ဘာအရေးကြီး ကိစ္စလဲ
Vol. 33 Ch. 494
"ဒါရိုက်တာလင်း...."
လင်းရီဘယ်သူလဲဆိုတာကို ကြားသိလိုက်ရတော့ လူတိုင်း အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြသည်။
သူတို့အားလုံးမှာ ဆေးကျောင်းသားများ ဖြစ်ကြပြီး ထိုနယ်ပယ်ရှိ ရာထူးအဆင့်အတန်းတို့ကိုလည်း အနည်းနှင့်အများတော့ နားလည်ထားကြလေသည်။ ဒါရိုက်တာရာထူးသို့ ရောက်နိုင်ကြသူတို့မှာ ပုံမှန်ဆိုရင် အနည်းဆုံးတော့ အသက် ၃၅ နှစ်လောက် ရှိကြ၏။ ယင်းကပင် အသက်အငယ်ဆုံးဟု ဆိုရမည်။ ယခုတော့ သူတို့ရှေ့တွင် ရပ်နေသူမှာ အလွန်ဆုံးရှိလှ နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်ပင်။
ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ပြီး ဟွာရှန်းဆေးရုံရဲ့ လက်ထောက်ဒါရိုက်တာ ဖြစ်လာတာလဲဟ...
"ရီ... အစ်ကိုရီ..... အစ်ကိုက တကယ်ကြီး ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာလားဟင်..."ကုန်းကျင်း မယုံကြည်နိုင်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
လင်းရိ ပခုံးတွန့်လိုက်ပြီး "ဒီလိုပါပဲ.. ဗြုတ်စဗျင်းတောင်းကြီး ဒါရိုက်တာ ဖြစ်လာခဲ့တာ...."
"ဒါရိုက်တာလင်းကတော့ နိမ့်ချလွန်းနေပါပြီ... ဒါရိုက်တာလင်းရဲ့ ဆေးပညာ အရည်အချင်းနဲ့ဆိုရင် သေချာပေါက် ဒါရိုက်တာဖြစ်ဖို့ လုံလောက်တာထက်ကို ပိုနေသေးတယ်... ကျုပ်တောင် မယှဉ်နိုင်ပါဘူး..."
လင်းရီမှာ သူ၏ ဂုဏ်သတင်းကို ကယ်တင်ပေးထားသောကြောင့် အကယ်၍များ လူအများကြီး ရှိမနေဘူးဆိုပါက သွမ့်ရုန်ချွမ်း ထိုင်ပင် ရှိခိုးလိုက်ချင်သည်။
"အဲ့လောက်ကြီးလည်း မြှောက်ပင့်နေစရာ မလိုပါဘူး... ကျုပ်က ဒီတိုင်း ကျုပ်ညီမနဲ့ ထမင်းလာစားရုံ သပ်သပ်ပဲ....."
"ဒါရိုက်တာလင်းက အရမ်း နိမ့်ချနေတာပဲ.. ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အံ့မခန်း ဆေးပညာ အရည်အချင်းကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ကျုပ်တို့ တကယ်ပဲ အထင်ကြီး လေးစားမိပါတယ်...."
ပြောလိုက်သူကတော့ ကျူးရှစ်လုံ၏ ဖခင် ကျူးချန်းကျန့်ပင်။ ထိုသို့ ပြောပြီးနောက် ကျူးရှစ်လုံကို လက်ယပ်ခေါ်ကာ "ရှစ်လုံ... ဒီလာပြီး ဒါရိုက်တာလင်းကို လာနှုတ်ဆက်လှည့်.. ခုက စပြီးတော့ ဒါရိုက်တာလင်းက မင်းရဲ့ စံပြပုဂ္ဂိုလ်ပဲ....နားလည်လား..."
သူတို့နှစ်ယောက်မှာ သားအဖဖြစ်မှန်း လူတိုင်း သိနေသောကြောင့် သူတို့နှစ်ယောက်၏ သားအဖဆက်ဆံရေးကို အများအရှေ့တွင် ဖုံးကွယ်နေစရာ မလိုချေ။
ထိုအချိန် ကျုးရှစ်လုံ၏ စိတ်မှာတော့ အကြီးအကျယ် တုန်လှုပ်နေလေသည်။ သူ ယခုလေးတင် လင်းရီကို ' ဝါးစားမယ် အမှုန့်ကြိတ်မယ်ဘာဖြစ်တယ် 'တို့ ကြိမ်းဝါးထားခဲ့၏။ သို့သော်လည်း ယခုတော့ မှော်ဆန်စွာဖြင့် သူ၏ စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့လေပြီ။
လောကကြီးရေ....ဘာတွေ ဖြစ်နေတာတုန်းဟ...
