ဖောက်ထွက်ခြင်း - ၃
Vol. 18 Ch. 258
မိုးကုတ်စက်ဝိုင်းတွင်၊ ဂျာမီနယ်အဖွဲ့အစည်းမှ စစ်ကူများသည် လျင်မြန်စွာ ချဉ်းကပ်လာပြီး ဟန်ရှောင်းကို ဝိုင်းရံထားသည်။ စစ်မြေပြင်တဝိုက်တွင် စစ်ရဟတ်ယာဉ်အများအပြား ပျံဝဲနေသဖြင့် အခြေအနေသည် အတော်ဆိုးဝါးသွား၏။ တိုက်ပွဲရှည်ကြာလေ၊ ရန်သူများ ပေါ်လာလေလေဖြစ်သည်။ ဟန်ရှောင်းသည် နိုင်ငံ၆နိုင်ငံ စစ်ကူများ၏ အချက်ပြမှုများကို ရှာဖွေရန် သူ၏အာရုံကို ဖြန့်ကျက်ရင်း တိုက်ပွဲဝင်နေရသည်။ အချက်ပြမှုကို စောင့်မျှော်နေသော စက္ကန့်တိုင်းတွင် သူ၏စိုးရိမ်စိတ်များ တိုးလာ၏။
ဘုန်း ဘုန်း
ဟန်ရှောင်းသည် 'တိုက်ခိုက်သူ'များ၏ တိုက်ခိုက်မှုမှ သုံးကြိမ်ခံယူလိုက်ရပြီး ဟန်ရှောင်း၏ ၀တ်စုံပေါ်တွင် စွမ်းအင်များ ပေါက်ကွဲသွားသည်။ ပလက်တီနမ်သတ္တုစပ် ချပ်ဝတ်တန်ဆာသည် ပိန်ချိုင့်ရာများနှင့် အက်ကြောင်းအချို့ကို စတင်ပြသလာသည်။ ‘တိုက်ခိုက်သူ’၏ စွမ်းအင်တွင် ချပ်ဝတ်တန်ဆာ ထိုးဖောက်ဝင်ရောက်မှု ပါ၀င်သော်လည်း ဟန်ရှောင်း၏ ချပ်ဝတ်တန်ဆာ အဆင့်သည် ဘော့စ်တစ်ယောက်နှင့် တန်းတူဖြစ်သည်။ အကယ်၍ ဟန်ရှောင်းသည် တူညီသောအဆင့်ရှိ 'တိုက်ခိုက်သူ'တစ်ဦးဖြစ်ခဲ့ပါက၊ ပြင်းထန်သော အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင်၊ သူသည် ဒဏ်ရာအနည်းငယ် ရရှိမည်ဖြစ်သည်။ သို့သော် ဟန်ရှောင်းသည် ဘာမှမဖြစ်သကဲ့သို့ ပြုမူကာ သူ၏လှုပ်ရှားမှုသည် ယခင်ကကဲ့သို့ သွက်လက်နေ၏။
ဟန်ရှောင်းသည် ၎င်းတို့၏ တိုက်ခိုက်မှုများကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနေစဉ် အကြီးတန်း အမှုဆောင်အရာရှိငါးဦးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူတို့သည် ငါးယောက်တစ်ယောက် တိုက်ခိုက်လျှင် ဟန်ရှောင်း၏အသက်ကို ယူနိုင်မည်ဟု ထင်ခဲ့ကြသော်လည်း တိုက်ပွဲမှာ မတိုးသာမဆုတ်သာ ဖြစ်နေသေးသည်။
"ငါတို့ အဆင့်တူနေရင်တောင် ဟန်ရှောင်းက အရမ်းသန်မာတယ်"
