← Chapters

ဆုလဒ်အသစ် ရရှိပြီ

Vol. 33 Ch. 491

ဆုလဒ်အသစ် ရရှိပြီ

Vol. 33 Ch. 491

ဖူး...

ဘေးတွင် ရပ်နေသည့် ချောင်ရှင်းမှာ ခစ်ကနဲ အော်ရယ်လု နီးပါး ဖြစ်သွားခဲ့၏။

အတော်လေးကို စပရိုက် ဖြစ်သွားမှာပဲ...

"ယေး ယေး... မာမီ့ကို မောင်မောင်လေး မွေးခိုင်းပြီးတော့ ဖေကြီးကို စပရိုက်လုပ်ပေးရမယ်... အဲ့တာဆို ဖေကြီးလည်း သေချာပေါက် ပျော်သွားမှာ..."ကလေးမလေးမှ ပျော်ရွှင်နေသည့် မျက်၀န်းတို့ဖြင့် ပြောလိုက်၏။

"အမှန်ပဲ.. သူအရမ်းကို ပျော်ပြီး စပရိုက် ဖြစ်သွားမှာ... "

နာရီ၀က်ကြာပြီးနောက် လင်းရီ မတ်တပ်ရပ်လိုက်ပြီး "ရှင်းရှင်း..ကလေးကို မေးခိုင် ကာကွယ်ဆေးပေးပြီး ဆေးမှတ်တမ်း ရေးပေးလိုက်.... "

"အိုကေ အစ်ကိုရီ... "

မကြာမှ ခွဲစိတ်မှု စတင်တော့မည် ဖြစ်သောကြောင့် လင်းရီ ကျန်တာများကို ချောင်ရှင်းထံ လွှဲထားခဲ့လိုက်၏။

အရေးပေါ်ခန်းထဲမှ ထွက်လာခဲပြီးနောက် ခွဲစိတ်မှုမစတင်မီ နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်ရန် လင်းရီ ခွဲစိတ်ခန်းထဲသို့ သွားလိုက်သည်။

"မင်း အခန်း နံပါတ် 801 က လူနာကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ... "လင်းရီ သာမန်အတိုင်း မေးမြန်းလိုက်၏။

"ငါလည်း မသိသေးဘူး... ဆေးရုံက ပြောတဲ့ အတိုင်းပဲ နားထောင်ပြီးတော့ ငါတို့ အပိုင်း ငါတို့ လုပ်ကြတာပေါ့..."

လင်းရီ ဘာမျှ ထပ်မဆိုပဲ ခေါင်းညိမ့်လိုက်သည်။

သူ၏ မစ်ရှင်မှာ ခွဲစိတ်မှု ပြုလုပ်ရန်ပင်။ ယခုလို ကိစ္စမျိုးကိုတော့ ဆေးရုံကို ခေါင်းစားခိုင်းတာက ပိုကောင်း၏။

ယနေ့နှလုံးခွဲစိတ်မှုမှာ သာမန်ထက် အရေးကြီးသောကြောင့် လင်းရီနှင့် လီချူးဟန်တို့ နှစ်ယောက်လုံး အတော်လေး သတိထားရပေမည်။

"ဒါရိုက်တာလီ... ကျုပ်က ခေါင်းဆောင် ခွဲစိတ်သူ လုပ်ရမှာလား..."ခွဲစိတ်ခန်းထဲတွင် လင်းရီ မေးမြန်းလိုက်၏။

"နင်လုပ်ချင် လုပ်လေ... နိုင်မှာလား..."

"ပြဿနာ မရှိဘူး...."

"ကောင်းပြီလေ.. အဲ့တာဆို နင်က ခေါင်းဆောင် ခွဲစိတ်သူလုပ်.. ငါက လက်ထောက် လုပ်ပေးမယ်.... "

"ခေါင်းဆောင်လီ... ခင်များ အတည်ကြီး ပြောနေတာလား...ဒါကြီးကတော့ ဒေါက်တာလင်းကို အလိုလိုက်လွန်းသွားပြီ... ဒီလို ခွဲစိတ်မှုကြီးမှာ ဘယ်လိုလုပ်ပြီး ခေါင်းဆောင် ခွဲစိတ်သူ လုပ်ခိုင်းလိုက်တာ..."မေ့ဆေး ဆရာ၀န် ဒေါက်တာလျိုမှ ပြောလိုက်၏။

