အဆင့်မြင့်အထွတ်ထိပ် မှော်ဝင်ပစ္စည်း (၁၀)ခု
Vol. 72 Ch. 1006
အခန်း (၁၀၀၆) အဆင့်မြင့်အထွတ်ထိပ် မှော်ဝင်ပစ္စည်း (၁၀)ခု
မဟာနေမင်းကျမ်းဂန်သည် ဟောက်ယန်နန်းတော်၏ ဟောက်ယန်ကျမ်းစာမှ မြစ်ဖျားခံဆင်းသက်လာခြင်း ဖြစ်သည်။
သို့သော် ဒဏ္ဍာရီထဲမှ အချို့သော တန်ခိုးစွမ်းအားရှင်များ ၊ ပါရမီရှင်များက သူတို့ခေတ်သူတို့အခါတွင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာကိုအသုံးပြုပြီး သန့်စင်ခဲ့ကြသဖြင့် လက်ရှိ မဟာနေမင်းကျမ်းဂန်က ကြီးမားသည့်ပြီးပြည့်စုံခြင်းနှင့်အတူ မူလဟောက်ယန်ကျမ်းစာကိုပင် ကျော်လွန်သွားခဲ့သည်။
ဟောက်ယန်ကျမ်းစာနှင့် ရွှေကျီးကန်းမီးလျှံကျမ်းစာသည် ယိုးမင်ဧကရာဇ် ယင်ထျန်းရှ သန့်စင်ခဲ့သော ယိုးမင်ဂမ္ဘီရစက်ဝန်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်ခဲ့ပေ။
သို့ဆိုလျှင် မဟာနေမင်းကျမ်းဂန်ကရော တတ်နိုင်ပါမည်လား။
သို့သော် မဟာနေမင်းကျမ်းဂန် အယူအဆသဘောတရားက ယိုးမင်ဂမ္ဘီရစက်ဝန်းကို သန့်စင်နိုင်စွမ်းရှိပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းက အားလုံးကို မရပ်မနားစုပ်ယူကာ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားနှစ်သာရဖြင့် ထုတ်ဖော်ထားသော နေရောင်ခြည်စွမ်းအားအလင်းတန်းအားလုံးကို အဆက်မပြတ် စုပ်ယူနေသည်။
အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ပြုလုပ်လျှင်ပင် ချီစွမ်းအားအနှစ်သာရ တိုင်းဆမရ များပြားစွာလိုအပ်သည်ဖြစ်ရာ အမတမှော်ဝင်ပစ္စည်းဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
သိုင်းစွမ်းမြင့်မားကျော်ကြားခြင်းမရှိသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဆိုလျှင် သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများအားလုံး ယိုးမင်ဂမ္ဘီရစက်ဝန်း၏ စုပ်ယူခြင်းခံရကာ ခန္ဓာကိုယ်တစ်ခုလုံး ခြောက်သွေ့သွားနိုင်သည်။
ဤသည်က နတ်ဘုရားတစ်ပါးဖြစ်မှသာလျှင် သန့်စင်နိုင်သော အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သည် မဟုတ်ပါလား။
သေမျိုးလူသားနှင့် နတ်ဘုရားများကြား ကွာဟချက်ရှိသည်အမှန်ပင်။
ထို့အတူ ယိုးမင်ဧကရာဇ်၏ အခြေခံအုတ်မြစ်ဖြင့် ထူထောင်ထားသော သန္ဓေတည်စ အမတမှော်ဝင်ပစ္စည်းကို နတ်ဘုရားမဟုတ်သည့် သေမျိုးလူသားတစ်ယောက်အနေဖြင့် ဆက်လက်သန့်စင်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားဖြင့်ပင်လျှင် ကြယ်တာရာချီစွမ်းအားအနှစ်သာရများ အမြောက်အမြား ပျောက်ကွယ်သွားသည်ကို ခံစားနိုင်သည်။
ဝူထုန်တောင်စောင်းမှ သိုင်းသူတော်စင် နဝမအဆင့်ရှိသော အဘိုးကြီး ကျန်းစုရန်နှင့် တိုက်ခိုက်စဉ်ကထက်ပင် ကြယ်တာရာချီးစွမ်းအားများစွာ ရန်ကျောက်ကဲ ဆုံးရှုံးသွားသည်။
