အဲ့တာဆိုရင်တော့ မင်း အိပ်မက်မက်နေတာပဲ...
Vol. 33 Ch. 485
"နင်က ငါတို့နား ငွေလာညစ်နေတာပဲ... နင်တို့ကို လျော်ကြေးပေးစရာ ဘာအကြောင်းမှ မရှိဘူး..."လီချူးဟန် အေးစက်စွာ ပြောလိုက်ပြီး "ဒီကိစ္စကို ဖြေရှင်းပေးဖို့ ငါရဲခေါ်လိုက်တော့မယ်...."
"လမ်းဖယ် ...လမ်းဖယ်..."
လီချူးဟန် ဖုန်းထုတ်၍ ရဲခေါ်တော့မည့် အချိန်တွင် လူအုပ်နောက်မှ အသံဗလံများကို ရုတ်တရက် ကြားလိုက်ရ၏။
လူအုပ်ကြီးလည်း အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြပြီး လှည့်ကြည့်လိုက်သောအခါ ရဲအရာရှိနှစ်ဦးဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။
တိုင်းစကွဲမှာ လူသူလေးပါး ထူပြောလှပြီး ယာဉ်တိုက်မှုများ၊ ရာဇ၀တ်မှုများလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသောကြောင့် အနီးတစ်ဝိုက်တွင် ရဲများကို တာ၀န်ချထားပေးလေ့ရှိ၏။ ထိုမှသာ အမှုဖြစ်ပွားပါက အချိန်မှီ ရောက်ရှိနိုင်လိမ့်ပေမည်။
ရဲအရာရှိ နှစ်ဦး ရောက်ရှိလိုက်ပြီး အခြေအနေကို တစ်ချက် ရှိုးကြည့်လိုက်သောအခါ ဘာဖြစ်နေလဲဆိုတာ ချက်ချင်း သိရှိသွားတော့၏။
ဟန်ဆောင် ငွေညစ်မှုပင်။ သို့သော်လည်း ယခုလိုအမှုမျိုးမှာ အတော်လေး ကိုင်တွယ်ရ ခက်ခဲ၏။
ရဲအရာရှိနှစ်ဦးမှာ လင်းရီထံ ရောက်လာခဲ့ပြီး "ကားထဲမှာ ကင်မရာ (dashcam)ပါလား....."
"မပါဘူး..."
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "ကျုပ်ကားက ရှာရီလေးပဲလေ... ပြီးတော့ တစ်စုံတစ်ယောက်က ရှာရီကိုတောင် ပစ်မှတ်ထားလာလိမ့်မယ်လို့ ထင်မထားဘူး...ဘယ်လိုတောင် ရည်မှန်းချက် သေးလိုက်တဲ့ သူတွေလဲ...."
၎င်းကိုကြားတော့ ရဲအရာရှိ နှစ်ဦးမှာ ပြုံးဖြီးဖြီး ဖြစ်သွားခဲ့ကြ၏။
ဒီကောင်လေးက လူရွှင်တော်လေးလား...
သို့သော်လည်း ကင်မရာ မပါဘဲနှင့်တော့ ယခုကိစ္စမှာ ကိုင်တွယ်ရ ခက်ချေပြီ။
မျက်လုံးပါပြီး စဉ်းစားတတ်သည့် လူတိုင်း ထိုသားအမိမှာ ဟန်ဆောင် ငွေညစ်နေကြကြောင် သိရှိနေကြသော်လည်း ခိုင်လုံသည့် သက်သေအထောက်အထား မရှိဘဲနှင့်တော့ အပြစ်ပေးဖို့ရာ ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ရဲအရာရှိ နှစ်ဦးမှာ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသောကြောင့် မောလ်၏ လုံခြုံရေး၀န်ထမ်းကို ခေါ်လိုက်၏။
"မင်းတို့ မောလ်ရဲ့ အ၀င်၀မှာ စောင့်ကြည့်ရေးကင်မရာတော့ တပ်ထားလောက်မှာပါ... မင်းတို့ မန်နေဂျာနေဂျာကို သွားပြောလိုက်... ငါတို့ စောင့်ကြည့်ရေး ကင်မရာတွေကို စစ်ဆေးပြီးတော့ အခင်းဖြစ်သွားတဲ့ မြင်ကွင်းကို ကြည့်ချင်တယ်လို့...."
