← Chapters

အနက်ရောင်လူတူငယ်လေး

Vol. 37 Ch. 512

အနက်ရောင်လူတူငယ်လေး

Vol. 37 Ch. 512

စုတ်ပြတ်နေသော သတ္တုဓားများ၊ ပျက်စီးနေသော ဒိုင်းမျိုးစုံနှင့် အခြားကျိုးပဲ့သောပစ္စည်းများက လိပ်ကြီးနောက်တွင် ရှိနေလေသည်။ တကယ်တော့ မူရင်းပုံစံကို မမြင်နိုင်တော့သောပစ္စည်းအချို့တောင် ရှိနေလေသည်။ ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် စုမင် အံဩ တုန်လှုပ်သွားခဲ့သည်။

စုမင်မှာ ကြည့်နေရင်း ငိုရခက်ရယ်ရခက်ဖြစ်နေလေသည်။ ထိုအရာအားလုံးသည် အသုံးမဝင်သောကြောင့်ဖြစ်သည်။ တချို့ပစ္စည်းများနောက်တွင် ရေခဲများကပ်လျှက်ရှိနေသည်။ ထိုလိပ်ကြီးက ရေခဲထဲရှိ အရာအားလုံးကို တူးဖော်

ယူဆောင်လာခဲ့သည်မှာ ရှင်းပါသည်။

လိပ်ကြီးက ခွေးကလေးတစ်ကောင် ကဲ့သို့ စုမင်ရှိရာရေခဲပြင်ပေါ်သို့ ပြေးတက်သွားသည်။ စုမင်၏ ဂူနေရာသို့ ရောက်သော် သူ့နောက်မှပါလာသော အပိုင်းအစများက ရပ်တန့်မသွားပေ။ ထိုပစ္စည်းများက တောင်ကုန်းတစ်ခုတွင် စုလာသောအခါ လိပ်က မြွေငယ်လေးကို မှုန်ကုပ်ကုပ်ကြည့်လိုက်သည်။ထို့နောက် စုမင်ကို စိတ်အားထက်သန်စွာ ကြည့်နေလေသည်။ သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်နေလေသည်။

စုမင်က အမှိုက်များကို ကြည့်လိုက်ပြီးနောက် ယခုအခါ အမှန်တကယ် ရိုးရိုးရှင်းရှင်းနှင့် ရိုးသားပုံပေါက်သည့် ညစ်ပေနေသည့်လိပ်ကြီးကို ကြည့်ရင်း ပြုံးမိလိုက်သည်။ သူ့လက်ကောက်ဝတ်ကို လှုပ်ယမ်းလိုက်သည်နှင့် အနက်ရောင်အရည်ပါသည့် ဆေးပုလင်းကြီး သူ့လက်ထဲတွင် ပေါ်လာသည်။

စုမင်က ထိုပုလင်းကို ထုတ်လိုက်သော် မြွေငယ်လေးက ခေါင်းကို မော့လိုက်သည်။ မျှော်လင့်တောင့်တသောအကြည့်တစ်ခုက သူ့မျက်နှာပေါ်၌ ပေါ်လာသည်။ ရေခဲအလွှာအပြင်ဘက်ရှိ လိပ်ကမျက်လုံးများပြူးကျယ်လာကာ လေပြင်းများမှုတ်ထုတ်လိုက်သည်။

စုမင်က ခဏမျှ တိတ်ဆိတ်ဆိတ်သွားပြီးနောက် လိပ်၏ကြိုးစားအားထုတ်မှုကို မပယ်ချသင့်ဟု ဆုံးဖြတ်လိုက်သည်။ သူက အနက်ရောင် ဆေးရည်တစ်စက်ကို သွန်ချလိုက်ပြီး လိပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးကျန်တော့သည်။

လိပ်ကြီးက ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်ပြီး ထိုအနက်ရောင်ဆေးရည်ကို မျိုချရန် ချက်ချင်း ရှေ့ကို တိုးသွားလေသည်။ သူ့မျက်နှာတွင် မူးဝေနေသည့်အကြည့်တစ်ခု ပေါ်လာသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက်တွင် စုမင်ကအနက်ရောင်‌ဆေးရည်များကို ထပ်မပေးတော့ဘဲ အောက်ရှိ ရေခဲလှိုဏ်ဂူထဲသို့ ပြန်သွားသည်ကို တွေ့လိုက်ရသည်။ လိပ်ကြီးက မကျေမနပ်ဟိန်းဟောက်သံတစ်ချို့ကို ထုတ်လွှတ်လိုက်ပြီး သူရှာလာခဲ့သောပစ္စည်းများကြားတွင်လှည့်ပတ်သွားလာနေသည်။

