ပလ္လင်တစ်ခုပေါ်ရှိလူအိုကြီး
Vol. 37 Ch. 514
“မဟာယွီကောင်းကင်နန်းတော်ကြီး”
ထိုစကားလုံးများအတွက် ရှေးဆန်သော ခံစားချက်တစ်ခုရှိခဲ့ပြီး ၎င်းတို့ကို မြင်သူတိုင်းက ခေတ်၏ ဆုတ်ယုတ်မှုကို အတိုင်းသားခံစားသိမြင်ရမည်။
စုမင်က အကြာကြီး အံ့အားသင့်သွားကာ ထိုနေရာတွင် ဝပ်နေလိုက်သည်။
‘မဟာယွီ...’
ထိုစကားလုံးနှစ်လုံးက မာန်ဝိညာဉ်ကျင့်ကြံသူတိုင်းအတွက် လုံးဝ အရေးကြီးသည်၊ အဘယ်ကြောင့်ဆိုသော် မဟာယွီပြည်ထောင်က မာန်မျိုးနွယ်စု၏သန့်ရှင်းသောမြေနှင့်အဓိကအူတိုင်ဖြစ်သောကြောင့်ပင်။ ထိုပြည်ထောင်ကို မာန်မျိုးနွယ်စုတို့၏ပထမနတ်ဘုရားက ကဖန်တီးခဲ့ပြီး ကျင့်ကြံသူအားလုံးအတွက်သင်္ကေတဖြစ်သည်။
အထူးသဖြင့် တိုက်ကြီးများကို ခွဲထုတ်ပြီးနောက် ပြည်ထောင်မှာ ထိုသို့ဖြစ်ခဲ့ရသည်။ မရဏပင်လယ်က အခြားသော တိုက်ကြီးများနှင့် ယွီပြည်ထောင်ကြား ကြားခံတစ်ခုဖြစ်လာပြီး တိုက်ကြီးများနှင့် အဆက်အသွယ်ပြတ်သွားစေသည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ မဟာယွီပြည်ထောင်က မျိုးနွယ်စုများအတွက် ဒဏ္ဍာရီအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
စုမင်က မဟာယွီပြည်ထောင်နှင့်ပတ်သက်သည့် အသိပညာများ တဖြည်းဖြည်း တိုးပွားလာသည်။ သူက ရိုးရေးစတေးနယ်ပယ်သို့ ရောက်ရှိလာသည်။ သူ့အတွေ့အကြုံများ တိုးပွားလာသည်နှင့်အမျှ သူ့စိတ်ထဲမှာ ပိုလေးနက်သော ခံစားချက်များ ချန်ထားခဲ့သည်။
မဟာယွီပြည်ထောင်မှာ ဒဏ္ဍာရီတစ်ခုဟု ကောလဟာလများထွက်ပေါ်လာသည်။ မာန်နတ်ဘုရားရုပ်တုကြီးသုံးခု တည်ရှိခြင်းကြောင့်သာ ထိုကောလာဟလများကို အမှန်ဟု ယူဆခဲ့ကြသည်။မာန်ဝိညာဉ်ကျင့်ကြံသူများအတွက် မဟာယွီပြည်ထောင်က ၎င်းတို့၏နှလုံးသားအတွင်း၌ နက်ရှိုင်းစွာတည်ရှိဆဲဖြစ်သည်။ ၎င်းက အခြားတိုက်ကြီးလေးခုကြားတွင် မာန်မျိုးနွယ်စုများ၏အလယ်တွင် တည်ရှိသည်။ ၎င်းက မာန်မျိုးနွယ်စု များကိုအမြဲတမ်းကာကွယ်ခဲ့ပြီး စတုတ္ထမာန်နတ်ဘုရားရှင်ရောက်ရှိလာခြင်းကိုစောင့်ဆိုင်းနေလေသည်။
စုမင်က ကျိုးပဲ့နေသော နန်းတော်ဆိုင်းဘုတ်အား သေချာစိုက်ကြည့်နေပြီး အချိန်အတော်ကြာသွားသည့်တိုင် အကြည့်မလွှဲနိုင်ပေ။ အမွှေးတစ်တိုင်မီးစာလောင်ချိန်စေ့သောအခါ စုမင်က ခေါင်းကို မော့ကာ သဘောကျနေသော လိပ်ကို ကြည့်လိုက်သည်။
“ဒါကို ဘယ်ကရလာတာလဲ”
စုမင်က သူ့ရင်ထဲမှာ ရောထွေးနေသော ခံစားချက်များစွာဖြင့် မေးလိုက်သည်။
လိပ်ကြီးသည် ၎င်း၏ဦးခေါင်းကြီးကို တစ်ဖက်သို့ ယမ်းလိုက်ပြီး သူ့ကိုယ်သူ ပို၍ပင် သဘောကျလာသည်။