"မပူနဲ့.. ဒေါက်တာလင်းရဲ့ အရည်အချင်းတွေနဲ့ဆို အေးဆေးပါ.. တကယ်လို့ အဆင်မပြေလာရင်လည်း ကျွန်မကိုယ်တိုင် ၀င်လိုက်မယ်လေ...... "

"ဒါပေမယ့် အန္တရာယ် မများလွန်းဘူးလား..."ဒေါက်တာလျိုမှ ပြောလိုက်ပြီး "လူနာရဲ့ မိသားစုက ကျုပ်တို့ကို ဘာလက်ဆောင်မှ မပေးထားဘူးဆိုရင်တောင်မှ သေချာလေး ဂရုစိုက်ပေးရမယ်လေ... တကယ်လို့ ခွဲစိတ်မှု အစပိုင်းမှာ လွဲချော်မှုတွေ ရှိသွားခဲ့ရင် နောက်ပိုင်းကျမှ ဒါရိုက်တာလီကိုယ်တိုင် ၀င်ပြင်လို့ အရမ်း ခက်ခဲမှာနော....."

မေ့ဆေးဆရာ၀န်မှာ လင်းရီကို အထင်သေးနေခြင်း မဟုတ်ပေ။ ယခု ခွဲစိတ်မှုမှာ အတော်လေး အရေးကြီးလှပြီး အနည်းဆုံး ဆေးအတွေ့အကြုံ ဆယ်နှစ်မှ မရှိပဲနှင့်တော့ ခေါင်းဆောင်ခွဲစိတ်သူ လုပ်ရန် အရည်အချင်း မှီလိမ့်မည် မဟုတ်ချေ။

လီချူးဟန်ကဲ့သို့ ဂျီးနီးယပ် ဒေါက်တာကသာလျှင် ခေါင်းဆောင်ခွဲစိတ်သူလုပ်ဖို့ အရည်အချင်း ပြည့်မှီလေသည်။

လင်းရီကတော့ ဆေးရုံရောက်သည်ပင် တစ်လ မပြည့်သေးသောကြောင့် ယခု ခွဲစိတ်မှုကြီး တစ်ခုလုံးကို ခေါင်းဆောင်သွားဖို့ရာ မည်သို့မျှ မဖြစ်နိုင်ချေ။

"အဆင်ပြေတယ်... ကျွန်မ သူ့ကို ယုံတယ်..."လီချူးဟန် ပြောလိုက်ပြီး "သူ့စွမ်းရည်သူ ယုံကြည်နေသရွေ့ပေါ့.... "

မေ့ဆေးဆရာ၀န် ခေါင်းဆောင်ကတော့ အတော်လေး ကူကယ်ရာ မဲ့နေလေသည်။ ဒါရိုက်တာလီ၏ သဘောထားကို ကြည့်ပါက သူမ ဒေါက်တာလင်း၏ လှပသည့ ရုပ်ရည်ထဲတွင် နစ်မြောနေသည့် ပုံပင်။

၎င်းတို့နှစ်ယောက်၏ စကားဝိုင်းကို လင်းရီ ကြားနေရသော်လည်း ပြုံးရုံသာပြုံးပြီး ဘာမျှ ၀င်မပြောချေ။ တစ်ဖက်လူ၏ သဘောထားကိုလည်း လင်းရီ နားလည်ပေသည်။ သူ ခွဲစိတ်မှုခေါင်းဆောင် လုပ်ချင်သည်ဆိုတာကလည်း ယခု ခွဲစိတ်မှုက အတော်လေး ကြာမည် ဖြစ်သောကြောင့်ပင်။ အကယ်၍ လီချူးဟန် ဦးဆောင်ပါက အနည်းဆုံး လေးနာရီခန့် ကြာမြင့်မည် ဖြစ်ပြီး သူဦးဆောင် လျှင်တော့ သုံးနာရီတည်းနှင့် ခွဲစိတ်မှုမှာ အောင်မြင်သွားလိမ့်မည်။

ယင်းက အချိန်နာရီ အများအပြားကို သက်သာစေနိုင်ပြီး သူလည်း မစ်ရှင်ကို စောစီး အဆုံးသတ်၍ ရမည်ဖြစ်၏။

