← Chapters

လူစကား၊ တစ္ဆေစကားနှင့် မိစ္ဆာစကား

Vol. 40 Ch. 549

လူစကား၊ တစ္ဆေစကားနှင့် မိစ္ဆာစကား

Vol. 40 Ch. 549

ကောင်းကင်မှာ ဖုရွေ့လော်ကို ဗဟိုပြု၍ လောင်ကျွမ်းနေ‌သော ပန်းချီကားတစ်ချပ်နှင့် တူနေသည်။ မီးတောက်မီးလျှံများ ကူးစက်စွဲလောင်သွားသည့်နေရာများ ပြာကျကုန်ပြီး မကြာခင် မြေပြင်တစ်ပိုင်း လောင်ကျွမ်းသွားချေပြီ။ ချင်မူ့ခေါင်းပေါ်ရှိ အရာအားလုံး မီးစွဲလောင်သွားသည့်အခါ ကောင်းကင်မှာ ရှင်းလင်းသွား၏။

ကောင်းကင်နတ်ဆိုးကမ္ဘာ ပျောက်ကွယ်သွားပြီး ကမ္ဘာခြားတစ်ခု သူ့မျက်လုံးထဲတွင် ပေါ်လာသည်။

ချင်မူ လမ်းလျှောက်လာနေသော ဖုရွေ့လော်ဆီသို့ မကြည့်ဘဲ ပတ်ဝန်းကျင်အား မျက်လုံးဝေ့ကြည့်လိုက်သည်။ မဟူရာမျှော်စင်များက မီးခိုးရောင်မြူခိုးများအကြားတွင် တောအုပ်ပမာ မားမားမတ်မတ် ရှိနေကြ၏။ ကောင်းကင်နတ်ဆိုးများစွာက အလုပ်ကြိုးစားသော ပုရွက်ဆိတ်များသဖွယ် ဟိုဟိုသည်သည် ပြေးလွှားရင်း ယန္တရားများအား သွန်းလုပ်နေကြသည်။ သိုင်းကျင့်နေကြသည့် ကောင်းကင်နတ်ဆိုးတချို့လည်း ရှိချေသည်။

အရှေ့ဘက်တွင် မှေးမှေးမှိန်မှိန် လင်းနေသော နေအပဲ့ကြီးကို လှမ်းမြင်လိုက်မှ ချင်မူ စိတ်သက်သာရာရသွားသည်။

သူ ထိုက်ဧကရာဇ်ကောင်ကင်ဘုံတွင်သာ ရှိနေဆဲဖြစ်၏။ ဖုရွေ့လော် သူ့အား  ပြသခဲ့သော ကောင်းကင်နတ်ဆိုးကမ္ဘာမှာ ကြောက်မက်ဖွယ်ရာကောင်းလှသည်။ ထိုကဲ့သို့ ပျက်စီးနေသည့် ကမ္ဘာတစ်ခုတွင် သူ မနေလိုပေ။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေမှာ နတ်ဘုရားတစ်ပါး သွန်းလုပ်ထားခြင်းဖြစ်၍ အလင်းအား သိပ်မကောင်းသဖြင့် ကောင်းကင်နတ်ဆိုးပိုင်နက်ရှိ မိစ္ဆာနတ်ဆိုးချီများကို မဖယ်ရှားနိုင်ပေ။ ချင်မူ့ကိုယ်ပေါ် ဖြာကျလာသော မှိန်ပျပျအလင်းတန်းများကလည်း အေးစက်နေပြီး အနွေးဓာတ်ကင်းမဲ့နေ၏။

ဖုရွေ့လော် သူ့ကို ပြခဲ့သည့်ကမ္ဘာမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

“အကြီးအကဲဖုရွေ့လော်အနေနဲ့ ကောင်းကင်နတ်ဆိုးတွေ ဒုက္ခခံခဲ့ရတဲ့ သမိုင်းကြောင်းကို ပြဖို့လေးအတွက် ကျွန်တော့်ကို ပြန်ပေးဆွဲစရာတော့ မလိုဘူးထင်ပါတယ်” ချင်မူ အကြည့်လွှဲလိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးတွေ ဒုက္ခခံခဲ့ရတဲ့အဖြစ်က ကျွန်တော်နဲ့ မဆိုင်မှန်း အကြီးအကဲဖုရွေ့လော်တို့ သိသင့်တယ်... ဒါပေမဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကျူးကျော်စီးနင်းပြီး လူသားမျိုးနွယ်အပေါ်ကိုလည်း ဆင်းရဲဒုက္ခပေးခဲ့တာကတော့ ကျွန်တော်နဲ့ ဆိုင်လာပြီ”

