← Chapters

ငါတို့က သေနေ‌တဲ့လူလို့ ထင်နေတာ

Vol. 33 Ch. 484

ငါတို့က သေနေ‌တဲ့လူလို့ ထင်နေတာ

Vol. 33 Ch. 484

"သုံးဆယ်ရာခိုင်နှုန်း ဒစ်စကောင့်...."

လင်းရီ သူ၏ မန်ဘာကဒ်ကို ထုတ်ပြလိုက်သောအခါ အမျိုးသမီး ဆိုင်၀န်ထမ်းများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် တိုင်းစကွဲတွင် စိန်အဆင့် မန်ဘာများကသာ သုံးဆယ်ရာခိုင်နှုန်း ဒစ်စကောင့်ပေးသည့် အကျိူးကျေးဇူးကို ခံစားနိုင်သောကြောင့်ပင်။

ထိုသို့ စိန်အဆင့်မန်ဘာတစ်ယောက် ဖြစ်ရန် လိုအပ်ချက်ကတော့ တိုင်းစကွဲတွင် အနည်းဆုံး ၁၀ မီလီယမ် သုံးစွဲထားရပေမည်။

လင်းရီလက်ထဲတွင် တလက်လက်တောက်ပနေသည့် စိန်အဆင့် မန်ဘာကဒ်ကို မြင်တော့ ဆိုင်၀န်ထမ်း အမျိုးသမီးများအားလုံး နေရာတွင် ကြက်သေသေသွားခဲ့ကြ၏။

'သူ့မှာ စိန်အဆင့် မန်ဘာကဒ် ရှိနေတယ်ဆိုတော့ သေချာပေါက် သကြားပေပီလေးတော့ မဖြစ်နိုင်ဘူး....'

'အမယ်လေး ဥစ္စာပေါ ရုပ်ချော သူဌေးသားလေး... ဒီလို ပြီးပြည့်စုံတဲ့ ယောက်ျားမျိုးကို ဒီခေတ်ကြီးမှာ ရှာလို့ တွေ့နိုင်ပါ့မလားနော်....'

"ဒီလိုဆိုရင်တော့ လူကြီးမင်းရဲ့ ကျသင့်ငွေက ယွမ် ၁၂,၉၅၀ ပဲ ကျသင့်တော့မှာပါ... သုံးဆယ်ရာခိုင်နှုန်း ဒစ်စကောင့်လည်း ထည့်တွက်ပြီးသားပါရှင့်.... "

"ကျုပ်ဘေးက အမျိုးသမီး ပိုက်ဆံ ချေလိမ့်မယ်... သူ့ကို ကျူအာကုတ်ပေးလိုက်...."

"ဟုတ်ကဲ့ရှင့်...."

မိနစ်အနည်းငယ်ကြာပြီးနောက် နှစ်ယောက်လုံး ပိုက်ဆံချေပြီး နစ်ချယ်စတိုးဆိုင်ထဲမှ ထွက်လာခဲ့လေသည်။

လီချူးဟန်၏ အမူအရာကတော့ တည်ငြိမ်လျက်ရှိ၏။ သူမ မန်ဘာကဒ်အကြောင်း တစ်ခွန်းမျှ မဟချေ။

သုံးလွှာမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား လေးလွှာရှိ အမျိုးသမီး၀တ်များ ရောင်းသည့် နေရာသို့ ရောက်လာခဲ့လေသည်။

"နင် ဘယ်လိုပုံစံမျိုးတွေ ကြိုက်တတ်လဲ... ငါ့ကိုလည်း ကူရွေးပေးလေ... "

လီချူးဟန် ပြောလိုက်သည်။

"ဒီလိုဆို ခဏစောင့်... ငါ လိုက်ကြည့်လိုက်ဦးမယ်.... "

နှစ်ယောက်သား တခဏခန့် ပတ်ကြည့်လိုက်ကြပြီး လင်းရီ အဖြူရောင် လည်ရှိုက် အပေါ်ထပ်နှင့် အဖြူရောင်ပန်းပွင့်ပုံလေးများ ပါသည့် အနီရောင် စကတ်တစ်ထည်ကို ညွှန်ပြလိုက်သည်။

"အဲ့၀တ်စုံလေးက မင်းနဲ့ဆို အရမ်းလိုက်မှာ... "

