ချင်မူ၏အိပ်မက်ဆိုး
Vol. 40 Ch. 547
ချင်မူ ဝမ်းသာသွားသည်။ ဤကမ္ဘာသို့ လာရောက်ရသည့်အကြောင်းရင်းက အတွေ့အကြုံရရန်နှင့် အနှိုင်းမဲ့ကမ္ဘာများအတွင်းရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ခွန်အားကို လေ့လာပြီး အားသာချက်များအား သင်ယူရန် ဖြစ်သည်။ ပထမဆုံးလူသားဧကရာဇ်ကို ရိုက်နှက်နိုင်သည်အထိ သူ တိုးတက်လာချင်မိသည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၌ ကောင်းကင်နတ်ဆိုးများစွာ ကျက်စားနေရာ သူ၏အစွမ်းအစများအား စမ်းသပ်ရန် အကောင်းဆုံးပြိုင်ဘက်များ ဖြစ်၏။
ထို့အပြင် ကျားနတ်မင်း ရှိနေသရွေ့ မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် ပက်ပင်းတိုးမည်ကို စိုးရိမ်စရာမလိုတော့ပေ။
ကျားနတ်မင်း၏အမြန်နှုန်းက ကြောက်ခမန်းလိလိ လျင်သည့်အတွက် မိစ္ဆာနတ်ဘုရားလေးငါးနှင့် ထိပ်တိုက်တွေ့ရလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်သည်။
ထိုမျှသာမက ကျားနတ်မင်းက အမှားအယွင်းတစ်ခုခု ဖြစ်လာလျှင် တာဝန်ယူမည်ဟု အာမဘန္တေ ခံထား၏။ မဟာနတ်ဂိုဏ်းသခင်ချင်အနေဖြင့် စိတ်ပူစရာမလိုတော့ပေ။
စန်းဟွာနှင့် ယွီဟယ်လည်း စိတ်အေးသွားသည်။ ကျားနတ်မင်းပါ လိုက်လာလျှင် သူတို့ခရီးက အန္တရာယ်များတော့မည်မဟုတ်ချေ။
အားလုံး မြို့မျှော်စင်ထက်မှ ဆင်းလာကြသည်။ ယွီဟယ်သည် ရဲရင့်ပြီး သတိကြီး၏။ စန်းဟွာထက်လည်း များစွာရင့်ကျက်သည်။ သူမက အရင်ဆုံးအကြံပြုလာ၏။ “အစ်ကိုကြီးကျား၊ ကျွန်မတို့ ကောင်းကင်နတ်ဆိုးပိုင်နက်ထဲ သွားတော့မှာဆိုတော့ အစ်ကိုကြီးရဲ့ အရှိန်အဝါကို မထုတ်လွှတ်ဘဲ နေလို့ရလား... မဟုတ်ရင် မိစ္ဆာနတ်ဘုရားတွေ ကျွန်မတို့ကို တားကြလိမ့်မယ်
“သာမန်ကောင်းကင်နတ်သိုင်းပညာရှင်လို အစ်ကိုကြီး ဟန်ဆောင်ထားရင် အကောင်းဆုံးပဲ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက နတ်ဘုရားတွေ လိုက်မလာနိုင်တာကလည်း ကောင်းကင်နတ်ဆိုးတွေက သူတို့အရှိန်အဝါတွေဆို တန်းသိနေတာကြောင့်ပါ”
ကျားနတ်မင်းက အရှိန်အဝါကို သိမ်းဆည်းရင်း ပြုံးလျက် ပြောလိုက်သည်။ “မပူနဲ့ မိစ္ဆာနတ်ဘုရားတွေ ငါ့ကို မရိပ်မိစေရပါဘူး.... ဒါက မင်းတို့ရဲ့ လေ့ကျင့်ရေးဆိုတော ငါ ဘေးကနေပဲ ကြည့်နေမယ်... ဝင်မနှောင့်ယှက်ဘူး”
