← Chapters

အန်တီ ကျွန်တော် ထိန်ချန်မထားတော့ဘူး

Vol. 33 Ch. 488

အန်တီ ကျွန်တော် ထိန်ချန်မထားတော့ဘူး

Vol. 33 Ch. 488

ဟိုတယ်ထဲသို့ ရောက်သောအခါ သုံးယောက်လုံး စားပွဲထိုး၏ လမ်းပြဦးဆောင်မှုနောက်တွင် သီးသန့်ခန်းထဲသို့ ရောက်ရှိလာပြီး စားပွဲပေါ်တွင်တော့ အငွေ့တထောင်းထောင်းနှင့် စားမြိန်မည့် ဟင်းလျာများကို စားပွဲအပြည့် ခင်းကျင်းထားလေသည်။

ရှန်းရှူးရီနှင့် လျန်ရူရွှယ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ထိုဟင်းပွဲများအားလုံးက ရန်ကျင်းမှ နာမည်ကြီး ဟင်းလျာများပင်။

ထိုမှတစ်ဆင့် လင်းရီ အသေးစိတ်ကအစ လိုက်ဂရုစိုက်ထားကြောင်း တပ်အပ်ပြောနိုင်လေသည်။

"အမှန်အတိုင်း ပြောရရင် အန်တီက ကျိုးဟိုင်မှာ အစည်းအဝေး လာတက်ရင်းနဲ့ မီလိလေးဆီ ၀င်လာလည်တာ.. ဒါပေမယ့် နင်တို့နှစ်ယောက်ကို အတူ မြင်လိုက်ရလိမ့်မယ်လို့တောင် ထင်မထားဘူး... ဒီနေ့တော့ ပိုက်ဆံအများကြီးကုန်အောင် လုပ်မိသွားပြီနဲ့တူတယ်..."

"သူစိမ်းဆန်တဲ့ စကားတွေ မပြောစမ်းပါနဲ့ အန်တီရာ... ကိုယ်ပိုင်တဲ့ စားသောက်ဆိုင်မှာ ကိုယ့်စိတ်ကြိုက်စားလို့ရတယ်ဆိုတာ သဘာ၀ပဲလေ..."လင်းရီ ပြောလိုက်ပြီး "နောက်ဆို အန်တီ အလုပ်ကိစ္စနဲ့လာတဲ့ အချိန်တိုင်း ဒီမှာပဲတည်း... အန်တီအတွက် အထူးသီးသန့် အခန်းတစ်ခန်း ပြင်ထားပေးမယ်... အဲ့ဒီအခန်းကို အန်တီတစ်ယောက်တည်း သုံးပိုင်ခွင့် ရှိတယ်.... "

"အဲ့လောက်ထိလည်း ယဉ်ကျေးနေစရာ မလိုပါဘူး... ငါက ကျိုးဟိုင်ကို ခဏခဏ လာဖြစ်တာလည်း မဟုတ်ဘူး... ပြီးတော့ မီလီလေးရဲ့ အိမ်လည်း ရှိတာပဲလေ... သူ့ဆီမှာ နေလို့ရတယ်...."

လျန်ရူရွှယ် လင်းရီကို မျက်လုံးလှိမ့်လိုက်ပြီး လှောင်ပြောင်လိုက်၏။

နင် ကြွားတာ မအောင်မြင်တော့ဘူးမလား....

'ငါ့အမေက နင့်စကားလုံးလေးတွေအောက်မှာ ကျရှုံးသွားမှာ မဟုတ်ဘူး....'

"ကောင်းပြီလေ... အဲ့တာဆိုလည်း အန်တီ သူ့အိမ်မှာနေလိုက်... ကျွန်တော် အိမ်ပြန်အိပ်လိုက်မယ်....."

"အမ်...."

သီးသန့်ခန်းထဲရှိ လေထုမှာ အနည်းငယ် ထူးဆန်းသွားလေသည်။ ရှန်းရှူးရီ သူမ သမီးကို ကြည့်လိုက်ပြီး ကိစ္စများမှာ အနည်းငယ် မရိုးရှင်းဟု ခံစားနေရ၏။

မီလိလေးက ကျိုးဟိုင်ရောက်တာ နှစ်လလောက်ပဲ ရှိဦးမှာလေ... ဒါကို သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီအခြေအနေထိရောက်နေပြီဆိုတော့ နှစ်ယောက်က စကတည်းကရင် သိနေကြတာများလား...

