ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်
Vol. 72 Ch. 1005
အခန်း (၁၀၀၅) ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်
ယိုးမင်ဂမ္ဘီရစက်ဝန်းက ရွှေကျီးကန်းကောင်းကင်ဓားကို မုန်းတီးစက်ဆုပ်ခြင်း မဟုတ်ပေ။
သူက ဤ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းထဲတွင်ပါရှိသော သိုင်းပညာအယူအဆကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ‘ရွှေကျီးကန်းမီးလျှံကျမ်းစာ’ ကို မုန်းတီးစက်ဆုပ်ခြင်း ဖြစ်သည်။
သို့သော် တရားမျှတစွာပြောရလျှင် ရွှေကျီးကန်းမီးလျှံကျမ်းစာသည် အလွန်လေးနက်သော သိုင်းပညာရပ်တစ်ခု ဖြစ်၏။
ယိုးမင်ဂမ္ဘီရစက်ဝန်းက ရွှေကျီးကန်းမီးလျှံကျမ်းစာနှင့်အဆင်မပြေလျှင် ဟောက်ယန်နန်းတော်မှ ဟောက်ယန်ကျမ်းစာနှင့်လည်း အဆင်မပြေနိုင်မည် မဟုတ်ပေ။
ယိုးမင်ဂမ္ဘီရဂိုဏ်း၏ ကိုယ်ပိုင်နားလည်မှု မူဝါဒများတွင်လည်း နေမင်းအလင်းရောင်နှင့် ပတ်သက်သည့်မူဝါဒများက သိပ်ပြီး အဆင်မပြေလှပေ။
“သူလိုချင်တာက သူ့ကိုဖိနှိပ်နိုင်တဲ့ ထိပ်တန်းသိုင်းပညာမျိုးပဲ...”
ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
“ယိုးမင်ဧကရာဇ်ယင်ထျန်းရှက တကယ်ရည်မှန်းချက်ကြီးတာပဲ ၊ သူလိုချင်တဲ့အရာက အထက်ကိုပဲမှန်းမျှော်ပြီး မြင့်မားတဲ့ပန်းတိုင်ဆီကိုဦးတည်နေတယ်”
“ဒါကြောင့် ယိုးမင်ဂမ္ဘီရစက်ဝန်းက ယိုးမင်ဂမ္ဘီရဂိုဏ်းထက် ပိုပြီးလေးနက်တဲ့ သိုင်းပညာအယူအဆတွေနဲ့ ပေါင်းစပ်ဖို့ကြိုးစားနေတာပဲ ၊ ဒါမှ အောင်မြင်မှုရလာတဲ့အခါ အနှိုင်းမဲ့စွမ်းအားတွေ ရှိလာမှာ...”
နယ်ပယ်အားလုံးတွင် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ သိုင်းတာအိုကို သေချာပေါက် ကျော်လွန်ရမည်ဆိုခြင်းကတော့ မဟုတ်နိုင်ပေ။
ယိုးမင်ဂမ္ဘီရဂိုဏ်း၏ သိုင်းပညာရပ်များအား ယင်ထျန်းရှက အမျိုးအစားခွဲခြားကာ အားလုံးကို လွှမ်းခြုံစုစည်းပြီး လမ်းညွှန်ပြသထားပြီး စည်းမျဉ်းများစွာလည်းထည့်သွင်းထားသည်။
နေအလင်းရောင်နှင့်ပတ်သက်သော တာအိုသည်လည်း ရိုးရှင်းစွာပင် ထိုအရာများထဲမှ တစ်ခု ဖြစ်သည်။
သို့ဖြစ်ရာ နေအလင်းရောင်နှင့်ပတ်သက်သည့်သိုင်းပညာတစ်ရပ်သည် ယိုးမင်ဂမ္ဘီရဂိုဏ်း၏သိုင်းပညာထက် ပိုမိုသာလွန်နက်နဲမည်ဆိုလျှင် ယိုးမင်ဂမ္ဘီရစက်ဝန်းက စိတ်တင်စားမည်ဖြစ်သည်။