"အရာရှိကြီး.. ကျုပ်က လုံခြုံရေး ခေါင်းဆောင်ပါဗျ...."အနည်းငယ် ၀ဖိုင့်ဖိုင့်ရှိသည့် လုံခြုံရေး ၀န်ထမ်းတစ်ဦးမှ ပြောလိုက်ပြီး "ဒီနေရာက ကျုပ်တို့ စောင့်ကြည့်ရေး ကင်မရာတွေရဲ့ မမြင်ကွယ်ရာ ဖြစ်နေတယ်.. ပြီးတော့ အသစ်၀ယ်ထားတဲ့ ကင်မရာတွေကလည်း ခုထိ မတပ်ရသေးဘူး...."
"မဆိုးဘူးပဲ... မင်းတို့ကောင်တွေ ငါ့ကားကို ပစ်မှတ်ထားလိုက်တာ မထူးဆန်းတော့ပါဘူး... လက်စသတ်တော့ ဒီနေရာမှာ ကင်မရာတွေ မရှိဘူးဆိုတာ သိနေလို့ကိုး... ဟုတ်တယ်မလား....အတော်လေး ကျွမ်းကျင်သားပဲ...."
လင်းရီ နောက်ဆုံးတော့ ထိုသားအမိ အဘယ်ကြောင့် သူ၏ ရှာရီအစုတ်ကို ပစ်မှတ်ထားနေလဲ ဆိုတာ နားလည်သွားခဲ့လေသည်။
အပြင်မှ ကြည့်မည်ဆိုပါက သူ့ကားထဲတွင် ကင်မရာ မရှိကြောင်း မြင်တွေ့နိုင်ပြီး ရပ်ထားသည့် နေရာမှာလည်း စောင့်ကြည့်ရေး ကင်မရာများ လက်လှမ်းမမှီသည့် နေရာ ဖြစ်နေသောကြောင့် သူ၏ ရှာရီအစုတ်မှာ ထိုသားအမိအတွက် ပြီးပြည့်စုံသည့် ပစ်မှတ် ဖြစ်လာခဲ့ရ၏။
ရဲအရာရှိများကတော့ ခက်ခဲသည့် အခြေအနေသို့ ကျရောက်နေကြသည်။ ဦးစွာ ကားထဲတွင် ကင်မရာ မရှိချေ။ ဒုတိယအနေဖြင့် စောင့်ကြည့်ရေး ကင်မရာကလည်း မတပ်ရသေးချေ။ သက်သေမရှိသောကြောင့် ထိုသားအမိကို အပြစ်ပေးရန် အခက်ကြုံနေလေသည်။
ရဲအရာရှိ သူ၏ ခါးကိုကုန်းလိုက်ပြီး ဆံပင်ဖြူနေသည့် အမယ်အိုကြီးကို မေးလိုက်၏။ "အဘွားကြီး.. ခင်များ နေကောင်းလား...."
"မကောင်းဘူးဟေ့... ငါ့ ခြေထောက်ကို ကြည့်လိုက်စမ်း... နာလွန်းလို့ လှုပ်တောင် မလှုပ်နိုင်တော့ဘူး... ပြီးတော့ နှလုံးကလည်း နေလို့မကကောင်းဘူး... နင်က ရဲအရာရှိမလား... မြန်မြန် ဒီကိစ္စကို ဖြေရှင်းပေးတော့... ငါတို့လို သာမန် အရပ်သားတွေကို နစ်နာအောင် မလုပ်နဲ့.... "
ရဲအရာရှိနှစ်ဦးလုံး သက်ပြင်း ချလိုက်ကြ၏။ ယခုလို ကိစ္စမျိုးက ဒေါသထွက်စရာ အကောင်းဆုံးပင်။ အမယ်အိုကြီးမှာ ဟန်ဆောင်ပြီး ငွေလိမ်နေမှန်း သူတို့သိပါသော်လည်း ဥပဒေနည်းလမ်းဖြင့် ကိုင်တွယ်ရန် နည်းလမ်း မရှိ ဖြစ်နေလေသည်။
အကယ်၍ ထိုအမယ်အိုကြီးသာ ခေါင်းမာမာနှင့် ယခုလို ဆက်ထိုင်နေမည် ဆိုပါက မည်သူမျှ ဖယ်ရှား၍ ရမည် မဟုတ်ချေ။
သို့နှင့် အရာရှိကြီးလည်း ကိုးရို့ကားယား အမူအရာဖြင့် လင်းရီနှင့် လီချူးဟန်တို့ထံ လျှောက်လာခဲ့ပြီး "ငါ့ညီတို့ ၀တ်ပုံစားပုံ ကြည့်ရသလောက်တော့ အခြေအနေဆိုးမယ့်ပုံ မပေါ်ပါဘူး... ပြဿနာကို အေးဆေးရှောင်တဲ့အနေနဲ့ ယွမ် နှစ်ထောင်လောက် ပေးလိုက်ပါလား..."
