← Chapters

မဟာယွီကောင်းကင်နန်းတော်ကြီး

Vol. 37 Ch. 513

မဟာယွီကောင်းကင်နန်းတော်ကြီး

Vol. 37 Ch. 513

“မင်းမလွှတ်‌ပေးရင် ဘာလို့ ငါ့တတိယလက်ချောင်းကို ပေးရမှာလဲ”

အနက်ရောင် လူတူလေးက စုမင်ကို စိုက်ကြည့်နေပြီး သူ့အသံက ပို၍ ပြတ်သားလာသည်။

“မင်း ငါ့နောက်ကို လိုက်ခဲ့တာမို့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ထဲက မင်း နိုးထနိုင်ခဲ့တယ်”

စုမင်၏ အမူအရာက ယခင်အတိုင်း တည်ကြည်နေပြီး လူတူလေးကို စိုက်ကြည့်ရင်း ပြောလာသည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်က၊ သေးငယ်သော လူတူလေး၏ အကူအညီဖြင့် စုမင်က ကြက်သွေးရောကျောက်တုံးများ

အတွင်းရှိ အရာများကို အာရုံခံစားနိုင်ခဲ့သည်။ ထိုအချိန်က ကျင့်ကြံဆင့်အားနည်းတာကြောင့် ထိုအရာများကို မမြင်နိုင်ခဲ့ပေ။

ဤသည်မှာ ဆယ့်ငါးနှစ်ကြာကအထိ ကြာမြင့်ခဲ့သည်။ စုမင်က မပျက်စီးနိုင်သော ထာဝရလောကမှ ထွက်သွားသောအခါမှသာ သူက ဖယောင်းတိုင် နဂါး၏ ကောင်းချီးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ကျင့်ကြံမှုအဆင့်က အဆမတန် တိုးလာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူက အနက်ရောင် လူတူလေးကို ထပ်မံစစ်ဆေးရန် ရွေးချယ်ခဲ့ပြီး ထိုအချိန်အတွင်းတွင် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

လူတူလေး၏ ခန္ဓာကိုယ်ထဲမှာ သေခြင်း အငွေ့အသက်များ ကျန်နေသေးသော်လည်း ထိုအရှိန်အဝါကို အတွင်းထဲရှိ သက်ရှိများကို ဖုံးကွယ်ရန် အသုံးပြုခဲ့သည်။

အထဲ၌ ပေါ်လာသော သက်ရှိများကို မည် ဖုံးကွယ်ရမည်ကို သိသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မြင်ကွင်းကို စုမင် သတိရသောအခါ၊ ထိုလူတူလေးကို စုမင် ပထမဆုံးရရှိသည့်အချိန်က အိပ်ပျော်သွားပြီဟု ယုံကြည်သူ ဆယ်ယောက်တွင် ရှစ်ဦးတောင် ရှိခဲ့သည်။ ၎င်းက ကြက်သွေးရောင်ကျောက်တုံးများ၏ နှိုးဆွမှုကြောင့် ပြန်လည်နိုးထလာခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

လူတူလေးသာ စောစောက နိုးလာခဲ့လျှင် လေလံတင်ရန် ခွင့်ပြုမှာမဟုတ်ပေ။

လူတူလေး နိုးလာသော် စုမင်က ‌ဖယောင်းနဂါး၏ ခန္ဓာကိုယ်ထဲတွင် ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားသွားပြီး မလွတ်မြောက်နိုင်ဟု ခန့်မှန်းလေသည်။ စုမင်၏ တုန်လှုပ်ချောက်ချားမှုမှ လွတ်မြောက်လာသောအခါတွင် သူ့ စွမ်းအားသည် အဆမတန် တိုးလာသည်။

မူလက ၎င်းမှာ ထိုအခွင့်အရေးကို ရှာဖွေနေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုအခွင့်အရေးက ဘယ်တော့မှ ပေါ်မလာတော့ပေ။

