တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏ကပ်ဆိုးကြီး
Vol. 37 Ch. 509
သူ့ခန္ဓာကိုယ်ကို ရှေ့သို့တွန်းပို့နေသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အင်အားကြောင့် စုမင်၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ထိုစဉ် ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေပြီး သူ့ကိုယ်အတွင်းမှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ရှေ့သို့တွန်းလွှတ်နေသော တွန်းအားအောက်တွင် ခဏငြိမ်နေခဲ့သည်။
သူ့ခန္ဓာကိုယ် ရွေ့လျားမှု ရပ်တန့်သွားသောအခါတွင် သူ၏ အခြေတည်စိတ်ဝိညာဉ်က သူ့နောက်တွင် ပေါ်လာသည်။ ထို့နောက် စုမင်၏ခန္ဓာကိုယ်က ပုံပျက်လာကာ မရဏပင်လယ်၏ ရူးသွပ်သော စီးဆင်းမှု နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
စုမင် ပြန်ပေါ်လာသောအခါ၊ သူသည် မှော်အစီအရင်အတွင်းသို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်၌ အစီအရင်က ပြင်းထန်စွာ တောက်ပနေ၏။ အလင်းလွှာအကာကွယ်ပေါ်တွင် သေးငယ်သော အမှတ်အသားများ ထွက်ပေါ်လာပြီး ၎င်းက အချိန်အကြာကြီး ကြာရှည်စွာ မနေနိုင်တော့ပုံရသည်။
“အရှေ့မြေရိုင်းနယ်မြေရဲ့ ကပ်ဆိုးကြီး စတင်နေပြီ...”
သူ၏ အခြေတည်စိတ်ဝိညာဉ်က မှော်အစီအရင်ကိုတည်ငြိမ်စေသောအခါ စုမင်က အပြင်ဘက်ရှိ ပြင်းထန်သော ရေစီးကြောင်းကို ကြည့်လိုက်သည်။သူပုံစံကြည့်ရသည်မှာ အသက်ရှုကြပ်နေပုံပြီး တီးတိုးပြောလိုက်သည်။
အပြင်ဘက်မှ ဆူညံသံများ ထွက်လာသည်ကို သူကြားနေရသည်။ ပင်လယ်ကြမ်းပြင်က ပြင်းထန်စွာ ပြိုကျပုံပန်းမှုကို ကြုံတွေ့နေရသည်။ ရေက လှည့်ပတ်တိုက်စားသွားသဖြင့် ပင်လယ်ထဲရှိသက်ရှိပေါင်းများစွာပါ အရပ်ရပ်သို့မျောပါလေသည်။
စုမင် အနည်းငယ် ထိတ်လန့်သွားသည်။ ယခုမှပင် ပြင်းထန်သော တွန်းကန်အားက သူ့အား မျှော်လင့်ချက်မဲ့သော ခံစားချက်ကို ပေးစွမ်းနိုင်သည်၊၊ ၎င်းမှာ သူ့ဘာသာသူ ထူးထူးခြားခြား ဖြစ်နေပြီး စုမင်၏လက်ရှိ စွမ်းအားဖြင့်ပင် ၎င်းကို တားဆီရန် မမျှော်လင့်ရဲပေ။ သူ့ခန္ဒာကိုယ်တွင်း ခွန်အားကလည်း စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားကာ မာန်မျိုးနွယ်စုနှင့်ရှာမန်မျိုးနွယ်စုတို့တွင်ပင် အစွမ်းထက်သော စစ်သည်တော်အဖြစ် သတ်မှတ်ခံရနိုင်ပြီဖြစ်သည်။