ဟန်ရှောင်းသည် နောက်ပြန်ဆုတ်ကာ ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများကို [လှည့်ပတ်ခုတ်ချက်] ဖြင့် ဆွဲထုတ်လိုက်သည်။ သို့သော်၊ ဟန်ရှောင်းသည် ဖြူကောင်တစ်ကောင်၏ အချွန်များဖြင့် မိမိကိုယ်ကို ကာကွယ်ထားသကဲ့သို့ ကျွမ်းကျင်မှု [ဟာရီကိန်းဓါးသွားမုန်တိုင်း] ကို အသုံးချလိုက်သည်။ 'တိုက်ခိုက်သူ'သည် ဟန်ရှောင်းကို လက်သီးဖြင့်ထိုးလျှင် သူ့ကိုယ်သူ ထိခိုက်စေမည်ဖြစ်သည်။
တိုက်ပွဲသတင်းက ဟန်ရှောင်းကို လွှမ်းမိုးသွားသည်။ သူသည် အခြေအနေကို လျင်မြန်စွာ အကဲခတ်ပြီး စဉ်းစားနေ၏။ မြေကြီးနှင့် ရွှံ့နွံတွေကို ထိန်းချုပ်နိုင်တဲ့ အင်ဂရစ်ရဲ့ ‘အက်စ်ပါ’စွမ်းအားက သိပ်မထိခိုက်စေပေမယ့် ငါ့ကို ဒုက္ခအပေးနိုင်ဆုံးပဲ။ သူ့သွေးအမှတ်က တခြားသူတွေထက် အနိမ့်ဆုံးဆိုတော့ ဝန်းရံမှုကို ချိုးဖျက်ဖို့ အခွင့်အရေးအဖြစ် အဲဒါကို အသုံးချနိုင်တယ်။ မီးလျှံအလိုတော်ကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ထိမှန်သွားတယ်ဆိုရင်၊ သူက အနည်းဆုံးတော့ ဆက်မတိုက်နိုင်လောက်တော့ဘူး။ သို့သော်၊ သူ့ကိုတိုက်ခိုက်ဖို့ ဂျရော့စ်ရဲ့ ‘တွန်းအားနယ်မြေ’ကို ဖယ်ရှားရတာ ခက်လိမ့်မယ်။
သူက ဟီလာကို ဆက်သွယ်ပြီး “မင်းမှာ သေစေနိုင်တဲ့ စကေး ရှိလား။ မင်းရဲ့ စွမ်းအားကပဲ သက်ရောက်မှုအများကြီးမရှိဘဲ ‘တွန်းအားနယ်မြေ’ကို ဖြတ်ကျော်နိုင်တယ်။ ဂျရော့စ်က သူ့ရဲ့ ‘အက်စ်ပါ’စွမ်းအားကို တစ်စက္ကန့်လောက် ရပ်တန့်ဖို့ မင်းကို ငါလိုတယ်။ တစ်စက္ကန့်ပဲ။"
“ငါ့ကို နှစ်စက္ကန့်ပေး” ဟီလာက ပြန်ပြောပြီး မတ်တပ်ရပ်နေသည်။ သူမ၏ခန္ဓာကိုယ်သည် နက်မှောင်သောအနီရောင်အလင်းတန်းတစ်ခုကို ဖြည်းညှင်းစွာထုတ်လွှတ်လိုက်ပြီး၊ သူမသည် အချိန် ၂စက္ကန့်ရရန် ဟန်ရှောင်းကို ယုံကြည်ထားသည်။
အရာရှိငါးဦးသည် ဟီလာ၏လုပ်ရပ်ကို ချက်ခြင်းသတိထားမိသည်။ ဟီလာသည် ဂျာမီနယ်အဖွဲ့အစည်းတွင် မကြာသေးမီကအထိ အားကောင်းသော စစ်သားတစ်ဦးဖြစ်ကြောင်း သူတို့သိထားသောကြောင့်၊ သူမဘာလုပ်နေသည်ကို မသိသော်လည်း ပစ်မှတ်ကို အမြန်ပြောင်းကာ ဟီလာဆီသို့ တိုက်ခိုက်လိုက်ကြသည်။
