← Chapters

နိုင်ငံ၏ ကောင်းချီး ဆုံးရှုံးခြင်း

Vol. 15 Ch. 199

နိုင်ငံ၏ ကောင်းချီး ဆုံးရှုံးခြင်း

Vol. 15 Ch. 199

အဖြူရောင် ကျောက်စိမ်း စင်မြင့်ပေါ်တွင် ဇူယွမ်က တည်ငြိမ်စွာဖြင့် ဝူဟောင်၏ စိတ်ဝိညာဉ် ပျောက်ဆုံး သွားသည့် နေရာအား စိုက်ကြည့်နေကာ သူ၏ ခန္ဓာကိုယ်မှာ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်း သွားသည်။

ဝူဟောင် ထို့သို့ လွတ်မြောက် သွားလိမ့်မည်ဟု သူမမျှော်လင့် ထားပေ။ ကံအားလျော်စွာပဲ မြင့်မြတ်သော နဂါး၏ ကောင်းချီးပေးမှု၏ သုံးပုံနှစ်ပုံကို နဂါးဒေါသ အဆိပ်က ဝူဟောင်ထံမှ ဖြတ်လုပြီး သူ့အတွက် စုပ်ယူပေးခဲ့သည်။

အရေးကြီးသည့် မြင့်မြတ်သော နဂါးကောင်းချီး ပေးခြင်း ဆုံးရှုံး သွားခြင်းက သိသာစွာပင် ဝူဟောင်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။

လွန်ခဲ့သော နှစ်များစွာက ဝူဘုရင်က သူ ခန္ဓာကိုယ် အတွင်းမှ မြင့်မြတ်သော နဂါးကောင်းချီးကို ထုတ်ယူခဲ့ပြီး သူ့အနေဖြင့် သုံးပိုင်း ခွဲထုတ်ခဲ့သည်။ ကြီးမြတ်သော ဝူအင်ပါယာက စပါးအုံးနှင့် စာကလေးတို့ကို တစ်ခုစီ အပ်နှင်းခဲ့ပြီး နောက်ဆုံး တစ်ခုကို ကြီးမြတ်သော ဝူအင်ပါယာ၏ နိုင်ငံတော်ကောင်းချီး အဖြစ်သို့ ပြောင်းလဲခဲ့သည်။

သည်အချိန်တွင် ဇူယွမ်က သေးငယ်သော အရာတစ်ခုသာကို သာလျှင် ပြန်လည် ရယူခဲ့နိုင်သေးသည်။

ဇူယွမ်က လက်ကို မြှောက်လိုက်ပြီး သူလက်ဖဝါးရှိ အနီရောင် အဖုလေး၏ ချီကို ကြည့်လိုက်သည်။ ထိုအရာက ကြီးမားသော ဒေါသ အရှိန်အဝါကို ပေးစွမ်းသည်။ နဂါးဒေါသ အဆိပ်။

ဝူဟောင်ထံမှ မြင့်မြတ်သော နဂါးကောင်းချီး ပေးမှုအား သုံးပုံနှစ်ပုံမျှ စုပ်ယူပြီးချိန်တွင် ထိုအရာက ချက်ချင်းကို ကြီးထွား လာဟန်ရသည်။ ထိုအရာက မူလက သွေးနီရောင် အဖုလေးမှ ယခု မှိန်ဖျော့ပြီး သေးငယ်သော သွေးနီရောင် နဂါးပုံရိပ်လေး အဖြစ်သို့ ပြောင်းလဲနေသည်။

“နဂါးဒေါသ အဆိပ်က ပိုပြီး သန်မာလာတယ်”

ဇူယွမ် အနေဖြင့် ထိုအရာက ပိုမိုပြီး လွှမ်းမိုး လာသည်ကို သိရှိပြီး  သူ့အား စိုးရိမ်ပူပန် စေသည်။ သည်အဆိပ်က သည်အချိန်တွင် အခြားသူများ အတွက် သေစေနိုင်မည့် လက်နက် ဖြစ်လာနိုင်သော်လည်း သူ့အတွက် ကြောက်ရွံ့ဖွယ်ရာ ဇာစ်မြစ် ဖြစ်သည်။

