← Chapters

မကောင်းဆိုးဝါးစောင့်ကြည့်သူ၏ချပ်ဝတ်တန်ဆာ

Vol. 37 Ch. 511

မကောင်းဆိုးဝါးစောင့်ကြည့်သူ၏ချပ်ဝတ်တန်ဆာ

Vol. 37 Ch. 511

စုမင်က ထိုဖြစ်ရပ်ကို မမြင်ရသော်လည်း မြွေငယ်လေးက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ ၎င်းက လိပ်ကြီးကို မျှော်လင့်ချက်ဖြင့် စိုက်ကြည့်နေခဲ့သည်။

လိပ်ကြီးက ကြည်နူးနေသကဲ့သို့ မူး ဝေနေပုံရသည်။ သူ့နှုတ်ခမ်းများကိုသပ်ရင်း ဆေးရည်များကို ပိုအရသာခံချင်နေပုံပေါ်သည်။ မြွေက ထိုအမူအရာကိုမြင်သောအခါ လိပ်ကို မုန်းတီးမှုအနည်းငယ်ဖြင့် ကြည့်လိုက်သည်။

နှစ်လကုန်လွန်သွားသော်လည်း စုမင်က သံချပ်ကာကို သန့်စင်ပြီးသေးဘဲ ဒုတိယလ၏ သုံးရက်မြောက်နေ့အထိ ကြာမြင့်ခဲ့သည်။ ထိုနေ့တွင် ခရမ်းရောင်အလင်းတန်းက ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ခရမ်းရောင်အလင်းတန်းများ ပြည့်နှက်သွားသည်နှင့်အမျှ သူ့လက်ပေါ်၌ အင်္ကျီလက်စွပ်တစ်စုံ ပေါ်လာပြီးနောက် ချပ်ဝတ်တန်ဆာတစ်စုံက သူ့ပခုံးဆီသို့ မဆန့်ထွက်မီ လက်နှစ်ဖက်ကို ဖုံးအုပ်ထားလိုက်သည် ။ ရက်စက်ကြမ်းကြုတ်သော ခရမ်းရောင် သားရဲခေါင်းနှစ်လုံးပုံစံဖြင့် သူ့လက်တစ်လျှောက်ဆင်းသက်သွားသည်။ ထို့နောက် ချပ်ဝတ်တန်ဆာက သူ၏ အပေါ်ပိုင်းတစ်ခုလုံးကို ဖုံးအုပ်လာသည်။

သူ့ရင်ဘတ်ပေါ်တွင် ခရမ်းရောင်မျက်လုံးတစ်စုံရှိ၍ ဝံပုလွေခေါင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုချပ်ဝတ်တန်ဆာက စုမင်၏ ခေါင်းသို့တက်လာကာ ခမောက်ပုံစံဖြင့် ဖုံးအုပ်လိုက်သော် သူ့မျက်လုံးများ ပွင့်လာသည်။

သူ့အကြည့်များက ငြိမ်သက်နေသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် ချပ်ဝတ်တန်ဆာက သူ့တည်ရှိမှုကို လုံးဝ ပြောင်းလဲသွားစေသည်။ ထူးဆန်းသော မကောင်းဆိုးဝါးစွမ်းအင်များက လေထုထဲတွင် ပြည့်နှက်နေလေသည်။

ထိုချပ်ဝတ်တန်ဆာက စုမင်၏ အပေါ်ပိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသောအခါတွင်၊ ၎င်းက သူ့ခြေထောက်များဆီသို့ နွယ်ပင်ကဲ့သို့ ယှက်နွယ်ဆန့်ထွက်လာသည်။ နောက်ဆုံးတွင် သူ့ကို သံချပ်ကာ ခေါင်းမှ ခြေဖျားထိ ခြုံလိုက်သောအခါ စုမင်ကမတ်တပ်ထရပ်လိုက်သည်။