“ငါ့ကို ခေါ်သွားပေး…”
စုမင်က တည်ငြိမ်စွာ တောင်းဆိုလိုက်သည်။
လိပ်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး နောက် လမ်းညွှန်ပေးလေသည်။ စုမင်က မဆိုင်းမတွဘဲ လိပ်ကြီး၏နောက်သို့သွားကာ ကျောပေါ်တွင်ရပ်လိုက်သောအခါ လိပ်က ခေါင်းကိုမော့ကာ အဝေးသို့အရှိန်ဖြင့် မသွားမီ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးနေခဲ့သည်။ စုမင်က ရှေ့ အဝေးကြီး မမြင်နိုင်ပေ။ ပင်လယ်ရေပြင်က သူ့အား နေရာပေါင်းစုံမှ ဝိုင်းရံထားပြီး ယခင်က သူ မခံနိုင် ဖိအားရှိခဲ့သော်လည်း ယခုမူခံနိုင်ရည်ရှိနေပြီဖြစ်သည်။
သူက ဤအေးခဲနေသော ရေခဲမြို့တော်တွင် နှစ်ပေါင်းများစွာ နေခဲ့သည်။ အတိတ်က စုမင်မှာ အခြားနေရာကို အရဲစွန့်၍ မစူးစမ်းချင်ခဲ့ပေ။ယခု နေရာတွင် သူ့နတ်ဘုရားအာရုံကို အဝေးသို့ မဖြန့်ကျက်နိုင်ခဲ့ပေ။ဤနေရာ၌ နတ်ဘုရားအာရုံကိုငြင်းဆန်နေသော ရိုးရှင်းသော တစ်စုံတစ်ခုသော အရာတစ်ခု ရှိနေပြီး သူ့အာရုံကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ရန် ခက်ခဲစေသည်။ ထို့အပြင် စုမင်က သူ၏ အချိန်အများစုကို ကျင့်ကြံ နေခဲ့ပြီး လိပ်သည်လည်း အပြင်တွင် ကျန်ရစ်ခဲ့သည်။ ထိုကြောင့် သူက မည်သည့်နေရာကိုမျှမလေ့လာဘဲ အပြင်မထွက်ဖြစ်ခဲ့ပေ။
သူက မရဏပင်လယ်တွင်ရှိသည်ဟုသာ မှတ်ထားသော်လည်း သူ့အထက်ပင်လယ်က မည်သည့်နေရာတွင်ရှိသည်ကို မသိခဲ့ပေ။
ထိုအချိန်တွင် လိပ်က ရှေ့သို့ ရွေ့သွားသောအခါ စုမင်က လေးနှစ်ကြာ တည်းခိုနေထိုင်ခဲ့သည့် လိုဏ်ဂူမှ ထွက်ခွာသွားပြီး အဝေးဆီသို့ ကူးခတ်သွားခဲ့သည်။
သူ၏နတ်ဘုရားအာရုံကို အပြင်သို့ ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။ အဝေးကို မဖြန့်ကျက်နိုင်သေးသော်လည်း သူ့ပတ်ဝန်းကျင်က သေးငယ်တဲ့ နေရာကို လွှမ်းခြုံနိုင်ခဲ့သည်။ လိပ်ကြီးနှင့်အတူ ရှေ့သို့ တိုးလာရင်း သူ့လိုဏ်ဂူကြီး နောက်၌ ကျန်နေခဲ့သည်ကို မြင်လိုက်ရသည်... ထိုဂူက တောင်ကြီးတစ်ခု၌ တည်ရှိခဲ့သည်။
သူ၏ဂူက ထိုတောင်ထိပ်တွင် တည်ရှိခဲ့သည်။
အရှေ့သို့ဆက်သွားသော် စုမင်က ကြီးမားသော နန်းတော်ကြီးကို မြင်လိုက်ရသည်။ ထိုနန်းတော်က ရေခဲဖုံးလွှမ်းသွားပြီး ထောင့်စွန်းလေးမျှသာ ရေထဲတွင် ရှိနေလေသည်... လိပ်ကြီးက ရှေ့သို့ ဆက်လက်ရွေ့လျားလာသောအခါတွင်၊ စုမင်၏မျှော်မှန်းချက်များက သူ့နှလုံးသားကို တုန်လှုပ်သွားစေသကဲ့သို့ ခံစားလိုက်ရသည်။