"ငါနဲ့ လိုက်မှာလား..."လီချူးဟန် မရေရာ ဖြစ်နေသည့် လေသံဖြင့် မေးမြန်းလိုက်ပြီး "ငါ စကတ်တိုလေးတွေ ၀တ်လေ့၀တ်ထ သိပ်မရှိဘူးနော်.... "

"ဟမ်.. ဘာလို့လဲ... မကြိုက်လို့လား... ငါ့အမြင်အရတော့ မင်းနဲ့ အရမ်းလိုက်မယ့်ပုံပါဟ.... "

လီချူးဟန်နှင့် ကျီချူးရန်တို့မှာ လုံး၀ ဆန့်ကျင်ဘက်ပင်။ ကျီချင်းရန်ထံတွင်တော့ စကတ်တိုလေးများမှာ မရေမတွက်နိုင်အောင် များပြားလှလေသည်။

"အင်း...."လီချူးဟန် ခဏရပ်တန့်၍ "ငါက ပုံမှန်ဆို ဆရာ၀န်ကုတ်အဖြူရောင်ပဲ ၀တ်လေ့ရှိတာလေ... ပြီးတော့ လူမှုရေးပွဲတွေလည်း သိပ်မတက်ဖြစ်တော့ စကတ်တို့ ဂါ၀န်တို့ သိပ်မ၀တ်ဖြစ်ဘူး...."

"ဒီလိုဆိုရင် ပိုပြီးတောင် ၀တ်ကြည့်သင့်တယ်... သွား မြန်မြန်လေး စမ်း၀တ်ကြည့်ကြည့်...."

"အင်းပါ... နင်ပြောတဲ့ အတိုင်းပဲပေါ့.... "

ဆိုင်ထဲသို့ ၀င်ရောက်ပြီးနောက် အမျိုးသမီး ၀န်ထမ်းမှာ လင်းရီညွှန်ပြသည့် ၀တ်စုံကို ယူ၍ လီချူးဟန်ကို အ၀တ်လဲခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။

ဆယ်မိနစ်ကြာပြီးနောက် လီချူးဟန် အပြင်သို့ ထွက်လာခဲ့ပြီး လင်းရီ၏ မျက်လုံးများကို အရောင်လက်သွားစေခဲ့၏။

အဖြူရောင် ဆရာ၀န်ကုတ်နှင့် ကျီချင်းရန်မှာ အေးစက်သည့် အရှိန်အဝါများကို လွှတ်ထုတ်နေသော်လည်း ယခု စကတ်နှင့် ၀တ်စုံကို ၀တ်ဆင်ပြီးနောက် ညင်သာသိမ်မွေ့သည့် အရှိန်အဝါများကို ပေးစွမ်းနေလေသည်။ အကယ်၍ မိတ်ကပ်လေးပါ ထပ်ပေါင်းလိုက်မည်ဆိုပါက ပို၍ပင် ပြီးပြည့်စုံသွားဦးမည်။

သို့သော်လည်း တစ်ခုတည်းသော ပြဿနာက လီချူးဟန်ကိုယ်တိုင်ပင်။ သူမ၏ အမူအရာမှာ သိပ်မလွယ်ကူသည့်ဟန် ဖြစ်နေပြီး အနည်းငယ် စိတ်လှုပ်ရှားနေသယောင် ဖြစ်နေလေသည်။

"မစ်က စကတ်အတိုလေးတွေ ၀တ်တာ အရမ်းရှားတာလား...."

အရောင်း၀န်ထမ်းအမျိုးသမီးမှ နွေးထွေးစွာ မေးမြန်းလာခဲ့၏။

"ဟုတ်တယ်..."လီချူးဟန် ပေါ့ပါးစွာ ခေါင်းညိမ့်လိုက်သည်။

"ကျွန်မလည်း အတူတူပါပဲ... တကယ်လို့ မစ်က သိပ်မလုံခြုံသလို ခံစားနေရရင် ဒိုင်းနဲ့ စတော်ကင် တွဲ၀တ်လို့ရတယ်လေ... အဲ့လိုဆို ပိုပြီး လုံလုံခြုံခြုံရှိတယ်လို့ ခံစားရတယ်.... "

လင်းရီ မေးစေ့ပွတ်လိုက်ပြီး "အဲ့လိုဆို ပိုတောင် ကြည့်ကောင်းသွားဦးမယ် ထင်တယ်..."