စုမင်က ၎င်းကိုလျစ်လျူရှုသည်ကိုမြင်သော် လိပ်က ဒေါသပိုထွက်ပြီး ရေခဲပြင်ပေါ်မှာ စက်ဝိုင်းပုံစံ လျှောက်သွားပါတော့သည်။ အချိန်အတော်ကြာပြီးနောက်၊ တစ်ခုခုကို တွေးပြီး ရေခဲပြင်ပေါ်မှ ပျံသန်းကာ အမှောင်ထဲသို့ ပျောက်ကွယ်သွားပြန်သည်။

လိပ်က အဝေးသို့ ရွေ့သွားသောအခါ စုမင်က သူ့ကိုယ်သူ ငြိမ်သက်သွားပြီး ဖောက်ထွင်းမြင်ရသော တောင်ကျောက်တုံးကြီးအား ကြည့်ရှုရန် မှော်စက်ဝန်းအနားတွင် ရပ်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူ့မျက်နှာပေါ်တွင် ပြတ်သားသောအကြည့်တစ်ခု ပေါ်လာသည်။ ချက်ချင်းပင် မှော်စက်ဝန်းက ဆူညံလာပြီး ကျောက်တုံးကို ထိုးခွဲ တော့သည်။ ကျောက်တုံးအပိုင်းအစများ ပြုတ်ကျလာသည်နှင့်အမျှ၊ ဖောက်ထွင်းမြင်နိုင်သာသော တောင်ကျောက်တုံးကြီးသည် သေးငယ်လာပြီး ပါးလွှာလာသည်။

ခဏအကြာတွင် ကျောက်တုံးကွဲအက်သွား‌လေသည်။ ဖုန်မှုန့်များအဖြစ်သို့ ချက်ချင်းပြောင်းသွားချိန်တွင် စုမင်၏ ညာလက်ထိပ်က လျှပ်စီးလက်သလို ရွှေရောင်တောက်ပစွာ လင်းလက်သွားသည်။ သူ၏ လှုပ်ရှားမှုများက ရွှေရောင်အလင်းတန်းများနှင့် ပေါင်းစပ်ထားသော သေးငယ်သောဆိုင်ကလုန်းမုန်တိုင်းကို ဖြစ်ပေါ်စေသည်။ထို့နောက် အဆိပ်ရှိသော နကျယ်‌ကောင်ကို ဝိုင်းရံလိုက်သည်နှင့် သူ့လက်နှစ်ချောင်းကြားတွင် ဖမ်းမိသွားသည်။

စုမင်၏ နှလုံးသားက သူ့ရင်ဘတ်မှ ခုန်ထွက်မတက် ဖြစ်သွားသည်။ အဆိပ်ရှိသော နကျယ်ကောင်တွင် ဝတ်ရည်များ ရှိပါသလား။ ထိုကဲ့သို့မဟုတ်လျှင် သူ့မျှော်လင့်ချက်များအားလုံး ပြိုပျက်သွားလိမ့်မည်။ အကယ်၍ နကျယ်ကောင်၏ ခန္ဓာကိုယ်တွင် ဝတ်ရည်တကယ်ရှိလျှင် ထိုဝတ်ရည်က နတ်ဘုရားတံဆိပ်ခတ်ပန်းမှ ဖြစ်သလား။ မဟုတ်လျှင် အရာအားလုံး ပြိုလဲသွားလိမ့်မည်။

