← Chapters

ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်

Vol. 17 Ch. 226

ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်

Vol. 17 Ch. 226

ကျင့်ကြံသူ အနည်းငယ်က စိတ်ဝိညာဉ်ကျောက်တုံးများကို အလျင်အမြန် ထုတ်သုံးနေ၏။ တစ်ယောက်ပြီးတစ်ယောက် သူတို့ စုဆောင်းထားသော ရှားပါးပစ္စည်းအချို့ကိုပါ ထုတ်သုံးလာသည်။ ထို့အပြင် ယင်းအမယ်တစ်ခုချင်းစီမှာ တန်ဖိုးကြီးကာ ရှားပါးသည် ဖြစ်ရာ ဟန်လိမှာ လိုချင်တပ်မက်စိတ် ဖြစ်ရသည်။

“ဒီဆေးပင်အတွက် ကျုပ်က ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင် တည်ဆောက်ခြင်းအစုံနဲ့ လဲလှယ်မယ်…”

ထိုစကားများ ထွက်ပေါ်လာသည့်အခါ ကသောင်းကနင်း ဖြစ်နေသော ကျင့်ကြံသူများသည် ငြိမ်သက်သွားသည်။

ထိုသို့ ပြောလာသော သူ၏ လေသံမှာ ကျယ်လောင်၍ မဟုတ်၊ သူ ထုတ်ပြောလိုက်သော ဒြပ်စင်ငါးခု ပြောင်းပြန်အစီအရင်၏ အမည်ကြောင့်သာ။ ယင်းအမည်က ကျော်ကြားလှ၏။ ၎င်းမှာ လူတိုင်းနီးပါး သိရှိသော အမည်ပင်။ ထိုအစီအရင်သည် တချို့သော ကျင့်ကြံခြင်းဂိုဏ်းများအတွက် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော စိတ်ဝိညာဉ်ဆေးပင်ထက်ပင် သာ၍ တန်ဖိုးရှိသည်။

ဧရိယာငယ်တစ်ခုကိုသာ ခြုံလွှမ်းနိုင်ခြင်းနှင့် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့ခြင်းကလွဲ၍ ယင်းအစီအရင်က ဂိုဏ်းတစ်ခု၏ တောင်တစ်ခုကို ဖျောက်ကွယ်ပေးနိုင်ခြင်း၊ ရန်သူများကို ထောင်ချောင်ဆင်ကာ စိတ်ရှုပ်ထွေး ဝေဝါးအောင် လုပ်နိုင်ခြင်း အစွမ်းသတ္တိ ရှိချေ၏။ ယင်းကား ဂိုဏ်းကြီးများ၏ အကာအကွယ်အစီအရင်များထက် နည်းနည်းလေးမျှ အားမနည်းပေ။

အကယ်၍ သူတို့၏ ဂိုဏ်းမှာ ထိုသို့သော အံ့ချီးဖွယ်အစီအရင်တစ်ခု ပိုင်ဆိုင်ထားပါက သူတို့သည် ၎င်းကို အကြောင်းပြချက်မရှိ အသုံးပြုပေလိမ့်မည်။

သို့ပေမည့် လူတစ်ယောက်က ထိုသို့သော အထင်ကြီးဖွယ် အတားအဆီးမန္တာန်တစ်ခု၌ ကျွမ်းကျင်သော အစီအရင်မန္တာန် ဆရာသခင်တစ်ယောက် မဟုတ်ပါက တစ်နှစ်နီးပါး အပြင်းအထန် ကြိုးစား၍ လုပ်အားစိုက်ထုတ်၊ ရင်းမြစ်စိုက်ထုတ်လျှင်ပင် ၎င်းအစီအရင်ကို တည်ဆောက်နိုင်စွမ်း ရှိချင်မှ ရှိလိမ့်မည်။ ယင်းသို့သော အစီအရင်ကို မှော်ပစ္စည်းတစ်ခုကဲ့သို့ ပြောင်းလဲဖို့ကမူ ပြောနေဖို့ပင် လိုမည် မဟုတ်ပါ။