"ဟျောင့် မင်းဘာတွေ ငိုင်နေတာ... မြန်မြန် နှုတ်ဆက်လိုက်လေ.... "
ကျူးချန်းကျန့် ဒေါသထွက်စွာဖြင့် သားဖြစ်သူကို ပြောဆိုလိုက်သည်။
ကျူးချန်းကျန့် လင်းရီ၏ အထောက်အထားကို သွမ့်ရုန်ချွမ်းထံ မေးမြန်းထားပြီး ဖြစ်၏။ လင်းရီမှာ နယ်နယ်ရရ မဟုတ်ပဲ အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်နှင့်သာ ကောင်းမွန်သည့် ပတ်သက်မှုများ တည်ဆောက်နိုင်ပါက သူ၏ အနာဂတ်အတွက် ရွှေပေါင်ကြီးတစ်ခု ဖက်လိုက်ရသည်နှင့် ညီမျှလေသည်။
"ဒါရိုက်တာလင်း မင်္ဂလာပါဗျ... အနာဂတ်ကျရင် ကျုပ်ကို များများ သင်ပြပေးပါဦး...."
"မင်းခုလေးတင် ငါ့ကို ရိုက်ချင်နေတာ မဟုတ်ဘူးလား... ခုကျတော့ ဘယ်လိုလုပ်ပြီး စံပြပုဂ္ဂိုလ် ဖြစ်သွားပြန်တာ..."
သွမ့်ရုန်ချွမ်းနှင့် ကျူးချန်းကျန့်တို့ ရှော့ခ်ရသွားခဲ့ကြ၏။
ယခုလို ဖြစ်လာလိမ့်မည်လို့ သူတို့ မျှော်လင့် မထားခဲ့ကြချေ။
"ဟျောင့် မင်းဦးနှောက်က ဘာဖြစ်နေတာလဲကွ...ကျပ်မပြည့်တာလား....."ကျူးရှစ်လုံသူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ပဲ သားဖြစ်သူကို လူရှေ့သူရှေ့တွင် ဆဲဆိုလိုက်သည်။
"မင်းက လက်ထောက်ဒါရိုက်တာလေးပဲ မဟုတ်ဘူးလား... မင်းရဲ့ ရာထူးက ငါ့အဖေနဲ့ ယှဉ်ရင် နိမ့်နေသေးတယ်ဟျောင့်... အဲ့တာများ ဘာလို့ ဝံပုလွေဆိုးကြီးလို လာလုပ်ပြနေတာ..."
ဖြောင်း...
ကျူးချန်းကျန့် သူ့သားကို လက်ဝါးရာထင်အောင် ပါးဖြတ်ရိုက်လိုက်သည်။
"အဖေ.. အဖေ ကျွန်တော့်ကို ရိုက်တယ်... အဲ့ကောင်က ကျောင်းမှာလာပြီး လက်ချာလာပေးတဲ့ ဆရာ၀န်လေးပဲလေ...ဘာတွေများ ကြီးမြတ်နေလို့လဲ...."ကျူးရှစ်လုံ ပြောလိုက်ပြီး "ဘာလို့ သူကျတော့ ကျုပ်ကို ဆဲနိုင်ပြီးတော့ ကျွန်တော်ကျတော့ သူ့ကို ဘာမှ ပြန်လုပ်လို့ မရတာလဲ...."
"မင်း မျိုးမစစ်လေး... ငါမင်းကို သေတဲ့အထိ ရိုက်သတ်လိုက်ချင်တယ် သိလား..."
ကျူးချန်းကျန့် အကြီးအကျယ် ဒေါပွနေပြီး သူ့သားကို ဘေးတစ်နေရာသို့ ဆွဲခေါ်သွားကာ သွားကြားထဲမှထွက်သည့် လေသံဖြင့်
"မင်း သူ ဘယ်သူလဲဆိုတာ သိလား...."