ထို့အပြင်  သည်အရာက သူ့ကို နှစ်ပေါင်းများစွာ ဖိနှိပ်ပြီး ညှဉ်းပန်းစက်ခဲ့သည်။

“မင်းနဲ့ငါက ခန္ဓာတစ်ခုတည်းကို မျှသုံး နေခဲ့တာပဲ။ မြင့်မြတ်သော နဂါးကောင်းချီး ပေးမှုကို မင်းတစ်ယောက်တည်း သာယာ ကြည်နူးပြီး အပိုင်မသိမ်းထားနဲ့”

သူ့၏ အသံ ထွက်ပေါ်လာပြီး အံ့ဖွယ်စပါးအုံး သားရဲချီများက သူ၏ ချီသိုလှောင်ခန်းတွင် စတင် လည်ပတ် လိုက်သည်။ နက်ရွှေရောင် မူလချီများထံမှ ရှူးရှူးရှားရှား အသံများ ထွက်ပေါ်လာပြီး စပါးအုံး တစ်ကောင်၏ ပုံရိပ်ထွက်ပေါ် လာခဲ့သည်။ သူ၏ ပါးစပ်အား ဖွင့်ဟ လိုက်ပြီး တစ်မူ ထူးခြားသော စုပ်ယူမှုအားကို ထုတ်ဖော်လိုက်သည်။

ထိုစုပ်ယူမှုများ ထွက်ပေါ် လာသည်နှင့် သူ့လက်ဖဝါးပေါ်ရှိ နဂါးဒေါသ အဆိပ်က စတင် တုန်ခါလာပြီး တိုးညင်းသော နဂါးဟိန်းသံလေး ထွက်ပေါ်လာသည်။

မြင့်မြတ်သော နဂါးကောင်းချီး အမျှင်တန်းများ ကနဂါး ဒေါသအဆိပ်မှ ထွက်ပေါ်လာပြီး အံ့ဖွယ်စပါးအုံး ချီထံသို့ စီးဝင်သည်။

ဝေါင်း …

နဂါးဒေါသ အဆိပ်က ဟိန်းသံပြုလိုက်ပြီး ထိုအရာကို တားဆီးရန် ကြိုးစားသည်။ သို့သော် နဂါးဒေါသ အဆိပ်အနေဖြင့် ခုခံခြင်းမှပင် မပြုနိုင်ဘဲ အံဖွယ်စပါးအုံး ချီများက မြင့်မြတ်သော နဂါးကောင်းချီးအား စုပ်ယူ သွားသည်ကို ခွင့်ပြုပေးခဲ့ရသည်။ ဇူယွမ်အနေဖြင့် မြင့်မြတ်သော နဂါးကောင်းချီးအား စုပ်ယူနေရင်းမှ အနာဂတ်တွင် ကြီးမားသော ပြဿနာ ဖြစ်လာမည်ကို လွန်စွာ စိတ်ပူနေပေသည်။

သို့သော်လည်း မြင့်မြတ်သော နဂါးကောင်းချီးက သူ၏ အံ့ဖွယ်စပါးအုံးချီကို အလွန် အကျိုးရှိစေသည်။

တဖြည်းဖြည်းချင်း အံ့ဖွယ်စပါးအုံး ချီများက မြင့်မြတ်သော နဂါးကောင်းချီးကို စုပ်ယူနေသည်။ ဇူယွမ်အနေဖြင့် အံဖွယ်စပါးအုံးချီမှ ပြောင်းလဲမှုကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအရာမှာ နက်ရွှေရောင် အရောင်မှ တဖြည်းဖြည်း တောက်ပ လာခြင်းပင် … သည်အခြေအနေတွင် သူ၏ချီ အဆင့်ကလည်း မြင့်တက်လာသည်။