သည်လေလံပွဲကား လူတစ်ယောက်၏ အမြင်ကို အမှန်တကယ် ကျယ်စေလေ၏။

ဟန်လိက ထိုအစီအရင်အကြောင်း ကြားသည့်အခါ သူ့မျက်လုံးထဲ၌ အရောင်လင်းလက်သွား၏။ သူ့စိတ်ဝိညာဉ်မှာလည်း လှုပ်ရှားသွားရသည်။ ထို့နောက်တွင် သူက ခေါင်းလှည့်ကာ ဤဒြပ်စင်ငါးပါး ပြောင်းပြန်အစီအရင်အကြောင်း ပြောလာသော သူထံ လှည့်ကြည့်သည်။

ထိုသူမှာ ကျားမျက်နှာဖုံး တပ်ထားသော ချီစုဆောင်းခြင်းအဆင့် တပည့်တစ်ယောက်သာ ဖြစ်နေ၏။ သူကဲ့သို့ သူမျိုးထံ၌ ယင်းသို့ အံ့အားသင့်ဖွယ်အရာမျိုး ပိုင်ဆိုင်နေလိမ့်မည်မှာ အမှန်တကယ် မထင်မှတ်စရာပင်။ သို့ပေမည့် သူ့မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှု အနည်းငယ်ကိုလည်း မြင်နေရသည်။

“မိတ်ဆွေလေးက ဒြပ်စင်ငါးခု ပြောင်းပြန်အစီအရင် တစ်စုံကို ပိုင်ဆိုင်ထားတာလား…”

ပိန်ရှည်ရှည်နှင့်လူက ခဏတာ အံ့အားသင့်သွားပြီးနောက်မှာ ထိုလူငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ သံသယအပြည့်ဖြင့် မေးလာသည်။ သူက သံသယ ရှိနေသော်လည်း တဖက်သူထံ၌ ယင်းအစီအရင်သာ အမှန်တကယ် ရှိနေခဲ့ပါက ဒီနှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်ကို ထိုသူ့ထံ ပေးလိုက်မည်သာ။

တခြားကျင့်ကြံသူများကလည်း ဒီစကားကို ကြားသည့်အခါ သူတို့က လူငယ်၏ အဖြေကို စောင့်နေကြ၏။

“ကျုပ်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲ့တာက ပြီးပြည့်စုံမှုတော့ မရှိဘူး။ အစီအရင်ရဲ့ ခွန်အားကို ဆယ်ပုံတစ်ပုံပဲ ထုတ်ဖော်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကသာ ဒီဆေးပင်ကို ပေးမယ်လို့ သဘောတူတာနဲ့ ကျုပ်လည်း လာမယ့်နှစ်တွေအတွင်း ဒီအစီအရင်ရဲ့ ကျန်တဲ့ စွမ်းပကားတွေကို တိုးတက်စေဖို့ အစီအရင်တည်ဆောက်မယ့် အမယ်ပစ္စည်းတွေကို ပေးပါမယ်လို့ အာမခံပါတယ်…”

ထိုလူငယ်က လူအများအပြား သူ့ကို ကြည့်နေတာ မြင်သည့်အခါ အနည်းငယ် မထိတ်လန့်မိဘဲ မနေနိုင် ဖြစ်ရ၏။ သို့ဖြစ်၍ သူက နှစ်တစ်ထောင်ဆေးပင်နှင့် ပတ်သတ်ပြီး အမှန်တိုင်း ထုတ်ပြောလာသည်။

လူအများက အနှီလူငယ်၏ အဖြေကို ကြားသည့်အခါ အကြီးအကျယ် စိတ်ပျက်သွား၏။ မူလတုန်းက ထိုလူငယ်ထံ၌သာ ယင်းမှော်ပစ္စည်းမျိုး အမှန်တကယ် ရှိနေခဲ့ပါက သူတို့က ၎င်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ပိုသုံး၍ လေလံစွဲမည်ဟု တွေးထားခဲ့၏။ သို့သော် အခု ဒီလူငယ်၏ အစီအရင်မှော်ပစ္စည်းက မပြည့်စုံမှတော့ စိတ်ဝင်စားစရာ မကောင်းတော့ပေ။