"ဘာသိစရာ ရှိလို့... ဒီတိုင်း လက်ထောက်ဒါရိုက်တာလေးပဲ မဟုတ်ဘူးလား... ဘာတွေများ ကြီးကျယ်နေတာမှတ်လို့..."ကျူးရှစ်လုံ စကားကို ပေစုတ်စုတ် ပြောလိုက်ပြီး "အဖေလည်း ဟွာရှန်းဆေးရုံမှာတုန်းက ဌာန ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့တာပဲ မဟုတ်လား... သူ့ထက်တောင် တစ်ဆင့် မြင့်သေးတယ်... "
"တကယ်လို့ သူသာ ဒီတိုင်း သာမန် လက်ထောက်ဒါရိုက်တာ တစ်ယောက်ဆိုရင် ငါနဲ့ ကျောင်းအုပ်သွမ့်က ကိုယ်တိုင်ကိုယ်ကျ လာကြိုမယ်လို့ မင်းထင်လား "ကျူးချန်းကျန့် ပြောလိုက်ပြီး "သူ အထက်ကြီးပိုင်းတွေနဲ့ ဘယ်လို ဆက်ဆံရေးတွေ ရှိလဲဆိုတာ မင်းနားလည်လား... ငါမင်းကို ပြောပြလိုက်မယ်... တကယ်လို့ မင်းသူ့ကို မပျော်မရွှင် ဖြစ်အောင် လုပ်မိတယ်ဆိုရင် သူ့စကားတစ်ခွန်းတည်းနဲ့ ငါတို့ မနက်ဖြန် အလုပ်ပြုတ်သွားနိုင်တယ်နေယ်.... ငါ ခုဘာလို့ ဒီလိုတွေ လုပ်နေရလဲဆိုတာ မင်းနားလည်ပြီလား...."
၎င်းကိုကြားတော့ ကျူးရှစ်လုံ လင်းရီ၏ အထောက်အထားမှာ မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်း နားလည်သွားတော့၏။
သူ့အဖေနှင့် ကျောင်းအုပ်သွမ့်မှာ ယဉ်ကျေးသမှုနဲ့ လာခဲ့ခြင်းမဟုတ်ပဲ လင်းရီ၏ အထောက်အထားကို ကြောက်လန့်နေခြင်းကြောင့်ပင်။
ဘုရား ဘုရား.. ငါတကယ်ကြီး အဲ့လိုပုဂ္ဂိုလ်မျိုးကို ရိုက်နှက်ဖို့ ကြံရွယ်ခဲ့တာလား...
ကျူးချန်းကျန့် ကျူးရှစ်လုံကို ပြန်ဆွဲခေါ်လာခဲ့ပြီး လင်းရီကို ထပ်ခါတလဲလဲ ဦးညွှတ်ကာ "ဒါရိုက်တာလင်း.. ကျုပ်သားက ငယ်ရွယ်ပြီး မသိတတ်သေးတော့ ဗွေမယူပါနဲ့လို့ တောင်းဆိုချင်ပါတယ်...."
ကျူးရှစ်လုံလည်း သူ့အဖေနည်းတူ ခါးကျိုးမတတ် ဦးညွှတ်လိုက်လေသည်။ ယခင်က မောက်မာသည့် မျက်နှာထားမှာ ယခုတော့ တိမ်းများကဲ့သို့ လွင့်စင်သွားပြီ ဖြစ်၏။
"ဒါရိုက်တာလင်း.. ကျုပ်မစဉ်းစား မဆင်ခြင်ပဲနဲ့ ရိုင်းပြမိပါတယ်.... ဒါရိုက်တာလင်းလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးက ကျုပ်လို နိမ့်ကျတဲ့ကောင်ကို ကပ်တွက်မနေပါနဲ့...."
"ဒါရိုက်တာကျူး... ရှစ်လုံက ခုဆို တတိယနှစ် ကျောင်းသားတောင် ဖြစ်နေပြီ... ခုအချိန်က သူ့စာတွေထဲ သေချာစိတ်နှစ်ထားရမယ့် အချိန်ပဲ... ဒီလိုဆိုရင်ကော ....သူ့ကို ကျောင်းသားသမဂ္ဂ ကနေ အနားယူခိုင်းလိုက်တော့... အဲ့လိုဆို အာရုံမများတော့ပဲ စာကို သေချာ အာရုံစိုက်လို့ ရပြီလေ...."