"ကျုပ်တို့ကို ပိုက်ဆံပေးစေချင်နေတယ်ပေါ့လေ..."လင်းရီ ဒေါသထွက်စွာဖြင့် ရယ်မောလိုက်ပြီး တစ်ခုခု ပြောတော့မည့် အချိန်တွင် လီချူးဟန် သူမပိုက်ဆံအိတ်ထဲမှ ယွမ် နှစ်ထောင် ထုတ်လိုက်ကြောင်း မြင်တွေ့လိုက်ရ၏။
"ဒီလိုလူမျိုးတွေနဲ့ ပြိုင်ငြင်းမနေနဲ့... နောက်တစ်ခါဆို သတိထားကြတာပေါ့...."
"သူတို့ကို ဘာလို့ ပိုက်ဆံပေးနေမှာ... ပန်းခွေ၀ယ်ဖို့လား.."လင်းရီ ပြောလိုက်ပြီး "ဒီအဘွားကြီး သေရင်လည်း သတင်းစာစက္ကူလောက် မီးရှို့ပေးလိုက်ရင် တော်ရောပေါ့ကွာ... ဘာမှ ပန်းခွေတွေ ချပေးနေစရာ မလိုဘူး..."
ထိုစကားကိုကြားတော့ ယွမ်နှစ်ထောင်ကို လက်ခံတော့မည့် ဆဲဆဲ လူရွယ်လေးမှာ ချက်ချင်း အမူအရာ ပြောင်းသွားခဲ့ပြီး "မင်း ဒါဘာ စကား ပြောတာလဲကွ... ငါတို့က ကြင်နာပြီးတော့ မင်းတို့ကို ယွမ် နှစ်ထောင်လောက်နဲ့ အေးဆေးကျေအေးပေးဖို့ လုပ်နေတာနော်...ဒါတောင်မှ ငါ့အမေကို ကျိန်ဆဲရဲတယ်ပေါ့လေ... ယုံလားတော့မသိဘူးဟျောင့်..... ငါမင်းကို ကုန်းကောက်စရာမရှိအောင် လုပ်ပစ်မယ်... "
"ဒီလိုဆိုရင်တော့ မင်းအိပ်မက်မက်နေတာပဲ..."
လင်းရီ လှောင်ပြောင်လိုက်ပြီး "တကယ်လို့ မင်းတို့ အိမ်ထောင်စု စာရင်းထဲက လူတိုင်းကို ငါ လူငှားပြီး သတ်လိုက်မယ်ဆိုရင်တောင်မှ ပိုက်ဆံကကုန်သွားမှာ မဟုတ်ဘူး...."
၎င်းကိုကြားတော့ လူရွယ်လေးမှာ ဒေါသမထွက်သွားသည့် အပြင် မျက်လုံး အရောင်များ တောက်ပလာခဲ့လေသည် ။
'ဒီကောင်က ထင်ထားတာထက်ကို ပိုပြီး ချမ်းသာနေတဲ့ပုံပဲ....'