ကျင့်ကြံခြင်းလောက၌ အစီအရင်ဆရာသခင်များက ဆေးလုံးနှင့်မှော်ပစ္စည်း သန့်စင်သည့် ကျွမ်းကျင်သူများထက် ရှားပါး၏။ အကြောင်းမှာ အစီအရင်များကို တစိုက်မက်မက် နက်နဲစွာ လေ့လာလိုပါက လူတစ်ယောက်သည် မဟာတာအိုကိုပါ လက်လွှတ်ဖို့ ဆုံးဖြတ်ရမည် ဖြစ်သောကြောင့်တည်း။ တကယ်တော့ လူတစ်ယောက်၌ စွမ်းအင်က အကန့်အသတ် ရှိ၏။

ထို့ကြောင့် သည်လေလံပွဲ ပြီးသည့်အခါမှာ လူငယ်၏ နောက်ခံဖြစ်သော အစီအရင်ဆရာသခင်ကို ရှာဖွေဖို့ ဆုံးဖြတ်ချက်ချသော လူအများလည်း ရှိနေလေပြီ။

“မိတ်ဆွေလေးက လာနောက်နေတာလား။ ကျုပ်တို့က လေလံပွဲ ကျင်းပနေတာ။ ဒါ့ကြောင့် ရလဒ်ကို ဘာကြောင့်များ နောက်နှစ်တွေထိ ဘယ်သူကများ စောင့်နေမလဲ။ မင်းက ငယ်ရွယ်သေးပုံရတော့ ဒီတခါတော့ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခု အခုလိုမျိုး မှားမှားယွင်းယွင်းနဲ့ ဈေးခေါ်ရင် ကျုပ်တို့ဆိုင်ရဲ့ တာဝန်ရှိသူတွေဟာ မယဉ်ကျေးမှ အပြစ်လာမတင်နဲ့…”

ပိန်ရှည်ရှည်နှင့်သူက ထိုသို့ အချည်းနှီးသော စကားများကို ကြားသည့်အခါ သူ၏မျက်နှာသည် ရှုံ့တွသွားပြီး ချက်ခြင်း အလိုအကျစွာ တုန့်ပြန်ပြောဆိုသည်။

ပုတုတုနှင့်လူငယ်က ထိုသည်ကို မြင်သည့်အခါ သူ့ တစ်ခုခု ပြောချင်ဟန်ဖြင့် ဟနေသော ပါးစပ်ပါ တုန်ရီသွားသည်။ သို့သော် လေလံပွဲရှိ တာဝန်ရှိသူက သူ့ကို အရေးထပ်မဆိုက်တော့၊ တဖက်သို့ ခေါင်းလှည့်သွားသည်။ လူငယ်မှာ သက်ပြင်းရှည်ကြီး ချ၍ ထိုင်ခုံပေါ်သာ အကူအညီမဲ့စွာ ပြန်ထိုင်ချမိတော့သည်။

ဟန်လိက ထိုသည်ကို မြင်၏။ သူ၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ လူငယ့်ထံ လေးငါးခြောက်ခါ သေချာ ကြည့်ရှုပြီးနောက် သူက ထိုလူငယ်၏ ဝတ်စုံနှင်ပုံရိပ်တို့ကို သေချာ မှတ်သားသည်။

ထိုအခိုက်မှာ နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်ကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်နှင့် အတုအယောင်လကျောက်များ ထည့်ပေါင်းပေးကာ ရရှိသွားခဲ့သည်။

ရုပ်သေးသားရဲအတွက် သံအနှစ်သာရကို ပေးခဲ့သော လူထွားကျင့်ကြံသူက ချက်ခြင်း ထွက်မသွားသေးပေ။ သူက ထိုင်ခုံပေါ်တွင် ပျင်းရိပျင်းတွဲဟန်ဖြင့် ထိုင်နေ၏။ သူက လေလံပွဲပြီးနောက် လွတ်လပ်သော အရောင်းအဝယ်ပွဲ၌ ပါဝင်ချင်သေးသည့်အလား။ သို့ပေမည့် ဝတ်ရုံရှည်ကြီးနှင့် သူ့ကိုယ်သူ ဖုံးကွယ်ထားသော ထူးခြားသောသူကမူ ကျောက်တံခါး ဖွင့်ပေးသည်နှင့် ခပ်သုတ်သုတ် ထွက်သွားချေသည်။ ဤသည်က ဘေးမှ ကြည့်နေသူများကို နည်းနည်း ပဟေဠိဖြစ်သွားစေသည်။