ရှာမန်မြို့တော်မှလူများသည်

ထိုနတ်ဘုရားတံဆိပ်ခတ်ဝတ်ရည်အတွက် မည်သို့ရိုင်းစိုင်းခဲ့ကြသည်ကို သတိရခဲ့သည်။ ထိုဝတ်ရည်နှင့်ပတ်သက်သည့် ၎င်းတို့၏မှတ်ချက်များကို သတိရသွားပြန်သည်။ ဤလျှို့ဝှက်ဆန်းကြယ်ပြီး လက်တွေ့ကျကျ ဆိတ်သုဉ်းသွားသော နတ်ဘုရားတံဆိပ်ခတ်ပန်းက ဤကမ္ဘာမှမဟုတ်၊ စစ်မှန်သောတာအိုလောကမှဖြစ်ကြောင်း သတိရလိုက်သည်။ သို့သော် စစ်မှန်သော မြင့်မြတ်သောယင်လောက သို့မဟုတ် စကြဝဠာ ကြီးဆီက ဖြစ်ကောင်းဖြစ်နိုင်သည်၊၊ ၎င်း၏ ထိတ်လန့်တုန်လှုပ်ဖွယ် အကျိုးသက်ရောက်မှုများကို သတိရသောအခါ စုမင်က သူ့စိတ်ပူပန်မှုများက အလဟဿမဟုတ်ကြောင်း သတိရ‌သွားလေသည်။

ဝတ်ရည်ရနိုင်ခြေကို စိုးရွံ့လာသဖြင့် သူ့လက်ချောင်းများကြားရှိ ရွှေဝဲဂယက်နှင့် ချိတ်ထားသော အဆိပ်ပြင်းသော ။ အကောင်ကြီးကို ကြည့်လိုက်မိသည်။

နတ်ဘုရားတံဆိပ်ခတ်ပန်းက ဒဏ္ဍာရီဆန်ဆန် ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်း၏ရှားပါးမှုကို စကားလုံးများဖြင့် ဖော်ပြ၍မရပေ။ လောလောဆယ်မှာ မာန်မျိုးနွယ်စုများ၏ တိုက်ကြီးအားလုံးမှာ ထိုအရွက်တစ်ရွက်မှ မတွေ့ကြောင်း ပြောနိုင်လေသည်။

ပန်းဝတ်ရည်က ပို၍တောင် ရှားပါးလေသည်။ နောက်ဆုံးတွင် ပန်းသည် သူ့အလိုလို တည်ရှိရမည်ဖြစ်ပြီး ပန်းပွင့်သောအခါမှသာ ပန်းဝတ်ရည် ထွက်လာမည်ဖြစ်သည်။ ထိုအချိန်မှစ၍၊ နတ်ဘုရားတံဆိပ်ခတ်ပန်းက လက်တွေ့အားဖြင့် ဒဏ္ဍာရီတစ်ခုဖြစ်ခဲ့ပြီး ၎င်း၏ဝတ်ရည်ကို ရရှိရန်မှာလည်း မဖြစ်နိုင်ပေ။

စုမင်က သူ့လက်ချောင်းများကြားမှ အဆိပ်ရှိသော နကျယ်ကောင်ကို စိုက်ကြည့်နေလေသည်။ သူ၏ နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကာ နကျယ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်လိုက်သည်။ သို့သော် သူ၏မြင့်မြတ်သောနတ်ဘုရားအာရုံက နကျယ်ကောင်ကိုထိလိုက်သည့်အခိုက်တွင်၊ ဤအဆိပ်ရှိသောနကျယ်ကောင် မည်မျှကြာကြာ အိပ်ပျော်သွားသည်ကို ချက်ချင်းပင် ပြင်းပြင်းထန်ထန် ခံစားသိရှိလာခဲ့သည်။ ၎င်းမှာ အသက်ငွေ့ကျန်သေးသော်လည်း စုမင်၏နတ်ဘုရားအာရုံနှင့်အတင်းအကျပ်ပေါင်းစပ်လိုက်လျှင် သေဆုံးသွားနိုင်သည်။

သေဆုံးသွားသည်နှင့်၊ အတွင်း၌ထည့်ထားသည့် နတ်ဘုရားတံဆိပ်ခတ်ပန်းဝတ်ရည်ကို ထိခိုက်မည်လား။ နကျယ်ကောင်နှင့်အတူ ပျောက်သွားမည်လား။ စုမင်က ထိုကဲ့သို့ အန္တရာယ်မျိုးကို အဖြစ်ခံချင်ပေ။

