထိုအလင်းလွှာအကာကွယ်ကို ချန်ထားခဲ့ရပြီး သူသေဆုံးသွားသည်နှင့် ၎င်းနှင့် အဆက်အသွယ် ပြတ်တောက်သွားသောကြောင့် တဖြည်းဖြည်း စွမ်းအားများ လျော့နည်းလာတော့သည်။ အင်မော်တယ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့်၌ ဤမှော်အစီအရင်ကို တည်ငြိမ်ရန် သူ့အတွက် ခက်ခဲနေသေးသည်။ သူလုပ်နိုင်သည့်တစ်ခုတည်းသော အရာမှာ သူ၏ အခြေတည်စိတ်ဝိညာဉ်များကို ၎င်းနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဤနည်းလမ်းဖြင့် မှော်အစီအရင်၏ပျက်စီးခြင်းကို နှေးကွေးစေပြီး ၎င်းကို အနည်းငယ်တည်ငြိမ်စေသည်။
ထို့နောက်စုမင်က အသက်ပြင်းပြင်းရှူကာ နဂါးခေါင်းကဲ့တောင်တန်းကို လှည့်ကြည့်လိုက်သည်။ သူ၏ညာလက်ကို မြှောက်ကာ တောင်ကြီးဆီသို့ ဖိချလိုက်သည်။ တုန်လှုပ်နေသာအသံများက တောင်တန်းတစ်ခုလုံးမှ ချက်ချင်း ထွက်ပေါ်လာသည်။နတ်ဆိုးသုံးဖော်ကွပ်မျက်ဆေးလုံး၏လိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက် စုမင်၏ အတိတ်တွင် ဝှက်ထားခဲ့သော အမှတ်အသားများက ထိုအချိန်တွင် ထပ်မံပေါ်လာသည်။
ထိုအသံများက လေထဲတွင် တဟုန်ထိုးမြည်လာသည်နှင့်အမျှ စုမင် နံရံဘေးရှိ လှိုဏ်ဂူအတွင်းမှ ဆေးဒယ်အိုးအတွင်းမှ ပေါ်လာသည်။ မဆိုင်းမတွဘဲ ညာလက်ဖြင့် နံရံကို ထိလိုက်ကာ ကွဲအက်နေသော အသံများက လေထဲ၌ ချက်ချင်းပဲ့တင်ထပ်လာသည်။ နံရံပေါ်တွင် အက်ကွဲကြောင်းများ ချက်ချင်းပေါ်လာပြီး ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်းတွင် အရေအတွက်များလာသည်။ ခဏအကြာတွင် ထိုအက်ကွဲကြောင်းများက နံရံတစ်ခုလုံးကို ဖုံးလွှမ်းနေပြီဖြစ်သည်။
“ဘုန်းးးး...”
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပျံ့နှံ့သွားပြီး ကျောက်နံရံက လုံးဝပြိုကျကာ အပိုင်းပိုင်းဖြစ်သွားသည်။ ပြိုကျသည်နှင့်အမျှ စုမင်က လိုဏ်ဂူ၏ နက်ရှိုင်းသော အစိတ်အပိုင်းများတွင် နေရာလပ်တစ်ခုကို ပွင့်စေပြီး တောင်တန်း၏ လမ်းဆုံအမှတ်ကို ပွင့်သွားစေသည်။ ထိုနေရာလွတ်က ဘေးဘက်သို့ ရွေ့သွားကာ ကောင်းကင်နှင့် ဒေါင်လိုက်အနေအထားတည့်တည့်မတ်မတ် ဖြစ်နေလေသည်။ အလင်းရောင်က ဖြာကျလာသောအခါ လှိုဏ်ဂူအတွင်းမှ မည်သူမဆို အပြင်သို့ လှမ်းကြည့်သောအခါတွင် မျဉ်းဖြောင့်တစ်ခုလို ဖြစ်နေလိမ့်မည်။