ဟန်ရှောင်းတုန့်ဆိုင်းမနေဘဲ ဟီလာရှေ့သို့ ခုန်ချလိုက်သည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး တွန်းကန်အားနယ်မြေကို ဖန်တီးကာ ကျည်ဆန်များနှင့် 'တိုက်ခိုက်သူ'နှစ်ယောက်ကို တားဆီးလိုက်သည်။ ကျန်တိုက်ခိုက်မှုများကို သူ၏ ယန္တရားဝတ်စုံဖြင့် ပိတ်ဆို့ထားသည်။
နှစ်စက္ကန့်အကြာတွင် ဟီလာ၏မျက်လုံးများသည် အနီရောင်နက်ရောင် နေနှစ်စင်းနှင့်တူပြီး သူမလက်မောင်းကို အင်ဂရစ်ဆီသို့ ညွှန်ပြပြီး ပစ်ခတ်ရန် အသင့်ဖြစ်နေသည်။ ဂျရော့စ်သည် လျင်မြန်စွာ တုံ့ပြန်ပြီး အင်ဂရစ်အနီးရှိ မမြင်နိုင်သော စွမ်းအားနယ်ပယ်တစ်ခုကို ဖန်တီးခဲ့သည်။
နောက်တစ်စက္ကန့်တွင် ဟီလာသည် အင်ဂရစ်ဆီသို့ သူမ၏လက်ကို ညွှန်ပြနေသေးသော်လည်း မြင်ရသော အနီရောင်မုန်တိုင်းသည် ဂျရော့စ်ဆီသို့ ရွေ့လျားလာကာ သူ တိုက်ရိုက်ထိမှန်သွားသည်။
ဒါကို ဂျရော့စ်က မမျှော်လင့်ထားပေ။ ပက်လက်လန် လဲကျသွားပြီး နှာခေါင်းမှ သွေးများ ထွက်ကျလာသည်။
ဟီလာက ထုတ်လွှတ်လိုက်သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို သူမလက်နဲ့ ဘယ်တော့မှ ညွှန်ကြားခြင်း မရှိပါဘူး။ သူမလိုချင်တဲ့ လမ်းကြောင်းကို အလွယ်တကူ တိုက်ခိုက်နိုင်၏။ ထို့အပြင် ဟီလာ၏ တိုက်ခိုက်ရေး အာရုံမှာ ထက်မြက်ပြီး အင်ဂရစ်ကို လူတိုင်းက ကာကွယ်ရန် အာရုံစိုက်နေကြသည်ကို တွေ့ရသဖြင့် သူမသည် အင်ဂရစ်ဆီသို့ ညွှန်ပြကာ ဂျရော့စ်ကို ကြီးမားသော ထိခိုက်မှုဖြစ်စေခဲ့သည်။
အခု ငါ့အခွင့်အရေးပဲ!
ဟန်ရှောင်းသည် [ရွေ့လျားစနိုက်ပစ်ခြင်း] ကို အသုံးပြုပြီး ‘တိုက်ခိုက်သူ’များထံမှ ထွက်ပြေးလိုက်သည်။ သူ့လက်ထဲတွင် Ghost စနိုက်ပါ ရိုင်ဖယ်သေနတ်ဖြင့် သူ၏ မြှင့်တင်မှုအားလုံးကို အသက်ဝင်စေပြီး အင်ဂရစ်ကို ပစ်ခတ်လိုက်၏။
_____________________
သင် [မီးလျှံအလိုတော်] ကို အသုံးပြုခဲ့သည်။ တိုက်ခိုက်မှု၏ ထိခိုက်ပျက်စီးစေမှုကို ၅၁၂% တိုးမြှင့်ထားသည်။
_____________________
ဒီအချိန်တွက် ဟန်ရှောင်းမှာ အော်ငိုလုမတတ်ပင်။
ဝိုး၊ ဘုရားသခင်က ငါ့ဆုတောင်းချက်ကို ဖြေကြားတော်မူပြီ။ ငါ ဒီစကေးကို ရထားတာ တစ်နှစ်နီးပါး ရှိပြီ၊ အမြင့်ဆုံး ထိခိုက်စေမှုရတာ ဒါကပထမဆုံး အကြိမ်ပဲ။
ဗျီ!