သို့သော် ရန်ကျောက်ကဲက တည်ငြိမ်သောအမူအရာဖြင့်ပင် ကျင့်ကြံခြင်းစွမ်းအားများကို စုပေါင်းလိုက်သည်။ တိတ်ဆိတ်စွာ အသက် ရှူထုတ်လိုက်ပြီး အဆက်မပြတ်ပင် ယိုးမင်ဂမ္ဘီရစက်ဝန်းအား စွမ်းအားများ ဖြည့်သွင်းပေးနေသည်။
မှောင်မိုက်နေသော သံမဏိစက်ဝန်းထက်တွင် အလင်းရောင် ထုတ်လွှတ်နေသော အမြောင်းပေါက် တစ်ခုရှိနေပြီး ထိုအပေါက်က ပိုမိုတောက်ပလာသည်။
အရင်က ရိုးရှင်းစွာ တိတ်ဆိတ်ငြိမ်သက်နေသော အနက်ရောင်သတ္တုစက်ဝန်းကြီးမှာ ယခုတော့ တဖြည်းဖြည်း စွမ်းအားများ မြင့်တက်လာသလို ခံစားရ၏။
အသင်္ချေနဂါးနန်းတော် တစ်လျှောက် အလွန်ပူပြင်းသော နေရောင်ခြည်များက လေထုကိုဖြတ်ကျော်ကာ တောက်လောင်ထွက်ပေါ်လာသည်။
“အလင်းရောင်ထွက်ပေါ်နေတဲ့ အမြောင်းပေါက်က ယိုးမင်ဂမ္ဘီရသိုင်းပညာ (၁၂)ရပ်ရဲ့ ဆဋ္ဌမမြောက် ပညာရပ်ပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ထိုအပေါက်မှ ကြမ်းတမ်းသည့် စုပ်ယူနိုင်စွမ်းက အခြားသောစွမ်းအားများကို စုပ်ယူနိုင်စွမ်းရှိနေသည်။
ယိုးမင်ဂမ္ဘီရဂိုဏ်း၏ သိုင်းပညာအမွေအနှစ်များတွင် နေမင်း၏လမ်းစဉ်ပါဝင်ပြီး နေမင်း၏တောက်ပမှုနှင့် ခမ်းနားထည်ဝါမှုအဓိပ္ပါယ်ကို အဓိက ရယူထားသည်။
ညအမှောင်ထုကိုကာကွယ်ရန်နှင့် မကောင်းမှုကိုရှောင်ရှားရန် ၊ မိမိကိုယ်ကိုတည်ငြိမ်စေရန်အတွက် နေမင်း၏စွမ်းအားကို အဓိကထားအသုံးပြုသည်။
နေမင်းလမ်းစဉ်တွင် အပြင်ပိုင်းတိုက်ခိုက်မှုနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီး ခံစစ်တိုက်စစ်နှစ်ခုလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည်။ အတွင်းပိုင်းကျင့်ကြံခြင်းတွင်လည်း နေမင်းလမ်းစဉ်အားလုံးက မကောင်းမှုမှ မထိပါးနိုင်ခြင်းနှင့် ကျင့်ကြံသူတစ်ယောက်၏စိတ်ကို လုံခြုံစေခြင်းတို့ကြောင့် နာမည်ကျော်ကြားသည်။
ကျင့်ကြံခြင်းအတွက် ထိရောက်မှုရှိပြီး စိတ်တွင်ထင်ကျန်သော ဆိုးညစ်သည့်အမှောင်ထုကို တွန်းလှန်နိုင်မည် ဖြစ်၏။
ထိုသိုင်းပညာကို ယိုးမင်ဂမ္ဘီရစက်ဝန်းတွင် ရေးထိုးထားသည်။
ထို့ကြောင့် ဤရတနာပစ္စည်းက မကောင်းမှုနှင့် ဆိုးသွမ်းမှုများကို နှိမ်နင်းနိုင်ပြီး အထူးသဖြင့် ဆိုးညစ်သောကျင့်ကြံခြင်းလမ်းစဉ်များကို ကန့်သတ်ထားသည်။
ထိုခဏတွင် ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကို အမြင်သစ်ဖြင့် အကဲခတ်လိုက်နိုင်သည်။
“ငါ့အယူအဆမှန်တယ်ဆိုရင် ယိုးမင်ဂမ္ဘီရစက်ဝန်း အထွတ်ထိပ်အဆင့်ကိုရောက်လာတဲ့တစ်ချိန်ကျ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ် ထင်ရှားလာပြီး မတူညီတဲ့လုပ်ဆောင်ချက်တွေ သူ့အလိုလို ထွက်ပေါ်လာလိမ့်မယ်”
ယိုးမင်ဧကရာဇ် ယင်ထျန်းရှ၏ ဖန်တီးမှုသဘောတရားအတိုင်း လိုက်နာနိုင်မည်ဆိုလျှင် နောက်ဆုံးတွင် လိုချင်သောအရာကို ရရှိနိုင်မည်သာပင်။
“ယိုးမင်ဧကရာဇ် ယင်ထျန်းရှက တကယ်အမြင်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ”
ရန်ကျောက်ကဲ အံ့သြတကြီးဖြင့် တွေးလိုက်သည်။
