← Chapters

အမေရော သမီးပါ စားမလို့များလား

Vol. 33 Ch. 487

အမေရော သမီးပါ စားမလို့များလား

Vol. 33 Ch. 487

“ အဲ့လိုလုပ်စမ်းပါ…..” လင်းရီ ပြုံးလိုက်ပြီး သူ၏ဖုန်းကို ထုတ်ကာ “ ကျူအာကုတ်ကို စကန်ဖတ်လိုက်….”

လင်းရီ၏ ကျူအာကုတ်ကို စကန်ဖတ်ပြီးနောက် သားအမိနှစ်ယောက်လုံး ဒေါသတထောင်းထောင်းဖြင့် ထွက်ခွာသွားကြလေသည်။

နံနက်ခင်းတုန်းက သူတို့ သားအမိနှစ်ယောက် အသက်ကို စွန့်စား၍ ယွမ်နှစ်ရာ ရလာခဲ့ပြီး နေ့လည်ခင်းတွင် နောက်တစ်ကြိမ် အချီကြီး ထပ်ဖမ်းမည်ဟု ကြံစည်ထားသော်လည်း တစ်ပြားတစ်ချပ်မှ မရလိုက်သည့်အပြင် သူတို့အိတ်ထဲမှ ယွမ်သုံးဆယ်ပင် စိုက်ပေးလိုက်ရသေး၏။

“ ဒီကျောင်းသားကိုကော ဘယ်လိုလုပ်ကြမလဲ…” လင်းရီ ချိန်ကျွင်းလုံကို ကြည့်၍ ပြောလိုက်သည်။

“ သူတို့ ကျောင်းအုပ်ကြီးလက်ထဲပဲ အပ်လိုက်မယ်.. ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့ ကျောင်းကိုပဲ ဆုံးဖြတ်ပါလေ့စေ…. “

“ ကောင်းပြီလေ…”

ထို့နောက် နှစ်ယောက်သား ချိန်ကျွင်းလုံကို လျစ်လျူရှု၍ ထိုနေရာမှ ထွက်လာခဲ့ကြလေသည်။ သို့သော်လည်း အနာဂတ်တွင်တော့ သူ၏ ကျောင်းနေဘဝမှာ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း လင်းရီ သေချာနေတော့၏။

လီချူးဟန်၏ အေးစက်သည့် အကျင့်စရိုက်နှင့်ဆိုပါက သူမတို့ နောက်တစ်ကြိမ်ထပ်တွေ့လျှင်တောင် ယခုကိစ္စကို အစဖော်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း နေ့ခင်းကြောင်တောင် လင်းရီကို သူမရှေ့တွင် စော်ကားပြောဆိုနေသည်ကိုတော့ သူမလုံးဝ သည်းမခံနိုင်ပေ။

လမ်းတွင် လင်းရီ နာရီကိုတစ်ချက်ကြည့်လိုက်သောအခါ သုံးနာရီကျော်နေပြီ ဖြစ်ကြောင်း သတိထားမိသွားပြီး “ ငါ့ကို ကျိုကျုံး အဆောက်အဦးဆီပဲ ပြန်ပို့ပေးလိုက်တော့…”

“နင် ဆေးရုံကို ပြန်မသွားတော့ဘူးလား….”

“ ဟို သောက်ရူးသားအမိကြောင့်မို့ အချိန်တော်တော်များ ပေးလိုက်ရတယ်လေ... သွားလို့ မမှီတော့ဘူး…. “ လင်းရီ ပြောလိုက်ပြီး “ မင်း ငါ့ကားကို ပြန်မောင်းသွားလို့ရတယ်…”

“ အဲ့တာဆို ငါနင့်ကို မနက်ဖြန် လာကြိုပေးရမလား…”

“ မလိုဘူး… ငါ့မှာ တခြားကားတွေလည်း ရှိနေသေးတာပဲလေ… ဒုက္ခခံပြီး လာကြိုမနေနဲ့….”

“ အင်း….. ပြီးတာပါပဲ….”