"ငါမင်းကို ပြောလိုက်မယ်.... ခုနတုန်းကတော့ ယွမ်နှစ်ထောင်လောက်နဲ့ ကျေအေးပေးလိုက်မလို့ပဲ... ခု မင်းပြောလိုက်တဲ့ စကားကြောင့် ဒီလောက်နဲ့ မရတော့ဘူး..."လူရွယ်လေးမှ ပြောလိုက်ပြီး "ငါ့အမေက ခု ခြေထောက်ကျိုးသွားပြီးတော့ နှလုံးလည်း ရှော့ခ်ရချင်သလိုဖြစ်သွားတယ်... မင်းတို့ဘက်က ဆေးဖိုးဝါးခ အနည်းဆုံး ယွမ်တစ်သိန်းမှ မပေးရင် ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့ ... အရာရှိကြီးတို့... ကျုပ်ကို ဖြေရှင်းချက်ပေးမယ်လို့ မျှော်လင့်တယ်...."
"ယွမ်တစ်သိန်း... မင်းက အဲ့လောက် လိုချင်နေတယ်ပေါ့လေ "
"ငါက အမှန်အတိုင်း ပြောနေတာကွ... မင်း ငါ့အမေကို ဒီအခြေအနေဖြစ်အောင် လုပ်တာကို ထည့်တွက်ရင် ယွမ်တစ်သိန်းက လောက်တောင် မလောက်ဘူး..."လူရွယ်မှ ပြောလိုက်၏။
"နင်တို့တွေ သူများနား ငွေညစ်မနေကြနဲ့..."ဘေးတွင် ရပ်ကြည့်နေသည့် စွန်းရိကျားမှ မနေနိုင်ပဲ ၀င်ပြောလိုက်တော့သည်။
"ဒါကြီးက ငွေညစ်နေတယ်ဆိုတာ ရှင်းနေတာပဲလေ.... နင်တို့က ဘယ်လိုတောင် အဲ့လောက်အများကြီး တောင်းဝံ့နေတာလဲ..."
"မိန်းကလေး... ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး.. မဆိုင်ရင် လာ၀င်မရှုပ်နဲ့...."
လူရွယ်မှ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ကျွန်မက ဆေးကျောင်းသူပဲ.. ရှင့်အမေက ဘာမှမဖြစ်ဘူးဆိုတာ ကျွန်မတပ်အပ်ပြောနိုင်တယ်... နင်တို့က သူများနား သပ်သပ် ငွေညစ်ချင်နေတာပဲ.... "
"ဆေးကျောင်းသူ..... "
လူရွယ်၏ အမူအရာမှာ လေးနက်သွားခဲ့သည်။ သူယခုလို ဆေးပညာ ကျွမ်းကျင်သူတစ်ဦးနှင့် လာကြုံလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
'ကိစ္စတွေက ထင်သလောက် မလွယ်ကူတော့ဘူးထင်တယ်....'
"ရိကျား... နင်ဘာတွေ ၀င်လျှာရှည်နေတာ..."
ချိန်ကျွင်းလုံ သူမကို နောက်သို့ ဆွဲခေါ်လိုက်ပြီး ရဲအရာရှိ နှစ်ဦးဘက်သို့ လှည့်ကာ "အရာရှိကြီးတို့ ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်ပါ... သူမ လျှောက်ပြောနေတာကို နားထောင်စရာမလိုပါဘူး....."
ချိန်ကျွင်းလုံ စွန်းရိကျားကို မည်သည့် တာ၀န်ခံမှုတို့မျှ မယူစေချင်သောကြောင့် အတတ်နိုင်ဆုံး ပြန်ဆွဲခေါ်လိုက်၏။
ရဲအရာရှိ နှစ်ဦးမှာ ချိန်ကျွင်းလုံကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး "မင်းက ဆေးကျောင်းသားလား...."
"ကျုပ်တို့က ဖူတန် ဆေးဌာနက ကျောင်းသားတွေပါ...."
"သူက တကယ်ကြီး ဖူတန်တက္ကသိုလ်ကတဲ့လား.. ဘယ်လောက်တောင် အထင်ကြီးစရာ ကောင်းလိုက်လဲ...."