သွမ့်ရုန်ချွမ်းမှပြောလိုက်သည်။
ကျူးရှစ်လုံ၏ အမူအရာ ပျက်ယွင်းသွားခဲ့၏။ သူ၏ သမဂ္ဂခေါင်းဆောင် ရာထူးမှာ ယခုကိစ္စကြောင့် ဖယ်ရှားခံလိုက်ရမည်လို့ သူမျှော်လင့်မထားချေ။
'အဲ့လိုဆို ငါက ကျောင်းမှာ ဘယ်လိုလုပ်ပြီး ထင်ရာစိုင်းလို့ ရတော့မှာလဲကွ....'
"ကျောင်းအုပ်သွမ့်ပြောတာ အမှန်ပဲ... ခုချိန်က စာသေချာလုပ်ရမယ့် အချိန်ရောက်နေပြီ... သမဂ္ဂကိစ္စတွေနဲ့ အာရုံရှုပ်နေရမယ့် အချိန် မဟုတ်တော့ဘူး...."
လင်းရီပင် စကားတစ်ခွန်းမျှ မပြောလိုက်ရပါပဲနှင့် ကျူးရှစ်လုံမှာ ရာထူးမှ ဖြုတ်ချခံလိုက်ရချေပြီ။
အကယ်၍များ ကျူးရှစ်လုံသာ သူ့အဖေဘာကြောင့် လင်းရီကို ကြောက်ရွံနေရလဲဆိုတာ သေချာလေး နားလည်ခဲ့မယ်ဆိုရင် ၊ အကယ်၍ ကိစ္စများသာ ဒီထက်ပို၍ အခြေအနေဆိုးရွားသွားခဲ့မယ်ဆိုပါက ရာထူးဖြုတ်ခံရသူမှာ ကျူးရှစ်လုံ တစ်ယောက်တည်းနှင့် ပြီးသွားလိမ့်မည် မဟုတ်ချေ။
လင်းရီ ကျူးရှစ်လုံ ၏ ပခုံးကို ပုတ်လိုက်ပြီး "ငါ့ရဲ့ ညီငယ်လေး...မင်း ရာထူးကနေ ဆင်းလိုက်ရတယ်ဆိုပေမယ့် ဒီအစ်ကိုကြီးက မင်းကို အများကြီးမျှော်လင့်ထားတယ်ဆိုတာ သတိရဦးနော်...ကြိုးစား ကြိုးစား...."
'ညီငယ်လေး'ဟူသည့် စကားကို ထပ်မံကြားလိုက်ရသောအခါ ရှိနေကြသည့် လူတိုင်း ၎င်းတို့၏ ရယ်မောချင်စိတ်ကို ဖိနှိပ်ထားလိုက်ကြ၏။
ခင်မင်ရင်းနှီးစွာဖြင့် ခေါ်ဆိုသည့် စကားစုတစ်ခုမျှသာ ဖြစ်သော်လည်း အခြား အဓိပ္ပာယ်တစ်မျိုးက သူတို့၏ စိတ်ပုံရိပ်ထဲတွင် ပေါ်လွင်လာလေသည်။
ကျန်းနန်၏ မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ ရဲမှည့်နေ၏။
'အဲ့ဒီစကားလုံးက အရမ်း ညစ်ညမ်းတာပဲ...'
"ဒါရိုက်တာလင်း... ခဏနေဆို လက်ချာချိန်က စတော့မှာဆိုတော့ အပြင်မှာ သွားစားရင် နောက်ကျသွားနိုင်တယ်.....ဆရာတွေ စားတဲ့ နေရာမှာပဲ ရိုးရှင်းတာလေးတွေ သွားစားကြတာပေါ့... "
"ကျုပ် မစားတော့ဘူး... ခင်များတို့ ဒါရိုက်တာလီကိုပဲ ခေါ်သွားလိုက်တော့.... နောက်မှပဲ ဟောခန်းထဲမှာ ပြန်ဆုံကြမယ်...."
"ကောင်းပြီလေ.. ဒါရိုက်တာလင်း စိတ်တိုင်းကျပါပဲ...."လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကုန်းကျင်း၊ ကျန်းနန်တို့နှင့်အတူ ထွက်ခွာသွာခဲ့လေသည်။
"နေ့လည်ခင်း လက်ချာက တတိယနှစ်ကျောင်းသားတွေကို အဓိက ထားတာပဲ...ဒါပေမယ့် နင်တို့နှစ်ယောက် စိတ်၀င်စားလား... စိတ်၀င်စားရင် ခေါ်သွားပေးမယ်...."