တောင်နံရံတွေ ပြိုကျပြီးနောက် နဂါးတစ်ကောင်က လေထုထဲသို့ ထိုးခွင်းလာသကဲ့သို့ ဟိန်းဟောက်သံများက တောင်ကြီးအတွင်း ပဲ့တင်ထပ်သွားသည်။ များမကြာမီတွင် နေရာတစ်ခုလုံးက ပြင်းထန်စွာ တုန်လှုပ်စပြုလာကာ လောကကြီး၏ စွမ်းအားများက ဤနေရာသို့ စုပ်ယူသွားခြင်းခံရကာ ဧရာမ ဝဲဂယက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဝဲဂယက်၏နက်နဲသောနေရာမှာ ဆေးဒယ်အိုးကြီး ရှိ လေသည်။ စုမင်က ထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။ လောကကြီးထဲရှိ စွမ်းအားက အရပ်ရပ်မှ တိုးဝင်လာပြီး ဆေးဒယ်အိုးက စုပ်ယူလိုက်သည်နှင့်အမျှ ဝဲဂယက်က ပို၍ကျယ်လာသည်။ ခဏအကြာတွင် ဂူကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်။
အချိန်ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကြာသွားတယ်။ ၎င်းတို့အတောအတွင်း ဂူတစ်ခုလုံးကို ဝဲဂယက်က ဖုံးလွှမ်းသွားရုံသာမက တောင်တစ်ခုလုံးကိုလည်း ဖုံးအုပ်ထားသည်။ ထိုဝဲဂယက်က နေရာတစ်ခုလုံးကို ရူးသွပ်စွာမျိုချနေသော နဂါးခေါင်းနှင့်တူသည်။
ပိုကြီးလာသည်နှင့်အမျှ လောကကြီး၏ စွမ်းအားက ကျယ်လောင်သော အသံများနှင့်အတူ နစ်မြုပ်နေသော ကုန်းမြေဆီသို့ တိုးဝင်လာသည်။မရဏပင်လယ်လွှမ်းမိုးခံရသော အပိုင်းတွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ပေါ်လာသည်။
ထိုပြောင်းလဲမှုမျိုးက မရဏပင်လယ်ရှိ သက်ရှိပုံစံများစွာ၏ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်သော်လည်း အလင်းလွှာအကာကွယ်က ထိုနေရာကို ဝန်းရံထား လေသည်။ စုမင်၏ အခြေတည်စိတ်ဝိညာဥ်နှင့် ပေါင်းစပ်ပြီးနောက်၊ မှော်အစီအရင်က တောင်တန်းကို ကွယ်ကာ ဂူအတွင်း၌ ပုန်းအောင်းနေသဖြင့် အစီအရင်ရှိရာနေရာကို အပြင်ဘက်မှကြည့်လျှင် သိပ်မမြင်ရပေ။
ဤအချိန်က အရှေ့မြေရိုင်းနယ်မြေ၏ကပ်ဆိုးကြီးက တောင်ပိုင်းအရုဏ်ဦးနယ်မြေသို့ရောက်ရှိလာပြီး မရဏပင်လယ်ကြီးက တိုက်ကြီးသို့ တိုက်စားသွားသည့် အချိန်လည်း ဖြစ်သည်။ မရဏပင်လယ်အတွင်းရှိ အင်အားက တိုးများလာပြီး ရေကို ရှေ့သို့ တွန်းပို့သောကြောင့်၊ ဤဧရိယာတွင် လောကကြီး၏ စွမ်းအားက ပြင်းထန်စွာ စုစည်းနေသော်လည်း သက်ရှိပုံစံအများစုက ၎င်းကို သတိပြုမိပြီးနောက် လျစ်လျူရှုမထားကြပေ။ သို့သော် ရေထဲတွင်ထွက်ပေါ်လာသောအခြေအနေများကြောင့် ဤနေရာကို ရောက်လာသူအချို့ ရှိသေးသည်။