တဖြည်းဖြည်းနှင့် သူ့ရှေ့တွင်ရှိသော နန်းတော်များအပြင် အေးခဲနေသော ထူးဆန်းသောအဝတ်အစားများ ဝတ်ဆင်ထားသည့် လူများ၊ ကြီးမားသော သားရဲကြီးများ၊ မြွေပုံသဏ္ဍာန် ကြီးမားသော အကောင်ကြီးများနှင့် မရေမတွက်နိုင်သော လူပေါင်းများစွာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို တွေ့ရသည်...။
ထိုလူအားလုံးက ရေခဲ၏ အစိတ်အပိုင်းဖြစ်သွားပြီး သူတို့အားလုံး အသက်ရှင်နေသေးသကဲ့သို့ပင်… အမှန်တော့ လိပ်က ရှေ့ကိုဆက်ပြီး တစ်ဟုန်ထိုးသွားနေချိန်၌ စုမင်က ဆံဖြူဦးခေါင်းနှင့်အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မယုံနိုင်လောက်အောင် အားကြီးပြီး သူရဲကောင်းဆန်သည်။ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် လုံးဝိုင်းသောပန်းကန်တစ်ခု ရှိနေသည်။ သူ့ခြေထောက်အောက်၌ ကြီးမားသော အနက်ရောင်လိပ်ကြီး တစ်ကောင်ရှိသည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးက ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲခဲ့ကြပြီး မြေပြင်ပေါ်ရှိ ရေခဲတိုင်များနှင့် စပ်ဆက်နေလေသည်။
ထို့နောက် ဧကရာဇ်ဝတ်လုံကိုဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရှိခဲ့သည်။မာန်အမှတ်အသားနှင့်တူသော ထိုအမျိုးသား၏မျက်နှာပေါ်တွင် ရုပ်ပုံတစ်ပုံရှိပြီး သူ၏အမူအရာမှာ ဝမ်းနည်းမှုတစ်ခုဖြစ်သည်။ သူ၏ညာလက်တွင် သူက အလံတစ်ခုကို ကိုင်ထားပြီး ၎င်းကို လွှင့်ပစ်တော့မည်ဟု ထင်ရသော်လည်း အေးခဲနေသောမြေ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရေခဲရုပ်တုတစ်ခုလည်း ဖြစ်လာခဲ့သည်။
သူတို့ကြားတွင် အေးခဲနေသော နှင်းပွင့်များ... နှင်းများကျနေသကဲ့သို့ ဤမြေနှင့် အရာအားလုံးက ရေခဲထဲတွင် ဖုံးလွှမ်းသွားသည်။ လေပြင်းများတိုက်ခတ်လျှက်ရှိပြီး အရာအားလုံးက ရေခဲတမျှဖြစ်နေလေသည်။
တစ်ချိန်ချိန်တွင် စုမင်က ကုန်းမြေပေါ်သို့ ရောက်ရှိကာ တဖွဲဖွဲကျနေသည့် နှင်းများကြားတွင် ပျော်ရွှင်စာရှိနေမည်ဟု စိတ်ကူးကြည့်မိသည်။
စုမင်က ထိုမြင်ကွင်ကို သူ့နတ်ဘုရားအာရုံဖြင့် မြင်လိုက်ရပြီး စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။ လိပ်က ရှေ့သို့ ကူးခတ်လာသည်နှင့်အမျှ နေရာကို တဖြည်းဖြည်း ပို၍မြင်ကွင်းကျယ်လာသည်။ အပြည့်နေရာယူထားသော ခန်းမကြီးများနှင့် ရဲတိုက်များက များပြားလှသဖြင့် အဆုံးကို မမြင်နိုင်ပေ။ သူတို့ပတ်ဝန်းကျင်မှာ အတိုင်းအဆမရှိ များပြားသော အိမ်များအပြင် ခန်းမများ လည်းရှိကြပြီး တစ်ခုချင်းစီက အလွန် ရှေးကျပြီး ခမ်းနားထည်ဝါနေလေသည်။...