“ငါ့အတွက် အလွယ်ဆုံးနည်းလမ်းကတော့ အဆိပ်ရှိတဲ့ နကျယ်ကောင်ကို မျိုချပြီး ငါ့ကိုယ်ထဲမှာ အရည်ပျော်သွားအောင် လုပ်ဖို့ပါပဲ… ဒါပေမယ့် ဒီနကျယ်ကောင်က နတ်ဘုရား တံဆိပ်ပန်းဝတ်ရည်ကို စုဆောင်းနိုင်တဲ့ အင်းဆက်ပိုးတစ်ကောင်ပဲ..သူ့ရဲ့ အဆိပ်က ပျော့ညံ့မှာတော့ မဟုတ်ဘူး.. ဒီအတိုင်းမျိုချလိုက်ရင်…”

နကျယ်ကောင်၏ တင်ပါးပေါ်ရှိ အဆိပ်ထိုးအပ်ဖြင့် စိုက်ကြည့်ရင်း စုမင်၏ မျက်လုံးများက တောက်ပလာသည်။

ခဏတာ တိတ်တိတ်ဆိတ်ဆိတ်နေပြီးနောက်တွင် သူက ကမှူးရူးထိုး မပြုမူရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအစား၊ သူ၏မူလအစီအစဉ်ကို ရိုးရိုးရှင်းရှင်း ဆက်လက်လုပ်ဆောင်ပြီး အဆိပ်ရှိသော နကျယ်ကောင်ကို သူ့ ကိုယ်ထဲသို့ ဖြည်းညင်းစွာ မပေါင်းစပ်မီ သူ၏နတ်ဘုရားအာရုံကို ချိပ်စည်းတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

‘ငါလုပ်နိုင်တာက ဒီအရာကို ငါ့အိမ်မွေးတိရစ္ဆာန်အဖြစ် ပြောင်းလဲဖို့ပဲ..ဒီလိုလုပ်ရင် ပန်းဝတ်ရည်ကို ရနိုင်တယ်.. ဒါက ငါ့အတွက် အလုံခြုံဆုံးနည်းလမ်းဖြစ်ပြီး ဝတ်ရည်အားလုံးကို ငါရနိုင်စေမယ့် တစ်ခုတည်းသောနည်းလမ်းပဲ...”

နတ်ဘုရားတံဆိပ်ခတ် ပန်းဝတ်ရည်သည် အလွန်ရှားပါးပြီး စုမင်က အမှားတစ်ခုမျှပင် မလုပ်မိရန် လိုအပ်သည်။ အိပ်ပျော်နေသော နကျယ်ကောင်ကို စိုက်ကြည့်ကာ သူ့ချိပ်စည်းကို ဖြည်းညှင်းစွာ ထားခဲ့သည်။

သို့သော် ဝတ်ရည်ကို ရရှိနိုင်သည်မှာ မကြာမီ ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။ ခဏအကြာတွင် စုမင်က နကျယ်ကောင်ကို ကျောက်စိမ်းသေတ္တာတစ်ခုထဲသို့ ထည့်ကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းသေတ္တာတစ်ခုလုံးကို ဝန်းရံရန် သူ၏မြင့်မြတ်သောအသိဥာဏ်ကိုယူ၍ နကျယ်ကောင်အတွင်း၌ သူ၏အမှတ်တံဆိပ်ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။

‘နကျယ်ကောင်မှာ နတ်ဘုရား တံဆိပ်ခတ်ပန်းဝတ်ရည် တကယ်ရှိနေရင်.. အဲဒါကို ချိပ်စည်းခတ်ပြီး ငါ့အိမ်မွေးတိရစ္ဆာန်အဖြစ် ပြောင်းလဲလိုက်တာနဲ့ အဖြေရလိမ့်မယ်’

စုမင်က သူ၏ စိတ်လှုပ်ရှားမှုကိုဖယ်ရှားပြီး နောက်ထပ် ကြက်သွေးရောင် ကျောက်တုံးကို ထုတ်ကာ ထိုးခွဲခဲ့သည်။ ဤကျောက်တုံးကို ဖြတ်တောက်ခြင်း လုပ်ငန်းစဉ်ကအလွန်ခြောက်ကပ်ကပ်နှင့် ငြီးငွေ့ဖွယ်ကောင်းသော်လည်း စုမင်က ကျင့်သားရနေပြီးသားဖြစ်သည်။

မပျက်စီးနိုင်သောထာဝရလောကတွင် သူခံစားခဲ့ရသည့်အထီးကျန်မှုနှင့် နှိုင်းယှဉ်နိုင်မည်လား။ ထိုကဲ့သို့ပင် စုမင်က အေးခဲ‌သောနေရာ တွင် ဆက်လက်နေခဲ့သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်ကုန်သွားသည်။