ထို့နောက် လူသတ်ချင်လိုစိတ်များက ပြင်းထန်လာကာ စုမင်၏ ခန္ဓာကိုယ်ကို ခရမ်းရောင် မီးခိုးများဖြင့် ဝိုင်းရံထားရာ မြွေငယ်လေးကို အဝေးသို့ ရွေ့သွားစေသည်။ လိပ်ကြီးကိုလည်း မျက်လုံးပြူးကျယ်စေခဲ့သည်။ အင်အားကြီးမားသောရန်သူနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသလိုပင် လိပ်ကြီး၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် တစ်ဖန် အော်မြည်သံကြီးကို ထုတ်လွှတ်ပြန်သည်။

စုမင်က ချပ်ဝတ်တန်ဆာလွတ်ကင်းရာ သူ့ဆံပင်ကို ကိုင်လျက် နေရာတွင် ရပ်နေသည်။ မူလက အနက်ရောင်ဖြစ်သော်လည်း ခရမ်းရောင် ချပ်ဝတ်တန်ဆာ၏အလင်းရောင်အောက်တွင် ခရမ်းရောင်ဖျော့ဖျော့လေး ရသွားပုံရသည်။

သူက မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး မလှုပ်ရှားဘဲနေလိုက်သည်။ သူ့နှလုံးသားထဲတွင် မုန်တိုင်းကြီးတစ်ခု စတင်ဝင်ရောက်လာကာ သူ့အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပြင်းပြင်းထန်ထန် တိုက်ခတ်လာခဲ့သည်။

“ဒီချပ်ဝတ်တန်ဆာက မြင့်မြတ်တဲ့မာန်နတ်ဘုရားတွေအတွက်မဟုတ်ဘူး..ပထမမာန်နတ်ဘုရားထျန်းရှို့ရှန့်က ကျူးကျော်တဲ့အပြင်လူကိုသတ်လိုက်တယ်..ပြီးတော့ သူ့အရေပြားကိုခွာတယ် ပြီးတော့ သန့်စင်အောင်လုပ်ပြီး ချပ်ဝတ်တန်ဆာ လုပ်ခဲ့တာ..”

“ ပထမဆုံးမာန်နတ်ဘုရားက ဒီလို ချပ်ဝတ်တန်ဆာ တစ်ထည်ပဲ ဖန်တီးခဲ့တယ်.. ဒီလို လုပ်ဖို့.. နှစ်ပေါင်း ငါးရာ ကြာခဲ့တယ်... တန်ဆာရဲ့အာဟာရပြည့်ဝဖို့အတွက် အနှစ်တစ်သောင်းလောက် မဟာယွီပြည်‌ထောင်ရဲ့ မင်းဆက်ရဲ့ နက်နဲတဲ့ နေရာမှာ မြှုပ်နှံခဲ့တယ် ရှို့ရှန်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတယ် .. ရှေးတုန်းကဒီချပ်ဝတ်တန်ဆာကို ၀တ်ဆင်ခဲ့တဲ့သူတွေက မာန်နတ်ဘုရားတွေလို့တော့မခေါ်ဘူး.. မကောင်းဆိုးဝါးစောင့်ကြည့်သူ‌တွေပေါ့.. သူတို့ရဲ့ တာဝန်က အသူရာချောက်နက်ကြီးကို စောင့်ရှောက်ဖို့ပဲ..”

“ဒီချပ်ဝတ်တန်ဆာမှာ ဘာခုခံကာကွယ်မှုမှ မရှိဘူး.. သတ်ဖြတ်လိုစိတ်ပြင်းပြတယ်.. သွေးနဲ့ထိတွေ့ရင် သန်မာလာတယ်...ချပ်ဝတ်ကိုသယ်‌ ဆောင်လိုက်တာနဲ့ သူ‌တော်စင်

ဖြစ်သွားလိမ့်မယ်.. ငါက ဒီချပ်ဝတ်တန်ဆာရဲ့ တတိယမြောက် သခင်ပဲ..တကယ်လို့ ငါ့ရဲ့မာန်မျိုးနွယ်စုထဲကတစ်ယောက်က ဒီချပ်ဝတ်တန်ဆာကို ရှာတွေ့ရင် ဝတ်လို့ရတယ် ပြီးတော့ ငါမသေခင် သူတို့ကို တစ်ခုမှာချင်တယ်.. သူတို့ရဲ့စိတ်ဆန္ဒကို ချပ်ဝတ်တန်ဆာနဲ့ ပေါင်းစပ်လိုက်ရင် စတုတ္ထသခင် ဖြစ်လာလိမ့်မယ်...”