ခွဲစိတ်မှုမှာ လျှင်မြန်စွာ စတင်လာပြီး လင်းရီစနစ်မှ ချီးမြင့်ထားသည့် တန်ဆာပလာတို့နှင့်အတူ လူနာ၏ ရင်အုံကို ခွဲစိတ်လိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် လီချူးဟန်နှင့် မေ့ဆေးဆရာ၀န်ခေါင်းဆောင်လျိုတို့မှာ မယုံကြည်နိုင်စရာ ကောင်းလှသည့် မြင်ကွင်းကို မျက်ဝါးထင်ထင်ကြုံတွေ့လိုက်ကြရ၏။

လင်းရီ၏ နည်းစနစ်မှာ အပိုအလိုမရှိ လှုပ်ရှားနေပြီး အစိတ်အပိုင်း တစ်ခုကို တွေ့လိုက်သည်နှင့် မည်သို့ ဆက်လုပ်ရမလဲဆိုတာကို လက်မှ အလိုအလျောက် သိနေသကဲ့သို့ပင်။

"ကျုပ်တော့ တကယ်ကို အထင်ကြီးမိသွားပြီ..."မေ့ဆေးခေါင်းဆောင်လျိုမှ ပြောလိုက်ပြီး "အစက ဒါရိုက်တာလီက အရမ်း အထင်ကြီးဖို့ကောင်းလှပြီ ထင်နေတာ... ဒါပေမယ့် ခေါင်းဆောင်ခွဲစိတ်သူလင်းက ပိုပြီး အထင်ကြီးဖို့ ကောင်းနေမယ်လို့ မျှော်လင့်မထားဘူး..."

"ဒါရိုက်တာလင်းက အရမ်း ပါရမီရှိတာလေ.. "လီချူးဟန် လေးနက်စွာ ပြောလိုက်၏။

ထိုသို့ ပြောပြီးနောက် သူမ ပုဝါကို ယူကာ လင်းရီ နဖူးထက်ရှိ ချွေးတို့အား ညင်သာကြင်နာစွာဖြင့် သုတ်ပေးလိုက်၏။

ထို့နောက် လင်းရီကို လက်မ ထောင်ပြလိုက်ပြီး "အရမ်းတော်တယ်...."

"အသေးမွှားလေးပါ..."

ခွဲစိတ်ပြီးနောက် နှစ်ယောက်သား အခန်းထဲမှ ထွက်လာကာ အ၀တ်များလဲရန် ဌာနထဲသို့ ရောက်လာကြလေသည်။ နေ့လည်ခင်းတွင် မိန့်ခွန်းပြောရန်လည်း ကျန်နေသေး၏။ ထို့ကြောင့် သူတို့ မြန်မြန်လုပ်ခါမှ အလျင်မှီပေလိမ့်မည်။

အချိန်မှာ ၁၂ ကျော်နေပြီး ဖြစ်သောကြောင့် နှစ်ယောက်လုံး နေ့လည်စာစားရန် အချိန်မရှိတော့ချေ။

တစ်ချိန်တည်းတွင် လင်းရီထံသို့ စနစ်မှ အသိပေးစယ ပို့လာလေသည်။

[ မစ်ရှင် အောင်မြင်စွာဖြင့် ပြီးမြောက်သွားပါပြီ ]

[ဆုလဒ် : အတွေ့အကြုံမှတ် တစ်သိန်းခွဲ...]

[အလုပ်ပြီးမြောက်နှုန်း : ၇၀ ရာခိုင်နှုန်း ]

[ဆုလဒ် : ယွမ် ၁၀ ဘီလီယမ်.... ]

ဆုလဒ်ကို မြင်တော့ လင်းရီ မျက်လုံးအရောင် တောက်ပသွားခဲ့သည်။

ဖိုတိုလီတို ဂရပ်ဖီစက် ပြုလုပ်သည့် ပရောဂျက်မှာ အဆူံးမရှိသည့် တွင်းနက်ကြီးထဲသို့ ရေဖြည့်နေသည်နှင့် အလားသဏ္ဌာန်တူပြီး စနစ်မှ ၁၀ ဘီလီယမ် ချီးမြင့်လာမှုက သူ့ကို အချိန်အတိုင်းအတာ တစ်ခုထိ အသက်ရှူချောင်သွားစေနိုင်သည်။

သို့သော်လည်း Cisco ကိစ္စ ကိုင်တွယ်ပြီးလျှင်တော့ လင်းရီ ဟော်ယွမ်ယွမ်တို့ကို ခေါ်ကာ သူ၏ ပိုင်ဆိုင်မှုများကို သေချာပြန်စီမံရမည်။

[စနစ်မစ်ရှင် : ပိုးထည်တံခွန် တစ်ခု ရရှိပါ...]