သို့သော်… သူ့၏ လက်ရှိအခြေအနေမှာ ပင်လယ်ရေပြင်ကို ရွေ့လျားစေသော တွန်းအားနှင့်ထိပ်တိုက်ရင်ဆိုင်ရသောအခါ ကြောက်ရွံ့မှုတွေ ခံစားခဲ့ရဆဲပင်ဖြစ်သည်။
စုမင်က တိတ်တိတ်ဆိတ်ဆိတ်နေပြီး၊ညာလက်ကို မြှောက်လိုက်သည်။ သူ၏အခြေတည်စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော အလင်းလွှာအကာကွယ်ကို ဖိထားသည်။ သူ၏ နတ်ဘုရားအာရုံက အလင်းလွှာ၏မျက်နှာပြင်တစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ စုမင်က သူ၏ နတ်ဘုရားအာရုံစွမ်းအားကို အပြည့်အဝ ပို့လွှတ်ခဲ့သည်။ သိပ်မကြာခင်မှာပင် ပင်လယ်မျက်နှာပြင်သို့ ဖြန့်ကျက်လိုက်ပြီး အပြင်လောကကို သူမြင်အောင် ကြည့်လေသည်။
ကောင်းကင်၌ တိမ်များ တလိမ့်လိမ့်တက်လာပြီး လေထဲ၌ မိုးခြိမ်းသံများ တဂျိမ်းဂျိမ်းမြည်နေလေသည်။ လျှပ်စီးကြောင်းများက တိမ်တိုက်များကို ဖြတ်သွားကာ အချို့က ပင်လယ်ထဲသို့ပင် ဖြာကျသွားသည်။ မိုးသက်မုန်တိုင်းက အမျက်ဒေါသဖြင့် လောကကြီးကို ရန်ရှာကာ လေထုထဲတွင် ပြင်းထန်သောအသံများကို ထုတ်လွှတ်ပေးနေလေသည်။ ထိုလေ၏ အရှိန်ကြောင့် ကောင်းကင်သို့ လှိုင်းလုံးကြီးများ ခုန်တက်လာသည်။ ဤပြင်းထန်သောလေပြင်းတိုက်ခတ်မှုကြောင့် စုမင် ၏နတ်ဘုရားအာရုံက မတည်မငြိမ်ဖြစ်နေသည့်လက္ခဏာများပင် စတင်နေပြီဖြစ်သည်။
စုမင်က သူ၏မြင့်မြတ်သောနတ်ဘုရားအာရုံနှင့် ဝေးကွာလွန်းသည့်နေရာများကို မတွေ့နိုင်ပေ။တောင်ပိုင်းအရုဏ်ဦး နယ်မြေရှိ ရှာမန်တို့ပိုင်မြေများကို မမြင်နိုင်တော့ပေ။ အဆုံးမဲ့ပင်လယ်ရေများသာ ထိုနေရာတွင် နေရာယူထားသည့်အပြင် ပင်လယ်မျက်နှာပြင်ပေါ်တွင် လွင့်မျောနေသော အရှေ့မြေရိုင်းနယ်မြရှိတိုက်ကြီးများကိုလည်း တွေ့ရှိနိုင်သည်။
တောင်ပိုင်းအရုဏ်ဦးနယ်မြေနှင့်ထိတွေ့သောပထမအပိုင်းမှာ အရှေ့ မြေရိုင်းနယ်မြေ၏အစွန်းဖြစ်သည်။ ထိုဆက်စပ်မှုက တစ်ခဏမျှသာကြာပြီး တောင်ပိုင်းအရုဏ်ဦးနယ် မြေတစ်ခုလုံးအတွက် အလွန်ကြီးမားသော တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ လောကကြီးက ဇောက်ထိုးဖြစ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ စုမင် ပင် ခံစားသိရှိနိုင်ပြီး ကြောက်ရွံ့ထိတ်လန့်သွားစေသည်။
တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏ ကုန်းမြေတစ်ခုလုံး တုန်ခါသွားသောအခါ တောင်များစွာ ပြိုကျသွားသည်။ ကောင်းကင်မြူခိုးမြို့တော်၏ တံတိုင်းများကလည်း ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ ပင်လယ်ရေက ရှာမန်တို့၏နယ်မြေ များကိုသိမ်းပိုက်ခဲ့သည်။ ယခုအခါ မြို့ရိုးများအောက်ရှိ နံရံများကိုဖျက်စီးကာ မာန်မျိုးနွယ်စု၏နယ်မြေ များသို့အပြေးအလွှားသွားပြီး ကောင်းကင်မြူခိုးမြို့တော်
ထဲသို့ အဆက်မပြတ်ဝင်ရောက်လာခဲ့သည်။
အရှေ့မြေရိုင်းနယ်မြေထဲသို့ ကပ်ဘေးကြီးကျနေစဉ် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည့် လှိုင်းလုံးကြီးတစ်ခုက တောင်ပိုင်းအရုဏ်ဦးနယ်မြေကို လေထဲသို့ လွင့်ပျံသွားစေသည်။ ထိုပေါက်ကွဲသံကြီးထွက်ပေါ်လာသည် နှင့် တပြိုင်နက် တောင်ပိုင်းအရုဏ်ဦးနယ်မြေနှင့် အရှေ့မြေရိုင်းနယ်မြေတို့က အချင်းချင်း ပြင်းထန်စွာ ထိတိုက်မိသွားပြန်သည်။ ဤတစ်ကြိမ်တွင် အရှေ့မြေရိုင်းနယ်မြေ၏အစွန်အဖျားက တောင်ပိုင်းအရုဏ်ဦးနယ်မြေထဲသို့ လုံးဝဝင်ရောက်လာခဲ့သည်။ နားကွဲလုမတတ် ကျယ်လောင်သောအသံများထွက်ပေါ်လာပြီး လေထုကိုစုတ်ဖြဲနေလေသည်။ ထိုစဉ် တောင်ပိုင်းအရုဏ်ဦးနယ်မြေကို လှုပ်ခတ်နေသော တုန်ခါမှုများက ပိုမိုပြင်းထန်လာသည်။
မည်သူမဆို တောင်ပိုင်းအရုဏ်ဦးနယ်မြေကို အပေါ်စီးကနေကြည့်ပါ ကြီးမားသော အက်ကြောင်းကြီးက တိုက်ကြီးကို အရှိန်အဟုန်ဖြင့် ဖြတ်ကျော်လေသည်။
ကျယ်လောင်သော အသံများနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံများနှင့် အရှေ့မြေရိုင်းနယ်မြေနှင့်တောင်ပိုင်းအရုဏ်ဦးနယ်မြေတို့ဆက်စပ်နေရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်။ တောင်ပိုင်းအရုဏ်ဦးနယ်မြေနှင့်အတူ ထိုအက်ကွဲကြောင်းက နယ်မြေထဲရှိ နက်ရှိုင်းသောအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူပေါင်းတစ်သန်းနီးပါးအကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဤသည်မှာ တစ်ခုတည်းသော အက်ကွဲကြောင်းကြီးမဟုတ်ဘဲ အများကြီးရှိခဲ့သည်။ တောင်ပိုင်းအရုဏ်ဦးနယ်မြေတစ်ခုလုံး အပိုင်းပိုင်းကွဲသွားသကဲ့သို့ပင်ဖြစ်သည်။ ထိုအက်ကွဲကြောင်းများထဲမှ တစ်ခုက ကောင်းကင်မြူခိုးမြို့တော်နှင့် နီးကပ်လာခဲ့သည်။ ထိုနေရာရှိ တောင်တန်းများနှင့် ထိတွေ့မိလိုက်သည်နှင့်တပြိုင်နက် လေထဲတွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ တောင်ကြီးပြိုကျကာ မာန်မျိုးနွယ်စုနယ်မြေထဲသို့ ဆက်လက်ပျံ့နှံ့သွားစေသည့်လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သည်။