"သူ ဘွဲ့ရပြီးတဲ့ အချိန်ကျရင် သေချာပေါက် အောင်မြင်မှာပဲ... တစ်ချိန်လုံး ဂိမ်းထိုင်ဆော့နေတဲ့ အိမ်ကကောင်နဲ့များ ကွာပါ့ကွာ...."
သူတို့၏ အထောက်အထားကို သိရှိသွားတော့ လင်းရီနှင့် လီချူးဟန်တို့လည်း အံ့ဩသွားခဲ့ကြ၏။ ချိန်ကျွင်းလုံတို့မှ ဖူတန် ဆေးတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
ဟွာရှန်းဆေးရုံမှာလည်း ဖူတန်နှင့် ပေါင်းစည်းထားသောကြောင့် တစ်နည်းအားဖြင့်ဆိုသော် ချိန်ကျွင်းလူံတို့မှာ သူမ၏ ကျောင်းသာများဟု ပြောလျှင်လည်း မမှားပေ။
"အဲ့တာဆို ကောင်းတာပေါ့.. ဒေါက်တာလေးက ဒီအဘွားကြီး ဘယ်လောက်ထိခိုက်သွားလဲဆိုတာ တစ်ချက် စစ်ဆေးကြည့်ပေးလို့ရလား... ဒါမှလဲ ကျုပ်တို့ ပြစ်မှုအဆင့်ကို တစ်ချက် တွက်ချက်ကြည့်လို့ရမှာ.... "
"ကောင်းပြီလေ.. ကျုပ် ကြိုးစားကြည့်တာပေါ့..."
ချိန်ကျွင်းလုံ အမယ်အိုရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ ဒဏ်ရာများကို စစ်ဆေးရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း အမယ်အိုကြီးနှင့် သူ့သားတို့မှာ လုံး၀ စိုးထိတ်သွားခြင်းမရှိချေ။ စစ်ဆေး၍ မည်သည့် ပြဿနာမျှ ထွက်မလာလျှင်တောင် မြေပြင်တွင်ထိုင်ပြီး နေထိုင်မကောင်းဟု ခေါင်းမာနေပါက မည်သူမျှ ဘာမှတတ်နိုင်လိမ့်မည် မဟုတ်ပေ။
ယင်းကလည်း လူအိုတစ်ယောက်ဖြစ်ရခြင်း၏ အားသာချက်များပင်။ သက်ကြီးရွယ်အိုများ မြေပြင်သို့ လဲကျလျှင် ဘေးရှိ စောင့်ကြည့်နေသူများမှာ ရင်တမမနှင့် ဖြစ်နေရ၏။
တစ်ချိန်တည်းတွင် ချိန်ကျွင်းလုံလည်း စိတ်ထဲတွင် လင်းရီကို အမုန်း ကြိမ်းဝါးနေတော့၏။
'မင်းလိုကောင်ကများ ငါ့ရှေ့မှာ ကျားကျားနဲ့ ဝီချက်အပ်ရဲတယ်ပေါ့လေ.. ဒီကနေ့ မင်းကို သေအောင် ဆော့ကစားပေးမယ်ကွ....'
မိနစ်အနည်းငယ်ကြာ ဟိုစမ်းသပ် ဒီစမ်းသပ်ပြီးနောက် ချိန်ကျွင်းလုံ အရာရှိ နှစ်ယောက်ထံ ပြန်လာခဲ့ပြီး "အရာရှိကြီးတို့ .. ကျုပ် စစ်ဆေးကြည့်ရသလောက်တော့ ဒီအမယ်အိုကြီးရဲ့ ခြေထောက်အရိုးတွေ အက်သွားခဲ့ပြီးတော့မှ နှလုံးခုန်နှုန်းကလည်း အတော်လေးကို မြန်ဆန်နေပါတယ်... သက်ကြီးပိုင်းအရွယ်မှာ ဒီလို ဒဏ်ရာမျိုးက သေစေနိုင်လောက်တဲ့ထိပဲ... တကယ်လို့ ဆေးရုံ တက်ရမယ်ဆိုရင် အနည်းဆုံးတော့ ယွမ် သုံးသိန်းလောက် ကုန်ကျမှာပဲ.... “