ဖုရွေ့လော်က သူ့ဘေးသို့ ရောက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မိတ်ဆွေလေးချင်က လူသားရော ဟုတ်လို့လား”

ချင်မူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “ဖုရွေ့လော် ပြောချင်တာ ဘာများလဲ.... ရှင်းလင်းအောင် ပြောလို့ရမလား”

“မင်းက မိစ္ဆာနတ်ဆိုးတစ်ကောင်ပဲ...” ဖုရွေ့လော်၏ မျက်နှာတစ်ဖက်က သူ့ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။ “ဒါ့အပြင် အင်မတန်ကို အရည်အသွေးမြင့်တဲ့ မိစ္ဆာနတ်ဆိုးပဲ... မင်းရဲ့သွေးက ငါ့ထက်တောင် ပိုသန့်နိုင်သေးတယ်”

ချင်မူ မှင်သက်သွားပြီး မိစ္ဆာနတ်ဘုရားအား လက်ညှိုးထိုးကာ အူလှိုက်သည်းလှိုက် ရယ်လိုက်သည်။ အသက်ရှူကြပ်လာသည်အထိပင် ရယ်လိုက်မိ၏။

ဖုရွေ့လော်က မည်သို့မျှမပြောဘဲ သူ ရယ်ပြီးသည်အထိ စောင့်နေသည်။ သူ ဆက်မရယ်နိုင်တော့မှ ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းက မိစ္ဆာနတ်ဆိုးဆိုတာ ဘယ်သူမှမပြောခဲ့ဖူးဘူးလား”

ချင်မူမှာ ခါးပြန်မတ်ကာ အသက်ပြင်းပြင်းရှူသည်။ သူက ပြုံးရယ်လျက် ပြောလိုက်သည်။ “တစ်ယောက်တော့ ပြောခဲ့ဖူးပါတယ်... ကျွန်တော် ငယ်ငယ်တုန်းက ကြမ္မာနှိမ်နန်းတော်မှာ ချုပ်နှောင်ခံထားရတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးနဲ့ ဆုံခဲ့တယ်... သူက ကျွန်တော့်ကို မိစ္ဆာနတ်ဆိုးတဲ့လေ... ဒါပေမဲ့ အချုပ်အနှောင်တွေဆီက လွတ်မြောက်အောင်  ကျွန်တော်တို့ခန္ဓာကို လိုချင်လို့သာ လှည့်စားပြောခဲ့တာပါ... ဆိုတော့ အကြီးအကဲဖုရွေ့လော်ကရော ကျွန်တော့်ဆီက ဘာလိုချင်တာလဲ”

ဖုရွေ့လော်က ရှေ့သို့ လျှောက်သွားပြီး လည်ပင်းကြီး လည်သွားသည်။ နောက်စေ့က ဘယ်ဘက်ခြမ်းသို့ ရောက်သွားပြီး ညာမျက်နှာဖြင့် ပြောလာ၏။ “ငါ မင်းကို လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်ဘူး... ငါတို့မိစ္ဆာနတ်ဆိုးတွေရဲ့ စကားက တစ်ဝက်မှန်ပြီး တစ်ဝက်မှားတယ်.... အဲဒီမိစ္ဆာနတ်ဘုရား မင်းကို မိစ္ဆာနတ်ဆိုးလို့ ပြောခဲ့တာက အမှန်ပဲ”

ချင်မူက ရုတ်တရက် အနက်ရောင်အရိပ်အသွင် ပြောင်းကာ မြေကြီးပေါ်၌ လျှောတိုက်ရွေ့လျားသွားသည်။