ယင်ထျန်းရှကိုယ်တိုင်ပိုင်ဆိုင်သော ယိုးမင်တစ္ဆေမီးအိမ်ကတော့ ခြွင်းချက်အဖြစ် ယူဆရပေမည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းအတွက် အခြေခံအုတ်မြစ်တည်ဆောက်ရန် ထိုမီးအိမ်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲသည် အနက်ရောင်သတ္တုစက်ဝန်းကြီး၏ အမြောင်းပေါက်အတွင်းမှ စကြဝဠာကို လေ့လာပြီးနောက် အတန်ကြာစဉ်းစားပြီးမှ နောက်ထပ်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
သူထုတ်ယူလိုက်သည့်ပစ္စည်းက ဓားတစ်လက်ဖြစ်ပြီး ခရမ်းရောင်အလင်းတန်းများက ရေလှိုင်းများပမာ တောက်ပနေသည်။ ခရမ်းရောင်ပင်လယ်တစ်စင်းအလား ဒီရေစီးဆင်းသံများကိုပင် မသိမသာကြားယောင်နေရသည်။
ဤဓားမှာ ခရမ်းရောင်ဓားဂိုဏ်းချုပ်ဖြစ်သော ခရမ်းရောင်ဓားသမား ‘ကျောက်ကျန်’ ၏ ခရမ်းရောင်ပင်လယ်ဓားပင် ဖြစ်သည်။
သူက ဝူထုန်တောင်စောင်းမှ ယွမ်ရှန်းချန်ကိုကူညီရန် ပင်လယ်ချိတ်ဆက်ဒေသမှထွက်ခွာလာခဲ့ပြီး ဟောက်လင်တောင်တွင် ရန်ကျောက်ကဲ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူ၏ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ဤဓားက ရန်ကျောက်ကဲလက်ထဲ ကျရောက်သွားခြင်းသာပင်။
တိုက်ပွဲဆင်နွှဲချိန်တွင် ဤဓားက ရန်ကျောက်ကဲကြောင့် ထက်ပိုင်းကျိုးလုနီးပါး ဖြစ်ခဲ့ရသည်။
သတိထားကိုင်တွယ်ခြင်းမရှိပါက အချိန်မရွေးအပိုင်းပိုင်းကွဲသွားနိုင်သည့်အလား ဓားရှည်မျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းများစွာ ထင်ကျန်နေသည်။
သို့တိုင် ခမ်းနားကြီးကျယ်သော ဓားဝိညာဉ်က ထင်ကျန်ရစ်နေဆဲပင်။
ရန်ကျောက်ကဲက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်ပင်လယ်ဓားက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းထံသို့ ပျံသန်းထွက်ခွာသွားသည်။
အဆုံးသတ်မှာတော့ ရွှေကျီးကန်းကောင်းကင်ဓားကဲ့သို့ပင် ယိုးမင်ဂမ္ဘီရစက်ဝန်းထက်မှ အမြောင်းပေါက်တစ်ခု၏ စုပ်ယူဝါးမျိုခြင်းအား ခံလိုက်ရသည်။
ယခုတစ်ခါမှာတော့ ရန်ကျောက်ကဲ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ရွှေကျီးကန်းကောင်းကင်ဓားနှင့် ခရမ်းရောင်ပင်လယ်ဓားတို့ကို တူညီသော အမြောင်းပေါက်တစ်ခုတည်းမှ မျိုချလိုက်ခြင်းမဟုတ်သော်လည်း ထိုဓား (၂)လက်လုံးက တူညီသည့်နေရာတစ်ခုတည်းသို့ ရောက်ရှိသွားပုံရသည်။
ရွှေကျီးကန်းကောင်းကင်ဓား ယခင်က ရှိနေခဲ့သော အမြောင်းပေါက်နေရာမှာပင် ခရမ်းရောင်ပင်လယ်ရေးများလှိုင်းထလာပြီး ချက်ချင်းပင် ပင်လယ်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...
