← Chapters

လိုင်ဝမ်ဟဲ

Vol. 17 Ch. 233

လိုင်ဝမ်ဟဲ

Vol. 17 Ch. 233

ဤသည်မှာ ဒုတိယအကြိမ်မြောက် ဟန်လိက ခန္ဓာကိုယ် စွန့်ပယ်သော ရှေးဦးစိတ်ဝိညာဉ်ကို ရှင်းလင်းသုတ်သင်ခဲ့တာ ဖြစ်သည်။

တိုက်ပွဲများအတွင်း ကျင့်ကြံသူအများစုသည် သူတို့၏ ရှေးဦးစိတ်ဝိညာဉ်များကို ခန္ဓာကိုယ်မှ ခွဲထုတ်လေ့မရှိပေ။ ထိုသို့ ပြုလုပ်ဖို့မှာ အချိန်တစ်ခု ပေးရမည်။ ထိုအချိန်အတွင်းမှာ လူတစ်ယောက်က လွတ်လပ်စွာ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူများ၏တိုက်ပွဲအတွင်း၌ သူတို့၏ရန်သူကို လွတ်မြောက်ခွင့် ဘယ်ပေးပါ့မည်နည်း။ လူတစ်ယောက်က သူ့ရှေးဦးစိတ်ဝိညာဉ်ကို ခွဲထုတ်ဖို့ အချိန်မရခင်မှာပင် ဆယ်ကြိမ်မက သေသွားနိုင်သည်။ ထို့အပြင် စဦးစိတ်ဝိညာဉ်အဆင့် သို့မဟုတ် ထိုအဆင့်ထက် ပိုမြင့်သူများသာ သူတို့၏ ရှေးဦးစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ သူတို့၏ စဦးစိတ်ဝိညာဉ်အကူအညီဖြင့် ချက်ခြင်း ခွဲထုတ်နိုင်တာ ဖြစ်သည်။

သည်စီနီယာအစ်ကိုလင်းမှာ ယွီကျစ်ထုံလောက် ကံမကောင်းခဲ့ပေ။

(မှတ်ချက်… ယွီကျစ်ထုံမှာ သမားတော်မော့၏ ခန္ဓာကိုယ်တွင်း၌ ရှိခဲ့သော ရှေးဦးစိတ်ဝိညာဉ် ဖြစ်၏။ )

စီနီယာအစ်ကိုလင်း၏ မူလစိတ်ကူးအကြံမှာ ဟန်လိ၏ အင်မောတယ်လှိုဏ်ဂူကို ဖြတ်ကာ အဝါရောင်မေပယ်တောင်ကြားထံ တန်းတန်းမတ်မတ် သွားရန်သာ။ သို့မှသာ သူ့အတွက် အကာအကွယ်ရပြီး ဒဏ်ရာများကို ကုစားနိုင်လိမ့်မည်။ သို့ပေမည့် သူက ဟန်လိ၏ အစီအရင်ထဲ မတော်တဆ ဝင်ရောက်ကာ အစီအရင်၏ ပုံရိပ်ယောင်အထပ်ထပ်ကြား လုံးဝ ပိတ်မိသွားခဲ့သည်။ သူ လုံးဝ လွတ်မြောက်နိုင်စွမ်းမရှိ ဖြစ်ခဲ့၏။ သူသည် အကူအညီမဲ့ခဲ့ကာ အဆိပ်များကလည်း သူ့ခန္ဓာကိုယ်တွင် ပျံ့နှံ့နေပြီ ဖြစ်ကာ သူ့အဖို့ သူ၏ ရှေးဦးစိတ်ဝိညာဉ်ကို ခွဲထုတ်ရန်သာ တတ်နိုင်တော့သည်။

သို့အတွက်ကြောင့် စီနီယာအစ်ကိုလင်းမှာ ဒီအစီအရင်၏ သခင်အပေါ် ကြီးစွာ မကျေမချမ်း ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့အသွေးအသားခန္ဓာကိုယ် ပြန်ရနိုင်ဖို့ငှာ ဟန်လိ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားခဲ့တာပင်။