လင်းရီကို ကျိုကျုံး အဆောက်အဦးထံ လိုက်ပို့ပေးပြီးနောက် လီချူးဟန် ပြန်လည်ထွက်ခွာသွားခဲ့သည်။

လင်းရီကတော့ လီချူးဟန် ဝယ်ပေးထားသည့် အင်္ကျီနှစ်စုံထဲမှ တစ်စုံကိုကောက်ဝတ်ကာ လျန်ရူရွှယ်၏ နေရာသို့ မောင်းနှင်လိုက်လေသည်။

မွန်းလွဲလေးနာရီအတိတွင် လင်းရီ၏ ဖုန်းမှာ တုန်ခါလာပြီး ခေါ်ဆိုလာသူကတော့ လျန်ရူရွှယ်ပင်။

“ နင် Rolls-Royce နဲ့ လာခဲ့တာလား….”

“ ဒါပေါ့…. အလှလေးလျန်ကို လာကြိုမှတော့ ပိုပြီး အဆင့်အတန်းမြင့်မြင့် ရှိရမယ်မလား…”

“နင် မြန်မြန် ထွက်သွားလိုက်တော့….. “ လျန်ရူရွှယ် စိတ်သောကရောက်စွာဖြင့်ပြောလိုက်ပြီး “ တကယ်လို့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေသာ မြင်သွားခဲ့ရင် ဘယ်လိုတွေ ပြောလိုက်ကြမလဲ…”

“ ပြောတော့ကော ဘာဖြစ်လဲ…. မြို့တော်ဝန်လျန်က ဥစ္စာပေါရုပ်ချော သူဌေးသားလေးကို ရှာလို့မရဘူးလား… ငါက အရမ်းကြီး ထူးချွန်နေပြီးတော့ မင်းက ငါနဲ့ မထိုက်တန်ဘူးဆိုရင်တောင် ကြိုးစားနေသရွေ့တော့ ငါ့ဘေးနား ရပ်နေနိုင်မှာပါလေ….”

“ ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့စမ်း… အဲ့ထက် ဝေးဝေးမောင်းသွား …. ဝင်ပေါက်ဝကြီးမှာ ပိတ်ရပ်မနေနဲ့…”

လင်းရီ ဘာမျှ ပြန်မပြောပဲ ဖုန်းချလိုက်၏။ သူလျန်ရူရွှယ်ကို ပြတင်းပေါက်မှ မြင်နေရပြီး ကားထဲမှ ထွက်လိုက်လေသည်။

တစ်ချိန်တည်းတွင် Audi A8 တစ်စီးမှာ လင်းရီကားနှင့် မီတာနှစ်ဆယ်ခန့်အကွာတွင် ပါကင်ထိုးလိုက်ပြီး ဒရိုင်ဘာထိုင်ခုံတွင်တော့ ဂါဝန်ရှည်နှင့် နေရာမျက်မှန် အညိုရောင် ဝတ်ဆင်ထားသည့် ခေတ်ဆန်ဆန် အမျိုးသမီးတစ်ဦး ထိုင်နေလေသည်။

သူမခေါင်းကို အနည်းငယ် တိမ်းစောင်းပြီး အပြင်သို့ ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်မှ နေကာမျက်မှန်အောက်ရှိ ဗာဒံစေ့ကဲ့သို့ လှပသည့် မျက်ဝန်းတစ်စုံကို မြင်တွေ့နိုင်လေသည်။

ထိုသူကတော့ ရှန်းရှူးရီပင်။

ကားထဲမှ ထွက်လာပြီးနောက် လင်းရီ လျန်ရူရွှယ်ကို တည့်တည့်ကြီးလိုက်ပြီး သူမကို လက်ဝှေ့ယမ်းပြလိုက်၏။

"ကိုယ့်ချစ်လေး လာခဲ့တော့လေ... ဒီည ကိုယ်တို့နှစ်ယောက် ဖယောင်းတိုင်မီးနဲ့ ရိုမန်တစ်ညစာစားပွဲလေး ပြင်ထားပြီးသား..."