သူ့အလျင်က အတိုင်းထက်အလွန် မြန်၍ တခဏအတွင်း မိုင်တစ်‌ရာကျော် ပြေးပြီးသွား၏။

ချင်မူ စိတ်ချလက်ချ ဖြစ်သွားသည့်အခါ အနက်ရောင်အရိပ်အသွင်မှ လူအသွင် ပြန်ပြောင်းလိုက်သည်။ ထိုအခါ ဖုရွေ့လော်၏အသံ ကြားလိုက်ရ၏။ “မင်း မယုံလောက်ပေမယ့် မိစ္ဆာလက်ဟန်တွေ သုံးတိုင်း မင်းရဲ့ချီစွမ်းအင်တွေ အတားအဆီးမရှိ ချောချောမွတ်မွတ် စီးဆင်းသွားတာ မခံစားမိဘူးလား”

ချင်မူမှာ မှင်သက်သွားသည်။ သူ နောက်လှည့်ကြည့်လိုက်ရာတွင် ထင်ထားသကဲ့သို့ ဖုရွေ့လော်နှင့် ဝေးကွာမနေကြောင်း တွေ့လိုက်ရ၏။ ဖုရွေ့လော်က အနောက်ဘက်၌ ရှိနေရာမှ ဘယ်ဘက်သို့ ရောက်သွားခြင်းသာ ရှိသည်။

“မင်းအနေနဲ့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ရဲ့ ကောင်းကင်နတ်သိုင်းတွေကို အလွယ်တကူ တတ်‌မြောက်ပြီး အတားအဆီးမရှိ ထုတ်ဖော်နိုင်တာအတွက် အဖြေက တစ်ခုပဲ ရှိတယ်.... မင်းလည်း မိစ္ဆာနတ်ဆိုးတစ်ကောင်ပဲ” ဖုရွေ့လော်က ပြုံးလျက် ပြောလိုက်သည်။

ချင်မူ ကောင်းကင်ယံသို့ ခုန်တက်၍ ကောင်းကင်ခိုးယူခြေလှမ်းများဖြင့် ခြေကုန်သုတ်ပြေးလိုက်သည်။ တခဏကြာသော် သူ့အရှေ့တွင် ဖုရွေ့လော်အား မြင်လိုက်ရာ သူ့အမူအရာ အကြီးအကျယ် မပြောင်းလဲဘဲ မနေတော့ပေ။ သူက ကပျာကယာ ‌နောက်လှည့်ပြီး ထွက်ပြေးပြန်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ဖုရွေ့လော်၏ ညာဘက်သို့ ပြန်ရောက်သွားကြောင်း တွေ့ရပြန်၏။

ချင်မူ ရပ်လိုက်ပြီး ကောင်းကင်ထက်မှ ဆင်းကာ မြေကြီးထဲ ငုပ်လျှိုးလိုက်သည်။ မြေအောက်ထဲ၌ အတန်ကြာရွေ့လျားပြီး‌နောက် အပြင်သို့ ထွက်ကြည့်လိုက်ရာ ဖုရွေ့လော်၏နောက်ကျောအား မြင်လိုက်ရသည်။

သူ့မှာ မျှော်စင်များအနားတွင်သာ တဝဲဝဲ လည်နေပြီး ဖုရွေ့လော်က ဖြေးဖြေးမှန်မှန် လျှောက်နေဆဲ ဖြစ်၏။

“ဒါပေမဲ့ မင်းက လူသားလည်း ဟုတ်တယ်.... လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတယ်” ဖုရွေ့လော်၏အသံက အရှေ့မှ ထွက်လာသည်။ “မင်းက လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းပဲ... ဒါကြောင့် မျိုးနွယ်နှစ်ခုရဲ့ ကောင်းကင်နတ်သိုင်းတွေကို အလွယ်တကူ သင်ယူနိုင်တာ... မင်းလို ပါရမီရှင်မျိုးကို နှမြောလို့ ဒီနေရာကို ဖိတ်ခေါ်လိုက်တာပါ”

ချင်မူက အဝတ်ပေါ်ရှိ မြေကြီးမှုန့်များကို ခါထုတ်ရင်း သရော်တော်တော် ပြောလိုက်သည်။ “နတ်ဆိုးဘုရင်ကြီးရဲ့ ဖိတ်ခေါ်တဲ့နည်းလမ်းက သိပ်ကိုထူးခြားလှပါပေတယ်”