ပါးလွှာပြီး ဖြောင့်စင်းသော အလင်းတန်းတစ်ခုက အင်ဂရစ်ဖန်တီးရန် ကြိုးစားနေသော အကာအကွယ် နံရံသုံးခုကို ဖြတ်သန်းသွားပြီး အင်ဂရစ်၏ ရင်ဘတ်သည် နှင်းဆီပွင့်တစ်ပွင့်ကဲ့သို့ သွေးများဖြင့် ပေါက်ကွဲသွားသည်။
_____________________
သင်၏ စကေး [သေစေနိုင်သော Critical ရိုက်ချက်] မှ ထိခိုက်ပျက်စီးစေမှု ၂၅၀% တိုးလာသည်။
[အသေသတ်ပစ်ချက်] အသက်သွင်းပြီး၊ ထိခိုက်ပျက်စီးစေမှုသည် စစ်မှန်သော ထိခိုက်ပျက်စီးစေမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
သင်သည် critical ထိခိုက်ပျက်စီးစေမှု အမှတ် ၄,၃၄၆ ကို ရရှိခဲ့သည် ။
သင်သည် အင်ဂရစ်(အဆင့် ၅၈) ကို သတ်ဖြတ်လိုက်ပါသည်။ သင်သည် အတွေ့အကြုံအမှတ် ၁၇၅,၀၀၀ ရရှိထားသည်။
သင်သည် စမ်းသပ်အမှတ်များ ၃၂မှတ် ရရှိထားသည်။
_____________________
"ငါလခွမ်း!" ဟန်ရှောင်းအံ့သြစွာ အော်လိုက်သည်။
အဆင့် ၆၀ မှ စပြီး အဆင့်တူအဆင့်ရှိ ရန်သူကို တစ်ချက်တည်းနှင့် အသေသတ်ရန်မှာ ဟန်ရှောင်းအဆင့်နိမ့်နေချိန်ကထက် ပိုမိုခက်ခဲသည်။ သူ့မျက်လုံးနဲ့ မမြင် လိုက်ရရင် ဟန်ရှောင်းဟာ သူ့ရဲ့ ပေါက်ကွဲစွမ်းအားက ဒီလောက်ပြင်းထန်တယ်လို့ ဘယ်တော့မှ ယုံမှာမဟုတ်ပေ။
Bennett ထံမှ သူသင်ယူခဲ့သော ကြီးကျယ်သောစွမ်းရည် [မီးလျှံအလိုတော်] အပါအဝင် သူ၏စွမ်းရည်များနှင့် ကျွမ်းကျင်မှုအားလုံးသည် သူမျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားစေသည်။ ဒါပထမဆုံးအကြိမ် သူ့ရဲ့ထိခိုက်ပျက်စီးစေမှုက ဟန်ရှောင်းကို ကြောက်လန့်စေခဲ့တယ်။
အင်ဂရစ်လဲကျသွားပြီး အသံမထွက်တော့ပေ။
ကျန်လေးယောက်က အံ့အားသင့်သွားပြီး အားလုံး၏မျက်နှာမှာ ဖြူဖျော့သွားကြသည်။
ဒီအဆင့်မှာ စူပါလူသားကို တစ်ချက်တည်းနှင့် ပစ်သတ်နိုင်သည့် သူတစ်ယောက်ကို သူတို့ တစ်ခါမှ မကြားဖူးပေ။ အင်ဂရစ်သေဆုံးမှုကို မျက်မြင်တွေ့ပြီးနောက်၊ အရင်က တစ်ခါမှ မခံစားဖူးတဲ့ အကြောက်တရားတွေက သူတို့ရဲ့ နှလုံးသားတွေကို လျင်မြန်စွာ ဖုံးလွှမ်းသွား၏
ဟန်ရှောင်းက သူတို့ရဲ့ စိတ်ဓာတ်တွေ နိမ့်ကျနေချိန်မှာ ဖိအားတွေ ပေးလိုက်သည်။ သို့သော်လည်း ရဟတ်ယာဉ်များနှင့် တင့်ကားများသည် ဟန်ရှောင်းကို ရုတ်တရက် ပစ်ခတ်ကာ အမှုဆောင်အရာရှိများအတွက် အထောက်အပံ့ပေးလိုက်သည်။