“ဒီအမြောင်းပေါက်က ယိုးမင်ဧကရာဇ်ဂူဗိမာန်ထဲမှာ ယိုးမင်တစ္ဆေမီးအိမ်ကို မျိုချလိုက်တဲ့ အမြောင်းပေါက်ပဲ”
အချိန်အတန်ကြာအောင် ဂရုတစိုက်လေ့လာကြည့်ပြီးနောက် ခရမ်းရောင်ပင်လယ်ဓားမှ ခရမ်းရောင်လှိုင်းလုံးကြီးများ မြင့်တက်လာပြီး ထိုလှိုင်းလုံးကြီးများမှာ သာမန်ထက်သာလွန်ပေသည်။
ထူးဆန်းသည်မှာ ထိုအမြောင်းပေါက်အတွင်းမှ စကြာဝဠာက ခရမ်းရောင်ပင်လယ်၏ အနှစ်သာရစွမ်းအားများကို ရွှေကျီးကန်းကောင်းကင်ဓား၏ အနှစ်သာရစွမ်းအားများကို စွဲယူသလို စွဲယူခြင်း မရှိပေ။
ဤသည်က မုန်းတီးစက်ဆုပ်ခြင်းသဘောမဟုတ်ဘဲ လုံးဝတုံပြန်မှုမပြခြင်းပင် ဖြစ်သည်။
မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ အရာအားလုံးကို နားလည်သွားသည်။
ခရမ်းရောင်ဓားဂိုဏ်းမှ ခရမ်းရောင်ပင်လယ်ဓားဝိညာဉ်က ခရမ်းရောင်ပင်လယ်ကြီးတစ်ခုပမာဖြစ်ပြီး မြင့်မားနက်ရှိုင်းကာ ခမ်းနားလွန်းသည်။
သို့သော် ထိုသိုင်းပညာက ယိုးမင်ဂမ္ဘီရဂိုဏ်း၏ သိုင်ပညာစက်ဝန်းထဲတွင် တည်ရှိခြင်း မရှိပေ။
ယင်ထျန်းရှသည် ယိုးမင်ဂမ္ဘီရစက်ဝန်းကို ပြုလုပ်ရာတွင် ကိုယ်တိုင်တိုးတက်စေရန်အတွက် အရပ်ရပ်မှ သိုင်းပညာရပ်များကို စုဆောင်းရန် ကြိုးစားခဲ့သော်လည်း မျက်ကန်းတစ္ဆေမကြောက် ဖြန့်ကြက်ရန် ရည်ရွယ်ချက် မရှိပေ။
ယိုးမင်ဂမ္ဘီရဂိုဏ်း၏ သိုင်းပညာအမွေအနှစ်သည်ပင် ယိုးမင်ဧကရာဇ်၏ ကြိုးစားအားထုတ်မှုဖြင့် အလွန်တရာ ပြီးပြည့်စုံနေပြီဖြစ်လေရာ အမျိုးအစားမတူညီသော အခြားသိုင်းပညာတစ်ရပ်ကို ထပ်မံပေါင်းစည်းရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ခရမ်းရောင်ပင်လယ်ဓားဝိညာဉ်သည် ယိုးမင်ဂမ္ဘီရစက်ဝန်းအတွက် မလိုအပ်တော့ပေ။
သို့ဖြစ်ရာ ယိုးမင်ဂမ္ဘီရစက်ဝန်းက ခရမ်းရောင်ပင်လယ်ဓားကို မျိုချခဲ့သည့်တိုင် တိုသိုင်းပညာရပ်ကို အသုံးချရန် အစီအစဉ် မရှိခဲ့ပေ။
ဤသည်က စောစောက ရွှေကျီးကန်ကောင်းကင်ဓားနှင့် အခြေအနေမတူညီပေ။
သို့ဆိုလျှင် ယိုးမင်ဂမ္ဘီရစက်ဝန်းက မည်သို့သော သိုင်းပညာအယူအဆများကို စိတ်ဝင်စားပါသနည်း။
ယင်ထျန်းရှ၏ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်တွင် ဤအချက်ကို အရိပ်အမြွက်ပြောထားပြီးသား ဖြစ်သည်။
ယခင် ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်း (၂)ခုလုံးသည် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ ရှေးထုံးတမ်းစဉ်လာများကို ဆက်ခံခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အမွေအနှစ်များ ချို့တဲ့ခဲ့ကြသည်။
ထိုဂိုဏ်း (၂)ခုလုံးမှ သိုင်းပညာရပ်များသည် ယိုးမင်ဂမ္ဘီရဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်ကြသည်။
မူလအမှောင် ၊ အလင်းမဲ့ခြင်း ၊ မှိန်ဖျော့သောမအလင်း ၊ ပုံရိပ်ယောင်အလင်း ၊ တောက်ပသောအလင်း...။
ဤအရာများအားလုံးက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ဖြင့် ပေါင်းစပ်ထားသည်။