[ ဆုလဒ် : အတွေ့အကြုံမှတ် သုံးသိန်း...]

စနစ်မှ ပေးလာသည့် မစ်ရှင်ကို မြင်တော့ လင်းရီမျက်လုံးများ ပြူးပြဲသွားခဲ့သည်။

အတွေ့အကြုံမှတ် သုံးသိန်း...

ယခု မစ်ရှင်သာ ပြီးမြောက်သွားမည်ဆိုပါက သူတစ်ခါတည်း အန္တိမ ဆုလဒ်ပါ ရရှိသွားနိုင်လေသည်။

"စနစ်.. ပိုးထည်တံခွန်က လူနာတွေဆီကနေ လိုက်လိုက်လဲလဲ ပေးမှ ရမှာမလား.. ငါ့ဘက်က တောင်းဆိုလို့ မရဘူးမလား..."

[ မှန်ပါတယ်.. စနစ်ရှင်က တောင်းဆိုခဲ့မယ်ဆိုရင် တရားမ၀င်ပါဘူး...]

လင်းရီ ယခု အဖြေကို မျှော်လင့် ထားပြီး ဖြစ်၏။ စနစ်မစ်ရှင်ကတော့ အမြဲတမ်း ယခုလိုချည်းပင်။ လူသားများမှာ သူ့စည်းမျဉ်းအတိုင်း လိုက်နာပြီး cheat လုပ်လို့ မရသလို ထိန်းချုပ်လို့လည်း မရချေ။ သဘာ၀အတိုင်း ဖြစ်ပျက်စေသည်က အကောင်းဆုံးဖြစ်၏။

ထိုသို့ ဆိုလိုက်သော်လည်း ယခု မစ်ရှင်က ခက်လားဆိုတော့ သေချာပေါက် မခက်ခဲချေ။

လီချူးဟန်ပင် ဆေးရုံတွင် နှစ်နှစ်မျှသာ ရှိသေးသော်လည်း ပိုးထည်တံခွန်တို့ ရာချီနေအောင် ရရှိပြီး ဖြစ်၏။

သူ၏ ဆေးပညာအရည်အချင်းနှင့်ဆိုလျှင်လည်း တစ်ခုတစ်လေ ရဖို့ရာ ခက်ခဲလိမ့်မည်လို့ မထင်ပါချေ။ သို့သော်လည်း လုံး၀ အခက်အခဲ မရှိပြန်တာမျိုးလည်း မဟုတ်ချေ။ အဓိက စိန်ခေါ်မှုကတော့ ယခုကိစ္စမှာ အနည်းငယ် လက်ဆုပ်လက်ကိုင် ပြရန် ခက်ခဲလှ၏။

သူလည်း ပျင်းနေသောကြောင့် ယွမ်စီးချီကို မေးကြည့်ရာ လီချူးဟန်၏ မှတ်တမ်းမှာ တစ်ပတ်လျှင် ပိုးထည်တံခွန် သုံးခုရတတ်ကြောင်း သိလိုက်ရသည်။

သို့သော်လည်း လင်းရီ ဆေးရုံတွင် အချိန်အကြာကြီး ရှိနေပြီး လီချူးဟန်နှင့်လည်း အတူ ခွဲစိတ်မှုတွေ ဆောင်ရွက်နေပါလျက်နှင့် သူကျ အဘယ်ကြောင့် တံခွန်တစ်ခုလေးတောင် မရသနည်း။

'လွယ်မလိုလိုနဲ့ ခက်နေပါပြီ...'

"ဘာတွေ အတွေးနက်နေတာ..."

လီချူးဟန် လင်းရီရှေ့တွင် ရပ်ပြီး "သွားစို့..."

"အိုကေ .. သွားကြမယ်.. "

"ဒါရိုက်တာလီ... ရှင်က ဒီ၀တ်စုံနဲ့ အရမ်းလှနေတယ်ရော...."