ဟန်ရှောင်းရပ်နေသည့်နေရာတွင် ကျည်ဆံများနှင့် ဗုံးများ ပေါက်ကွဲသွားပြိး လေထဲသို့ ဖုန်မှုန့်များနှင့် မီးခိုးများ ပြည့်လျှံသွားသည်။ ဟန်ရှောင်းသည် ကျည်ဆန်များကို ရှောင်ရန် ကြိုးစားသော်လည်း သံချပ်ကာခွင်း တင့်ကားအမြောက်ဆံသည် ဟန်ရှောင်းကို တိုက်ရိုက်ထိမှန်သွား၏။ သူ၏ခန္ဓာကိုယ်သည် ထိခိုက်မှုကြောင့် လွင့်ပျံသွားပြီး မြေပြင်ပေါ် လှိမ့်သွားသည်။ ဝတ်စုံရဲ့ နံဘေးတွင် မီးခိုးများထွက်နေပြီး ကွဲအက်သွား၏။ ဝတ်စုံ၏ ကြာရှည်ခံမှုသည် အမှတ်ရာဂဏန်းအနည်းငယ် ကျဆင်းသွားကာ မိုက်ခရိုချစ်ပ်စနစ်သည် ခေတ္တတုံ့ပြန်မှုမရှိတော့ပေ။
ပြင်းထန်သော အမြောက်ကျည်ဆံတစ်ခု တိုက်ရိုက်ထိမှန်ပြီးနောက်၊ Class-C စူပါလူသားတစ်ဦးပင် ထိခိုက်ဒဏ်ရာ ရရှိမည်ဖြစ်ပြီး Class-D စူပါလူသားသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် Class-E စူပါလူသားဖြစ်ခဲ့ပါက၊ ထိုလူ၏ခန္ဓာကိုယ်သည် အပိုင်းပိုင်းကွဲအက်သွားမည်ဖြစ်ပြီး သာမန်လူသားတစ်ဦးအကြောင်းကိုတော့ ထည့်ပြောရန်ပင် မလိုတော့ပေ။
ဟန်ရှောင်း၏ ရန်သူများသည် သူ့ရှေ့တွင် အကြီးတန်းအမှုဆောင်အရာရှိ ငါးဦးသာမက သူတို့ကို ကျောထောက်နောက်ခံပေးထားသည့် စစ်တပ်တစ်ခုလုံး ပါဝင်သည်။
“သေစမ်း…” ဟန်ရှောင်းက ပြန်ထရန် ရုန်းကန်နေသည်။ ရုတ်တရက် သူ့ခြေလက်တွေ ရစ်ပတ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဂျရော့စ်သည် သူ့ကိုထောင်ဖမ်းကာ သူ၏လှုပ်ရှားမှုကို ကန့်သတ်လိုက်သည်။ ဟန်ရှောင်းသည် သူမ၏ ကျောရိုးတစ်လျှောက် အေးစက်တုန်လှုပ်ခြင်းကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ အန္တရာယ်ရှိနေပြီ။
‘တိုက်ခိုက်သူ’အမှုဆောင်အရာရှိ သုံးဦးသည် ဟန်ရှောင်းထံ ပြေးဝင်လာကြပြီး ၎င်းတို့၏ စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သေခြင်းတရားကို ကြောက်ရွံ့ခြင်းကြောင့် ဟန်ရှောင်းကို အနိုင်ယူရန် သူတို့ လျှို့ဝှက်ထားသော စွမ်းရည်နှင့် စွမ်းအားအားလုံးကို အသုံးပြုလိုက်ကြတော့သည်။
ဟီလာက အရာရှိသုံးယောက်ရှေ့မှာ ရပ်လိုက်ပြီး ရန်သူများကြောင့် သူမဆံပင်များပင် လေထဲလွင့်ပျံနေသည်။ သူမလျှာကိုကိုက်ပြီး Necromastery shock blast ကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း၊ ‘တိုက်ခိုက်သူ’များ အားလုံးသည် ခံနိုင်ရည်ရှိကြပြီး ဟီလာ၏ စိတ်ပိုင်းဆိုင်ရာ ဂယက်လှိုင်းကို အလွယ်တကူ တားဆီးနိုင်ကြသည်။ စွမ်းအင်များ ဖုံးလွှမ်းနေသော လက်သီးများနှင့် ကန်ချက်များသည် ဟီလာ၏ ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ ကျရောက်လာသည်။ အရိုးကွဲအက်သံသည် ဗျောက်အိုးဖောက်လိုက်သလို ဟန်ရှောင်း၏နားထဲသို့ တိုးဝင်လာသည်။
နှောင့်နှေးမှုမရှိဘဲ၊ လှံပုံသဏ္ဍာန်ပြင်းထန်သော ‘တွန်းအားနယ်မြေ’တစ်ခုက ဟီလာ၏ ဗိုက်ကိုဖောက်ဝင်သွားပြီး လက်သီးနှစ်လုံစာလောက်ကျယ်သော သွေးထွက်သံယိုဒဏ်ရာကို ချန်ထားခဲ့သည်။ သူမ၏ ကိုယ်တွင်းအင်္ဂါများအားလုံး ဖျက်ဆီးခံလိုက်ရသည်။
