ဖေဖေ့ကို စပရိုက်ပေးချင်နေတဲ့ ချစ်သမီးချောလေး
Vol. 33 Ch. 490
ရှန်းရှုးရီကတော့ သူမ အသားအရေ ထိန်းသိမ်းမှုကိုသာ ဆက်လက်လုပ်ဆောင်နေပြီး" ဘာလို့ အဲ့လိုမေးတာ...."
"ခံစားမိလို့...."လျန်ရူရွှယ် ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
အိမ်သို့ပြန်ရောက်စဉ်ကတည်းက လျန်ရူရွှယ် သူမအမေမှာ သူမနှင့် လင်းရီကြားရှိ ဆက်ဆံရေးကို သေချာပေါက် မေးခွန်းထုတ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်ကို အကြောင်းပြချက်မရှိ ယွမ်ဘီလီယမ်ပေါင်းများစွာ ရင်းနှီး မြုပ်နှံပေးဖို့ သဘောတူသည်က သေချာပေါက် ပုံမှန်မဟုတ်သောကြောင့် တိကျသေချာသည့် ရှုထောင့်မှ ကြည့်မည်ဆိုပါက ယင်းက အကြွင်းမဲ့ ယုံကြည်ခြင်းဖြစ်သည်။
သို့သော်လည်း ပြန်ရောက်လာပြီးနောက် သူမအမေ၏ အပြုအမူမှာ အံ့အားသင့်ဖို့ကောင်းစွာ တည်ငြိမ်နေပြီး သူမ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်နေလေသည်။ အကယ်၍ သူမ၏ အဖေ သို့မဟုတ် အဘိုးဆိုပါက သူမနှင့် လင်းရီကြားရှိ ဆက်ဆံရေးကို တရစပ် မေးခွန်းထုတ်နေလိမ့်မည်။
"ဟိုလို ထွေထူးတော့ မရှိပါဘူး... နင်တို့နှစ်ယောက်က သိပ် မလိုက်ဖက်ဘူးလို့ ထင်လို့ပါ....."ရှန်းရှူးရီ သူမ အတွေးများကို ထုတ်ပြောလိုက်သည်။
လျန်ရူရွှယ် ရုတ်တရက် သက်တောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရ၏။ သို့သော်လည်း ယင်းခံသားချက်များကို စိတ်ထဲတွင်သာ ထားပြီး မျက်နှာပေါ်တွင် မပြသချေ။
သူမ facial mask ကို သူမ အမေကဲ့သို့ မျက်နှာပေါ်တွင် ကပ်လိုက်ပြီး
“ သမီတို့နှစ်ယောက်က အတူတောင် မနေရသေးတာကို လိုက်ဖက်တာ မလိုက်ဖက်တာက အရေးကြီးလို့လား…”
“ နင်တို့နှစ်ယောက် အတူမနေရသေးတာ ကောင်းတယ်….” ရှန်းရှူးရီ ပြောလိုက်ပြီး “ သူငယ်ချင်း တစ်ယောက်အနေနဲ့တော့ လင်းရီက လူကောင်းလေးပဲ.. အမေလည်း သူ့ကို မြင့်မြင့်မှန်းထားပြီးသား… မဟုတ်ရင် ရင်းနှီးမြုပ်နှံပေးဖို့ ကမ်းလှမ်းလိုက်မှာ မဟုတ်ဘူး…”
“ အဲ့လိုပြောပြီးတော့ အမေက ဘာလို့ သဘော မတူချင်ရတာ…”
ရှန်းရှူးရီ mask အိတ်ခွံကို အမှိုက်ပုံးထဲသို့ ပစ်ပြီး “ အမှန်တော့ လင်းရီက လူကောင်းပါ… နည်းနည်းလေး ကျိုးကြောင်းမဆီလျော်တာကလွဲရင် အကုန်ကောင်းပါတယ်….”