မကြာမီ ခုနစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ဤခုနစ်ရက်အတွင်း၊ အလင်းလွှာအကာကွယ်နှင့်ပေါင်းစပ်ထားသော စုမင် ၏ အခြေတည်စိတ်ဝိညာဉ်က မရဏပင်လယ်ရေကို ရှေ့သို့တွန်းကန်စွမ်းအားက လွန်ခဲ့သော ရက်အနည်းငယ်ကထက် ပိုမိုပြင်းထန်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ တကယ်တော့ မှော်အစီအရင်က ၎င်းကို တွန်းကန်နေသော ဤအင်အားအောက်တွင် ပြင်းထန်စွာ တုန်ခါနေစပြုနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ စုမင်၏ အခြေတည်သောစိတ်ဝိညာဥ်က မှော်အစီအရင် အပြင်ဘက်ရှိ မရဏ ပင်လယ်ဘီလူးကြီး ရှစ်ကောင်ကိုလည်း တွေ့ခဲ့သည်။ တကယ်တော့၊ အနီးအနားမှာ ပေထောင်ပေါင်းများစွာရှိသော ရေနဂါးတစ်ကောင်လည်း လူးလိမ့်လှည့်ပတ်နေခဲ့သည်။ မရဏ ပင်လယ်တွင်ကူးခတ်နေသည့် အခြားသက်ရှိပုံစံများ အများအပြားရှိသေးသည်။
၎င်းတို့အားလုံးကို ဤနေရာ၌ စုစည်းနေသော လောကစွမ်းအားများ၏ ဆွဲဆောင်မှုကို ခံခဲ့ရသည်။သို့သော် ဟုန်လော၏မှော်အစီအရင်၏ စွမ်းအားကို၎င်းတို့အား မမြင်နိုင်ဘဲ ထိုနေရာဝန်းကျင်ထဲတွင်သာ တဝဲလည်လည် နေနိုင်ခဲ့သည်။
သို့သော်၊မရဏပင်လယ်ရှိ ရေကို ရှေ့သို့တွန်းပို့သော တွန်းအားက ပိုမိုအားကောင်းလာသည်နှင့်အမျှ ယင်းဒေသရှိ သက်ရှိပုံစံများသည် ပိုမိုကြာရှည်စွာ ရှင်သန်နေထိုင်ရန် ပိုမိုခက်ခဲလာပြီး ၎င်းတို့ထဲမှ အများအပြား ပျောက်ကွယ်သွားခဲ့သည်။
သို့သော် မရဏပင်လယ်၏ရေပြင်ကို ရှေ့သို့တွန်းပို့သော ပိုအားကောင်းသောအင်အားက ဆူမင်၏အခြေတည်စိတ်ဝိညာဥ်ကိုသက်ရောက်စေသည်။
နောက်ထပ်သုံးရက်ကြာသောအခါ၊မှော်အစီအရင်က သူ့ကိုယ်သူ ဖြည်းညှင်းစွာ ထုတ်ဖော်လာသည်။ ထိုနေရာတွင် အလင်းရောင်များ တောက်ပလာသောအခါတွင် စွမ်းအားကြီးမားသော အရာများစွာက နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ မရဏပင်လယ်တွင် ဟိန်းဟောက်သံများ တဟုန်ထိုးမြည်လာကာ ကျန်ရှိနေသော မရဏပင်လယ်သေဘီလူးကြီး သုံးကောင်က ထိုနေရာဆီသို့ ကြီးမားသော ခြေလှမ်းများဖြင့် လှမ်းလာခဲ့သည်။
ထိုဧရိယာတဝိုက်တွင် တည်ရှိနေသော မရဏပင်လယ်ရှိ အခြားသော သက်ရှိပုံစံများသည်လည်း တောက်ပနေသောမှော်အစီအရင်
နားသို့ ရစ်သီရစ်သီလုပ်နေလေသည်။
ထိုအချိန်တွင် စုမင်နှင့် ဆေးဒယ်အိုးက ထိုနေရာရှိ လောကကြီး၏စွမ်းအားကို လုံး၀ မစုပ်ယူနိုင်သေးပေ။စုမင်က အခြေအနေကောင်းသေးသော်လည်း ဆေးဒယ်အိုးက စုပ်ယူရန် အဆင်မပြေသေးပေ။ ဆေးလုံးက အပြည့်အဝဖွဲ့စည်းရန် တစ်ဝက်သာလိုတော့