လင်းရီ အော်ဟစ်လက်ပြနေသည်ကို မြင်တော့ လျန်ရူရွှယ် ရှက်ရွံ့ကြီးစွာဖြင့် အဆုတ်ထဲသို့ လေအေးတစ်ရှိုက် ရှူသွင်းလိုက်ရတော့၏။

သူမ လက်ဆွဲအိတ်ကို အလျှင်အမြန်ယူပြီး မျက်နှာကို လျှပ်တပြက် ကာထားလိုက်သည်။ သူမ မျက်နှာ ပူစပ်ပူလောင် ဖြစ်နေပြီး မည်သူနှင့်မျှ မျက်နှာခြင်း မဆိုင်ဝံ့ဖြစ်နေလေသည်။

ရှက်စရာကောင်းလိုက်တာ......

"ရှောင်လျန်... ငါနင့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါမယ်လို့ ပြောတုန်းက နင် တုတ်တုတ်မှ မလှုပ်တာ မထူးဆန်းတော့ပါဘူး.. လက်စသတ်တော့ နင့်စိတ်ထဲမှာ တစ်စုံတစ်ယောက်က ရှိနေပြီးသားကိုး... ဒီရဲ့ လူငယ်လေးကလည်း မဆိုးပါဘူးလေ... နင်က မြင်တတ်သားပဲ...."

"အတွင်းရေးမှူးဟန်... ကျွန်မကို လာစမနေနဲ့ .. ကျွန်မကဖြင့် သူ့ကို သိတောင်မသိဘူး... ကြည့်ရတာ စိတ်ဝေဒနာရှင်လေးနဲ့တူတယ်... သူ့ဦးနှောက်က ပုံမှန် မဟုတ်လောက်ဘူး... "

"အဲ့လိုလား... ဘယ်မိသားစုရဲ့ စိတ်ဝေဒနာရှင်ကများ ဒီအထိလာပြီး အော်ဟစ်နေလဲဆိုတာ သိချင်လိုက်တာနော်... "အတွင်းရေးမှူးဟန်မှ အပြုံးလေးဖြင့် ပြောလိုက်ပြီး "အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာကိုယ်ချင်း စပ်ယှက်တယ်ဆိုတာက ပုံမှန်ပဲလေ... ဘာမှ ဆန်းကြယ်နေတာ မဟုတ်ဘူး.. အဲ့တာကို ဘာလို့ ဒီလောက် အရှက်တွေ သည်းနေရတာ... "

လျန်ရူရွှယ်ကတော့ ရှက်ရွံ့စွာဖြင့် ခြေထောက် ဆောင့်အောင့်ပြီး လင်းရီဘေးသို့ ရောက်လာခဲ့လေသည်။ ထို့နောက် အလိုအလျောက် ခါးကြောဆွဲလိမ်လိုက်သည်။

"နင် ငါ့ကို လူကြားထဲ အရှက်ရအောင် လုပ်နေတာလား... ဘာလို့ ဒီကားကြီး မောင်းလာခဲ့တာ..."

ယင်းက ကိုးမီလီယမ်ကျော် တန်ကြေးရှိသည့် Rolls Royce ဖြစ်၏။ အကယ်၍ အခြားသူများ မြင်သွားခဲ့လျှင် မည်သို့ ပြောကြလိမ့်မည်နည်း။

"အလှလေးလျန်က ငါ့ကို အပြင်ထွက်ဖို့ ချိန်းတယ်ဆိုမှတော့ ကားအစုတ်ကြီး မောင်းလာခဲ့လို့ ဘယ်ဖြစ်မှာ..."

"သွား သွား ...လူတွေ သိပ်မများခင် ကားထဲ၀င်..."

လျန်ရူရွှယ် ရှက်ရွံ့ဒေါသတို့ ရောပြွမ်းနေပြီး လင်းရီကို ကားထဲသို့ အတင်းထိုးထည့်လိုက်သည်။ သူမ ဤနေရာမှ တတ်နိုင်သလောက် မြန်မြန် ထွက်သွားချင်နေလေသည်။

'ဟွန်း... ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ...'