၎င်းကိုပဲ လျန်ရူရွှယ် စဉ်းစားမရဖြစ်နေသည်။ လင်းရီမှာ ငွေကြေးစည်းစိမ် ချမ်းသာပြီး ရုပ်ရည်ဆိုလျှင်လည်း အထွေအထူး ပြောနေရန် မလိုအပ်ချေ။ မည်သည့် ယောက္ခမမျိုးမဆို ထိုသို့သော သမက်မျိုး အလိုရှိကြပေမည်။
အကယ်၍ သူမတွင် သမီးတစ်ယောက်ရှိလာခဲ့ပြီး ထိုသို့သော သားမက်မျိုး ရမည်ဆိုပါက သေချာပေါက် ကျေနပ်ပီတိ ဖြစ်နိုင်၏။
“ ဒါပေမယ့် သူ့လိုလူမျိုးက မိန်းမနဲ့ မိသားစုအကြောင်း စဉ်းစားမှာ မဟုတ်ဘူး… ဒါကြောင့်မို့ အမေ နင့်ကို သူ့လိုလူမျိုးနဲ့ အိမ်ထောင်မကျစေချင်တာပဲ…” ရှန်းရှူးရီ သူမအတွေးများကို ပြောပြလိုက်ပြီး “ အနာဂတ်ကျ သမီး ယောက်ျားယူမယ်ဆိုရင် သမီးအဖေရဲ့ စံချိန်စံနှုန်းအတိုင်းပဲယူ…. အရမ်းကြီး ကြည့်ကောင်းနေရင်လည်း အသုံးမဝင်ဘူး.. တကယ်လို့ အရမ်းကြီး ဉာဏ်ကောင်းနေပြန်ရင်လည်း မဟုတ်သေးဘူး… သမီးအဖေလို ရိုးရိုးသားသားလေးရှိရင် ရပြီ….”
“ အမေ ဆိုလိုချင်တာ လင်းရီက သူ့ရဲ့ အလုပ်ကိုပဲ အာရုံစိုက်နေပြီးတော့ မိသားစု တာဝန် မကျေပွန်နိုင်လောက်ဘူးဆိုတဲ့ သဘောလား….”
“ အတိအကျပဲ…” ရှန်းရှူးရီ ပြောလိုက်ပြီး “ သူ့လိုလူမျိုးက ဘဝကို သာမန်ဖြတ်သန်းဖို့ ကံပါလာတာ မဟုတ်ဘူး… ဒါပေမယ့် အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲ သူ့ရဲ့ ကံကြမ္မာက နှစ်လမ်းပဲ ရှိတယ်…”
“ ဘယ်လို နှစ်လမ်းလဲ…”
“ ကမ္ဘာကြီးကို သူ့ခြေထောက်အောက်မှာ နင်းခြေနိုင်ရင် နင်းခြေ… ဒါမှမဟုတ် ကမ္ဘာကြီးကပဲ သူ့ကို သေအောင် ပြန်နင်းခြေသွားလိမ့်မယ်… ရှင်းရှင်းလေးပဲ….”
လျန်ရူရွှယ် တိတ်ဆိတ်သွားခဲ့၏။ အတိတ်တုန်းက သူမ လင်းရီကို ဖောက်ထွင်းမမြင်နိုင်ဟု ခံစားခဲ့ရ၏။ ယခု သူမအမေပြောပုံအရဆိုလျှင်တော့ ယင်းက မှန်ကန်နေပုံပင်။
လင်းရီမှာ ထိုသို့သော လူစားမျိုးဖြစ်ပြီး မိသားစုတစ်ခု တည်ထောင်၍ ဘဝကို အေးအေးချမ်းချမ်းဖြင့် ဖြတ်သန်းမည့် လူစားမျိုး မဟုတ်ချေ။
“ အဲ့တာက သမီးနဲ့မှ မဆိုင်တာ…. သမီးတို့က ဒီတိုင်း သူငယ်ချင်းပဲ…”
“ အဲ့ဒီ ဆက်ဆံရေးက အကောင်းဆုံးပဲ… အမေစကားတွေ အများကြီး မပြောတော့ဘူး…”
ထို့နောက် အမေနှင့် သမီးတို့ ဆိုဖာကိုမှီကာ တီဗွီကြည့်မည့်အစား ဟိုအကြောင်း ဒီအကြောင်းတို့ ဆက်ပြောနေခဲ့ကြသည်။
နာရီဝက်ကြာပြီးနောက် ရှန်းရှူးရီ သူမ mask ကို ချွတ်လိုက်ပြီး “ ကောင်းပြီ… စောစောအိပ်တော့… မနက်ဖြန် စောစောထပြီး အဘိုးရန်ကို ကြည့်ဖို့ မေမေနဲ့အတူ ဆေးရုံလိုက်ခဲ့ရမယ်…”
“ ဟုတ်….”