ထိုနှစ်အတွင်း လိပ်ကြီးက အကြိမ်များစွာ ပြန်လာခဲ့ပြီး ပြန်လာတိုင်း ပစ္စည်းအမြောက်အမြား ယူဆောင်လာခဲ့သည်။ သို့သော် ထိုအရာများထဲမှ တစ်ခုမျှ ပြီးပြည့်စုံခြင်း သို့မဟုတ် အလုပ်လုပ်နိုင်သော အခြေအနေတွင် မရှိပေ။ ၎င်းတို့အားလုံးသည် ကျိုးပဲ့နေသည့်အရာများဖြစ်ပြီး အဆိုပါပစ္စည်းများက ရေခဲတောင်ပေါ်တွင် သေးငယ်သောတောင်ကုန်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။

စုမင်၏ဂူက ရေခဲအလွှာအောက်တွင် တစ်နှစ်ထက်တစ်နှစ် ပိုကြီးလာသည်။ ဤသည်မှာ အဆိပ်အလောင်းကောင်နှင့် မြွေငယ်တို့၏ ကျေးဇူးကြောင့်ပင်ဖြစ်သာ်။ ဂူကို ရေခဲတုံးများ မပိတ်ဆို့စေဘဲ ဆက်လက်လမ်းရှင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့သော မြွေငယ်လေးကြောင့် ဖြစ်သည်။ ထိုဂူက ပိုမိုကြီးမားလာပြီး ရေခဲခန်းအများအပြားကို ထိုနေရာတွင်ပင် တွေ့ရှိနိုင်သည်။

မြွေငယ်လေးနှင့် အဆိပ်အလောင်းများအပြင် အေးခဲနေသော လှိုဏ်ဂူထဲတွင် မျောပါနေသော ဝိညာဉ်နှစ်ကောင်လည်း ရှိသေးသည်။ တစ်ခုက မိန်းမတစ်ယောက်ဖြစ်ပြီး ကြယ်တာယာနတ်သမီး ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က စုမင်က သူမကိုခေါ်ဆောင်လာခဲ့သည်။

အခြားသော လွင့်မျောနေသော ဝိညာဉ်မှာ အဟူ ဖြစ်သည်။ သူက ဂူထဲတွင်ပျောက်ဆုံးသွားကာ လှည့်လည်နေလေသည်...

စုမင်က တစ်နှစ်ပတ်လုံး ကြက်သွေးရောင် ကျောက်တုံးအားလုံးကို ဖြတ်တောက်ခဲ့သည်။ ယခင်က သူကိုယ်တိုင် ကောက်ယူခဲ့ပြီး ၎င်းတို့အားလုံးတွင် ဆေးဖက်ဝင်အပင်များနှင့် အခြားပစ္စည်းများပါရှိသည်။ထို့ကြောင့် ၎င်း၏သိုလှောင်အိတ်က မရေမတွက်နိုင်သော ပစ္စည်းများစွာဖြင့် ပြည့်သွားခဲ့သည်။

ထိုအိတ်ထဲမှ တစ်ခုခုကို ထုတ်ယူခြင်းက လူများစွာကို အံ့ဩ တုန်လှုပ်သွားစေပြီးသတ်ဖြတ်ပွဲများပင်ဖြစ်သွားနိုင်သည်။စုမင်သိမ်းဆည်းထားသောပစ္စည်းများက အမှန်တကယ် အဖိုးမဖြတ်နိုင်သောကြောင့်ဖြစ်သည်။ အမှန်တော့ စုမင်ထိုပစ္စည်းများ၏အမည်အချို့ကိုပင် မသိသော်လည်း ထိုဆေးဖက်ဝင်အပင်များ၏ အာနိသင်ကို ရှာဖွေရန် သူ့ကိုယ်သူ ပြင်ဆင်ထားပြီးဖြစ်သည်။

ထို့သို့ဖြင့် တစ်နှစ်ကျော်သွားခဲ့သည်။ စုမင်က ရံဖန်ရံခါ မျက်လုံးဖွင့်ပြီး ရေခဲလွှာ၏ အပြင်ဘက်သို့ ကြည့်သည်။ အရှေ့မြေရိုင်းနယ်မြေ၏ ကပ်ဆိုးကြီးပြီးဆုံးသွားပြီနောက် တောင်ပိုင်းအရုဏ်ဦးနယ်မြေတွင် မည်သို့ဖြစ်မည်ကို သူမသိခဲ့ချေ။