ထို့နောက် စုမင်က ထူးဆန်း
သောအဝတ်အစားများဝတ်ဆင်ထားသည့်လူများက အရူးအမူးတိုက်ခိုက်နေသော်လည်း အေးခဲလျှက်ရှိနေလေသည်။
စုမင်က ထိုဝတ်စားဆင်ယင်ပုံနှင့် မရင်းနှီးပေ။ ထိုအဝတ်အစားကို ဝတ်ဆင်ထားသော ကြယ်တာယာနတ်သမီးကိုလည်း သူမြင်ဖူးသည်။ ထိုအဝတ်အစားများဝတ်ဆင်ထားသော ရှာမန်ပြည်ရှိမသေမျိုးများကို မြင်ဖူးခဲ့သည်။ ယခင်က သူတို့ထဲရှိ တိထျန်းကို မြင်ဖူးသည်။
ထိုအရာက မြို့တစ်မြို့ပင်ဖြစ်သည်။
ပိုတိကျအောင်ပြောရလျှင်...
“မဟာယွီဧကရာဇ်မြို့တော်…”
စုမင်က တိုးတိုးလေးပြောလိုက်သည်။
လိပ်၏နောက်ဘက်တွင် ရပ်နေစဉ် ကြီးမားသော နန်းတော်တစ်ခုကို သူမြင်လိုက်ရသည်။ ထိုနန်းတော်နေရာအားလုံးတွင် အကြီးဆုံးဖြစ်သည်။ သို့သော် ကျိုးပဲ့ စုတ်ပြတ်နေလေပြီ။ အမှန်တကယ်တော့ နန်းတော်ဆိုင်းဘုတ်များ ချိတ်ဆွဲရမည့်နေရာလည်း ပြိုကျသွားသည်။
သူတို့ ကျော်ဖြတ်သွားကြသည်… လိပ်က ထိုနေရာနှင့်အကျွမ်းတဝင်ဖြစ်နေသည်မှာထင်ရှား၏။ မရဏပင်လယ်အောက်တွင် နစ်မြုပ်နေခဲ့သော စုမင်က ရေခဲမြို့တော်၏အလယ်သို့ကူးခတ်သွားရာ တောင်တစ်လုံးကို မြင်လိုက်ရသည်။
ပို၍တိကျစွာပြောရလျှင် ၎င်းက ယဇ်ပလ္လင်တစ်ခုဖြစ်သည်။
၎င်းက ခြောက်ထောင့်ပုံသဏ္ဍာန်ရှိပြီး လုံးဝအနက်ရောင်ဖြစ်သည်။ ရေခဲမြို့တော်ထဲ၌ မားမားမတ်မတ်ရှိနေပြီး ယဇ်ပလ္လင်အောက်တွင် လူပေါင်း တစ်သိန်းကျော်ကို ကိုးကွယ်နေလေသည်။ ယဇ်ပလ္လင်ထိပ်တွင် တင်ပျဉ်ခွေထိုင်နေသော အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
အဘိုးအိုသည် ခရမ်းရောင်ဝတ်ရုံကို ၀တ်ထားပြီး ယဇ်ပလ္လင်နှင့်အတူ အေးခဲသွားသည်။
စုမင်က ထိုမြင်ကွင်းကို သေချာ စိုက်ကြည့်နေလေသည်။ သူ့အောက်ရှိ လိပ်ကြီးက ရှေ့ကိုတိုးလာကာ ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ယဇ်ပလ္လင်ဆီသို့ ခေါ်သွား လေသည်။ ၎င်းက ယဇ်ပလ္လင်နားသို့ကူးခတ်သွားကာ ခရမ်းရောင် ၀တ်စုံဝတ်ထားသော အဖိုးအိုကို တွေ့လိုက်ရသည်။
အဘိုးအို၏ မျက်နှာက အရေးအကြောင်းများနှင့် အညိုကွက်များ နှင် ပြည့်နှက်နေလေသည်။ သူ့မျက်လုံးများကို ဖွင့်ထားသော်လည်း မျက်လုံးထဲက အသက်မဝင်ပေ။
