← Chapters

စောင့်ဆိုင်းခဲ့ရသောဆယ့်ငါးနှစ်တာကာလ

Vol. 37 Ch. 510

စောင့်ဆိုင်းခဲ့ရသောဆယ့်ငါးနှစ်တာကာလ

Vol. 37 Ch. 510

အေးစက်နေသော ရေခဲမြို့တော်က မှောင်မိုက်ပြီး တိတ်ဆိတ်သောကမ္ဘာကြီးထဲတွင် ရှိနေသည်။ မိုးသက်မုန်တိုင်းလည်း မရှိ၊ မည်သူတစ်ဦးတစ်ယောက်၏ ခြေအောက်ရှိ မြေပြင်ကလည်း တုန်လှုပ်‌ ‌မနေတော့ပေ။

ထိုနေရာ၌ တိတ်ဆိတ်လွန်း၍ အပ်ကျသံတောင်ကြားနိုင်သည်။

နေရာတိုင်းရှိ ရေခဲရုပ်ထုများနှင့် ရေခဲတောင်များနှင့်ပြည့်နှက်နေသည့် အေးစက်နေသော ရေခဲမြို့ တော်တွင် မည်သည့်အခါမျှ ပြောင်းလဲမသွားမည့် မြင်ကွင်းက‌တော့ ... ဧရာမလိပ်ကြီးတစ်ကောင်ဖြစ်သည်။ သူ့မျက်လုံးများကို ပြူးကျယ်စွာဖွင့်ထားပြီး အသက်ရှူမဝသောပုံစံဖြင့် ရေခဲတောင်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ အကယ်၍သာ အကြည့်များက လူ သတ်နိုင်လျှင် ရေခဲတောင်တွင်ရှိသော စုမင်က အကြိမ်ပေါင်းများစွာ သေပေလိမ့်မည်။

စုမင်က မဲ့ပြုံးပြုံးလိုက်ရုံကလွဲ၍ သူ့စိတ်ထဲရှိ ပူဆွေးမှုကို ဖော်ပြရန် တခြားနည်းလမ်း မရှိတော့ပေ။

ဆယ့်ငါးနှစ်အကြာတွင်ပင် ဤလိပ်က သူ့အ ပေါ် အငြိုးအာဃာတကို ထားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဆယ့်ငါးနှစ်ကြာမျှ လိပ်ကြီးက ရေခဲတောင်ကို ငေးကြည့်ရင်းနေလာခဲ့သည်။ ထို့နောက် နှစ်နာရီကြာတော့ ထိုလိပ်ကြီးက သူ့သားကောင်ကိုတွေ့လိုက်ရသည်။

စုမင် ထိုနေရာကို ရောက်သည့်အခါ သူပထမဆုံးမြင်လိုက်ရသည့် အရာမှာလိပ်ကြီး ဖြစ်ပြီး သူ လုံးဝကို အံ့အားသင့်သွား လေသည်။ လိပ်ကြီး၏ စူးရှ‌တောက်ပသော မျက်လုံးများဖြင့်စုမင်ကိုတစ်ချိန်လုံးကြည့်နေခဲ့သည်။

ရေခဲတောင်ဖြင့် ခြားထားသော လူသားနှင့် လိပ်တို့က တစ်ယောက်ကို တစ်ယောက် ရိုးရှင်းစွာ ကြည့်နေ

ကြသည်။ လိပ်ကြီးကအတိတ်က စုမင်ကို မှတ်မိခဲ့သည်။ ၎င်း၏စွမ်းအားက သူ့ခေါင်းထဲတွင် ရှင်းရှင်းလင်းလင်း ရှိနေခဲ့သည်။လိပ်ကြီး၏ စွမ်းအားက ယခင်ကထက် များစွာ ကွာခြားသွားကြောင်း၊ ဤလိပ် မည်မျှ အစွမ်းထက်ကြောင်းကို ယခု ပို၍ပင် ရှင်းလင်းစွာ ပြောပြနိုင်ခဲ့သည်။