Mask ကို ပစ်ပြီးနောက် အမေနှင့် သမီးမှာ အခန်းကိုယ်စီသို့ ဦးတည်လိုက်ကြသည်။ သို့သော်လည်း ရှန်းရှူးရီ တံခါးဖွင့်လိုက်သည့် အချိန်တွင် လျန်ရူရွှယ်မှ စကားစလာခဲ့၏။
“ မေမေ…. မေမေပြောတော့ လင်းရီရဲ့ ကံကြမ္မာက နှစ်လမ်းတည်းရှိတယ်လို့ ပြောတယ်နော်…အဲ့ဒါက ဒီတိုင်း ထင်ကြေးပေးတာလား ဒါမှမဟုတ် အဲ့လိုမျိုး တစ်ယောက်ယောက်နဲ့ ကြုံဖူးလို့လား…”
“ ဘာလဲ နင်က မေမေ့ကို မယုံတာလား…မေမေနင့်ကို ဘယ်တုန်းက ထိခိုက်အောင် လုပ်ခဲ့ဖူးလို့…”
“ မလုပ်ခဲ့ပါဘူး… သမီးလည်း ဒီတိုင်းမေးကြည့်တာလေ…”
သူမ သမီး၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း ရှန်းရှူးရီ မူလက ပြောတော့မည့် စကားလုံးများကို ပြန်မျိုချလိုက်ပြီး သူမ လေသံကို တစ်မျိုးပြောင်းကာ “ မေမေ တစ်ယောက်ကို ကြုံခဲ့ဖူးတယ်….”
“ လက်စသတ်တော့ ဒီလိုကိုး…”
“ ပြန်ပြီး အိပ်တော့…. မနက်ဖြန် စောစောထရမှာ…”
“ အွန်း….”
ထို့နောက် အခန်းကိုယ်စီသို့ ဝင်သွားကြပြီး ရှန်းရှူးရီကတော့ သူမရင်ထဲ အတွေးတို့ ဗျာများနေပြီး အချိန်အတော်ကြာသည်အထိ အိပ်မပျော်နိုင် ဖြစ်နေလေသည်။
သူမ လင်းရီကို မြင်သည့် အခိုက်အတန့်တွင် လင်းရီမှာ ထိုပုဂ္ဂိုလ်နှင့် အတော်လေးတူကြောင်း သတိထားမိ၏။သို့သော်လည်း သူတို့နှစ်ယောက်ကြားတွင် မတူညီမှုများကတော့ ရှိနေဆဲပင်။ သူ၏ မျက်လုံး ထောင့်စွန်းများတွင် ထိုအမျိုးသမီး၏ ညင်သာမှုများ ရှိနေပုံရပြီး နောက်ဆုံးတွင်တော့ ရှန်းရှူးရီ ကိုယ့်ကိုယ်ကို သိမ်ငယ်စွာ ပြုံးလိုက်ရင်း တီးတိုးရေရွတ်လိုက်၏။
“ အမျိုးသမီးတစ်ယောက်က အဲ့ဒီအတိုင်းအတာအထိ အသက်ရှင် နေနိုင်တယ်ဆိုတော့ အတော်လေး အစွန်းရောက်တယ်လို့ သတ်မှတ်လို့ရတယ်မလား…”
………………….
နောက်တစ်နေ့ နံနက် လင်းရီ တက္ကစီစီး၍ ဆေးရုံသို့ ရောက်လာခဲ့သည်။
“ အစ်ကိုရီ ... ခဏနေကြရင် ခွဲစိတ်မှု စတော့မှာနော်…. ဆေးမှတ်တမ်းတွေ အကုန် အစ်ကိုရီရဲ့ စားပွဲပေါ်မှာ ရှိတယ်… တစ်ချက်ကြည့်ကြည့်လိုက်ဦး …. ဒါရိုက်တာလီပြောတာတော့ ခွဲစိတ်မှုက ကိုးနာရီခွဲလောက် စမယ်ဆိုပဲ…” ချောင်ရှင်း ပြောလိုက်သည်။
“ ကောင်းပြီလေ…”
လင်းရီကတော့ မည်သည့် နေရာသို့မျှ သွားရန် မလိုအပ်ပဲ လီးချူးဟန်နောက် လိုက်ရုံမျှဖြင့် မစ်ရှင်များကို လွယ်ကူစွာ ပြီးမြောင်နိုင်သည်ဟု ခံစားနေရ၏။
“ဟမ်.... ဒီအဘိုးကြီးက အခန်း 801က မဟုတ်လား… သူ့မိသားစုက တစ်ယောက်ယောက်လာသေးလား… ဆေးဖိုးတွေကော ပေးပြီးသွားပြီလား….”