ထိုကိစ္စအပေါ် ဟန်လိက သူ့ကိုယ်သူ ဒုက္ခဖြစ်စေပြီး ဝင်မပါပေ။ သူက အရပ်ပုပုနှင့်လူငယ်နှင့် လွတ်လွတ်လပ်လပ် အရောင်းအဝယ် ပြုလုပ်ရန် စောင့်နေဖို့ စီစဉ်ထား၏။ ထိုလူငယ်၌ သူ့၏ လိုအပ်ချက်ဖြစ်သော အစီအရင် မှော်ပစ္စည်းတစ်ခု ရှိနေ၊ မရှိနေကို သူ ကြည့်အုံးမည် ဖြစ်သည်။

ဒြပ်စင်ငါးခု ပြောင်းပြန်အစီအရင် တည်ဆောက်ခြင်း မှော်ပစ္စည်းသည် ၎င်း၏မူလခွန်းအား ဆယ်ပုံတစ်ပုံကိုသာ ထုတ်ပေးနိုင်သည် ဆိုသော်လည်း ဤသည်မှ ဟန်လိ၏ ရည်ရွယ်ချက်အတွက် လုံလောက်နေလေပြီ။

သို့သော် ဟန်လိက လူငယ်ရှိနေသော အရပ်ထံ လှမ်းကြည့်သည့်အခါ ထိုလူငယ်ကို ကျင့်ကြံသူ လေးငါးယောက်က ဝန်းရံ၍ သူနှင့် ကိစ္စတချို့ ဆွေးနွေးနေသည်ကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့အတွက် ဟန်လိက နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်သွား၏။ တချိန်တည်းမှာ သူက အနည်းငယ် ပူပန်သွားသည်။ ထိုသူများက သူ ကဲ့သို့ပင် မပြီးပြည့်စုံသော အစီအရင်တည်ဆောက်ခြင်းတစုံကို လိုချင်နေသူများ ဖြစ်နိုင်သည်။

သို့သော် ဟန်လိ၏ ပူပန်မှုက ချက်ခြင်း သက်သာသွားသည်။

ထိုလူငယ်နှင့် စကားစမြည် ပြောနေသော သူများက တစ်ယောက်နှင့်တစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်ကာ ခေါင်းယမ်းကာ ထွက်သွားကြလေပြီ။ ကျန်ခဲ့သူ ဟူ၍ ထိုအရပ်ပုပုလူငယ်တစ်ယောက်သာ။

ဟန်လိက စိတ်လက်ပေါ့ပါးသွားပြီး သူက ရှေ့သို့ လှမ်းလာသည်။ ထို့နောက်တွင် သူက ချောင်းဟန့်ကာ တခုခု ပြောရန် စဉ်းစားကြည့်သည်။ သို့သော် သူ့အပြောကို စောင့်မနေဘဲ အရပ်ပုပုလူငယ်ထံမှ ငြင်းပယ်သောလေသံဖြင့် စကားအား ကြားရလေ၏။

“ခင်ဗျားမှာ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်တစ်ပင် မပိုင်ဆိုင်ထားရင် ကျေးဇူးပြုပြီး ကျုပ်ကို မနှောက်ယှက်ပါနဲ့။ ကျုပ်နောက်က မန္တာန်အစီအရင် ဆရာသခင်ဟာ သူ့အသက်ကို ကယ်ဖို့အတွက် အဲ့သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင် လိုအပ်တယ်လို့ ပြောထားခဲ့တယ်။ ခုလက်ရှိမှာ ကျုပ်တို့က ခင်ဗျားကို ကြီးမားတဲ့ ဘာအစီအရင်ကိုမှ မပေးနိုင်ပါဘူး…”