၎င်းက အဆုံးသတ်ရှာမန်များထက် သာလွန်သော စွမ်းအားတစ်ခု ကိုပိုင်ဆိုင်သည်။ စုမင်၏ တွက်ချက်မှုအခြေခံ၍ လိပ်က ကျင့်ကြံသူတို့လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသူများနှင့် တူညီနေပြီဖြစ်သည်။

စုမင် သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သော် လိပ်ကြီး၏ခေါင်းကထောင်လာပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ထိုအော်သံက ရေခဲမြစ်ကိုဖြတ်ပြီး စုမင်၏ နားထဲသို့ စူးရှစွာ တိုးဝင်လာသည်။

သူ့မျက်လုံးထဲတွင် လင်းလက်လာလေသည်။ ချက်ချင်းပင် သူ့ညာလက်ကို မြှောက်ကာ သူ့ရှေ့ရှိ ရေခဲအလွှာကို ရိုက်ချလိုက်သည်။ထို့နောက် အက်ကွဲသံများနှင့်အနူ ရေခဲမျက်နှာပြင်မှာ အက်ကြောင်းတွေပေါ်လာသည်။

လိပ်က ၎င်း၏ အော်ကြွေးသံက စုမင်ကို မခြိမ်းခြောက်နိုင်ကြောင်းကို သိမြင်သောအခါ ၎င်း၏အမြီးကို လျင်မြန်စွာ မြှောက်လိုက်ကာ ရေခဲတောင်ကို ပုတ်ခတ်လိုက်ပြန်သည်။ ပဲ့တင်သံတစ်ခုက ရေခဲထုထဲသို့ပျံ့လွင့်သွားလေသည်။ အော်ဟစ်သံကြီးကို ထပ်မံထုတ်လွှတ်ပေးပြန်သည်။

စုမင်က သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက ထိုလိပ်ကြီးက ရေခဲတောင်ကို မဖျက်ဆီးချင်ခဲ့ကြောင်းကို သတိရမိခဲ့တယ်။ သူစမ်းသပ်ပြီးသည်နှင့် ထိုဖြစ်ရပ်က အမှန်ပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

‘ဒါဆို ငါ အပြင်မထွက်ရ‌တော့ဘူး’

စုမင်က အံကြိတ်ကာ ရေခဲတောင်အပြင်ဘက်ရှိ လိပ်တစ်ကောင်က သူ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်ကိုလည်း ဂရုမစိုက်တော့ပေ။ ယင်း သူထိုင်ပြီး တင်ပလ္လင်ခွေထိုင်ရန် ပတ်ပတ်လည်ရှိရေခဲအလွှာများကို နေရာရှင်းခဲ့သည်။

“တောင်ပိုင်းအရုဏ်ဦးနယ်မြေရဲ့ တံခါးက ဘယ်မှာ မြုပ်သွားပြီလဲ.. တော်တာ်ကြာတဲ့ထိ ငါ ပြန်နိုင်တော့မှာ မဟုတ်ဘူး.. အရှေ့မြေရိုင်းနယ် မြေရဲ့ဒီကပ်ဆိုးကြီးက ပြီးဆုံးဖို့ဆိုတာ နှစ်ပေါင်းများစွာ ကြာနိုင်တယ်”

“ အပြင်မှာလည်း လိပ်ကြီးနဲ့.. ထွက်လို့ မရဘူး..ငါလည်း နှစ်အတော်ကြာ တစ်ယောက်တည်းနေရမှာ..အဲ့ချိန်အတွင်း.ငါ့ကိုယ်ငါ ပြင်ဆင်သင့်တာပြင်ထားရမယ်...”