နှစ်ယောက်လုံး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီး သွားကြပြီလား မသိဘူး....

သူက ငါ့သမီးဗိုက်ထဲကို မြေးဦးလေးတောင် ကြိုထည့်ပေးလိုက်ပြီလား....

ဟွာရှတစ်ခွင်တွင်တော့ ရာထူးအဆင့်အတန်းအရ ရှန်းရှူးရီနှင့် ယှဉ်နိုင်သည့် အမျိုးသမီးမှာ လက်တစ်ဆုပ်စာခန့်သာ ရှိပေလိမ့်မည်။

သို့သော်လည်း သူမတွင်လည်း သာမန် အမျိုးသမီးတို့၏ အမူအကျင့်နှင့် စရိုက်လက္ခဏာတို့မှာ ရှိနေသေးလေသည်။

အတင်းပြောချင်း၊ ရမ်းတမ်းခန့်မှန်းခြင်း၊ ယုံမှား သံသယဖြစ်ခြင်း၊ အစရှိသဖြင့် အမျိုးမျိုးပင်။

စကားတစ်ခွန်းတည်းဖြင့် လင်းရီ သူမကို ခေတ်သစ်ဒရာမာ အပိုင်းရှစ်ဆယ်စာလောက် ခရီးရောက်သွားစေကြောင်းတော့ လင်းရီ မသိရှိလိုက်ပေ။

"လင်းရီ... နင် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာ... "လျန်ရူရွှယ် မကျေမနပ်ဖြင့် ပါးဖောင်းဖောင်းလေး ဖြစ်သွားခဲ့၏။

"ငါ့ရဲ့ နာမည်ကို လိုက်ဖျက်ဆီးမနေနဲ့.. ငါ လျန်ရူရွှယ်က အဲ့လိုလူစားမျိုး မဟုတ်ဘူး.... "

"ငါလည်း အန်တီ့ကို မင်းအိမ်မှာ နေလို့ရတယ်လို့ပဲ ပြောတာလေ... ဘာမှားနေလို့... ဘယ်လိုလုပ်ပြီး မင်းကို နာမည်ဖျက်တယ် ဖြစ်ရမှာ... ငါ့အိမ်ငါ ပြန်လို့ မရဘူးလား....မင်းအတွေးတွေ အရမ်းလွန်နေပြီ.... "

"ကောင်းပြီ တော်လိုက်ကြတော့... ရန်ဖြစ်မနေကြနဲ့..."ရှန်းရှူးရီ ပြောလိုက်ပြီး "နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသားတွေကိုပဲ ဘာလို့ ကလေးတွေလို ရန်ဖြစ်နေကြတာ..."

ပုံမှန်ဆိုလျှင် လျန်ရူရွှယ်မှာ ထိုသို့ မဟုတ်သော်လည်း ရှန်းရှူးရီအနားတွင်တော့ သူမ၏ ကလေးဆန်သည့် ဘက်ခြမ်းကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။

"ရီလေး... ငါကြားထားတာတော့ နင် လီတိုဂရပ်ဖီစက်ကို ဖန်တီးဖို့ ကြိုးစားနေတယ်ဆို... "ရှန်းရှူးရီ စားသောက်နေစဉ် မေးမြန်းလိုက်၏။

"ဟုတ်တယ် အန်တီ..."လင်းရီ ဘာမျှ ဖုံးကွယ်မနေပဲ ခေါင်းညိမ့်၀န်ခံလိုက်၏။

ယခုလို ကိစ္စမျိုးက ပွင့်ပွင့်လင်းလင်း ဆွေးနွေး၍ ရလေသည်။

"အခက်အခဲတွေကော ရှိလား... ဥပမာ ရန်ပုံငွေ မလောက်တာမျိူးပေါ့... အန်တီနင့်ကို ကူညီပေးလို့ရတယ်.... "

"မလိုပါဘူးဗျ... ကျွန်တော်က အဲ့ဒီအပိုင်းမှာ အတော်လေး ချမ်းသာတယ်ဆိုတော့ အချိန်အတိုင်းအာတစ်ခုလောက်အထိတော့ လုံလောက်ပါသေးတယ်...."