ချောင်ရှင်း ကူကယ်ရာမဲ့စွာဖြင့် သူမခေါင်းကို ခါရမ်းလိုက်ပြီး “ အဲ့အဘိုးကြီး ဆေးရုံ စစတက်ခြင်းတုန်းက ယွမ် လေးထောင်ပေးသေးတယ်…. အဲ့နောက်ပိုင်း ဘယ်မိသားစုဝင်ကမှ ပေါ်မလာတော့ဘူး… ခုဆို ဆေးရုံကို ယွမ် တစ်သောင်းတောင် အကြွေးတင်နေပြီ….”
“ ဆေးရုံကကော ဘာပြောလဲ…”
“ ဆေးရုံလည်း ဘာတတ်နိုင်မှာ… လူနာက ညီမတို့ဆီရောက်ပြီးသားလေ… မိသားစုဝင်တွေကို မဆက်သွယ်နိုင်ရင်တောင် ဒီတိုင်း မောင်းထုတ်ပစ်လို့မှ မရတာ…. သူ့ကို ကုသပေးရုံပဲ….” ချောင်ရှင်းပြောလိုက်ပြီး “ ပြီးတော့ သူ့အခြေအနေက အချိန်ထပ်ဆွဲလို့လည်း မရတော့ဘူး… ချက်ချင်းခွဲစိတ်မှ ရတော့မှာ….”
“ လူနာကို မိသားစုနဲ့ ဆက်သွယ်ဖို့ မပြောကြည့်ဘူးလား….”
“ ပြောတာပဲလေ…. ဒါပေမယ့် အဘိုးကြီးက ရူးချင်ယောင်ပဲ ဆောင်နေတာ… “ ချောင်ရှင်း မကျေမနပ် စောဒက တက်လိုက်ပြီး “ ညီမ သူ့မိသားစုဝင်တွေ အကြောင်း မေးလိုက်ရင်ကို နှလုံး အောင့်တယ် အောင့်တယ်နဲ့… ဘာမှ လုပ်မရဘူး….”
“ ဒါက ဘာသောက်ချိုးတုန်းကွ..” လင်းရီ ကျိန်ဆဲလိုက်ပြီး “ ဒါရိုက်တာလီက ဘယ်လည်းသွားခဲ့တာ… ငါသူ့ကို ဘာတွေ ဖြစ်နေလဲဆိုတာ မေးကြည့်လိုက်မယ်….”
“ ဒါရိုက်တာလီက အစောကြီးကတည်းကရင် အရေးပေါ်ဌာနကို ထွက်သွားခဲ့ပြီလေ….”ချောင်ရှင်း ပြောလိုက်ပြီး "ခွဲစိတ်မှု စခါနီးမှ လာခဲ့မယ်လို့တော့ ပြောသွားတယ်..."
"အရေးပေါ်ဌာနကို သွားကြစို့...."