စုမင်က အတွေးရေယာဉ်ထဲ၌ နစ်မြောနေရင်း ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည်။ ဤရေခဲတောင်ကြီးက ကြီးကြီးမားမားဖြစ်သောကြောင့် ပါးလွှာအောင်ပြုလုပ်ရန် သူ့အတွက် အဆင်မပြေလှပေ။

စုမင်ကခေါင်းငုံ့ကာ အတွေးနက်နက်ထဲ နစ်မြုပ်သွားခဲ့သည်။ ခဏအကြာတွင် သူ့မျက်လုံးများ တောက်ပလာပြီး သူ့အောက်ရှိ ရေခဲလွှာဆီသို့ လှမ်းကြည့်လိုက်သည်။

‘ငါ အပြင်မထွက်နိုင်ရင် ဒီမှာ ဥမင်လိုဏ်ခေါင်းတူးပြီး ရေခဲအလွှာအောက်မှာ ငါ့ကိုယ်ပိုင် လိုဏ်ဂူ ဆောက်ရမယ်...’

စုမင်၏ မျက်လုံးများက လင်းလက်တောက်ပလာသည်။ သူ့ကို စိုက်ကြည့်နေသော လိပ်ကို တစ်ချက်ခေါင်းမော့ကြည့်လိုက်သည်။ ညာလက်ကို မြှောက်ကာ သူ့ခြေဖဝါးအောက်ရှိ ရေခဲပြင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ အတိတ်က သူ့၏စွမ်းအားမှ ရေခဲပြင်ထုတည်ကြီးကို တစ်နေရာမှအက်ကွဲအောင်မလုပ်နိုင်ခဲ့ပေ။ သို့သော်လည်း လက်ရှိစုမင်က အတိတ်ကစုမင်မဟုတ်တော့ပေ။

သူ့လက်သီးက ရေခဲပြင်ပေါ်သို့ ကျရောက်သွားပြီး အက်ကွဲကြောင်းများ ချက်ချင်းဖြစ်ပေါ်လာသည်။ အပြင်ဘက်ရှိ လိပ်သည် သိသိသာသာ ထိတ်လန့်သွားပြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ စုမင်၏ အပြုအမူများက ၎င်း၏ဒေါသမီးကို ပို၍လောင်စာထည့်နေသကဲ့သို့ပင်ဖြစ်နေလေသည်။ ထို့နောက် ၎င်း၏အမြီးကို တရစပ် ယမ်းလိုက်လေသည်။

စုမင်က အပြင်ဘက်တွင် လိပ်ကို လျစ်လျူရှုလိုက်သည်။ ရေခဲပြင်ပေါ်တွင် အက်ကွဲကြောင်းများပေါ်လာအောင်ပြုလုပ်ခဲ့သည်။ သူ့ခြေဖဝါးအောက်ရှိ ရေခဲလွှာများ ကွဲအက်သွားကာ သူ့ခန္ဓာကိုယ် ချက်ချင်း နစ်မြုပ်သွားခဲ့သည်။ လေထဲတွင် ပေါက်ကွဲသံများက တရစပ်ထွက်‌ပေါ်လာသည်။ လိပ်ကြီး တည်ရှိနေသည့် ရေခဲမြစ်အတွင်းရှိ ရေခဲတောင်အောက်ရှိ ရိုးရိုးဂူတစ်ခု တည်ရှိနေ လေသည်။

ထိုဂူကြီးက အဖုအထစ်များဖြင့် ကြမ်းတမ်းနေဆဲဖြစ်ပြီး (သဘာဝအတိုင်းအကြမ်းထည်)ဂူကြီးဟုသာ ယူဆနိုင်သည်။ စုမင်က ဂူ အတွင်း၌ ရပ်ကာ ရေခဲမြစ် အပြင်ဘက်ရှိအော်ဟစ် ဟောက်နေသောလိပ်ကြီးကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုက တွဲလောင်းခိုနေပြီး ဂူထဲတွင်တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။