သို့သော် သူက ဟန်လိသည် သူ၏ ရှေးဦးစိတ်ဝိညာဉ်ကို အလျင်အမြန် ဟန့်တားကာ ဖမ်းဆီးပြီး ရှင်းထုတ်ပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

အခုတော့ စီနီယာအစ်ကိုလင်းက လက်စသိမ်းသွားခဲ့ပြီ။ ဟန်လိမှာ သေသူအကြောင်း လုံးဝ မတွေးနေတော့ပေ။ အခု သူ့အဖို့ ပြဿနာကြီးမှာ သူ့အင်မောတယ်လှိုဏ်ဂူ အပြင်ဘက်မှာ မဟုတ်လား။

ဝါးတစ်ထောင်ကျောင်းတော်မှ သူများ၏ တိုက်ခိုက်မှုများက ကြောက်မက်ဖွယ်ပင်။ သို့ပေမည့် ဟန်လိမှာ သူ့အစီအရင်ပေါ်၌ ပျက်စီးမှု အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။ သည့်အတွက် သူ ကြီးစွာ စိတ်အေးရသည်။

ထို့အပြင် ထိုသူများမှာ ဒီနေရာတွင် အချိန်ကြာကြာ နေဝံ့လိမ့်မည်ဟု ယုံကြည်သည်။

သည်နေရာမှာ လူသူကင်းမဲ့ကာ ထိုက်ယွဲ့တောင်တန်း၏ အပြင်ဘက်ပိုင်းဟု ယူဆနိုင်သော်ငြား အဝါရောင်မေပယ်တောင်ကြား၏ လွှမ်းမိုးမှုအတွင်း ရှိနေသော ဧရိယာတစ်ခု ဖြစ်နေဆဲသာ။ ကျယ်လောင်ဆူညံသော တိုက်ခိုက်မှု၊ လှုပ်ရှားမှုများ ဖြစ်နေသည့်နောက်မှာ သူတို့က အကျိုးဆက်ကို မလန့်ဟု ဟန်လိ မယုံပေ။ သူတို့၏ ခုလက်ရှိ တိုက်ခိုက်မှုများက အစီအရင်အပေါ် သက်ရောက်မှု မရှိဟု မှတ်ယူပါက ထိုသူများ နောက်ပြတ်ဆုတ်မည်သာ။

အမှန်တော့ ဟန်လိက စီနီယာအစ်ကိုလင်း၏ အလောင်းကို ထိုသူများထံ မပေးချင်တာ မဟုတ်ပါ။

သို့သော်ငြားလည်း လူတစ်ယောက်၏ ရှေးဦးစိတ်ဝိညာဉ် ခန္ဓာကိုယ်ကနေ ထွက်ခွာခြင်းမှာ သိသာလွန်းသည်။ သူတို့က ထိုခန္ဓာကိုယ်ကို ရခဲ့ပါကလည်း ဒီရှေးဦးစိတ်ဝိညာဉ်ကိစ္စအတွက် ရှေ့ဆက်လာအုံးမည်သာ။ သို့ဖြစ်၍ ဒီအစီအရင်ထဲ၌ ပုန်းနေခြင်းကသာ သူ့အတွက် ပိုကောင်းနေသည်။ မည်သို့ပင်ဖြစ်စေ တဖက်သူများက ဒီဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို ချိုးဖျက်နိုင်မှာ မဟုတ်ပေ။

ထိုအတွေးဖြင့် ဟန်လိကား သူ့ကိုယ်သူ ဂုဏ်ယူမိသည်။ သူသည် သူ့ဒီအစီအရင်ကို ဦးဆုံး၊အမြန်ဆုံး တည်ဆောက်မည့် အမြင် ရှိခဲ့၏။