သည်။
ပတ်လည်ရှိဝန်းရံနေသော သက်ရှိများကို စုမင် ခံစားသိရှိလိုက်ရသည့်အခါ သူ့မျက်လုံးများက ပွင့်လာပြီး ဆေးဒယ်အိုးကြီးပေါ်မှာ ထိုင်ချလိုက်သည်။ သူ့အကြည့်များတွင် လူသတ်ချင်စိတ်များ တောက်ပလာသည်။ခဏအတွင်းမှာပင် သူ့ပတ်ဝန်းကျင်ရှိ ကျယ်ပြောလှသော ဝဲဂယက်ထဲသို့ တစ်ရှိန်ထိုးပြေးလိုက်သည်။သူပြန်ပေါ်လာသောအခါ သူက အလင်းလွှာအကာကွယ်၏အပြင်ဘက် မရဏပင်လယ်ထဲတွင် ရှိနေပြီဖြစ်သည်။
သူပေါ်လာသည်နှင့် တပြိုင်နက် မရဏပင်လယ်ကြီးက လျင်မြန်စွာ နီးကပ်လာသည်။ထို့နောက် သူ့ လက်သီးကို မြှောက်လိုက်သည်။ စုမင်၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော လှောင်ပြောင်သံ ထွက်ပေါ်လာပြီး ညာလက်ကို မြှောက်ကာ မရဏပင်လယ်ဘီလူးကြီးဆီသို့ ဦးတည် လိုက်သည်။ ချက်ချင်းဆိုသလိုပင် လျှပ်စီးလက်သကဲ့သို့ မီးပွားများက ကြီးမားသော အသံများနှင့်အတူ ရေထဲသို့ တိုးဝင်သွားခဲ့သည်။အသက်တစ် ရှိုက်စာအတွင်းထိုစုမင်ပစ်လွှတ်လိုက်သောစွမ်းအားများက ဧရာမသတ္တဝါကြီးအား ဝန်းရံလိုက်သည်။
ထို့နောက် သူ မရဏပင်လယ်ထဲတွင် ရပ်နေချိန် စုမင်၏ မျက်လုံးများတွင် အေးခဲနေသော အလင်းတန်းများ တောက်ပလာသည်။ ထို့နောက် သူ့ညာဘက်အလင်းလွှာအကာကွယ်၏မျက်နှာပြင်ဆီသို့ ဦးတည်ရွေ့လျားနေသော မရဏပင်လယ်ဘီလူးကြီးကို သူ့ညာလက်သီးဖြင့် တည့်တည့်ထိပစ်ချလိုက်သည်။ သို့သော်၊ သူ၏လက်သီးများ မရောက်မီ မရဏပင်လယ်၏ ရေလှိုင်းလုံးကြီးများက ရုတ်တရက် တိုးမြင့်လာပုံမှာ စကားလုံးဖြင့် ဖော်ပြ၍မရပေ။ ရေများ တစ်ဟုန်ထိုးတက်လာစေသောစွမ်းအားက ပင်လယ်ကြီးကိုပင် ဇောက်ထိုးမှောက်ခုံဖြစ်အောင်လုပ်နိုင်လေသည်။ ထိုစွမ်းအားအောက်တွင်၊ မရဏပင်လယ်တွင်းရှိ ဘီလူးကြီးများအားလုံး အဝေးသို့ မျောပါသွားခဲ့သည်။
ထိုအချိန်၌ မြေကြီးက ပြင်းထန်စွာဆ တုန်လှုပ်သွားတော့သည်။ အက်ကွဲသံများနှင့်အတူ မြေကြီးတစ်ခုလုံး ကွဲထွက်သွားပြီး နေရာများစွာတွင်လည်း ချက်ချင်းကွဲအက်သွားသည်။
စုမင်လည်း သူ့ခန္ဓာကိုယ်ကို မျောပါမသွားရအောင် ထိန်းမထားနိုင်တော့ပေ ။ ထိုစွမ်းအားက လူသားတစ်ယောက် ရင်ဆိုင်နိုင်သည့် အရာမဟုတ်ပေ။ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး တုန်လှုပ်ချောက်ချားသော အတွေးတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။
‘ပျက်စီးသွားပြီ...’