များမကြာမီ ဤနေရာရှိ လှိုဏ်ဂူကြီးက အနည်းငယ်ပိုကျယ်လာပြီး ကျယ်ဝန်းသော မြေကွက်လပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။စုမင်က တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်ကာ နေလေသည်။ သူက လိပ်ကြီးကို လျစ်လျူရှုထားလေသည်။ သို့ပေမယ့် ထိုလိပ်က ရေခဲလွှာကို ချိုးဖျက်ချင်သောအရိပ်အမြွက်ပြလျှင် စုမင်က ချက်ချင်း သတိထားမိလိမ့်မည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားလေပြီ။ တစ်လအကြာတွင် စုမင်က မျက်လုံးဖွင့်ပြီး လိပ်ကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။ ဒီလအတွင်းမှာ သူက လိပ်နှင့်ဆက်ဆံရေးပြေပြစ်လာသည်။

လိပ်ကြီးကလည်း တစ်ခါတလေစိုက်ကြည့်ရုံမှတစ်ပါး ဘာမှမလုပ်ခဲ့ပေ။

စုမင်က အဝေးကို လှမ်းကြည့်လိုက်သည်။ သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီး၊ သူ၏မာန်အရိုး စွမ်းအားများအပြင် အခြားအရာအားလုံးတို့ကလည်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

စုမင်က တိတ်ဆိတ်စွာနေရင်း သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး အပေါ်သို့ လှန်လိုက်သည်။ ချက်ချင်းပင် ဆေးဒယ်အိုးက သူ့ရှေ့တွင် ရေခဲပြင်ပေါ် ပေါ်လာသည်။ ရေခဲမြစ်ရှိဂူကြီးတစ်ခုလုံးတွင် ဆေးမွှေးရနံ့များ မွှန်ထူအောင် လွင့်ပျံ့နေသည်။ အချို့က ရေခဲအလွှာကို ဖြတ်ကျော်ပြီး အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

ဆေးရနံ့များ ပျံ့လွင့်လာကာ ချက်ချင်းဆိုသလိုပင် စုမင်၏ အာရုံများ တုန်လှုပ်သွားလေသည်။ သူ၏ သိုလှောင်အိတ်ထဲမှ မြွေငယ်လေး ပျံထွက်လာသည်ကို သူမြင်လိုက်ရသည်။ ၎င်းက ဆေးဒယ်အိုးကို စိုက်ကြည့်ကာ စုမင်ကို အော်ဟစ်လိုက်သည်။

ရေခဲမြစ်ပေါ်ရှိ လိပ်က မျက်လုံးများ ပြူးကျယ်သွားကာ အိုးကိုကြည့်ရန် စုမင်၏ ခန္ဓာကိုယ်မှ ၎င်း၏အကြည့်ကို ပထမဆုံးအကြိမ် ရွှေ့လိုက်သည်။

ဆေးဒယ်အိုးကိုကြည့်ရင်း၊ စုမင် ရင်ထဲတွင် အမည်မသိခံစားချက်တစ်ချို့များကို ခံစားလိုက်ရသည်။ ထိုပစ္စည်းက လွန်ခဲ့တဲ့နှစ်တွေကတည်းက လေလံပွဲကနေ ဝယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဆယ့်ငါးနှစ်ကြာ စွမ်းအားအနှစ်သာရဓာတ်များကို စုပ်ယူခဲ့ပြီး နောက်ဆုံးတွင် ဤလောက၏စွမ်းအားများကိုပင် ရရှိခဲ့သည်။ ဆေး၏ဖွံ့ဖြိုးတိုးတက်မှုက နောက်ဆုံးတွင် ပြီးမြောက်ခဲ့ပြီး၊ အတွင်းမှ ဆေးလုံးက ၎င်း၏ ဂုဏ်သတ္တိများနှင့် ပြည့်စုံခဲ့သည်။ ထိုအချိန်တွင် ဆေးလုံးက ယခင်ပြုလုပ်ထားသည့်တစ်ဝက်တစ်ပျက်အခြေအနေမှ ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။

“ဒီဆေးမွှေးရနံ့... ငါကိုယ်တိုင်လုပ်ထားတာတွေ ပြီးသွားပုံမပေါ်ဘူး..တော်တော်လေလွင့်သွားတာပဲ ပြီးဆုံးခါနီးမှ မအောင်မြင်ဘူး.. ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ငါလုပ်နိုင်တာက တခြားဘာမှ မရှိဘူး..’

