← Chapters

ပိုချစ်တတ်တာနဲ့ မြှာပွေတာက မတူဘူး...

Vol. 33 Ch. 492

ပိုချစ်တတ်တာနဲ့ မြှာပွေတာက မတူဘူး...

Vol. 33 Ch. 492

"ဟင်.... အစ်ကိုရီက တကယ်ကြီး ညီမတို့ကျောင်းကို ရောက်နေတာလား...."

လင်းရီ၏ အသံကိုကြားတော့ ကျင်းကျင်း ပြောမပြတတ်အောင် ပျော်ရွှင်သွားခဲ့သည်။

"ငါက ဘာလုပ်ဖို့ လိမ်ရမှာ...."

"ဒါနဲ့ အစ်ကိုတစ်ယောက်တည်း လာခဲ့တာလား... မရီးကော ပါမလာဘူးလား..."

"တစ်ယောက်တည်း လာခဲ့တာ... သူကတော့ မအားသေးဘူး... ငါလည်း နေ့လည်စာ မစားရသေးတာနဲ့ နင်တို့ ကျောင်းထဲ ၀င်ခဲ့လိုက်တာလေ.... "

"အွန်း အဲ့တာဆို စောင့်နေ... ညီမလည်း ဘာမှ မစားရသေးဘူး... ခုချက်ချင်း အစ်ကို့ဆီ လာခဲ့မယ်...."

"အိုကေ... ကျောင်းကန်သင်းမှာ စောင့်နေမယ်.... "

"အွန်း.... ရတယ်လေ..."ကျင်းကျင်း ရွှင်မြူးစွာဖြင့် ပြောလိုက်သည်။

ဒုတိယတာ၀န်ဟောခန်းအ၀င်၀တွင်တော့ နေကာထီး အသေးလေးများ တန်းစီနေပီး ထိုနေကာထီးများ၏ အောက်ဘက်တွင်တော့ ကျောင်းသား အများအပြား နဖူးစည်းစာတန်းများ ကိုင်လျက် မတ်တပ်ရပ်နေကြသည်။

ယင်းမြင်ကွင်းက လင်းရီနှင့် အတော်လေး ရင်းနှီးနေလေသည်။

ပထမနှစ်ကျောင်းသားများ ကျောင်းစတက်ချိန် ဖြစ်သောကြောင့် တက္ကသိုလ်ရှိ ကလပ်များအားလုံးမှာ တက်ကြွစွာဖြင့် လူခေါ်ယူနေကြ၏။အတိတ်တွင်တော့ လင်းရီ ငယ်ရွယ်ပြီး မနူးမနပ်လေး ဖြစ်စဉ်အခါက စီနီယာတစ်ချို့၏ အတင်းအဓမ္မ ခေါ်ယူမှုကြောင့် အမျိုးသမီးများ၏ အတွင်းခံ အနံ့စမ်းသပ်ရေးနှင့် သုတေသနပြုရေး ကလပ်ထဲသို့ ၀င်ရောက်ခဲ့ရ၏။ ထို့ပြင် လေးနှစ်လုံးလုံး သူ ထိုကလပ်မှ ထွက်ခွာခွင့်လဲ မရှိချေ။

'ဘယ်လိုတောင် အောက်မေ့စရာ ကောင်းလိုက်တဲ့ အမှတ်တရတွေပါလိမ့်ကွာ....'

ကန်သင်း၌ မိနစ်အနည်းငယ် ကြာအောင် စောင့်ဆိုင်းပြီးနောက် လင်းရီ နောက်ကျောမှ ကျင်းကျင်း၏ အသံကို ကြားလိုက်ရသည်။

"အစ်ကိုရီ...."