“တကယ်လို့ မင်းက သူ့ရဲ့သခင်မဖြစ်ချင်ရင်..သူ့ရဲ့စိတ်ဆန္ဒကို ကိုးကွယ်လို့ရတယ်..မင်းရဲ့သွေးက ချပ်ဝတ်တန်ဆာထဲကို ထိတွေ့စေပြီး မဟာယွီပြည်ထောင်ရဲ့အသူရာချောက်နက်ကြီးထဲကိုပြန်ပို့လိုက်

ဒါမှသာ… နတ်ဆိုး တွေရဲ့သားစဥ်မြေးဆက်တွေက ငါတို့ကို အန္တရယ်မပေးနိုင်မှာ....”

“ဒီချပ်ဝတ်တန်ဆာကို ပိုင်ဆိုင်ထားသူတွေဟာ မကောင်းဆိုးဝါး လှံတံကို ပိုင်နိုင်ကြတယ်..ပထမမာန်နတ်ဘုရားက ယင်ကိုးပါးလောကရဲ့ လှံအစစ်ကို ရရှိခဲ့တယ်.. ဒီလှံရဲ့ဇာတ်မြစ်ကိုမသိရသေးဘဲ မာန်နတ်ဘုရား တောင်မသုံးနိုင်ဘူး.. နတ်ဆိုး တွေကို နှိမ်နင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟာယွီပြည်ထောင်ရဲ့ချောက်နက်ကြီးအောက်မှာ ချန်ထားခဲ့တယ်..ဒါပေမဲ့ သူရဲ့ ဉာဏ်ပညာကြီးမားမှုကြောင့် မာန်နတ်ဘုရားက မကောင်းဆိုးဝါးလှံကို အခြားကမ္ဘာမှ ကျောက်တုံးနဲ့ ကူးယူပြီး အမွေအနှစ်ပစ္စည်းတစ်ခုကို ဖန်တီးခဲ့တယ်.. ငါတို့က မကောင်းဆိုးဝါးစောင့်ကြည့်သူတွေပဲ...”

စုမင်၏ မျက်လုံးများ ပွင့်လာသည်။ သူ့မျက်လုံးထဲတွင် ငြိမ်သက်မှု တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခရမ်းရောင် အလင်းတန်းများ အစားထိုးလာသည်။ သူ့တစ်ကိုယ်လုံး အေးစက်မှုများနှင့် ပြည့်နှက်နေလေသည်။ ညာလက်ကို မြှောက်လိုက်ပြီး လှုပ်ယမ်းလိုက်လေသည်။ ဖယောင်းတိုင်နဂါး၏ကိုယ်ထည်မှရရှိသော ဖောက်ထွင်းမြင်ရသော ကျောက်စိမ်းပြားက လွန်ခဲ့သောနှစ်များက ဤခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့်အတူ သူ့လက်ထဲတွင် ပေါ်လာသည်။

၎င်း၏‌ဖောက်ထွင်းမြင်နိုင်သော ကျောက်စိမ်းပြားက စုမင်၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော ခရမ်းရောင် အလင်းတန်းများနှင့်အတူ တောက်ပလာခဲ့သည်။ တောက်ပသောအလင်းရောင်နှင့်အတူ၊ ထိုခရမ်းရောင်အလင်းက စုမင်၏လက်ထဲတွင် ရှည်လျားသောခရမ်းရောင်လှံတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုလှံက ပေသုံးဆယ်ရှည်ပြီး စုမင်ထက် များစွာမြင့်သော်လည်း ၎င်းကို သံချပ်ကာအပြည့်ဖြင့် ကိုင်ထားသောအခါ ဟန်ချက်ပျက်သည်ဟုပင် မခံစားရပေ။ ယင်းအစား၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ရောင်ဝါ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာစဉ် မြွေငယ်လေး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု ပေါ်လာသည်။

