သူက ဒါရိုက်တာလင်း
Vol. 33 Ch. 493
သုံးယောက်သား စကားပြောနေကြစဉ် ရုတ်တရက် လူဆယ်ယောက်ကျော်သည့် ကျောင်းသားတစ်စုမှာ တံခါးပေါက်မှတစ်ဆင့် အထဲသို့ ၀င်လာကြောင်း သတိထားမိလိုက်၏။ အမျိုးသား အများအပြားနှင့် အမျိုးသမီးတို့မှာကောင်လေးတစ်ယောက်နောက်မှ နောက်လိုက်သဖွယ် လိုက်ပါလာခဲ့ကြလေသည်။
"ကျင်းကျင်း... ဟိုမှာ နင့်ရဲ့ လိပ်ပြာလေး လာနေပြီ... "
"ဖီး... မြန်မြန် နင့်ခေါင်းကို ငုံ့ထား... ဒီမှာ ငါ့ကို တွေ့သွားလို့ကတော့ သေချာပေါက် စကားလာပြောတော့မှာ... သူ မမြင်စေနဲ့...
"နောက်ကျသွားပြီထင်တယ်နော... သူ ငါတို့ဘက် ကို လျှောက်လာနေပြီ... "ကျန်းနန် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။ စောနက သူမကို အရှက်ရအောင် လုပ်ထားသမျှ အပြည့်အ၀ လက်စားပြန်ချေနေလေသည်။
"သွားပြီ...."
"နင် သူ့ကို မတွေ့ချင်ဘူးဆိုရင်လည်း ငါတို့ ပြန်ကြရအောင်လေ... စားလို့လည်း ပြီးနေပြီ မဟုတ်ဘူးလား..."
"အွန်း အွန်း...."
ကုန်းကျင်း မတ်တပ်ရပ်လိုက်ပြီး "အစ်ကိုရီ... ညီမ ခု အချိန်ပိုင်း ကျူတာ အလုပ်ရထားတယ်... လခ ထုတ်ရင် အစ်ကိုနဲ့ မရီးကို ထမင်းလိုက်ကျွေးမယ်နော်... မရီးကိုလည်း သေချာပေါက် ပါအောင် ခေါ်ခဲ့ဦး.. ညီမတို့က အနာဂတ်ကျရင် မိသားစုတွေ ဖြစ်လာမှာဆိုတော့ သေချာပေါက် သွေးအေးနေလို့ ဘယ်ဖြစ်မှာ... "
"အိုကေလေ... ငါအဲ့ချိန်ကျ သူ့ကို ရအောင် ခေါ်လာခဲ့မယ်..."
သို့နှင့် ကုန်းကျင်း ပန်းကန်များကို ထပ်လိုက်ပြီး "နင်တို့ အရင်သွားနှင့်လိုက်ကြ.. ငါ ဒါတွေကို ဆေးကြောတဲ့နေရာ သွားပို့ထားလိုက်ဦးမယ်..."
"အွန်း အွန်း..."
သုံးယောက်လုံး ကန်းကန်များ ထပ်ပြီးခါစတွင် ကျူးရှစ်လုံ ရောက်ချလာခဲ့၏။
"ရှောင်ကျင်း... မင်းလည်း ဒီမှာ စားနေတာလား... "
ထိုသို့ပြောလိုက်သော်လည်း ကျူးရှစ်လုံ၏ အကြည့်များကတော့ လင်းရီကို ရန်မူစွာဖြင့် ကြည့်နေလေသည်။
"ဟုတ်တယ်... "
ကုန်းကျင်း ဖာသိဖာသာ ခေါင်းညိမ့်လိုက်၏။ ထို့နောက် ကျူးရှစ်လုံနှင့် စကားဆက်ပြောဖို့ ရည်ရွယ်ချက်မရှိသည့်ဟန်ဖြင့် ထွက်ခွာရန် ဟန်ပြင်လိုက်လေသည်။
"ရှောင်ကျင်း... မင်း မသွားနဲ့ဦးလေ..."
"စီနီယာ... ရှင် ဘာကိစ္စရှိလို့လဲ..."
"ငါ သတင်းကြားတာတော့ မင်း အရွေးမခံရဘူးဆို...."