မဟုတ်ပါက သူ ခုခံဖို့ပင် မစွမ်းသာပဲ ထိုသူများ၏ သုံ့ပန်း ဖြစ်သွားမှာ ကျိန်းသေသည်။

သို့ပေမည့် အခု သူ့ အစီအရင်၌ မည်သည့်ပြဿနာမှာ မဖြစ်ပေါ်သေးသော်လည်း ဟန်လိမှာ သူ့လှိုဏ်ဂူထဲ ပြန်ကာ အိပ်မနေဝံ့ပါ။ သူကား သူ့လှိုဏ်ဂူနေအိမ်ထဲကနေ ကျောက်သားခုံတစ်ခု သွားထုတ်ယူကာ ထိုင်၍ အနားယူသည်။

ထိုသူများက ရုပ်သေးများကို အသုံးပြု၍ တိုက်ခိုက်နေတာ ဖြစ်၍ ဟန်လိ စိတ်ပူသည်မှာ မမောမပန်းဘဲ အဆက်မပြတ် တိုက်ခိုက်မှု ဖြစ်၏။

နှစ်နာရီလုံးလုံး အကြမ်းပတမ်း တရစပ် ထိုးနှက်တိုက်ခိုက်ပြီးနောက်မှာ ဒီအစီအရင်သည် နောက်ဆုံး၌ ပထမဆုံးအကြိမ် ပြောင်းလဲမှု ပြသလာသည်။ မူလတုန်းက ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသော အစီအရင်မှာ မိုးပြာအလင်းနှင့်အတူ တလက်လက် တဖြတ်ဖြတ် ဖြစ်လာသည်။ ကောင်းကင်ထိ လွှမ်းခြုံထားသော အစီအရင်ပေါ်မှာ လှိုင်းဂယက်များ ထလာ၏။ မြားများ၊အလင်းတန်းများက အစီအရင်ပေါ် တရစပ် ထိုးနှက်နေ၏။

ဤသည်ကို မြင်သည့်အခါ ဝါးတစ်ထောင်ကျောင်းတော်မှ သူများသည် စိတ်လှုပ်တရှား ဖြစ်လာသည်။ တကယ်တော့ အစီအရင်၏ ထိုသို့သော ပြောင်းလဲမှုကို မြင်ရခြင်းမှာ အစီအရင်ကို အတင်းအကြပ် ဖျက်စီးနိုင်မည်ဟု အဓိပ္ပာယ် ရချေသည်။ သူတို့သာ နောက်ထပ် ခွန်အားစိုက်ထုတ် တိုက်ခိုက်ပါက အစီအရင်ကို ဖွင့်လှစ်ဖို့ ဖြစ်နိုင်လောက်သည်။ အမှန်တော့ သည်အရံအတားကသာ မူလပကတိအတိုင်းသာ ဆက်ရှိနေအုံးမည် ဆိုပါက ဟောင်လုံနှင့် တခြားသူများသည် ပြန်နောက်ဆုတ်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။

“ဝါးတစ်ထောင်ကျောင်းတော်မှသူများ စိတ်အား တက်ကြွသွားစဉ်၊ ဟန်လိ၏ အမူအရာက မဆိုသလောက်‌ ပြောင်းလဲသွားစဉ် အကွာအဝေးတစ်ခုမှ ကျယ်လောင်သော ဟိန်းအော်သံတစ်သံကို ကြားရသည်။ မင်းတို့က ထိုက်ယွဲ့တောင်တန်းပိုင်နက်မှာ လက်လွတ်စပယ် တိုက်ခိုက်ဝံ့၊ ကျုပ်တို့ဂိုဏ်း၊တပည့်ရဲ့ အင်မောတယ်လှိုဏ်ဂူကိုပါ တိုက်ခိုက်ဝံ့တယ်လား။ မင်းတို့က အသက်ရှင်ရတာ ပင်ပန်းနေမှတော့ ဒီအဘိုးအိုက မင်းတို့ကို မရဏလမ်း မြန်းစေရမှာပေါ့…”