သူတို့၏ခြေလှမ်းများက အလွန်မြန်သောကြောင့် သိုင်းအဆင့်အနည်းငယ် နိမ့်ကျသော ကောင်းကင်နတ်သိုင်းပညာရှင်များအနေဖြင့် လိုက်မမှီနိုင်ပေ။ ယွီဟယ်သည် ကောင်းကင်နတ်ဆိုးပိုင်နက်ကို ကျူးကျော်မည်ဖြစ်၍ လက်ရွေးစင်များကိုသာ ရွေးခေါ်လာခဲ့၏။ ထိုသူတို့အားလုံးက သေရေးရှင်ရေးအခြေအနေများစွာ ကြုံတွေ့ခဲ့ဖူးချေသည်။
ရန်သူ့ပိုင်နက်သို့ ရောက်သည့်အခါ ကောင်းကင်မှာ မှောင်ရီပျိုးလာပြီး မိစ္ဆာနတ်ဆိုးချီအငွေ့အသက်များက တောအုပ်တစ်ဝန်း လွင့်မျောနေသည်။ မီးခိုးရောင်မြူများ အုံ့ဆိုင်းနေသကဲ့သို့ ဖြစ်နေ၍ သူတို့ဝေးဝေးလံလံ မမြင်ရပေ။
ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က မီးသိုင်းဖြင့် မီးထွန်းရန် ပြင်လိုက်သော်လည်း ရွှီယောင်က ကပျာကယာ တားလိုက်၏။ “ဒါက ကောင်းကင်နတ်ဆိုးအုပ်ရဲ့ ပိုင်နက်... သေရေးရှင်ရေးမဟုတ်သရွေ့ အလင်းရောင်ထွက်မယ့် သိုင်းတစ်ခုမှ မသုံးသင့်ဘူး... မဟုတ်ရင် ငါတို့ကို မြင်သွားလိမ့်မယ်... မှတ်ထားကြ၊ ရန်သူတစ်ယောက်တွေ့တာနဲ့ ချက်ချင်း သတ်ရမယ်... တိုက်ပွဲက အချိန်ကြာလို့မဖြစ်ဘူး... အချိန်ကြာရင် ရန်သူတွေ ရောက်လာနိုင်တယ်”
အားလုံး သူ့စကားကို သဘောတူလိုက်ကြသည်။
“ရွှီယောင်က အမြော်အမြင်ရှိတယ်” ချင်မူ ချီးကျူးလိုက်ပြီး စန်းဟွာဘက်သို့ လှည့်လိုက်သည်။ “နတ်ဘုရားနှိမ်စေတီဆီ သွားပြီပြီလား”
စန်းဟွာ ခေါင်းခါလိုက်သည့်အခါ သူမရင်ဘတ်ရှေ့ရှိ ကျစ်ဆံမြီးလေးနှစ်ချောင်း လှုပ်ခါသွား၏။ “အချိန်ကို မရဘူးလေ.... ဒီရက်ပိုင်း လုပ်စရာတွေ များလွန်းလို့ အလုပ်များနေတာ... ပြီးတော့ ကောင်းကင်နတ်ဆိုးတွေလည်း ငြိမ်သက်သားကောင်းနေလို့ ငါ လန့်တယ်... အထွတ်အမြတ်ဆရာသခင်ဆီကလည်း ဘာသတင်းမှ မရသေးဘူး”
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။ တန်ခိုးရှင်သစ်ခုတ်သမားက နတ်ဘုရားနှစ်ဆယ့်လေးယောက်ဖြင့် ထွက်သွားခဲ့သော်လည်း တိုက်ပွဲသတင်း မကြားရသေးပေ။ အမှန်တကယ် ထူးဆန်း၏။
“သတိထား... ငါတို့ ရန်သူ့ပိုင်နက်ထဲ ဝင်လာပြီ... တင်းယွင့်၊ နင့်မူလဝိညာဉ်နဲ့ လမ်းကြောင်း ထောက်လှမ်းပေးပါဦး”