"အေးပါ အေးပါ.. ငါ ဒီနေ့ မင်းပြောသမျှ နားထောင်ပါ့မယ်..... စိတ်‌လျှော့စိတ်လျှော့..."

"နင်က နားထောင်သင့်တဲ့ အချိန်ကျ နားမထောင်ဘူး... နားမထောင်ရမယ့်အချိန်ကျတော့ အရမ်း နားထောင်တယ်.. မြန်မြန် ကားပေါ်တက်..."

ကလင် ကလင် ကလင်....

လျန်ရူရွှယ် ကားထဲ ၀င်တော့မည့် အချိန်တွင် သူမအိတ်ထဲရှိ ဖုန်းသံ မြည်လာလေသည်။

"မေမေ..."လျန်ရူရွှယ် အနည်းငယ် ကြောင်အသွား၏။ 'ခါတိုင်း ဒီချိန် ဖုန်းဆက်လေ့မရှိပါဘူး.....'

"မီလိ... နင်ခု ဘာလဲလုပ်နေတာ...."

လျန်ရူရွှယ် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် "ခုလေးတင် အစည်းအဝေးပြီးသွားလို့ စာရွက်စာတမ်းတွေ ကြည့်နေတာလေ...."

"ဟုတ်လို့လား...."

"ဟုတ်တာပေါ့... သမီး အမေ့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ... "လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်သည်။

"‌အဲ့တာဆို နောက်ကို လှည့်ကြည့်လိုက်... နင့်အနောက်မှာ Audi A8 တစ်စီးရှိတယ်... "

ဘွန်း ဘွန်း ဘွန်း...

လျန်ရူရွှယ် အံ့အားသင့်သွားခဲ့၏။

သူမ နောက်လှည့်ကြည့်လိုက်သောအခါ Audi A8 ၏ ဒရိုင်ဘာနေရာ၌ ထိုင်နေသူမှာ သူမအမေဖြစ်ကြောင်း အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။

"ဘာလဲလုပ်နေတာ...မင်း သွားမှာလား မသွားဘူးလား...."လင်းရီ ပြောလိုက်၏။

"ငါတို့ သွားလို့မရတော့ဘူး..."

"ဘာလို့ မရမှာ... မင်း အန်တီက ရုတ်တရက်ကြီး ရောက်ချလာလို့လား...."

"ဟုတ်ဘူး... ငါ့အမေ မပြောမဆိုနဲ့ ရောက်ချလာလို့..."

"ငါငိုးပဲ...."

လျန်ရူရွှယ်၏ အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ လင်းရီ သူ့ကားနောက်ရှိ Audi ထဲတွင် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦး ထိုင်နေကြောင်း မြင်တွေ့လိုက်ရလေသည်။

ရှန်းရှူးရီမှာ သူမ၏ နေကာမျက်မှန်ကို ချွတ်ပြီး ဖြစ်၏။ လျန်ရူရွှယ်ကဲ့သို့ လှပသည့် ဗာဒံစေ့ပုံစံ မျက်လုံးအစုံကို မြင်သောအခါ လင်းရီ သူမ အမေဖြစ်ကြောင်း ချပ်ချင်း သေချာသွားတော့သည်။

"ဘာတွေ ငိုင်နေတာ... ကားတံခါးလာဖွင့်လေ..."

လင်းရီ ပြုံးဖြီးဖြီးဖြင့် ရောက်လာခဲ့ပြီး ရှန်းရှူးရီ၏ ကားတံခါးကို ဖွင့်ပေးလိုက်၏။

" အန်တီ မင်္ဂလာပါဗျ... "လင်းရီ ပြုံးလိုက်ပြီး "ကျွန်တော် အန်တီကို မြင်လိုက်ကတည်းကရင် ရူရွှယ်ရဲ့ အမေဆိုတာ ချက်ချင်း ပြောနိုင်တယ်.... "

"ဟုတ်လား...."