ထိုအော်သံကား အစီအရင်၏ အကာအကွယ်တွင်းမှာ ရှိနေသော ဟန်လိ၏ နားနှစ်ဖက်ကိုပါ အူထွက်သွားစေသည်။ သူ့အသားအရည်ကို ဖြူရောသွားစေသည်။ အစီအရင် အပြင်ဘက်တွင် ရှိနေသူများအဖို့ ဆိုဖွယ်ရာ မရှိတော့ပေ။ ထိုဟိန်းအော်သံဖြင့်ပင် သူတို့မှာ ဟိုဒီယိမ်းထိုးကာ သူတို့၏ လှေပျံပေါ်ကနေ လွင့်စင်ကျလုနီးနီး ဖြစ်ကုန်သည်။

“အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ မြန်မြန် နောက်ဆုတ်ကြဟေ့…”

ဟောင်လုံသည် ကြမ်းတမ်းရက်စက်ကာ စိတ်မရှည်ဟန် ထင်ရသော်လည်း သူတို့အုပ်စု၌ အကင်းပါးဆုံးသူ ဖြစ်နေသည်။ ထို့ကြောင့် စွမ်းအား ပြည့်လှသော ဟိန်းအော်သံ ကြားသည်နှင့် သူ့မျက်နှာမှာ အရောင်မရှိတော့၊ သူက ချက်ခြင်း ထွက်ပြေးချင်သွားသည်။

သို့သော် ဟောင်လုံမှာ ပျံသန်းလာသောသူ၏ အမြန်နှုန်းနှင့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်၏ တိုင်းဆမရသော မှော်စွမ်းအားကို လျှော့တွက်မိခဲ့ပြီ။ သူတို့အုပ်စုက ရုပ်သေးများကို အလန့်တကြား အလျင်စလို သိမ်းဆည်းကာ ထွက်ပြေးရန် ကြံတုန်းမှာ မိုးကြိုးနှင့်လျှပ်စီးက မိုးကုပ်စက်ဝန်းမှာ ရုတ်ချည်း ပေါ်လာသည်။ အဖြူရောင်အလင်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းလျက် ငွေရောင်အလင်းတန်းနောက်မှ ကပ်ပါလာ၏။ မျက်စိတမှိတ်အတွင်း ထိုအလင်းတန်းက သူတို့ရှေ့ ရောက်လာ၏။ သူတို့စိတ်ဝိညာဉ်များ ခန္ဓာကိုယ်ကနေ ထွက်ခွာလုနီးနီး အော်ဟစ်မတတ် ဖြစ်ကုန်သည်။ သူတို့မှာ ကျန်ရုပ်သေးများကိုပင် ရုတ်သိမ်းနိုင်စွမ်း မရှိတော့ဘဲ ထွက်ပြေးရန် လှေပေါ်ကနေ ခုန်ထွက်သည်။

သို့ပေမည့် မီတာသုံးဆယ်လောက်ထိ ခြုံလွှမ်းနိုင်သည့် ငွေရောင်အလင်းတန်းကြီးက ဟောင်လုံနှင့် တခြားသူများအား မည်သည့်အခွင့်အရေးမျှ မပေးပါ။ ယင်းအလင်းတန်းမှာ ရုတ်ချည်း အလားတူ အလင်းတန်းငယ် ခုနစ်ခု၊ရှစ်ခုအဖြစ်သို့ ခွဲထွက်ပြီး ဝါးတစ်ထောင်ကျောင်းတော်မှ သူများအား ဝန်းရံခြုံလွှမ်းသည်။

“စီနီယာ…ကျေးဇူးပြုပြီး ကျုပ်တို့အသက်ကို ငဲ့ညှာပေးပါ။ ကျုပ်တို့ဟာ…”

‌ဟောင်လုံမှာ ကြောက်ချီးပန်းကာ အသည်းအသန် အော်ဟစ်ချင်၏။ သို့သော် ငွေရောင်အလင်းတန်းများမှာ တစက်လေးမျှ မရပ်ချေ။ သူတို့အား ထွေးခြုံ ရစ်ပတ်သွား၏ ထို့နောက်တွင် မိုးကြိုးခြိမ်းသံများ ခပ်သဲ့သဲ့ ထွက်ပေါ်ပြီး ထွက်ပြေးရန် ကြိုးစားနေသော ဟောင်လုံတို့အုပ်စုမှာ ပြာဖြစ်သွားတော့သည်။