စုမင်၏ တည်ငြိမ်သော စကားလုံးများကြားတွင် လူတူလေးက တိတ်ဆိတ်သွားသော်လည်း စုမင် မှာ သည်းခံနိုင်စွမ်းရှိသည်။ သူက သူ့နေရာတွင် တင်ပျဉ်ခွေထိုင်ကာ စကားတစ်ခွန်းမှ မပြောတော့ပေ။

ခဏအကြာတွင် စုမင်ဆီသို့ လှမ်းကြည့်ရင်း အနက်ရောင်လူတူလေး ၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

“ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြမလား... မင်း ဒီနေရာက ထွက်သွားချင်သလား၊ ငါဆိုလိုတာက... မရဏယင်လောက..”

“မင်းရဲ့ တတိယလက်ချောင်း”

စူမင်၏ မျက်နှာပေါ်တွင် တစ်ချက်မျှ ပြောင်းလဲခြင်း မရှိပေ။

အနက်ရောင်လူတူလေးက ညာလက်ကို တောင်ကျောက်တုံးပေါ်မတင်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင် ပြတ်သားစွာ မဖြေရှင်းမီ ၎င်း၏စိတ်ထဲတွင်ရှုပ်ထွေးပွေလီသော ခံစားချက်များ လွင့်ပျံလာသည်။ ၎င်းပါးစပ်ကိုဖွင့်ပြီး တတိယလက်ချောင်းဖြင့် ကိုက်သည်။ ထို့နောက် တတိယလက်ချောင်းက စုမင် ရှေ့မှာ တောင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားလေသည်။

စုမင်က ချက်ချင်းပင် သူ၏ညာလက်ကို မြှောက်လိုက်ပြီး ထိုလက်ချောင်းကို ဆုပ်ကိုင်လိုက်ရာ ချက်ချင်းပင် ပေါက်ကွဲသံနှင့်အတူ အနက်ရောင်မြူအလွှာအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြောက်စရာကောင်းပြီး ကြီးမားသော ပါးစပ်ကြီးက မြူခိုးများကြားတွင် ပေါ်လာပြီး စုမင်၏ ညာဖက်လက်ဆီသို့ ၎င်း၏ သွားများကို ကိုက်မည့်ဟန်ပြု နေ‌ လေသည်။

စုမင်က ယခင်ကအတိုင်း စီစဉ်ထားပြီဖြစ်သည်။သူ ရှောင်လွှဲရန်တောင် စိတ်မ၀င်စားဘဲ အနက်ရောင် မြူခိုးများက သူ့လက်ကို ကိုက်စားရန် ခွင့်ပြုလိုက်သည်။ သို့ပေမယ့် သူ့လက်ကို ပါးစပ်နှင့်ထိလိုက်သည်နှင့် အနက်ရောင်မြူခိုးများက အဘိုးကြီးလက်ချောင်းနှင့်တူသည့်အထိ ချက်ချင်းညှိုးနွမ်းသွားခဲ့သည်။ သူ့အသွေးအသားများက သူ့အရိုးတွေထဲ ချက်ချင်းနစ်မြုပ်သွားသကဲ့သို့ပင်ဖြစ်သည်။

အနက်ရောင် မြူခိုးများက ချက်ချင်းပင် ပြင်းထန်စွာ ပြန်လည် လှည့်ပတ်ကာ ပေါက်ကွဲထွက် သွားသည်။ စုမင်က လေထုကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ပေါက်ကွဲနေသော အနက်ရောင် မြူခိုးများကို သူ့ဆီသို့ ဦးတည်လာစေသည် ။ ထို့နောက် စုမင်၏လက်က အနက်ရောင်လက်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် စုမင် ၏လက်က ပုံမှန်ပြန်ဖြစ်လာပြီး ညိုးနွမ်းနေသောအသားသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အနက်ရောင်လက်ချောင်းကို ကိုင်ထားရင်း စုမင်က သူ့ရှေ့သို့ တစ်ချက်ကြည့်လိုက်သည်။