"ဟုတ်တယ်... ဒါပေမယ့် အရေးကြီးတာတာမှ မဟုတ်တာ... ကျွန်မလည်း ဂရုစိုက်မနေပါဘူး... "
"ရှောင်ကျင်း... မင်းအဲ့လို ပြောလိုက်တာကြီးကတော့ မဟုတ်သေးဘူး.. ကျောင်းသား သမဂ္ဂဆိုတာက အရေးကြီးတဲ့ အဖွဲ့အစည်းတစ်ခုပဲ... မင်းသာ ပါ၀င်နိုင်မယ်ဆိုရင် သေချာပေါက် အကျိုးအမြတ်များမှာ... "ကျူးရှစ်လုံ ပြောလိုက်ပြီး "ဒီလိုဆိုရင်ကော.. မင်းလျှောက်လွှာအသစ်ထပ်ရေးလိုက်... အချိန်ကျလာရင် ငါမင်းကို သီးသန့် အင်တာဗျူးပေးမယ်... မင်းရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ကျောင်းသားသမဂ္ဂ အဖွဲ့၀င်ဖြစ်ဖို့ ပြဿနာ မရှိဘူး... ပြီးတော့ မင်းသာ ကောင်းကောင်းလေး ကြိုးစားပေးနေသရွေ့ ငါလည်း မင်းဘက်ကနေ ကူပြောပေးမယ်... အနာဂတ်ကျရင် ဌာနခေါင်းဆောင်တောင် ဖြစ်နိုင်ချေရှိသေးတယ်.... "
ကျူးရှစ်လုံ၏ ပျော်ရွှင်နေသည့် မျက်နှာထားကို မြင်တော့ လင်းရီ ကျန်းနန်၏ နားအနား တိုးကပ်၍ တီးတိုးပြောလိုက်၏။ "ဒီကောင်က ပုံမှန်စကားပြောရင်လည်း ဒီလိုပဲလား... လေသံက အတော်လေးကို မြောက်ကြွမြောက်ကြွနဲ့... "
ကျန်းနန် သေချာလေး ခေါင်းညိမ့်လိုက်ပြီး "သူ့အဖေက ကျောင်းရဲ့ ဒါရိုက်တာလေ.. ဆိုတော့ သူက ကျောင်းမှာ အတော်လေး အာဏာရှိတယ်လို့ ပြောလို့ရတယ်... ဒါကြောင့်မို့လည်း သူက ကျောင်းသားသမဂ္ဂမှာ ဗီတိုအာဏာ ရထားသလိုမျိုး ဖြစ်နေတာလေ... အကုန်လုံးက သူပြောတဲ့အတိုင်း လိုက်နာရတယ်...."
"ဒါကြောင့်မို့ ဒီကောင် ဒီလိုမျိုး အောက်ခြေလွတ်နေတာကိုး...."
ကျန်းနန်လည်း အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်သည်။ စိတ်ထဲတွင်တော့
'ကျင်းကျင်းရဲ့ အစ်ကိုက အရမ်းကို ထူးခြားပြီး ပြောရဆိုရလွယ်တာပဲ...'
"မင်းတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲကွ..."ကျူးရှစ်လုံ လင်းရီကို မကျေမချမ်းကြည့်လိုက်သည်။
"ဘာမှမပြောပါဘူး..."ကျန်းနန် အရေးတကြီး ရှင်းပြလိုက်ပြီး "စီနီယာ နားကြားမှားတာ ဖြစ်မှာပါ..."
"နားကြားမှားတယ်...."ကျူးရှစ်လုံ လင်းရီကို ဘုကြည့်ကြည့်လိုက်ပြီး "ငါက အတော်လေး အောက်ခြေလွတ်နေတယ်လို့ နားကြားမှားလိုက်သလားပဲ..."
ကျူးရှစ်လုံ၏ မျက်နှာ အမူအရာမှာ ခင်မင်ဖွယ်ရာ ကောင်းမနေပေ။ သူ ကုန်းကျင်းကို စစ ရောက်ချင်းကတည်းက လိုက်ပိုးပန်းနေသော်လည်း သူမနှင့် ထမင်းအတူစားရန် တစ်ခါမှ အခွင့်အရေးမရခဲ့ချေ။ ယခုတော့ ဘယ်ဂျောင်ဂလောင်က ထွက်လာမှန်းမသိသည့်ကောင်က နှိုက်မြည်းသွားခဲ့ချေပြီ။
'ဒီကောင်က ကျောင်းသားသစ်လားကွ.. ဒီကျောင်းမှာ ငါ့စကားက အမိန့်ဆိုတာ ဒီကောင်မသိသေးတာလား....'