“သူသာ အသက်ငယ်ငယ်နဲ့မသေခဲ့ဘူးဆိုရင် သူ့ရဲ့အောင်မြင်ကျော်ကြားမှုက တခြားသူတွေထက် ကျော်လွန်သွားနိုင်တယ်”
ဟုတ်ပေ၏။
ဤသည်က ခန့်မှန်းချက်အတွေးတစ်ခုမျှသာ ဖြစ်သည်။
ယင်ထျန်းရှ ဆက်လက်အသက်ရှင်ခွင့်ရပြီး ကျင့်စဉ်လမ်းကိုလျှောက်လှမ်းမည်ဆိုပါက ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ရန်ကျောက်ကဲ ကောင်းကောင်းနားလည်သည်။
ယိုးမင်ဧကရာဇ်၏ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်သည် “ပြိုင်ဘက်ကင်းအဆုံးမဲ့” ၏ စစ်မှန်သောသဘောတရားနှင့် ဆက်စပ်မှု ရှိနေသည်။
ယွိချင်အဆက်အနွယ်၏ မူလကောင်းကင်ကျမ်းစာများမှတစ်ခုဖြစ်သော “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” သည် “ပြိုင်ဘက်ကင်းအဆုံးမဲ့” သဘောတရားကို ဆုပ်ကိုင်ထားသဖြင့် ယိုးမင်ဧကရာဇ် လျှောက်လှမ်းရမည့်လမ်းက တောင်ကဲ့သို့ လေးလံကာ သူ၏လမ်းစဉ်သည်လည်း ပိတ်ဆို့လုမတတ် ကျဉ်းမြောင်းသွားပြီး ခြေလှမ်းတိုင်းကို ခက်ခဲစွာ လျှောက်လှမ်းရမည် ဖြစ်၏။
ယင်ထျန်းရှသာ ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို မရရှိခဲ့ပါက သူ၏ ဆက်လက်တိုးတက်ရန်လမ်းကြောင်းမှာ အခြားသူများထက် ပိုမိုခက်ခဲပေမည်။
ရလဒ်အနေဖြင့် ‘ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား’ အဆင့်မှာပင် ကျင့်ကြံခြင်းအဆင့် တစ်ဆို့နေနိုင်သည်။
သို့ဖြစ်ရာ ယိုးမင်ဂမ္ဘီရစက်ဝန်၏ သိုင်းပညာအယူအစနှင့် လမ်းကြောင်းသည် ယင်ထျန်းရှ ကိုယ်ပိုင်လျှောက်လှမ်းခဲ့သော လမ်းကြောင်းနှင့်ပတ်သက်ပြီး ထည့်သွင်းစဉ်းစားကာ ကြိုးပမ်းမှုပုံစံတစ်ခု ဖြစ်နိုင်၏။
သူရွေးချယ်ခဲ့သောလမ်းက အရမ်းခက်ခဲကြောင်း ယင်ထျန်းရှ မသိခဲ့ဘူးလား။
ယင်ထျန်းရှသိရှိမည်ဟု ရန်ကျောက်ကဲ ခံစားရသည်။
သို့တိုင် ယင်ထျန်းရှက ဤလမ်းကိုရွေးချယ်နေဆဲသာပင်။
ခက်ခဲပြီး မျှော်လင့်ချက် နည်းပါးသည့်တိုင် သူ့ကိုယ်ပိုင်ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ ထိရောက်သည့် နည်းလမ်းများရှာဖွေရန် ယင်ထျန်းရှက အမြဲတမ်းကြိုးစားနေခဲ့သည်။
“ပြိုင်ဘက်ကင်းအဆုံးမဲ့...”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ရန်ကျောက်ကဲ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို ကျင့်ကြံစဉ်က နောက်ဆုံးပညာရပ်ဖြစ်သော (၁၂)ရပ်မြောက်ပညာရပ်ကို အဓိကထား ကျင့်ကြံခဲ့သည်။
ထိုပညာရပ်က ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ဖြစ်၏။
ရန်ကျောက်ကဲ၏ မူလရည်ရွယ်ချက်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကိုဖုံးကွယ်ရန်အတွက် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မျာ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့ပညာရပ်’ ကို အသုံးပြုလိုခြင်း ဖြစ်သည်။