သူက ထွက်မပြေးတော့ဘဲ ဖုရွေ့လော်အနောက်သို့ လိုက်သွားသည်။ ဖုရွေ့လော်က ချင်မူ သူ့အား အကြီးအကဲဟု ခေါ်နေရာမှ နတ်ဆိုးဘုရင်သို့ ပြောင်းခေါ်လိုက်သည်ကို ကြားလျှင် သူ့မျက်နှာတစ်ဖက်သည် ပြုံးလိုက်၏။

နာမည်နှစ်ခုက အမှုမဲ့အမှတ်မဲ့ ခေါ်နေသယောင် ထင်ရပါသော်လည်း အမှန်တွင် ဉာဏ်ကိုလွှာသုံးပြီး ခေါ်နေခြင်းဖြစ်သည်။ အကြီးအကဲဟု‌ ခေါ်ခြင်းမှာ ‘သူက အငယ်ဖြစ်၍ အကြီးမှ အငယ်ဖြစ်သူ၏အသက်အား ထိပါးခြင်းသည် အောက်တန်းကျသည့်အကြောင်း’ မီးမောင်းထိုးပြနေ၏။

နတ်ဆိုးဘုရင်ဆိုသည့် အခေါ်အဝေါ်ကလည်း ပါးနပ်သောတုံ့ပြန်မှု ဖြစ်သည်။ ကောင်းကင်နတ်ဆိုးများ ဖုရွေ့လော်ကို ခေါ်သောနာမည်ဖြစ်သည့်အတွက် ချင်မူက ဖုရွေ့လော် သတိလက်လွတ်ဖြစ်သွားအောင် သူ့ကိုယ်သူ ကောင်းကင်နတ်ဆိုးတစ်ယောက်နှင့် တန်းတူထားလိုက်ခြင်းပင် ဖြစ်သည်။

မှန်သည်၊ ဤလှည့်ကွက်လေးများက ဖုရွေ့လော်အတွက် အသုံးမဝင်ပေ။

“မိစ္ဆာနတ်ဆိုးတွေဟာ ကောင်းကင်ဘုံကနေ ချီးမြှောက်ထားတဲ့ သယံဇာတတွေနဲ့ ကြွယ်ဝချမ်းသာနေတဲ့ လူသားတွေလို မဟုတ်ဘူး...ငါတို့မိစ္ဆာနတ်ဆိုးတွေဟာ ယိုတုကနေ မွေးဖွားလာကြတာ” ဖုရွေ့လော်က သူ့ကို နောက်မှလိုက်လာရန် လက်ဟန်ပြပြီး စကားဆက်ပြောသည်။ “ယိုတုမှာ ဝိညာဉ်တွေအများကြီး ရှိတယ်... သူတို့ရဲ့ ပူဆွေးသောကတွေနဲ့ မိစ္ဆာသဘာဝတွေက မိစ္ဆာနတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးတွေကို မွေးဖွားပေးလိုက်ကြတယ်... ငါတို့ဘိုးဘေးတွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ မိစ္ဆာစိတ်ရိုင်းတွေ ကိန်းဝပ်နေတဲ့ မိစ္ဆာနတ်ဘုရားတွေပေါ့.... သူတို့ အချင်းချင်း ပေါင်းဖက်ပြီး မျိုးဆက်ပြန့်ပွားလာကြတာပဲ”

ချင်မူ အတန်ငယ် မှင်သက်နေပြီး အဘယ်ကြောင့် ဤအကြောင်းများအား ပြောပြနေမှန်း နားမလည်တော့ပေ။

“မိစ္ဆာနတ်ဆိုးတွေ မွေးလာတော့ ယိုတုက လက်မခံဘူး... မြေအောက်အရှင်သခင်ကိုယ်တိုင် မောင်းထုတ်ခဲ့တယ်.. အဲဒါကြောင့် ငါတို့မိစ္ဆာနတ်ဆိုးတွေဟာ မွေးလာကတည်းက အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရတယ်... အခြေချနေထိုင်ဖို့ နေရာတစ်နေရာ လိုက်ရှာကြရတယ်... ကျန်တဲ့မျိုးနွယ်တွေကလည်း ငါတို့ကို မကြိုဆိုကြဘူး... ဒါကြောင့် ငါတို့နေလို့ရတဲ့ နေရာတွေဟာ အင်မတန် အန္တရာယ်များတယ်၊ ကြမ်းတမ်းတယ်... အဲဒီလိုနေရတာတောင် ငါတို့အသက်ရှင်ခဲ့ကြတယ်... ဒါပေမဲ့...”