အနက်ရောင်လူသား၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာသည်။ စုမင်၏ ညာလက်ကိုသေချာ စိုက်ကြည့်ရင်း မျက်လုံးထဲတွင် အံ့ဩသွားသော အမူအရာ ပေါ်လာသည်။

“မင်း… ဒါ ကျိန်စာပဲ.. မင်းတကယ် ပဲ ဖယောင်းနဂါးရဲ့ကျိန်စာ ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ခဲ့တာလား ဒါက…”

“ငါ ‌ဖယောင်းနဂါးရဲ့ကောင်းချီးကိုရခဲ့ပြီးကတည်းက မင်းပုန်းနေတဲ့အသက်စွမ်းအားကို တွေ့ရှိခဲ့တာ..‌ဖယောင်းနဂါးရဲ့အလောင်းကို ငါထွက်သွားပြီးနောက် မင်းငါ့ရဲ့အပြောအဆိုနဲ့ အပြုအမူတွေကို စောင့်ကြည့်နိုင်ခဲ့ပေမယ့် အဲဒါကို မင်းကိုမြင်ခွင့်ရခဲ့လို့ပဲ၊ “

စုမင်က တတိယလက်ချောင်းကို ကောက်ကိုင်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

လူတူလေးက စကားဆက်ရန် စောင့်ဆိုင်းမနေဘဲ သူ့ဘယ်ဘက်လက်ကို ဝှေ့ယမ်းကာ ချက်ချင်းပင် ပွင့်လင်းမြင်သာသော တောင်ကျောက်တုံးကြီးကို ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားသည်။ ရွှေရောင်အလင်းတန်းဖြင့် ဝန်းရံပြီးသည်နှင့် စုမင်က ၎င်းကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည် ။

အနက်ရောင်လူသား၏ တတိယလက်ချောင်းကို လက်ထဲတွင်ကိုင်ထားပြီး၊ စုမင်က ထိုလူတူလေးကို ဂရုမစိုက်တော့ပေ။ သူက ဆေးဒယ်အိုးဖိုဆီသို့ လျှောက်သွားကာ နတ်မင်းကြိုဆိုဆေး ဖန်တီးရန် နည်းလမ်းအတိုင်း အနက်ရောင် လက်ချောင်းကို အတွင်းသို့ သွင်းလိုက်သည်။ ထို့သို့ထည့်ပြီးသည်နှင့် ဒယ်အိုးဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ဆေးကို စတင်ဖန်တီးရန် လက်ဖဝါးပေါ်တွင် လက်ဖဝါးထပ်လိုက်သည်။ (တရားထိုင်)

‘လုပ်ထုံးလုပ်နည်းအရဆိုရင် နတ်မင်းကြိုဆိုဆေးလုံးကို ပြင်ဆင်ဖို့ ရက်ပေါင်း ၉၉၇ ရက် လိုအပ်တယ်..ကောင်းကင်တရားစီရင်ခြင်း ပေါ်လာမယ့် နှစ်ရက်ရှိတယ်.. ငါ အဲဒီ့အဆင့်တွေကို ကျော်ဖြတ်လိုက်ရင် ဆေးလုံးအတွက် လိုအပ်တဲ့ နေ့ရက်တွေက ၉၉၉ ရက်ပြည့်ပြီး နတ်မင်းကြိုဆိုဆေးလုံးအဖြစ် ပြောင်းလဲသွားလိမ့်မယ်’

စုမင်က သူ့ရှေ့ရှိ ဆေးဒယ်အိုးကို ကြည့်ကာ မျက်လုံးများကို တဖြည်းဖြည်းမှိတ်လိုက်သည်။