"မဟုတ်ဘူး... မင်း နားကြား မှားတာ.."လင်းရီ ရယ်မောလိုက်ပြီး "မင်းက အတော်လေး ဖျင်ခေါင်းကျယ်တဲ့ကောင်ပဲလို့ ပြောတာ.... အောက်ခြေလွတ်တယ်လို့ မပြောဘူး...."
ဟစ်....
ကျောင်းသားသမဂ္ဂ အဖွဲ့၀င်တိုင်း အဆုတ်ထဲသို့ လေအေးများ ရှူရှိုက်လိုက်ကြရသည်။
ဒီကောင်က စကားကို ဘယ်လိုတွေ ပြောနေတာလဲဟ...
သူ ခေါင်းဆောင်ကျူးကို တကယ်ကြီး အဲ့လို ပြောလိုက်တယ်တဲ့လား....
"မင်း ပြောရဲရင် ထပ်ပြောလိုက်စမ်း..."
သွေးဆူလွယ်သည့် တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်သည့်အပြင် သူ့ဖခင်၏ နောက်ခံတောင့်တင်းသည့် အချက်တို့နှင့် ပေါင်းစပ်လိုက်သောအခါ ကျူးရှစ်လုံ၏ စရိုက်မှာ အတော်လေး ဆိုးသွမ်းနေပြီး ဖြစ်၏။
ကျောင်းတွင်လည်း ဆရာများမှလွဲ၍ သူ့ကို မည်သည့် ကျောင်းသားကမျှ မရိုင်းပြဝံ့ကြချေ။
လင်းရီ ကျူးရှစ်လုံ၏ ပခုံးကို နှစ်ချက်သုံးချက် ပုတ်လိုက်ပြီး "ညီငယ်လေး ... မင်း ဒီအစ်ကိုကြီးရဲ့ ရှေ့မှာလာပြီး မမောက်မာပြနဲ့...ပြီးတော့ ငါ့ညီမလည်း ဒီမှာ စာသင်နေတယ်... မင်း သူ့ကို မနှောင့်ယှက်နဲ့...."
ထို့နောက် လင်းရီ ကုန်းကျင်း၏ ပခုံးကို ဖက်၍ ကန်သင်းမှ ထွက်လာခဲ့လိုက်လေသည်။
"အဲ့မှာ ရပ်နေစမ်း.."ကျူးရှစ်လုံ လင်းရီကို နောက်မှ အော်ဟစ်လိုက်ပြီး "မင်းခုနက ပြောတာကို ပြန်ပြောလိုက်စမ်း..."
အကယ်၍ လင်းရီ သူ့နောက်ကွယ်တွင် ပြောသည်ဆိုပါက ကျူးရှစ်လုံ မည်သို့မျှ တုံ့ပြန်လိမ့်မည် မဟုတ်သော်လည်း ယခုတော့ သူ့ သမဂ္ဂ အဖွဲ့ဝင်အများအပြားရှေ့တွင် ထိုသို့ ပြောဆို သွားခဲ့လေသည်။ ယင်းက အတိအလင်း စော်ကားလိုက်ခြင်းဖြစ်၏။သူ့ဘက်မှ ပြန်မတုန့်ပြန်ပါက ကျူးရှစ်လုံ သူ့မျက်နှာကို မည်သို့ သွားထားရမှန်း သိလိမ့်မည် မဟုတ်တော့ချေ။
"မင်းက ဘာကို ပြန်ပြောစေချင်နေတာ...."
"မင်း ဘယ်သူ့ကို ညီငယ်လေးလို့ ခေါ်နေတာလဲဟျောင့်...."
"ဒါပေါ့... မင်းကိုပြောနေတာလေ.."လင်းရီ ပြောလိုက်ပြီး "မဟုတ်ရင် ဘယ်သူ့ကို ပြောရမှာ...."