အပြင်ဘက်ရှိ လိပ်ကြီးတောင် တရစပ် အော်ဟစ်နေလေသည်။

စုမင်က ထိုနေရာတွင် ရပ်လိုက်ပြီး လက်ထဲတွင်ရှိသော လှံရှည်ကို ကြည့်ရန် ခေါင်းငုံ့ထားလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုစိတ်အငွေ့အသက်များ ပို၍များလာသည်။ သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ရေခဲလွှာအပြင်ဘက်ရှိ လိပ်ကို စိုက်ကြည့်နေသည်။

သူ့နောက်မှာ နတ်ဆိုးကြီးတစ် ကောင်တဖြည်းဖြည်းပေါ်လာသည်။ ၎င်း၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၎င်း၏ မလိုလားအပ်သော ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ထိုပုံရိပ်က ရူးသွပ်မှုများနှင့် ပြည့်နှက်နေပြီး ရေခဲပြင်ရှိ လိပ်ကိုသတ်ရန် စုမင်ကိုထိန်းချုပ်ချင်နေလေသည်။

သို့သော် ညာလက်ကို မြှောက်လိုက်သည်နှင့်ပင် စုမင်က ထိုနေရာတွင် ဆက်လက်ရပ်နေပြီး မလှုပ်ပေ။ ယင်းအစား စုမင်က အေးစက်သောအရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး သူ့နောက်ကွယ်ရှိ ထင်ယောင်ထင်မှားပုံစံဖြစ်နေသေယ နတ်ဆိုးက ချက်ချင်းပြိုကျပြီး ပျောက်ကွယ်သွားလေသည်။

“မင်းက ဆန္ဒတစ်ခုပဲလေ.. မင်း ငါ့ရှေ့မှာ မင်းဘယ်လိုပေါ်လာရဲတာလဲ....”

စုမင်၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့မျက်လုံးထဲတွင် ငြိမ်သက်မှု ပြန်လည် ပေါ်လာသည်။ သူ့လက်ထဲတွင်ရှိသော လှံရှည်က ပျောက်ကွယ်သွားပြီး ဖောက်ထွင်းမြင်နိုင်သော ကျောက်စိမ်းပြားဆီသို့ ပြန်ဝင်သွားသည်။ ထို့နောက် ကျောက်စိမ်းပြားက သူ၏ ချပ်ဝတ်တန်ဆာထဲသို့ ပေါင်းစပ်သွားသည်။

ထို့နောက်တွင် စုမင် ၏ချပ်ဝတ်တန်ဆာပေါ်ရှိ အလင်းရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ နောက်ဆုံးတွင်ချပ်ဝတ်တန်ဆာက အရည်ပျော်သွားသကဲ့သို့ စုမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ပျောက်ကွယ်သွားလေသည်။

“ဒါပေမယ့် ဒါက သိပ်တော့မဆိုးပါဘူး.. တခြားသူတွေကို သတ်ချင်နေတဲ့ပုံရိပ်ယောင်တစ်ခုကို ဖမ်းမိပြီး ဖျက်စီးနိုင်ခဲ့တယ်... သနားစရာပါပဲ ဖယောင်းနဂါးရဲ့မပျက်စီးနိုင်တဲ့ထာဝရလောကနဲ့နှိုင်းယှဥ်လိုက်ရင် ဒီလို လှည့်စားမှုမျိုးက ဘာမှမဟုတ်ပါဘူး”

စုမင်က ပြတ်သားစွာပြောသည်။

ထိုချပ်ဝတ်တန်ဆာကို သန့်စင်ပြီးပြီးချင်းမှာပဲ ချပ်ဝတ်တန်ဆာ၏စိတ် ဆန္ဒကို သူသဘောပေါက်သွားသည်။ အကယ်၍ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသူက ‌ဖယောင်းနဂါး၏မပျက်စီးနိုင်သောထာဝရလောကထဲသို့ မဝင်မီက ထိုစိတ်ဆန္ဒ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် သေချာပေါက် ပျောက်ကွယ်သွားပေလိမ့်မည်။