ထိုအခိုက်၌ ငွေရောင်အလင်းများအားလုံးက တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲ၍ အလွန်တရာ ဝလှသော ပုဂ္ဂိုလ်တစ်ယောက်၏ အသွင်ဟန်ပန် ထွက်ပေါ်လာသည်။

သူကား အလွန်ဝ၏။ သူ့မျက်လုံးမှာ ပိတ်ဆို့နေသည်။ မေးများက အလွှာအထပ်ထပ် ဖြစ်နေ၏။ ထို့အပြင် သူ့ခါးမှာ စည်ပိုင်းလောက်ကို ထူလှမည်။ ထိုသူမှာ ဟန်လိ တသက် မြင်ခဲ့ဖူးသူများထဲ၌ အဝဆုံး ပုဂ္ဂိုလ်တည်း။

သို့ပေမည့် သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အမှန်တကယ် ရောက်နိုင်စွမ်း ရှိခဲ့သူသာ။ ယင်းအပြင် သူ အသုံးပြုခဲ့သော နည်းလမ်းများက ဆင့်ကဲရင်းမြစ်ဖြစ်သော လျှပ်စီးကို အခြေပြုထားပုံ ရ၏။ ထို့အတွက် ဟန်လိမှာ များစွာ တုန်လှုပ်အံ့အားသင့်ရသည်။

အခုမှ ရောက်လာသော အနှီသူက ဟန်လိ၏ အရံအတားကို ချိုးဖျက်ကာ ဝင်မလာပေ။ ထိုသူမှာ အဝါရောင်မေပယ်တောင်ကြား၏ အကြီးအကဲတစ်ယောက် ဖြစ်နေသေး၏။ သို့ဖြစ်၍ ဟန်လိက ဝါးတစ်ထောင်ကျောင်းတော်မှ သူများ ရှင်းလင်းသုတ်သင်ခံရတာ မျက်မြင်တွေ့ရပြီးနောက်မှာ သူ၏ အစီအရင်ကို တုံ့နှေးမနေဘဲ ဖွင့်လှစ်သည်။ သူက ထိုသူ့ကို နှုတ်ဆက်ဖို့ မှော်ပစ္စည်းကို အသုံးပြု၍ လေပေါ်သို့ ပျံတက်လာ၏။

ထိုလူဝကြီး၏ အရှေ့ကို ရောက်လာသည့်အခါ ဟန်လိက တလေးတစားဖြင့် ဂါဝရ ပြုသည်။ “သိုင်းတူလေး ဟန်လိက စီနီယာ့ကို လေးစားမှု ပေးပါတယ်။ စီနီယာရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ၊ စီနီယာကြောင့်သာ မဟုတ်ရင် ကျုပ်ရဲ့ ဘဝဟာ အာမခံချက် ရှိမှာ မဟုတ်ပါဘူး…”

ဟန်လိ ပျံသန်းတက်လာတည်းက ထိုလူဝကြီးမှာ ဟန်လိကို သေချာကြည့်ရှုပြီး ဖြစ်၏။ သူက ဟန်လိ သူ့ကို တလေးတစား နှုက်ဆက်တာ မြင်သည့်အခါ သူ့ဧရာမမျက်နှာကြီးပေါ်မှာ ခပ်ရေးရေး အပြုံးတစ်ခု ပေါ်လာသည်။ ဟန်လိအပေါ် သူက ပထမဆုံး တွေ့ဆုံမှုတွင် အမြင်ကောင်း ဖြစ်မိသည်။