ယင်ထျန်းရှသည် အသက်ငယ်ငယ်ဖြင့် ဆုံးပါးသွားခဲ့သော်လည်း သူ၏ပင်ကိုယ်စွမ်းရည်နှင့် ပါရမီက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်ပင်။
“ယိုးမင်ဂမ္ဘီရစက်ဝန်းက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းထဲမှာပါတဲ့ သိုင်းပညာအယူအဆကို စုပ်ယူပြီးရင် သန့်စင်ပြီးအသုံးပြုမှာလားဆိုတာက ကိစ္စတစ်ခုပဲ”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို စုပ်ယူတာကလည်း ကိစ္စတစ်ခုပဲ”
“ဒီနှစ်ခုလုံးက ဆက်စပ်မှုမရှိဘူး ၊ တစ်ခုနဲ့တစ်ခု ပံ့ပိုးပေးနေတယ်ဆိုပေမယ့် ဒီဖြစ်ရပ်နှစ်ခုက သေချာပေါက် ဆက်စပ်မနေဘူး”
ထိုအချက်ကိုသဘောပေါက်သွားပြီးနောက် ရန်ကျောက်ကဲ အယူအဆတစ်ခုကို ရရှိခဲ့သည်။
သူက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို ကျင့်ကြံခဲ့သည်ဆိုသော်လည်း အဓိကအားဖြင့် နောက်ဆုံးသိုင်းပညာတစ်ရပ်ကိုသာ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
သူကျင့်ကြံခဲ့သော ပညာရပ်၏အရှေ့မှ (၁၁)ရပ်မြောက်သောပညာကို ‘ကြမ်းတမ်းစုပ်ယူပညာရပ်’ ဟု ခေါ်ဆိုသည်။
သိုင်းကျင့်ကြံသူတစ်ယောက် ဤပညာရပ်ကို ကျင့်ကြံပါက ရန်သူများ၏တန်ခိုးစွမ်းအားများကို စုပ်ယူနိုင်ပေမည်။
ဤသိုင်းပညာအယူအဆကြောင့် ယိုးမင်ဂမ္ဘီရစက်ဝန်းက အခြားသော အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ဝါးမျိုသွားရခြင်း ဖြစ်၏။
ခရမ်းရောင်ပင်လယ်ဓားနှင့် ရွှေကျီးကန်းကောင်းကင်ဓားကို ဝါးမျိုထားသည့် စကြာဝဠာတစ်ခုပမာ ထင်ရှားနေသော အမြောင်းပေါက်ကို ရန်ကျောက်ကဲက သတိပြုလေ့လာလိုက်သည်။
“အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေကို အခြား အမြောင်းပေါက်တွေက စုပ်ယူတယ်ဆိုပေမယ့် ဘာမှမတုံ့ပြန်ဘူး ၊ ဒီအမြောင်းပေါက်တစ်ခုကပဲ တုံ့ပြန်တယ်ဆိုတော့ ဒီအမြောင်းပေါက်က ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ထဲက (၁၁)ရပ်မြောက်ပညာဖြစ်တဲ့ ‘ကြမ်းတမ်းစုပ်ယူပညာရပ်’ ပဲ ဖြစ်ရမယ်”
ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းအပြင်ပိုင်းကို လက်ဖြင့်အသာပွတ်သပ်ရင်း...
“ဒီသိုင်းပညာက ယိုးမင်ဧကရာဇ်ရဲ့ ယိုးမင်တစ္ဆေမီးအိမ်နဲ့တည်ဆောက်ထားတဲ့ ယိုးမင်ဂမ္ဘီရစက်ဝန်းရဲ့ အခြေခံအုတ်မြစ်ပဲ”
ယိုးမင်တစ္ဆေမီးအိမ်ကို စုပ်ယူခဲ့ခြင်းမှာ ‘ကြမ်းတမ်းစုပ်ယူပညာရပ်’ နှင့်မသက်ဆိုင်ဘဲ ယိုးမင်ဧကရာဇ်မှ ကနဦးတည်ဆောက်ခဲ့သော အမတမှော်ဝင်ပစ္စည်းပြုလုပ်ခြင်း ယန္တရားကြောင့် စုပ်ယူခံလိုက်ရခြင်း ဖြစ်သည်။
အခြားသော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို စုပ်ယူခြင်းကတော့ ယိုးမင်ဂမ္ဘီရစက်ဝန်းပေါ်တွင် ရေးထိုးထားသည့် ‘ကြမ်းတမ်းစုပ်ယူပညာရပ်’ ကြောင့် ဖြစ်ပေသည်။
ယင်ထျန်းရှ သေဆုံးသွားခဲ့သော်လည်း ယိုးမင်ဂမ္ဘီရစက်ဝန်းသည် နှစ်ပေါင်းများစွာ ကြီးထွားနိုင်ခြေ ရှိနေဆဲ ဖြစ်သည်။