ယွီဟယ် အမိန့်ပေးလိုက်သည်နှင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က တင်ပျဉ်ဖွဲ့ထိုင်ကာ မူလဝိညာဉ် ထုတ်လွှတ်လိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင် နောက်တစ်ယောက်က သူ့ကို ကျောတွင် ပိုးလိုက်၏။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်အများစုက ခုနစ်စဉ်ကြယ်အဆင့် ဖြစ်၍ မူလဝိညာဉ်များ ထုတ်လွှတ်နိုင်ကြ၏။ သို့ရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ မူလဝိညာဉ်တိုးတက်မှုမျိုး မရှိသည့်အတွက် သူတို့၏မူလဝိညာဉ်က သိပ်မသန်မာ၍ ဝေးဝေးလံလံ မသွားနိုင်ပေ။ သို့သော် လမ်းကြောင်းထောက်လှမ်းရန်တော့ အသုံးဝင်သေးသည်။
အားလုံး အလျင်အမြန် သွားနေကြသည်။ တခဏကြာသော် တင်းယွင့်၏မူလဝိညာဉ် ပြန်ဝင်လာပြီး ပြောလိုက်၏။ “ဒီနေရာရဲ့ အနောက်တောင်အရပ် မိုင်နှစ်ရာအကွာမှာ မြို့တစ်မြို့ ရှိတယ်... အဲဒီမှာ ကောင်းကင်နတ်ဆိုးတွေ ကျွန်ပြုထားတဲ့ လူနှစ်ထောင်လောက် တွေ့ရတယ်... သူတို့က တစ်ခုခုကို ဆောက်နေကြတာ... ဘာဆောက်နေမှန်းတော့ မပြောတတ်ဘူး
“အနီးနားမှာ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေနဲ့ ကလေးငယ်တွေ နေတဲ့ ရွာလေးတွေလည်း ရှိတယ်.... ဒါပေမဲ့ လမ်းမှာ ကင်းမျှော်စင်ခြောက်ခု ရှိတယ်.... မျှော်စင်တွေက အရမ်းမြင့်တယ်... ကောင်းကင်နတ်ဆိုးတွေ ငါ့မူလဝိညာဉ်ကို ခံစားမိသွားမှာစိုးလို့ အသေးစိတ်တော့ မကြည့်ခဲ့ရဘူး”
“ကင်းမျှော်စင်တစ်ခုနဲ့တစ်ခု ဘယ်လောက်ကွာလဲ” ယွီဟယ်က မေးလိုက်၏။
တင်းယွင့် မျက်နှာနီသွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ သင်္ချာမတတ်ဘူး..”
ယွီဟယ် မျက်မှောင်ကြုတ်လိုက်မိသည်။ “ကင်းမျှော်စင်ထဲက ကောင်းကင်နတ်ဆိုးတွေက အရပ်ခြောက်မျက်နှာအဆင့် မဟုတ်ရင် ခုနစ်စဉ်ကြယ်အဆင့် ဖြစ်လိမ့်မယ်.. သူတို့က သိပ်သတိကြီးကြတယ်... ငါတို့ကို သတိထားမိသွားရင် စောင့်ကြိုနေမှာက စစ်သည်နည်းနည်းလေးပဲ မဟုတ်တော့ဘူး... ကောင်းကင်နတ်အသွင်အဆင့်တို့၊ သေခြင်းရှင်ခြင်းအဆင့်တို့တောင် ရောက်ချလာနိုင်တယ်”
တင်းယွင့်က ခေါင်းယမ်းလိုက်၏။ “ကျန်တဲ့နေရာတွေမှာလဲ ကင်းမျှော်စင်တွေ ရှိသေးတယ်”
ရွှီယောင်က စဉ်းစားကာ ပြောလိုက်သည်။ “အဲဒါဆို ငါတို့ တိတ်တိတ်လေး ခိုးဝင်ပြီး ကင်းစောင့်တွေကို အရင်ရှင်းပစ်ရမယ်.... တစ်ယောက်ယောက် သတိထားမိသွားရင်တော့ ပြန်ဆုတ်ကြမယ်”
ချင်မူလည်း တွေးကြည့်ပြီး မေးလိုက်၏။ “ဘယ်သူ့ချီစွမ်းအင် အသန်မာဆုံးလဲ”
အားလုံး သူ့ကို ကြည့်လိုက်ကြသည်။ သူတို့ပါးစပ်များ ပွင့်လာသော်လည်း မည်သည်ကိုမှ မပြောကြပေ။ ယွီဟယ်နှင့် ရွှီယောင်လည်း ချီတုံချတုံ ဖြစ်နေပြီးနောက် ဆိတ်ဆိတ်သာ နေလိုက်ကြ၏။