အချိန်အတော်ကြာပြီးနောက် သူ့အကြည့်ကို တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။ တရားထိုင်သော အချိန်ကာလက သူ့၏စွမ်းအားကို အထွတ်အထိပ်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယခုချိန်မှာတော့ တခြားတစ်ခုခုလုပ်ရန် အဆင်သင့်ဖြစ်နေလေသည်။ အချိန်အတော်ကြာအောင် စောင့်ခဲ့ရပြီး နောက်ဆုံးမှာတော့ လိုအပ်တဲ့ အရာအားလုံးကို စုဆောင်းနိုင်ခဲ့သည်။

“နတ်မင်းကြိုဆိုဆေးလုံး...”

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူနှင့် သိပ်မဝေးသော ဆေးဒယ်အိုးကို တစ်ချက်ကြည့်လိုက်သည်။ယခုအခါ ဤအိုးကြီးက အေးစက်နေသောလေထုကို ထုတ်လွှတ်ကာ ရေခဲအလွှာများ ဖုံးအုပ်ထားသောကြောင့် ၎င်းကို အလုံပိတ်ထားသကဲ့သို့ ထင်ရသည်။

ညာလက်ကို မြှောက်လိုက်သည်နှင့် ဆေးဒယ်အိုး၏အဖုံးက ချက်ချင်းပွင့်သွား၏။ သူ့လက်မောင်းကိုဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင် အရိပ်တစ်ခုက သူ့အိတ်ထဲက ချက်ခြင်း ပြေးထွက်လာသည်။ အရိပ်မည်းများ လွင့်ထွက်သွားသည့်အခိုက်တွင်၊ စုမင်၏ မျက်လုံးများက စူးရှသောအလင်းရောင်များဖြင့် တောက်ပနေသည်။ သူ၏ညာဖက်လက်က လေထဲ၌ လွင့်နေပြီး လက်ချောင်းတစ်ချောင်းကိုဆန့်ကာ ထိုအနက်ရောင်ပုံရိပ်ကို ပုတ်လိုက်လေသည်။

ပုံရိပ်၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ခဲ့ပြီး ၎င်းမှာ ပင့်ကူ၏ခြေထောက်ဖြစ်သည်။ စုမင်၏လက်ချောင်းကို ထိလိုက်သည်နှင့် ချက်ချင်းပင် ဖုန်မှုန့်များ ဖြစ်သွားသည်။ ထိုအချိန်တွင် စုမင်က သူ၏ ပါးစပ်ကို ဟလိုက်ပြီး မာန်သွေးကိုယူရန် လျှာဖျားကို ကိုက်လိုက်သည်။

သွေးက ဖုန်မှုန့်ပြောင်းသွားကာပင့်ကူခြေထောက်နှင့်အတူ ဆေးဒယ်အိုးထဲသို့ ပျံသန်းသွားသည်။ ထို့နောက် စုမင်က လေးနက်သောအမူအရာဖြင့် သူ့သိုလှောင်အိတ်ကို လက်ဖြင့်ပုတ်လိုက်သည်။ ချက်ချင်းပင် အခြားပစ္စည်းတစ်ခု ထွက်လာသည်။ ဤပစ္စည်းပေါ်လာသည်နှင့်ပင် စုမင်၏အနားရှိမြွေငယ်လေးက ချက်ချင်းခေါင်းထောင်လာသည်။၎င်း၏မျက်လုံးများတွင်ရှုပ်ထွေးသောအကြည့်တစ်ခုပေါ်လာသည်။

ဤအရာက ဖယောင်းနဂါး၏ကြေးခွံဖြစ်သည်။

စုမင်က ထိုကြေးခွံကိုကြည့်သောအခါ၊ သူသည် လက်ကောက်ဝတ်ကို လှန်လိုက်ပြီး ဆေးအိုးထဲသို့ ပျံတက်သွားသည်။

‘နောက်ဆုံးပါဝင်ပစ္စည်းက...’