သူ၏မျက်နှာနောက်တစ်ဖက်က လှည့်လာပြီး ပြောသည်။ “ဒါပေမဲ့ ငါတို့ကမ္ဘာကြီး ပျက်စီးသွားတယ်... ငါတို့မျိုးနွယ် မပျက်သုဉ်းဖို့အရေးအတွက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကျူးကျော်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး... တကယ်တော့ ငါ မင်းကို လာရှာတဲ့ အကြောင်းရင်းက လူသားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေ အတူယှဉ်တွဲနေနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖို့ပါပဲ... ငါ မင်းကို ပထမဆုံးမြင်လိုက်တုန်းက အတွေးတစ်ခု တန်းပေါ်လာတယ်”

ဖုရွေ့လော်၏မျက်နှာက အလွန်ရိုးသားနေပြီး မက်လောက်စရာ အကြံတစ်ခုကို အဆိုပြုသည်။”မင်း ငါ့ကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ပေါင်းစည်းနိုင်အောင် ကူညီပေးရင် ငါ မင်းကို လူသားမျိုးနွယ်အပေါ် အုပ်ချုပ်ခွင့်ပေးမယ်... မင်းက လူသားတွေကို အုပ်ချုပ်၊ ငါက မိစ္ဆာနတ်ဆိုးတွေကို အုပ်ချုပ်... အဲဒီလိုမျိုးပေါ့. ဒါဆို ကမ္ဘာနှစ်ခုလုံးအတွက် အကောင်းဆုံး ဖြစ်မသွားဘူးလား”

သူက စိတ်အားထက်သန်နေသော အကြည့်ဖြင့် ချင်မူ့ကို ကြည့်ကာ အဖြေစောင့်နေသည်။

ချင်မူ အတန်ကြာ တွေးရင်း သွေးတိုးစမ်းကြည့်လိုက်၏။ “နတ်ဆိုးဘုရင်၊ မိစ္ဆာနတ်ဆိုးတစ်ယောက်ရဲ့ စကားက တစ်ဝက်ပဲ မှန်တယ်မဟုတ်လား... ကျွန်တော် မေးပါဦးမယ်... အခု နတ်ဆိုးဘုရင်ကြီး ပြောသွားတဲ့ စကားတွေမှာ ဘယ်ဟာက အမှန်လဲ... ဘယ်ဟာက အမှားလဲ”

ဖုရွေ့လော်က လည်ပင်းကို လှည့်လိုက်ရာ မျက်နှာနောက်တစ်ခု ရောက်လာ၏။ ဤတစ်ခုက သုန်မှုန်နေပြီး မှင်သေသေ ပြောလိုက်သည်။ “ဘယ်လိုထင်လဲ”

ချင်မူ ပြုံးပြလိုက်သည်။ “နတ်ဆိုးဘုရင် အဆိုပြုတာက သိပ်ကောင်းပါတယ်.... ပြောတဲ့အတိုင်း လုပ်ကြတာပေါ့” ဖုရွေ့လော် မှင်သက်သွားသော်လည်း ချင်မူက ဆက်ပြောသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို နှစ်ခြမ်းခွဲမယ်... ကျွန်တော်က လူသားမျိုးနွယ်ကို အုပ်ချုပ်မယ်... နတ်ဆိုးဘုရင်က ‌မိစ္ဆာနတ်ဆိုးတွေကို အုပ်ချုပ်... အားလုံး အေးအေးချမ်းချမ်း နေကြပေါ့.... နတ်ဘုရားဘုရင်၊ အဲဒီလိုဆိုရင် နတ်ဆိုးပိုင်နက်ထဲ လူသားတွေကို ကျွန်တော့်ဆီ ပြန်ပေးလို့ရပြီနော်”

ဖုရွေ့လော်၏ သုန်သုန်မှုန်မှုန် မျက်နှာက သူ့ကို စိုက်ကြည့်နေသည်။ သူ့လည်ပင်းက ဖြည်းဖြည်းချင်း လည်သွားပြီး တတိယမျက်နှာ ရောက်လာ၏။ တတိယမျက်နှာတွင် အစိမ်းရောင်အရေပြားနှင့် ကြောက်မက်ဖွယ်အစွယ်များ ရှိနေသည်။ ၎င်းက အလွန်ခက်ထန်နေပြီး ချောက်ချားဖွယ်ကောင်းလှသည်။