ရှန်းရှူးရီ အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။ သို့သော်လည်း လင်းရီ သူမကို တံခါးလာဖွင့်ပေးလိမ့်မည်လို့ ထင်မထားသောကြောင့် သူမ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။

ကောင်လေးက သွက်လက်ချက်ချာသားပဲ.....

"ဒါပေါ့ဗျ..."လင်းရီ ပြောလိုက်ပြီး "အန်တီက ရူရွှယ်နဲ့ ရုပ်ချင်းဆင်ပေမယ့် အသွင်အပြင်နဲ့ စိတ်နေသဘောထားပိုင်းမှာတော့ ရူရွှယ်က အန်တီ့ထက်ကို နည်းနည်းလေး လိုနေသေးတယ်... "

လျန်ရူရွှယ် "?????"

'ဒီအကောင် မျက်တောင်တစ်ချက်မခတ်ပဲ အလိမ်အညာတွေ လျှောက်ပြောနေပြန်ပြီ....'

'ခုနတုန်းကပဲ ငါတို့နှစ်ယောက်ကို ရုပ်ချင်းဆင်တယ်ပြောပြီး ခုကျတော့ ငါ့ရဲ့ ရုပ်ဆင်းအင်္ဂါက ငါ့အမေထက် နည်းနည်းလေး လိုနေသေးတယ်တဲ့လား....'

'ငါ့အမေက အဲ့လောက်ထိ အရူးလုပ်ရလွယ်မယ်လို့များ နင်ထင်နေတာလား ကောင်အစုတ်ပလုတ်ရဲ့....'

"တကယ်တမ်းကျတော့ ငါလည်း အဲ့လိုထင်တာပဲ... အဲ့တာကို မီလိလေးက လက်မခံနိုင်ဘူး ဖြစ်နေတာလေ..."

လျန်ရူရွှယ် ဆွံ့အသွားခဲ့ရသည်။

"မင်းအဲ့မှာ ဘာရပ်လုပ်နေတာ... ဒီလာလေ...."

လင်းရီ လျန်ရူရွှယ်ကို ပြောလိုက်ပြီး

"ငါက အန်တီနဲ့ စကားပြောနေတာနော်... ငါ့အမေကို ချွေးမလောင်း မိတ်ဆက်ပေးနေတာ မဟုတ်ဘူး... ဘာလို့ အဲ့မှာ ရှက်ကြောက်နေတဲ့ ချွေးမလောင်းလေးလို လုပ်နေတာ...."

လျန်ရူရွှယ် တုံ့ဆိုင်းစွာဖြင့် ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။ သူမ၏ မျက်နှာကတော့ ခရမ်းချဉ်သီးကဲ့သို့ နီရဲနေလေသည်။

"မေမေက ကျိုးဟိုင်ကို ဘာလဲလာလုပ်တာ..."

"ကျိုးဟိုင်မှာ အစည်းအဝေး လာတက်ရင်းနဲ့ နင့်ကို စပရိုက် လုပ်မလို့လေ... မထင်ထားဘူး... စပရိုက်လုပ်ခံလိုက်ရတဲ့ သူက ငါဖြစ်နေလိမ့်မယ်လို့... "

ရှန်းရှူးရီ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို လင်းရီ သေချာ အကဲခတ်ကြည့်သောအခါ ဂုဏ်သိမ်ဩဇာကြီးမားပြီး ချမ်းသာသည့် အမျိုးသမီးက ဘာကို ခေါ်လဲဆိုတာကို နားလည်သွားရလေသည်။

"အမေ အထင် မလွဲနဲ့နော်... အမေထင်နေသလိုမျိုး မဟုတ်ဘူး... သမီးတို့နှစ်ယောက်က သွားစရာလေးရှိလို့ ... အဲ့တာကြောင့် သူသမီးကို လာကြိုတာ... ဒီလို လာကြိုပေးတာလည်း ခုမှ ပထမဆုံး အကြိမ်ပဲ..."