ကောင်းကင်မြူခိုးမြို့တော်၏တောင်တန်းများကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မာန်မျိုးနွယ်စုများ၏နယ်မြေထဲသို့ဝင်ရောက်လာသော ပထမဆုံးသောအက်ကွဲ ကြောင်းဖြစ်လာခဲ့သည်။
အက်ကွဲကြောင်း ပေါ်လာသည်နှင့်အမျှ ပင်လယ်ရေများက ၎င်းကို ဖြတ်ကျော်ဝင်ရောက်လာသည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများနှင့် အဆုံးမရှိသော မြင့်မားသောလေတိုက်ခတ်မှုအောက်တွင် ကောင်းကင်မြူခိုးမြို့တော်၏အတားအဆီး ပြိုကျသွားခဲ့သည်။
မာန်မျိုးနွယ်စုများကို ခေတ်အဆက်ဆက် အကာအကွယ်ပေးခဲ့သော အတားအဆီးက ထိုအချိန်တွင် ပျက်စီးသွားခဲ့သည်။
တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိကျယ်လောင်သော ပေါက်ကွဲသံများက ကောင်းကင်ယံကို ဆက်လက်တုန်ခါသွားကာ ခဏပင် မရပ်တန့်သွားပေ။မရေမတွက်နိုင်သောနယ်မြေများက အရှေ့မြေရိုင်းနယ်မြေအစွန်အဖျားနှင့်ထိတွေ့မိသောအခါ အပိုင်းပိုင်းပြိုကွဲသွားသည်။ ပျက်စီးမှုက ကုန်းမြေ၏ အခြားအစိတ်အပိုင်းများသို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွားပုံရသော်လည်း အမှန်တကယ်မှာ ၎င်းတို့ဆီသို့ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။
အက်ကွဲကြောင်းများ ပြန့်ကျဲလာသည်နှင့်အမျှ နယ်မြေများစွာက တောင်ပိုင်းအရုဏ်ဦးနယ်မြေကြီးထဲမှ ကွဲထွက်သွားကြသည်။ ဤကွဲသွားသော အစိတ်အပိုင်းများက မရဏပင်လယ်ထဲသို့ စီးမျောသွားပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုပျက်စီးမှုက အစပင်ရှိသေးသည်။
တိုက်ကြီးနှစ်ခုက တစ်ခုနှင့်တစ်ခု တိုက်မိနေသေးသည်။ တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏ထိခိုက်ပျက်စီးမှုနှင့် နှိုင်းယှဉ်ပါက အရှေ့မြေရိုင်းနယ်မြေက များစွာသာလွန်ကောင်းမွန်ပါသည်။ သို့သော်၊ အက်ကြောင်းများနှင့် ပျက်စီးမှု အများအပြားလည်း ပေါ်လာသည်။ပင်လယ်ဆီမှ ကျားတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံများ ပေါ်လာချိန်ထိုအစိတ်အပိုင်းများမှာလည်း နစ်မြုပ်သွားခဲ့သည်။
ဤသည်မှာ အရှေ့မြေရိုင်းနယ်မြေရှိ လူများအတွက် ဘေးဥပဒ်တစ်ခုဖြစ်သော်လည်း တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိလူများအတွက်လည်း အတူတူပင်ဖြစ်သည်။