“ကျုပ်က မင်းရဲ့ စီနီယာ…လိုင်ဝမ်ဟဲ။ မင်း ငါ့ကို စီနီယာလိုင်လို့ ခေါ်နိုင်တယ်။ ဝါးတစ်ထောင်ကျောင်းတော်က သူတွေက ဘာအကြောင်းမှမရှိဘဲ မင်းကို ဘယ်လိုကြောင့် တိုက်ခိုက်ခဲ့တာလဲ။ မင်းကများ သူတို့ကို သွားရန်စမိတာလား…”

လူဝကြီးက သူ့စိတ်ထဲရှိသည့်အတိုင်း တည့်တည့်မေးသည်။ ထိုစီနီယာလိုင်ဟူသော လူဝမှာ လွယ်လွယ်အရူးလုပ်၍ မရသောသူမှန်း သိသာသည်။

ဟန်လိမှာ စိတ်ထဲကနေ တုန်ယင်မိသွား၏။ သို့သော် အပြင်ပိုင်းတွင်မူ သူက တည်ငြိမ်လျက်သာ။ သူက မလိုအပ်သည့် စကားများ မပြောဘဲ ထိုစီနီယာကို သေချာ ရှင်းပြသည်။ ဟန်လိက ကောင်းကင်ကြယ်ဈေးမြို့မှ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် စီနီယာအစ်ကိုလင်း၏ ရှေးဦးစိတ်ဝိညာဉ်ကို ရှင်းထုတ်ပစ်သည့် အကြောင်းများအား မပြောပြမှာတော့ သဘာဝပင်။

လိုင်ဝမ်ဟဲက ဟန်လိ ရှင်းပြတာကို တည်ငြိမ်စွာ နားထောင်နေသည်။ သို့သော် စီနီယာအစ်ကိုလင်း အဆိပ်မိကာ အစီအရင်အတွင်း၌ သေသည့်အကြောင်း ကြားသည့်အခါ သူက ပြောလာ၏။ “ဒီတော့ သူက ဝါးတစ်ထောင်ကျောင်းတော်က ကောင်ပေါ့။ ငါတို့ သူ့ကို အဝါရောင်မေပယ်တောင်ကြားဆီ ခေါ်လာတည်းက ဒီကောင်က တနေ့ ပြဿနာ ပေးနိုင်မယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့လည်း ဒီလောက်နှစ်တွေ ကြာပြီးကာမှ သူ့ကို သတ်ဖို့ လူတွေ လွှတ်လိမ့်မယ်လို့တော့ ငါ မထင်ထားမိဘူး။ ဒီဝါးတစ်ထောင်ကျောင်းတော်ရဲ့ ကျောင်းတော်သခင်ကျင်းရဲ့ စိတ်နေစိတ်ထားက အတော်လေး ကျဉ်းမြောင်းတာပဲ…”

စီနီယာလိုင်ဝမ်ဟဲသည် မည်သည့်ဝမ်းနည်းမှုမျှ မဖော်ပြပေ။ ပေါ့ပေါ့ပါးပါး သက်ပြင်းချပြီးနောက် သူက မေးသည်။ “သိုင်းတူလေးလင်းရဲ့ အလောင်းကော ဘယ်မှာလဲ။ ကျုပ်ကို ပြပါအုံး…”

“ စီနီယာ့ သဘောပါ…။ ဒီလမ်းပါ…” ဟန်လိက ဘယ်ငြင်းဆန် ဝံ့ပါမည်နည်း။ သူသည် သူ့မဟာအစီအရင်ထဲ ထိုလူဝကြီးကို အလျင်စလို လမ်းပြခေါ်လာသည်။

ဟန်လိ လျှောက်လာနေစဉ် သူ့စိတ်ထဲမှာ ကျိတ်ပျော်နေသည်။ ကံကောင်းစွာဖြင့် သူသည် ဝါးတစ်ထောင်ကျောင်းတော်မှ သူများနှင့် ပြဿနာများနေသည် ဖြစ်၍ သူက စီနီယာလင်း၏ ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်ကို မထိရသေးပေ။ မဟုတ်ပါက အခြေအနေသည် မထင်မှတ်တာ ဖြစ်လာနိုင်သည်။