"နင်လည်း အဲ့လိုထင်တာလား..."လီချူးဟန် လင်းရီ၏ အမြင်ကို မေးမြန်းလိုက်၏။

"အင်း.... ငါ့စိတ်ကူးထဲမှာတော့ အတော်လေး မဆိုးဘူးပဲ..."

"ကောင်းပြီလေ.. အဲ့တာဆို ငါ စမ်း၀တ်ကြည့်ကြည့်လိုက်မယ်.... "

လင်းရီ၏ အကြံပေးမှုအောက်တွင် အရောင်း၀န်ထမ်း အမျိုးသမီးမှာ အနက်ရောင် အ၀တ်အစားများ ရှာတွေ့သွားတော့၏။ လီချူးဟန် ၀တ်ဆင်လိုက်သောအခါတွင် အေးစက်ပြီး ဆက်ဆီဆန်သည့် အရှိန်အဝါများကို လွှတ်ထုတ်နေကာ သူမ၏ လှုပ်ရှားမှုတိုင်းက တော်၀င်ဆန်နေတော့သည်။

"မဆိုးဘူး မဆိုးဘူး... ဒီတစ်စုံ ယူလိုက်မယ်... မင်းကော ဘယ်လိုထင်လဲ..."

"နင့်သဘောပဲ...."

"အဲ့တာဆို ယူလိုက်တော့...."

လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး ကျူအာကုတ်ကို စကန်ဖတ်ကာ ပိုက်ဆံချေပြီး လင်းရီနှင့် အတူ ထွက်လာခဲ့လေသည်။

"ငါ မနက်ဖြန် အဲ့ဒီ၀တ်စုံနဲ့သွားမယ်ဆိုရင် နည်းနည်းလေး ပိုရာ မကျဘူးလား...."

"စကတ်နဲ့ အပေါ်ထပ်ပဲ ၀တ်လိုက်‌လေ... အနက်ရောင် စတော်ကင်တော့ မ၀တ်နဲ့... အဲ့တာတွေကို ငါတစ်ယောက်တည်းပဲ သီးသန့်ကြည့်မယ်...."

လီချူးဟန် ရှက်သွေးဖြန်းသွားခဲ့ပြီး မသိမသာ ခေါင်းညိမ့်လိုက်၏။ သို့သော်လည်း ထိုလှုပ်ရှားမှုကို အနှီလင်းရီကမူ သတိမမူမိလိုက်ချေ။

မောလ်ထဲတွင် လျှောက်ပတ်သွားပြီးနောက် နှစ်ယောက်သား အပေါ်ဆုံးထပ်၌ တစ်ခုခု၀င်စားကာ အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကလင် ကလင်...

ထိုစဉ် လင်းရီဖုန်းသံ မြည်လာခဲ့၏။ လျန်ရူရွှယ်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။

"နင် ဒီညနေ ဘာလုပ်ဖို့ စီစဉ်ထားလဲ... "ဖုန်းကိုင်ပြီးနောက် လျန်ရူရွှယ်၏ အသံမှာ ထွက်ပေါ်လာခဲ့လေသည်။

"ဘာမှမရှိပါဘူး... ဘာလဲဖြစ်လို့...."

"ငါနင့်ကို လူတစ်ချို့နဲ့ မိတ်ဆက်ပေးစရာရှိတယ်... ဒီညနေ ငါ့ကို လာကြိုလှည့်..."

"ဘယ်ကို လာကြိုပေးရမှာ... မင်းတို့အဆောက်အဦးရဲ့ ၀င်ပေါက်၀မှာလား....."

"အင်း.... မွန်းလွဲ လေးနာရီလောက်နော်... ငါ့ကို အပေါက်၀မှာ စောင့်နေ.... "

"အိုကေ.... "

လျန်ရူရွှယ် ဘာလုပ်ချင်နေမှန်း လင်းရီ နားမလည်သော်လည်း အရေးကြီး ကိစ္စ ဖြစ်မယ်ဆိုတာကိုတော့ တပ်အပ်သိသည်။

"နင့်မှာ လုပ်စရာရှိနေရင် အရင်သွားလိုက်လေ... ငါ့ဖို့ စိတ်ပူမနေနဲ့..."လီချူးဟန် ပြောလိုက်သည်။

"အရေးမကြီးပါဘူးကွာ... လာ ငါမင်းကို ဆေးရုံအရင် ပို့ပေးမယ်... "

"အဲ့တာဆို ငါမောင်းလိုက်မယ်... နင်နားလိုက်...."