ချင်မူ အသက်ပြင်းပြင်းရှူရင်း ပြုံးရယ်လျက် ပြောလိုက်သည်။ “အခု နတ်ဆိုးဘုရင်ရဲ့ စကားတွေက ဘယ်လောက်မှန်လဲ၊ ဘယ်လောက်မှားလဲ ကျွန်တော် သိပါပြီ။ နတ်ဆိုးဘုရင်၊ ခင်ဗျားရဲ့ ပန်းတိုင်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံ မဟုတ်ဘူး... မဟာမြို့ပျက်ပဲ... ခင်ဗျား ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဝါးမြိုနိုင်‌အောင် ကျွန်တော် ကူညီပေးလိုက်ရင် ခင်ဗျားက ကမ္ဘာတစ်ခုလုံးကို စတေးပြီး မဟာမြို့ပျက်ထဲ ဝင်လိမ့်မယ်”

ဖုရွေ့လော်က အေးစက်စက် နှာခေါင်းရှုံ၍ တင်းမာခက်ထန်သောအမူအရာဖြင့် သူ့အား ကမ်းပါးတစ်ခုဆီ ခေါ်သွားသည်။ “ငါ့တပည့် ဖုယွီရှောင် မင်းလက်ချက်နဲ့ သေခဲ့ရတာတောင်... ငါက အဲဒီရန်ကြွေးကို မျက်ကွယ်ပြုပြီး မင်းကို အသက်ချမ်းသာပေးခဲ့ပေမယ့် မင်းက ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံတယ်... ကောင်းကင်ဆရာသခင်က ငါ့ကို တားနိုင်မယ်ထင်လား... မင်းတို့နတ်ဘုရားတွေ ငါ့ကို တားနိုင်မယ်ထင်လား”

ချင်မူ ရှေ့သို့ လျှောက်သွားပြီး အောက်ငုံ့ကြည့်လိုက်သည်။ သူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။

ကမ်းပါးအောက်တွင် မိစ္ဆာနတ်ဆိုးများနှင့် လူသားများက ကြီးကျယ်ခမ်းနားသည့် ယဇ်ပလ္လင်ကြီးများကို ထုဆစ်တည်ဆောက်ရင်း အလုပ်များနေကြ၏။ ယဇ်ပလ္လင်စုစုပေါင်း တစ်ရာကျော်သည်။

တန်ခိုးရှင်သစ်ခုတ်သမား မိတ်ဆွေများကို ဆင့်ခေါ်ခဲ့တုန်းက မဟာမြို့ပျက်မှ ကျောက်ရုပ်တုနှစ်ဆယ့်လေးခု ဆင်းသက်လာခဲ့သည်။ သူတို့အားလုံး အသက်ဝင်လာပြီး နတ်ဘုရားများ ဖြစ်လာခဲ့၏။ ယဇ်ပလ္လင်ကြီးနှစ်ဆယ့်လေးခု တန်းစီနေခဲ့သောမြင်ကွင်းမှာလည်း အတော်လေး ခမ်းနားခဲ့သည်။

သို့တိုင်အောင် အောက်တွင် ယဇ်ပလ္လင်နှစ်ဆယ့်လေးခုထက်မက ရှိနေ၏။

ချင်မူ့မျက်ဝန်းထောင့်စွန်းများ လှုပ်သွားပြီး အက်ကွဲကွဲအသံဖြင့် ပြောလိုက်မိသည်။ “ခင်ဗျား နတ်ဘုရား ဒီလောက်အများကြီး မဆင့်ခေါ်နိုင်ပါဘူး... အစစ်အမှန်ကောင်းကင်နတ်ဘုံက ခင်ဗျားကို ကူညီပေးရင်‌တောင် အဲဒီလောက်အင်အားအများကြီး လွှတ်ပေးမှာမဟုတ်ဘူး... ခင်ဗျားလည်း ဒီလောက်အင်အားကြီးတဲ့ နတ်ဘုရားစစ်တပ်ကို လက်ခံရဲမှာမဟုတ်ဘူး”