တိုက်ကြီးနှစ်တိုက်ကြား ပြင်းထန်သော ထိတိုက်မှုက လောကကြီးကို ကြီးမားသောပြောင်းလဲမှုနှင့် အကန့်အသတ်မရှိသောပျက်စီးမှုစွမ်းအားကို ပေးစွမ်းခဲ့သည်။ ထိုသဘာဝဘေးအန္တရာယ်များကို လူတစ်ဦးမှ ဆန့်ကျင်တားဆီးနိုင်သည့် အရာမဟုတ်သည်မှာ သေချာသည်၊ မယုံနိုင်လောက်အောင် မြင့်မားသော ကျင့်ကြံဆင့်ရှိသူများသာ ဤအရာကို ပြောင်းလဲပစ်ရန်ပင် မျှော်လင့်နိုင်သည်။
သို့သော်၊ ရှာမန်မျိုးနွယ်စုနှင့်မာန်မျိုးနွယ်စုတို့တွင် မည်သူမျှ ထိုသို့သော စွမ်းအားမျိုး မရှိသည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် သူတို့က ဤဘေးဆိုးကြီးအောက်တွင် အားသွန်ခွန်စိုက် ရုန်းကန်နခဲ့ကြရသည်။
ပင်လယ်ကြီးထံမှ တော်လဲသံများထပ်မံထွက်ပေါ်လာပြီး ကုန်းမြေက အက်ကွဲသွားပြန်သည်။ မျိုးနွယ်စုပေါင်း မြောက်မြားစွာ ရေနစ်သေဆုံးခဲ့သည်။မာန်မျိုးနွယ်စုဝင် အပါအဝင် လူပေါင်းများစွာက ကြောက်လန့်တကြား အော်ဟစ်ရင်း အသက်ထွက်ခဲ့ကြရသည်။ ကောင်းကင်မြူခိုးမြို့တော်၏အတားအဆီး ပြိုကျသည့်အခိုက်တွင် ၎င်းတို့၏ ကံကြမ္မာကိုလည်း ချိတ်ပိတ်ခဲ့သည်။ သေခြင်းအမှတ်အသားက သူတို့အပေါ်မှာ တံဆိပ်ခတ်ထားခဲ့သည်။
ပြင်းထန်သောလေပြင်းများက ရှာမန်နယ်မြေများ၏အထက်ကောင်းကင်၌လေထုကိုဖြတ်တောက်လာသည်နှင့်အမျှ၊ ရှာမန်မြို့တော်မှထွက်ပြေးလာသော လူများသည် ကြောက်မက်ဖွယ်ပျံသန်းနေသာငှက်အုပ်ကြီးနှင့်တိုးမိလေသည်။
မာန်မျိုးနွယ်စု နယ်မြေအနီးရှိ ဧရာမသားရဲကြီးတစ်ကောင်ရှိခဲ့သည်။ ၎င်း ဝက်ကြီးတစ်ကောင်ကဲ့သို့ဖြစ်ပြီး ကောင်းကင်သို့ အရှိန်ဟုန်ဖြင့် ပျံတက်သွားလေသည်။ သို့သော်၊ ၎င်း၏ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ငှက်များစွာရှိခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကို လေပြင်းများကလည်း မရပ်မနားတိုက်ခတ်နေခဲ့သည်။
အဆုံးတွင် ပြင်းထန်သော လေပြင်းတိုက်ခတ်မှုကြောင့် ၎င်း၏ခန္ဓာကိုယ်က ရုတ်ချည်း ကွဲအက်သွားကာ အသက်ထွက်ခါနီး ငိုကြွေးသံကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်က နေရာတိုင်းတွင် ပြန့်ကျဲနေသော အဆုံးမရှိသော အသားနှင့် အသွေးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအသားနှင့် အသွေးများသည် ပင်လယ်ထဲသို့ မကျရောက်မီတွင် မရေမတွက်နိုင်သော ငှက်များက ကိုက်စားခြင်းကိုခံခဲ့ရသည်...