ဇူယွမ်၏ မျက်လုံးတွင် မှိန်ဖျော့ဖျော့ အလင်းများ လင်းလက်နေသည်။ မြင့်မြတ်သော နဂါးကောင်းချီးက သူ၏ အံ့ဖွယ်စပါးအုံး ချီကို အဆင့်ကြီး တစ်ဆင့် မြှင့်တင်ပေးရန် မျှော်လင့်နေသည်။ သူတွေးနေစဉ်မှာပင် အံဖွယ်စပါးအုံးချီက အဆင့် (၅) မှ အဆင့် (၆) သို့ မြင့်တက် သွားသည်။

အဆင့်တစ်ခုသာ တက်သွားခြင်း ဖြစ်ပေမဲ့လည်း ဇူယွမ်က ထိုအရာ၏ လုပ်နိုင်စွမ်း ကွာခြားသွားခြင်းကို နားလည်ပေသည်။

အဆင့် ၆ မူလချီ။ ကန်မင် ကုန်းမြေတိုက်ကြီးမှ ကြီးမြတ်သော အင်ပါယာ များလျှင်ပင် ထိုအရာကို ပိုင်စွမ်းနိုင်ခြင်း မရှိပေ။

“နောင်တရစရာပဲ ဝူဟောင်သာ ကောင်းချီး အချို့ကို ယူဆောင် မသွားခဲ့ရင် အံ့ဖွယ်စပါးအုံးချီက သည်ထက်ပိုပြီး ဆက်လက် တိုးတက် ပြောင်းလဲပြီး ကမ္ဘာဖျက်ဆီးခြင်း ကောင်းကင် မြွေနဂါးချီသို့ ပြောင်းလဲနိုင်မည် ဖြစ်သည်”

ဇူယွမ် အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ မြင့်မြတ်သော နဂါးကောင်းချီးကို ဒီနေ့မှာ လက်ခံရရှိခြင်းက သူ၏ အံ့ဖွယ်စပါးအုံး သားရဲချီကို နောက်တစ်ဆင့်သို့ မြင့်တက် စေခဲ့သော်လည်း အဆင့်  (၇) အထိ ရောက်ရှိရန် အတွက် မလုံလောက်ခဲ့ပေ။

မြင့်မြတ်သော နဂါးကောင်းချီး …

ဇူယွမ်က သူ၏ လက်ငါးချောင်းကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ အကြည့်များက စတင်ပြီး အေးစက်လာသည်။

“ငါမကြာခင် ဒါမှမဟုတ် နောက်ကျရင် အရာအားလုံးကို ပြန်ယူမယ်”

သူမျက်နှာတွင် ပြတ်သားစွာ ဆုံးဖြတ်ထားဟန်များ ပေါ်လွင်နေသည်။ အံ့ဖွယ် မူလ စပါးအုံးချီများက နဂါးဒေါသ အဆိပ်ထံမှ မြင့်မြတ်သော နဂါးကောင်းချီးကို ဆက်လက်ပြီး စုပ်ယူနေစေပြီး သူ၏ခေါင်းကို မော့လိုက်ကာ အဖြူရောင် ကျောက်စိမ်း ကွင်းပြင်၏ အတွင်းပိုင်းကို ကြည့်လိုက်သည်။

မြူများက ရုတ်တရက် လွင့်စဉ် ပပျောက်သွားပြီး လူတစ်ကိုယ်စာ သွားနိုင်သည့် ကျောက်တုံး လမ်းငယ်လေး ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် ဇူယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ ခြေလှမ်းအား စတင်လိုက်ကာ ကျောက်တုံး လမ်းငယ်လေး အတိုင်း လျှောက်သွားလိုက်သည်။