“ချီစွမ်းအင် သန်မာအားကောင်းရင် ဓားစက်လုံးတစ်လုံးကို မိုင်တစ်ရာအကွာအဝေးထိ စေစားနိုင်တယ်.... ဒါဆို ငါတို့ ကင်းစောင့်တွေကို အငိုက်ဖမ်း သတ်ပစ်လိုက်လို့ရပြီလေ”
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ ထပ်မေးရန် ပြင်လိုက်သည့်အချိန် တည့်တိုးပြောတတ်သော စန်းဟွာက ပြောလာသည်။ “ခြွေလှေ့တဲ့ အစ်ကိုဂိုဏ်းသခင်၊ ကျားနတ်မင်းက လွဲရင် ကျန်တဲ့ကောင်းကင်နတ်သိုင်းပညာရှင်တွေကြားမှာ နင့်ရဲ့ချီစွမ်းအင်က သန်မာအားအကောင်းဆုံး မဟုတ်ဘူးလား”
အားလုံး အလျင်အမြန် ခေါင်းညိတ်ပြကြ၏။
“လီမြို့စစ်ပွဲမှာတုန်းက ဂိုဏ်းသခင် ကောင်းကင်နတ်ဆိုးလေးယောက်ကို သတ်ပစ်နိုင်ခဲ့လို့ ကျွန်တော်တို့အားလုံး အထင်ကြီးလေးစားနေတာပါ... ဂိုဏ်းသခင်သာ ဆက်ပြီးနှိမ့်ချနေရင် ယုတ္တိမရှိတော့ဘဲ နေလိမ့်မယ်” ရွှီယောင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ချင်မူ ခေါင်းတဗြင်းဗြင်း ကုတ်ရင်း ယွီဟယ်နှင့် ရွှီယောင်ထက် သာနေသော နေရာများ သတိရလိုက်၏။ ဓားသိုင်းနှင့် မူလဝိညာဉ်အပြင် သူ၏ချီစွမ်းအင်ကလည်း သူတို့ထက် သန်မာအားကောင်းချေသည်။
“ကောင်းပြီ ဒါဆို ငါ ကင်းမျှော်စင်ကို ရှင်းပေးမယ်... ငါ့နောက် လိုက်ခဲ့ကြ” ချင်မူက ထရပ်ပြီး မျက်ခုံးနှစ်ဖက်ကြားသို့ ထိလိုက်သည်။ “မူလဝိညာဉ် ထွက်လာ”
သူ၏မူလဝိညာဉ်က ဖျတ်ခနဲ ပေါ်လာကာ ပျောက်သွားသည်။
“သန်မာလိုက်တဲ့ မူလဝိညာဉ်”
ယွီဟယ်အပါအဝင် အားလုံး အလန့်တကြား ထခုန်မိကြသည်။ ချင်မူ၏မူလဝိညာဉ်က ရုပ်သွင်ရှိသည့်အဆင့်အထိ ဖွဲ့တည်နေချေပြီ။ ၎င်းက ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ မူလဝိညာဉ်အောက် မနိမ့်ကျပေ။ အမှန်တကယ် အင်အားကြီးမားလှ၏။
‘ငါက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ခုနစ်စဉ်ကြယ်အဆင့် သိုင်းပညာရှင်တွေကြားမှာ နံပါတ်တစ်ဖြစ်ပြီး နယ်ပယ်အတော်များများမှာ အစစ်အမှန်နတ်ဘုရားငယ်စံနှုန်း မှီပေမယ့် ငါ့မူလဝိညာဉ်ကတော့ သူ့အောက် နိမ့်ကျနေသေးတယ်’ ယွီဟယ် တွေးလိုက်မိသည်။
စန်းဟွာက ချင်မူ့ရုပ်ခန္ဓာအား သယ်ရန် ပြင်လိုက်သော်လည်း သူက ရှေ့သို့ ပြေးထွက်သွား၏။ သူ့အမြန်နှုန်းက တဖြည်းဖြည်း မြန်လာရာ စန်းဟွာ မှင်သက်နေတော့သည်။