“အယ်…မင်းရဲ့ ဒီအစီအရင်က ပုံမှန် မဟုတ်ပါလား။ ငါ မလာခဲ့ရင်လည်း ဝါးတစ်ထောင်ကျောင်းက ကောင်တွေ မင်းကို ဘာမှ လုပ်နိုင်မယ့်ပုံ မပေါ်ဘူး…”

လိုင်ဝမ်ဟဲက ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ထဲ ဝင်ရောက်လာပြီး မကြာမီမှာပင် ထိုသို့ ပြောလာသည်။

“ဟား…ဒါက အဆင့်မြင့် အစီအရင်လေးပါ။ ဒီအစီအရင်အလံတွေကို ဈေးမြို့ကနေ သင့်တင့်တဲ့ တန်ကြေးတစ်ခု ပေးပြီး ကျနော် လဲလှယ်ခဲ့တာပါ။ ဒီအလံတွေက စီနီယာရဲ့ မျက်လုံးထဲ ဘယ်လိုများ ဝင်ရောက်နိုင်ပါ့မလဲ…”

ဟန်လိက ထိုလူဝကြီး၏ ချီးကျူးမှုကို ကြားသည့်အခါမှာ သူက စိတ်ထဲကနေ ကြိတ်မပျော်မိဘဲ မနေနိုင် ဖြစ်ရသည်။ သို့သော် သူကား နှိမ့်နှိမ့်ချချသာ ပြောလိုက်တုန်းပင်။

“မဟုတ်ပါဘူး။ မင်းရဲ့ ဒီအစီအရင်မန္တာန်ဟာ ကြီးမားတဲ့ ဇာစ်မြစ်တစ်ခု ရှိတယ်။ ကျုပ်သာ ဘာလည့်ကွက်မှ အသုံးမပြုဘဲ ဒီအစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားရမယ်ဆို ခက်ခဲလိမ့်မယ်…”

လိုင်ဝမ်ဟဲက ခေါင်းယမ်းကာ ဟန်လိ၏ အပြောကို သဘောမတူဟန်ဖြင့် ပြောလာသည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက် ရောက်လာခဲ့သည်။ စီနီယာအစ်ကိုလင်း၏ အလောင်းမှာ လုံးဝ မယိုမယွင်း မပျက်စီးဘဲ ရှိနေသေးသည်။

လူဝကြီးက ဤသည်ကို မြင်သည့်အခါ သူ့လက်ထဲရှိ ယပ်တောင်တစုံကို ဝေ့ယမ်း၏။ ထိုအလောင်းမှာ သူ့ယပ်တောင်ထံ ချက်ခြင်း ပျံသန်းလာ၏။ လူဝကြီးလိုင်ဝမ်ဟဲက ထိုခန္ဓာကိုယ်အား စစ်ဆေးကြည့်သည်။

“မင်း ပြောတာ မှန်တဲ့ပုံပဲ။ သူ့ခန္ဓာကိုယ်ထဲမှာ တို့နဲ့ ဝေးကွာလှတဲ့ မြွေအဆိပ်ဂိုဏ်းရဲ့ အဆိပ်ဟာ ပြန့်နှံ့နေပြီ…”

လူဝကြီးမှာ စူးစမ်းပြီးနောက်မှာ သူက ခေါင်းညိတ်သည်။ သို့သော် သူ့ထံမှ ထွက်ပေါ်လာသော စကားများကြောင့် ဟန်လိမှာ စိတ်ထဲကနေ တုန်ယင်သွား၏။

“ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ် လုံးဝ မထိခိုက်မပျက်စီးခင် သူ့ ရှေးဦးစိတ်ဝိညာဉ်ဟာ သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားလောက်တယ်။ သိုင်းတူလေးဟန်လိက ဒါကို မြင်လိုက်လား…”

လူဝကြီးမှာ အလောင်းကို မြေပေါ်သို့ ပြန်ပစ်ချကာ ဟန်လိအား တည်ငြိမ်စွာ မေးလိုက်သည်။

All Chapters