သူ့အနေဖြင့် သူ၏ ကြိုးစားမှု အတွက် ရရှိမည့် ကောင်းချီးများကို ထိုလမ်းတွင် ရှိနေဖို့ အတွက် မျှော်လင့်ပေသည်။

***

ကြီးမြတ်သော ဝူအင်ပါယာ။

ကြီးမားလှသော ခန်းမကြီးထဲတွင် အရာရှိများက နိုင်ငံ၏ အရေးကြီး ကိစ္စများကို ဆွေးနွေး နေကြသည်။

နဂါးဝတ်ရုံနှင့် ပုံရိပ်တစ်ခုက ဘုရင့်ထိုင်ခုံ ပေါ်တွင် ထိုင်လျက်ရှိသည်။ စွမ်းအားကြီးမား လှသည့် အရှိန်အဝါများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး လူတိုင်းကို သူ့အား ဦးညွှတ်လို စိတ်များကို ပေးစွမ်းသည်။

မူလချီများက သူ၏ ဦးခေါင်းပေါ်တွင် မှိန်ဖျော့စွာ စုစည်းနေပြီး တိမ်တိုက်များပုံစံ ဖြစ်ပေါ်နေကာ မူလချီ အလင်းတန်းများက အောက်သို့ ကျဆင်းနေသည်။

သူက တင်းမာ ခက်ထန်ပြီး ဂုဏ်သိက္ခာရှိသော မျက်နှာနှင့် သက်လတ်ပိုင်း လူကြီးတစ်ဦး ဖြစ်သည်။ သူ၏ အကြည့်များမှာ တစ်စုံတစ်ရာသော ကိစ္စတွင် စဉ်းစားနေဟန် ရပြီး သူထံမှ အလွန်အမင်း အေးစက်မှုများ ထွက်ပေါ်နေသည်။

ထိုပုဂ္ဂိုလ်မှာ ကြီးမြတ်သော ဝူအင်ပါ၏ ဘုရင်ဖြစ်သည့် ဘုရင်ဝူ ဖြစ်သည်။

သည်အချိန်တွင် သူက မျက်လုံးများကို အသာအယာ မှိတ်ထားပြီး သူ၏ အင်ပါယာမှ ဝန်ကြီးများ၏ တင်ပြချက်များကို နားထောင်နေသည်။

ရုတ်တရက် ဘုရင်ဝူ၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်သွားပြီး ကြီးမားသော ခန်းမကြီး၏ အပြင်ဘက်ကို ကြည့်လိုက်သည်။ နန်းတော် အထက်ရှိ ကောင်းကင်ထက်တွင် နဂါးဟိန်းသံ ထွက်ပေါ်လာပြီး ထိုဧရိယာ တစ်ဝိုက်ရှိ မှုလချီများမှာ ပရမ်းပတာ ဖြစ်သွားသည်။

လူတိုင်း ထိတ်လန့်သွားပြီး ပရမ်းပနာ ဖြစ်နေသည့် မြင့်မြတ်သောင် နန်းတော် အပေါ်ဘက်သို့ ကြည့်လိုက်သည်။

ဘုရင်ဝူ၏ မျက်နှာ အမူအရာမှာ တင်းမာ သွားသည်။ သူ၏ မျက်လုံးတွင် အလင်းထွက် ပေါ်လာပြီး မျက်မှောက် ကာလတွင် နန်းတော်၏ အပြင်ဘက်  ကောင်းကင်ပြင်တွင် နေရာ ယူထားသည့် နဂါးနှင့် ဖီးနစ်တို့၏ ပုံရိပ်ကို ကြည့်လိုက်သည်။

သည်ပုံရိပ် နှစ်ခုက မြင့်မြတ်သော နန်းတော် ပတ်ပတ်လည်တွင် လည်ပတ်နေပြီး ကြီးမြတ်သော ဝူအင်ပါယာ၏ နိုင်ငံကောင်ချီးကို ကိုယ်စားပြု နေသည်။