ဟန်တောင်တန်းမြို့... စုမင်ရောက်ဖူးသော ပထမဆုံးမြို့ပင်.. ထိုအချိန်တွင် တောင်ပိုင်းအရုဏ်ဦးနယ်မြေတွင် လူအနည်းငယ်သာရှိသည်။ မြို့တွင်း သို့မဟုတ် ၎င်းတို့၏ မျိုးနွယ်စုများ၏ တောင်တန်းများတွင် သက်ကြီးရွယ်အိုအချို့သာ ကျန်ရှိတော့သည်။ လောကကြီး၏ အပြောင်းအလဲကို တိတ်ဆိတ်စွာ ငေးကြည့်နေကြတယ်။
သူတို့ကမထွက်ခွာလိုချင်ပေ။ သူတို့က အသက်ကြီးနေပြီဖြစ်၍ အိမ်ကို စွန့်ရန် သတ္တိမရှိကြပေ။ သူတို့မှာရှိနေသည့် တစ်ခုတည်းသော အရာကတော့ သူတို့၏ မျိုးနွယ်စု၊ သူတို့၏ တောင်တန်း၊ သူတို့၏ အိမ်များနှင့်အတူ သေရန် ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
သူတို့စောင့်ကြိုနေသောအရာမှာ ပင်လယ်ရေပြင်ကျယ်ကြီးနှင့် တုန်လှုပ်နေသော မြေငလျင်ကြီးများပင်ဖြစ်သည် ။ခဏအကြာတွင်၊ ဟန်တောင်တန်းမြို့ကြီးတစ်ခုလုံးသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပြီး မရဏပင်လယ်ကြောင့် နစ်မြုပ်သွားကာ အတိတ်၏အမွေအနှစ်အဖြစ်သို့ ပြောင်းလဲသွားသည်။
နယ်မြေတစ်ခုလုံးတုန်ခါသွားပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေတခုလုံးကို အနောက်ဘက်သို့ တွန်းပို့လိုက်သည်။ မြေပြင်က ရွေ့လျား နေပြီး တောင်များပြိုကျနေလေသည်။ ကောင်းကင်၌ မိုးသက်လေပြင်းများက တစ်ဟုန်ထိုးတိုက်ခတ်သောင်းကျန်းနေလေသည်။ ။ မိုးကြိုးများက မြေပြင်၏ အစိတ်အပိုင်းတိုင်းကို ဖုံးလွှမ်းသွားပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေ တစ်ခုလုံးက သက်ရှိမျိုးစုံအတွက် တားမြစ်နယ်မြေအဖြစ် ပြောင်းလဲသွားစေသည်။
သို့သော်လည်း လူများက ရုန်းကန်ရင်း၊ ပြန်တိုက်ခိုက်၊ ရူးသွပ်စွာ ပြေးလာကာ ၎င်းတို့၏ ကံကြမ္မာအတွက် ရှင်သန်လိုသော ဆန္ဒရှိကြသေးသော်လည်း နောက်ဆုံးတွင်... သေခြင်းမှတပါး၊ စွန့်လွှတ်ခြင်းမှတပါး အခြားရွေးချယ်စရာမရှိပေ။
အက်ကြောင်းများစွာ ပေါ်လာသောအခါ တောင်ပိုင်းအရုဏ်ဦးနယ်မြေ အစွန်းတွင်ရှိသော ရှာမန်ပိုင်နယ်မြေများက လုံးဝကွဲအက်သွားသည်။ မြောက်မြားစွာသော ကုန်းမြေအပိုင်းအစများက ပင်လယ်ပြင်ပေါ်တွင် မျောပါသွားလေသည်။ တောင်ပိုင်းအရုဏ်ဦးနယ်မြေတစ်ခုလုံးကို ပြည့်နှက်နေသော အက်ကွဲကြောင်းများက မြေပြင်ထဲသို့ အလွန်နက်ရှိုင်းစွာ ကျယ်ပြန့်လာကာ တိုက်ကြီး၏အောက်ခြေအထိ တည့်တည့်ရောက်ရှိသွားကြသည်။ အများအားဖြင့်၊ ဤအက်ကြောင်းများက တစ်ခုနှင့်တစ်ခု ကြက်ခြေခတ်ဖြတ်သွားသောအခါ၊ မြေကြီးက လုံးဝအစိတ်စိတ်အမွှာမွှာ ကွဲသွားပေလိမ့်မည်။