နေ့မှန်းညမှန်းမသိဘဲ အချိန်များကုန်ဆုံးသွားလေသည်။ ပင်လယ်ကြမ်းပြင်ရှိ အေးခဲနေသော လောကကြီး၌ ထာဝရတိတ်ဆိတ်မှုများသာ ရှိတော့သည်။ သူ့ကို အနှောက်အယှက် ပေးသည့်အရာ တစ်ခုမှ မရှိပေ။ ကောင်းကင်ရှိ လနှင့် နေကြားမှာလည်း အပြောင်းအလဲ မရှိပေ။ သူ့ပတ်ဝန်းကျင်မှာ အကန့်အသတ်မဲ့သော အမှောင်ထုကြီးသာရှိ၏။

စုမင်က ရံဖန်ရံခါ နိုးလာပြီး မြွေငယ်အား အနက်ရောင် ဆေးရည်များ ကျွေးပြီး ပစ္စည်းအချို့ ယူဆောင်လာပြီးနောက် အမြဲစောင့်ဆိုင်းသော လိပ်ကို ဆုချလေသည်။

စုမင်က ထိုနေရာ၌ အကြာကြီးနေခဲ့ရသည်မှာ အနက်ရောင် ဆေးရည်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လိပ်ကြီးက သူ့အပေါ်ထားသော အမုန်းတရားက အစကတည်းက ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားခဲ့သည်။ အမှန်မှာ ၎င်းက ရံဖန်ရံခါပင် ထိုအနက်ရောင်အရည်ကို ရရှိနိုင်စေရန် မြှောက်ပင့်ဖားယားသည့်အမူအရာမျိုးလုပ်လေ့ရှိသည်။

စုမင်က နှစ်နှစ်လောက် တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့သည်။ ယခင်က ကုန်လွန်ခဲ့သောနှစ်ကို ပေါင်းထည့်လိုက်လျှင် သူက ဤအေးခဲနေသောကမ္ဘာတွင် သုံးနှစ် ကျော်ကြာနေပေလိမ့်မည်။

နတ်မင်းကြိုဆိုဆေးလုံး အပြည့်အဝမဖန်တီးရသေးပေ။

ပြောင်းလဲခြင်းမရှိဘဲ နေ့ရက်များ စွာကုန်ဆုံးသွားသည်။ နတ်မင်း ကြိုဆိုဆေးလုံး၏ ၉၉၈ ရက်၊ သန့်စင်သောနေ့သို့ ဝင်ရောက်သောအခါ၊ ဤနေရာက လောကကြီးနှင့် သီးခြားဖြစ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကောင်းကင်တရားစီရင်ခြင်းက ရောက်ရှိလာခြင်းမရှိပေ။

၉၉၉ ရက်သို့ ရောက်လာသောအခါ စုမင်ရှေ့ရှိ ဆေးဒယ်အိုးမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ များပြားလှသောခပ်အုပ်အုပ်အသံများက အိုးအတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာသည်။

စုမင်က မျက်လုံးဖွင့်လိုက်သည်နှင့် ဆေးဒယ်အိုး၏အဖုံးက လွင့်ထွက်သွားပြီး ထူးဆန်းသောအလင်းတန်းများ ချက်ချင်းထွက်လာသည်။ စုမင်၏ မျက်လုံးများ တောက်ပလာပြီး ဂူ၏ မျက်နှာကျက်အထက် ရေခဲအလွှာဆီသို့ လွင့်သွားသည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ညာလက်ကို ဆန့်ထုတ်ကာ ထူးဆန်းသော အလင်းတန်းများကို ဖမ်းဆုပ်ရန် ဆက်သွားခဲ့သည်။

ထူးဆန်းသော အလင်းတန်းများက ရှောင်ရန်ကြိုးစားသော်လည်း စုမင်က အေးစက်သောစွမ်းအားကို လွှတ်လိုက်ပြီးနောက် ဂူအတွင်း၌ လှိုင်းဂယက်များ ပေါ်လာသည်။ ထိုလှိုင်းလုံးများက ပျံ့နှံ့သွားပြီး လေထုကို အေးခဲသွားပုံရပြီး အလင်းရောင်သည်လည်း ခဏမျှရပ်တန့်သွားပုံရသည်။