သည်အခိုက်တွင် ဖီးနစ်၏ ချီများက ဆက်လက် တည်ရှိနေပြီး နဂါး၏ ချီမှာ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကွယ်ပျောက် နေသည်။

“နဂါးချီအချို့ ဆုံးရှုံးသွားပြီ”

ဝူဘုရင်မှာ ရုတ်တရက် မတ်တတ် ထရပ်လိုက်ပြီး သူ၏ အမူအရာမှာ ပြင်းထန်နေပြီး သူက မယုံကြည်နိုင်စွာ ပြောသည်။

“ဟောင်အာများ တစ်ခုခု ဖြစ်နေတာလား”

“မူလချီတွေက အရှေ့ဘက်ကို ဦးတည် သွားပါတယ်”

“အရှေ့ဘက် … အဲဒီဘက်မှာ  ကြီးမြတ်သော ဇူအင်ပါယာ တည်ရှိတယ်”

ဝူဘုရင်၏ အမူအရာမှာ ကြောက်မက်ဖွယ် ကောင်းအောင် ပြောင်းလဲသွားသည်။

“ကောင်းပြီ ​ကြီးမြတ်သော ဇူအင်ပါယာ၊ ကြည့်ရတာ မင်းတို့က ငြိမ်းငြိမ်းချမ်းချမ်း မသေချင်ဖူးနဲ့ တူတယ်”

သူအနေဖြင့် ဘာဖြစ်နေလဲ အတိအကျ မသိပေမဲ့ နိုင်ငံ၏ ကောင်းချီးများက ကမ္ဘာ၏ အရှေ့ဘက်  အခြမ်းသို့ ဦးတည် သွားသည့် အတွက် သူတို့၏ ဆုံးရှုံးသွားသော နိုင်ငံကောင်းချီး များသည် ကြီးမြတ်သော ဇူအင်ပါယာသို့ ပြောင်းသွားမှန်း သေချာပေသည်။

သူ့က ရုတ်တရက် ခန်းမအတွင်းရှိ အရာရှိများကို ကြည့်လိုက်ပြီး ပြင်းထန်စွာ အမိန့်ပေးလိုက်သည်။

“မြန်မြန် ချက်ချင်းပဲ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ အိမ်ရှေ့မင်းသားကို ရှာဖွေဖို့ လူလွှတ်လိုက်။ အိမ်ရှေ့မင်းသား လုံခြုံလား သေချာအောင် သွားကြည့်”

***

ကြီးမြတ်သော ဇူအင်ပါယာ။

မြင့်မြတ်သော နန်းတော် တစ်နေရာတွင် ဇူချင်က ချင်ယုနှင့် အတူ ပန်းခြံ အတွင်းက လမ်းလေးအတိုင်း လျှောက်လှမ်း နေသည်။ သူ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး တွေဝေသွားဟန်ဖြင့် ခေါင်းမော့ ကြည့်လိုက်သည်။

သူ၏ မျက်လုံးတွင် မူလချီလှိုင်းများ ထွက်ပေါ်လာပြီး တစ်မူ ထူးခြားစွာ ဖြစ်တည်လာသော မူလချီများကို မြင်တွေ့လိုက် ရသည်။ ထိုမူလချီ များသည် ခဏအကြာတွင် ပုံသဏ္ဌာန် ဖြစ်တည်လာပြီး နဂါးတစ်ကောင်၏ ပုံရိပ် ဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင် ကြီးမြတ်သော ဇူအင်ပါယာ အတွင်းတွင် မှုလချီများက ပိုမို အသက်ဝင်လာပြီး ခိုင်မာလာဟန် ရသည်။

ဇူချင်က အံ့အားသင့်စွာ အော်လိုက်သည်။

“ဒါ ဒါက နိုင်ငံကောင်းချီး မလား”