ဖိုတိုလီတိုဂရပ်ဖီစက် ပြုလုပ်သည့် ပရောဂျက်မှာ အဆုံးမရှိသည့် တွင်းနက်ကြီး ဖြစ်ပြီး ယွမ်း သန်းနှစ်ရာ သုံးရာမှာ ဘာမျှ မဟုတ်ချေ။ လင်းရီတွင်လည်း ပိုက်ဆံ မရှားပါးသောကြောင့် ရှန်းရှူးရီ၏ အကူအညီကို မလိုအပ်ချေ။

"ကောင်းပြီလေ... အန်တီက နည်းပညာနယ်ပယ်အကြောင်း ဘာမှသိပ်မသိဘူးဆိုပမေယ့် ဖိုတိုလီတိုဂရပ်ဖီစက်က စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့ ဖန်တီးနိုင်တဲ့ အရာမဟုတ်ဘူးဆိုတာတော့ နားလည်တယ်... တစ်နေ့ နင် ပိုက်ဆံလိုရင် အန်တီ့ကိုသာ ပြောလိုက်... တကယ်လို့ အရမ်းကြီးများနေရင်တော့ မတတ်နိုင်ဘူးဆိုပေမယ့် ဘီလီယမ်ရာချီလောက်ကတော့ ပြဿနာ မရှိဘူး.... "

ဖူး....

လင်းရီ သွေးတလုတ် အန်ထုတ်လုနီးပါး ဖြစ်သွားခဲ့၏။

ဘီလီယမ် ရာချီက မများဘူးတဲ့လား...

ကျုပ်မှာတောင် အဲ့လောက်မရှိဘူး အိုကေ...

အန်တီ ခင်များက အရမ်း နိမ့်နိမ့်ချချနေတာပဲ....

"အန်တီ..."လင်းရီ လေးနက်စွာ ပြောလိုက်သည်။

"ဘာလဲ...."

"အဲ့တာဆို ကျွန်တော် ထိန်မချန်ထားတော့ဘူး...."

"အခက်အခဲ တစ်ခုခု ရှိလို့လား.. အန်တီ့ကို ပြောလေ...."

ရှန်းရှူးရီ ထိုင်ခုံနောက်သို့ မှီပြီး သူမခါးကို မတ်လိုက်သည်။ ထို့နောက် ဩဇာကြီးမားသည့် အရှိန်အဝါတို့ကို လွှတ်ထုတ်နေလေသည်။ အကယ်၍ ဂုဏ်သိမ်ကြီးမားသည့် မိသားစုမှ မဟုတ်ပါက ထိုသို့သော အရှိန်အဝါများကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ချေ။

"လတ်တလော ဒါရိုက်တာရှန်းရဲ့ သုတေသနမှာ အခက်ကြုံနေလို့... အဲ့တာက 4 nanometer EUV အလင်းအရင်းမြစ်ကို လိုအပ်နေတာပဲ... ပြီးတော့ Cymer ကပဲ အဲ့တာကို ထုတ်လုပ်နိုင်တာ...အန်တီ့မှာ အဲ့နယ်ပယ်က အဆက်အသွယ်တစ်ချို့ ရှိလားမသိဘူး...."

"Cymer....."

ရှန်းရှူးရီ ရေရွတ်လိုက်ပြီး "Cymer ဆိုတာက ကမ္ဘာ့ထိပ်တန်း အလင်းအရင်းအမြစ် ထုတ်လုပ်သူတွေလေ... ပြီးတော့ အဲ့တာကလည်း အမေရိကန်ကုမ္ပဏီပဲ...ခု နင်နဲ့ အဲ့ဒီ နှစ်နိုင်ငံကြား ဆက်ဆံရေးက တင်းမာနေတော့ သူတိူ့ဆီကနေ 4 nanometer အလင်းအရင်းအမြစ်ကို ၀ယ်ဖို့ဆိုတာ ခက်ခဲမှာပဲ... "

လင်းရီ ခေါင်းညိမ့်လိုက်၏။ "ရှေ့ရက်တွေတုန်းက ဒါရိုက်တာရှန်း ကျိုးဟိုင် Cymer ဌာနရဲ့ တာ၀န်ရှိသူနဲ့ ဒီကိစ္စကို စကားပြောကြည့်သေးတယ်... ဒါပေမယ့် အလုပ်မဖြစ်တော့ မ၀ယ်လိုက်ရဘူး....."