လင်းရီ လှည့်ကြည့်လိုက်သောအခါ ကျင်းကျင်း တစ်ယောက်တည်းသာမက သူမအခန်းဖော် ကျန်းနန်လည်း လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရလေသည်။

ကျင်းကျင်းကတော့ ဂျင်းစကတ်တို အပြာကို ၀တ်ဆင်ထားပြီး လေဒီရှူး အဖြူရောင်ကို စီးနင်းထား၏။ သူမှတ်မိသလောက်တော့ ကျီချင်းရန်ထံတွင်‌လည်း ထိုသို့ ဖိနပ်တစ်ရံရှိလေသည်။ နှစ်ယောက်မှာ ဆင်တူ၀ယ်ထားခြင်း ဖြစ်လောက်၏။

သူမ၏ အခန်းဖော် ကျန်းနန်ကတော့ ပို၍ ဣန္ဒြေရစွာ လုံလုံခြုံခြုံ ၀တ်ဆင်ထားသည်။ ဒူးအထိ ဖုံးလွှမ်းထားသော ပြာဖျော့ဖျော့ စကတ်အပြာကို ဆင်မြန်းထားကာ ယဉ်ယဉ်လေးနှင့် ရှုပျော်လှ၏။

"အစ်ကိုရီ.. ဒါက ညီမရဲ့ အခန်းဖော်.. ကျန်းနန်... အစ်ကိုတို့ အရင်ကလည်း တွေ့ဖူးသေးတယ်လေ.....မှတ်မိလား...."ကျင်းကျင်း ပြောလိုက်၏။

"မှတ်မိသားပဲ... နင့်လည်ပင်းပေါ်က ဆွဲကြိုးကို သူ့ဆီကနေ ၀ယ်ထားတာမလား...."

"ဟုတ်တယ် ဟုတ်တယ်.. သူပဲ ရောင်းပေးလိုက်တာ... အဲ့လိုဆို ညီမ မိတ်မဆက်ပေးတော့ဘူးနော်...နေ့လည်စာသွားစားကြစို့...."

ကျင်းကျင်း၏ ဦးဆောင်မှုအောက်တွင် သုံးယောက်လုံး ကန်သင်း၏ ဒုတိယအထပ်သို့ ရောက်ရှိလာကြ၏။

ဖူတန်၏ ကန်သင်းမှာ လင်းရီ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်နေသည်။ အထဲတွင် ရောင်းချသည့် အစားအသောက်တို့မှာ သူမျှော်လင့်ထားသည်ထက် ပို၍ ဈေးသက်သာနေခဲ့၏။ ယင်းကလည်း နာမည်ကြီး တက္ကသိုလ်များ၏ အားသာချက်တစ်ခုပင်။ ရန်ပုံငွေ အလုံအလောက်ရှိသောကြောင့် ကျောင်းသားများ၏ နေစရိတ် ထိုင်စရိတ်ကို အတော်လေး အကုန်ကျ သက်သာသွားစေခဲ့၏။ သာမန် တက္ကသိုလ်တို့မှာတော့ ထိုသို့ ပြုလုပ်ရန် မစွမ်းသာချေ။

"အစ်ကိုရီ ဘာစားမလဲ.. ညီမ၀ယ်ကျွေးမယ်လေ... "

"ခေါက်ဆွဲကြော်တစ်ပွဲပဲ မှာလိုက်ကွာ... "

"အိုကေ..."

လင်းရီ ခုံနေရာ အလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး ကျင်းကျင်းနှင့် ကျန်းနန်တို့ နှစ်ယောက်ကတော့ အစားအသောက်များကို သွားမှာကြ၏။

မကြာမီ နှစ်ယောက်လုံး ဟင်းပွဲကိုယ်စီ ယူဆောင်လာခဲ့ကြပြီး လင်းရီမှာလိုက်သည့် ခေါက်ဆွဲကြော်အပြင် ဖူတန်၏ အထူးဟင်းလျာ ငါးကင်လည်း ယူဆောင်လာခဲ့ကြသည်။

"အစ်ကိုရီ မြည်းကြည့်ကြည့်... ဒါက ညီမတို့ကျောင်းရဲ့ စပယ်ရှယ်မီနူး ငါးကင်လေ...အရမ်း အရသာရှိတာ... "

"အင်း... ကြည့်ရသလောက်တော့ အတော်လေး စားကောင်းမယ့်ပုံပဲ..."

"ကြည့်ကောင်းရုံတင် ဘယ်ကမှာ .. အရမ်းလည်း အရသာရှိတယ်... မြန်မြန် မြည်းကြည့်ကြည့်.... "

လင်းရီ ငါးအသား တစ်ဖက်ကို တူဖြင့် ညှပ်၍ ဝါးကြည့်လိုက်၏။ ကျင်းကျင်း ပြောသည့် အတိုင်း အရသာမှာ အတော်လေး ကောင်းမွန်းလှပြီးအပြင်ဆိုင် အကောင်းစားတို့မှ ရောင်းချနေသည့် လက်ရာများ အတိုင်းပင်။

"မဆိုးဘူး... မဆိုးဘူး...."