သို့သော် ထိုအချိန်တွင် စုမင် ပြောခဲ့သည့်အတိုင်းပင် ထိုပုံရိပ်ယောင်မှာ အမှန်တကယ် အရေးမပါလှပေ။ သံချပ်ဝတ်ပြီးနောက် သတ်ဖြတ်လိုစိတ်ကို ရှင်းရှင်းလင်းလင်း ထိန်းထားနိုင်ရုံသာမက သံချပ်ကာ၏စိတ်ဆန္ဒကိုလည်း လုံးဝ ချိုးနှိမ်ဖယ်ရှားပစ်နိုင်ခဲ့သည်။

ထိုအရာက စုမင် မျက်လုံးထဲတွင် ရှိနေသည့်အရာဖြစ်သည်၊ မည်သည့်အရာကမျှ သူ့ကို ထိန်းချုပ်ခွင့်မပြုနိုင်ပေ။

စုမင်က တောင်ပိုင်းအရုဏ်နယ်မြေတွင် အင်အားအကောင်းဆုံးမဟုတ်သော်လည်း သူ့စိတ်ဆန္ဒ၏စွမ်းအားက အလွန်ကြီးမားသောကြောင့် မာန်နတ်ဘုရား သို့မဟုတ် မသေမျိုးက ၎င်းအား ပျော့ညံ့သွားအောင်မစွမ်းဆောင်နိုင်ပေ။

ချပ်ဝတ်တန်ဆာကို ချွတ်လိုက်သည်နှင့် မြွေငယ်လေး၏ အမူအရာသည် တဖြည်းဖြည်း နူးညံ့လာပြီး စုမင်အနားသို့ လျင်မြန်စွာ ပြေးသွားလေသည်။ ရေခဲပြင်၏နောက်တွင် ကျန်နေသောလိပ်၏အမူအရာမှာလည်း ပြေလျော့သွားသည်။ သို့သော် စုမင်ကို ကြည့်လိုက်သည့်အခါ သူ့အကြည့်များက သတိကြီးကြီးထားနေသည့်ပုံစံဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရန်ငြိုးထားခဲ့သော မြွေငယ်လေးက ထိုဆေးရည်ကို မျိုချလိုက်သည်ကို မြင်သောအခါ လိပ်က ချက်ချင်းပင် ဒေါသတကြီး ဟစ်ကြွေလိုက်တော့သည်။ ထို့နောက် ခွေးလေးတစ်ကောင်ကဲ့သို့ ကြီးမားသော ခြေသည်းများဖြင့် ရေခဲအလွှာကို ကုတ်ခြစ်လိုက်တော့သည်။

လိပ်ကြီးက ဒေါသကြောင့် ဟောဟဲလိုက်နေပြီး ပြင်းပြသော ဆန္ဒလကြီးက ၎င်း၏ မျက်နှာပေါ်တွင် တဖြည်းဖြည်း ပေါ်လာသည်။ သို့သော်... မြွေငယ်လေးက ထိုတစ်စက်ကို မျိုချလိုက်သည်နှင့် နောက်ထပ်ဆေးရည် ထပ်၍တောင့်တနေလေသည်။ထို့ကြောင့် စုမင်က နောက်ထပ်တစ်စက်ချပေးလိုက်သည်ကို လိပ်ကြီးမြင်သော် လုံးဝတုန်လှုပ်သွားလေသည်။

လိပ်ကြီးက ၎င်း၏ကြီးမားသောခန္ဓာကိုယ်ဖြင့် ရေခဲပြင်ပွတ်တိုက်နေလေသည်။ ၎င်း၏အမြီးကို အပြန်ပြန်အလှန်လှန် လှုပ်ယမ်းကာ ဒေါသတကြီးဟစ်အော်ခဲ့သည်။