"နင် Cymerရဲ့ လူတွေနဲ့ တိုက်ရိုက် စကားသွားပြောလို့ ဘယ်ရမှာ... Cymerရဲ့ အဓိက ရှယ်ယာရှင်က Intel ပဲ...သူတို့ကမှ တကယ့်အညှာတွေ...."

"Intel...."

ဖြေရှင်းချက်တစ်ခု ရှာတွေ့သွားသကဲ့သို့ လင်းရီ၏ မျက်လုံးများ တောက်ပလာခဲ့သည်။

သို့သော်လည်း ယခုကိစ္စကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်လို့ သူအာမ မခံဝံ့သော်လည်း အနည်းဆုံးတော့ သူ့အတတ်နိုင်ဆုံး ကြိုးစားကြည့်ရပေမည်။

"ထပ်ပြီးတော့ ပြောရမယ်ဆိုရင် နင် ဟိုးရက်တွေတုန်းက ဂယက်အကြီးကြီး ရှာလိုက်တော့ အမေရိကန်ကုမ္ပဏီ တစ်ချို့ဆိုရင် နင့်ကို blacklist ထဲ ထည့်ထားလောက်ပြီ... ဒီတော့ ဒီကိစ္စက ကိုင်တွယ်ရတာ ပိုတောင် ခက်ခဲသွားဦးမယ်..."ရှန်းရှူးရီ ပြောလိုက်ပြီး "ဒါပေမယ့် နင်တို့လည်း 4 nanometer အလင်းအရင်းအမြစ်မရှိပဲနဲ့ ပရောဂျက်ကို ရှေ့ဆက်လို့ မရဘူးမလား...."

"ကျွန်တော်တို့ ကိုယ့်ဘာကိုယ် ဖန်တီးလို့တော့ရတယ်ဆိုပေမယ့် အဲ့လိုလုပ်ဖို့က အချိန်တွေ အများကြီး ပေးရမှာ... ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘူး...."

"သမီးမှာ အကြံတစ်ခု ရှိတယ်... နားထောင်ကြည့်ပြီးတော့ အလုပ်ဖြစ်မဖြစ် ကြည့်ကြတာပေါ့... "လျန်ရူရွှယ် ပြောလိုက်သည်။

"ပြောလေ... "

"နည်းလမ်းဟောင်းအတိုင်းပဲ သမီး အခွန်ရေးရာကို intelရဲ့ ထုတ်ကုန်တွေကို ထိန်းသိမ်းထားဖို့ အမိန့်ပေးလိုက်မယ်လေ.. အဲ့တာဆို သူတို့ သမီးတို့ကို ရောင်းပေးရတော့မှာပဲ မဟုတ်လား...."

"သမီးက အရမ်းငယ်ပြီး ရိုးအလွန်းတယ်... "ရှန်းရှူးရီ ပြောလိုက်ပြီး "ကွန်ပျူတာချစ်ပ်တွေနဲ့ ဆေးတွေက မတူဘူး... ပြည်ပက တင်သွင်းတဲ့ ဆေးတွေက အရေးကြီးတယ်ဆိုပေမယ့် တခြား အစားထိုး‌ဆေးတွေ ရှာလို့ရသေးတယ်.... ချစ်ပ်တွေကတော့ မတူဘူး... နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကို အဆုံအဖြတ်ပေးတဲ့ ပစ္စည်းလို့တောင် ပြောလို့ရတယ်... တကယ်လို့ သမီးတာ Intel ရဲ့ ပစ္စည်းတွေကို တစ်ရက်လောက်ပဲ ထိန်းသိမ်းထား ကြည့်လိုက် အစိုးရက အမေတို့မိသားစုကိုပါ ဖယ်ရှားဖို့ ဖိအားပေးလာတော့မှာ.. ဒီအကြံက အားကိုးလို့မရပါဘူးအေ.... "

"အဲ့တာဆိုရင် အရမ်းခက်ခဲတော့မှာပဲ... သူတို့က ငွေလည်း ပြတ်လပ်နေတဲ့သူတွေ မဟုတ်ဘူး... ပြီးတော့ ထုတ်ကုန်တွေကို မရောင်းရမှာလည်း စိတ်ပူစရာ မလိုဘူးဆိုတော့ ညှိနှိုင်းဆွေးနွေးဖို့ အခန်းကဏ္ဍတောင် ရှိမှာ မဟုတ်ဘူး..."