‘တွန်းအားနယ်မြေ’၏ ရိုက်ခတ်မှုကြောင့် ဟီလာသည် ၁၀မီတာခန့်အကွာသို့ ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူမ၏ ဆံပင်များသည် နီမြန်းသော သွေးအိုင်ထဲတွင် ဖုံးလွှမ်းနေသော ပန်းပွင့်များကဲ့သို့ ပြန့်ကျဲနေသည်။
ဟန်ရှောင်း၏ စိတ်ထဲတွင် အဆင့် ၄၀ 'အက်စ်ပါ' သည် ထိုတိုက်ခိုက်မှုအောက်တွင် အသက်ရှင်ဖို့ မဖြစ်နိုင်ပေ။
"တစ်ယောက်ပြီးပြီ၊ နောက်တစ်ယောက်!" ဂျရော့စ်က သေမင်းတမန်မျက်လုံးနှင့် ပြောလိုက်သည်။
နက်ပြာရောင် စွမ်းအားများ ပေါက်ကွဲထွက်ပြီး ဟန်ရှောင်းသည် ‘တွန်းအားနယ်မြေ’မှ လွတ်မြောက်သွားသည်။ သူသည် ဟီလာအနားသို့ အမြန်ပြေးသွားပြီး သူမ၏ အခြေအနေကို စစ်ဆေးသည်။ တစ်ချက်ထိလိုက်ပြီးနောက် ဟီလာ၏ လက်များ၊ နံရိုးများနှင့် ကျောရိုးများမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို သူသိလိုက်သည်။ ခန္ဓာကိုယ် အလယ်တွင် ကြီးမားသော အပေါက်ကြီး ရှိပြီး သူမရဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အားလုံးမှာ ယိုကဲ့သို့ ကြိတ်ခြေခံထားရသည်။
ဟန်ရှောင်းသည် ဆေးထိုးအပ်ကိုထုတ်ပြီး ဟီလာအတွင်းသို့ ထိုးသွင်းလိုက်သော်လည်း သူမခန္ဓာကိုယ်ကိုကြည့်သောအခါ ဟီလာ၏ကျောက်ကပ်များမှာ အရည်ပျော်နေပြီဖြစ်သည်။
ဟီလာမျက်လုံးမှိတ်ပြီး အသက်ရှူရပ်သွား၏။
"ဟေး၊ မင်းမသေသေးဘူး မဟုတ်လား" ဟန်ရှောင်းမတုံ့ပြန်နိုင်တော့ပေ။ ဟီလာသည် ဂြိုလ်များကို ဖျက်ဆီးနိုင်စွမ်းရှိသော စူပါလူသားတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး ကြယ်တာရာသင်္ဘောတပ်ဖွဲ့ကို တစ်ယောက်တည်း ချေမှုန်းနိုင်မည်ဖြစ်သည်။ ဘာသမိုင်းမှ မရေးရသေးဘဲ ကြီးမားတဲ့ အရည်အချင်းရှိသူက ဘယ်လိုသေသွားတာလဲ။
ဒါမှမဟုတ် သူက တိုက်ပွဲကိုတိုက်တာ လွန်သွားတာလား။
ရန်သူများ ပိုများလာသည်နှင့်အမျှ ဟန်ရှောင်းသည် မျက်မှောင်ကြုတ်လိုက်သည်။
တိုက်ပွဲတစ်ခုအတွင်းမှာ ဒေါသက သူ့စိတ်ကို ဘယ်တော့မှ မလွှမ်းမိုးနိုင်ပေ။ သူ့မှာ ဒီလို စရိုက်မျိုး မရှိဘူးဆိုတာ သိတဲ့အတွက် သူ ဘယ်တော့မှ ပူပန်နေမှာ မဟုတ်ပေ။ သူသည် စစ်မြေပြင်ရှိ အခြေအနေများကို လျင်မြန်စွာ ပိုင်းခြားစိတ်ဖြာပြီး အကောင်းဆုံးရွေးချယ်မှုမှာ သူ့ဘာသာသူ ထွက်ပြေးရန်ဖြစ်သည်။
ဟန်ရှောင်းသည် ဟီလာ၏ အလောင်းကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်နှာမှာ အေးခဲသွားသည်။
တွန့်ဆုတ်ခြင်းသည် ဒုက္ခဆီသို့သာ ဦးတည်သည်...