အဘိုးအိုက ကောင်းကင်ကို ငေးကြည့်နေသကဲ့သို့ ခေါင်းကို မော့ထားသော်လည်း စုမင်က လှမ်းကြည့်လိုက်သည်။ထိုစဉ် သူ့ခေါင်းထဲမှာ ပေါက်ကွဲသံတစ်ခု ထွက်
ပေါ်လာသည်။ ယဇ်ပလ္လင်ပေါ်ရှိ အဖိုးအိုက သူ့ကိုစိုက်ကြည့်နေသော ခံစားချက်က သူ့ရင်ထဲမှာ ပေါ်လာလေသည်။
ထိုအကြည့်က အချိန်ကာလကိုဖြတ်သန်းလာပုံရပြီး မည်မျှကြာကြာတည်ရှိခဲ့သည်ကို မည်သူမျှမသိနိုင်ပေ။ အဘိုးအိုက မသေခင်မှာ တစ်ခုခုကို မြင်ခဲ့ရသကဲ့သို့ပင်..။ ထိုအချိန်တွင် ဖြစ်ပျက်နေသည့်အရာများကို သူမြင်ခဲ့ရသည်။
စုမင်၏စိတ်ထဲတွင် အဆုံးမရှိသော ခံစားချက်တစ်ခုပေါ်လာသည်။စုမင်၏ စိတ်များ တုန်လှုပ်သွားသောအခါ၊ ထိုရေခဲမြို့တော်၌ ဖော်မပြနိုင်သော ထူးဆန်းသည့်လေထုတစ်ခု ရှိနေသကဲ့သို့ ခံစားလာရသည်။
ထိုအချိန်မှာပင် ရေခဲမြို့တော်မှ ခပ်အုပ်အုပ်ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုဟောက်သံက ရောထွေးနေပြီး အဆုံးမရှိသော ရေခဲအလွှာများအောက်မှ ဆင်းသက်လာပုံရသည်။ ရေခဲပြင်ကို တုန်လှုပ်စေပြီး အလွန်ဝေးသောအရပ်ကနေ ပဲ့တင်ထပ်လာလေသည်။
ထိုအသံထွက်ပေါ်လာသောအခါ စုမင်၏ ခန္ဓာကိုယ်အောက်ရှိ လိပ်ကလေးက နာကျင်စွာ အော်ဟစ်လိုက်သည်။ စုမင် ထိတ်လန့်သွားချိန်တွင် သူ့အမြင်အာရုံများ မှုန်ဝါးကာ ပါးစပ်မှ သွေးတစ်လုတ်ကြီးအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ကျင့်ကြံအဆင့်များက လျော့ကျလုနီးပါးတောင်ဖြစ်သွားသည်။
ဟိန်းဟောက်သံတစ်ခုမျှသာဖြစ်ပြီး ၎င်းက ရေထဲသို့မရောက်ရှိမီ အဆုံးမရှိသောရေခဲအလွှာများကိုပင် ဖြတ်သန်းခဲ့ရသော်လည်း ထိုထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။စုမင်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အောက်က လိပ်ကြီးက ကြောက်လန့်တကြား အရှိန်နှင့် ပြေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာနှင့် ဝေးကွာနေပြီဖြစ်သည်။
လိပ်ကြီး ထွက်ပြေးသွားသည်နှင့်အမျှ ယဇ်ပလ္လင်က တဖြည်းဖြည်း တိမ်မြုပ်သွားပြီး ဟောက်သံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။စုမင် နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်သည်။ သူ့ရင်ထဲမှာ ကြောက်ရွံ့မှုများနှင့်အတူ ရေခဲမြို့တော်က အေးခဲနေသောမသေမျိုးများကို တွေ့လိုက်ရသည်။လူအရေအတွက်ကို စိတ်တွက်ဖြင့်တောင် ခန့်မှန်း၍မရခဲ့ချေ။