အတိတ်၏ ရွှေရောင် အချိန်တွင် ကြီးမြတ်သော ဇူအင်ပါယာသည် ပုံမှန်အားဖြင့် နိုင်ငံကောင်းချီးကို ပိုင်ဆိုင်ခဲ့ပေသည်။ ဝူကလန်၏ ပုန်ကန်မှုတွင် ကြီးမြတ်သော ဇူအင်ပါယာမှာ အားနည်း သွားခဲ့ကာ နိုင်ငံကောင်းချီး အများအပြားလည်း ကွယ်ပျောက်သွားပြီး ခါးသီးစွာ ကြိုးစားသော အခါမှ ကောင်းချီး အနည်းငယ်သာ ကျန်ရှိနေသည်။

မည်သူမှ သည်နေ့လိုမျိုး ပြန်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မိပေ။

ဇူချက်က ထိုမြင်ကွင်းကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေပြီး ခဏအကြာမှာ သူ၏ မျက်လုံးများမှာ နီရဲလာပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“ဒါ ယွမ်အာ လုပ်တာလား”

“ယွမ်အာက မြင့်မြတ်သော နဂါးကောင်းချီးကို ပြန်လည် ရယူနိုင်ခဲ့ပြီ”

“ယွမ်အာက သူတော်စင် အကြွင်းအကျန် ဒေသကို ဦးတည်ပြီး ထွက်သွားခဲ့တယ်။ သူဝူဟောင်နဲ့ ရင်ဆိုင်ရပြီး ဝူဟောင်ဆီကနေ မြင့်မြတ်သော နဂါးကောင်းချီးကို ပြန်လည်ရယူ နိုင်တာပဲ ဖြစ်လိမ့်မယ်။”

ဇူချင်က လျင်မြန်စွာပဲ မှန်းဆလိုက်တယ်။ သူက ချင်ယု၏ လက်များကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

“ယွမ်အာက ဝူဟောင်ကို အနိုင်ယူခဲ့ပြီ”

“အဲဒါက တကယ်ပဲလား”

ချင်ယုက မယုံကြည်ဟန်ဖြင့် မေးလိုက်သော်လည်းပဲ သူမ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများကို တွေ့နိုင်ပေသည်။ သူမက ဇူယွမ် ထွက်သွားစဉ်က စိုးရိမ်ပူပန်ခဲ့ သော်လည်း ယခုဆိုလျှင် သူမ၏ သားက အငြင်းပွားစရာ မလိုအောင် သူမ၏ သားက သူတော်စင် အကြွင်းအကျန် ဒေသသို့ သွားသော ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း သူမ၏ သားက ဝူဟောင်အား အနိုင်ယူခဲ့ သည်ဟု ကြားလိုက်ရချိန် တွင်တော့ …

ဇူချင်က ခေါင်းညိတ်ပြလိုက်ပြီး …

“မဟုတ်ရင် နိုင်ငံရဲ့ အကာအကွယ် ဖြစ်တဲ့ နဂါးချီတွေက ကြီးမြတ်သော ဇူအင်ပါယာမှာ ဘယ်လို လုပ်ပြီးပေါ်လာမှာလဲ”

သူက အကူညီမဲ့စွာပဲ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီး သူ၏ ကျားရဲ ကဲ့သို့ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

“အကောင်းဆုံးပဲ အကောင်းဆုံးပဲ အခု ငါတို့ရဲ့ ယွမ်အာကို ဘယ်သူက မသန်မစွမ်း ဖြစ်နေတဲ့ နဂါးလို့ ပြောရဲလဲ ဆိုတာ ကြည့်ရအောင်”

လွန်ခဲ့တဲ့ နှစ်များစွာက သူက ကြီးမြတ်သော ဝူအင်ပါယာရဲ့ ဝူဘုရင်၏ ဖိအားအောက်တွင် ရောက်ရှိနေခဲ့ပြီး သူက ကြီးမြတ်သော ဇူအင်ပါယာနှင့် အတူ အပတ်တကုတ် ကြိုးပမ်းခဲ့ သော်လည်း နေ့တိုင်းက အမှောင်ထုများနှင့် ပြည့်နှက်နေပြီး မျှော်လင့်ချက် အလင်းရောင်လေး တစ်ခုပင် မထွန်းလင်းခဲ့ပေ။