ဖုရွေ့လော်က ခေါင်းယမ်းလိုက်သည်။ “ငါ့အနေနဲ့ အစစ်အမှန်ကောင်းကင်နတ်ဘုံက နတ်ဘုရားတွေကို အောက်ဘုံဆီ ဖိတ်ခေါ်နိုင်ပေမယ့် မလုပ်ရဲတာတော့ အမှန်ပဲ”

ချင်မူ့နဖူးမှ ချွေးများကျလာပြီး အလျင်အမြန် ခေါင်းယမ်းလိုက်၏။ “ခင်ဗျားရဲ့ကမ္ဘာကလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ဆက်သွယ်နေတာ ကြာပြီဆိုတော့ မိစ္ဆာနတ်ဘုရားတွေ သိပ်ကျန်တော့မှာ မဟုတ်ဘူး... တစ်ခုခုဆိုလည်း သူတို့ တိုက်ရိုက်လာနိုင်တယ်

“စစ်ကြီးကလည်း နှစ်နှစ်သောင်းတိုင်တိုင် ဖြစ်နေတာမလို့ မိစ္ဆာနတ်ဘုရားအတော်များများလည်း တိုက်ပွဲကျသွားလောက်ပြီ... အများကြီးမှ မကျန်တော့ဘဲ... ယဇ်ပလ္လင်တွေ ဒီလောက်မလိုပါဘူး...”

ဖုရွေ့လော်က သူ့ကို အေးစက်စက် ကြည့်သည်။ “ဆက်မှန်းကြည့်ပါဦး.... မှန်းတာမှန်ရင် မင်းကို အသက်ရှင်ခွင့်ပေးမယ်”

ချင်မူမှာ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်ခါလာကာ လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ ဖုရွေ့လော် ဆင့်ခေါ်ရန် ကြံစည်နေသောအရာကို သူ တမုဟုတ်ချင်း သိလိုက်ချေပြီ။

“မိစ္ဆာနတ်ဆိုးတွေရဲ့ ဘိုးဘေးတွေ၊ ယိုတုရဲ့ မိစ္ဆာသဘာဝ၊ ပူဆွေးသောကတွေနဲ့ မိစ္ဆာစိတ်ရိုင်းတွေကနေ မွေးဖွားလာတဲ့ မိစ္ဆာနတ်ဘုရားတွေ.... ခင်ဗျားက အဲဒီအရာတွေကို ဆင့်‌ခေါ်ဖို့ ကြံစည်နေတာပဲ”

ဖုရွေ့လော်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ကျေနပ်သွားဟန်တူ၏။ “ဒီအကြံကို ဘယ်လိုထင်လဲ”

ချင်မူမှာ ဣန္ဒြေပြန်ဆည်ကာ ခေါင်းယမ်းလိုက်၏။ “သူတို့ကိုတောင် ဆင့်ခေါ်ဖို့ တွေးနေပြီဆိုတော့... နတ်ဆိုးဘုရင်လည်း ‌ချောင်ပိတ်သွားပါပြီ... အဲဒီမိစ္ဆာနတ်ဘုရားတွေရဲ့ အကျင့်စရိုက်နဲ့ဆို လူသားမျိုးနွယ် သေကြေပျက်စီးရုံနဲ့တင် ပြီးသွားမှာမဟုတ်ဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံတစ်ခုလုံး ဖျက်စီးခံရလိမ့်မယ်”

“ဒါကြောင့် ငါတို့က ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို စတေးနေတာပဲ” ဖုရွေ့လော်က ပြုံးလိုက်ပြီး မျက်နှာသုံးခုက ပြိုင်တူပြောကြသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို‌ ခြေနင်းကျောက်တုံးအဖြစ် အသုံးချပြီး မဟာမြို့ပျက်ကို ဝင်မယ်... ဒါပေမဲ့ ငါ့မှာ ပိုကောင်းတဲ့အကြံ ရှိတယ်.... မင်း စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်လိုက်တယ်လို့ ကြားတယ်... ငါ့လူတွေအတွက် အဲဒီလိုတံတားမျိုးတွေ တည်ဆောက်ပေးရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်”