စုမင်က ထိုအခြေအနေကိုမြင်သော် သူ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာသည်။ သူ၏မြွေလေးဆီသို့ နတ်ဘုရားအာရုံတစ်ခု ပေးပို့လိုက်ပြီး အနက်ရောင်အရည်နှစ်စက်ကို မျိုချလိုက်သော မြွေငယ်လေးက စူးမင်၏ သိုလှောင်အိတ်ထဲသို့ ချက်ချင်းပင် ခုန်ထွက်သွားလေသည်။ ခဏအကြာတွင် နောက်တစ်ကြိမ် ပျံထွက်လာသောအခါ ဂူ၏အစွန်းဆီသို့ တည့်တည့်တိုးဝင်သွားသည်။ ဤထူးဆန်းသော လုပ်ရပ်က လိပ်၏အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

သူ့မျက်စိရှေ့ရှိ ရေခဲဂူထဲမှ စက်ဝိုင်းပုံ လည်နေသော မြွေကို မြင်လိုက်ရသော် လိပ်ကြီး၏ပါးစပ်ထဲမှ ဓားသေးသေးလေး ပေါ်လာပြီး စုမင်ဆီသို့ဦးတည်သွားလေသည်။

လိပ်ကြီးက ဒေါသတကြီးဟိန်းဟောက်ပြီး မြွေငယ်အပြင် ထိုအနက်ရောင် ဆေးရည်ကို စိုက်ကြည့်နေ လေသည်။ ထို့နောက် ၎င်းက လှည့်၍ အဝေးသို့ ထွက်ပြေးသွား လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လိပ်ကြီးက စုမင်ရှိ ရာရေခဲတောင်မှ ပျောက်ကွယ်သွားခဲ့သည်။

စုမင်က မျက်တောင်ခတ်လိုက်သည်။ သူခဏမျှစောင့်ခဲ့သော်လည်း လိပ်က ပြန်မလာတော့ပေ။ စူးစမ်းတတ်ပြီး ဉာဏ်ရည်ထက်မြက်သည့်လိပ်က သူပြောနေသည့်အရာများကို အဘယ်ကြောင့် နားမလည်နိုင်တော့သည်ဟု တွေးနေရသည်။

သူ နောက်တစ်ရက်မျှ စောင့်လိုက်သော်လည်း လိပ်ပြန်လာသော အရိပ်အယောင်ကို မတွေ့ရသောကြောင့် ထိုကိစ္စကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။ ယင်းအစား သူထိုင်ပြီးလိုက်သည့်နှင့် ကွင်းပုံစံ မှော်စက်ဝန်းကို ထုတ်ဖော်လိုက်သည်။

ထိုအရာက မယုံနိုင်လောက်အောင် ကြီးမားပြီး သူ့ဂူ၏ တစ်ဝက်လောက်ထိ သိမ်းပိုက်ထားလေသည်။ ဤအရာက ကြက်သွေးရောင်ကျောက်တုံးများကို ဖြတ်ရန်အသုံးပြုခဲ့သော အရာဖြစ်သည်။

“နတ်ဘုရားတံဆိပ်ခတ်ဝတ်ရည် ...အခြေအနေတွေက ရေကန်အသင့် ကြာအသင့်ပါလား...”

စုမင်က တိုးတိုးလေးပြောလိုက်သည်။ ညာလက်ကို မြှောက်လိုက်သောအခါ ကြက်သွေးရောင် ကျောက်တုံးကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

စုမင်၏ သိုလှောင်အိတ်ထဲတွင် ကြက်သွေးရောင် ကျောက်တုံးများစွာ ပါရှိသည်။ သူတို့အားလုံးကို တစ်ခုချင်းဖွင့်ကြည့်ရန် အချိန်မလောက်ပေ။ ယခုအချိန်တွင် စုမင်က တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏ပြောင်းလဲမှုများမှုမှ ပုန်းအောင်းနေလေသည်။ထို့ကြောင့် ကြက်သွေးရောင်ကျောင်းတုံးများကိုဖွင့်ရန် သူ့လက်ထဲတွင် အချိန်အတော်ရှိနေပြီဖြစ်သည်။

အဖိုးတန်ဆေးဖက်ဝင်အပင်များ သို့မဟုတ် ပစ္စည်းများကို ရှာဖွေပါက သူ့ပစ္စည်းများကို လုယူရန် ချောင်းမြောင်းနေမည့်သူမရှိပေ။

စုမင် ရှေ့ရှိခရမ်းရောင်ကျောက်တုံးမှာ အဆိပ်ရှိသော နကျယ်ကောင်ပါရှိလေသည်။၎င်း၏ ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားတံဆိပ်ခတ်ဝတ်ရည်ရှိကြောင်းကို သူသိချင်ခဲ့သည်။

‘ဒီအကောင်က အသက်ငွေ့နည်းနည်း ကျန်သေးတယ်၊ မသေသေးဘူး...’