ကျားနတ်မင်းက ချင်မူ့နောက် လိုက်သွားသည်။ “ကြည့်မနေနဲ့ ... အဲဒါ ဝိညာဉ်ထိန်းချုပ်အစီအရင်ပဲ.... ငါ့အရှင်ရဲ့ အစီအရင်... မြန်မြန် လိုက်ခဲ့ကြ”
အားလုံး အလျင်အမြန် ပြေးလိုက်ကြသည်။ သူတို့ ချင်မူ့အား လိုက်မှီသောအခါ သူ၏မူလဝိညာဉ်က ပြန်လည်လွင့်မျောလာပြီး ရုပ်ခန္ဓာထဲ ဝင်သွား၏။ သူက ထောင်ကျယ်အိတ်ကို ပုတ်ကာ ဓားစက်လုံးတစ်လုံး ထုတ်လိုက်သည်။ ဓားစက်လုံးက တဝှီးဝှီးလျက်၍ တရှိန်ထိုး ထွက်သွားသည်။
ချင်မူ ခြေလှမ်းများကို အရှိန်တင်ကာ ပြေးလိုက်သွားသည်။ ဘုန်းခနဲ ပေါက်ကွဲသံနှင့်အတူ သူ့အမြန်နှုန်းက အသံထက် ကျော်လွန်သွားချေပြီ။
ယွီဟယ်နှင့် ကျန်ရှိသူများ မျက်မှောင်ကြုတ်သွားကြသည်။ ချင်မူ့အနေဖြင့် ရန်သူများအား အငိုက်ဖမ်း သတ်ပစ်နိုင်သော်လည်း အသံက ကျန်သည့်ကင်းမျှော်စင်များဆီသို့ ရောက်သွားနိုင်၏။
တင်းယွင့် လမ်းကြောင်းကို ထောက်လှမ်းခဲ့တုန်းက သူတို့လမ်းတွင် ရှိနေသည့် ကင်းမျှော်စင်ခြောက်ခုအပြင် ကျန်နေရာများတွင်လည်း ကင်းမျှော်စင်များ ရှိနေသည်။ ချင်မူ၏အသံက ကျန်မျှော်စင်များရှိ ရန်သူများအား သတိပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ယွီဟယ် အံတင်းတင်းကြိတ်လိုက်မိ၏။ “လိုက်သွားကြစို့”
အားလုံး အရှိန်အသားကုန်တင်ကာ တရှိန်ထိုး ပြေးလိုက်ကြသည်။ အမြန်နှုန်းများ အသံထက် ကျော်လွန်သွားသဖြင့် ပေါက်ကွဲသံများ ထွက်လာကြသည်။ သို့သော် အားလုံးက ခွန်အားချင်းမတူကြပေ။
ယွီဟယ်၊ ရွှီယောင်နှင့် စန်းဟွာတို့က အမြန်ဆုံးဖြစ်သည့်အပြင် ချင်မူ့ထက်ပင် မြန်၏။ သူတို့သုံးယောက် သူ့ကို လိုက်မှီသွားကြပြီး ရှေ့တူရူသို့ ကြည့်လိုက်ကြသည်။ ဓားစက်လုံးက ပထမဆုံးကင်းမျှော်စင်ဆီသို့ သွားနေပြီဖြစ်၏။
ထိုဓားစက်လုံးမှာ ကိုက်သုံးဆယ်ဝေးနေသေးသော်လည်း မရေမတွက်နိုင်သော ဓားပျံများ ထွက်လာပြီး ကင်းမျှော်စင်ဆီ ပြေးဝင်သွားကြသည်။ ဓားပျံဆယ်လက်ကျော်က ရန်သူများကို ထိုးဖောက်လိုက်ပြီး ကျန်ဓားပျံများက ဓားစက်လုံးထဲ ပြန်ဝင်လာသည်။ ဓားစက်လုံးက မရပ်ဘဲ ရှေ့ဆက်သွား၏။
ချင်မူလည်း ရှေ့ဆက်သွားနေသည်။ များစွာမကြာလိုက်ဘဲ ဒုတိယကင်းမျှော်စင်ကို တွေ့လိုက်ရ၏။ ကင်းမျှော်စင်အောက်တွင် ကောင်းကင်နတ်ဆိုးများ အရက်သောက်နေကြပြီး နှစ်ယောက်က အပေါ်တွင် ကင်းစောင့်နေသည်။