"ကောင်းပြီလေ...."

သူမ၏ ထိုင်ခုံခါးပတ်ကို တပ်ပြီးနောက် လီချူးဟန် ကားစက်နှိုးလိုက်သည်။ သို့သော်လည်း သူမ မမောင်းရသေးခင် အမယ်အိုတစ်ဦး သူတို့ကားရှေ့၌ ရုတ်တရက် လဲကျသွားခဲ့ကြောင်း မြင်တွေ့လိုက်ရ၏။

"အိုက်ယိုး.. ငါ့ခြေထောက်တွေ.... "

လင်းရီနှင့် လီချူးဟန်တို့ အချင်းချင်း ကြည့်လိုက်ကြ၏။

'ရှာရီအစုတ်ကြီး မောင်းတဲ့ ဒရိုင်ဘာနားကနေ ငွေညစ်ချင်နေတယ်တဲ့လား... ဒီလိုမျိုး ညစ်လို့ရတဲ့ငွေက ထမင်းတစ်နပ် ၀ယ်စားဖို့တောင် လောက်ပါ့မလားဟ... အဘွားကြီး .. ခင်များ တော်တော်လေးကို စီးပွားရေး အမြင်မရှိတာပဲ....'

"ကားထဲက ခဏထွက်ပြီး တစ်ချက် သွားကြည့်ကြည့်ရအောင်.... "

လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး ထိုင်ခုံခါးပတ်များကို ပြန်ဖြုတ်ကာ ကားထဲမှ ထွက်လာကြလေသည်။ တစ်ချိန်တည်းတွင် လူရွယ်တစ်ယောက် အပြေးအလွှား ရောက်ရှိလာခဲ့၏။

သူ လင်းရီနှင့် လီချူးဟန်တို့ကို လက်ညိုးထိုးကာ "မင်းတို့နှစ်ယောက် ကားကို ဘယ်လိုမောင်းနေကြတာလဲ... ရှင်နေတဲ့ လူကြီးတစ်ယောက်လုံး ရပ်နေတာကို မင်းတို့ မျက်လုံးတွေက မမြင်ကြဘူးလားကွ...."

"စိတ်မရှိပါနဲ့ကွာ..."လင်းရီ တွေးဆနေဟန်ဖြင့် ပြောလိုက်ပြီး "ငါတို့က သေနေတဲ့လူလို့ ထင်ပြီး တက်ကြိတ်သွားတော့မလို့... ဒါပေမယ့် စကားပြောတတ်လိမ့်မယ်လို့တော့ ထင်မထားဘူး... ငါတို့ ထင်တာ မှားသွားတာပဲဟ...."

လူရွယ်နှင့် အမယ်အိုကြီးတို့ နှစ်ယောက်လုံး ကြက်သေသေသွားကြသည်။ သူတို့ ဘယ်တုန်းကမှ ယခုလို မောက်မာသည့် အကြောင်းပြချက်မျိုးကို မကြားဖူးခဲ့ကြချေ။

"သောက်ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့.... မင်း ငါ့အမေကို ဒီလိုမျိုးဖြစ်အောင် တိုက်ချိုး ပစ်လိုက်တယ်ဆိုတော့ မြန်မြန်လျော်ပေးတော့..... "

"ဘယ်မှာတိုက်လို့...."လီချူးဟန် ပြောလိုက်ပြီး

"ငါ ကားစက်နှိုးခါရှိသေးတယ်... နင့်အမေကို ထိတောင် မထိရသေးဘူး...ဟိုက သူ့ဘာသူ အော်ပြီး လဲကျသွားတာ... နင် လူမှားပြီး ပိုက်ဆံတောင်းနေပြီ...."