ယင်ထျန်းရှသည် ယိုးမင်ဂမ္ဘီရစက်ဝန်းကို ပြုလုပ်စဉ်က ကျိုးကြောင်းဆီလျော်စွာဖြင့် သူ၏ ယိုးမင်ဂမ္ဘီရဂိုဏ်းထက် သာလွန်သော သိုင်းပညာရပ်ကို စုပ်ယူနိုင်စွမ်းရှိမည်ဟု မျှော်လင့်ထားခဲ့သည်။
ရှေးခေတ်အချိန်ကတည်း အဆုံးမရှိသောကောင်းကင်ဘုံများအောက်တွင် မည်သည့်အဆက်အနွယ်မှ သိုင်းပညာရပ်ဖြစ်ပါစေ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ သဘောတရားနှင့် ဆက်စပ်နေပါက “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” ထက်သာလွန်သော သိုင်းပညာအမွေအနှစ် မရှိခဲ့ပေ။
ယိုးမင်ဂမ္ဘီရစက်ဝန်းကို မဟာနေမင်းကျမ်းဂန်အယူအဆဖြင့် နေစကြာကိုကြားခံထားပြီး သန့်စင်သည့်အခါ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများစွာ စီးဆင်းပျောက်ကွယ်သွားသော်လည်း မဟာနေမင်းကျမ်းဂန် သိုင်းပညာရပ်ကို ကိုယ်စားပြုသည့် ပုံစံတစ်ခု ထွက်ပေါ်လာသည်။
သိုင်းသူတော်စင် ပဉ္စမအဆင့်တွင်ရှိနေစဉ်က ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့နှင့်တိုက်ပွဲအပြီးတွင် သူ၏စွမ်းအားများ ဆုတ်ယုတ်သွားသကဲ့သို့ ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
အမြင့်ဆုံးသောသိုင်းပညာများစွာနှင့် ပြင်းထန်သော ကြယ်တာရာချီစွမ်းအားအနှစ်သာရကိုပိုင်ဆိုင်ပြီး ချီစွမ်းအားလည်ပတ်မှုနှုန်း လျှင်မြန်သည့် ရန်ကျောက်ကဲအတွက် ဤသည်မှာ အလွန်ရှားပါးသော အခြေအနေ ဖြစ်၏။
သို့သော် ရလဒ်ကတော့ သိသာထင်ရှားလွန်းသည်။
ရန်ကျောက်ကဲ လက်ဝါးကို ပြန်လည်ရုတ်သိမ်းလိုက်ချိန် သူ့အရှေ့မှ အနက်ရောင်သံမဏိစက်ဝန်းကြီးသည်လည်း မူလပုံစံအတိုင်း ငြိမ်သက်သွားခဲ့သည်။
သို့ပေသိ ယိုးမင်ဂမ္ဘီရစက်ဝန်းထက်မှ အမြောင်းပေါက်တစ်ခုတွင် မှိန်ဖျော့သည့်နေရောင်ခြည်တစ်စ တောက်ပနေပြီး သဘာဝကျစွာ အေးဆေးငြိမ်သက်လျှက် ရှိသည်။
အတွင်းထဲမှ သိုင်းပညာအယူအဆက မဟာနေမင်းကျမ်းဂန်နှင့် လုံးဝ တူညီခြင်း မရှိပေ။
သိုင်းပညာအခြေခံအုတ်မြစ်အရ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ ဆဋ္ဌမမြောက် သိုင်းပညာအယူအဆ ဖြစ်နေဆဲပင်။ မဟာနေမင်းကျမ်းဂန်က မူလအခြေခံအုတ်မြစ်ပေါ်တွင် ပိုမိုလေးနက်စွာ ထပ်မံသန့်စင်ထားခြင်း ဖြစ်၏။
ရန်ကျောက်ကဲ ယိုးမင်ဂမ္ဘီရစက်ဝန်းအနီးသို့ တစ်ဖန်ချဉ်းကပ်လာသောအခါ ဤရတနာပစ္စည်းက အရင်ကကဲ့သို့ နက်ရှိုင်းစွာငိုက်မျည်းနေခြင်းမရှိတော့ဘဲ ဖျော့တော့သည့် တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာကြောင်း ခံစားရသည်။
“ဒီနေ့ကစပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းနဲ့ ချိတ်ဆက်မှုတစ်ခု ပြုလုပ်နိုင်ခဲ့ပြီ ၊ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့နေရာကနေ ဒီရတနာကို ယူလာပြီးကတည်းက တရားဝင် စတင်သန့်စင်လိုက်နိုင်ပြီလို့ ယူဆလို့ရတယ်”