ဓားပျံဆက်လက်ကျော်က မြေကြီးပေါ်မှ ရှပ်တိုက်လျက် ပျံသန်းသွားသဖြင့် အရက်သောက်နေသော ကောင်းကင်နတ်ဆိုးများမှာ တုံ့ပြန်ချိန်မရလိုက်ပေ။ သူတို့ခေါင်းများ ပျံထွက်သွားသည့်အချိန် ပထမမျှော်စင်မှ ဓားပျံများက သွေးစက်များကို ထိုးခွင်း၍ ဒုတိယမျှော်စင်မှ ပြန်ထွက်လာသော ဓားပျံများနှင့် ပေါင်းစည်းသွားသည်။
ဝှစ်
ချင်မူက လေကဲ့သို့အလျင်ဖြင့် တတိယကင်းမျှော်စင်ဆီ ပြေးသွားသည်။
ယွီဟယ်၊ ရွှီယောင်နှင့် စန်းယဲ့က သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။ ချင်မူ တုံ့ခနဲ ရပ်လိုက်သော်လည်း သူ၏ဓားစက်လုံးက စတုတ္ထမျှော်စင်ဆီ တရှိန်ထိုး ပြေးဝင်သွားပြီဖြစ်၏။
ချင်မူ ညာလက်ဖြင့် ဓားသိုင်းကွက်ကို ထုတ်ဖော်လိုက်သည့်အခါ ချီစွမ်းအင်က သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီး သူက အရက်မူးသမားသဖွယ် ယိမ်းထိုးလိုက်သည်။ ထို့နောက် လက်နှစ်ချောင်းကို ဓားသဖွယ် အသုံးပြု၍ လေထဲသို့ တစ်ချက်တစ်ချက် ထိုးစိုက်တတ်သည်။
ဓားစက်လုံးက မျှော်စင်တစ်ခုပြီးတစ်ခု ထိုးဖောက်သွားပြီး ဓားပျံများသည် ငါးပျံများသဖွယ် အရပ်လေးမျက်နှာသို့ ကူးခတ်ဖြာထွက်သွား၏။ ၎င်းတို့က သတိလက်လွတ်ဖြစ်နေသော ကောင်းကင်နတ်ဆိုးများအား သတ်ပစ်လိုက်၏။ ထိုအချိန်တွင် ဓားစက်လုံးက စတုတ္ထမျှော်စင်၊ ပဉ္စမမျှော်စင်နှင့် ဆဋ္ဌမမျှော်စင်တို့ကို ထိုးဖောက်သွားပြီဖြစ်သည်။
တင်းယွင့်နှင့် ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များ သူတို့လေးယောက်ဆီ အပြေးအလွှား ရောက်လာသည်။ သူတို့ရပ်လိုက်သည့်အခါ တင်းယွင့်က မူလဝိညာဉ် ထုတ်လွှတ်ပြီး ချင်မူ့ဓားစက်လုံးနောက် လိုက်သွား၏။ ဓားစက်လုံးက ဆဋ္ဌမမျှော်စင်ကို ထိုးဖောက်သွားပြီးနောက် ကွဲထွက်သွားသည်ကို သူ မြင်လိုက်ရသည်။ ဓားအလက်ရှစ်ထောင်သည် အုပ်စုနှစ်စုခွဲ၍ သေးငယ်သော ဓားစက်လုံးလေးနှစ်လုံးအသွင် ဖွဲ့တည်ကာ ဆန့်ကျင်ဘက်သို့ ပျံထွက်သွား၏။
တင်းယွင့် အံ့အားသင့်သွားပြီး ဓားစက်လုံးတစ်လုံးနောက် လိုက်သွားသည်။ ဓားစက်လုံးက လမ်းကြောင်းတစ်ကြောင်းအတိုင်း ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် သွားနေသည်။ မျှော်စင်များအတွင်းရှိ ကောင်းကင်နတ်ဆိုးအားလုံး တုံ့ပြန်ချိန်မရလိုက်ဘဲ သေကုန်ကြ၏။