ပတ်၀န်းကျင်ရှိ လူတိုင်း ပြုံးစိစိ ဖြစ်သွားခဲ့ကြ၏။ ထိုစကားလုံးမှာ ကွဲပြားသည့် အဓိပ္ပာယ်ကို ဆောင်နေသော်လည်း ကျူးရှစ်လုံရှေ့တွင် ရယ်မောလိုက်၍ မဖြစ်ချေ။ မဟုတ်ပါက သူတို့ စာသင်နှစ် တစ်လျှောက်လုံး ကံဆိုးသွားနိုင်သည်။
ကျန်းနန်ကတော့ လင်းရီကို ရိုသေကိုးစားသည့် မျက်၀န်းတို့ ဖြင့် ကြည့်နေမိ၏။
'ကျင်းကျင်းရဲ့ အစ်ကိုက အရမ်းကို ပွင့်ပွင့်လင်းလင်းရှိတာပဲ.. မောက်မာတာမျိုးလည်း မရှိဘူး... ဟိုရဲ့ ကြောင်သူတော် ကြွက်သူခိုးတွေထက် အများကြီးသာတယ်....'
"မင်းမြေနိုး......"
ကျူးရှစ်လုံ သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ပဲ လင်းရီထံ ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြေး၀င်လာခဲ့၏။
"ဥက္ကဌသွမ့်... ဒါရိုက်တာကျူး....."
ထိုအချိန်တွင်ပဲ ကန်သင်း၏ လှေကားထစ်မှ အသံဗလံများကို ကြားလိုက်ရပြီး ကျူးရှစ်လုံ၏ ကြမ်းတမ်းခက်ထန်နေသည့် ဒေါသများ ရုတ်ချည်း ငြိမ်သက်သွားတော့၏။
မကြာမီ အပြင်ဘက်မှ လူအုပ်ကြီး လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ထိုလူအုပ်ကြီးကိုတော့ အဘိုးကြီးနှစ်ယောက်မှ ဦးဆောင်လာခဲ့ခြင်းဖြစ်၏။
ထိုအထဲမှ တစ်ယောက်ကတော့ သွမ့်ရုံချွမ်းပင်။ ကျန်တစ်ယောက်ကတော့ အရပ်မမြင့်မားပဲ အနည်းငယ်လည်း ၀ဖိုင့်ဖိုင့် ရှိသည်။ လင်းရီ ထိုသူ၏ နာမည်ကိုတော့ လုံး၀ မသိချေ။
သို့သော်လည်း သူတို့ ပြောနေကြသည့် ဒါရိုက်တာကျူးဆိုသူကတော့ ထိုသူဖြစ်လိမ့်မယ်ဆိုတာကို လင်းရီတပ်အပ် ပြောနိုင်လေသည်။
ထပ်ပေါင်းအနေဖြင့် ကျန်းနန်မှ သူ့ကို ကျူးရှစ်လုံ၏ နောက်ခံအကြောင်း ရှင်းပြပေးထားပြီး အကယ်၍ သူခန့်မှန်းတာ မမှားပါက ထို ပုကွကွ ဖက်တီးကြီးမှာ ကျူးရှစ်လုံ၏ ဖခင် ဖြစ်သင့်၏။
"ဒါရိုက်တာလင်း... ကျုပ်တို့က ဒါရိုက်တာလင်းကို လိုက်ရှာနေတာ...."သွမ့်ရုန်ချွမ်း လင်းရီလက်ကို အားပါးတရဆွဲလိုက်ပြီး ပျောက်ဆုံးနေသည့် သူ့အဖေကို ပြန်တွေ့လိုက်ရသကဲ့သို့ အပျော်ကြီး ပျော်နေတော့သည်။
"ကျုပ်ကို ရှာနေတယ်..."
"ဒါရိုက်တာလီနဲ့ ဒါရိုက်တာလင်းတို့က ကျုပ်တို့ကျောင်းမှာ မိန့်ခွန်းလာပြောမယ်ဆိုမှတော့ ထမင်းတစ်နပ်လောက်မှ လိုက်မကျွေးရင် ဧည့်၀တ်မကျေပွန်ရာ ကျမှာပေါ့...ဒါပေမယ့် ဒါရိုက်တာလင်းကလည်း ဘာလို့ ကန်သင်းမှာ စားလိုက်တာ...ကျုပ်တို့က ထမင်းဖိတ်ကျွေးချင်လို့ လိုက်ရှာတာနှံ့နေပြီ....."သွမ့်ရုန်ချွမ်း ပြောလိုက်၏။
၎င်းကိုကြားတော့ ရောက်ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားကြတော့သည်။သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည့် အလား ခံစားနေကြရ၏။
ဥက္ကဌသွမ့်က ဒီလူ့ကို ဒါရိုက်တာလို့ ခေါ်လိုက်တယ်လား...