စုမင်က တိတ်တိတ်ဆိတ်ဆိတ်နေပြီး လိပ်ကြီး ခေါ်ရာနောက်သို့လိုက်လာခဲ့သည်။ နောက်ဆုံးတွင် သူတို့က ရေခဲမြို့တော်မှ ထွက်ခွာခဲ့ကြပြီး ပင်လယ်အောက်ခြေရှိ မြေပြန့်တစ်နေရာသို့ ရောက်သောအခါ လိပ်ကြီးက သူ့အလိုလို ဟောက်သံအနည်းငယ်ထွက်လာသည်။
စုမင်က ခေါင်းငုံ့ကြည့်လိုက်သော် နန်းတော်အပျက်အစီးများ၊ တစ်ပြည်လုံးရှိ အမှိုက်သရိုက်များကို တွေ့လိုက်ရသည်။ အထက်သို့ လွင့်မျောနေသော အပျက်အစီးအချို့ပင် ရှိခဲ့သည်။
အလားတူ လိပ်က စက်ဝိုင်းပုံစံပတ်ပြီး ကူးခတ်နေလေသည်။ အပေါ်ကနေ လွင့်မျောနေသောအပျက်အစီးများကို တွေ့နိုင်သည်။ သိသိသာသာတုန်လှုပ်ခြင်း သို့မဟုတ် မတော်တဆမှုတစ်ခုကြောင့် နန်းတော်ရှိ နံရံများ လှုပ်ခါသွားကာ ဖြစ်စဉ်တွင် အမှိုက်များ ပြန်ကျဲ့ခဲ့သည်မှာ ထင်ရှားသည်။
တစ်ဖန် အမှိုက်များက မနစ်မြုပ်မီ ရေပြင်ပေါ်သို့ မျောပါသွားသည်...
စုမင်က ထိုအပြောင်းအလဲမက မရဏပင်လယ်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သော အရှေ့မြေရိုင်းနယ်မြေနှင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေတို့ကြား ပဋိပက္ခကြောင့်ဟု မှန်းဆနိုင်သည်။
ဝမ်းနည်းပူဆွေးမှုနှင့်ဖော်ပြ၍မရသောစိတ်ခံစားချက်များခံစားရသော စုမင်က လိပ်ကို ဂူထဲသို့ပြန်ခေါ်လာခိုင်းသည်။ ဟိန်းဟောက်သံကို ကြောက်ရွံ့သောကြောင့် လိပ်ကြီးက မြို့ကိုရှောင်ရန် စက်ဝိုင်းကြီးထဲတွင် ကူးခတ်သွားသည်။ စုမင်က လိပ်၏ကျောပြင်ပေါ်တွင် ရပ်နေချိန်တွင် ယဇ်ပလ္လင်အပြင် အကွာအဝေးမှ ခရမ်းရောင် ၀တ်စုံဝတ်ထားသော အဘိုးအိုတစ်ဦး ထိုင်နေသည့် နေရာကို သူမြင်လိုက်ရသည်။
“ ‘မသေမျိုးတွေ “
“အစုလိုက်အပြုံလိုက်ကျူးကျော်မှု”
ထိုနေရာတွင် သူဘာကိုမြင်ခဲ့ရသနည်း။
စုမင်က ယဇ်ပလ္လင်ပေါ်ရှိ အဘိုးအိုအား အကြာကြီးကြည့်ကာ နောက်ဆုံးတွင် အမှောင်ထုကိုသာမြင်ရသည်အထိ ခရီးရောက်သွားခဲ့သည်။
လိပ်ကြီးက စုမင်ကို သူ့လိုဏ်ဂူရှိရာ တောင်ပေါ်သို့ ပြန်ခေါ်လာခဲ့သည်။