အရေးပေါ်ဌာနသို့ ရောက်သောအခါ နှစ်ယောက်သား လီချူးဟန်နှင့် ဟောခန်းမထဲတွင် သွားဆုံလေသည်။ လီချူးဟန်မှာ မည်သူ့ကိုမျှ ဆေးကုနေခြင်းမျိုးမဟုတ်ပဲ ဆရာ၀န် အသစ်နှစ်ယောက်ကို ချုပ်ရိုး ကြိုးထုံးနည်း သင်ပြနေခဲ့၏။
"လမ်းဖယ်.. လမ်းဖယ်.... "
နှစ်ယောက်သား အရေးပေါ်ဌာနသို့ ရောက်ခါရှိသေး အရေးပေါ်ဒေါက်တာများ အလောတကြီးနှင့် အော်ဟစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
တွန်းလှည်းပေါ်တွင် အသက်ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ် ကလေးမလေးတစ်ဦးကို တင်ဆောင်လာပြီး သူမ တစ်ကိုယ်လုံးလည်း သွေးတို့ ပေကျံလျက်ရှိသည်။ လှည်းနောက်တွင်တော့ ကလေးအမေဖြစ်ဟန်ရှိသူ သက်လတ်ပိုင်းအရွယ် အမျိုးသမီးမှ စိုးရိမ်သောကတို့ဖြင့် ပြေးလိုက်လာခဲ့၏။ သူမလည်း ဒဏ်ရာ ရထားသည်။ သိူ့သော်လည်း စိုးရိမ်ဖွယ်ရာတော့ မရှိချေ။
"ငါ့နောက်လိုက်ခဲ့..."လီချူးဟန် လင်းရီတို့နှစ်ယောက်ကို သူမနှင့် အတူ လိုက်ခဲ့ရန် အချက်ပြလိုက်၏။
"ဘာလဲ ဖြစ်တာ..."လီချူးဟန် ဒေါက်တာတစ်ဦးကို မေးမြန်းလိုက်သည်။
"ကားအက်စီးဒင့်ဖြစ်တာ..... ကလေးရဲ့ လက်မောင်းမှာက ငါးစင်တီမီတာလောက်ရှိတဲ့ ပြတ်ရှရာ တစ်ခု ရှိနေတယ်... "
"ဒေါက်တာ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်မ သမီးလေးကို ကယ်ပေးပါဦး... "
သက်လတ်ပိုင်း အမျိုးသမီးမှ ငိုယိုတောင်းဆိုလိုက်၏။
"ဘာမှ စိတ်မပူနဲ့ .. အခြေအနေက အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အထိ မဟုတ်ဘူး..."လီချူးဟန် ပြောလိုက်ပြီး "ဒါရိုက်တာလင်းက ချုပ်ရိုးနဲ့ ပတ်သက်လာရင် သူ့လိုလူ ဆေးရုံမှာ နှစ်ယောက် မရှိဘူး... အနာကလည်း သိပ်မကြီးတော့ အမာရွတ်ကျန်ခဲ့မှာလည်း စိတ်ပူစရာမလိုဘူး.. ရှင်သာ စိတ်အေးအေးထား... "
"ဟုတ် ဟုတ် ... ကျေးဇူးပါဒေါက်တာ... ကျွန်မကော အထဲလိုက်ခဲ့လို့ ရမလား.... "
"ရတယ်လေ.. ဆေးခန်းထဲ လိုက်ခဲ့လိုက်..."
လီချူးဟန် လင်းရီကို ကြည့်လိုက်ပြီး "နင် လုပ်လိုက်...."
"အိုကေလေ... "
အနာမှာ မကြီးသောကြောင့် ချုပ်ရသည်မှာ ဘာမျှ မခက်ချေ။ လီချူးဟန် ထိုအတွက်ကြောင့် ဆေးခန်းထဲပဲ ခေါ်လာခဲ့လိုက်၏။
"ဦးဦး.. နင်နာ့ကို ဆေးမထိုးပါနဲ့လား...."
လင်းရီ ပြုံးလိုက်ပြီး "မထိုးပါဘူး...."
"ကလေး နင်က အရမ်း ချစ်စရာ ကောင်းတာပဲ .. နင့်အသက် ဘယ်လောက်ရှိပြီလဲ...."
မချုပ်ခင် လင်းရီ ပြုံး၍ ကလေးမလေးကို အာရုံလွှဲသည့် အနေဖြင့် စကားပြောလိုက်သည်။ ထိုအခါမှသာ သူလည်း ထုံဆေးပေးသည့် အခါ၌ လွယ်လွယ်ကူကူ ရှိနိုင်ပေမည်။
လင်းရီပြောပြီးနောက် ကလေးမလေးမှ ပြန်မဖြေရသေးခင် ဆေးတစ်ချက် အမြန်ထိုးလိုက်၏။ အနည်းငယ် စူးရှရှ ဖြစ်သွားသောကြောင့် ကလေးမလေး၏ ကြီးမားပြီး မည်းနက်နေသော မျက်လုံးလှလှလေးများမှာ မယုံကြည်နိုင် ဖြစ်သွားသည့် ပုံပင်။
"နာက နင့်ကို ယုံကြည်ထားတာတောင်မှ ဆေးထိုးလိုက်တယ်ပေါ့လေ..."