ထိုစကားကို ကြားသည့်အခါ ဟန်လိက အတော်လေး အံ့အားသင့်သွား၏။ သို့သော် ထို့နောက်တွင် သူက ပေါ့ပေါးပါးပါး ပြုံး၍ ပြောသည်။ “ကျုပ်မှာ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင် ရှိပါတယ်။ ဒါပေမဲ့ အစီအရင်တစ်ခု တည်ဆောက်ဖို့အတွက် မန္တာန်အစီအရင်ဆရာသခင်ကို ရှာဖွေချင်စိတ်တော့ မရှိလေဘူး…”

သူက လှောင်ကာရယ်ကာ ပြောသည်။

ထိုလူငယ်မှာ ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်၌သာ ရှိသေး၏။ သို့ဖြစ်၍ ဟန်လိက ထိုလူငယ်ကို ရှိန်နေစရာမလိုပေ။ သူ စိတ်ရှိသည့်အတိုင်း ပြောလိုက်သည်။

“စီနီယာမှာ စိတ်ဝိညာဉ်ဆေးပင် ရှိနေတာလား…” ထိုလူငယ်က ချက်ခြင်း စိတ်အား တက်ကြွလာကာ ဟန်လိထံ ဝမ်းမြောက်ဝမ်းသာသည့်ဟန်ဖြင့် လှမ်းကြည့်သည်။

ဟန်လိက ချက်ခြင်း ပြန်မဖြေ၊ ထိုအစား သူက ဘေးပတ်လည်သို့ ကြည့်လိုက်သည်။

မည်သူကမျှ သူတို့ရှိနေသည့် နေရာကို အာရုံစိုက်နေပုံ မပေါ်ပေ။ တခြားကျင့်ကြံသူများက အရောင်းအဝယ် ပြုလုပ်ဖို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှု ရှာဖွေနေသည်။

“ကျုပ်တို့ တစ်နေရာရာမှာ စကားစမြည် သွားပြောကြမလား…။ ဒီမှာက လူများလွန်းတယ်လေ…” ဟန်လိက ထိုသို့ ပြောကာ မထင်မရှားထောင့်တစ်နေရာထံ လက်ညွှန်ပြသည်။

“ဒါပေါ့…ရတာပေါ့…”

အရပ်ပုပုနှင့်လူငယ်မှာ အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ သဘောတူသည်။ ဟန်လိနှင့်သူက အနီးအနားရှိ ထောင့်ကျကျနေရာတစ်ခုထံ လှမ်းလျှောက်လာသည်။ သူတို့က အနီးဆုံးတွင် ရှိနေသော ကျင့်ကြံသူနှင့်ပင် မီတာနှစ်ဆယ်မျှ ကွာနေ၏။ ဟန်လိက အသံကို အပြင်သို့ မထွက်ရန် အရံအတား တည်ဆောက်ပြီးနောက်မှာ တခြားသူများက သူတို့၏ စကားများကို ကြားမှာကို စိတ်ပူနေရန် မလိုတော့ပေ။

ဟန်လိက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းလာခဲသည့် အချိန်မှစ၍ အရင်တုန်းက သူ နည်းနည်းလေးမျှ အသုံးမပြုနိုင်သော အရံမှော်ပညာရပ်များကို ချက်ခြင်း ကျွမ်းကျင်လာခဲ့ပြီး ဖြစ်သည်။ သို့အတွက်လည်း ဟန်လိမှာ အတော်လေး ပျော်ရွှင်ခဲ့ရ၏။ ထိုအသံအတားအဆီးမှာ သူ အမှတ်မထင် တတ်မြောက်ခဲ့သော အရံမှော်ပညာရပ်တစ်ခုသာ။

“စီနီယာမှာ တကယ်ပဲ စိတ်ဝိညာဉ်ဆေးပင် ပိုင်ဆိုင်ထားတာလား…။ ဒါက နှစ်ပေါင်းတစ်ထောင် ဒါမှမဟုတ် အဲ့ထက် သက်တမ်းပိုမှ ဖြစ်မျာ။ နှစ်ပေါင်း ခုနစ်ရာရှစ်ရာလောက် ဆေးပင်ဆို မလုံလောက်ပါဘူး…”