ထပ်ပြီးတော့ သူအနေနဲ့ ဇူယွမ်ကိုလည်း မကာကွယ်နိုင်ခဲ့ဘဲ မွေးဖွားစဉ် ကတည်းက ဘေးအန္တရာယ်များမှာ ဇူယွမ် ခံစားခဲ့ရသည့် အတွက် သူ့ကိုယ်သူ နက်ရှိုင်းစွာ အမြဲအပြစ်တင် နေခဲ့ရသည်။

သူ၏ ဦးခေါင်းကို မော့လိုက်ပြီး ကြီးမြတ်သော ဝူအင်ပါယာဆီသို့ လှမ်းကြည့်လျှင် ဝူဘုရင်၏ ဒေါသ ထွက်နေသော မျက်နှာ ပေါ်လာခဲ့သည်။

“ဝူဘုရင် … မင်းက ငါ့ရဲ့ သားဆီကနေ မြင့်မြတ်သော နဂါးရဲ့ ကောင်းချီးကို ထုတ်ယူ လိုက်တာနဲ့ သူရဲ့ ဘဝက အသူရာ ချောက်နက်ထဲ ကျသလို ပြီးဆုံး သွားမယ်လို့ ယုံကြည်ခဲ့တယ် …”

“မင်းက မင်းအနိုင်ရပြီလို့ ယုံကြည်ခဲ့တာ မလား”

“သို့သော်လည်း အခုကြည့်ရတာ”

“မင်းက လုံးဝ မနိုင်သေး သလိုပဲ”

“ပြီးတော့ ငါ့ရဲ့ ကြီးမြတ်သော ဇူအင်ပါယာကလည်း မရှုံးနိမ့်သေးဘူး”

***

မြူမှုန်များ ရစ်ဝဲနေသည့် တောင်ထွတ်ကြီးပေါ်ရှိ အိုမင်း ရှေးကျသော ဟောခန်းမကြီး အတွင်းတွင် …

စင်မြင့်ပုံစံ ခုံတစ်ခုပေါ်တွင် ထိုင်နေသော မိန်းမပျိုလေး တစ်ယောက်၏ မျက်လုံးရွဲကြီးများ ပွင့်လာခဲ့သည်။ သူမ၏ လှပသော မျက်နှာက တစ်မူထူးခြားစွာ ညို့ငင်နိုင်စွမ်းရှိပြီး သူမ၏ ညို့ယူနိုင်စွမ်း အောက်တွင် မကျရှုံးနိုင်သူ မရှိနိုင်ပေ။

ထူးခြားသော သူမ၏ တည်ရှိမှုက မြင့်မြတ်တော်၀င်ပြီး လျှို့ဝှက် ဆန်းကျယ်သည့် ဖီးနစ် ငှက်တစ်ကောင်လိုပင်။

သူမက ကြီးမြတ်သော ဝူအင်ပါယာမှ ဝူယိုပင် ဖြစ်သည်။

သူမက လွန်ခဲ့သော အချိန် အနည်းငယ်က ဖြစ်ပွားခဲ့သည်များကို အနည်းငယ် ခံစားမိဟန် တူသည်။

မိန်းမပျိုလေးက မထူးခြားဟန်ဖြင့် သူမကိုယ် သူမ ကြားလောက်ရုံသာ ပြောသည်။

“ဝူဟောင် … ။ နင့်ရဲ့ မာနနဲ့ မောက်မာ ဝင့်ကြွားမှုကြောင့် နင်ရှုံးနိမ့်ရလိမ့်မယ် ဆိုတာကို ငါအစောပိုင်း ကတည်းက ပြောခဲ့တယ်”