"အိုက်ယိုး... လောကကြီးရေ.. ဘာများ ဖြစ်နေတာတုန်း... နင်တို့က လူငယ်တွေ မဟုတ်ဘူးလား... ငါ့လို အမယ်အိုကြီးကို ဒီလိုဖြစ်အောင် လုပ်ထားတာတောင်မှ တာ၀န်မယူပေးချင်ဘူးဆိုတော့ နင်တို့မှာ အသိတရားဆိုတာ လုံး၀ကို မရှိတော့ဘူးလား....."အမယ်အိုကြီးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အမေ ခု ဘယ်လိုနေသေးလဲ.. ဘယ်နေရာ နာသွားသေးတုန်း... "

"အမေ့ခြေထောက်တွေ နာတယ်သား... ပြီးတော့ အမေ နှလုံးတွေလည်း သိပ်မကောင်းဘူး... ခြေထောက် ကျိုးသွားပြီလားတောင် မသိတော့ပါဘူးသားရယ်.... "

"မပူနဲ့အမေ... သား အမေ့အတွက် တရားမျှတမှုကို ရှာဖွေပေးမယ်... "

တစ်ချိန်တည်းတွင် လူအုပ်ကြီးလည်း ဝိုင်းအုံလာကြပြီး ဘာဖြစ်သလဲဆိုတာကို ဝိုင်း၀န်း စပ်စုကြတော့၏။

"ရိကျား.. နင်ကြည့်လိုက်... ဟို အကို‌လေးရဲ့ကားက အဘွားကြီးကို ကားနဲ့ တိုက်ပစ်လိုက်ပြီနဲ့တူတယ်.... "ပြောလိုက်သူကတော့ ၀မ်နန်နန်ပင်။

"အင်း... အဲ့လိုဖြစ်သွားတဲ့ပုံပဲ.. လာ သွားကြည့်ကြည့်ရအောင်... "စွန်းရိကျား စိုးရိမ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

"နင်တို့နှစ်ယောက် ဒီမှာပဲ နေကြ... ဟိုကောင်က ရုပ်ချောတယ်ဆိုပြီး နင်တို့ကိုပါ အသုံးချနေဦးမယ်... တစ်ခုခု ဖြစ်သွားခဲ့ရင် နင်တို့ နှစ်ယောက်လုံးကိုပါ အမှုပတ်နေမှာနော်.... "

"ဒါပေမယ့် ငါတို့က ဆေးကျောင်းသူတွေလေ... တို့်မျက်စိရှေ့မှာ ဒိလိုမျိုးကြီး ဖြစ်သွားတာကို မျက်ကွယ်ပြုထားလို့ ဘယ်ကောင်းမှာ... "၀မ်နန်နန်မှ ပြောလိုက်ပြီး "ရိကျားက အဲ့အကိုလေးကို စိတ်၀င်စားနေလို့ နင် မနာလို ဖြစ်နေတာ မလား...."

"ဘာဆိုင်လို့ ငါက မနာလိုဖြစ်ရမှာ... ငါ့ရဲ့ အနေအထားကြီးက သူ့ထက် သာပြီးသား.... ငါ့လိုကောင်က မနာလိုဖြစ်စရာ ဘာသောက်ကြောင်းမှ ကို မရှိတာ...."ချိန်ကျွင်းလုံ ပြောလိုက်ပြီး "နင်တို့ နှစ်ယောက်ကို ဒီမှာပဲ ရပ်နေခိုင်းတယ် ဆိုတာက အခြေအနေကို အရင်ဆုံး အကဲဖြတ်ခိုင်းတာ... ဘာမှ မသိသေးပဲနဲ့ ၀င်မပါသေးနဲ့ဦး... "

ချိန်ကျွင်းလုံ ပြောသည်မှာ အဓိပ္ပာယ်ရှိသောကြောင့် မိန်းကလေးနှစ်ယောက်လုံး သူမတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး အခြေအနေကို အရင်ဆုံး စူးစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။ သူမတို့နှစ်ယောက်လုံး လင်းရီကို သွားရောက်ကူညီပေးချင်နေပါသော်လည်း ယခုလိုကိစ္စမျိုးတွင် သတိထားသည်က မမှားပေ။

လူများ ပို၍ ပို၍ ဝိုင်းအုံလာသည်ကို မြင်တော့ လူရွယ်၏ အမူအရာမှာ နဂိုကထက် မောက်မောက်မာမာ ဖြစ်လာခဲ့ပြီး လင်းရီနှင့် လီချူးဟန်တို့ကို လက်ညိုးထိုးကာ "မင်းတို့ နှစ်ယောက်လုပ်လို့ ခု ငါ့အမေ ခြေထောက်ကျိုးသွားပြီလားတောင် မသိဘူး.... အခက်မသင့်ရင် နှလုံးပါ ရှော့ခ်ရသွားနိုင်တယ်...မင်းတို့ ဘာပြန်လုပ်ပေးမလဲပြော.....”

All Chapters