ဤသည်မှာ စစ်မှန်သော ကပ်ဘေးဒုက္ခဖြစ်သည်။ မည်မျှကြာကြာခံနိုင်ရည်ရှိမည်ကို မည်သူမျှမသိခဲ့ကြပေ။ ထိုအပြောင်းအလဲကမည်သို့ဖြစ်လာကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။ သို့သော် ဤအရာအားလုံးက ကပ်ဘေးကြီး၏အစသာဖြစ်သည်။
စုမင်သည် တိုက်ကြီးတစ်ခုလုံး၏ အပြောင်းအလဲများကို မမြင်နိုင်ပေ။ သူနေထိုင်ရာနေရာတစ်ဝိုက်လီထောင်ပေါင်းများစွာရှိသော စက်ဝိုင်းပုံအဝိုင်းတွင် ဖြစ်ပျက်နေသည့်အရာများကိုသာ သူမြင်နိုင်သည်။ ကုန်းမြေပြိုကျသည်ကိုမြင်ရသည်၊ တောင်များပြိုကျသည်ကိုမြင်ရသည်၊ မြေကြီးများပြိုကျကာ တစ်ခုနှင့်တစ်ခု ကွဲသွားသည်ကိုမြင်လေး ထောင်နှင့်ချီသောလူများက သူ၏ဂူဆီသို့ ပြေးဆင်းလာနေသည်ကို မြင်လိုက်ရသည်။
သူ့နှလုံးသား တုန်လှုပ်သွားပြီး သူ၏နတ်ဘုရားအာရုံကို ချက်ချင်း ပြန်ယူခဲ့သည်။ ပြင်းထန်သော လေပြင်းတိုက်မှုကြောင့် သူ၏နတ်ဘုရားအာရုံ၏ အစိတ်အပိုင်း အများအပြားလည်း လွင့်ထွက်သွားခဲ့သည်။ စုမင်က ပြန်ယူလိုက်သော် သူ့မျက်နှာက ဖြူဖျော့သွားလေသဘ် ။ သူ လျင်မြန်စွာ ဆုတ်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဆေးဒယ်အိုး တည်ရာ နေရာသို့ ပေါ်လာသည်။ ထိုအချိန်တွင် အိုးထဲတွင်ရှိသော ဆေးလုံးက အပြည့်အ၀ မပေါ်သေးသော်လည်း ပေါ်လာရန်အနည်းငယ်သာ လိုတော့သည်။
စုမင်၏ အခြေတည်စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော အလင်းလွှာအကာကွယ်က တုန်လှုပ်မှုနှင့်အတူ ပြိုလဲကျသွားသည်။ အခြေတည်စိတ်ဝိညာဉ်ကလည်း စုမင်နားသို့ ပြန်ရောက်သွားလာသောအခါ၊ ပင်လယ်ရေအများအပြားက ထို နေရာထဲသို့ ဒလဟော စီးဆင်းသွားသည်။ တစ်ဟုန်ထိုးစီးဆင်းလညသောရေတွန်းအားက လျင်မြန်သထက် မြန်လာလေသည်။
တစ်ချိန်တည်းမှာပင် ဂူတစ်ခုလုံးနှင့် တောင်တန်းကြီးတစ်ခုလုံးက မရဏ ပင်လယ်အောက်တွင် မြုပ်သွားခဲ့သည်။ ထိုနေရာက ရေလွှမ်းသွားသောအခါ စုမင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ ထွန်းလင်းတောက်ပလာပြီး ဆေးဒယ်အိုးကို ဖုံးအုပ်ထားသည်။
စုမင်က မရဏပင်လယ်၏ စွမ်းအားကို တွန်းလှန်ခြင်းရင်း လေထဲ၌မွှန်ထူပျံ့နှံ့နေသော ဆေးမွှေးရနံ့ကို များစွာရှုရှိုက်လိူက်သည်။ နေရာတစ်ခုလုံးပျံ့နှံ့ပြီးနောက် ဆေးလုံးက အပြည့်အဝ ဖြစ်ပေါ်လာခဲ့သည် ။