စုမင်က ခေါင်းယမ်းလိုက်ပြီး မတ်တပ်ထရပ်ကာ ဒယ်အိုးဘေးသို့ သွားလိုက်သည် ။

သူက ညာလက်ကို မြှောက်လိုက်ပြီး ဆေးဒယ်အိုးပေါ်သို့ဖိကပ်လိုက်သည်။ ဆေးဒယ်အိုးကြီးက ပြင်းထန်စွာ တုန်ခါလာပြီး အဖုံးမှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အဖုံးအောက်မှ အဖြူရောင်အခိုးအငွေ့ အများအပြား ပျံ့ထွက်လာပြီး ဆေးမွှေးရနံ့က ချက်ချင်း ပိုထူလာကာ ဘေးနားရှိ မြွေငယ်လေးသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်မြည်လာသည်။ ရေခဲအလွှာပေါ်ရှိ လိပ်က မတ်တပ်ရပ်ကာ အလွန်စပ်စုပုံပေါ်သော မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကြည့်လိုက်သည်။

အဖြူရောင်မီးခိုးများ ပြန့်ကျဲလာသည်နှင့်အမျှ စုမင်၏ မျက်ခုံးများကြားမှ မျက်မှောင်ကြုတ်ကာ တဖြည်းဖြည်း ပေါ်လာသည်။ ထိုအရာက ကောင်းသောလက္ခဏာတော့ မဟုတ်ပေ။ အဖုံးမဖွင့်ခင် လေထဲမှာ ဆေးမွှေးရနံ့က ဆေးလုံး သူ့အလိုလို ထွက်လာတဲ့ ရနံ့တစ်ခုမျှသာ ပြောနိုင်သေးသည်။ သို့သော် အဖုံးဖွင့်ပြီးနောက် ထိုကဲ့သို့ မွှေးကြိုင်သော မွှေးရနံ့တစ်ခု ပေါ်လာပါက၊ အတွင်းမှ ဆေးလုံးက အရည်ပျော်သွားပြီး ဆေးရည်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ပြောနိုင်သည်။

အဖြူရောင်မီးခိုးများ ပြန့်ကျဲလာသည်နှင့်အမျှ အဖုံးက အသက်ရှိုက်ပေါင်းများစွာအတွင်း ဖြည်းညှင်းစွာ ကြွတက်လာသည်။

လုံးလုံးလျားလျား ရွေ့သွားသည်နှင့် ဒယ်အိုးအတွင်းမှ အရာများ ပေါ်လာသည်။ စုမင်အထဲကို ကြည့်လိုက်သော် သူ့မျက်လုံးများပင်မယုံနိင်ဖြစ်သွားသည်။

အိုးအတွင်း၌ ဆေးလုံး တစ်မျိုးတည်းသာရှိသော်လည်း ဘေးတွင် အနက်ရောင်အရည်များ ရှိနေသည်။ ထူထဲသော ဆေးမွှေးရနံ့က ထိုအနက်ရောင်အရည်များမှ ပျံ့လွင့်ခြင်းဖြစ်သည်။

စုမင်က သူ့အတွေးထဲသို့ တခဏမျှ နစ်မြုပ်သွားပြီးနောက် ပုလင်းသေးသေးလေးနှစ်လုံးကို ထုတ်လိုက်သည်။ သူက ပြီးပြည့်စုံ‌သော