ရပ်တန့်သွားသည်နှင့် တပြိုင်နက် စုမင် ၎င်းကို ညာလက်ဖြင့် ဖမ်းလိုက်သည်။ ထိုအလင်းကို သူထိတွေ့လိုက်သောအခါတွင် မှိန်ဖျော့သွားကာ သူ့လက်ထဲတွင် နီညိုရောင် ဆေးလုံးကြီး ပေါ်လာသည်။

ဆေးလုံးပေါ်မှ စုမင်၏ မျက်နှာနှင့် ဆင်တူသည့် လူသားမျက်နှာတစ်ခု ထွက်ပေါ်လာပြီး စုမင်ကို စိုက်ကြည့်နေသည်။

“နတ်မင်းကြိုဆိုဆေးလုံးက ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားရှိတယ်.. အဲ့ဒီဟာက သန်းပေါင်းများစွာရှိတဲ့ပစ္စည်းတွေ အဖြစ် ပြောင်းလဲနိုင်တယ်.. စိတ်ဆန္ဒတွေ ထည့်လို့ရတယ် လောကကြီးထဲက ဝိညာဉ်အားလုံးကို စုပ်ယူနိုင်တယ်.. အဲ့ဒီဝိညာဉ်တွေကို သုံးပြီး တစ်ခုခုဖန်တီးဖို့လည်း သုံးလို့ရတယ်..”

“ဆေးလုံးကို ဝါးစားလိုက်ရင် မင်းစုပ်ယူထားတဲ့ ဝိညာဉ်အဖြစ် ပြောင်းလဲသွားနိုင်တယ်..လေနဲ့ တိမ်တွေကို နောက်ပြန်စီးဆင်းစေပြီး ကောင်းကင်ကိုတောင် လှုပ်သွားစေနိုင်တယ်..”

ဤသည်မှာ နတ်ဘုရားများ ကြိုဆိုခြင်းကို ဖန်တီးသည့်နည်းလမ်းကို ကနဦးရရှိသောအခါ ရရှိခဲ့သော ဆေးလုံး၏ အကျိုးသက်ရောက်မှုများ၏ ဖော်ပြချက်ဖြစ်သည်။

ဖော်ပြချက်၏ အဓိပ္ပါယ်ကို ယခင်က သူ့အတွက် ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ ယခုအခါတွင် ဆေးလုံး၏ အစစ်အမှန်အသုံးပြုမှုကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပြီဖြစ်သည်။ ထိုနတ်မင်းကြိုဆို ဆေးလုံးက နှစ်မျိုးအသုံးပြု၍ရသည်။ ၎င်းကို ခန္ဓာကိုယ်အတွင်းနှင့် အပြင် နှစ်မျိုးစလုံး အသုံးပြုနိုင်သည်။ ၎င်း၏အတွင်းပိုင်းလုပ်ဆောင်ချက်မှာ ၎င်းတွင်အခြေတည်စိတ်ဝိညာဥ်များပါ၀င်ပြီး ကိုယ်ပွားတစ်ခုကဲ့သို့ ပုံစံအမျိုးမျိုးသို့ ပြောင်းလဲသွားနိုင်ခြင်းကြောင့်ဖြစ်သည်။

၎င်း၏ ပြင်ပလုပ်ဆောင်မှုအရ၊ ၎င်းက ဤလောကရှိ ဝိညာဉ်များကို အာရုံခံစားနိုင်ပြီး ၎င်းတို့အား အတင်းစုပ်ယူနိုင်သည်။ စုမင်က ထိုဆေးလုံးကို မျိုချလိုက်ပြီး ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထို့နောက် သူ့အလိုဆန္ဒဖြင့် စိတ်ဝိညာဉ်၏ စွမ်းအားကို ထုတ်လွှတ်နိုင်ပြီး ထိုစွမ်းအားက ဆေးလုံးစုပ်ယူထားသော ဝိညာဉ်အပေါ်တွင်မူတည်သည်။