ဓားစက်လုံး နောက်ဆုံးကင်းသမားဆီ ရောက်သည့်အခါ အသံထက်မြန်သွားသည့် အရှိန်ကြောင့် ပေါက်ကွဲသွားသံကို ကြားလိုက်ရသည်။ ကောင်းကင်နတ်ဆိုးက ခေါင်းလှည့်ကြည့်လိုက်သော်လည်း ဓားစက်လုံးက သူ့နောက်သို့ ရောက်လာပြီး ဓားရောင်များ တဝင်းဝင်းလက်သွားသည်။
တင်းယွင့် မူလဝိညာဉ်ကို အလျင်အမြန် ပြန်ခေါ်လိုက်၏။ သူ ရုပ်ခန္ဓာထဲ ပြန်ရောက်လာသည့်အချိန်တွင် ဓားစက်လုံးတစ်လုံး ပြန်လာနေသည်ကို မြင်လိုက်ရသည်။ နောက်တစ်လုံးကလည်း ဝှစ်ခနဲ ပြန်ရောက်လာသည်။
ဓားစက်လုံးနှစ်လုံးက ချင်မူ့အရှေ့တွင် ချွင်ခနဲ တိုက်ပြီး အတန်ငယ်ကြီးသော ဓားစက်လုံးတစ်လုံးအဖြစ် ပေါင်းစည်းကာ ချင်မူ့လက်ပေါ်သို့ ညင်ညင်သာသာ ကျသွား၏။
“ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော် တာဝန်ပြီးဆုံးသွားပါပြီ” ချင်မူက ခေါင်းမော့ကာ ပြုံးပြလိုက်သည်။
အားလုံး မောဟိုက်ပင်ပန်းစွာ အသက်ရှူနေကြ၏။
ရွှီယောင်က တင်းယွင့်ကို ကြည့်လိုက်သည်။ “မိုင်တစ်ရာ့ငါးဆယ်ဧရိယာထဲက အသံကြားသွားတဲ့ ကင်းမျှော်စင်အားလုံးကို ဂိုဏ်းသခင် ဖျက်စီးခဲ့ပြီးပါပြီ... အဲဒီဧရိယာအပြင်က မျှော်စင်တွေကတော့ ဒီနေရာက အသံတွေကို မကြားနိုင်ပါဘူး”
“မိုင်တစ်ရာ့ငါးဆယ်ဟုတ်လား”
ယွီဟယ် မယုံနိုင်ဖြစ်သွားမိသည်။ ချင်မူက မိုင်တစ်ရာဟုသာ ပြောခဲ့သော်လည်း မိုင်တစ်ရာ့ငါးဆယ်ပတ်ပတ်လည်ရှိ ကင်းမျှော်စင်အားလုံး ဖျက်စီးပစ်ခဲ့၏။ သူ၏ချီစွမ်းအင်က အမှန်တကယ် အားကောင်းလှပေသည်။
‘သူက တကယ် နှိမ့်ချနေတာပဲ’ သူမ တစ်ယောက်တည်း တွေးလိုက်မိသည်။
“မြန်မြန်သွားစို့.... ဂိုဏ်းသခင်၊ မင်း ဓားအများကြီး ထိန်းချုပ်ခဲ့ရတာဆိုတော့ အနားယူဖို့ လိုသေးလား” ရွှီယောင်က မေးလိုက်သည်။
ချင်မူ ခေါင်းယမ်းလိုက်သည်။ “မပူပါနဲ့ ... ချီစွမ်းအင် အများကြီးကျန်ပါသေးတယ်”
ရွှီယောင် အလန့်တကြား ထခုန်မိပြီး ချင်မူက လူထူးဆန်းဟု တွေးလိုက်မိ၏။ အားလုံး ပျက်စီးနေသော မျှော်စင်များအား အလျင်အမြန် ဖြတ်ကျော်သွားကြကာ တင်းယွင့်ပြောသော မြို့နှင့် မလှမ်းမကမ်းသို့ ရောက်လာကြသည်။
အားလုံး သဲလွန်စများကို ဖျက်စီး၍ ရှေ့သို့ကြည့်လိုက်သည့်အခါ ရင်ထဲ တုန်လှုပ်သွားကြ၏။
သူတို့၏အရှေ့ရှိ မြို့ကား မြို့ဟုပင် ခေါ်မရတော့ပေ... တန်ခိုးရှင်သစ်ခုတ်သမား ဆင်းသက်လာရန် သုံးခဲ့သည့် ယဇ်ပလ္လင်ကြီးထက် မသေးငယ်သော ဧရာမယဇ်ပလ္လင်ကြီးတစ်ဆူ ရှိနေ၏။
ကြံ့ခိုင်သန်မာသည့် လူများက ကောင်းကင်နတ်ဆိုး၏ စောင့်ကြပ်မှုအောက်တွင် ပလ္လင်ကြီးအား တည်ဆောက်နေကြသည်။