ဆေးလုံးကို ပထမဦးစွာထုတ်၍ လက်ထဲတွင် ကိုင်ထားစဉ် ဆန်းစစ်ကြည့်သော်လည်း မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကိုမူ မပြောနိုင်ပေ။

သူက မဆင်မခြင် မစားရဲပေ။ ထို့နောက် အခြားပုလင်းကိုထုတ်ပြီး အနက်ရောင်အရည်ကို ထည့်လိုက်သည်။ မြွေငယ်လေးက ချက်ချင်းပင် တရွီးရွီး အော်မြည်သံထွက်လာကာ စုမင်၏ခေါင်းကို ပတ်ကာ ပုလင်းကိုကြည့်ရန် ၎င်း၏ခေါင်းလေးကို မော့လိုက်သည်။ ၎င်းက စုမင်လက်ထဲရှိ ဆေးလုံးထဲမှ ကိုက်စားချင်ပုံပေါ်သည်။

“ဒီဆေးက အနည်းဆုံး နှစ်ထောင်ပေါင်းထောင်ချီ သက်တမ်းရှိလောက်တယ်...ဆေးလုံးရဲ့ အာနိသင်ကို ငါတို့ မသိရှိသေးဘူး စားချင်တာသေချာလား”

စုမင်က မြွေသေးသေးလေး၏ ခေါင်းကို ပုတ်လိုက်ပြီးနောက် သူ့အကြည့်များက ပုလင်းသေးသေးလေးကို စူးစူးဝါးဝါး စိုက်ကြည့်နေသော လိပ်ဆီသို့ အလိုလို ရောက်သွားခဲ့သည်။

စုမင်၏နှုတ်ခမ်းထောင့်မှာ အပြုံးလေးတစ်ခု တွဲခိုလာသည်။သူက ပုလင်းကို ယူလာကာ သူပထမဆုံးရောက်ဖူးသော ရေခဲတောင်သို့ မပြန်မီ အနည်းငယ် လှုပ်ယမ်းလိုက်သည်။ ညာလက်ကို မြှောက်လိုက်ပြီး ရေခဲတောင်ကို တစ်ချက်ပုတ်ခတ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ အက်ကြောင်းတစ်ခုပေါ်လာပြီး ရေခဲပြင်ထဲကို ထိုးဖောက်ဝင်ရောက်သွားသည့်အခါ တောင်ပေါ်၌ အပေါက်ငယ်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လိပ်ကြီးက ထပ်မံမြည်ကြွေးရင်း စုမင်ကို စိုက်ကြည့်လိုက်သည်။

စုမင်က လက်ထဲရှိဆေးပုလင်းကို ပထမဦးဆုံး ယမ်းခါလိုက်ပြီး ၎င်းတို့ကြားရှိ အပေါက်ငယ်လေးထဲတွင် ဆေးရည်တစ်စက်ချကာ လိပ်ဆီသို့ လှမ်းပစ်လိုက်သည်။ ထိုအနက်ရောင်ဆေးအရည်တစ်စက်က ချက်ချင်း လိပ်ရှေ့တွင် ပေါ်လာပြီး မလှုပ်မယှက်ဘဲ ရှေ့တွင် လွင့်ပျံနေလေသည်။

ထိုလိပ်က တခဏမျှ တုံ့ဆိုင်းသွားကာ အနံ့အနည်းငယ်ကို ရှုရှိုက်လိုက်သည်။ သူ့မျက်နှာတွင် မူးဝေနေသည့် အကြည့်တစ်ခု ပေါ်လာသည်။ စုမင် စိုက်ကြည့်နေတာသည်ကို ပြန်တောင် မကြည့်ပေ။ စုမင်၏ လက်မောင်းပေါ်ရှိ မြွေငယ်လေးသည် လွန်စွာ ထိတ်လန့်သော အကြည့်ဖြင့် လိပ်ကို ကြည့်နေသည်။ အမှန်တော့ သူ့သခင်၏ ရည်ရွယ်ချက်က ဘာလဲဆိုတာ အတိအကျ သိလေသည်။