သူက လိပ်၏နောက်ကျောမှ ဆင်းကာ ဂူဆီသို့ ဦးတည်နေသော ရေခဲတောင်ဘေးတွင် ရပ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ့ရင်ထဲက ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကို ငြိမ်သက်အောင်လုပ်ရန် ခက်ခဲနေဆဲပင်ဖြစ်သည်။ ထို့နောက် သူက ခဏမျှ မျက်လုံးမှိတ်လိုက်သည်။ မျက်လုံး ပြန်ဖွင့်လိုက်သောအခါတွင် တည်ငြိမ်မှုများကို ပြန်လည်ရောက်ရှိလာခဲ့သည်။
“မင်း ငါနဲ့ အတူထွက်သွားချင်လား”
စုမင်က လိပ်၏ခေါင်းကြီးကို ပွတ်သပ်ရင်း တိုးတိုးလေး မေးသည် ။
လိပ်က ခေါင်းယမ်းမပြခင် ခဏမျှ တုံ့ဆိုင်းသွားသည်။ စုမင်က လိပ်၏အဖြေကိုသိရသောအခါ ဆွဲဆောင်ရန်မကြိုးစားခဲ့ပေ။ ထို့နောက် သူက ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ရေခဲတောင်ဆီသို့ လျှောက်သွားသည်။ သူ့လက်ရှိအခြေအနေဖြင့် ထိုနေရာကိုထပ်မံ မစူးစမိးနိုင်ပေ။ ထိုနန်းတော်ကြီးကို မရဏ ပင်လယ်၏ နက်နဲသောနေရာတွင် နစ်မြုပ်စေခဲ့သော အကြောင်းရင်းကို သူ ရှာမတွေ့ခဲ့ပေ။ အဘယ်ကြောင့် နန်းတော်များ၊ လူများ၊ အရာအားလုံး အေးခဲသွားရသည့် အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။
တစ်ချိန်ချိန်တွင် စုမင်အပြည့်အဝနားလည်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ၏စွမ်းအားက အားကောင်းနေသော်လည်း မလုံလောက်သေးပါ။
ဤနေရာရှိ လျှို့ဝှက်ဆန်းကြယ်မှုများ၊ ဤမြေ၌ ထူးခြားမှုများနှင့်စုမင် သတိပြုမိခဲ့သော လိပ်ကြီးရှောင်ကွင်းရာ နေရာတို့က လျှို့ဝှက်ချက်တစ်ခုခုကို ရည်ညွှန်းနေလေသည်။
စုမင်၏ရင်ထဲအသည်းထိလှိုဏ်အောင် ထိတ်လန့်သွားစေသော ဟောက်သံကြောင့် လျှို့ဝှက်ဆန်းကြယ်မှုများ ပို၍ရှိနေပုံပေါ်သည်။
ထိုအတွေးများဖြင့် စုမင်က ရေခဲတောင်ထဲရှိ တည်နေရာ ရွေ့ပြောင်းတံခါးဆီသို့ တည့်တည့်လျှောက်သွားသည်။ ရေခဲမြို့တော်နှင့် နန်းတော်ဆိုင်းဘုတ်အကျိုးအပဲ့ကိုကြည့်လိုက်သည်။
“မဟာယွီ ကောင်းကင်နန်းတော်ကြီး…” ဟုတိုးတိုးတိတ်တိတ် ရေရွက်လိုက်ပြီး တည်နေရာရွေ့ပြောင်းခြင်းတံခါးက လင်းလက်သွားချိန်၌ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွား လေသည်။
စုမင် ပျောက်ကွယ်သွားသည်ကို လိပ်ကြီးကမြင်သောအခါ ခွဲခွာလိုစိတ်မရှိသော ဝမ်းနည်းဖွယ် ငိုကြွေးသံအချို့ ထွက်လာသည်။ ထို့နောက် ၎င်းက နေရာတွင် လှဲချလိုက်ပြီး နောက်တစ်ကြိမ် ပြန်လာမည့်သူကို စောင့်ဆိုင်းနေတော့သည်။