"ဟီးဟီး... အဲ့ဒါဆို အစ်ကိုရီက အများကြီးစား...."

သူမပြောရင်း ကျန်းနန်ကို တံတောင်ဖြင့် တွတ်လိုက်၏။

"နန်းနန်း... ငါတို့ အခန်းထဲမှာတုန်းက နင်ပဲ ငါ့အစ်ကိုနဲ့ တွေ့ချင်တယ်ဆိုပြီး သောင်းကြမ်းနေတာ မဟုတ်ဘူးလား... ခုကျတော့ ဘာလို့ ဘာစကားမှ မပြောတော့တာ...."

"နင် ဘာတွေ လျှောက်ပြောနေတာ...."ကျန်းနန် ရှက်သွေးဖြန်းသွားခဲ့ပြီး "ငါက နေ့လည်စာ မစားရသေးလို့ နင်နဲ့အတူ လိုက်ခဲ့ချင်ရုံလေးတင်ပါနော်... နင့်အစ်ကိုကို တွေ့ချင်တယ်လို့လည်း မပြောမိပါဘူး...."

"အမ်... ၀န်မခံဘူးပေါ့... နင် ဒီမနက်တုန်းက ဂျင်းတွေ ၀တ်နေတာ မဟုတ်ဘူးလား... ငါ့အစ်ကိုရောက်နေတယ်လည်း ကြားရော ဘာလို့ ကပျာကလျာနဲ့ ဂါ၀န်ကြီး လဲပစ်လိုက်တာ... ခု အခွင့်အရေးက နင့်ရှေ့မှာ ရောက်နေပြီလေ... နင်တန်ဖိုးထားမှ ရမှာနော်... "

"ငါ....ငါက ရာသီဥတုပူတော့ ဂျင်းနဲ့ မကိုက်ဘူးထင်လို့ လဲပစ်လိုက်တာ..."ကျန်းနန် အစားစားရင်း ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

"ဟုတ်လို့လား....အပူကြောက်တယ်ဆိုပြီး ဘာလို့ စတော်ကင်ကြီး ၀တ်ထားတာ..."ကျင်းကျင်းလည်း အလွတ်မပေးပဲ ထပ်မံစနောက်လိုက်၏။

"ပြီးတော့ နင်ပဲ ငါ့ယောင်းမ ဖြစ်ချင်တယ်ဆိုပြီး နေ့တိုင်း ဂျီထိုးနေတာ မဟုတ်ဘူးလား... ခုက ၀န်ခံဖို့ အချိန်ကောင်းပဲနော်... "

"နင်..နင် မဟုတ်တာတွေ လျှောက်လျှောက်မပြောနဲ့... အစားကိုပဲ သေချာစားစမ်း...."ကျန်းနန်မှာ ရှက်ရွံ့လွန်း၍ မျက်နှာမဖော်ရဲလောက်အောင် ဖြစ်နေသည်။

လင်းရီကတော့ ၎င်းကို ပြုံးလျက်ကြည့်နေ၏။

တက္ကသိုလ်တက်နေသည့် မိန်းကလေးအများစုမှာ ထိုအတိုင်းပင်။ အခန်းထဲတွင်တော့ အချင်းချင်း မရှက်မရွံ့ ပြောချင်ရာ လျှောက်ပြောတတ်ကျပြီး အပြင်သို့ ရောက်သည့် အချိန်တွင်တော့ ယုန်ဖြူလေးများကဲ့သိ့ ကြေက်ရွံ့နေတတ်ကြသည်။ တစ်စုံတစ်ယောက်၏ နောက်တွင် စက်ဘီးလိုက်စီးတာကပင် သူမတို့ကို ရှက်သွေးဖြန်းအောင် လုပ်ဖို့ လုံလောက်လေသည်။

" ရှောင်ကျင်း..."