အကယ်၍ ဖယောင်းတိုင်နဂါး၏ အကြွင်းအကျန်များကို စုပ်ယူနိုင်ခဲ့ပါက… စုမင်က သူဖန်တီးခဲ့သော နတ်မင်းကြိုဆိုဆေးလုံး တစ်ခုတည်းကို ဆုပ်ကိုင်ထားပြီး တဖျပ်ဖျပ်လင်းလက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

‘စုပ်ယူထားတဲ့ ဝိညာဉ်တွေအပေါ်အခြေခံတဲ့ အသွင်ကူးပြောင်းမှုလား...’

စုမင်က သူ့အတွေးထဲသို့ နစ်မြော သွားသည်နှင့်အမျှ သူ့မျက်လုံးထဲတွင် တောက်ပမှုတစ်ခု ပေါ်လာသည်။ နတ်မင်းကြိုဆိုဆေးလုံးဆီသို့ သူ့ကိုယ်မှ အခြေတည်စိတ်ဝိညာဉ်က တစ်ဟုန်ထိုးထွက်ပေါ်လာသည်။ ချက်ချင်းပင် စုမင်လက်ထဲရှိ ဆေးလုံးနှင့်ပေါင်းစပ်ရောနှောသွားသည်။

ထိုစိတ်ဝိညာဉ်က စုမင်ငယ်စဉ်ဘဝက ဖြစ်သည်။

‘စွမ်းအားကြီးတဲ့ ဝိညာဉ်တွေက ဝိညာဉ်အကြွင်းအကျန်တွေကို ရှာဖွေရန် လိုအပ်နေသေးတယ်..ဖယောင်းနဂါးကိုတွေ့တုန်းက ဒီဆေးမသောက်ရတာ နှ‌မြောစရာပဲ၊ ဒါမှမဟုတ်ရင်ဖယောင်းနဂါးရဲ့ဝိညာဉ်ကို ဆေးပြားထဲမှာ ထည့်ထားပြီး မျိုချလိုက်မယ်..ပြီးရင် သူ့ရဲ့အကျိုးသက်ရောက်မှုတွေအရဆို ရင် ဖယောင်းနဂါးအဖြစ်ပြောင်းလဲသွားမယ်... ‘

စုမင်၏ မျက်လုံးများက တောက်ပနေပြီး သူ့နှလုံးသားသည် မြင်းတစ် ကောင်ကဲ့သို့ဒုန်းစိုင်းနေလေသည် ။

‘ဒါပေမယ့် ဒီဆေးလုံးရဲ့အသုံးဝင်မှုကို ပုံကြီးချဲ့ထားတာ ဖြစ်နိုင်တယ်...’

စုမင်က သူ့အတိတ်ကို ပြန်လွမ်းဆွေးပြီးနောက် တစ်ချက်ကြည့်လိုက်သည်။ ချက်ချင်းပင် ထိုဝိညာ်ကောင်လေးတစ်ဝိုက်တွင် လင်းလက်လာသည်။ သူ၏ အခြေတည်စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်သို့ ပြန်သွားပြီး မှိန်ဖျော့သော အလင်းတန်းများ ပေါင်းစည်းလိုက်သည်နှင့် တစ်ဖန် ဆေးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ စုမင်က ၎င်းကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ရေခဲလွှာအပြင်ဘက် အမှောင်ထုကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

‘‘လေးနှစ်နီးပါးရှိတော့မယ်.. ဒီကာလအတွင်း ငါ့ရဲ့ခန္ဓာကိုယ်က မာန်အရိုးတွေက အရေအတွက်များလာတယ်.. ငါ့အရိုးတွေရဲ့ ခုနစ်ပုံလောက်က မာန်အရိုးတွေအဖြစ်ပြောင်းလဲသွားပြီ...”