လိပ်သည် ချီတုံချတုံဖြစ်နေပုံရသော်လည်း နောက်ဆုံးတွင် ၎င်း၏နှာခေါင်းမှ လေကို မှုတ်ထုတ်လိုက်ပြီး ဆေးမွှေးရနံ့များ တဖျပ်ဖျပ်ထွက်နေသော အနက်ရောင် ဆေးရည်ကို မကြည့်တော့ဘဲ ခေါင်းကို လှည့်လိုက်သည်။

စုမင်က ၎င်းအကြည့်များကို ရှောင်လိုက်ပြီး မကြည့်တော့ပေ။ သူက ရေခဲအလွှာအောက်ရှိ ဂူထဲသို့ ပြန်လာပြီး လက်ထဲတွင် ဆေးပုလင်းကို မစွန့်ပစ်မီ အနီးကပ် စောင့်ကြည့်ခဲ့သည်။ လိပ်က မစားချင်တော့သည့်အတွက် လောလောဆယ်မှာ ဆေးရည်၏ သက်ရောက်မှုကို မမြင်နိုင်သေးပေ။ သူလုပ်နိုင်တာက ထိုနေရာကနေ ထွက်သွားသည်နှင့် သူ့၏အကျိုးသက်ရောက်မှုများကို ရှာဖွေရန်သာဖြစ်သည်။

မြွေငယ်လေးက စုမင် ဆေးပုလင်းကို ဖယ်ထုတ်လိုက်သည်ကို ‌ တောက်ပနေသောမျက်လုံးများနှင့်ကြည့်နေလေသည်။ ထိုဆေးမွှေးရနံ့သည် ၎င်းအတွက် မယုံနိုင်လောက်အောင် စွဲဆောင်မှု ရှိသော်လည်း စုမင်က မပေးလိုသောကြောင့် မြွေလေးက ဘာမှမတတ်နိုင်ပေ။

စုမင်က ရှေးဟောင်းဆေးပြားကို စိတ်မ၀င်စားတော့ဘဲ ထိုင်ကာ သိုလှောင်အိတ်ကို ပွတ်သပ်လိုက်သည်။ ချက်ချင်းပင် အိတ်ထဲမှ ခရမ်းရောင်အလင်းတန်းများ ထွက်လာသည်။ ထိုခရမ်းရောင်အလင်းတန်းက ရေခဲပြင်ပေါ်တွင် ဆက်လက်လှဲလျောင်းနေသော လိပ်၏အာရုံကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။

သို့သော်၊ စုမင်က အရာအားလုံးကို စပ်စုချင်စိတ်၊ သိချင်စိတ်ရှိသော လိပ်ကို စိတ်မပူတော့ပေ။ သူ့ရှေ့ရဇိ ခရမ်းရောင် ချပ်ဝတ်တန်ဆာကို ကြည့်ပြီးအတွေးထဲ နစ်မျောသွားခဲ့သည်။

သူက ဖယောင်းနဂါး၏ကိုယ်ခန္ဓာရှိ တစ်ခုတည်းသောလူထံမှ ဤချပ်ဝတ်တန်ဆာကို ရရှိခဲ့သည်။ ဤသူက တတိယမာန်နတ်ဘုရားကိုဖော်ပြခဲ့သူလည်းဖြစ်သည်။

‘ဒါဟာ ရိုးရေစတေးနယ်ပယ်ကျင့်ကြံသူတွေအတွက် သံချပ်မဟုတ်တာ သေချာတယ်...ဒါက မြင့်မြတ်သောမာန်နတ်ဘုရားတွေအတွက် သံချပ်ကာဖြစ်ရမယ်.. ဒါက ငါ့မှာရှိတဲ့အရာတွေလို ပေါ့သေးသေးတော့ မဟုတ်ဘူး.. ဒါက စစ်မှန် မြင့်မြတ်တဲ့ သံချပ်ဝတ်ပဲ..”