စုမင်က ခဏမျှ ငြိမ်သက်နေပြီးမှ မတ်တပ်ထရပ်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင်၊ ခရမ်းရောင်ကျောက်တုံးက သိုလှောင်လက်စွပ်ဆီသို့ ပျံသန်းသွားသည်။ သူက မှော်စက်ဝန်းပုံစံနားတွင် ရပ်လိုက်သည်။အတိတ်က ကျောက်တုံးများကို ဖြတ်သည့် ခံစားချက်ကို ပြန်လည်ရရှိလာပြီး ကျောက်တုံးထဲကို ဖြည်းညှင်းစွာ ဖြတ်လိုက်တော့သည်။

စုမင်က လေလံပွဲအတွင်း လုံးဝဖြတ်မတောက်နိုင်ခဲ့သော ဤကြက်သွေးရောင်ကျောက်တုံးကို ဖြတ်တောက်လိုက်စဉ် ကျယ်လောင်သောအသံများ လေထဲတွင် တဟုန်ထိုး ပျံ့လွင့်နေကာ ထိုအကြောင်းအရာများကို လူအများရှေ့တွင် အမှန်တကယ် ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ထူးဆန်းသောလက်စွပ်က ၎င်းနှင့် တိုက်မိသွားသောအခါ ကျောက်တုံးက လူသားဦးခေါင်းအရွယ်အစားမျှသာ လျော့ကျသွားခဲ့သည်။ ထို့နောက် စုမင်က တည်‌သောမျက်နှာထားဖြင့် ဖြည်းညှင်းစွာ ဖြတ်တောက်လိုက်သည်။

ကျောက်တုံးအလွှာအောက်မှာ ခရမ်းရောင်အဆိပ်ရှိသောနကျယ်တစ်ကောင်ကို မြင်လိုက်သည့်အခါ စုမင်မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ပေါ်လာသည်။ နကျယ်ကောင်က မယုံနိုင်လောက်အောင် ရက်စက်ပုံရသည်။ ၎င်းကို ကျောက်တုံးဖြင့် တံဆိပ်ခတ်ထားသည်။ မြင်သူတိုင်းက ၎င်းအတွင်း၌ အသက်စွမ်းအင်ချည်မျှင် ကျန်ရှိနေသေးသောကြောင့် ၎င်းမှာ အသက်ရှင်နေသေးသည်ဟု ခံစားရမည်ဖြစ်သည်။

ယခု ဖောင်ထွင်းမြင်ရသော ကြက်သွေးရောင် ကျောက်တုံးကြီးရှိ အဆိပ်ပြင်းသော အကောင်ကြီးအား စူးမင် စိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူကာ ညာလက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အဆိပ်အလောင်းက သူ့ဘေးတွင် ပေါ်လာသည်။ မြွေငယ်ကိုလည်း သတိအနေအထားနေစေခဲ့သည်။

စုမင်က မတော်တဆမှုအားလုံးကို ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်မှု အပြည့်ပြုလုပ်ပြီးခဲသည်။ သူက ကျောက်တုံးထဲသို့ ဖြတ်ရန် ခြေလှမ်းပြင်လိုက်သော်လည်း ရုတ်တရက် ပြင်းထန်သော တုန်လှုပ်မှုတစ်ခုက ရေခဲလွှာကို လှုပ်သွားခဲ့သည်။ စုမင်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကို မော့ကြည့်လိုက်သော် သူမြင်လိုက်ရသောအရာကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ သူ ခဏမျှ လုံးဝ အံ့အားသင့်သွားခဲ့သည်။

လိပ်တစ်ကောင် ရေကူးနေသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။..

All Chapters