မကြာမီ ထုံဆေးမှာ အစွမ်းပြလာခဲ့ပြီး ကလေးမလေးလည်း စိတ်တည်ငြိမ်သွားဟန်ပင်။
"သမီး... ဦးဦးက မေးရင် ဖြေရမယ်လေ.." ဘေးရှိ မိခင်မှ ကြုံတုန်း လက်ချာရိုက်လိုက်သည်။
ကလေးမလေးမှ မကျေမနပ် နှုတ်ခမ်းကိုက်လိုက်ပြီး "ငါးနှစ်... "
ဆေးထိုးပြီးနောက် လင်းရီ အရက်ပျံဖြင့် အနာကို သန့်ရှင်းရေး ပြုလုပ်ကာ ဘေးရှိ သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်လိုက်၏။ "ခင်များ ဘာလို့ ကားကို သေချာမမောင်းတာ...."
"လမ်းမှာ ဒီဟာမလေးက ကျွန်မနဲ့ ကပ်ကပ်လန်အောင် ရန်တွေ့နေတာလေ.. သူ့ကြည့်ပြီး ဆူနေတာနဲ့ပဲ လမ်းက သစ်ပင်ကို ၀င်တိုက်မိသွားတာ.... "
သူမ သမီး အဆင်ပြေနေသည်ကို မြင်တော့ သက်လတ်ပိုင်း အမျိုးသမီးလည်း စိတ်ပူပန်နေခြင်း မရှိတော့ချေ။
ထို့ပြင် သူမရှေ့ရှိ ဒေါက်တာလေးမှာလည်း အရမ်းကို မျက်စိအေးလှ၏။
"မဆိုးဘူး...."လင်းရီ ကလေးမလေးကိုကြည့်လိုက်ပြီး "အသက်က ဘယ်လောက်မှတောင် မရှိသေးဘူး... ကိုယ့်အမေနဲ့ ဘယ်လို ရန်တွေ့ရမလဲဆိုတာ သိနေပြီပေါ့လေ... "
"နာက မေမေနဲ့ ရန်ဖြစ်နေတာမဟုတ်ဘူး... တူတူဆော့ဖို့ မောင်လေး တစ်ယောက်ပေးဖို့ ပြောနေတာ.... "
လင်းရီ ဒဏ်ရာချုပ်နေသော်လည်း ထုံဆေးကြောင့် မည်သို့မျှ မနေပဲ ကလေးမလေးလည်း အေးအေးလူလူ စကားပြောနေနိုင်လေသည်။
"ငါ နင့်ကို ပြောပေါင်းလည်း မရေနိုင်တော့ဘူး... နင့် အဖေက အလုပ်ခရီးသွားခဲ့တယ်လို့... ငါက ဘယ်လိုလုပ် နင့်အတွက် မောင်လေး မွေးပေးနိုင်မှာလဲ.... "
ကလေးမလေး၏ မိခင်မှာ အတော်လေး ဆွံ့အနေလေသည်။ သူမ ဤကိစ္စကို ငါးနှစ်သမီးလေး နားလည်အောင် မည်သို့ ရှင်းပြရမှန်း မသိတော့ချေ။
"ဖေကြီး အိမ်မှာ မရှိတော့ကော ဘာဖြစ်လဲ... ဖေကြီး မရှိပဲနဲ့ကော မောင်မောင်လေး တစ်ယောက်ယူလိုက်လို့ မရဘူးလား.... "
"ကလေး... နင် စိတ်အေးအေးထား...ဘာမှ မပူနဲ့... "လင်းရီ ပြောလိုက်ပြီး "စိတ်ကောင်းရှိတဲ့ ဦးဦးက ဒီကိစ္စကို ကူညီပေးလိုက်မယ်... အိမ်ပြန်ရောက်တာနဲ့ နင့်အတွက် မောင်မောင်လေး တစ်ယောက် ရအောင် ကြိုးစားပေးမယ်လေ... နင့်အဖေ အိမ်ပြန်ရောက်တာနဲ့ သူ့ကို စပရိုက် လုပ်ကြတာပေါ့ ... မကောင်းဘူးလား....”