ကုန်းကျင်း သူမ သူငယ်ချင်းကို စနောက်နေစဦ ရုတ်တရက် သူမဘေးမှ အသံတစ်သံကို ကြားလိုက်ရ၏။

လှည့်ကြည့်လိုက်သောအခါ ရောင်စုံရှပ်အင်္ကျီနှင့် မျက်မှန်တပ်ထားသည့် ကောင်လေးတစ်ယောက် လာနေကြောင်း မြင်တွေ့လိုက်ရ၏။

"အတန်းခေါင်းဆောင်...."ကျင်းကျင်း သူမ၏ တူများကို အောက်သို့ ချလိုက်သည်။

"ကျောင်းသား သမဂ္ဂအတွက် လူသစ်ခေါ်တဲ့အကြောင်း မေးပေးဖို့ မင်းငါ့ကို ပြောထားတယ်နော်.."လူငယ်မှ သူ၏ မျက်မှန်ကို အပေါ်သို့ တစ်ချက်တင်ရင်း "ငါခုလေးတင် ကျောင်း ညွှန်ကြားရေးမှူး ရုံးခန်းထဲမှာ ကျောင်းသား သမဂ္ဂအဖွဲ့၀င်အသစ် မန်ဘာစာရင်းကို ကြည့်ခဲ့ပြီးပြီ... အဲ့ဒီထဲ မင်းမပါဘူး.... "

"အိုး... အဲ့လိုလား.. ကျေးဇူးပဲနော်..."ကျင်းကျင်း ပြောလိုက်၏။

"စိတ်ထဲ ၀မ်းနည်းမနေနဲ့... ဒီတိုင်း ကျောင်းသား အဖွဲ့အစည်း တစ်ခုလေးတည်းပဲ မဟုတ်ဘူးလား... ဘာမှ ၀မ်းနည်းနေစရာ ဘာအကြောင်းမှ မရှိဘူး...."

"အင်း... ကျေးဇူးပါ အတန်းခေါင်းဆောင်..."

ခဏတဖြုတ် စကားပြောဆိုပြီးနောက် ကုန်းကျင်း၏ အတန်းခေါင်းဆောင်မှာ သူ၏ စားစရာများကိုကိုင်၍ ပြန်လည်ထွက်ခွာသွားခဲ့လေသည်။

"ငါ ဘာပြောထားလဲ... နင်လျှောက်လည်း သေချာပေါက် အရွေးခံရမှာ မဟုတ်ပါဘူးလို့... ဒါပေမယ့် နင်မှ နားမထောင်တာ... ခုတော့ နင်ငါ့ကို ယုံပြီမလား..."ကျန်းနန် ဆရာမကြီး လေသံဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လဲ.. အရွေးမခံရတော့လည်း အရွေးမခံရဘူးပေါ့...."

"ဘာလဲဖြစ်တာ... တစ်ခုခုဖြစ်လို့လား..... "လင်းရီ သာမန်လေသံဖြင့် မေးလိုက်သည်။

"ဒီကို အစ်ကိုရီ ...ကျွန်မတို့ ကျောင်းသားသမဂ္ဂက အရမ်း မောက်မာတာ... သူတို့ ကျောင်းသားသစ်တွေ ခေါ်ရင် ၀င်ကြေးလည်းတောင်းတယ်... တကယ်လို့ အဲ့ဒီ ကြေးပေးထားရင်တောင်မှ အရွေးခံရဖို့ အခွင့်အရေး နည်းနည်းလေးပဲ ရှိတယ်... ကျင်းကျင်းက မယုံတော့ ပိုက်ဆံ မပေးပဲ သွားလျှောက်လိုက်တယ်လေ.. ခုတော့ သူ အရွေးမခံရဘူး... "

ကျန်းနန် ပြောပြလိုက်၏။။

"ဆိုတော့ ဒီလိုကိုး...."

လင်းရီ စိတ်ထဲ ထားမနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်များတွင် ယင်းက သာမန်ကိစ္စသာ ဖြစ်သောကြောင့်ပင်။

သာမန်တက္ကသိုလ်များတွင်တော့ ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းမှာ သာမန်အဖွဲ့အစည်း တစ်ခုမျှသာဖြစ်ပြီး လုံး၀ အသုံးမ၀င်သို့သော်လည်း ဖူတန်ကဲ့သို့ နာမည်ကြီး တက္ကသိုလ်မျိုးတွင်တော့ အခြေအနေတို့မှာ ကွာခြားသွားခဲ့၏။