‘ငါထွက်ခွာရမယ့်အချိန်ရောက်ပြီ...တောင်ပိုင်းအရုဏ်ဦးနယ်မြေနဲ့အရှေ့မြေရိုင်းနယ်မြေရဲ့ကပ်ဆိုးကြီးက ပြီးဆုံးလောက်ပြီ...’

ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးက စုမင်၏ ခေါင်းထဲတွင် ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ ပြန်ဖွင့်သောအခါတွင် လေးနှစ်နီးပါးနေထိုင်ခဲ့သည့် ဂူနေရာကို စတင်ရှင်းလင်းခဲ့သည်။ သူက ဆေးဒယ်အိုးများနှင့် အဆိပ်အလောင်းအပြင် ကြယ်တာယာနတ်သမီးနှင့် အဟူ၏ဝိညာဉ်များပြန်သိမ်းခဲ့သည်။ မြွေငယ်လေးကတော့ သူ့ပခုံးတစ်ဖက်တွင် နေရာယူလျှက်ရှိနေလေသည်။

စုမင်က ဂူပေါက်ဝသို့ရောက်ပြီး ရေခဲတောင်ကိုလှမ်းကြည့်လိုက်သည်။ သူ ထွက်ခွာခါနီးတွင် ရေခဲလွှာ၏ အပြင်ဘက်ဆီမှ ခပ်အုပ်အုပ် အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

စုမင် ခေါင်းကို လှည့်ကြည့်လိုက်သော် သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာလေသည်။ လိပ်ကြကအနက်ရောင်ပင်လယ်ရေမှ သူ့ဆီသို့ အပြေးအလွှား ပြေးလာခဲ့သည်။ သူ့ပါးစပ်ထဲမှာ ဧရာမ အရာဝတ္ထုတစ်ခု ပါလာခဲ့သည်။ ထိုအရာက ပေရာနှင့်ချီ အရွယ်အစားရှိပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထိုအရာအား ရေခဲအလွှာထဲသို့ ယူဆောင်သွားစဉ် စုမင်ကို မြင်လိုက်ရသည်။ လိပ်ကြီး၏ မေးရိုးများကို ချက်ချင်း လျော့ချလိုက်ကာ စုမင်ကို အားတက်သရော မျှော်လင့်သော မျက်လုံးများဖြင့်ကြည့်နေလေသည်။ ၎င်းက ဆွဲယူထားသော အရာအား စုမင်ဆီပို့ဆောင်ရန် လက်သည်းများကိုပင် အသုံးပြုခဲ့သည်။

စုမင်က လိပ်ကိုကြည့်ကာ ပြုံးကာ လိုက်သည်။ သူ၏ညာလက်ကို ရေခဲအလွှာနှင့် ဖိထားပြီး လေထဲတွင် တဟုန်ထိုးမြည်နေသည့် အသံများကြားသောအခါ လိပ်ကြီးက မျက်တောင်ခတ်သွားသည်။ လေးနှစ်ကြာအောင် အေးခဲနေသော ရေခဲအလွှာက ကွဲအက်သွားကာ စုမင် ထွက်လာခဲ့သည်။

လိပ်ကြီးက ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အပြုအမူကို မဖော်ပြခဲ့ပေ။ ယင်းအစား ၎င်း၏မျက်နှာက ပို၍ မျှော်လင့်‌ စောင့်စား‌ နေပုံပေါ်သည်။ စုမင်ဆီသို့ ချဉ်းကပ်ရန် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည် ။