ယိုးမင်ဂမ္ဘီရစက်ဝန်၏ ကြီးထွားမှုသည် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ အမွေအနှစ်သိုင်းပညာများ အဆင့်တစ်ခုသို့ ရောက်ရှိသွားစေမည် ဖြစ်၏။ သို့သော် ဤသို့အောင်မြင်ရန်က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့် အခြားသော သိုင်းပညာအယူအဆများပေါင်းစပ်ထည့်သွင်းခြင်းနှင့် သက်ဆိုင်ခြင်း မရှိပေ။
ယိုးမင်ဂမ္ဘီရစက်ဝန်း ပြီးမြောက်အောင်မြင်သည်အထိ သန့်စင်ပြီးသွားပါက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်သည်လည်း အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားပေမည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းက အလွန်ပင် အဆင့်အတန်းမြင့်မားလွန်းလှသည်။
ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက် ‘ကြမ်းတမ်းစုပ်ယူပညာရပ်’ ကို ကိုယ်စားပြုသည့် အမြောင်းပေါက်ဆီသို့ လက်ကိုအသာဆန့်တန်းကာ လက်ဖဝါးကို ဖြန့်လိုက်သည်။
ရွှေကျီးကန်းမီးလျှံကျမ်းစာနှင့် ဟောက်ယန်ကျမ်းစာတို့က သက်ရောက်ခြင်းမရှိပေ။
သို့ဆိုလျှင် မဟာနေမင်းကျမ်းဂန်ဆိုလျှင်ရော မည်သို့ရှိမည်နည်း။
ရန်ကျောက်ကဲက သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ပေါင်းစပ်ကျင့်ကြံထားသည့် ထူးကဲယန်စည်းတံဆိပ်ကို အမတမှော်ဝင်ပစ္စည်းအတွင်း ထည့်သွင်းရန် မရဉ်ရွယ်ခဲ့ပေ။
သူကျင့်ကြံထားသည့် မဟာနေမင်းကျမ်းဂန် တန်ခိုးစွမ်းအားဖြင့်သာ စမ်းသပ်ကြည့်ရန် ရည်ရွယ်လိုက်သည်။
သို့ပေသိ ယိုးမင်ဂမ္ဘီရစက်ဝန်းက အစပိုင်းတွင် တုံ့ပြန်မှု မရှိခဲ့ပေ။
ရန်ကျောက်ကဲက အရင်ကစမ်းသပ်ခဲ့ဖူးသည်များနှင့်မတူညီစွာ သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပေါင်းစပ်စီးဝင်စေလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီး လက်ကိုပြန်လည်ရုတ်သိမ်းလိုက်၏။
အဆင့်မြင်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော နေလစကြာကို ယူလိုက်ကာ ယိုးမင်ဂမ္ဘီရစက်ဝန်းဆီသို့ ဆတ်ခနဲ ရိုက်ချလိုက်သည်။
ထိုအခါမှ အနက်ရောင်သတ္တုစက်ဝန်းကြီးက တုံ့ပြန်မှုဖြစ်ပေါ်လာပြီး နေစကြာကိုစုပ်ယူရန် အမြောင်းပေါက်တစ်ခုမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက နေစကြာကို လက်လွှတ်မပေးဘဲ ဆုပ်ကိုင်ထားရင်း ထိုပစ္စည်းကိုတစ်ဆင့်ခံကာ သူ၏လက်ဖဝါးထက်မှ တန်ခိုးစွမ်းအားများ ယိုးမင်ဂမ္ဘီရစက်ဝန်းအတွင်းထည့်သွင်းရန် အသုံးချလိုက်၏။
တစ်ချိန်တည်းပင် မဟာနေမင်းကျမ်းဂန် တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်သည်။
နောက်အခိုက်အတန့်မှာတော့...
ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အမြောင်းပေါက်ထဲမှ စကြဝဠာ ပုံရိပ်ယောင်ဗလာနယ်က လင်းလက်တောက်ပလာပြီး ရန်ကျောက်ကဲ၏ ကြီးမားသော ကြယ်တာရာချီစွမ်းအားအနှစ်သာရများကို သဏ္ဌာန်မဲ့တည်ရှိမှုတစ်ခုအဖြစ် အဆက်မပြတ် စုပ်ယူလိုက်လေတော့၏။