ယဇ်ပလ္လင်မှာ တစ်ဝက်ကျော် ရုပ်လုံးပေါ်နေပြီ ဖြစ်ပြီး ကောင်းကင်နတ်ဆိုးများက လတ်လတ်ဆတ်ဆတ် သွေးများအား ပုံးလိုက်သယ်ကာ သင်္ကေတအမှတ်အသားများ ရေးဆွဲနေကြသည်။
“ကောင်းကင်နတ်ဆိုးတွေက ထိုက်ဧကရာဇ်ကောင်ကင်ဘုံရဲ့ လောကစည်းကို ဖွင့်ပြီးပြီမဟုတ်ဘူးလား... စည်းပွင့်သွားမှတော့ မိစ္ဆာနတ်ဘုရားတွေ ကြိုက်သလို ဆင်းလာနိုင်တယ်လေ... ဘာလို့ ယဇ်ပလ္လင်ကို တည်ဆောက်နေကြသေးတာလဲ”
ချင်မူ ဇဝေဇဝါ ဖြစ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “သူတို့ဆင့်ခေါ်နေတာက မိစ္ဆာနတ်ဆိုးကမ္ဘာသား မဟုတ်ရင်တော့....”
ကျဲ့ဟွလီ၏နောက်ခံကို တွေးလိုက်မိသည်နှင့် သူ ရင်လေးလံလာတော့သည်။
ကျဲ့ဟွလီသည် အစစ်အမှန်ကောင်းကင်နတ်ဘုံဆိုသည့် နေရာမှ လာသော လော့ဝူရွှမ်၏ တပည့်ဖြစ်သည်။
“ဒီမှာ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေတယ်... အားလုံး အကြည့်လွှဲလိုက်ကြ၊ သူ သတိမထားမိစေနဲ့” ရွှီယောင်က အလျင်အမြန် သတိပေးလိုက်၏။
အားလုံး ပြောသည့်အတိုင်း လုပ်လိုက်ကြသည်။ ယဇ်ပလ္လင်၏ဘေးတွင် ထွားကြိုင်းသန်မာသော အဆင့်မြင့်ကောင်းကင်နတ်ဆိုးတစ်ယောက် ရှိပြီး ကိုယ်သုံးဆယ်ကျော် မြင့်မားသည့် မူလဝိညာဉ်တစ်ခုက သူ့အနောက်၌ ရပ်နေသည်။ ကောင်းကင်နတ်ဆိုး၏မူလဝိညာဉ်က တစ်စုံတစ်ခုကို ခံစားလိုက်ရ၍ ပတ်ဝန်းကျင်အား ကြည့်နေ၏။ သို့သော် မည်သည်ကိုမျှ မတွေ့ရပေ။
ချင်မူ မှန်တစ်ချပ်ထုတ်ကာ မှန်ထဲမှ ကြည့်လိုက်သည်။ “ကောင်းကင်နတ်ဆိုးအင်အားက သိပ်မများဘူး... အဲဒီကောင်းကင်နတ်အသွင်အဆင့်က လွဲပြီး ကျန်တဲ့သူတွေကို ရှင်းဖို့ မခက်ပါဘူး”
ဤအခိုက်အတန့်တွင် ယဇ်ပလ္လင်ထဲမှ ထွက်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၍ ချင်မူ့မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။
“ဖုရွေ့လော်”
ချင်မူ လက်နှစ်ဖက်လုံး တုန်ရီနေစဉ် မှန်ထဲရှိ ဖုရွေ့လော်က သူ့ကို လှမ်းကြည့်လိုက်သည်။
“ပြေး....” ချင်မူ အက်ကွဲနေသောအသံဖြင့် အော်လိုက်မိ၏။
မှန်ထဲရှိ ဖုရွေ့လော်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး မှန်ထဲမှ ထွက်လာသည်။ သူ့ခန္ဓာကိုယ်ကြီးက အိပ်မက်ဆိုးကြီးပမာ ကြီးသထက် ကြီးလာ၏။
“ပြေး မြန်မြန်ပြေး” ချင်မူ အလေးအနက် အော်လိုက်တော့သည်။
၎
င
၎
၎