"ငါမေးလား... ဘာလို့ မမေးတာတွေ လာပြီး လျှောက်ရှင်းပြနေတာ..."ရှန်းရှူးရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "နင်တို့ နှစ်ယောက် တစ်ခုခု လုပ်စရာရှိတယ်ဆိုရင်လည်း သွားလုပ်ကြလေ.. အမေဟိုတယ်မှာ စောင့်နေလိုက်မယ်... မနက်ဖြန်ထိတော့ မပြန်သေးဘူး..."

"အွန်း.. အဲ့တာဆို သမီးတို့ သွားစရာရှိတာ အရင်သွားလိုက်မယ်....."

"ဘာကို သွားမှာ..."လင်းရီပြောလိုက်ပြီး "ဘယ်သူက ပိုအရေးကြီးလဲဆိုတာ မင်းမသိဘူးလား...."

လင်းရီ ပြုံးလိုက်ပြီး ရှန်းရှူးရီကို ခရီးသည်ထိုင်ခုံ၌ ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး "အန်တီက ခုမှ လေယာဉ်ဆင်းခဲ့တာဆိုတော့ ဘာမှ မစားရလောက်သေးဘူးနဲ့တူတယ်... ကြိုဆိုတဲ့အနေနဲ့ ကျွန်တော် ထမင်းတစ်နပ်လောက် လိုက်ကျွေးပါရစေဗျ.... "

ရှန်းရှူးရီ ပြုံးလိုက်မိ၏။

ဒီကောင်လေးက မီလိလေးနဲ့ အရမ်းနီးကပ်နေတာ အံ့ဩစရာတော့ မရှိတော့ပါဘူး... သူက စကားလှလှလေးတွေ အရမ်းပြောတတ်နေတာကိုး...

ပြီးတော့ သူ့ရုပ်ရည်လေးကလည်း မဆိုးဘူး... အမေ့ရဲ့ စာမေးပွဲကို အောင်နိုင်လောက်တယ်....

"ငါ့အတွက် စိတ်မပူနဲ့.. နင်တို့ သွားစရာရှိတာပဲ သွားကြ.... "

"အန်တီ့ထက် ပိုအရေးကြီးတာ ဘာရှိရဦးမှာ... ကျန်တဲ့ ကိစ္စတွေကို ဘေးချိတ်ထားခိုင်းလိုက်... အရင်ဆုံး ထမင်းသွားစားကြမယ်.... "

ရှန်းရှူးရီ ပြုံးပြီး သူ့သမီးကို ကြည့်လိုက်၏။

"အဆင်ပြေမှာလား...."

"အွန်း... သမီး ဖုန်းခေါ်ပြီးတော့ မီတင်ကို နောက်ပြန်ဆုတ်လိုက်မယ်...."

ယနေ့ အစည်းအဝေးပွဲကို ရွေ့ဆိုင်းလိုက်ရသည်က အကြောင်း မဟုတ်သော်လည်း လျန်ရူရွှယ် ယခုလိုအခိုက်အတန့်တွင် မည်သူနှင့်မျှ ရင်ဆိုင်ရန် ရှက်ရွံ့နေလေသည်။

ယခု သူမအမေမှာ ဤအကြောင်း သိရှိသွားသောကြောင့် မကြာမီ သူမအဖိုးနှင့် အမေလည်း သိရှိသွားပေတော့မည်။

ဘယ်လို လုပ်ရမှန်းလဲ မသိတော့ဘူး..

အရမ်းရှက်ဖို့ ကောင်းလွန်းတယ်...

အကယ်၍ သူမ စောသိခဲ့ပါက လင်းရီကို လာကြိုပေးရန် တောင်းဆိုလိမ့်မည် မဟုတ်ချေ။

"အန်တီ ကားပေါ်တက် .. တကယ်လို့ ဆွေးနွေးစရာ ရှိရင်လည်း စားရင်းသောက်ရင်း ဆွေးနွေးလို့ရတာပဲလေ... "