"အဲ့လိုတော့ ပြောလို့ မရသေးဘူး.. ငါတို့မှာ အခွင့်အရေး သေးသေးလေးတော့ ရှိသေးတယ်...."

လင်းရီ၏ စကားလုံးမျက အမေနှင့် သမီး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ရှန်းရှူးရီကဲ့သို့ ထက်မြက်သူပင် နည်းလမ်းကို ကြံရာမရဖြစ်နေသောကြောင့် လင်းရီ ပြောသည့် အခွင့်အရေးကို သူမ စိတ်၀င်စားနေမိ၏။

"ရီလေး... အန်တီနင့်ကို သတိပေးလိုက်မယ်... သာမန် အသေးအမွှား လှည့်ကွက်လေးတွေက ပါတီနှစ်ဖက်လုံး အင်အားမျှနေတဲ့ အချိန် ဒါမှမဟုတ် နှစ်ဖက်အင်အားက သိပ်မခြားနားတဲ့ အချိန်ကျမှပဲ အသုံး၀င်တာနော်... မဟုတ်လို့ကတော့ ဘာမှ အသုံးမ၀င်ဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး

"Trisolarisထဲက dimensional attack လိုပဲ... အဲ့ဒီ ငွေကြေး ယူနီကွန်းကြီးတွေက နင်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ စိတ်ရှုပ်ခံနေမှာ မဟုတ်ဘူး... "

"နင် ဒါရိုက်တာရှန်းကို ဆွဲခေါ်လိုက်သလိုမျိုးပေါ့... တကယ်လို့ မိုက်ခရိုဆော့ဖ်ကသာ ကြိုသိနေမယ်ဆိုရင် နင်သူ့ကို ခေါ်လာနိုင်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး...."

လင်းရီ ပြုံးလိုက်ပြီး "အန်တီပြောချင်တာကို ကျွန်တော်နားလည်တယ်... ဒါကြောင့်မို့ ဒီတစ်ကြိမ် လှည့်ကွက်တွေနဲ့ မကစားတော့ဘူး... ဓားဓားချင်း လှံလှံချင်း တိုက်ခိုက်မယ်...."

"တကယ်... "

ဤတစ်ကြိမ်တွင်တော့ သားအမိနှစ်ယောက်လုံးမှာ ပို၍ပင် ရှုပ်ထွေးသွားခဲ့လေသည်။ လက်ရှိ လင်းရီ၏ အရည်အချင်းဖြင့်ဆိုပါက Intel ကဲ့သို့ ကုမ္ပဏီကြီးကို ဆန့်ကျင်ရန် လုံး၀ မဖြစ်နိုင်ချေ။

"နင် သူတို့အားလုံးကို ခေါ်ပြီး စားပွဲဝိုင်းတစ်ဝိုင်းတည်း ဆွေးနွေးချင်တယ်ဆိုရင်တော့ နင့်မှာလည်း သူတို့ရဲ့ ပါဝါနဲ့ မျှခြေဖြစ်မယ့် တစ်ခုခု ရှိမှ ရမှာနော်...."ရှန်းရှူးရီ ပြောလိုက်ပြီး "ဒါပေမယ့် နင့်မှာ အဲ့လို ဝှက်ဖဲမျိုး ရှိမယ်လို့တော့ ငါမထင်ဘူး...."

"ဒီတစ်ခေါက်တော့ အန်တီမှားသွားပြီ... ကျွန်တော့်မှာ အဲ့လို ဝှက်ဖဲမျိုးရှိတယ်... ကျန်တဲ့သူတွေအတွက်တော့ အသုံးမ၀င်ဘူးဆိုပေမယ့် Intel အတွက်တော့ အရမ်းအသုံး၀င်တယ်...."

"နင် ဘာကို ဆိုလိုချင်နေတာ...."

"ချစ်ပ် 2.0 နည်းပညာ…”

All Chapters