ရန်ကျောက်ကဲက မေးစေ့ကိုတစ်ချက်ပွတ်သပ်ရင်း အခြားသောအရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူ ဇာမဏီမျက်လုံး ‘ယွမ်ရှန်းချန်’ ပိုင်ဆိုင်သော အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း ‘ငါးရောင်ခြယ်ဇာမဏီယပ်တောင်’ ဖြစ်၏။
ယွမ်ရှန်းချန် သေဆုံးသွားပြီးနောက် ဤရတနာပစ္စည်းက ရန်ကျောက်ကဲလက်ထဲ ရောက်ရှိလာသည်။
ကျင့်ကြံသူများတိုက်ခိုက်သည့်အခါ သူတို့၏လက်နက်များ ပျက်ဆီးကြသည်မှာ အဆန်းမဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းက အခြားသူများ၏ လက်နက်များနှင့် ရတနာပစ္စည်းများကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
စက်ဝန်းတောင်တန်းတိုက်ပွဲတွင် ရန်ကျောက်ကဲက မြစ်ဝါကိုးကွေ့အစီအရင်ကို တည်ဆောက်ခဲ့ပြီး ချင်ရှုကျီနှင့် အမတကူးပြောင်းခြင်း နဝမအဆင့် သိုင်းသူတော်စင် (၃)ယောက်မှလွဲပြီး ကျန်လူများကို တိုက်ခိုက်ခြင်းမရှိဘဲ အနိုင်ယူခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိုဖြတ်သန်းပြီး ရန်ကျောက်ကဲ ရရှိခဲ့သော အောင်မြင်မှုများမှာ ထူးခြားလှသလို မရေမတွက်နိုင်သည့် ဆုလာဘ်အမြောက်အမြားကိုလည်း ရရှိခဲ့သည်။
ကျောက်ဂူအိမ်တော်တွင် အသတ်ခံရသူများမပါဝင်ဘဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ အဆုံးမဲ့တောင်တန်းမှ စတင်တိုက်ခိုက်ခြင်းကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် တောင်ပိုင်းဒေသတစ်လျှောက်လုံးတွင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၁၀)ယောက်ကို သတ်ဖြတ်ခဲ့သေးသည်။
ကုန်ကြမ်းပစ္စည်းများရှားပါးမှုကြောင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်နိုင်ရန်မှာ ခက်ခဲလှသည်။
ထို့ကြောင့် အချို့သော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များသည် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုသာ ကိုင်ဆောင်လေ့ရှိကြ၏။
ကံကောင်းသည်မှာ ဟောက်လင်တောင်တိုက်ပွဲနှင့် စက်ဝန်းတောင်တိုက်ပွဲများတွင် သူရင်ဆိုင်ခဲ့ရသော ရန်သူများက ရတနာပစ္စည်းပိုင်ဆိုင်မှုများ အားမနည်းခဲ့ခြင်း ဖြစ်သည်။
တာအိုဆရာတုန်းချွမ် ၊ ကျောက်ကျန် ၊ ယွမ်ရှန်းချန် ၊ ကျန်းစုရန် ၊ ဖန်ဟယ် ၊ တာအိုဆရာချန်းလန်နှင့် ချင်ရှုကျီတို့ (၇)ယောက်က ရန်ကျောက်ကဲကို အလွန်တရာကောင်းမွန်သည့် လက်ဆောင်များပေးအပ်ခဲ့ကြသည်။
ထို့ပြင် ဟောက်လင်တောင်တိုက်ပွဲမတိုင်ခင်က ရန်ကျောက်ကဲ အဆုံးမဲ့တောင်တန်းသို့ ထွက်ခွာလာသည့်ခရီးစဉ်တွင်လည်း မရေမတွက်နိုင်သော သိုင်းကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုကို ရရှိခဲ့သေးသည်။
ကျောက်ဂူအိမ်တော်တွင် သူရရှိခဲ့သော သုံးပေတောင်မှ ရွှေကျီးကန်းကောင်းကင်ဓားကိုထည့်ပေါင်းမည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် စုစုပေါင်း အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၁၀)ခုတိတိ သိမ်းပိုက်နိုင်ခဲ့ပေသည်။