ဒီလူက ဘယ်ကမ္ပဏီရဲ့ ဒါရိုက်တာပါလိမ့်....
"ကျုပ်က ဒါရိုက်တာလီကို လက်ခုပ်တီးပေးဖို့ပဲ လိုက်လာခဲ့တာ .. ဘာမှ အရေးကြီးတာမဟုတ်ဘူး... ဒီမှာ ကျောင်းတက်နေတဲ့ ကျုပ် ညီမလည်း ရှိတာနဲ့ ကြုံတုန်း သူနဲ့ အတူ ထမင်းစားလိုက်တာလေ...ဥက္ကဌသွမ့် အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး...."
သွမ့်ရုန်ချွမ်း၏ အကြည့်မှာ ကုန်းကျင်းထံသို့ ရောက်သွားလေသည်။
"ဒါရိုက်တာလင်း... သူမက ခင်များရဲ့ ညီမလေးလား..."
"ဟုတ်ပါတယ်ရှင့်.. ကျွန်မက ဆေးဌာနက ပထမနှစ် ကျောင်းသူပါ..."
"ဘာလို့ စောကြီးကတည်းက မပြောတာလဲ..."သွမ့်ရုန်ချွမ်း ရယ်မောလိုက်ပြီး "ဒီကလေးရဲ့ ကြန်အင်လက္ခဏာကို ကြည့်လိုက်တာနဲ့ အကျင့်စရိုက်ကောင်းမွန်ပြီးတော့ အရမ်းတော်တယ်ဆိုတာ ထင်ရှားနေတာပဲလေ... တကယ်လို့ မင်းသာ ကြိုးစားမယ်ဆိုရင် အခု နှစ်ဆုံး စာမေးပွဲမှာ အထူးစကောလားရှစ်ပါ ရနိုင်တယ်...."
ဉာဏ်ရည်ကောင်းသည့် လူတိုင်း သွမ့်ရုန်ချွမ်း၏ စကားလုံးများကို နားလည်ပေသည်။
ထိုအထူးစကောလားရှစ်မှာလည်း ကုန်းကျင်းအတွက် အထူးပြင်ထားပေးခြင်း ဖြစ်၏။
"ကျေးဇူးပါ ကျောင်းအုပ်သွမ့်..."
ကုန်းကျင်း တောင့်တင်းနေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ သူမ စိတ်မှာလည်း မိန်းမောတွေဝေနေလေသည်။
ဒါရိုက်တာသွမ့်ကတောင် ဒီလိုမျိုး ဆက်ဆံပေးရလောက်အောင် အစ်ကိုရီက ဘာတွေများ လုပ်ထားလို့ပါလိမ့်....
"ဘာလို့ ယဉ်ကျေးနေတာ.. မင်းနဲ့ ထိုက်တန်လို့ ရတာပဲလေ..."
သွမ့်ရုန်ချွမ်း အပြုံးလေးဖြင့် ပြောလိုက်ပြီး သူ၏ အမူအရာကို တည်တံ့လိုက်ကာ လင်းရီကို အခြားကျောင်းသားများထံ မိတ်ဆက်ပေးလိုက်၏။ "အားလုံးကို မိတ်ဆက်ပေးမယ်... ခု ငါ့ဘေးမှာ ရပ်နေတဲ့ ပုဂ္ဂိုလ်က ဟွာရှန်းဆေးရုံ နှလုံးအထူးကု ဌာနက လက်ထောက်ဒါရိုက်တာပဲ... ငါတို့ ဖူတန်နဲ့ ပေါင်းစည်းထားတဲ့ ဆေးရုံပေါ့... သူ့ရဲ့ နာမည်က လင်းရီ... နေ့လည်ခင်းမှာ မင်းတို့တစ်တွေကို လက်ချာပေးမှာပါ ဒါရိုက်တာလင်းနဲ့ ဒါရိုက်တာလီပဲ....”