စုမင်က မရှောင်လွှဲဘဲ လိပ်ကို ပိုနီးကပ်အောင် ခွင့်ပေးလိုက်သည် ။ သူ ထိုလိပ်ကြီးကို ကြည့်လိုက်ရင်း ပြုံးနေမိသည် ။ လိပ်ကြီးဆွဲလာ သောအရာကို မကြည့်ဘဲ အနက်ရောင်အရည်ပါရှိသော ပုလင်းငယ်လေးကို ထုတ်ပြီး ထိုပုလင်းထဲက ဆေးရည်ရှစ်စက်ကို လောင်းထည့်လိုက်သည်။

“ငါ မင်းကို ရှစ်စက်ပေးမယ်.. ငါ့မှာ အများကြီး မကျန်တော့ဘူး..ငါ့မြွေအတွက် နည်းနည်းတော့ ထားရသေးတယ်...ငါ ဒီနေ့ ထွက်သွားတော့မယ်..”

စုမင်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး လိပ်ခေါင်းကို ပုတ်လိုက်သည်။ ထိုလိပ်ကြီးက အနည်းငယ် နောက်ပြန်ဆုတ်သွားသော်လည်း အနက်ရောင်အရည် ရှစ်စက်ကို တစ်ချက်ကြည့်လိုက်သောအခါ စုမင် ခေါင်းပုတ်တာကို ခွင့်ပြုလိုက်လေသည်။

“ငါ အခု ထွက်သွားတော့မယ်..”

စုမင်က လိပ်ကိုတစ်ချက်ကြည့်ပြီး‌နောက် အကြည့်လွှဲလိုက်သည်။ သူထွက်ခါနီးတွင် လိပ်ကြီးက လျှာကို လှောင်ပြောင်သလို ထုတ်ကာ မြွေငယ်လေးကို စ‌နောက်နေလေသည်။မြွေငယ်လေး၏ မနာလိုသောအကြည့်အောက်တွင် ထိုအနက်ရောင်ဆေးရည် ရှစ်စက်လုံးကို ပါးစပ်ထဲသို့ မျိုချလိုက်သည်။ ၎င်းမျက်နှာတွင် မူးဝေနေသည့် အကြည့်တစ်ခု ပေါ်လာသည်။ စုမင်က ထွက်သွားသည်ကိုမြင်သောအခါ၊၎င်း၏လက်သည်းကို လျင်မြန်စွာအသုံးပြုကာ ထိုအကျိုးအပဲ့ကို တရွတ်တိုက်ဆွဲလာခဲ့သည်။

စုမင်က သူ့အလိုလို မျက်လုံးရောက်သွားသည် ။ ၎င်းက ကျိုးပဲ့နေသော အရာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ကွဲအက်သွားသော နန်းတော်၏ဆိုင်းဘုတ်ပြား ကျန်အစိတ်အပိုင်းဟု ထင်ရသည် ။ ကပ်နေသော ရေခဲများက ထိုကမ္မည်းတိုင်၏ မျက်နှာပြင်မှ ကွာချသွားကာ မှိန်ဖျော့သွားသော စကားလုံးအချို့ ပေါ်လာသည်။

စုမင်က ငုတ်တုတ်ထိုင်ကာ ကျိုးနေသော ကျောက်ပြားပေါ်ရှိ ရေခဲများကို သုတ်လိုက်ပြီး ထိုပေါ်ရှိ ရေးထားသော စကားလုံးများ မှိန်ဖျော့ဖျော့လေး ဖြစ်နေသည်။ ထိုစကားများကို သူမြင်လိုက်သည်နှင့် တပြိုင်နက် တုန်လှုပ်သွားပြီး ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် မင်သက်မိ‌နေသောအကြည့်တစ်ခု ပေါ်လာသည်။

“မဟာယွီကောင်းကင်နန်းတော်ကြီး…”

ထိုစကားလုံးလေးလုံးကို ထိုကျိုးပဲ့နေသောဆိုင်းဘုတ်ပေါ်၌ ရေးထွင်းထားလေသည်။

All Chapters