စုမင်က ခေါင်းငုံ့ပြီးရှာဖွေလိုက်သော် သိုလှောင်အိတ်ထဲက မီးမှိန်မှိန်လေး ထွက်လာသည်။ တဖြည်းဖြည်းနှင့် ဖောက်ထွင်းမြင်နိုင်သော တောင်ကျောက်တုံးကြီးတစ်ခု ပေါ်လာသည်။

တောင်ကျောက်တုံးကြီးထဲ၌ အနက်ရောင် လူတူလေး လူမည်းလေးကောင် ထိုင်နေ လေသည်။၎င်းက မျက်လုံးမှိတ်ထားပြီး မလှုပ်မရှားဖြစ်နေသည်။

အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် စုမင်က စကားစ ပြောလိုက်သည်။

“မင်းမှာ အသိဥာဏ်ရှိတယ်.. ငါပြောတာကို နားလည်တယ်...”

တောင်ကျောက်တုံးပေါ်ရှိ အနက်ရောင် လူတူလေးက နက်ရှိုင်းစွာ အိပ်ပျော်နေသကဲ့သို့ တည်ရှိနေခဲ့သည်။ စုမင်၏ စကားကို မကြားရပုံ ပေါ်သည်။

“သင်က လျှို့ဝှက်ချက်အများကြီးကို ပိုင်ဆိုင်ထားနိုင်ပြီး သင်ရဲ့တည်ရှိမှုက သန့်စစ်မွန်မြတ်တဲ့ယင် လောက မသက်ဆိုင်ပေမဲ့ ယင်ကိုးပါးဝိညာဥ်တွေနဲ့ နည်းနည်းချိတ်ဆက်နေတာတော့ သေချာတယ်..”

“ဒီအကြောင်းကို ငါစိတ်မဝင်စားဘူး..ကြက်သွေးရောင်ကျောက်တုံးဆီက ဆုလာဘ်တွေအများကြီးရအောင် ကူညီပေးခဲ့တယ်၊ မင်းရဲ့ညာဘက်တတိယလက်ချောင်းကိုပဲ ငါတောင်းလိုက်မယ်.. မင်းကို ငါဒုက္ခမပေးတော့ဘူး”

စုမင်က အေးအေးဆေးဆေး ပြောလိုက်သည်။

သို့သော် ကျောက်တုံးမှ လူတူလေးက စုမင်၏ စကားများကို မကြားရသလိုပင် အိပ်ပျော်နေခဲ့သည်။

“မင်းကို စဉ်းစားဖို့ အသက် ၁၀ ရှိုက်စာလောက် အချိန်ပေးမယ်.. အသက် ဆယ်ရှိုက်စာပြီးလို့ အဖြေ မပေးနိုင်သေးရင် အဲဒီလက်ချောင်းကို မင်းရဲ့ ခန္ဓာကိုယ်ထဲက ဖြတ်ပစ်လိုက်မယ်...”

စုမင်က ထိုစကားများကိုပြောပြီးသည်နှင့် ပါးစပ်ကိုပိတ်လိုက်သည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီး ကိုးကြိမ်မြောက် ထွက်သက်ရောက်ရှိလာချိန်၌ အနက်ရောင် လူတူလေး၏ မျက်တောင်လေးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်လာလေသည်။ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ စုမင်ကို ခံစားချက်ပေါင်းစုံဖြင့် ကြည့်နေလေသည် ။

“ငါ့တတိယလက်ညှိုးပေးရင် မင်းငါ့ကိုလွှတ်ပေးမှာလား”

အနက်ရောင်လူတူလေးက စုမင်ကိုကြည့်ကာ အချိန်အတော်ကြာပြီးနောက် အသံကျယ်ကျယ်ဖြင့် မေးသည်။ တောင်ကျောက်တုံးကိုဖြတ်၍ စူးမင်၏နားထဲတွင် ပဲ့တင်ထပ်နေချိန်တွင် ၎င်း၏အသံက အနည်းငယ်စူးရှသော အရည်အသွေးတစ်ခုရှိသည်။

“မပေးဘူး”

စုမင်က သူ့မျက်နှာပေါ်တွင် အေးစက်သောအမူအရာရှိနေလေသည်။သူက ပြတ်ပြတ်သားသားပြောပြီး အနက်ရောင်လူတူ လူမည်းလေးကို တည့်တည့်ကြည့်နေခဲ့သည်။

All Chapters