"တကယ်ကြီးလား..."ကုန်းကျင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သို့သော်လည်း ထိုစိတ်လှုပ်ရှားမှုက လိုက်နားထောင်ရမည် ဖြစ်သောကြောင့်တော့ မဟုတ်ပဲ"အစ်ကိုရီ... ခု အစ်ကိုရီက ဟွာရှန်းဆေးရုံမှာ ဒါရိုက်တာ ဖြစ်နေပြီဆိုတော့ ညီမ အလုပ်သင်ဆင်းတဲ့အချိန်ကျရင် အစ်ကိုရီကို လာရှာလို့ ရတယ်မို့လားဟင်..."
"မင်းရှာတွေ့မှာ မဟုတ်လောက်ဘူး... ကျင်းကျင်း ဘွဲ့ယူပြီးတဲ့ အချိန်ကျရင် အစ်ကိုက အလုပ်ထွက်သွားလောက်ပြီ...."လင်းရီ ပြောလိုက်ပြီး "ဘာလို့လဲ.... အနောက်တံခါး သုံးချင်နေတယ်လို့တော့ လာမပြောနဲ့နော်...."လင်းရီ ပြောလိုက်ပြီး "ဆေးကုတယ်ဆိုတာက တကယ့် စစ်မှန်တဲ့ အရည်အချင်းတွေ လိုအပ်တယ်... မင်းရဲ့ ဆေးပညာ အရည်အချင်းက လူနာတစ်ယောက်ကို ကုသပေးနိုင်လား မကုသပေးနိုင်ဘူးလားဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ အကဲဖြတ်ပေးသွားတာပဲ...."
"အွန်း... အစ်ကိုရီ ပြောတာကို ညီမ နားလည်တယ်.... ညီမသေချာပေါက် ကြိုးစားမှာပါ...."
"တက္ကသိုလ်၀န်းထဲ သွားကြစို့... နောက်မှ ဟောခန်းထဲ ခေါ်သွားပေးမယ်..."
"အိုကေ...."
မွန်းလွဲ တစ်နာရီခွဲတွင် ကျောင်း၏ ဟောခန်းမကြီးထဲ၌ ဆေးပညာအကြောင်း လက်ချာပေးမှုမှာ စတင်လေသည်။
လီချူးဟန်မှာ သူမ ပြောမည့် စကားလုံးများကို ကြိုတင်ပြင်ဆင်လာခဲ့၏။ ထိုအထဲတွင် သူမ၏ အတွေးအမြင်များ ပါ၀င်ပြီး လက်ရှိ ကျောင်းသားများအတွက် ရှေ့ဆက်ရမည့် လမ်းကြောင်းတွင် အကြီးအကျယ် အကျိုးပြုစေနိုင်မည့် အချက်အလက်တို့ကို သေချာစီစစ်ထားလေသည်။
တစ်နာရီကြာပြီးနောက် မိန့်ခွန်းပြောဆိုမှုမှာပြီးဆုံးသွားခဲ့၏။ လင်းရီလည်း ကုန်းကျင်းနှင့် ကျန်းနန်ကို နှုတ်ဆက်ကာ လီချူးဟန်နှင့် အတူ ဖူတန်မှ ထွက်လာခဲ့လိုက်သည်။
သွမ့်ရုန်ချွမ်းမှာ စားပွဲဝိုင်းတစ်ခုကို ဘွတ်ကင်လုပ်ထားပြီး လင်းရီနှင့် လီချူးဟန်တို့ကို ဧည့်ခံရန်စီစဉ်ထားသော်လည်း နှစ်ယောက်လုံး ငြင်းဆိုလိုက်ကြ၏။
ကလင် ကလင်
လမ်းတွင် လင်းရီ လျန်ရူရွှယ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်၏။
"နင် ဒီညတော့ ဘာလုပ်စရာမှ မရှိဘူးလို့တော့ ထင်တာပဲ... အရေးကြီးကိစ္စကို သွားကြရအောင်....... "
"ဘာအရေးကြီး ကိစ္စလဲ... ငါတို့ လက်ထပ်မှတ်ပုံတင်ဖို့ ကိစ္စလား....”