စုမင်က သူ့ရှေ့မှ ခရမ်းရောင် ချပ်ဝတ်တန်ဆာကို တောက်ပစွာစိုက်ကြည့်နေလေသည်။ ထို့‌နောက် သူ့လျှာဖျားကို ကိုက်ကာ မာန်သွေးကို ထွေးထုတ်လိုက်သည် ။ ချပ်ဝတ်တန်ဆာကို သွေးများထိလိုက်သည်နှင့် ချက်ချင်းဆိုသလို ပေါင်းစပ်သွားသည်။ ချပ်ဝတ်တန်ဆာပေါ်မှာ အလင်းတန်းများ လင်းလက်သွားသော်လည်း မကြာခင်မှာပဲ မှေးမှိန်သွားပြန်သည်။

သူ့မျက်လုံးများထဲတွင် စူးရှသောအကြည့်တစ်ခု ပေါ်လာပြီး အချိန်အတန်ကြာပြီးနောက် သူက ပါးစပ်ကိုဖွင့်ကာ ချပ်ဝတ်တန်ဆာဆီသို့ ဦးတည်ကာ အသက်ရှုသွင်းလိုက်သည်။ ထိုအရာက ချက်ချင်းပင် ခရမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျုံ့သွားသည်နှင့်အမျှ စုမင်၏ပါးစပ်ထဲသို့ရောက်သွားပြီး သူက မျိုချလိုက်သည်။

မျက်လုံးကိုမှိတ်ထားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်းတန်းများ လင်းလက်နေသည်။ သူ၏မာန်အရိုးများအားလုံး အသက်ဝင်လာပြီး ၎င်းတို့၏စွမ်းအားက ထိုခရမ်းရောင် ချပ်ဝတ်တန်ဆာကို ဖုံးအုပ်ကာ တစ်လက်မချင်း စိမ့်ဝင်သွားလေသည်။ သူက ၎င်းကို ပြင်းပြင်းထန်ထန် သန့်စင်ပြီး သူ့ကိုယ်ပိုင် ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲပစ်ချင်ခဲ့သည်။

သူရလာကတည်းက ထိုအရာကိုသန့်စင်ရန် အချိန်သိပ်မရှိပေ။ သို့သော်လည်း ယခုအခါ သူက ရေခဲလွှာအောက်တွင် ရှိနေသောကြောင့် အချိန်ပိုနေလေသည်။ ထို့ကြောင့် ဤချပ်ဝတ်ကို သူ၏ကိုယ်ပိုင်ပိုင်ဆိုင်မှုအဖြစ် ဖန်တီးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

စုမင်က မျက်လုံးများကိုမှိတ်ထားပြီး ဤချပ်ဝတ်တန်ဆာကို သန့်စင်လိုက်သည်၊၊ထိုအချိန်၌ ရေခဲအလွှာအပြင်ဘက်ရှိ လိပ်က ၎င်းဘေးမှ မျောလွင့်နေသော အနက်ရောင် ဆေးရည်များကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေလေသည်။သို့သော် သိပ်မကြာခင်မှာပင် ထိုအရည်တစ်စက်ကို တစ်ဖန်ပြန်ကြည့်ကာ သူ့စိတ်ထဲမှာဝေခွဲမရဖြစ်နေ လေသည်။ ထို့သို့ဖြစ်ပြီးနောက် ပါးစပ်ကိုဖွင့်ကာ အရည်တစ်စက်ကို မျိုချလိုက်သည်။

၎င်း၏နှုတ်ခမ်းကိုတောင် လျှာဖြင့်သပ်လိုက်သေးသည်။

All Chapters