“နတ်ဆိုးဘုရင်က ကျွန်တော့်ကို တံတားဆောက်ခိုင်းရဲတယ်ပေါ့... ကျွန်တော် လုပ်ကြံမှာ မကြောက်ဘူးလား” ချင်မူ မေးလိုက်သည်။

ဖုရွေ့လော်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက အေးစက်စွာ ပြောလိုက်သည်။ “ဒါဆို မင်းက ငါ့ကို ငြင်းဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားပေါ့”

“အကြီးအကဲ....” ချင်မူ ကပျာကယာ ခေါ်လိုက်၏။

ဖုရွေ့လော်က အင်္ကျီလက်အိုးများကို ပင့်တင်ကာ သရော်သလို ပြောလာသည်။ “ဉာဏ်ကောင်းချင်ယောင် ဆောင်မနေနဲ့... ငါ့ကို အကြီးအကဲလို့ ခေါ်လည်း အလကားပဲ... ငါ မင်းကို ရိုးရိုးသားသား ဆက်ဆံပေးခဲ့တယ်.. မင်းရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုပေးခဲ့တယ်... ကောင်းကင်ဆရာသခင်တောင် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ဖို့ တွေးမိမှာမဟုတ်ဘူး... ဒါပေမဲ့ မင်းက တည်ဆောက်ပေးခဲ့နိုင်လို့ ငါ မင်းရဲ့ အရည်အချင်းတွေကို နှမြောပြီး ဒီအချိန်အထိ အသက်ရှင်ခွင့်ပေးထားတာပဲ... ငါ မင်းကို မသတ်ဘူး ထင်နေလား.... ငါတို့မိစ္ဆာနတ်ဆိုးတွေက ညှာတာတတ်တယ် ထင်နေလား”

သူ၏ ခက်ထန်ကြမ်းတမ်းသော အရှိန်အဝါက တဟုန်ထိုး ပေါ်ထွက်လာ၍ ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဖိအားကြောင့် သူ အသက်ရှူရခက်လာသဖြင့် ကပျာကယာ နောက်ဆုတ်လိုက်ရင်း အော်ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာကပါ”

ဖုရွေ့လော်က သူ့ကို သတ်ရန် ပြင်နေခဲ့သော်လည်း သူ့စကားကို ကြားလျှင် ရပ်လိုက်၏။ “မင်းက ရွှင်ပျော်ပျော်ကျေးရွာက ဟုတ်လား... ဘာသက်သေပြစရာ ရှိလဲ”

ချင်မူမှာ အသက်ရှူမရသဖြင့် မျက်နှာနီရဲနေသည်။ ဖုရွေ့လော် မိစ္ဆာအရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်မှ သူ့မှာ အသက်လုရှူလိုက်ရ၏။ သူက ‌ကျောက်စိမ်းလည်ဆွဲကို ထုတ်ပြကာ ပြောလိုက်သည်။ “ဒါက သက်သေပဲ... နတ်ဆိုးဘုရင် ဒါကို မှတ်မိလောက်ပါတယ်”

ဖုရွေ့လော် လက်ဆန့်တန်းလိုက်သည့်အခါ ကျောက်စိမ်းလည်ဆွဲက ချင်မူ့လက်ထဲမှ ရုန်းထွက်ပြီး သူ့လက်ထဲ ရောက်သွားသည်။

ချင်မူ ရင်ထဲ ဒိန်းခနဲ ခုန်သွားသော်လည်း ရင်ခုန်သံများအား အလျင်အမြန် ဖိနှိပ်လိုက်၏။ ‘ယမမင်းက ဒီကျောက်စိမ်းလည်ဆွဲကို ကိုယ်နဲ့မကွာဆောင်ထားဖို့ မှာခဲ့တယ်... ကိုယ်နဲ့ ကွာသွားရင် မကောင်းတာတွေ ဖြစ်လာလိမ့်မယ်တဲ့... အခုတော့ ထွက်ပြေးဖို့ ဒီနည်းလမ်းကိုပဲ အားကိုးရတော့မယ်... အလုပ်ဖြစ်ပါစေ... အမ်၊ အခုထိ ဘာလို့မကောင်းတာတွေ မဖြစ်သေးတာပါလိမ့်... ကျောက်စိမ်းလည်ဆွဲနဲ့ နီးနေလို့များလား’

၎

င

၎

၎

All Chapters