"အိမ်ရှင် စိတ်တိုင်းကျပဲပေါ့..."ရှန်းရှူးရီ ခေါင်းညိမ့်၍ သဘောတူလိုက်သည်။

ထို့နောက် သုံးယောက်သား ကားပေါ်တက်ပြီး ပန်နီဆူလာ ဟိုတယ်သို့ ဦးတည်လိုက်ကြ၏။

လမ်းတွင် ရှန်းရှူးရီမှ ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီး လျန်ရူရွှယ်ကျတာ့ နောက်ခုံတွေ ထိုင်နေလေသည်။ ယခုလို နေရာချထားမှုကြီးက အနည်းငယ်ထူးဆန်းသည်ဟု လင်းရီ ခံစားနေရ၏။

လောဂျစ်ကျကျ ပြောရမည်ဆိုလျှင် လျန်ရူရွှယ်၏ မိခင်မှာ နောက်ခုံ၌ ထိုင်ပြီး သူမကတော့ ခရီးသည်ထိုင်ခုံတွင် ထိုင်သင့်လေသည်။

မောင်းနေစဉ်အတွင်း လင်းရီ ရှန်းရှူးရီနှင့် စကားပြောသည့် အပြင် ၀မ်ထျန်းလုံကိုလည်း အရေးကြီး ဧည့်သည်များအတွက် စားပွဲတစ်လုံး ကြိုပြင်ထားရန် မှာကြားထားလိုက်၏။

ဟိုတယ်သို့ ရောက်သောအခါ ဟိုတယ် ၀န်ထမ်းများမှ ဘေးနှစ်ဖက်တွင် အညီအညာ တန်းစီနေပြီး အလယ်တွင်တော့ ကော်ဇောအနီရောင်ကြီးကို ခင်းကျင်းထား၏။

နာမည်ကျော် ဆယ်လီများ နင်းလျှောက်ကြသည့် ကော်ဇောနီနှင့် အတူတူပင်။

'လင်းရီ လုပ်ထားတာက နည်းနည်းလေး အကဲမပိုလွန်းဘူးလား...'

'ငါ ဒီရောက်တုန်းကတောင်မှ ဒီလိုမျိုး မကြိုဆိုခံရဘူး... ဒီလို ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြီး ဘာလဲ လုပ်မှာ...'

လင်းရီကတော့ ၀မ်ထျန်းလုံ၏ အလိုက်သိတတ်မှုကို ကျေနပ်အားရနေပြီး ရှန်းရှူးရီကို အထဲသို့ ၀င်ရန် ကြိုဆိုလိုက်လေသည်။

လျန်ရူရွှယ်အတွက်ကတော့ ဖြစ်ချင်ရာဖြစ် နောက်တွင် ချန်ထားရစ်ခဲ့လိုက်၏။

သုံးယောက်လုံး ဟိုတယ်ထဲသို့ ၀င်သွားသည်ကို မြင်တော့ ၀မ်ထျန်းလုံဘေးရှိ လက်ထောက် မန်နေဂျာမှာ တီးတိုးပြောလိုက်ပြီး "မန်နေဂျာ၀မ်... ဘော့စ်လင်းက ဒီလိုအဆောင်အယောင်တွေနဲ့ ကြိုဆိုခိုင်းနေတယ်ဆိုတော့ ကောင်မလေး ပိုးပန်းနေတာတော့ မဖြစ်နိုင်လောက်ဘူး... အရေးကြီးတဲ့ ဧည့်သည်တွေကို ကြိုဆိုနေတာပဲ ဖြစ်ရမယ်...."

"အဲ့တာတော့ မသေချာဘူး.... "

၀မ်ထျန်းလုံ မနာလိုဖြစ်စွာ ပြောလိုက်၏။

"ဘာလို့ အဲ့လိုပြောတာ... "လက်ထောက် မန်နေဂျာမှ ပြောလိုက်ပြီး "အဲ့ဒီ အမျိုးသမီးနှစ်ယောက်ကြားက ပတ်သက်မှုကို ကြည့်လိုက်ရင်သေချာပေါက် သားအမိတွေပဲ ဖြစ်ရမယ်....."

"ငါသိတယ်... အမေရော သမီးပါ စားမလို့ကော မဖြစ်နိုင်ဘူးလား....”

All Chapters