အကယ်၍ တစ်စုံတစ်ယောက်မှ ကျောင်းသားသမဂ္ဂထဲ ၀င်ရောက်နိုင်သည့်ခေါင်းစဉ်တစ်ခုရရှိပါက ဘွဲ့ယူပြီးနောက် အလုပ်ရှာရာတွင် ပို၍ မျက်နှာပန်း လှလေသည်။

ထိုအခြင်းအရာကြောင့်လည်း လူတော်တော်များများက ကျောင်းသားသမဂ္ဂထဲသို့ ၀င်ရန် ကြိုးပမ်းနေကြခြင်းဖြစ်၏။

လင်းရီလည်း ထိုသေးငယ်သည့် စိန်ခေါ်မှုလေးက လုံး၀ အဆိုးကြီးမဟုတ်ဟု ခံစားမိ၏။ အဘယ်ကြောင့် ဆိုသော် အပြင်ဘက်ရှိ စစ်မှန်သည့် လောကကြီးမှာ ထိုထက်ပို၍ ရက်စက်နေသောကြောင့်ပင်။

"ဘာမှ မဖြစ်ပါဘူးဟယ်... အဲ့လိုအဖွဲ့အစည်းထဲမှာ ရှိနေလည်း ဘာထရိန်နင်မှ မရလောက်ဘူး...

ကုန်းကျင်း ပြောလိုက်ပြီး "နောင်တရစရာ အကြောင်းလည်း မရှိပါဘူး..."

"နင်အဲ့လိုတော့ ဘယ်ပြောလို့ ရမှာ... နင်အဲ့ထဲရောက်ရင် အနည်းဆုံးတော့ အဆက်အသွယ်တွေ ကျယ်ပြန့်သွားမယ်လေ... "ကျန်းနန်ပြောလိုက်ပြီး "ဒါပေမယ့် နင် တကယ်ကြီး ကျောင်းသားသမဂ္ဂထဲ ၀င်ချင်ရင်တော့ သမဂ္ဂခေါင်းဆောင်ကျူးကို သွားပြောလို့ရတယ်မဟုတ်ဘူးလား... နင်တောင်းဆိုလို့ကတော့ သူသေချာပေါက် ကူညီမှာပါဟ...."

"ဟမ့်...သူ့အကြောင်း လာမပြောစမ်းနဲ့.. အရမ်း စိတ်အနှောင့်ယှက်ဖြစ်စရာ ကောင်းလွန်းတယ်....."ကုန်းကျင်းမှ အထင်သေးသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

"နင်က တစ်ခုခုတော့ တစ်ခုခုပဲ... ဘာပဲ ဆိုဆို ကျူးရှစ်လုံက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လေ... နင့်လို ဖရက်ရှာဂျူနီယာလေးကို ပိုးပန်းနေတယ်ဆို‌တော့ နင့်အတွက် ဘယ်လောက်တောင် ဂုဏ်ရှိလိုက်လဲ... ဒါတောင်မှ နင်က ငြင်းနေသေးတယ်ဆိုတော့ နင် ဘယ်လောက်ကံကောင်းလဲဆိုတာ မသိဘူးပဲ.... "

"အလကား... သူက မြှာပွေတဲ့ကောင်ဆိုတာ တစ်ကျောင်းလုံးသိတယ်... ဘာလို့ အဲ့လိုကောင်မျိုးကို ထည့်စဉ်းစားနေရမှာ...."ကုန်းကျင်း ပြောလိုက်ပြီး "ငါ အနာဂတ်ကျ ကောင်လေးရှာလို့ရှိရင် အစ်ကိုရီလို စရိုက်ရှိတဲ့သူမျိုးပဲ ရှာမှာ... မဟုတ်လို့ကတော့ တစ်သက်လုံး အပျိုကြီးပဲ လုပ်လိုက်တော့မယ်..."

၎င်းကိုကြားတော့ လင်းရီ ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိမ့်လိုက်သည်။

'ဒီရဲ့ အတွေးအခေါ်က မဆိုးဘူး...'

မည်သို့ပင်ဆိုစေ ပိုချစ်တတ်သူနှင့် မြှာပွေသူကြားထဲတွင် အဓိက ကျသည့် ခြားနားမှုတို့ ရှိလေသည်။

All Chapters