စုမင်၏ မျက်နှာက နီရဲပြီး တဖြည်းဖြည်းဖျော့ တော့လာသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ တစ်ချက်မျှ မဆိုင်းမတွဘဲ ဆေးဖက်ဝင်အိုးကို ချက်ချင်းဖယ်လိုက်သည်။ သူက ဂူအပြင်ဘက်သို့ လောကဆီသို့ လှည့်ပတ်နေစဉ်အတွင်း အတွင်းမှ ဆေးလုံးများကို စစ်ဆေးရန် အချိန်မရှိပေ။ သူပြန်ပေါ်လာသော် ရေမျက်နှာပြင်အောက်ရှိ ရေခဲတံခါးဂိတ်နားတွင် ဖြစ်သည်။
သူရောက်ပြီးချင်းတွင် ပေတစ်ထောင်အကွာကနေ အက်ကွဲအက်ကွဲသံကြီးက လေထုထဲ၌ ပျံ့နှံ့လာပြီး လျင်မြန်စွာ ရောက်ရှိလာသည်။ စုမင်၏ခြေဖဝါးအောက်က မြေပြင်က အက်ကွဲသွားလေသည်။ သူ့ခြေထောက်များက မည်သည့်အရာကိုမှ မနင်းမိစေဘဲ သတိပြနေလေသည်။ ရေခဲတံခါးက အက်ကွဲကြောင်း၏နက်နဲရာသို့ ပြုတ်ကျသွားလေသည်။
ထိုနေရာ၌ ပိန်းပိတ်အောင် မှောင် နေလေသည်။ ဤသည်မှာတောင်ပိုင်းအရုဏ်ဦးနယ်မြေ ၏အောက်ခြေဖြစ်သည်။မရဏပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းဟုပင် ယူဆနိုင်သည်။
စုမင်က အကြိမ် ပါးစပ်မှ သွေးများ အန်လိုက်သည်နှင့် နစ်မြုပ်သွားသော ရေခဲတံခါးဆီသို့ ရောက်သွားခဲ့သည်။ သူ့လက်ဖဝါးကို တံခါးဝကို တွန်းလိုက်သည်နှင့် ချက်ချင်းပင် ရေခဲများ ကွဲအက်သွားသည်။ထို့နောက် သူ အတွင်းထဲသို့ ပြေးဝင်သွားခဲ့သည်။ အမှောင်ထဲမှာ အလင်းတန်းများ တဖျပ်ဖျပ်လင်းလက်လာပြီး စုမင်လည်းကွယ်ပျောက်သွားလေသည်။
ထို့ပြင် ရေခဲတံခါးက အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်အထိ အောက်ဘက်သို့ ဆက်လက် နစ်မြုပ်သွားလေသည်။ထို့နောက် ပင်လယ်၏ အမည်မသိ အစိတ်အပိုင်းအချို့တွင် နစ်မြုပ်သွားခဲ့သည်။
အရှေ့ဘက်မြေရိုင်းများ၏ကပ်ဆိုးကြီး တောမီးကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ဖုံးလွှမ်းပျံ့နှံ့နေခဲ့သည်။ အသက်ရှင်နေသေးသူအားလုံးက ၎င်းကို ခုခံတွန်းလှန်ရုန်းကန်နေကြသည်… မျိုးနွယ်စုပေါင်းမြောက်မြားစွာက ပင်လယ်သေ၏အောက်ခြေတွင် နစ်မြုပ်သွားကြသည်။ ဤမရေမတွက်နိုင်သော မျိုးနွယ်စုများထဲတွင် ကျိုးပဲ့ပျက်စီးနေသော အိမ်များ အများအပြား ရှိပြီး ထိုအိမ်များအတွင်း အချိန်မီ မထွက်ခွာနိုင် သို့မဟုတ် မထွက်ခွာချင်ကြသူများ ဖြစ်ကြသည်။ ထို့ပြင် သူတို့၏မျက်လုံးများက ပြူးကျယ်သွားကာ မရဏပင်လယ်သ၏နက်နဲသောနေရာတွင် ထာဝရတည်ရှိနေမည့် အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။