လီချူးဟန် အ၀တ်စားအသစ်များ ၀တ်ဆင်ထားသည်ကို မြင်တော့ ချောင်ရှင်း ရင်သပ်ရှုမောဖြစ်သွားခဲ့ပြီး "ဒီ၀တ်စုံကို ဘယ်နားက ၀ယ်ခဲ့တာ.. ကျွန်မလည်း တစ်ထည်လောက် လိုချင်လို့.... "

"တိုင်းစကွဲကလေ.... "

တိုင်းစကွဲမှ ၀ယ်ခဲ့သည်ဟူသော အသံကြားတော့ ချောင်ရှင်း ထိုအတွေးကို ချက်ချင်း လက်လွှတ်လိုက်တော့၏။

ထိုနေရာမျိုးက သူမရှော့ပင်း ထွက်နိုင်သည့် နေရာမျိုး မဟုတ်ချေ။

"ဒါရိုက်တာလီ.. ဒီရဲ့ ၀တ်စုံက သေချာပေါက် ရှင့်စတိုင်တော့ မဟုတ်ပါဘူး.... "ချောင်ရှင်း လက်ဝှေ့ယမ်းလိုက်ပြီး "မှန်မှန်ပြောစမ်း... အစ်ကိုရီ ရွေးထားပေးတာမလား...."

"ဘယ်သူရွေးပေးတယ်က အရေးမကြီးပါဘူး... ငါနဲ့လိုက်ရင်ပြီးတာပဲ မလား... ခုကော ကြည့်ရဆိုးနေလို့လား...."

"သေချာပေါက် လိုက်တာပေါ့... ဒါရိုက်တာလီကအရမ်းလှနေတော့ အစ်ကိုရီနဲ့ဆို ပိုတောင် လိုက်သေး.... "

"ပေါက်တတ်ကရတွေ ပြောမနေနဲ့..."လီချူးဟန် ပြောလိုက်ပြီး "ဌာနက လူနာတွေကို သေချာကြည့်ထားလိုက်ဦး... ဘယ်ချိန် ပြန်ရောက်လာမလဲဆိုတာ ငါတို့လည်း မပြောပြတတ်ဘူး... "

"အိုကေ အိုကေ.. ဒါရိုက်တာလီနဲ့ အစ်ကိုရီတို့ ‌အလောတကြီး ပြန်လာစရာ မလိုပါဘူး.. ကျွန်မ ကြည့်ကြပ် ကိုင်တွယ်ထားလိုက်မယ်.... "

"သေချာလုပ်... နင်က ပေါက်တတ်ကရတွေလောက် လျှောက်ပြောတတ်တာ... "

အတွင်းလူနာဆောင်ထဲမှ ထွက်လာပြီးနောက် နှစ်ယောက်သား ဖူတန်တက္ကသိုလ်သို့ မောင်းလာခဲ့လိုက်သည်။

"လက်ချာကိုတော့ မင်းပဲ ပေးလိုက်တော့... "လင်းရီ ကားထဲတွင် ပြောလိုက်၏။

"နင်ကကော... "

"ငါက စင်အောက်ကနေ လက်ခုပ်တီးပေးမယ်.."

"ရတယ်လေ.. နင်လုပ်ချင်သလိုသာလုပ်... "

လီချူးဟန်ကတော့ အမြဲတစေ ထိုအတိုင်းချည်းပင်။ လင်းရီ ပြောတိုင်း တစ်ခွန်းမျှ ငြင်းဆိုတယ်ရယ်ကို မရှိချေ။

မကြာမီ ကျောင်းသို့ ရောက်ရှိလာပြီး ကားပါကင်တွင် ကားရပ်ထားလိုက်၏။

"ငါ ခေါင်းဆောင်သွမ့်ကို သွားတွေ့မလို့.. နင်လိုက်ဦးမလား... "လီချူးဟန် မေးမြန်းလိုက်၏။

"ငါက မင်းကို လက်ခုပ်တီးပေးဖို့အတွက်ပဲဆိုတော့ မလိုက်တော့ဘူး..."လင်းရီ ပြောလိုက်ပြီး "ဒီမှာ ကျောင်းတက်နေတဲ့ ညီမတစ်ယောက်ရှိတယ်... ငါသူ့ဆီ အရင်သွားကြည့်လိုက်ဦးမယ်... "

"ရတယ်လေ... "

မကြာမီ နှစ်ယောက်သား ကိုယ်စီ လမ်းခွဲလိုက်ကြ၏။ လင်းရီ ဖုန်းထုတ် ကုန်းကျင်းထံ ဆက်လိုက်လေသည်။

"ကျင်းကျင်း ငါ ကျောင်းရောက်နေတာ ....မင်းအခု ဘယ်မှာလဲ.. ....”

All Chapters