ဟန်လိက မထူးခြားနားစွာဖြင့် ထိုလူငယ်ကို ကြည့်သည်။ သူက ဘာစကားမျှ ပြန်မဆို၊ ထိုအစား သူက သူ့သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ဆေးပင် ထည့်ထားသော သေတ္တာငယ်တစ်ခုကို ထုတ်ယူသည်။

၎င်းဆေးပင်မှာ ရောင်းချခဲ့သော နှစ်တစ်ထောင်သက်တမ်းရှိ အဝါရောင်အနှစ်သာရမှို မဟုတ်သော်ငြားလည်း ၎င်းမှာ သက်တမ်းချင်း ညီမျှသော ခရမ်းပန်းပင် ဖြစ်လေ၏။

ဟန်လိ၏ အထင် ထိုလူငယ်သည် နှစ်တစ်ထောင်သက်တမ်းရှိသော ဆေးပင်ကို လိုချင်နေတာ တစုံတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်ချင်၍ ဟူ၍ပင်။

“ ဒါက…” လူငယ်က သေတ္တာငယ်ကို မလွတ်တမ်း စိုက်ကြည့်နေလျက် သူ၏မျက်နှာထက်မှာ မျှော်လင့်ချက်တို့ ပြည့်နေသည်။

“မင်း အထင် မမှားဘူး။ ဒါဟာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်ပဲ။ ဒါပေမဲ့ ငါ ဒါကို မဖွင့်လွှတ်ခင် ဒီဆေးပင်နဲ့ လဲလှယ်မယ့် မင်းရဲ့ မှော်ပစ္စည်းအကြောင်း တချက်လောက် အရင် မပြောသင့်ဘူးလား…”

ဟန်လိက အေးစက်စက် မေးလိုက်သည်။ တဖက်သူက သူ့ထံမှ ဆေးပင်ကို လိုချင်နေမှတော့ သူက ဈေးကိုင်ရအုံးမှာ သဘာဝပင်။ ရှားပါးလှသော အစီအရင်တည်ဆောက်ခြင်း မှော်ပစ္စည်းအမယ်များကို သူ နောက်ထပ် အနည်းငယ် ပိုလိုချင်သေးသည်။ ယင်းသို့သော မှော်ပစ္စည်းအမယ်များက အပိုရှိလေ ကောင်းလေ မဟုတ်လား။

“စီနီယာက ဘယ်လို ဆန္ဒရှိပါသလဲ။ ဂျူနီယာမှာ မှော်ပစ္စည်းကလွဲလို့ တခြား လဲလှယ်ဖို့ ထိုက်တန်တဲ့အရာ ဘာမျှ ရှိမနေပါဘူး…”

ဟန်လိ၏ စကားကို ကြားသည့်အခါ လူငယ်က မင်သက်သွားသေး၏။ ထို့နောက်တွင် သူက အနည်းငယ် ရှက်ရွှံ့ဟန်ဖြင့် ထိုသို့ ပြောသည်။

“ဆိုးဆိုးဝါးဝါး ထိခိုက်ထားတဲ့ အစီအရင်တည်ဆောက်ခြင်း မှော်ပစ္စည်းတစ်ခုနဲ့ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဆေးပင်ကို လဲလှယ်ဖို့ ထိုက်တန်တယ်လို့ မင်းက ခံစားမိတာလား…”

ဟန်လိက လူငယ်၏ စကားကို ကြားသည့်အခါ စိတ်ပျက်သွားဟန်မပေါ်၊ ထိုအစား သူက မထူးခြားနားအသံဖြင့် တုန့်ပြန်သည်။

“အဲ့တာကတော့…”

အရပ်ပုပုနှင့်လူငယ်မှာ ခေါင်းကုတ်ကာ စဉ်းစားခန်း ဝင်နေ၏။ သူသည် ထိုလဲလှယ်မှုမှာ မသင့်တော်လှဟု အားကောင်းစွာ ခံစားမိသည်။

All Chapters