သူမက ဝူဟောင်နှင့် အတူ မြင့်မြတ်သော နဂါး၏ ကောင်းချီးကို ခွဲဝေ ရရှိခဲ့သည့် အတွက် ပုံမှန်အားဖြင့် တစ်စုံတစ်ခု ပြောင်းလဲမှု အပေါ်သူအနေဖြင့် ခံစားမိပေသည်။

ဝူဟောင်ရှုံးနိုမ့်ခဲ့သည်မှာ ထင်ရှားသည်။

ထို့အပြင်သူက ကြီးမြတ်သော ဇူအင်ပါယာမှ မသန်မစွမ်း ဖြစ်နေသည့် နဂါးထံတွင် ရှုံးနိုမ့်ခဲ့သည်။

သို့သော်လည်း ဝူဟောင် ရှုံးနိမ့်ပြီး နောက်ပိုင်းတွင် သူ၏ မြင့်မြတ်သော ကောင်းချီး စုပ်ယူ ခံလိုက်ရသည့် အပေါ်တွင် သူမအနေဖြင့် မည်သည့် ခံစားချက်မှ ရှိမနေပေ။

အဘယ်ကြောင့် ဆိုသော် သူမက အေးစက်ပြီး အဖက်မလုပ် တတ်သည့် လူတစ်ယောက် ဖြစ်သည်။

ထပ်ပြီးတော့ ဝူဟောင်က သူမအပေါ် ထားရှိနေသည့် ပုံမှန် မဟုတ်သော ချစ်ခြင်းကို ရှာဖွေတွေ့ရှိ သွားချိန်တွင် သူမက အရာအားလုံးပေါ်တွင် နှစ်သက်ခြင်း မရှိတော့ပေ။

“ဇူယွမ် …”

သူမက သူ၏ နာမည်ကို ညင်သာစွာ ခေါ်လိုက်သည်။ သူမ၏ ပန်းနီရောင် နှုတ်ခမ်းပါးလေးကို တွန့်ကွေးကာ ပြုံးလိုက်ပြီး ညင်သာစွာ ဆက်ပြောသည်။

“ကြည့်ရတာ နင်က စစ်မှန်တဲ့ မြင့်မြတ်တဲ့ နဂါးပဲ။ နင်က အသူရာ ချောက်နက်ထဲကို ကျခဲ့ပေမဲ့လည်း ပြန်တက်လာ နိုင်သားပဲ”

သူမ၏ အကြည့်များက တောက်ပလာပြီး ကန်ရွှမ်း ကောင်းကင်ဘုံရှိ ပုံရိပ်အချို့ကို စူးစိုက်ပြီး ကြည့်လိုက်သည်။

“နင် မြင့်မြတ်သော နဂါးကောင်းချီးကို ပြန်လိုချင် နေတာမလား။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ ငါလည်းပဲ ကောင်းချီ နောက်တစ်ခု ရယူဖို့ အစီအစဉ် ရှိနေတယ်”

ဝူဟိုက သူမ၏ လည်ပင်းနားမှ ရှည်လျားလှတဲ့ ဆံပင်များကို လက်နဲ့ သပ်လိုက်ပြီး သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး တိုးညင်းသော အသံက ထွက်ပေါ်လာခဲ့သည်။

“ဇူယွမ် နင့်ရဲ့ အင်အားကို ဆက်လက် တိုးတက်အောင် လုပ်ထားပါ … ဘာလို့လဲ ဆိုတော့ ငါတို့ နှစ်ယောက် ဆုံတဲ့ နေ့ကြရင် ငါက နင့်ကို ဖျက်ဆီးမှာ မလို့ဘဲ”

“နင်သတိထား သင့်တယ်။ ပြီးတော့ ငါက ဝူဟောင်လို အရူးတစ်ယောက် မဟုတ်ဘူး …”

“ဟီး ... ဟီး ...”

All Chapters